← Chapters

နှလုံး-ဦးနှောက် ဂူအဆိပ်

Vol. 08 Ch. 388

နှလုံး-ဦးနှောက် ဂူအဆိပ်

Vol. 08 Ch. 388

ရှန်ဟိုင်းကမ္ဘာ့ကုန်သွယ်မှုပြပွဲအဆောက်အဦး…

ကောင်တာရှေ့တွင် ရပ်ကာ အမျိုးမျိုးသော ဝိုင်တံဆိပ်များအား မြည်းစမ်းကြသည့် ဒိုင်လူကြီး၇ဦး၏အနောက်မှ မီဒီယာသတင်းတင်ဆက်သူများသည် ထပ်ကြပ်မကွာ လိုက်ပါလျက်ရှိသည်။ ဝိုင်တံဆိပ်အရေအတွက်များသဖြင့် ဒိုင်သူကြီးများသည် အများကြီးမသောက်ဘဲ တစ်ကျိုက်မျှသာ သောက်ကာ အကဲဖြတ်မှုပေးကြသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီဖြစ်သည်။

ဒိုင်လူကြီးတစ်ဦးဖြစ်သော ဒူကန်သည် လူအုပ်ကြီးဝန်းရံကာ ကောင်တာနံပါတ် ၀၂၄၆၏အရှေ့သို့ ရောက်လာသည်။ နတ်ဝတ်ရည်ပုလင်းအဖုံးကိုဖွင့်ပြီး ခွက်တစ်ခုထဲသို့ လောင်းထည့်နေသည့် ခန်းရှအား ကြည့်နေရင်း သူ၏မျက်နှာထက်မှ အပြုံးသည် ချက်ချင်းပင် သိပ်သည်းလာခဲ့သည်။ ဝိုင်အရက်အား သောက်ပြီးနောက် ဒူကန်က သူ၏လက်ထဲရှိ အသံဖမ်းစက်သို့ မျက်နှာမူကာ  ပြုံးရွှင်သောမျက်နှာဖြင့်

“ငါ့ရဲ့အကဲဖြတ်မှုက အရင်အတိုင်းပါပဲ။ ဒီဝိုင်မျိုးက ကောင်းကင်ဘုံမှာသာ ရှာတွေ့နိုင်တာမျိုး၊ လူ့ဘုံမှာဆို ဒါကို လူအနည်းငယ်သာ မြည်းစမ်းနိုင်တာမျိုးပေါ့။ သူ့ရဲ့ဈေးနှုန်းက ဒီလိုသာ မမြင့်မားဘူးဆိုရင် တရုတ်နိုင်ငံထဲက အခြားဝိုင်လုပ်ငန်းများအတွက် စိုးရိမ်စရာအခြေအနေပဲ ဟား.ဟား။ ငါက ဒီဝိုင်ကို တကယ်ကောင်းတယ်လို့ လူတိုင်းကို ပြောပြချင်ပေမယ့် မင်းတို့ရဲ့အိတ်ကပ်ကို အရင်ကြည့်ပြီးမှ ဒါကို ယူလို့ရလိမ့်မယ်။ နတ်ဘုရားဝတ်ရည်ဝိုင်က ကမ္ဘာမှာ အကောင်းဆုံး ဖြစ်နေတယ်ဆိုရင်တောင် မင်းမှာ ပိုက်ဆံမရှိရင် ဒီဝိုင်သောက်တာအပေါ်မှာ မင်း အရမ်းကြီး မနှစ်သက်သင့်ဘူး။"

ထိုသို့ ပြောပြီးသည်နှင့် သူက ခန်းရှဘက်ကို လှည့်ကာ ပြုံးပြပြီး

"အကြီးအကဲခန်း… ငါ ဒီနတ်ဘုရားဝတ်ရည်တွေကို သဘောကျပြီး အဲဒါ့အပေါ်မှာ အရမ်းကို အကောင်းမြင်ထားတယ်။ နောက်ပိုင်း မင်း ဒီနယ်ပယ်မှာ ပြသနာတစ်ခုခုရှိနေရင် ငါ့ကို ရှာနိုင်တယ်။ ငါ မင်းကို ကူညီဖြေရှင်းပေးမယ်။"

"ကျေးဇူးတင်ပါတယ်။" ခန်းရှက အနည်းငယ် ဦးညွှတ်ပြီး အပြုံးဖြင့် တုံ့ပြန်သည်။

ဒူကန်၏ပြောကြားချက်ကြောင့် မီဒီယာသတင်းထောက်များ ပျာယာခတ်သွားကြသည်။ ယခုတစ်ကြိမ်တွင် သူတို့သည် စိတ်လှုပ်ရှားသော အမူအရာများဖြင့် ဒူကန်၏စကားအား တစ်လုံးမျှ လွဲချော်ခြင်းမရှိစေရန် မှတ်တမ်းတင်ကာ ၎င်းတို့၏ဌာနချုပ်များဆီသို့ တတ်နိုင်သမျှ မြန်မြန် ပြန်ပို့ပေးခဲ့ကြလေသည်။

ခန်းမ၏အပြင်ဘက်တွင် ချိတ်ထားသော တီဗွီဖန်သားပြင်ကြီး ခုနစ်ခုက သည်မြင်ကွင်းအား ထုတ်လွှင့်နေလျက်ရှိသည်။

အရက်လက်ကားရောင်းချသူအများအပြားသည် ၎င်းကို မြင်တွေ့ခဲ့သည့်နည်းတူ လူအများအပြားမှလည်း ၎င်းအဖြစ်အပျက်အား လက်ကိုင်ဖုန်းများဖြင့် မှတ်တမ်းတင်ခဲ့သည်။ သည်နေ့သည် နတ်ဘုရားဝတ်ရည်၏အောင်မြင်မှုအား မျက်ဝါးထင်ထင် မြင်တွေ့ရပြီး မှတ်မိနေစေမည့် နေ့တစ်နေ့ ဖြစ်ပေတော့သည်။

ယခုအခါ လူအများအပြားသည် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ အသေးစိတ်အကြောင်းကို စတင်စုံစမ်းလာကြပြီဖြစ်ပြီး ကုမ္ပဏီ၏အမှုဆောင်အရာရှိများမှ အသိအမှတ်ပြုမှုကို မျှော်လင့်လျက် ထိုသူများအား ငွေပုံပေးခြင်းဖြင့် နတ်ဘုရားဝတ်ရည်အား အရေအတွက်အများအပြား ဝယ်ယူနိုင်ရန် ကြိုးပမ်းလာကြသည်။

ရှန်ဟိုင်း … တောင်ပိုင်းလွင်ပြင်အိမ်ရာ…

လိပ်စာအတိုင်း ထန်ရှုသည် ကားတစ်စီးဖြင့် ရောက်လာသည်။ ကားဂိုဒေါင်တွင် ကားလေးစီးရှိသည့်အနက် တစ်စီးအား ခန်းရှကို မောင်းနှင်ခွင့်ပေးခဲ့ပြီး ယခု သူ မောင်းနှင်လာသောကားသည် ထန်ရှုအတွက် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပေသည်။

ပင်မဂိတ်တွင် သတင်းပို့ပြီးနောက် သူသည် အိမ်ဝင်းထဲသို့ ရောက်လာသည်။ အိမ်ဝင်းထဲသို့ ဝင်လာသော ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းထဲမှ အိမ်နှင့် ဤအိမ်ဝင်းအား နှိုင်းယှဉ်ကြည့်ရာ ယခုအိမ်ဝင်းသည် အနည်းငယ် ညံ့သော်လည်း အထက်တန်းကျကာ တန်ဖိုးကြီးသော အိမ်ဝင်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။

ထန်ရှုသည် ကားကိုရပ်လိုက်ပြီး အနက်ရောင်သားရေလက်ဆွဲအိတ်တစ်လုံးအား ကား၏ပစ္စည်းတင်သောအခန်းထဲမှ ထုတ်ယူလိုက်သည်။ ထိုအိတ်အတွင်းတွင် သိုလှောင်လက်စွပ်ပြုလုပ်ရန် အသုံးပြုရမည့် အဖိုးတန်သတ္တုရိုင်းများကို ထည့်ထားပြီး အဓိကကျသော ပစ္စည်းများဖြစ်သည့် ဗလာအက်ကြောင်းကျောက်၊ ဆောင်းဦးဒီရေကျောက်နှင့် ကြယ်အပိုင်းအစကျောက်များအပြင် အခြားလိုအပ်သောပစ္စည်းများကိုပါ ဝယ်ယူခဲ့ပြီးဖြစ်သည်။ သို့သော် သယ်ယူရမည့် ပစ္စည်းများ များပြားလွန်းသောကြောင့် အရေအတွက် အကုန်လုံးအား ကြယ်တာရာမှ မသယ်လာခဲ့ပေ။ သို့သော် ဝယ်ယူရန်လွယ်ကူသော ပစ္စည်းများအား  သိုလှောင်လက်စွပ်ကို မပြုလုပ်မီ နောက်ထပ် အနည်းငယ်ဝယ်ရန် ထန်ရှု ဆုံးဖြတ်ထားသည်။

မကြာခင် ကျိချွိမိန် ရောက်လာသည်။ ထန်ရှုကို နှုတ်ဆက်ပြီးနောက် သူမအား ခေါ်ယူရခြင်း၏ အကြောင်းရင်းအား သူမ သိလိုက်ရသည်။

“လေးစားရတဲ့သခင် … ကမ္ဘာပေါ်က ဂူအဆိပ်ကို သိပ်မသိပေမယ့် ဒီကမ္ဘာမှာ ငါ မကိုင်တွယ်နိုင်တဲ့ ဂူအဆိပ်မရှိဘူးလို့ ယုံကြည်တယ်။ အကောင်းဆုံး လုပ်မှာမို့ သခင် စိတ်ချပါ။”

ကျိချွိမိန်က တလေးတစား ပြောလိုက်သည်။

"ခင်ဗျားကို ယုံကြည်ပြီးသားပါ။ နေ့တစ်ဝက်လောက်ဆို သူတို့ ဒီကို ရောက်မယ်လို့ ခန့်မှန်းထားတယ်။ အကြီးအကဲကျိ ဒီမှာ စောင့်နေပေးပါ။"

ထန်ရှုက ပြုံးကာ ပြောသည်။

"နားလည်ပါပြီ။" ကျိချွိမိန်က ပြန်ဖြေသည်။

မွန်းတည့်ချိန်နီးလာသောအခါ ထန်ရှုသည် မြောင်ဝမ်တန်ထံမှ တာအိုဆရာတော်ဇီယီနှင့် သူ၏တပည့်အား တောင်ပိုင်းလွင်ပြင်အိမ်ရာ၏ ဝင်ပေါက်သို့ သူ ခေါ်ဆောင်လာကြောင်းအား အသိပေးသော ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသည်။ ချက်ချင်းပင် ထန်ရှုက အိမ်ရာပင်မဂိတ်အား ဖုန်းဆက်ကာ မြောင်ဝမ်တန်တို့အား ဝင်ခွင့်ပြုရန် ပြောလိုက်သည်။

“ညီအစ်ကိုထန်… ငါ မင်းကို စိတ်မပျက်စေရဘူး။ တာအိုဆရာတော်ဇီယီနဲ့ သူ့တပည့်ကို ငါ ခေါ်လာခဲ့ပြီးပြီ။ မင်း လိုချင်တာကို ရနိုင်မလား၊ မရနိုင်လားဆိုတာကတော့ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်။”

မြောင်ဝမ်တန်က လက်သီးစုကာ နှုတ်ဆက်ရင်း ပြုံးကာ ပြောလိုက်သည်။

ထန်ရှုက အပြုံးဖြင့် ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး တာအိုဆရာတော်ဇီယီအား ကြည့်ကာ

"တာအိုဆရာတော်ဇီယီ … ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီ။ ဆရာတော်ရဲ့ စိတ်ပင်ပန်းနေတဲ့အကြည့်တွေအရ အနားမယူရသေးဘူးထင်တယ် ဟုတ်လား။"

“ငါ့တပည့်ကို ငါကုသနိုင်သရွေ့ ငါ ခံနိုင်ရည်ရှိပါတယ်။ ကျေးဇူးရှင်ထန်… အချိန်မဖြုန်းပါနဲ့။ မင်း စိတ်ချနိုင်ပါတယ်။ ငါ့တပည့်ရဲ့ခန္ဓာကိုယ်ထဲက ဂူအဆိပ်တွေကို မင်းဖယ်ရှားနိုင်တာနဲ့ ငါ့မီးဖိုကို ချက်ချင်းပေးမှာပါ။"

ပြောပြီးသည်နှင့် ဆရာတော်သည် ကားနောက်တံခါးဆီကို လျှောက်သွားပြီး  အဝါရောင်ဝတ်ရုံ ဆင်မြန်းထားသော လူတစ်ဦးနှင့် အရာတစ်ခုကို ထုပ်ပိုးထားသည့် အဝါရောင် အထုပ်ကြီးတစ်ထုပ်ကို ဂရုတစိုက်ဖြင့် ထုတ်ပြီးနောက် ထန်ရှု၏ရှေ့သို့ သယ်လာသည်။

ထန်ရှုက ထုပ်ပိုးထားသည့် ပစ္စည်းကို ဖွင့်မည့်အစား တာအိုဆရာတော်ဇီယီနှင့် တူညီသောတာအိုဝတ်စုံကို ဝတ်ထားသည့် လူငယ်အား ကြည့်လိုက်သည်။ ထိုလူငယ်သည် ချောမောသော ရုပ်ရည်ရှိသော်လည်း ခရမ်းရောင်ဖျော့ဖျော့ နှုတ်ခမ်းများဖြစ်နေသည့်အပြင် သူ၏မျက်ခုံးအလယ်တွင် အနက်ရောင် ဒေါင်လိုက်မျဉ်းတစ်ကြောင်းလည်း ရှိနေသည်။

"ကျေးဇူးပြုပြီး အထဲကို ဝင်ပါ။" ထန်ရှုက အေးဆေးစွာပြောသည်။

မြောင်ဝမ်တန်နှင့် တာအိုဆရာတော်ဇီယီသည် ထန်ရှု၏အနောက်တွင်  ရပ်နေကာ အာရုံစိုက်နေသည့်ဟန်ရှိသော ကျိချွိမိန်အား စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူတို့သည် သူမအား လျစ်လျူရှုရန် မရည်ရွယ်သော်လည်း ထန်ရှုမှ သူမနှင့်မိတ်ဆက်ပေးခြင်းမရှိသောကြောင့် ၎င်းတို့၏သံသယများကိုသာ ထိန်းထားကာ အိမ်အတွင်းသို့ ထန်ရှု၏အနောက်မှ လိုက်သွားခဲ့သည်။

"ဆရာတော်ဇီယီနဲ့ အစ်ကိုမြောင်က အခန်းအပြင်မှာ စောင့်ပေးပါ။ သူ့အခြေအနေကို စစ်ဆေးဖို့ ကျွန်တော်တို့ အခန်းထဲကို ဝင်လိုက်မယ်။"

ထန်ရှုသည် အချိန်မဖြုန်းလိုဘဲ လက်နက်လုပ်ရာတွင် အသုံးပြုသည့်မီးဖိုအား တတ်နိုင်သမျှ မြန်မြန်ရချင်မိပေသည်။

"ကောင်းပါပြီ။" တာအိုဆရာတော်ဇီယီက ခေါင်းညိတ်လိုက်သည်။

တစ်မိနစ်အကြာတွင် ထန်ရှုနှင့် ကျိချွိမိန်တို့သည် လူငယ်အား အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ထန်ရှုထံမှ ခေါင်းညိတ်မှုအား ကြည့်ပြီးနောက် ကျိချွိမိန်က လူငယ်အား ချက်ချင်းပြောလိုက်သည်။

"မင်းရဲ့အဝတ်တွေကို ချွတ်ပြီး ကုတင်ပေါ်မှာ လှဲနေလိုက်ပါ။"

လူငယ်သည် ကျိချွိမိန်၏ညွှန်ကြားချက်ကို နာခံစွာဖြင့် သူ၏အဝတ်အစားများအား ချွတ်ပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းသည်။

ကျိချွိမိန်သည် သူမ၏လက်ကို မြှောက်လိုက်ပြီး လူငယ်၏ ကြီးမြတ်သော ဝိညာဉ်အမှတ်၊ ကြီးမြတ်သော ဗဟိုအမှတ်နှင့် အသက်တံခါးအမှတ်စသည့် သွေးကြောမှတ်ကြီးသုံးခုအား နှိပ်လိုက်သည်။ သူမ၏ လက်ချောင်းများ လှုပ်ရှားလာသည်နှင့်အမျှ သူမ၏ အိုမင်းသောမျက်နှာထက်တွင် အံ့အားသင့်နေသည့် အမူအရာတစ်ခုကို မြင်တွေ့နိုင်ပေသည်။

“မြှင့်တက်လော့။”

ကျိချွိမိန်က လက်အစုံကို လှည့်လိုက်ရာ လူငယ်၏ ခန္ဓာကိုယ်သည် လေထဲသို့ လွင့်ပျံတက်လာသည်။ လျှပ်တစ်ပြက်အတွင်း ကျိချွိမိန်သည်လည်း လေထဲသို့ မြင့်တက်လာပြီး လေထဲတွင် မတ်မတ်ရပ်လျက် သူမ၏ လက်အစုံဖြင့် လူငယ်၏ကျောနှင့် ဝမ်းဗိုက်ကို အဆက်မပြတ် ပုတ်ခတ်လိုက်သည်။ တစ်မိနစ်ကျော်ကြာပြီးနောက် သူမ လေထဲမှ ပြန်ဆင်းလာခဲ့သည်။

"ဘယ်လိုလဲ။" လူငယ်၏ ခန္ဓာကိုယ်အား အိပ်ရာထက်တွင် တစ်ဖန်မြင်ရပြီးနောက် ထန်ရှုက

အမြန်မေးလိုက်သည်။

“လေးစားရသောသခင် … သူရဲ့ခန္ဓာကိုယ်ထဲ ဘယ်လိုအဆိပ်ရှိနေလဲဆိုတာ ငါ သိပါတယ်။ အင်မော်တယ်ကမ္ဘာမှာတုန်းက နှလုံးနက်ဆိုတဲ့ နတ်ဆိုးဘိုးဘေးတစ်ဦးနဲ့ တိုက်ခဲ့ဖူးတယ်။ အဲ့ဒီဘိုးဘေးက ဂူအဆိပ်အမျိုးမျိုးမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်မို့ မူလကတည်းက လူအများအပြားကို သူက ထိခိုက်စေခဲ့သလို လူအချို့ကိုလည်း ဒီလိုဂူအဆိပ်သင့်စေခဲ့တာပေါ့။" ကျိချွိမိန်က လူငယ်၏ ခန္ဓာကိုယ်အား သူမ၏လက်ဖြင့် အသာတီးခေါက်ကာ ရှင်းပြသည်။

"အဲ့ဒီအမျိုးအစားက ဘာများလဲ။ အတိအကျပြောပါဦး။"

ထန်ရှုက စိတ်ဝင်တစား မေးသည်။

"အဲ့ဒါက နှလုံးသား-ဦးနှောက်လို့ ခေါ်တဲ့အလွန်ဆိုးရွားတဲ့ ဂူအဆိပ်ပဲ။"

ကျိချွိမိန်က အလေးအနက်ထားပြီး ပြန်ဖြေသည်။

“ဒီဂူအဆိပ်အမျိုးအစားက တစ်စုံတစ်ယောက်ရဲ့ အသက်မြစ်နဲ့ ကြယ်တာရာကံကြမ္မာချည်တို့ကို ဖယ်ရှားပြီး အဲ့ဒီလူရဲ့ဦးနှောက်နဲ့ နှလုံးသားကို ချိတ်ဆက်ပေးနိုင်တယ်။ အဲ့ဒီကြယ်ချည်အမြစ် ကျိုးသွားတာနဲ့ သူ ဝင်ထားတဲ့သားကောင်က ချက်ခြင်း သေလိမ့်မယ်။ နောက်ပြီး ဒီဂူအဆိပ်ကောင်က သူ့အဆိပ်ကို အချိန်နဲ့အမျှ ထုတ်လွှတ်ပြီး လူ့ရဲ့သွေးအဆီအနှစ်ကို တိုက်စားတော့ ရိုးတွင်းခြင်ဆီတွေကို ယိုယွင်းပျက်စီးစေတဲ့ အမျိုးအစားပေါ့။ ဒါပေမယ့် အခုဒီဂူအဆိပ်ကို သုံးတဲ့လူရဲ့ စွမ်းရည်က ညံ့သေးတယ်။ သူ့ရဲ့ နိမ့်ကျတဲ့ကျင့်ကြံမှုက ဒီဂူအဆိပ်ကို အကျိုးအများကြီး မသက်ရောက်စေလို့ ဒီလူငယ်က အခုအချိန်အထိ အသက်ရှင်နေနိုင်သေးတာပါ။”

"ခင်ဗျား သူ့ကို ကုသပေးနိုင်မလား။"

ထန်ရှုက သူ၏အစိုးရိမ်ဆုံးကိစ္စကို မေးသည်။

“ငါ ကုနိုင်ပါတယ်။ ဒါပေမယ့် ငါ တချို့အရာတွေ လိုတယ် သခင်။"

ကျိချွိမိန် ခေါင်းညိတ်ပြသည်။

"ဘယ်လိုမျိုးတွေလဲ။" ထန်ရှုက မေးသည်။

"ရှေးဟောင်းမီးညှိသင်္ကေတ။"

"အဲ့ဒီရှေးဟောင်းသင်္ကေတကို ငါဖန်တီးနိုင်မယ်လို့ မင်း စဉ်းစားထားတာလား။"

ထန်ရှုက မျက်ခုံးတွန့်ကာ မချိပြုံး ပြုံးမိသည်။

“အဲ့ဒီကာလတွေတုန်းက သခင်က အင်မော်တယ်လောကမှာ အတားအဆီးမရှိ လှုပ်ရှားနိုင်ပြီးတော့ မရေမတွက်နိုင်တဲ့ နတ်ဘုရားအစွမ်းတွေ ရှိတာကိုး။ ဒီလက်အောက်ငယ်သားက အဲဒီ့အချိန်တုန်းက ညံ့ဖျင်းတဲ့ အနေအထားလောက်ပဲရှိတာလေ။ သခင့်ရဲ့ကြီးမြတ်လှတဲ့ စွမ်းဆောင်နိုင်မှုကို ကြားသိခဲ့တာတောင်မှ ဒီရှေးဟောင်းသင်္ကေတ

အမှတ်အသားကို ဖန်တီးနိုင်တာကိုတော့ မသိထားပါဘူး။” ကျိချွိမိန်က ပြုံးစစဖြင့် ပြောသည်။

"ဒီသင်္ကေတကို တကယ်လုပ်နိုင်တယ်ဆိုပေမယ့် ငါ့ရဲ့လက်ရှိကျင့်ကြံမှုက အကန့်အသတ်ရှိနေတယ်။ ငါ့ခွန်အားတွေ အားကုန်သုံးရင်တောင်မှ တစ်နေ့ကို တစ်ခုပဲ ပြုလုပ်နိုင်မှာကို စိုးမိတဲ့အပြင် အကျိုးသက်ရောက်မှုက အများကြီးဆိုးတယ်။ သင်္ကေတသက်ရောက်မှုတစ်ခုတောင် ရှိသေးပါဦးမလားဆိုတာ ငါ မသိဘူး။”

ထန်ရှုက ပြုံးပြီး ပြောသည်။

"ဒါက ပြဿနာတစ်ခု မဟုတ်ပါဘူး။" ကျိချွိမိန်က ခေါင်းညိတ်သည်။ ထိုသို့ပြောပြီးနောက် သူမသည် စကားထပ်ပြောချင်သည့်ဟန် ရှိနေသော်လည်း ထိုသို့လုပ်ရန် ချီတုံချတုံဖြစ်နေသည်။

"ခင်ဗျား နောက်ထပ် ဘာပြောချင်တာ ရှိသေးလဲ။" ထန်ရှုက ထိုအချင်းအရာအား သတိထားမိသဖြင့် မေးခွန်းထုတ်လိုက်သည်။

ကျိချွိမိန်၏မျက်လုံးများတွင် အံ့အားသင့်နေသည့် အလင်းတန်းတစ်ချက် ပေါ်လာပြီးနောက် သူမက ပြောပြသည်။

"သခင်… ဒီကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာကြားထဲမှာ ခွဲခြားမရနိုင်တဲ့ ဆက်စပ်မှုအချို့ရှိနေတယ်လို့ ငါ သံသယဖြစ်မိတယ်။ တကယ်ဆိုရင် ဒီဂူအဆိပ်က အင်မော်တယ်ကမ္ဘာမှာတောင် အလွန်ရှားပါးတဲ့ အမျိုးအစားလေ။ နောက်ပြီး ငါ ဒီကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီးကတည်းက အင်မော်တယ်ကမ္ဘာမှာဆိုရင် ပြိုင်ဘက်ကင်းရတနာတွေလို့ သတ်မှတ်နိုင်တဲ့ အရာဝတ္ထုများစွာကို တွေ့ခဲ့ရဖူးတယ်။”

ထန်ရှုကိုယ်တိုင်က ကမ္ဘာမြေနှင့် အင်မော်တယ်ကမ္ဘာကြားမှ ထူးခြားသော ဆက်နွှယ်မှုအား သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူက ခေါင်းညိတ်ပြကာ

“တကယ်တော့ ခင်ဗျားပြောခဲ့တဲ့ အရာတချို့ကို ငါလည်း သတိထားမိနေတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ကျင့်ကြံသူတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ ငါသိထားတဲ့ ဒီကျင့်ကြံမှုလောကထဲက လူနည်းစုကလည်း လျှို့ဝှက်ချက်တွေ အများကြီး မသိကြသေးဘူး။ အဲ့ဒါကြောင့် ငါတို့ စုံစမ်းချင်ရင်တောင်မှ ဘာမှ ရှာမတွေ့မှာစိုးရတယ်။ ကမ္ဘာပေါ်က တစ်ချို့လူတွေက အင်မော်တယ်ကမ္ဘာနဲ့ ဆက်စပ်မှု ရှိကောင်း ရှိနိုင်လိမ့်မယ်။ ဒါမှမဟုတ် အင်မော်တယ်ကမ္ဘာကို တက်သွားခဲ့တဲ့ ဒီကမ္ဘာက ကျင့်ကြံသူအချို့က အဲ့ဒီနေရာက အရာဝတ္ထုအချို့ကို နတ်ဘုရားစွမ်းရည်အချို့ကို အသုံးပြုပြီး ကမ္ဘာမြေကို ပို့နေတာလည်းဖြစ်နိုင်တယ်။ တိုတိုပြောရရင် ဖြစ်နိုင်ခြေတွေက အမျိုးမျိုးရှိတယ်။”

"သခင်က ငါ့ကို အဲ့ဒီအကြောင်း လျှို့ဝှက်စုံစမ်းစေချင်သလား။ ငါတို့မှာ မထင်မှတ်ထားတဲ့ ရှာဖွေတွေ့ရှိမှုတွေ ရှိကောင်းရှိနိုင်လာလိမ့်မယ်။” ကျိချွိမိန်က မေးသည်။

“အခုလောလောဆယ်တော့ မလုပ်ပါနဲ့ဦး။ ခင်ဗျားရဲ့အရေးကြီးဆုံးတာဝန်က ယန်အာကို ကာကွယ်ဖို့နဲ့ ဆေးလုံးတွေကို သန့်စင်ဖို့ပါပဲ။ တခြားကိစ္စများတွေကတော့ ယန်အာ့ကို ငါ သေချာပျောက်ကင်းအောင် ကုပြီးတဲ့အထိ စောင့်လိုက်ပါ။ နောက်မှ စုံစမ်းစစ်ဆေးမှုတွေလုပ်ရင် သိပ်နောက်ကျဦးမှာ မဟုတ်ပါဘူး။”

ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။

"နားလည်ပါပြီ။" ကျိချွိမိန်က လေးစားစွာ ပြောလိုက်သည်။

“သင်္ကေတ လုပ်ဖို့အတွက် လိုအပ်တဲ့အရာတွေကို သွားဝယ်ပါ။ အဲဒါတွေဝယ်ပြီးရင် အဲ့ဒီရှေးဟောင်းသင်္ကေတကို ငါ ချက်ချင်းလုပ်မယ်။" ထန်ရှုက ပြောသည်။

“ကောင်းပါပြီ။”

ကျိချွိမိန်ထွက်သွားပြီးနောက် ထန်ရှုသည် လူငယ်အား မနှိုးဘဲ ဧည့်ခန်းသို့ သွားခဲ့သည်။ ထန်ရှုအား မြင်သောအခါ တာအိုဆရာတော်ဇီယီနှင့် မြောင်ဝမ်တန်တို့သည် မတ်တပ်ရပ်လိုက်သောကြောင့် ထန်ရှုက စကားဆိုလိုက်သည်။

“ဆရာတော်ရဲ့တပည့်ကို ကျွန်တော်တို့ ကယ်နိုင်တယ်။ ဒါပေမယ့် အထူးရှေးဟောင်း သင်္ကေတတစ်ခု လိုတဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားဝယ်ဖို့ ကျိချွိမိန်ကို ပြောလိုက်ပြီ။ အဲ့ဒီသင်္ကေတကို ကျွန်တော် ရေးဆွဲပြီးသွားရင် သူမက စတင်ကုသနိုင်လိမ့်မယ်။”

"မင်း အဲ့ဒါကို တကယ် ကုသနိုင်တာလား။" တာအိုဆရာတော်ဇီယီ အံ့သြဝမ်းသာသွားရသည်။

"ဒါပေါ့။ ကျွန်တော်က ကတိတွေကို အလေးထားတဲ့သူလေ။ ကျွန်တော် မကုသနိုင်ရင် မျက်နှာ ပျက်ရမှာဆိုတော့ မသေချာတဲ့အလုပ် မလုပ်ပါဘူး။ စိတ်ချပြီးသာ စောင့်နေပေးပါ။" ထန်ရှုက တစ်ချက်ပြုံးကာ ပြန်ဖြေလိုက်သည်။

"ငါ အချိန်အကြာကြီး စောင့်နေခဲ့ပြီးပြီဆိုတော့ နောက်ထပ် ခဏစောင့်ရတာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ကျေးဇူးရှင်ထန် … မီးဖိုကို တစ်ချက်လောက် မကြည့်ချင်ဘူးလား။" ဆရာတော်ဇီယီက ပြုံးရွှင်စွာ ပြောလိုက်သည်။

ထန်ရှုသည် လက်ဖက်ရည်စားပွဲပေါ်တွင် တင်ထားသော အဝါရောင်အဝတ်စဖြင့် ထုပ်ပိုးထားသည့် မီးဖိုအား လှမ်းကြည့်လိုက်သည် ။ ထို့နောက် ထိုနေရာသို့ လျှောက်လာကာ ညင်သာစွာ အထုပ်ဖြည်သည်။

…ရှူး…

ထန်ရှုသည် ရွှေဝါရောင်ခြေလေးချောင်းမီးဖိုအား ကြည့်မိသောအခါ သူ၏မျက်လုံးများသည် ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်သွားရင်း လေအေးတစ်ချက် ရှူသွင်းလိုက်ရလေတော့သည်။

***

All Chapters