အပိုင်း (၅၆)
Vol. 4 Ch. 56
"လေ..ပန်း..နှင်းနဲ့ လတဲ့လား.."
ရှစ်ဖုန့်မှာ စိတ်ဝင်တစားဖြစ်နေရာမှာ ထိုစကားလုံးများအား ကြားလိုက်ရသောအခါတွင် နှာကစ်သွားရသည်။
ချင်ယူဖန်းအနေဖြင့် ယခင်က တပည့်များ ခေါ်ယူရန် ပြောကြားဖူးသည်ကို သူတစ်ခုမှမကြားခဲ့ဖူပေ။
၎င်းမှာသူသေဆုံးခဲ့ရသော ဆယ့်ငါးနှစ်တာကာလအတွင်း အဖြစ်အပျက်များ ဖြစ်ရမည်။
နတ်ဆိုးသားရုဲမြို့တော်။
နတ်ဆိုးသားရဲတောင်တန်းဝန်းကျင်ဒေသမှာ နတ်ဆိုးသားရဲများနှင့် ပြည့်နှက်၍နေသော်လည်း ပထဝီဝင်ကျသော ပြဿနာများ ရှိနေသောကြောင့် အရမ်းကိုအန္တရယ်လည်းများလှသည်။
ထို့အပြင်နတ်ဆိုးသားရဲတောင်တန်း၌ စိတ်ဝိညာဉ်သစ်ပင်များနှင့် စိတ်ဝိညာဉ်သစ်သီးများ လည်းပေါကြွယ်ဝသည်။
ထို့ကြောင့်လည်း နတ်ဆိုးသားရဲတောင်တန်းမှာ ဆေးဝါးဖော်စပ်သူများ၊သန့်စင်အဂ္ဂရိတ်ပညာရှင်များနှင့် ဆေးဝါးကုန်သည်များကို ဆွဲဆောင်လျှက်ရှိသည်။
ဖြတ်သွားဖြတ်လာများ၏ စကားများကိုနားထောင်ပြီး လနတ်သမီးဟုခေါ်သောသူ၏ အမည်မှာ ယွဲ့ဝူရွှမ်းဖြစ်သည်ကိုသိလိုက်ရသည်။
သူမမှာ နိုင်ငံအနှံ့ကျော်ကြားသော အလှပဂေးလေးတစ်ယောက်ဖြစ်လေသည်။
ထိုအရာကရှစ်ဖုန့်အား စိတ်ဝင်စားမိစေပြီး စပ်စုချင်စိတ်ကို ဖြစ်စေမိသည်။
သူ့အနေဖြင့် သူ၏ မြေးတပည့်များမျက်နှာကို မြင်တွေ့ချင်သည်။
ချင်ယူဖန်းမှာ သူ၏ စိတ်ဝိညာဉ်ဆေးပင်များ အပေါ်တွင်သာ ဂရုစိုက်တတ်သည်ကို ရှစ်ဖုန့် မှတ်မိနေဆဲဖြစ်သည်။
သူက မိန်းမလှများထက် ထို အဖိုးအနဂ္ဂထိုက်တန်လှသော ဆေးပင်များ အပေါ်တွင်သာ စိတ်ဝင်စားသည်။
လမ်းမထက်တွေင် ချင်ယူဖန်းနှင့်သူ၏ တပည့်လေးယောက်ဟူသော အကြောင်းအရာက ငြိမ်သက်နေသော ကန်ရေပြင်အတွင်းသို့ ခဲတစ်လုံးပစ်ချလိုက်သလို ဂယက်ရိုက်သွားသည်။
လူအများစုက စုဝေးလာကြကာ ၎င်းတို့အကြောင်းက်ို ဆွေးနွေးပြောဆိုကြသည်။
ထိုမှတစ်ဆင့် ရှစ်ဖုန့်မှာ သူ၏ကိုယ်ပိုင်တပည့်များ၏ ဇတ်လမ်းအချို့ကိုလည်း ကြားခဲ့ရသည်။
"အကယ်၍ လူကြီးမင်းချင်ယုဖန်းသာ ငါတို့နတ်ဆိုးသားရဲ မြို့ကိုလာခဲ့ရင် ငါရဲ့ပါရမီအရ သေချာပေါက် ငါ့ကို ခေါ်သွားဖို့ ဆန္ဒရှိပြီး သူ့ရဲ့ တပည့်အဖြစ်လက်ခံမှာပဲ.."
"အဟက်...မင်းကိုလား..လူကြီးမင်းချင်က တပည့်လေးယောက်တည်း လက်ခံခဲ့တာတောင် နှစ်ပေါင်းများစွာကြာနေခဲ့ပြီ "
"သူတို့ထဲက တစ်ယောက်စီတိုင်းက လူသန်းပေါင်းများသွာထဲကမှ တစ်ယောက်တည်းဆိုတဲ့ ပါရမီရှင်တွေပဲ"
တစ်စုံတစ်ယောက်က ပြန်ပက်လိုက်သည်။
"ငါကြားခဲ့တာတော့ နတ်သမီးယွဲ့က နတ်ဆိုးသားရဲတောင်တန်းထဲက စိတ်ဝိညာဉ်ဆေးပင် တစ်ပင်အတွက် ငါတို့ရဲ့ နတ်ဆိုးသားရဲ မြို့ကိုလာမှာတဲ့.."
"နတ်သမီးယွဲ့ကိုယ်တိုင်တောင် လာရလောက်အောင် အဲ့တာက ဘယ်လိုစိတ်ဝိညာဉ်ဆေးပင်မျ်ိုးမလို့လဲ.."
"ငါဘာတ်ိကျတဲ့ သတင်းကိုမှတော့ မရထားသေးဘူး..ဒါပေမဲ့..."
"နတ်သမီးယွဲ့က ချင်ဖုန်းဂေဟာမှာ သိုင်းပညာရှင်တွေကို စတင်စုဆောင်းနေတယ်လို့ငါကြားခဲ့တယ်.."
"ဆရာသခင်အဆင့်အထက်က မည်သူမဆို ဝင်ရောက်နိုင်တယ်တဲ့.."
"ငါ့ရဲ့ ကျင့်ကြံမှုနဲ့ ပါရမီကို နတ်ဆိုးသားရဲတောင်တန်းမှာ နတ်သမီးယွဲ့ရှေ့ ထုတ်ဖော်ပြနိုင်ရင် နတ်သမီးလေးယွဲ့သေချာပေါက်ငါ့ကို ချစ်ခင်နှစ်သက်သွားမှာပဲ.."
စိတ်ပျက်စရာပုံနှင့်လူတစ်ယောက်က အချုပ်အနှောင်မှ လွတ်မြောက်ထွက်ပြေးလာသော သူတစ်ယောက်ကဲ့သို့ ပြောရင်းထွက်ပြေးသွားသည်။
"ဟားဟား နတ်သမီးယွဲ့ကငါ့ အသည်းလေးချိုပုလေးကွ..ငါနဲ့ပဲဆိုင်တာ.."
နောက်ထပ်တောင့်တင်းတုတ်ခိုင်သော ခန္ဓာနှင့်လူတစ်ယောက်က ကောင်းကင်ကို့မော့ကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်ပြီး သူ၏
ကြွက်သားအဖုအထစ်များဖြင့် သန်မာသောကိုယ်ကို ပြသလိုက်သည်။
ထို့နောက်သူသည် ချင်ဖုန်းဂေဟာသို့ အပြေးနှင်သွားတော့သည်။
"ငါတို့လည်း သွားကြည့်ကြစို့.. "
"နတ်သမီးယွဲ့ရဲ့ လှပတဲ့ မျက်နှာလေးကိုသာ မြင်တွေ့ရရင် ဒီဘဝမှာ ငါ့အတွက် နောင်တရစရာဘာမှ မရှိတော့ဘူး...."
ရှစ်ဖုန့် သူ၏ ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သောအခါတွင် အယောက်နှစ်ဆယ်သုံးဆယ်ခန့်ပါသော လူစုလူဝေးတစ်ခုအဖြစ်စုစည်းသွားကြကာနတ်သမီးယွဲ့အားတွေ့ရန်အတွက် ချင်ဖုန်းဂေဟာသို့ ဦးတည်သွားလိုက်ကြသည်။
ရှစ်ဖုန့်သည်လည်း သူတို့ကြားထဲတွင် ပါသွား၏။
ရုတ်တရက် တစ်စုံတစ်ယောက်မှသူ၏ လက်မောင်အား ဆောင့်ဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။
သူကမျက်မှောင်ကြုတ်၍ မကျေနပ်သော အမူအယာဖြင့် လှည့်ကြည့်လိုက်သောအခါ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူကတော်တော်လေး ချောမောသော အသွက်အပြင်ရှိကာ ရှစ်ဖုန့်နှင့် အသက်အရွယ် အတူတူခန့်ပင်ဖြစ်သည်။
သူကမျက်လုံးတို့ ကျဉ်းမြောင်းစွာမှေးလိုက်၍ ရှစ်ဖုန့်အားပြုံးပြလိုက်သည်။
"ဘာဖြစ်လို့လဲ.."
ရှစ်ဖုန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟီးဟီး..ညီကိုတော်.. မင်းကလည်းဘာလို့ငါ့ကို အဲ့လိုမျက်နှာတည်ကြီးနဲဲ့ကြည့်နေရတာလဲ.."
"ငါတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေပဲဟာ.."
"တစ်ယောက်စိတ်ထဲတစ်ယောက် ဘာရှိတယ်ဆိုတာကို သိနေကြတာပဲ.."
သူက ရှစ်ဖုန့်အား မျက်ခုံးကိုပင့်၍ ရှစ်ဖုန့်အားနားလည်သည်ဟူသော လေသံမျိုးဖြင့် စကားပြောလိုက်သည်။
"မင်းအများကြီးတွေးနေတာပဲ.."
ရှစ်ဖုန့်က ပြောလိုက်သည်။
ထိုလူငယ်၏လက်အား ဖယ်ထုတ်လိုက်ကာ ပြန်လှည့်လိုက်ပြီး လူအုပ်နှင့်အတူ ဆက်လိုက်သွားသည်။
"ဟေး..ညီကိုတော်.."
ရှစ်ဖုန့်ခြေလှမ်း အနည်းငယ်လှမ်းပြီးသောအခါ ထိုလူငယ်က ထပ်မံဖမ်းဆွဲလိုက်သည်ကိုခံရပြန်သည်။
"ဟေး..ညီကိုတော်..အဲ့လောက်အလျှင်မလိုနေစမ်းပါနဲ့..."
"ငါအရင်ပြီးအောင် ပြောပါရစေအုံး.."
"ငါ့မှာ နတ်သမီး ယွဲ့ဝူရွှမ်းရဲ့ သီးသန့် သတင်းအချက်အလက်တွေရှိတယ်.."
လူငယ်က ရှစ်ဖုန့်အား စကားပြောပြီးသောအခါ ချက်ခြင်းစာအုပ်တစ်အုပ်အား ထုတ်ယူလိုက်သည်။
အဖုံးပေါ်တွင်ရေးထားသည်ကား...
"လနတ်သမီးအားလိုက်ရန်..ဗျူဟာများ.."
"လခွီး...ဒီလိုအရာမျိုးတောင် ရှိတာလားဟ.."
ရှစ်ဖုန့်ရုတ်တရက် တုန်လှုပ်သွားမိသည်။
"ဟီးဟီး.."
လူငယ်ကရှစ်ဖုန့်၏ အမူအယာအားကြည့်ကာ တခစ်ခစ်ဆက်လက်ရယ်လိုက်သည်။
"ဟီးဟီး..ဘယ်လိုလဲ ညီကိုတော်.."
"မင်းစိတ်ပါလာပြီမလား.."
"မင်းဒီလျှို့ဝှက် စာအုပ်ရဲ့ အကူအညီကိုသာ ယူလိုက်ရင် မင်းရဲ့ အစီအစဉ်က ချို့ယွင်းချက်ရှိမှာမဟုတ်တော့ဘူး..."
လူငယ်က စကားပြောပြီးသော အခါ နောက်ထပ် စာအုပ်တစ်အုပ်အား ထပ်ထုတ်လိုက်သည်။
"လနတ်သမီး၏ ကြီးပြင်းလာသော သမိုင်းမှတ်တမ်း..."
"ဘယ်လိုလဲညီီကိုတော်.."
"မင်းအနေနဲ့ တစ်ခုခုလိုအပ်နေသေးတယ်လို့ ခံစားရရင် ဒီစာအုပ်ပါထပ်ပေါင်းလိုက်."
ထို့နောက်သူက နောက်ထပ် စာအုပ်တစ်အုပ်အား ထပ်ယူလိုက်ပြန်သည်။
"နတ်စမီးယွဲ့၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ခြင်း
နတ်သမီးယွဲ့၏ စိတ်ခံစားချက်များကို နားလည်ခြင်း"
ရှစ်ဖုန့်မှာအာစေးမိနေသည်။
ဤလူကတကယ့်ကို နည်းလမ်းပေါင်းစုံအား စဉ်းစားတွေးတောနိုင်ပေသည်။
"မင်းဘယ်လိုထင်လဲညီကိုတော်.."
"မင်းအခု စိတ်ပါလာပြီလား.."
"ဟီးဟီး..ဒီလိုဆိုရင်ရော.."
"ငါတို့က ကံကြမ္မာဆက်နွယ်နေတာကို ငါမြင်နေရတယ်.."
"ဒီသုံးအုပ်လုံးကိုမှ ငါ့ကိုရွှေဒင်္ဂါး တစ်ပြားပဲပေး.."
"ဒါကငါမင်းကို အလကား ပေးလိုက်သလိုပဲနော်.."
ရွေဒင်္ဂါးမှာ ထျန်းဟန်တိုက်ကြီး၏ ဘုံငွေကြေး တစ်မျိုးဖြစ်သည်။
၎င်းအပြင် ငွေဒင်္ဂါးနှင့် ကြေးဒင်္ဂါးတို့လည်း ရှိကြသေးသည်။
ရွှေဒင်္ဂါးတစ်ပြားက ငွေဒင်္ဂါးဆယ်ပြားနှင့်ညီမျှပြီး ငွေဒင်္ဂါးတစ်ပြားက ကြေးဒင်္ဂါးပြားတစ်ရာနှင့် ညီမျှသည်။
သာမန်မြို့သူမြို့သားများမှာ တစ်နေ့လျှင် ကြေးဒင်္ဂါး ပြားသုံးဆယ်လေးဆယ်ခန့်အသုံးပြုကြသည်။
ထို့ကြောင့် ရွှေဒင်္ဂါးတစ်ပြားမှာ သာမန်မြို့သူမြို့သားတစ်ယောက် အတွက် တစ်လစာနှင့်ညီမျှ၏။
"မင်းကငွေရှာတာ တော်တော်လေးတော်သားပဲ.."
ရှစ်ဖုန့်က ပြောလိုက်သည်။
"ဒါပေမဲ့ ငါကဒီအရာတွေကိုစိတ်မဝင်စားဘူး..မင်းတစ်ခြားတစ်ယောက်သာ သွားရှာလိုက်ပါ.."
"ဟားဟား ညီကိုတော်..မင်းဘယ်လိုဟာသပြောရမလဲဆိုတာကိုသိတာပဲ.."
"ဒီလိုဆိုရင်ရော..ငါမင်းကိုလျှော့စျေးပေးမယ်.."
"အဲ့မြင်းကိုငါ့ကိုပေး..အဲ့တာဆိုရင် ဒီစာအုပ်သုံးတွဲက မင်းဟာတွေပဲ..မင်းဘယ်လိုထင်လဲ.."
လူငယ်ကဆက်ပြောလိုက်သည်။
"မင်းမြင်းကိုသဘောကျနေတာဆိုရင်..ယူလိုက်.."
ရှစ်ဖုန့်က ပြောကာ မြင်းဇက်ကြိုးကို လွှဲပေးလိုက်သည်။
သူ၏ ခရီးပန်းတိုင်သို့ ရောက်ပြီ ဖြစ်သောကြောင့် မြင်းအားထပ်မံ၍ မလိုအပ်တော့ပေ။
ထို့အပြင် ၎င်းနေရာမှာ နတ်ဆိုးသားရဲတောင်တန်းဖြစ်သည်။
သူ့အနေဖြင့် ပြန်လာသောအခါ ပျံသန်းရေးနတ်ဆိုးသားရဲတစ်ကောင်ပင် ဖမ်းလာလို့ရသေးသည်။
"ဒါဆို အပေးအယူဖြစ်ပြီ.."
လူငယ်က ပျော်ရွှင်စွာပြောကာ မြင်းဇက်ကြိုးအား ရှစ်ဖုန့်ထံမှ လွှဲယူလိုက်သည်။
ထို့နောက်သူက စာအုပ်သုံးအုပ်အား ရှစ်ဖုန့်၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
"ဒီစာအုပ် သုံးအုပ်က..."
ရှစ်ဖုန့်မှာ ထိုစာအုပ်တို့အား ပြန်ပေးချင်သော်လည်း လူငယ်က မြင်းဖြူနှင့်အတူ လူအုပ်ထဲရောထွေးသွားပြီဖြစ်သည်။
ရှစ်ဖုန့်က သူ့အားကြည့်နေသည်ကိုမြင်သောအခါ မျက်စိတစ်ဖက်အား မှိတ်ကြပြီး ပြောလိုက်သည်။
"ရဲရင့်တဲ့လူငယ်လေး..မင်းအောင်မြင်ပါစေငါဆုတောင်းပေးတယ်ကွာ.."
ရှစ်ဖုန့်က ပြန်လှည့်ကာ သူ၏ လက်အတွင်းရှိစာအုပ်သုံးအုပ်အား ကူကယ်ရာမဲ့စွာဖြင့် ပြုံးကာကြည့်လိုက်မိသည်။
"ကြည့်ငါတို့ ချင်ဖုန်း ဂေဟာကို ရောက်ပြီ.."
"ဒါပေမဲ့.. ငါတို့တွေ နောက်ကျသွားပုံပဲ.."
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
"အာ..လူအများကြီးတောင် ရောက်နှင့်နေပြီဟ..ငါတို့ကဘယ်လောက်တောင်ကြာကြာစောင့်ရမှာလဲ.."
"လ..လနတ်ဘုရားမ...ငါလနတ်ဘုရားမလေးကို တွေ့ရပြီ.."
"ငါဒီဘဝမှာ နောင်တရာစရာဘာမှ ထပ်မရှိတော့ဘူးကွာ..."
ထိုအော်သံပြီးနောက် ရှစ်ဖုန့်ကသူ၏ ခေါင်းအား အနည်းငယ်မော့ကာ ရှေ့သို့ကြည့်လိုက်သည်။
အမြင်အားဖြင့် သစ်လွင်ပြီးသေသပ်ကျနစွာတည်ဆောက်ထားသော အဆောက်အဦး၏ ရှေ့တွင် သစ်သားဖြင့်လုပ်ထားသော "ချင်ဖုန်းဂေဟာ"ဟုရေးထိုးထားသည့် မော်ကွန်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။
စာတန်းပြား၏အောက်တွင် အဖြူရောင်ဝတ်စင်ထားသော နတ်သမီးတစ်ပါးကမတ်တပ်ရပ်နေသည်။
သူမ၏ ပုံစံမှာ ကျော့မော့သန့်စင်မွန်မြတ်သော နတ်သမီးတစ်ပါး သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည်နှင့်ပင်တူသည်။
သူမ၏ နူးညံ့သော မျက်နှာလေးက ကောင်းကင်ဘုံ၏ အပြောင်မြောက်ဆုံး ထုဆစ်ထားသောလက်ရာတစ်ခုကဲ့သို့ပင်ဖြစ်သည်။
သူမ၏ အသားအရေက နှင်း၊ နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးပေသည်။
သူမ၏ မျက်လုံးရွဲကြီးများကပင်စကားပြောနိုင်သည့်ပုံပေါ်ပြီး မျက်တောင်တစ်ချက်ခတ်လိုက်တိုင်းပင် သူမအားယုံကြည်သက်ဝင်မှုတို့ကိုဖြစ်စေသည်။
သူမ၏ ရင်ဘက်ရှေ့ရှိ မို့မောက်နေသော စနေနံနှစ်ခိုင်က သူအ၏ အဝတ်တို့နှင့်ပင် ကပ်ငြိတွယ်နေပုံပေါ်သည်။
သူမ၏ ရေမြွေတစ်ကောင်ကဲ့သို့ ကျစ်လစ်သွယ်လျသောခါးတွင် အဖြူရောင်ခါးပတ်ကို ဝတ်ဆင်ထားပြီး သူမ၏ ပြီးပြည့်စုံသော ပုံရိပ်ကိုလူအများရှေ့တွင် ပေါ်လွင်စေသည်။
ဤသည်မှာ အကြွင်းမဲ့အလှတရားပင်ဖြစ်သည်။
ကြည့်ရုံဖြင့်ပင် ယောက်ျားတို့အား သူမကိုချစ်ခင်စုံမက်၍ ပွေးဖက်ချင်စိတ်တို့ပေါက်စေသည်။
"ချင်ယူဖန်း ရဲ့ တပည့်က တော်တော်လေးလှတာပဲ.."
"နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သူစပြီး ပြောင်းလဲလာတာများ ဖြစ်နိုင်လား.."
သူ၏ ရှေ့ရှိ လနတ်ဘုရားမ အလှလေးအားကြည့်ကာ ရှစ်ဖုန့်က ရေရွတ်လိုက်သည်။
"သူက ငါမရှိစဉ်မှာ ရှောင်ယောင်ကိုတောင် လမ်းမှားအောင် ဦးတည်သွားစေနိုင်လောက်တယ်..."
"ဟက်ချိုး.."
ဝေးကွာသော တောင်ကြားချိုင့်ဝှမ်းတစ်ခုတွင် ထပ်မံ၍ နှာချေသံကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise