အပိုင်း (၅၇)
Vol. 4 Ch. 57
"တိတ်ကြပါ.အားလုံးပဲ..တိတ်တိတ်နေပေးကြပါ..."
ထိုအချိန်တွင် အကြီးအကဲတစ်ယောက်က လှေကားပေါ်မှ လျှောက်လှမ်းလာကာ နတ်သမီးယွဲ့၏ ဘေးတွင် ရပ်လိုက်သည်။
သူက စကားပြောရင်းသူ၏ လက်ဟန်ခြေဟန်ဖြင့် လူတိုင်းကို တိတ်ခိုင်းလိုက်သည်။
အကြီးအကဲ၏ အသံကွယ်ပျောက်သွားသောအခါ ရာနှင့်ချီသော လူအုပ်ကြီး၏ အသံမှာလည်း ရုတ်ချည်း တိတ်ကျသွားသည်။
ထိုအရာအားမြင်လိုက်ရသောအခါ အကြီးအကဲက စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်၍ ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"နတ်သမီးယွဲ့ နတ်ဆိုးသားရဲ မြို့တော်ကို လာရခြင်းရဲ့ ရည်ရွယ်ချက်ကို အားလုံးသိပြီးကြပြီလို့ထင်တယ်..."
"ဟုတ်ပါတယ်"
မရေတွက်နိုင်သော လူများက ပြိုင်တူ တုန့်ပြန်လိုက်ကြသည်။
"ကောင်းပြီဒါဆို...ကျုပ်အသေးစိတ်ပြောမနေတော့ဘူး..."
အကြီးအကဲက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ဒါဆို အခုကျုပ်စပြီးတော့ လူစုဆောင်းတော့မယ်.."
"ဘယ်ဆရာသခင်နယ်ပယ်အဆင့်မဆို ပါဝင်လတ်မှတ်ရေးထိုးနိုင်ပြီး တစ်ယောက်စီတိုင်းက အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး ငါးရာဆီရမယ်.."
"စိတ်ဝိညာဉ်နယ်ပါ်ကျွမ်းကျင်သူတွေထဲက လိုက်ပါဖို့ ဆန္ဒရှိသူတွေဆိုရင် ကမ္ဘာဦးကျောက်တုံး ထောင့်ငါးရာရမယ်..."
ဆရာသခင်နယ်ပယ်တစ်ယောက်အတွက် ငါးရာဆိုသောပမာဏမှာ နည်းနည်းနောနော မဟုတ်ပေ။
စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်အတွက် ထောင့်ငါးရာမှာလည်း ထို့အတူဖြစ်သည်။
ဟိုင်မိသားစုသည်ပင် စန်းယွဲ့မြို့၏ မြောက်ပိုင်း၌ နှစ်ပေါင်းများစွာ ကြီးစိုးလုပ်ကိုင်ခဲ့သည်တောင် ဟိုင်မိသားစုရတနာခန်းမထဲမှ ရှစ်ဖုန့်အနေဖြင့် အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး ငါးထောင်သာ ရရှိခဲ့သည်။
ထို့ကြောင့် ထိုပမာဏမျှသော ကမ္ဘာဦးကျောက်တုံးများမှာ ဆရာသခင်နယ်ပယ်အတွက်ဖြစ်စေ စိတ်ဝိညာဉ်နယ်ပယ်အတွက်ဖြစ်စေ သေးငယ်သော ပမာဏတစ်ခုမဟုတ်ပေ။
ငရဲဘုံဧကရာဇ်ပညာရပ်အား ကျင်ကြံထားသော ရှစ်ဖုန့်လိုလူထူးဆန်းပင် ထိုပမာဏအား စိုက်ထုတ်ကုန်ကျခံနိုင်ခြင်းမရှိပေ။
"လူတိုင်းက ဒါကို အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတယ်မလား.."
"ဒါဆိုရင် စာရင်းကောက်တာကို စကြတောပေါ့..."
အကြီးအကဲက လှေကားရင်းတွင် ရပ်နေသည့် ငယ်ရွယ်သော အစေခံယောက်ျား နှစ်ယောက်အား ညွှန်ပြရင်းပြောလိုက်သည်။
သူတို့ထဲမှ တစ်ယောက်က ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက်လုံးအား သူ၏ လက်ထဲတွင်ကိုင်ထားပြီး တစ်ခြားတစ်ယောက်၏ရှေ့၌စတုရန်း သစ်သားစားပွဲတစ်လုံးကို ထားထားသည်။
ထိုလူက စာအုပ်နှင့် စုပ်တံကို သူ၏လက်ထဲတွက်က်ိုင်ထားပြီး စားပွဲနောက်၌ထိုင်နေသည်။
သလင်းကျောက်လုံးက သိုင်းသမားတစ်ယောက်၏ ကျင့်ကြံမှု နယ်ပယ်အဆင့်အား စမ်းသပ်စစ်ဆေးရန် အတွက်ဖြစ်သည်။
လူတစ်ယောက် ထိုသို့စမ်းသပ်ပြီးနောက်တွင် သူ၏ နမည်အား အခြားတစ်ယောက်ထံ တင်ပြရင်း မှတ်တမ်းတင်ရမည်ဖြစ်သည်။
"ကျုပ်အရင်သွားမယ်.."
တုတ်ခိုင်သော သူက အော်ပြောလိုက်သည်။
"နတ်သမီးလေးယွဲ့ကို ကာကွယ်ပေးရဖို့အတွက် ကမ္ဘာဦးကျောက်တုံး တစ်တုံးရဲ့ တစ်ဝက်ပဲရပါစေ ငါဒါကိုလုပ်ဖို့ ဆန္ဒရှိတယ်.."
တုတ်ခိုင်သော သူက သလင်းကျောက်လုံးအား ကိုင်ဆောင်ထားသော လူငယ်ထံ လျှောက်သွားလိုက်သည်။
"ဆိုင်ရှင်ယဲ့ ကျေးဇူးအများကြီးတင်ပါတယ်.."
လူစုဆောင်းမှက လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျသွားသည်ကို တွေ့ရလျှင် ယွဲ့ဝူရွှမ်းကလှည့်ကာ သူ၏ ရှေ့ရှိ လူအိုကြီးအား ညင်သာစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။
ဤယဲ့ဟူသော အမည်ဖြင့်လူအိုကြီးမှာ ဤ ချင်ဖုန်း ဂေဟာ၏ ဆိုင်ပိုင်ရှင်ဖြစ်သည်။
ဆိုင်ပိုင်ရှင်ယဲ့က ယွဲ့ဝူရွှမ်းမှ သူအား ကျေးဇူးတင်စကားဆိုသောအခါတွင် သူ၏ လက်အား အလျှင်အမြန်ဝေ့ယမ်းကာပြောလိုက်သည်။
"နတ်သမီးယွဲဲ့က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ "
"ဟိုးယခင် အတိတ်နေ့ရက်တွေတုံးက ဒီလူအိုကြီးရဲ့ အသက်ဟာ အန္တရာယ်ရှိနေခဲ့တယ်..."
"အဲ့အချိန်မှာ လူကြီးမင်းချင်က သာနတ်ဆိုးသားရဲမြို့ကို ဖြတ်သွားတုံး ဒီလူအိုကြီးကိုမကယ်တင်ခဲ့ရင် သေနေခဲ့တာကြာပါပြီ.."
"ဒါကြောင့် နတ်သမီးလေးအနေနဲ့ ဒီလိုလုပ်နေစရာမလိုပါဘူး.."
ရှစ်ဖုန့်၏ ရှေ့စမ်းသပ်မှုများတွင် လူအချို့မှာ ပီတိဝေဖြာနေကြပြီး လူအချို့မှာ စိတ်ဓာတ်ကျနေသည်။
အစက ဆရာသခင် နယ်ပယ်အဆင့် သို့ မရောက်ရှိကြသေးသော သိုင်းသမားအချို့မှာ သူတို့၏ ကံကိုစမ်းလိုခဲ့ကြသည်။
သူတို့၏ အလှည့်အရောက်တွင် သလင်းကျောက်လုံး၌ ပြဿနာ အနည်းငယ်တတ်ပြီး ကံထနိုင်မည်ဟု မျှော်လင့်မိကြသည်။
သို့သော် လက်တွေ့အမှန်တရားက အမြဲကို ရက်စက်လွန်းပေသည်။
ထိုအတင်းအကျပ်စားသုံးချင်ကြသော အားနည်းသူများမှာ ပယ်ချခံခဲ့ရသည်။
ထိုအချိန်တွင် လူတန်းကြီးမှာလည်း ရှည်လျားနေပြီဖြစ်သည်။
ရှစ်ဖုန့်မှာလည်း လူတန်းကြီးအလည်တွင်ညှပ်နေပြီး စမ်းသပ်ခံရန်စောင့်ဆိုင်းနေသည်။
သူ၏ အလည့်ရောက်ရန်အတွက် ရှေ့သို့ကြည့်လိုက်သောအခါ သူ၏ ရှေ့တွင် လူလေးဆယ်ငါးဆယ်ခန့်ရှိသေးသည်ဟု ခန့်မှန်းလိုက်သည်။
"ဝုန်း...ဝုန်း...ဝုန်း...ဝုန်း..."
ရုတ်တရက်တုန်ခါမှုတစ်ခု ဖြစ်လာပုံရသည်။
ထို့နောက်ချက်ခြင်း အဝေးမှသားရဲများ၏ တစ်ဟုန်ထိုးပြေးလွှားလာသော အသံများကိုကြားရသည်။
လူတိုင်းက သူတို့၏ ခေါင်းကိုလှည့်၍ ဆူညံသံများလာရာ ဦးတည်ချက်သို့ ကြည့်လိုက်ကြသည်။
ထိုဦးတည်ရာလမ်းမထက်တွင် ဖုန်ထုကြီးက တလိမ့်လိမ့်ဖြင့် သူတို့၏ ထံသို့ လာနေသည်။
လူအုပ်ထဲမှ လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။
"ဒါ..ဒါက..မိစ္ဆာ ဝံပုလွေကြေးစားအဖွဲ့ပဲ..."
တထောင်းထောင်းထနေသော ဖုန်ထုအလယ်တွင် မိစ္ဆာဝံပုလွေအများအပြားက ဖုန်လုံးများရှေ့မှပြေးလာနေသည်ကို ဝိုးတိုးဝါးတားမြင်ရသည်။
နွားသိုးတစ်ကောင်ကဲ့သို့ မြင့်မားပြီး ကြမ်းကြုတ်သော မျက်နှာနှင့် မိစ္ဆာဝံပုလွေများ အပေါ်တွင် လူသားကျင့်ကြံသူတစ်ယောက်စီထိုင်နေသည်။
ရှေ့ဆုံးရှိ ဆင်တစ်ကောင်အရွယ် မိစ္ဆာဝံပုလွေအပေါ်တွင် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ထိုင်နေ၏။
"ဒါက...မိစ္ဆာဝံပုလွေကြေးစား အဖွဲ့ရဲ့ လူငယ်ခေါင်းဆောင် ဟယ်ရွယ်ပဲ.."
လူအုပ်ထဲက လူတစ်ချို့က အော်ပြောလိုက်သည်။
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ ရောက်လာသည်အား မြင်တွေ့ရသောအခါ လူအုပ်ကြီးမှာ အုတ်အုတ်ကျက်ကျက်ဖြင့် ပေါက်ကွဲသကဲ့သို့ဖြစ်ကာ ဆွေးနွေးပြောဆိုအော်ဟစ်နေကြသည်။
"မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့က ငါတို့ နတ်ဆိုးသားရဲ မြို့မှာ အကြီးမားဆုံးကြေးစားအဖွဲ့ပဲ..."
"အဖွဲ့ခေါင်းဆောင် ဟယ်လုံက ကြယ်သုံးပွင့် ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ.."
"လက်ထောင်ခေါင်းဆောင် ဝေ့ဟန်က အထွတ်အထိပ် ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်ဖြစ်တယ်.."
"ငါကြားတာတော့ သူက ဘုရင်နယ်ပယ်ထဲကို ဝင်ရောက်နေပီတဲ့..."
"ပီးတော့ သူတို့ရဲ့လူငယ်ခေါင်းဆောင် ဟယ်ရွှယ်ကလဲ သာလွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်တယ်..."
"ငါကြားတာတော့ သူက အသက်နှစ်ဆယ်ပဲရှိနေသေးပေမဲ့ ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပီတဲ့.."
"မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့က ဒီနေရာကို ဘာလာလုပ်တာလဲ.."
"ဒီနေရာကို နတ်သမီးလေးယွဲ့ဝူရွှမ်းအတွက် လာတာများဖြစ်နိုင်လား.."
"အဲ့တာအရမ်းဖြစ်နိုင်ချေရှိတယ်.."
"ငါကြားတာတော့ အဲ့ဟယ်ရွယ်က တဏှာကြီးတဲ့ ဗီဇရှိတယ်တဲ့.."
"လွန်ခဲ့တဲ့နှစ်တွေမှာ နတ်ဆိုးသားရဲမြို့တော့က ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးဘယ်လောက်များများ သူလုယူစော်ကား ဖျက်ဆီးတာကိုခံရပြီးပြီမို့လဲ.."
"ဟူး..အဲ့ကောင်က ယောက်ျားတွေ အတွက်တော့ တကယ့်ကို လူထုရန်သူတစ်ဦးပဲ.."
"ဒါပေမဲ့ နတ်သမီးလေးယွဲ့က လူကြီးမင်းချင်ရဲ့တပည့်လေ.."
"သူနတ်သမီးလေးယွဲ့ကို ငမ်းငမ်းတက်ရဲပါ့မလား.."
"သူဘဝက သေတာထက်ဆိုးပြီး သူ့တစ်မိသားစုလုံး သုတ်သင်ခံရမှာ သူမကြောက်ဖူးလား.."
"တဏှာဆိုတာ ဓားတစ်ချောင်းလိုပဲဆိုတာကို မင်းမကြားဖူးဘူးလား.."
"နတ်သမီးလေးယွဲ့လို အလှလေးလာတဲ့အခါမှာ ကမ္ဘာပေါ်က ယောက်ျားဘယ်နှစ်ယောက်ကများ နှလုံးသားထဲက ဂနာမငြိမ်မှုကို ထိန်းချုပ်ထားနိုင်မှာမို့လို့လဲ..."
ဖုန်လုံးကြီးက တစ်လိမ့်လိမ့်နီးလာသောအခါ အစက လမ်းမထက်တွင် ပြည့်နှက်နေသော လူစုလူဝေးမှာ လမ်းဘေးတစ်ဖက်ဆီသို့ဆင်း၍ ရှောင်လိုက်ကြသည်။
ရုတ်ချည်းလမ်းမထက်တွင် ဗလာဖြစ်သွားသည်။
လမ်းတစ်ဖက်တစ်ချက်စီတွင် လူအစုဖြစ်နေသော လူအုပ်ကြီးမှာလည်း ပ်ို၍ လူစုလူဝေးများလာသည်။
အထူးသဖြင့် ချန်ဖုန်းဂေဟာ ၏ရှေ့တွင် သိပ်သည်းနေသော လူအုပ်ကြီးမှာ စတင်၍ ကျပ်ညှက်လာ၏။
မျက်စိတစ်မှိတ်အတွင်းတစ်လိမ့်လိမ့်ထနေသော ဖုန်လုံးကြီးက ရောက်လာခဲ့သည်။
"အဟွတ်..အဟွတ်..အဟွတ်..အဟွတ်.."
လူအများစုမှာ ပြင်းထန်စွာချောင်းဆိုးလိုက်ကြသော်လည်း မိစ္ဆာဝံပုလွေအဖွဲ့ရှေ့ရှိ လူများမှာတော့ သည်းခံအောင့်အီးထားရုံသာတက်နိုင်သည်။
သူတို့ဒေါသထွက်ရဲသော်လည်း စကားတော့မပြောရဲကြချေ။
ဖုန်များကွယ်ပျောက်သွားသောအခါ မိစ္ဆာဝံပုလွေတို့အား စီးလာသော သိုင်းသမားအုပ်စုထွက်ပေါ်လာသည်။
သူတို့မှာစုစုပေါင်းဆယ့်တစ်ယောက်ရှိကြပြီး မိစ္ဆာဝံပုလွေ ဆယ့်တစ်ကောင်ရှိသည်။
သိုင်းသမားဆယ့်တစ်ယောက်က မိစ္ဆာဝံပုလွေများအား ရပ်တန့်လိုက်ကြသောအခါ ၎င်းတို့က လုံးဝမလှုပ်ကြတော့ပေ။
ထိုသူတို့၏ ကိုယ်မှ ရက်စက်သော လူသတ်ရောင်ဝါများထွက်နေသည်ကို ခပ်ယဲ့ယဲ့ခံစားမိသည်။
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ လူငယ်ခေါင်းဆောင်ဟယ်ရွှယ်မှာ ဒေါင်မြင့်မြင့်ခပ်တောင့်တောင့်ဖြစ်သည်။
သူ၏ မျက်နှာက သွေးအေးကာခက်ထန်ပြီးသူ့ပုံစံက ရက်စက်ကြမ်းကြုတ်ပုံရ၏။
သူ၏ ညာဘက်ရင်အုံပေါ်တွင် ကြက်ခြေခတ်အမာရွတ်တစ်ခုရှိသည်။
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ ရောက်လာမှုနှင့်အတူ အစကဆူညံနေသော လူစုလူဝေးကြီးမှာ ရုတ်ချည်း ပုံမှန်မဟုတ်ပဲ တိတ်ကျသွားသည်။
လူအများစုမှာအသက်ပဲ ရဲရဲမရှူရဲကြပေ။
လေထုမှာလည်းပုံမှန်မဟုတ်ပဲ တင်းကျပ်လာသည်။
ဟယ်ရွှယ်၏ နှုတ်ခမ်းထောင့်က လှောင်ပြုံးပြုံးလိုက်ကာတွန့်ကွေးသွားသည်။
သူက ချန်ဖုန်းဂေဟာဘက်သို့လှည့်ကာ လှေကားပေါ်တွင် ရပ်နေသော ယွဲ့ဝူရွှမ်းထံ တည့်တည့်စိုက်ကြည့်လိုက်သည်။
သူကပြောလိုက်သည်။
"နတ်သမီးယွဲ့က ဒီနေရာမှာ သိုင်းသမားတွေစုဆောင်းနေတယ်လို့ ကျုပ်ကြားခဲ့တယ်.."
"ကျုပ်ကစွမ်းဆောင်ရည်သိပ်မရှိပေမဲ့ ဟောဒီက ကျုပ်ရဲ့ ကြေးစားအဖွဲ့က ညီကိုတွေနဲ့အတူ အလုပ်ကိုလျှောက်ပြီး ကမ္ဘာဦးကျောက်တုံးအနည်းငယ်ကို ဝင်ငွေရှာချင်လို့ပါ.."
"နတ်သမီးလေးယွဲ့အနေနဲ့ စိတ်မခုဖို့ မျှော်လင့်ပါတယ်.."
ယွဲ့ဝူရွှမ်း၏ အမူအယာက မပြောင်းလဲပေ။
"စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီး ဆရာသခင်အဆင့်ကို ရောက်နေတဲ့မည်သူကိုမဆိုလက်ခံပါတယ်.."
"ဟားဟားဟား..ကောင်းတယ်.."
ထိုသို့ကြားလိုက်ရသောအခါ ဟယ်ရွှယ်က ကျယ်လောင်စွာရယ်လိုက်သည်။
သူက မိစ္ဆာဝံပုလွေပေါ်မှခုန်ချကာ မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။
"ဝုန်း.."
မြေပြင်မှ ခပ်အုပ်အုပ်မြည်ဟိန်းသံထွက်လာသည်။
လူတိုင်းသူတို့၏ အောက်ခြေရှိ မြေပြင်တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် ဟယ်ရွယ်၏ အရပ်မှာ နှစ်မီတာ မြင့်မားသည်ကို တွေ့လိုက်ရသည်။
သူကကြက်များကြားမှ ကြိုးကြာကဲ့သို့ ရပ်နေ၏။
"နတ်သမီးလေးက စည်းမျဉ်းတွေချမှတ်တာကြောင့် ကျုပ်ကဘာပဲဖြစ်ဖြစ်လိုက်နာပါ့မယ်.."
ဟယ်ရွှယ်က စကားပြောပြီးသောအခါ အကြည့်တို့ကရှေ့သ်ို့ဦးတည်လိုက်သည်။
ထိုအချိန်တွင် လူတိုင်းက သူ၏ အဓိပ္ပါယ်ကို နားလည်လိုက်ကြသည်။
ချန်ဖုန်းဂေဟာရှေ့ရှိ လူအုပ်ကြီးမှာ ရုတ်ချဉ်း ပျောက်ကွယ်သွားသည်။
မူလကသူ၏အလှည့်ရောက်ရန်ရှေ့တွင် တန်းစီနေကြသော လူလေးငါးဆယ်အဖွဲ့ပင် ရုတ်တရက်အဝေးသို့ ထွက်ပြေးသွားသည်ကို ရှစ်ဖုန့် သဘောပေါက်လိုက်မိသည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise