အပိုင်း (၅၅)
Vol. 4 Ch. 55
"မင်းကြားပြီးပြီလား.."
"ဘာကိုကြားရမှာတုံးဟ"
"အာ..မင်းဒီလို ကိစ္စကြီးတိုတောင် မသိဘူးလား.."
"ကမ္ဘာနံပါတ်တစ် ဆေးဖော်စပ်သူ ချင်ယူဖန်းကိုသိတယ်မလား.."
ရှစ်ဖုန့်က သူ၏ မြင်းဖြူနှင့်အတူ နတ်ဆိုးသားရဲမြို့အတွင်း လျှောက်လှမ်းလာစဉ် လူနှစ်ဦးကြားစကားစမြည် ပြောသံကို ကြားလိုက်ရသည်။
ရုတ်တရက်သူ မှင်တက်သွားမိသည်။
ကမ္ဘာ့နံပါတ်တစ် ဆေးဝါးဖော်စပ်သူဟုသိကြသော ချင်ယူဖန်းမှာ သူ၏ တပည့်များထဲမှ တစ်ယောက်ဖြစ်သည်။
"ချင်ယူဖန်းလား..ဒါပေါ့ငါသိတာပေါ့ဟ.."
"အဲ့ချိန်တုံးက ငရဲဘုံကိုးခုဧကရာဇ်ရဲ့ ကြီးမြတ်တဲ့ တပည့်ခုနှစ်ယောက်တည်းက တစ်ယောက်လေ.."
"ထျန်းဟန် တိုက်ကြီး ပေါ်မှာ အဲ့တာကို မသိတဲ့သူက ဘယ်သူ ရှ်ိလို့လဲ.."
"မင်းပုံကြည့်ရတာ..ဆရာချင်က ငါတို့နတ်ဆိုးသားရဲ မြို့ကိုလာနေတာတော့ မဟုတ်ဖူးမလား.."
ထိုလူက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
ငရဲဘုံကိုးခု ဧကရာဇ်၏ တပည့်ခုနှစ်ယောက်လုံးမှာ ထျန်းဟန်တိုက်ကြီး တစ်ခုလုံးအား လှုပ်ခါစေနိုင်သော သူများဖြစ်ကြသည်။
သူတို့၏ ထင်ပေါ်ကျော်ကြားသော လှုပ်ဆောင်မှုများအား မည်သူက မတွေ့ချင်ပဲနေပါအံ့နည်း။
"ငါသာကြီးမြတ်သော ဆရာချင်ရဲ့ လုပ်ဆောင်မှုတွေကို တွေ့ရရင် ဘာနောင်တမှမရပဲ သေနိုင်ပါပြီကွာ.."
အစောပ်ိုင်းက ထအော်ခဲ့သော သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဆေးဝါးဖော်စပ်ရောင်းချခြင်းမှာလည်း ထျန်းဟန်တိုက်ကြီးပေါ်တွင်ထူးခြားသော အသက်မွေးမှုအလုပ်တစ်ခုဟု သုံးသပ်၍ ရနိုင်သည်။
လူအများစုက ဤ အလုပ်မှာ ဆေးလုံးများကို သန့်စင်သော သန့်စင်ပညာရပ်များနှင့် ဆက်နွယ်နေသည်ကို နားမလည်ကြပေ။
ထျန်းဟန်တိုက်ကြီးပေါ်တွင် ဆေးဝါးဖော်စပ်ရောင်းချသူများအားလုံးနီးပါးမှာ ကြည်ညိုလေးစားခံရသော လျှို့ဝှက်ဆန်းကြယ်သည့် သန့်စင်သူဖြစ်လိုကြသည်။
သို့သော် သန့်စင်ခြင်းပါရမီပါရှိမလာပါက လျှို့ဝှက်ဆန်းကြယ်သော သန့်စင်သူတစ်ယောက်ဖြစ်လာရန်မှာခက်ခဲလှသည်။
မည်သူမဆို သန့်စင်ခြင်းလမ်းကြောင်းပေါ်တွင် ပညာရပ်များအား နားလည်သဘောပေါက်နိုင်စွမ်းရှိမှသာ တစ်သန်းတွင်တစ်ယောက်တည်းသာ ရှိသော ပါရမီရှင် လျှို့ဝှက်ဆန်းကြယ်သည့် သန့်စင်သူတစ်ယောက်ဖြစ်နိုင်သည်။
ထို့ကြောင့်လည်း လျှို့ဝှက်ဆန်းကြယ်သန့်စင်သူများမှာ အဆင့်အတန်းမြင့်မားပြီး လေစားခံရခြင်းဖြစ်ကြသည်။
ဥပမာအနေဖြင့် စန်းယွဲ့မြို့တွင် လူဦးရေ သန်းဂဏန်းရှိသော်လည်း လူသုံးဦးသာ သန့်စင်ခြင်းလောကသို့ အမှန်တယ်ခြေချနိုင်ပြီး ပထမအဆင့် သန့်စင်သူများဖြစ်လာကြသည်။
ဤသည်မှာ သန့်စင်မှုလမ်းကြောင်း၏ မည်မျှ ခက်ခဲမှုကို ပြသနေခြင်းပင်ဖြစ်သည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် ဆေးဝါးဖော်စပ်သူအားလုံးအားအလုပ်သင်သန့်စင်သူ ဟုယေဘုယျသတ်မှတ်ထားကြသည်။
အတိတ်တွင် ဆေးဝါးဖော်စပ်သူအားလုံးမှာ လေးစားရသော သန့်စင်သူတစ်ယောက်ဖြစ်လာရန်အတွက် ခက်ခက်ခဲလဲကြိုးစားကြရသည်။
သို့သော် အလုပ်သင်များမှာ အလုပ်သင်သာဖြစ်ကြသည်။
သူတို့အနေဖြင့် ဆေးများအား ရောနှောနိုင်ကြသော်လည်း အစစ်အမှန်သန့်စင်သူများ မှော်ဆေးလုံးတွင် ဆေးများရောနှောသကဲ့သို့ မ
သန့်စင်ပညာရပ်များ အပေါ်တွင် အားထားနိုင်ခြင်း မရှိကြချေ။
လျှို့ဝှက်ဆန်းကြယ်သောအစစ်အမှန်သန့်စင်သူ နယ်ပယ်သို့ မဝင်ရောက်နိုင်ခင်အထိ သူတို့ကြားတွင် ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ဖြစ်သည်။
သို့သော် ဆယ်စုနှစ်တစ်စုကြာပြီးနောက်တွင် ဘယ်နေရာကမှန်းမသိ ပါရမီရှင် ဆေးဝါးဖော်စပ်သူတစ်ယောက်ပေါ်လာခဲ့သည်။
သူက အတုမရှိ အံ့ဖွယ် ဆေးဝါးဖော်စပ်ခြင်းပညာရပ်ကို အသုံးပြုပြီး လူအားလုံး၏ ယေဘုယျ အမြင်အားရိုက်ချိုးပစ်ခဲ့သည်။
ဆေးဖော်စပ်သူများလည်း ဆေးလုံးကိုသန့်စင်နိုင်ပြီး နိမ့်ကျသော ဆေးလုံးများဟုတ်မနေကြောင်းကို ထိုသူက လူတိုင်းအားသိစေခဲ့သည်။
ထိုအချိန်က ထိုအရာအားကြားရသော သူများမှာ ဟာသတစ်ခုအဖြစ်ထင်ကြသည်။
သို့သော် ဆေးဝါးဖော်စပ်သူ ပါရမီရှင်က သူ၏ လုပ်ရပ်ဖြင့် ဆေးဝါးဖော်စပ်သူများသည်လည်း အဆင့်နိမ့်မဟုတ်သော ဆေးလုံးများအား
အမှန်တကယ်ဖန်တီးနိုင်ကြောင်းကို ထျန်းဟန်တိုက်ကြီးတစ်ခုလုံးအား သိစေခဲ့သည်။
သူ၏ ဆေးဖော်စပ်ခြင်းပါရမီဖြင့် အထွတ်အထိပ်ဆေးဖော်စပ်သူ နယ်ပယ်သို့ တစ်ဆင့်ပီးတစ်ဆင့် တက်လှမ်းသွားခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ထျန်းဟွမ်မြို့တွင် ပါရမီရှင်ဆေးဝါးဖော်စပ်သူက အဆင့်ရှစ်သူတော်စင်ကြီးနယ်ပယ် သန့်စင်သူ အဂ္ဂရိတ်ပညာရှင် ကျွမ်းပိုဖန်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ဟူသော ကောလဟာလများ က ယနေ့ထက်တိုင် ထျန်းဟန်တိုက်ကြီးပေါ်တွင် ပျံ့နှံ့နေဆဲဖစ်သည်။
ထိုတိုက်ပွဲအား ကံကောင်းစွာဖြင့် မျက်မြင်တွေ့ခဲ့ရသူများမှာ ၎င်းတို့နှစ်ယောက်လုံးက တန်ဖိုးတူ အဆင့်ရှစ်ဆေးပင်များအား အသုံးပြုကာ ဆေးမှုန့်နှင့်ဆေးလုံးများအား သန့်စင်ရာတွင် မတူညီသော နည်းလမ်းများ အသုံးပြုကြသည်ကို ပြန်အမှတ်ရကြရင်း သူတို့၏ သိုင်းပညာကျင့်ကြံမှုအား တိုးမြှင့် နိုင်သွားကြသည်။
ရလဒ်အနေဖြင့် သူတော်စင်နယ်ပယ်သန့်စင်သူ ကျွမ်းပိုဖန်းမှာ သူ၏ ပညာရပ်ကို အသုံးပြုပြီး အဆင့်ရှစ် ရွှေရောင်နဂါးအူတိုင် ဆေးလုံးကိုသန့်စင်ခဲ့သည်။
ထိုဆေးက မွှေးကြိုင်းလန်းဆန်းပြီး ၎င်းအား သုံးစွဲလိုက်ပါက ကြယ်တစ်ပွင့် သူတော်စင်ကြီးအဆင့်အား ၎င်းပိတ်ဆို့နေသော လမ်းကြောင်းများကို ကျိုးပြတ်သွားစေပြီး ကြယ်နှစ်ပွင့် အဆင့်သို့ တိုက်ရိုက်တက်သွားစေနိုင်သည်။
သိုင်းပညာလမ်းစဉ်အား ပို၍ ဝေးဝေးလျှောက်လာမိလေ တိုးတက်မှုနှုန်းမှာ နှေးကွေးလာလေဖြစ်သည်။
သူတော်စင်ကြီး နယ်ပယ်အား ပိတ်ဆို့နေသော လမ်းကြောင်းများ ကျိုးပြတ်၍ ကြယ်တစ်ပွင့်တိုက်ရိုက်တိုက်စေ နိုင်ခြင်းမှာ သူတော်စင်ကြီးနယ်ပယ် သန့်စင်သူတစ်ယောက်က ဖော်စပ်သော သူတော်စင်ကြီးနယ်ပယ် ဆေးလုံးမျိုးဖြစ်သာ လုပ်ဆောင်နိုင်သည်။
ဆရာကျွမ်းပိုဖန်းမှာ အမှန်တကယ်ကို သူ၏ နမည်တစ်လုံးဖြင့် နေထိုင်သူဖြစ်ပေသည်။
အားလုံး၏ အာရုံက ရွေရောင်နဂါးအူတိုင်ဆေးလုံး ပေါ်တွင် ရောက်နေစဉ် ထိုပါရမီရှင် ဆေးဝါးဖော်စပ်သူက နှင်းစက်ကဲ့သို့ အရောင်မဲ့အနံ့မဲ့ အရည်တစ်စက်ကိုထုတ်ယူလိုက်သည်။
ရုတ်ချည်းပရိတ်သတ်အားလုံးက လှောင်ပြောင်တော့သည်။
ဤအချိန်တွင် မည်သူကသာလွန်သည်မှာ အသိအသာပင်ဖြစ်သည်။
အခြားတစ်ဖက်တွင် သူတော်စင်ကြီးအဆင့် ကျွမ်းကျင်သူ ကျွမ်းပိုဖန်းမှာ ထိန့်လန့်စွာ ဖြူဖျော့နေသည်။
မည်သူကမျှ ထိုအရည်စက်အားသတိမပြုမိသော်လည်း သူကတော့ ထိုအရာမှာမည်မျှ သာလွန်ထူးကဲကြောင်းကို အာရုံခံနိုင်သည်။
ထို့နောက် သူတော်စင်ကြီးအဆင့် ကျွမ်းကျင်သူ ကျွမ်းပိုဖန်း၏ ခေါင်းခါသက်ပြင်းချ၍ ချီးကျူးဂုဏ်ပြုမှုအား မျက်မြင်တွေ့လိုက်ရတော့သည်။
သူကလေးစားသော အသံဖြင့် ကြော်ငြာလိုက်သည်။
"ငါရှုံးသွားပြီ.."
ထို့နောက်ချက်ခြင်း ပွဲကျင်းပရာနေရာတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။
ဆရာကျွမ်းပိုဖန်းက ထိုအရည်မှာ သူတော်စင်ကြီးနယ်ပယ်သို့ ဝင်ရောက်ပြီးကာစသူအား ကြယ်နှစ်ပွင့် သူတော်စင်ကြီးနယ်ပယ်ဖြစ်လာစေနိုင်ကြောင်းကို ကိုယ်တိုင်အတည်ပြုခဲ့သည်။
ထိုအရာအားကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ ပို၍ ဆူညံပွက်လောရိုက်သွားသည်။
နောက်မှာ လူများမှ ထိုဆေးဝါးဖော်စပ်သူပါရမီရှင်၏ အမည်မှာ ချင်ယူဖန်းဖြစ်ပြီး ထျန်းဟွမ်မြို့အရှင်လမ့်အောင်းယွဲ့၏ ညီတော်ဖြစ်ကာ
ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ်၏ တပည့်ဖြစ်ကြောင်းသိသွားကြသည်။
ထိုတိုက်ပွဲပြီးနောက်တွင် ကမ္ဘာ့နံပါတ်တစ် ဆေးဝါးဖော်စပ်သူ ချင်ယူဖန်း၏ အမည်မှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
ရှစ်ဖုန့်က ဆယ်စုနှစ်တစ်ခုအကြာက ညတစ်ညကို ပြန်တွေးနေမိသည်။
မိုးသက်မုန်တိုင်းတို့အလယ်တွင် ပိန်းပါးသော ပုံရိပ်တစ်ခုက မိုးရေများအကြားသူ၏ ရှေ့တွင်ဒူးထောက်နေသည်။
မိုးခြိမ်းသံများနှင့် ခရမ်းရောင်လျှပ်စီးများတလက်လက်ထနေပြီး ၎င်းတို့က လူငယ်လေး၏ စိတ်ပိုင်းဖြတ်ထားသော မျက်နှာကို ရောင်ပြန်ဟက်စေသည်။
"ကျွန်တော့်ကိုခေါ်ဆောင်သွားပါ ကျွန်တော် ဆရာ့ရဲ့တပည့်ဖြစ်ချင်ပါတယ်.."
ထိုလူငယ်လေးကပြတ်သားစွာပြောသည်။
"အိုး.."
ငရဲဘုံကိုးခုဧကရာဇ်က သဘောကျစွာပြုံးလိုက်သည်။
"မင်းကဘာလို့ ငါ့ရဲ့တပည့်ဖြစ်ချင်ရတာလဲ.."
"ကျွန်တော်က ဆရာ့ရဲ့တပည့် ရှောင်းထျန်းယီလိုမျိုး လေးစားရတဲ့ သန့်စင်သူတစ်ယောက်ဖြစ်ချင်လို့ပါ.."
လူငယ်လေး၏ ကိုယ်မှာ မိုးသက်မုန်တိုင်းကြားထဲတွင်တုန်ယင်နေသော်လည်း သူ၏ နူးညံ့သော မျက်နှာမှာ ခိုင်မာပြက်သားမှု အပြည့်ဖြင့်ဖြစ်သည်။
"မင်းက သန့်စင်သူတစ်ယောက်ဖြစ်ချင်တာဆိုရင် မင်းရဲ့ဆရာအဖြစ် သန့်စင်သူဆရာသခင်တစ်ယောက်ကို ဆရာတင်လို့ရတယ်မဟုတ်ဖူးလား.."
ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ်က မေးလိုက်သည်။
"ဒါ..ဒါပေမဲ့.."
လူငယ်လေးက စကားပြောရင်းသူ၏မယိမ်းယိုင်သော အမူအယာမှာ အနည်းငယ်လျော့ယဲသွားသည်။
သူ၏ခေါင်းအား ငုံထားကာ လက်သီးကိုတင်းကျပ်စွာဆုပ်ရင်း သူ၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ တုန်ယင်လာသည်။
"သူ..သူတို့ကပြောတယ် ကျွန်တော့်မှာ သန့်စင်ခြင်းအတွက် ဘာပါရမီမှ မရှိဘူးတဲ့..."
"ပြီးတော့ ကျွန်တော်က ဘယ်တော့မှ ကြီးမြတ်လေးစားရတဲ့ သန့်စင်သူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဖူးတဲ့"
အသံတွင်ငိုသံလေးရောနေသည်။
ဤပြက်သားသော လူငယ်လေးမှာ ခေါင်းကိုငုံ့၍ ငိုနေသည်မှန်း ငရဲဘုံကိုးခုဧကရာဇ်ပြောနိုင်သည်။
"ဟူး.."
ငရဲဘုံကိုးခုဧကရာဇ်မှာ သက်ပြင်းဖျော့ဖျော့ချလိုက်သည်။
သူ၏ ခေါင်းကိုငုံ့ထားသော လူငယ်လေးအားကြည့်ကာ ပြောလိုက်သည်။
"ဆေးဝါးဖော်စပ်သူတွေကလည်း အဆင့်နိမ့်မဟုတ်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်.."
"ဆေးဝါးဖော်စပ်သူတွေကလည်း အဆင့်နိမ့်မဟုတ်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်.."
"ဝုန်း.."
တိုတောင်းလှသော စကားစုလေးက လူငယ်လေး၏ စ်ိတ်ထဲတွင် ညအချိန် မိုးခြမ်းသံကဲ့သို့ ပေါက်ကွဲသွားစေသည်။
ထိုစကားတို့က လူငယ်လေး၏ ပိန်သွယ်နူးညံ့ပြက်သားသော မျက်နှာထက်တွင် ပြစ်ဒဏ်စီရင်ချက်ချခံရသောသူကဲ့သို့ ဖြစ်သွားစေသည်။
တစ်ချိန်က နိမ့်ချရှုမြင်ခဲ့သော လူငယ်လေးကလူအများလေးစားရသော ကမ္ဘာ့နံပါတ်တစ် ဆေးဝါးဖော်စပ်သူ တစ်ယောက်ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ တွေးထင်ထားကြလိမ့်မည်မဟုတ်ပေ။
ချင်ယူဖန်းဆိုသည်မှာ အမည်နာမတစ်ခု သက်သက်မဟုတ်ပေ။
၎င်းမှာ ဒဏ္ဍာရီတစ်ခုကို ကိုယ်စားပြုသည်။
အခြားသူများက အမြဲန်ိမ့်ချရှုမြင်ကြသော ဆေးဝါးဖော်စပ်သူများအား လမ်းကြောင်းသစ်တစ်ခုဖွင့်လှစ်ပေးခဲ့သော ကမ္ဘာ့နံပါတ်တစ်ဆေးဝါးဖော်စပ်သူ ချင်ယူဖန်းပင်ဖြစ်သည်။
ယခုအချိန်တွင် ဆေးဝါးဖော်စပ်သူအားလုံးမှာ သူတို့၏ ခေါင်းများအားမော့ထားပြီး သူတို့ကိုယ်သူတို့ ဆေးဝါးဖော်စပ်အဖြစ် လူတိုင်းအား ပြောနိုင်ပြီဖြစ်သည်။
အနာဂတ်တွင်သူတို့သည်လည်း ချင်ယူဖန်းကဲ့သို့ လူသန်းပေါင်းများစွာအားကိုယ်စားပြုသော ကြီးမြတ်ပြီးလေးစားဖွယ် ဆေးဝါးဖော်စပ်သူများ ဖြစ်လာကြလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က သူ၏ယခင်တပည့်အကြောင်းလူငယ်လေး နှစ်ဦးမှ ပြောဆိုနေသည်ကိုကြားရသော အခါသွားနေရာမှ ရပ်တန့်လိုက်သည်။
"မင်းကြည့်ရတာ...ဆရာချင်က ငါတို့ရဲ့ နတ်ဆိုးသားရဲ မြို့ကို လာမယ်ဆိုတာ ဖြစ်နိုင်လို့လား"
လူငယ်လေးမှာ စိတ်လှုပ်ရှားလာပြီး သူ၏ အမြင်အား အကျယ်ကြီးအော်ပြောလိုက်ရာ ရုတ်ချည်းလမ်းမထက်ရှိ လူအများ၏ အာရုံအား စွဲဆောင်သွားစေသည်။
ထိုအချိန်တွင် ဖြတ်သွားဖြတ်လာတစ်ယောက်က ထိုသတင်းအား မကြားမိသေးသောလူငယ်ထံ ရောက်လာသည်။
သူကအထင်သေးစွာဖြင့် လျှောက်လာကာ ယခင်လူငယ်အားပြောလိုက်သည်။
"ဆရာချင်ရဲ့ ပုံရိပ်က ဘယ်လိုမျိုးမို့လို့ သူက ငါတို့လို့မြို့သေးသေးလေးကို ကိုယ်တိုင်လာရမှာလဲ.."
"ဒီတစ်ကြိမ် ငါတို့ရဲ့နတ်ဆိုးသားရဲ မြို့ကို လာမဲ့သူတွေက ဆရာချင်ရဲ့ တပည့်လေးယောက်ဖြစ်တဲ့ လေ(ဖုန်း)၊ ပန်း(ဟွာ)၊နှင်း(ရွယ်)နဲ့လ(ယွဲ့)တို့ထဲက..လနတ်သမီးပဲ.."
ဆက်ရန်...
ဘာသာပြန်သူ-Arise