ကုသိုလ်ကောင်းမှုတို့အား အဆုံးထိတိုင် ပြုပါ
Vol. 08 Ch. 387
ထန်ရှုက ဘာမှထပ်မပြောဘဲ သူ၏ပိုက်ဆံအိတ်ကို ထုတ်ပြီး ယွမ် ၃၀၀၀ ကျော်ကိုထုတ်ကာ ရွှဲ့ချောင်၏ လက်ထဲသို့ ထည့်လိုက်သည်။
“ငါ့မှာ ဒီလောက်ပဲ ပိုက်ဆံပါလာလို့ ဒါကို အရင်ယူထား။ နောက်နှစ်ရက်ကြာ ငါ မင်းကို လာတွေ့တဲ့အခါကျရင် မင်းအတွက် ထပ်ပြီး ယူလာပေးမယ်။"
ရွှဲ့ချောင်က ကျေးဇူးတင်သောအကြည့်ဖြင့် ထန်ရှုအား ကြည့်လိုက်ရင်း
"လုံလောက်ပါပြီ။ ဒီလောက်ဆို လုံလောက်ပါပြီ။ ထန်… အစ်ကိုကြီးထန် … ဒီလို ကြီးကျယ်တဲ့ ကြင်နာမှုတွေအတွက် ငါ မင်းကို ကျေးဇူးတင်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမယ့် ဒီကျေးဇူးကို မှတ်မိနေမှာပါ။ ဒဏ်ရာကနေ သက်သာလာရင် ငါ အလုပ်ရှာမယ်။ အချိန်ပိုင်းအလုပ်ပါ လုပ်ပြီး တတ်နိုင်သမျှ မြန်မြန်ပြန်ပေးပါမယ်။”
"အလျင်မလိုပါဘူး။ ပိုက်ဆံယွမ်ထောင်ဂဏန်းက ငါ့အတွက် ဘာမှမဖြစ်ဘူး။ မင့်မိသားစုကို ထောက်ပံ့ဖို့နဲ့ ပညာသင်ကြားဖို့က အခုဆိုရင် မင်းအတွက် ဦးစားပေး လုပ်ရမှာတွေပဲ။ အဲ့ဒါမို့ မင်းဒဏ်ရာကနေ ပြန်ကောင်းလာလို့ရှိရင် ငါ မင်းကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်လေ။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ အလုပ်လုပ်ပြီး ဝင်ငွေရနိုင်တာပေါ့။”
"မင်းမှာ အသိမိတ်ဆွေရှိလား။ လစာရော ကောင်းလား။" ရွှဲ့ချောင်က အံ့အားသင့်စွာ မေးမိသည်။
"ဟုတ်တယ် ငါ့အသိပဲ။ ငါ မင်းကို နောက်မှ မိတ်ဆက်ပေးမယ်။ ငါ့မျက်နှာကြောင့် တခြားနေရာတွေနဲ့ ယှဉ်ရင် မင်းအတွက် ပိုပြီး ဝင်ငွေရလိမ့်မယ်။”ထန်ရှုက ပြုံးကာ ပြောသည်။
“အစ်ကိုကြီးထန်… ကျေးဇူးတင်ပါတယ်ဗျာ။” ရွှဲ့ချောင်က အလျင်စလို ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"ဒီလိုတွေ ပြောဖို့ မလိုပါဘူးကွာ။ ဒါပေမယ့် ငါ မင်းကို ပိုက်ဆံချေးပြီး အလုပ်ရှာဖို့ပါ အကူအညီပေးမယ့်အကြောင်း ယွဲ့ခိုင်နဲ့ တခြားသူတွေကို ဘာမှမပြောနဲ့။"
ထန်ရှုက ခေါင်းယမ်းကာ ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ။" ရွှဲ့ချောင် အံ့ဩသွားသည်။
“ဘာကြောင့်မှ မဟုတ်ဘူး။ တိုတိုပြောရရင် သူတို့ရှေ့မှာ ဒီကိစ္စကို မပြောနဲ့။ နောက်ပြီး မင်းက ရိုးသားဖြောင့်မတ်တဲ့လူလို့ ငါ ထင်တယ်။ ဒီလိုမြို့ကြီးပြကြီးနေရာမှာ အချိန်တစ်ချို့ ကုန်ဆုံးသွားပြီးရင်လည်း မင်းရဲ့နှလုံးသားကို ဖြူစင်အောင်ထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ အံ့သြဖွယ်ကောင်းတဲ့ မြို့ကြီးပြကြီးစရိုက်ရဲ့ သွေးဆောင်မှုတွေအောက်မှာ မင်းရဲ့ စိတ်နှလုံးသားဖြူစင်မှုကို အဆုံးရှုံးမခံနဲ့။"
“ငါ မလုပ်ဘူး။ မြစ်တွေနဲ့ တောင်တွေက ပြောင်းလဲနိုင်ပေမယ့် လူတစ်ယောက်ရဲ့သဘာဝကို ပြောင်းလဲဖို့ ခက်တယ်လို့ အမေက ပြောဖူးတယ်။ ငါ့ရဲ့ စရိုက်က ကျောက်တုံးလို မာကျောမှုအောက်မှာ အသားကျနေသလို ငါ့မိသားစုကိုလည်း ထောက်ပံ့ရဦးမှာလေကွာ။ ဒီလိုသွေးဆောင်တာတွေ ပြည့်ဝနေတဲ့ကမ္ဘာလောကမှာ ငါ့ကိုယ်ငါ အဆုံးရှုံးမခံပါဘူး။ တကယ်တော့ မင်း ဘာကို ဆိုလိုတယ်ဆိုတာ ငါနားလည်ပါတယ်။ ယွဲ့ခိုင်နဲ့ အခြားသူတွေက ငွေကြေးအခြေအနေ ကောင်းမွန်တဲ့ မိသားစုတွေကနေ လာပုံရတာမို့ မင်းက ငါ့ကို သူတို့နဲ့ လက်တွေ့မဆန်စွာ မနှိုင်းယှဉ်စေချင်တာ မဟုတ်လား။”
ရွှဲ့ချောင်က ခေါင်းကုတ်ကာ ရယ်ရင်း ပြောလိုက်သည်။
ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် အသက် ၂၂ နှစ် သို့မဟုတ် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဖျော့တော့သော အသားအရေ၊ ပိန်လှီသော ခန္ဓာကိုယ်ဖြင့် လူနာဆောင်ထဲသို့ ဝင်ရောက်လာသည်။ သူမ၏လက်ထဲတွင် အသက် ၁ နှစ် သို့မဟုတ် ၂ နှစ်အရွယ် ကလေးတစ်ဦးရှိပြီး သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အမူအရာအား မြင်တွေ့နိုင်ပေသည်။
"ကျွမ်လေး … ဒီကို မြန်မြန်လာ။ ငါ မင်းကို အတန်းဖော်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ထန်ရှုတဲ့။ အဆောင်က တခြားအတန်းဖော်တွေက သူ့ကို အစ်ကိုကြီးထန်လို့ ခေါ်တယ်။ အစ်ကိုကြီးထန်… ဒါက ငါ့မိန်းမ—ကျွမ်လေး၊ ဒါက ငါ့သားပဲ။”
ရွှဲ့ချောင်က အပြုံးဖြင့် စကားဆိုရင်း ပိုက်ဆံကို ချထားလိုက်သည်။
"ဟယ်လို… မင်းက အရမ်းချစ်စရာကောင်းတဲ့ အဖော်လေးပဲ။"
ထန်ရှုက သူမအား ပြုံးကာ နှုတ်ဆက်သည်။
တုကျွမ်က ထန်ရှုအား တွေ့သည့်အခါ အတန်ငယ် ရှက်ရွံ့မှုဖြစ်နေသော်လည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။
“ဟယ်လို လာကြည့်ပေးတာ ကျေးဇူးပါ။”
ထန်ရှုက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရွှဲ့ချောင်ဘက်သို့ လှည့်ကာ
“ဆေးရုံက စောပြီးဆင်းရင်ရော ဘယ်လိုလဲ။ နေစရာတစ်ခု ငါ စီစဉ်ပေးမယ်။ ကျောင်းဝင်းနဲ့လည်း မဝေးဘူး။ မင်းရဲ့သားလည်း ဆေးရုံမှာနေဖို့ မလိုတော့ဘူး။ မင်းသိတဲ့အတိုင်း ဆေးရုံမှာက ရောဂါပိုးမွှားတွေ အများကြီး စုဝေးနေတာဆိုတော့ ကလေးရဲ့ကျန်းမာရေးနဲ့ ကြီးထွားမှုအတွက် ထိခိုက်စေလိမ့်မယ်။”
“အစ်ကိုကြီးထန်…ဒါက အတော်ကြီးကို မသင့်တော်ဘူးလို့ မင်း မထင်ဘူးလား။ မင်းက ငါ့ကို အများကြီး ကူညီထားပြီးပြီလေ။”
ရွှဲ့ချောင် တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“အဲ့ဒါ အဆင်ပြေပါတယ်။” ထန်ရှုက အပြုံးဖြင့် စကားဆိုလိုက်သည်။
“ဆိုရိုးစကားရှိသလို ကုသိုလ်ကောင်းမှုလုပ်ရင် အဆုံးထိ လုပ်ပြီး အနောက်ရပ်သို့ ဗုဒ္ဓကို စေလွှတ်ပါတဲ့။ မင်းက ငါ့ကို ကျေးဇူးတင်နေပြီးသားပဲဆိုတော့ ပိုပြီးတင်လိုက်ပေါ့ကွာ ဟဲဟဲ။”
ရွှဲ့ချောင်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်ပြီး
“ကောင်းပါပြီ။ ငါတို့ကို ဘယ်နေရာမှာနေဖို့ မင်း စီစဉ်ပေးမှာလဲ။”
“တကယ်တော့ ကျောင်းဝင်းအပြင်ဘက်မှာ ငါ့ရဲ့နေရာတစ်ခု ရှိတယ်။ မင်း အဲ့ဒီကို ရွှေ့ပြီး ငါနဲ့အတူ နေလို့ရတယ်။ အဲ့ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် ငါတို့ စောင့်ရှောက်ကြတာပေါ့။”
ထန်ရှုက ပြုံးကာ ပြောသည်။
“ဒါပေမယ့် မင်းနေရာမှာ…ငါတို့ရော နေလို့ရပါ့မလား။” ရွှဲ့ချောင် မေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။ အဲ့ဒီမှာ လူအနည်းငယ် နေတာလောက်က ပြသနာမရှိဘူး။”
ထန်ရှုက ရယ်လိုက်သည်။
“ဒါ ကောင်းတယ်။ ငါ ကျွမ်လေးကို ဆေးရုံကဆင်းဖို့ လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့ ပြောလိုက်မယ်။” ရွှဲ့ချောင်က ပြောသည်။
ထန်ရှုက ပြုံးလိုက်ပြီး ရွှဲ့ချောင်၏ကလေးအား ချီလိုက်သည်။ ထိုကလေးသည် သူစိမ်းများအား ရှက်ကြောက်ရမည့်အစား ထန်ရှုအား ပြုံးပြနေပေသည်။ သို့သော်လည်း ကလေး၏ကိုယ်ပူချိန်မှာ အတန်ငယ် ပူနေသောကြောင့် ထန်ရှု အနည်းငယ် မျက်နှာပျက်သွားရသည်။
“ရွှဲ့ချောင်…ဒီမှာ ခဏစောင့်နေဦး။ ကလေးရဲ့ကိုယ်ပူချိန်ကို စစ်ဖို့ ငါ ဆရာဝန်တစ်ယောက် သွားကြည့်ဦးမယ်။ ငါတို့ မသွားခင် ကလေးရဲ့ရောဂါကို သေချာစစ်သွားမှရမယ်။”
ထိုသို့ပြောပြီးသည်နှင့် ထန်ရှုသည် ကလေးအား ပွေ့ချီကာ လူနာဆောင်ထဲမှ ထွက်သွားတော့သည်။ အပြင်ဘက်တွင် သူသည် သူနာပြုတစ်ယောက်အား ခေါ်ကာ ကလေး၏ကိုယ်ပူချိန်အား စစ်ဆေးပေးရန် အကူအညီတောင်းလိုက်သည်။ ထိုကလေးတွင် အဖျားအနည်းငယ်သာ ရှိနေပြီး ရေပတ်တိုက်ပေးခြင်း သို့မဟုတ် အအေးဖတ်တင်ပေးခြင်းဖြင့် ကိုယ်ပူကျသွားနိုင်သည်ဟု သူနာပြုဆရာမက အကြံပေးသည်။ စင်စစ်အားဖြင့် ထန်ရှုသည် ဆေးပညာကို နားလည်တတ်ကျွမ်းပြီး ကလေး၏ရောဂါအခြေအနေအကြောင်း ကောင်းစွာ သိထားပြီးဖြစ်သော်လည်း ရွှဲ့ချောင် စိတ်သက်သာရာ ရစေရန်အလို့ငှာ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်း ဖြစ်ပေသည်။
နာရီဝက်ကြာပြီးနောက် ထန်ရှုသည် ခရီးဆောင်အိတ်ကြီးနှစ်လုံးအား လက်တစ်ဖက်တွင် သယ်ဆောင်ကာ အခြားလက်တစ်ဖက်မှ ရွှဲ့ချောင်အား ထိန်းပေးထားလျက် တုကျွမ်တို့သားအမိအား ဦးဆောင်ကာ ဆေးရုံမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် အပြင်ဘက်တွင် တက္ကစီတစ်စီးကို တားလိုက်ပြီး ကြယ်ပြာအိမ်ရာသို့ အမြန်သွားခဲ့သည်။
ထန်ရှုသည် ရွှဲ့ချောင်တို့မိသားစုအား ကြယ်ပြာအိမ်ရာတွင် သူနှင့်အတူနေရန် ခေါ်ခြင်းသည် အကြောင်းပြချက် ရှိပေသည်။ ပထမအချက်အနေဖြင့် သူသည် ရွှဲ့ချောင်တို့ကို ကူညီလိုသောကြောင့် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ရွှဲ့ချောင်တို့အား အိမ်နှင့်ခြံကို ကူညီစောင့်ရှောက်ပေးစေလိုသည်။ အနည်းဆုံး နေ့တိုင်း သန့်ရှင်းရေးလုပ်ရန်၊ အရာအားလုံးကို စနစ်တကျ ထိန်းသိမ်းထားရန် သို့မဟုတ် ဟင်းချက်စရာများ ဝယ်ရန် တစ်စုံတစ်ယောက် ရှိလာပေလိမ့်မည်။
ဆင်းရဲသော နောက်ခံမှ ဆင်းသက်လာသော ကလေးများသည် ငယ်ရွယ်စဉ်ကတည်းက ၎င်းတို့၏ အိမ်မှုကိစ္စများကို စီမံခန့်ခွဲတတ်သည်ဟု ဆိုကြသည်။ ရွှဲ့ချောင် သို့မဟုတ် တုကျွမ်လည်း ချက်ပြုတ်နိုင်သည်ဟု သူယုံကြည်ခဲ့သည်။ ထပ်ပြောရမည်ဆိုပါက သူသည် အမှန်တကယ်ပင် အတွေးလွန်နေခဲ့ခြင်းဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်တွင် ကျောင်းတက်နေသည်ဆိုပါလျှင်တောင်မှ သူသည် မကြာခဏ ထွက်သွားပြီး တခြားအရာများနှင့် အလုပ်ရှုပ်နေနိုင်သည့်အတွက် အိမ်နှင့်ခြံအား လူမရှိဘဲ ထားပစ်ခဲ့ရနိုင်ပေသည်။ သို့သော် ဤကိစ္စသည် ထန်ရှုသည် ချမ်းသာသောသူဖြစ်ကြောင်း ဖော်ပြရန်လည်း လွယ်ကူနေသည်။
ကြယ်ပြာအိမ်ရာ၏ဝင်ပေါက်တွင်…
တက္ကစီခပေးဆောင်ပြီးနောက် ထန်ရှုက ရွှဲ့ချောင်အား ကားပေါ်မှဆင်းရန် ကူညီပေးခဲ့သည်။ ထို့နောက် ကားနောက်ခန်းထဲမှ အိတ်များကိုယူကာ လုံခြုံရေးအစောင့်တစ်ဦးထံ လက်ပြပြီး
"ဟယ်လို … ကျွန်တော်တို့ကို တစ်ချက်လောက် လိုက်ပို့ပေးလို့ရမလား။"
ထန်ရှုက မေးလိုက်သည်။
ရွှဲ့ချောင်တို့မိသားစု၃ယောက်ကို တွေ့လိုက်ရသဖြင့် လုံခြုံရေးအစောင့်က အံ့အားသင့်သွားပြီးနောက် သူက အပြုံးဖြင့်
“ကိစ္စမရှိပါဘူး ။ ခဏစောင့်ပါ မစ္စတာထန်။ ငါ လှည့်ကင်းကို ချက်ချင်းခေါ်လိုက်မယ်။"
“ကျေးဇူးတင်ပါတယ်။”
ထန်ရှုက စီးကရက်တစ်ဗူးကို ထုတ်လိုက်ရာ မဖောက်ရသေးသည်ကို တွေ့လိုက်ရသဖြင့် လုံခြုံရေးအစောင့်၏လက်ထဲ တစ်ခါတည်း ထည့်လိုက်သည်။
ထိုအချိန်တွင် ရွှဲ့ချောင်သည် အတန်ငယ် တုန်လှုပ်နေပြီဖြစ်သည်။ သူသည် အိမ်ရာအဝင်ဝဆီသို့ ကြည့်နေသော သူ၏အကြည့်များအား လွှဲပြောင်းကာ ထန်ရှုကိုကြည့်လိုက်ရင်း
"မင်း ဒီမှာနေတာလား အစ်ကိုကြီးထန်။"
"ဟုတ်တယ်။" ထန်ရှုက ပြုံးပြီး ပြန်ဖြေသည်။
ပါးစပ်ကို ဟရက်သားဖြစ်သော်လည်း ရွှဲ့ချောင်က ဘာမှမပြောပေ။
“ရွှဲ့ချောင်… ဒါက ပစ္စည်းတစ်ခုဆိုတာကလွဲလို့ ဘာမှမဟုတ်ပါဘူး။ အရမ်းကြီး ဂရုမစိုက်နဲ့။"
ထန်ရှုက ပြုံးပြီး ပြောသည်။
"နောက်ပြီး မင်း တစ်ခုခုကို အထင်လွဲနေတယ်လို့ ငါထင်တယ်။ ငါက ဒုတိယမျိုးဆက်ချမ်းသာသူလို့ မင်း ခန့်မှန်းနေတာမဟုတ်လား။ တကယ်တော့ ငါက အဲ့ဒီလို မဟုတ်ဘူး။ ငါ့မှာရှိသမျှ ဥစ္စာတွေက အများအားဖြင့် ငါ့လက် ငါ့ခြေနဲ့ ရခဲ့တာတွေပါ။”
"ငါ နားလည်ပြီ။" ရွှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။
ကင်းလှည့်ကားက သူတို့ရှေ့တွင် အမြန်ရပ်သွားသည်။ လုံခြုံရေးအစောင့်နှစ်ယောက်က ရွှဲ့ချောင်အား ကားအတွင်းထဲသို့ ဝင်နိုင်ရန် ဂရုတစိုက် ထောက်ပံ့ပေးပြီးနောက် ထန်ရှုနှင့် တုကျွမ်တို့ကို ယာဉ်ပေါ်တက်ခိုင်းခဲ့သည်။ များစွာအားမစိုက်လိုက်ရပါဘဲ ထန်ရှုနေထိုင်သည့် အိမ်ခြံဝင်းရှေ့တံခါးသို့ ရောက်ရှိလာကြသည်။
လုံခြုံရေးများအား ကျေးဇူးတင်စကားဆိုပြီးနောက် ထန်ရှုသည် လှည့်ကင်းကား ထွက်သွားသည်ကို ကြည့်ပြီး ရှေ့တံခါးအား ဖွင့်လိုက်သည်။ ထို့နောက် သူသည် ရွှဲ့ချောင်တို့မိသားစု ၃ယောက်အား အိမ်ဝင်းထဲသို့ ခေါ်သွားခဲ့သည်။
"မယ်တော်ဘုရားရေ … ဒါကြီးက တကယ်ကို အထင်ကြီးစရာကောင်းပြီး စတိုင်ကျတာပဲ။"
တုကျွမ်က စိတ်လှုပ်ရှားနေဟန်ရှိသည်။ သည်ကဲ့သို့ စတိုင်ကျပြီး ဆွဲဆောင်မှုကောင်းသည့် အိမ်ကြီးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
"ဒါက တီဗွီထဲမှာ ကြည့်ရသလိုပဲ။ တကယ့်ကို ကြီးကျယ်ခမ်းနားပြီး အထင်ကြီးစရာပဲ။”
ရွှဲ့ချောင်က ခေါင်းညိတ်လိုက်ပြီး
"ငါ ရွှဲ့ချောင်လည်း ဒီလိုကောင်းမွန်လှတဲ့ အိမ်မျိုးမှာ နေရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။"
“ငါတို့က ငယ်ပါသေးတယ်။ မင်း အလုပ်ကြိုးစားပြီး ငွေရှာနေသရွေ့ အနာဂတ်မှာလည်း မင်းအတွက် အခွင့်အရေးရလာမယ်လို့ ငါယုံကြည်တယ်။ အဲ့ဒီအချိန်ရောက်ရင် မင်းမိန်းမနဲ့ ကလေးတွေအတွက် ပိုပြီး တန်ဖိုးကြီးတဲ့ အိမ်တစ်လုံး ဝယ်လို့ရပြီ။"
ထန်ရှုက ပြုံးပြီး ပြောသည်။
"ဟုတ်တယ်။"
ရွှဲ့ချောင်က လေးလေးနက်နက် ခေါင်းညိတ်သည်။
အိမ်ဝင်းထဲသို့ ဝင်ပြီးနောက် မည်မျှ တန်ဖိုးကြီးမည်ကို စိတ်ကူးယဉ်ထားပြီးဖြစ်သော်လည်း ရွှဲ့ချောင်နှင့် တုကျွမ်တို့သည် အိမ်အတွင်းပိုင်းအလှဆင်ထားသည်ကို မြင်ပြီးနောက် ထပ်မံအံ့သြသွားကြသည်။ အချိန်အတော်ကြာအောင် စကားတစ်လုံးမျှ မဆိုနိုင်ကြပေ။
"ရွှဲ့ချောင်… မင်းက ဒဏ်ရာရနေတုန်းပဲ။ ဒါကြောင့် မင်း ပထမထပ်မှာ နေပါ။ ပထမထပ်မှာ ဧည့်သည်တွေအတွက် အခန်းတွေ အများကြီး ရှိတယ်။ မင်းမိန်းမနဲ့ တိုင်ပင်ပြီး အဲဒီထဲက ကြိုက်တဲ့တစ်ခန်းကို ရွေးလိုက်။"
ရွှဲ့ချောင်အား ဆိုဖာပေါ်ထိုင်ရန် ကူညီပြီးနောက် ထန်ရှုက သူ့အား ပြုံးကာ ပြောသည်။
"ကောင်းပြီ။ ငါတို့ တစ်ခန်း ရွေးလိုက်မယ်။"
ရွှဲ့ချောင်က ခေါင်းညိတ်ပြပြီး
"အာ… ငါ ရေချိုးလို့ရမလား။ ဆေးရုံတက်နေတာ ငါးရက် ခြောက်ရက်ရှိပြီ။ ငါ ရေချိုးဖို့ အခွင့်မသာခဲ့ဘူး။"
"ရှိတယ်။ ပထမထပ်မှာ ရေချိုးခန်းတစ်ခန်းရှိတယ်။ မင်း ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်ရင် တွေ့လိမ့်မယ်။ အာ … ဟုတ်ပြီ။ မင်းက ငါ့ထက် အသက်ကြီးတော့ မင်းမိန်းမကို မရီးလို့ ငါခေါ်မယ်။ မရီး … မင်းဟင်းချက်တတ်လား။ ဟင်းချက်တတ်ရင် ငါတို့တွေ ဈေးဝယ်ထွက်ပြီး အိမ်မှာချက်စားလို့ရတယ်။”ထန်ရှုက ပြုံးကာ ပြောသည်။
"ဟုတ်ကဲ့။ ငါရော ရွှဲ့ချောင်ရော ချက်တတ်ပါတယ်။" တုကျွမ်က အမြန်ပြန်ဖြေလိုက်သည်။
"ကောင်းလိုက်တာ။ မင်းအတွက် ဒီအစားအသောက် ပြင်ဆင်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုကို ငါပေးမယ်။ ဒါနဲ့ သော့အပိုကို နောက်တော့ မင်းကို ငါ ပေးထားမယ်။"
နာရီဝက်အကြာတွင် ရွှဲ့ချောင်နှင့် တုကျွမ်တို့သည် အခန်းကောင်းတစ်ခန်းကို ရွေးချယ်ခဲ့ကြသည်။ လင်မယားနှစ်ယောက်က ကလေးအား ပွေ့ဖက်ပြီး အခန်းထဲမှာ စကားစမြည်ပြောဆိုနေသည်။
"ဟွမ်လေး… ဒါ ယူထား။ ယွမ်ငွေထောင်ပေါင်းများစွာ ရှိတယ်။"
တုကျွမ်သည် ပိုက်ဆံများအား တခဏမျှ တွေဝေစွာ စိုက်ကြည့်ပြီးနောက် အံ့ဩစွာ မေးလိုက်သည်။ “ယောကျ်ား … နင် ပိုက်ဆံ ဘယ်က ရလာတာလဲ။”
"ငါ ထန်ရှုဆီက ချေးခဲ့တာ။" ရွှဲ့ချောင်က ပြောသည်။
"ငါတို့မှာ ပိုက်ဆံမရှိဘူးလေ။ အခု သူ့ဆီက ချေးထားတာ။"
တုကျွမ်သည် ငွေမယူမီ တုံ့ဆိုင်းနေပြီးမှ
"အနာဂတ်မှာ ငါတို့ ကြိုးစားပြီး သူ့ကို ပြန်ပေးရမယ်။ ငါတို့ကို သူ့အိမ်မှာ နေခွင့်ပေးထားတာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ဒီကျေးဇူးကို သတိရရမယ်။ အနာဂတ်မှာ ပြန်ဆပ်ရမယ်။”
"ငါ သိတယ်။ ထန်ရှုက လူကောင်းတစ်ယောက်ဖြစ်ပြီး ငါတို့ကို ကောင်းအောင်လုပ်ပေးခဲ့တယ်။ ငါတို့ သူ့ကို နောက်ဆို ကောင်းရမယ်" ရွှဲ့ချောင်က ပြောသည်။
"ကောင်းပါပြီ။"
ဒုတိယထပ်ရှိ စာကြည့်ခန်းအတွင်း…
ထန်ရှုက သော့နှစ်ချောင်းထုတ်လိုက်သည်။ တစ်ခုမှာ လင်မယားနှစ်ယောက်အား ပေးရန် သည်အိမ်ကြီး၏ အပိုသော့ဖြစ်ပြီး နောက်တစ်ခုမှာ ရှန်ဟိုင်းတွင် ရှိသော သူ၏အခြားအိမ်သော့ ဖြစ်ပေသည်။ တာအိုဆရာတော်ဇီယီ၏တပည့်ကို ကုသမည်ဆိုပါက နေရာတစ်ခု ရှိရမည်ဖြစ်သည်။ သည်အိမ်သို့ ရွှဲ့ချောင်တို့ မလာခင်က ထိုကုသခြင်းအတွက် ပြဿနာ မဟုတ်သော်လည်း ယခုအချိန်တွင် အပြင်လူများ ရှိနေသဖြင့် တခြားနေရာအား ထန်ရှု ရွေးချယ်ရပေမည်။
ထုပ်ပိုးပြီးနောက် ထန်ရှုသည် တစ်ချိန်က ကျိချွီမိန်ပေးခဲ့သော ဖုန်းနံပါတ်အား ခေါ်ဆိုခဲ့ပြီး ထာဝရခန်းမ၌ သူမကို တွေ့ဆုံရန် သဘောတူခဲ့သည်။ ရွှဲ့ချောင်နှင့် တုကျွမ်ကို နှုတ်ဆက်ပြီးနောက် ထန်ရှုသည် အိမ်မှ တိုက်ရိုက်ထွက်လာသည်။
သူ၏ ကျင့်ကြံမှုအကန့်အသတ်ကြောင့် အသုံးမပြုနိုင်သေးသည့် ဂါထာများနှင့် နတ်ဘုရားစွမ်းရည်များစွာ ရှိသည်။ ထို့အပြင် တာအိုဆရာတော်၏တပည့်ဖြစ်နေသော ထူးခြားသည့် အခြေအနေနှင့် ပတ်သက်၍လည်း သူ သဲလွန်စ မရရှိသေးပေ။ ထို့ကြောင့် ဘေးကင်းလုံခြုံရေးအတွက် ကျီချွိမိန်အား ခေါ်ခဲ့သည်။
"ငါစောင့်နေမယ်။ အချိန်တန်လာရင် ငါ့ရဲ့ကျင့်ကြံမှု မြင့်မားနေသရွေ့ ဂါထာများစွာကို အသုံးပြုနိုင်မယ်။ ကြယ်စွမ်းအားက ငါ့ကို မထောက်ပံ့နိုင်လို့ ဂါထာအနည်းငယ်တောင် မတတ်နိုင်ပေမယ့် အဲဒါက ဘာမှမသိတာထက် ပိုကောင်းနေသေးတယ်။”
***