အပိုင်း (၅၈)
Vol. 4 Ch. 58
လူတိုင်းကသူ့အတွက် ဘာလုပ်ပေးရမည်သိနေသည်က်ို ကြည့်ရင်း ဟယ်ရွှယ်၏ မျက်နှာထက်တွင် သရော်ပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာသည်။
သူကခေါင်းမော့ရင်ကော့၍ သလင်းကျောက်လုံးအား ကိုင်ဆောင်ထားသော လူငယ်ထံလျှောက်သွားလိုက်သည်။
သူက ထိုအစေခံရှေ့သို့ရောက်သော အခါသူ၏ လက်ကိုသလင်းကျောက်လုံးထံလှမ်းလိုက်သည်။
သူ၏ လက်ကသလင်းကျောက်လုံးပေါ်သို့ ရောက်တော့မည့်အချိန်တွင် သူ၏ နောက်ဖက်မှ မထူးခြားနားသော စကားပြောသံတစ်ခု ထွက်ပေါ်လာသည်။
"ခဏနေအုံး...မင်းအလှည့်မရောက်သေးဘူး.."
ရုတ်ချည်း ရာနှင့်ချီသော လူတို့၏ အကြည့်တို့က စကားပြောလိုက်သော လူထံသို့ စုပြုံ၍ ကျရောက်သွားသည်။
"ဒီလူငယ်လေးက အသက်ရှင်ရတာကို ပင်ပန်းနေပီလားဟ.."
"သူတကယ်ပဲ ဟယ်ရွှယ်ကို ခဏစောင့်ဖို့ပြောရဲတယ်..."
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
"အဲ့လူကို ကြည့်ရတာ အရမ်း ရင်းနှီးမနေဘူး.."
"သူကအပြင်ကရောက်လာတဲ့သူ မလား.."
"သူက အပြင်ဘက်တစ်နေရာရာကလာတဲ့သူ ဖြစ်ရမယ်..."
"သူ့ပုံစံကိုကြည့်ရတာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို သိပုံမရဘူး.."
"ဒီတစ်ကြိမ်တော့ သူဒုက္ခရောက်ပြီ.."
"သနားစရာ လူငယ်လေး.."
"သူငယ်ငယ်လေးနဲ့ သေသွားမှာကိုတောင် ငါကြောက်မိတယ်.."
"ပြီးတော့ မသေခင်မှာ စိတ်ကူးလို့တောင်မရတဲ့ အပြစ်ပေးမှု ဝေဒနါတွေကို ခံစားရလိမ့်မယ်.."
ဟယ်ရွှယ်အား အော်ပြောလိုက်သောသူမှာ ရှစ်ဖုန့်ပင်ဖြစ်သည်။
ဟယ်ရွှယ်လှည့်ကြည့်လိုက်သောအခါ လူငယ်လေးတစ်ယောက်က သူ့ထံသို့ လျှောက်လှမ်းလာနေသည်ကို တွေ့ရသည်။
သူကအေးစက်သောလေသံဖြင့်မေးလိုက်သည်။
"မင်းငါ့ပြောနေတာလား..."
"ဟုတ်တယ်.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"မင်းအလှည့်မဟုတ်သေးဘူး..."
"စည်းမျဉ်းအတိုင်းလိုက်နာပြီး နောက်မှာတန်းစီ.."
ရှစ်ဖုန့်၏ အသံပျောက်ကွယ်သွားသောအခါ မိစ္ဆာဝံပုလွေကြေးစားတပ်ဖွဲ့မှ အဖွဲ့သားဆယ်ယောက်က ပြိုင်တူအော်လိုသည်။
"ရိုင်းစိုင်းလိုက်တာ.."
ထို့နောက်ချက်ခြင်း ဓားများအား ဆွဲထုတ်လိုက်သော အသံများ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံး သတ်ဖြတ်ခြင်း အကြည့်တို့ ရုတ်ချည်း ပျံ့နှံ့သွားသည်။
"ဒီကလေးသာ သူ့ခေါင်းကို နိမ့်ချပြီးတော့ သူ့အမှားကိုဝန်ခံခဲ့ရင် သူ့အသက်ကို ကယ်လို့ရနိုင်လောက်တယ်.."
"အခုတော့...ဘယ်သူမှသူ့ကို ကယ်တင်လို့ မရနိုင်တဲ့ ပုံပဲ.."
"အာ..မင်းကအဲ့ကလေးကို အရူးလို့ထင်လို့လား.."
"သူက မိစ္ဆဝံပုလွေအဖွဲ့ရဲ့ ခွန်အားတွေကို မြင်ခဲ့တာပဲ..."
"ပြီးတော့ ဟယ်ရွှယ်ကလည်း သူ့ရဲ့ စိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံမှုကို ဖုံးကွယ်ထားတာမဟုတ်ဖူး..."
"သူက ဗဟုသုတနည်း၊ မပါးနပ်ဖူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ.."
"သူက သူ့ရဲ့ နယ်မြေကနေ စည်းမဲ့ကမ်းမဲ့ထွက်ပြေးနေကျဖြစ်တဲ့ မိသားစုကလန် အချို့က သခင်လေးတစ်ယေက်ဖြစ်မယ်လို့ ငါထင်တယ်.."
"သူက ရေတွင်းထဲက ဖားလေးလိုပဲ..ပြင်ပကမ္ဘာကြီးက ဘယ်လောက်တောင် အန္တရာယ်များတယ်ဆိုတာကို သူ မသိသေးဘူး.."
"ဒါက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ.."
"စည်းမျဉ်းတွေလား.."
ဟယ်ရွှယ်မှာ ထိုစကားအား ကြားလိုက်ရသောအခါ ကမ္ဘာပေါ်အတွင် အရယ်ရဆုံး ဟာသတစ်ခုအား ကြားလိုက်ရသကဲ့သို့ ဖြစ်သွားပုံရသည်။
သူကျယ်လောင်စွာရယ်မော၍ ပြောလိုက်သည်။
"မင်းကငါ့ကိုလာပြီး စည်းမျဉ်းတွေလို ပြောနေတာလား.."
ဟယ်ရွှယ်ကစကားပြောပြီးသော အခါ မမြင်ရသော ရောင်ဝါတစ်ခုအား သူ၏ ကိုယ်မှထုတ်လွှတ်လိုက်ပြီး ရှစ်ဖုန့်အား ဖိနှိပ်ရန်လုပ်လိုက်သည်။
ဟယ်ရွှယ်၏ မျက်လုံးထဲတွင် သူ၏ ရှေ့တွင်ရှိနေသော ကောင်လေးမှာ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်တစ်ယောက်သာဖြစ်သည်။
သူ၏ ရှေ့တွင်ခုခံနိုင်စွမ်း ရှိရန်း စွမ်းရည်နည်းနည်းလေးပင်ရှိမနေပေ။
သူ၏ ကြယ်သုံးပွင့်စိတ်ဝိညာဉ်နယ်ပယ် ရောင်ဝါဖြင့်ဖိနှ်ိပ်ခြင်းကပင် ၎င်း၏ ခြေထောက်များပျော့ခွေယိုင်သွားစေပြီးတစ်ကိုယ်လုံး တုန်ယင်သွားစေရန် လုံလောက်သည်။
၎င်းအနေဖြင့် အသက်ပင်ရှူနိုင်မည် မဟုတ်ပေ။
ဟယ်ရွှယ်တစ်ယောက်တည်း ထိုသို့ တွေးတောမိနေခြင်း မဟုတ်ပေ။
ရှိနေကြသော သူအားလုံးကလည်း ထိုသို့ တွေးတောနေကြသည်။
ဤသည်မှာ ရှစ်ဖုန့်အနေဖြင့် သူ၏ ကျင့်ကြံမှုအဆင့်အား အခြားသူများ၏ အမြင်တွင် ကြယ်တစ်ပွင့်ဆရာသခင် နယ်ပယ်အဆင့်သာ မြင်စေရန် ချပြထားသောကြောင့်ဖြစ်သည်။
"ရပ်လိုက်..."
ထိုအချိန်တွင် အေးစက်သော မျက်နှာလေးဖြင့် ယွဲ့ဝူရွှမ်းက ဝင်တားလိုက်သည်။
"အိုး..."
ဟယ်ရွှယ်က ယွဲ့ဝူရွှမ်း၏ အသံအားကြားလိုက်ရသောအခါ သူ၏ ရောင်ဝါကို ရုတ်သိမ်းလိုက်သည်။
သူက ယွဲ့ဝူရွှမ်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"နတ်သမီးလေးယွဲ့အနေနဲ့ ဒီလူကို ကာကွယ်ပေးချင်နေတာများ ဖြစ်နိုင်မလား.."
"ကျွန်မက သိုင်းပညာရှင်တွေကိုစုဆောင်းနေတဲ့ သူဖြစ်တာကြောင့် အစကတည်းက ဒီနေရာမှာ ကျွန်မစည်းမျဉ်းတွေချမှတ်ထားပြီးသား.."
"အဲ့လူပြောတာမှန်တယ်...ရှင် အလုပ်လာလျှောက်တာဆိုရင် ကျွန်မရဲ့စည်းမျဉ်းတွေကို လိုက်နာရမယ်.."
ယွဲ့ဝူရွှမ်းက ထိုသို့ပြောနေရင်း သူမ၏ အေးစက်စွာကြည့်နေသာ မျက်လုံးတို့က ရုတ်တရက် ကျဉ်းမြောင်းသွားကာ စပ်ဆုပ်သော အမူအယာက သူမ၏ မျက်နှာထက်တွင်ပေါ်လာသည်။
သူမကရှစ်ဖုန့်၏ လက်ထဲရှိစာအုပ်သုံးအုပ်အား ဖျက်ကနဲ မြင်တွေ့သွားသည်။
စာအုပ်အဖုံး၏ ထိပ်ဆုံးတွင်ရေးထားသည်ကား
"နတ်သမီးလေးယွဲဲ့အား လိုက်ရန် မဟာဗျူဟာများ.."
"လခွီးပဲ.."
ရှစ်ဖုန့်မှာ ယွဲ့ဝူရှန်း၏ အမူအယာပြောင်းလည်းသွားသည်ကို အစကတည်းက သတိပြုမိလိုက်သည်။
သူက တစ်ချိန်လုံးစာအုပ်သုံးအုပ်အား ကိုင်ဆောင်ထားပြီး လွှတ်ပစ်ရန်မေ့နေခဲ့သည်။
ယခုတော့ သူ့အနေဖြင့် အမှားတစ်ခု လုပ်မိပြီဖြစ်သည်။
သူ၏ ညာလက်အား ဖျက်ကနဲ လှုပ်ရှားလိုက်ကာစာအုပ်သုံးအုပ်အား သူ၏သို့လှောင်လက်စွပ်အတွင်းသို့ထည့်လိုက်သည်။
ထို့နောက်ဟယ်ရွှယ်အား ဘာမှဖြစ်ပျက်ခြင်း မရှိသကဲ့သို့ တည်ငြိမ်သောအမူအယာဖြင့်ကြည့်နေလိုက်သည်ဓ
"ဒါက နတ်သမီးလေး ယွဲ့ချမှတ်ထားတဲ့ စည်းမျဉ်းတွေဖြစ်တာကြောင့် ကျုပ်ဒါကို လိုက်နာပါ့မယ်.."
ဟယ်ရွှယ်ကပြောလိုက်သည်။
"ဒါပေမဲ့...ဒီကလေးက ကျုပ်တို့ မိစ္ဆာဝံပုလွေကြေးစား အဖွဲ့ရဲ့ စည်းမျဉ်းကို အခုတင်ချိုးဖြတ်လိုက်တယ်..."
"သူ့လျှာကိုဖြတ်ပီးတော့ တောင်းပန်ရင် ကျုပ်သူ့အသက်ကို ချမ်းသာပေးမယ်.."
ဟယ်ရွှယ်က တစ်ချိန်လုံး ယွဲ့ဝူရွှမ်းအား မျက်နှာချင်းဆိုင်ကာ စကားပြောနေပြီး ရှစ်ဖုန့်အား လုံးဝလျစ်လျူ ရှုထားသည်။
ရှစ်ဖုန့်မှာ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်တစ်ယောက်သာဖြစ်ပြီး ၎င်း၏သေခြင်းရှင်ခြင်းမှာ သူ၏ လက်ထဲတွင်သာရှိနေသည်။
သူကသာ ၎င်းအားသေစေချင်ပါက ပုရွက်ဆိတ်တစ်ကောင်အား နင်းချေရသကဲ့သို့ အလွယ်လေးပင်ဖြစ်သည်။
"မိစ္ဆာဝံပုလွေကြေးစား အဖွဲ့ရဲ့ စည်းမျဉ်းတွေလား.."
"ဘယ်လိုစည်းမျဉ်းတွေတုံးဟ.."
လူအချို့မှာ ဟယ်ရွှယ်၏ စကားတို့အားကြားလိုက်ရသောအခါ စိတ်ရှုပ်ထွေးသွားပြီး သူတို့၏ အမြင်ကို တီးတိုးပြောဆိုနေကြသည်။
"မင်းရူးနေပြီလား.."
လူတစ်ယောက်ကသူ၏ အမြင်ကိုတီးတိုးပြောသည်။
"မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ရဲ့ စည်းမျဉ်းကဘာဖြစ်ရမှာလဲ.."
"မင်းသာ ဟယ်ရွှယ်ကိုစော်ကားရင် ဟယ်ရွှယ်စိတ်ကမပျော်ရွှင်နေရင် ဘာတွေပဲဖြစ်နေပါစေ အဲ့တာက မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ရဲ့ စည်းမျဉ်းကို ချိုးဖြတ်တာပေါ့ဟ.."
"ဒါက အမှားတစ်ခုလုပ်တယ်လို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
"ဒီတစ်ကြိမ်တော့ သူ့ကို ချမ်းသာပေးလိုက်ပါ.."
ယွဲ့ဝူရွှမ်းက ပြောလိုက်သည်။
"လူငယ်ခေါင်းဆောင် ဟယ် ဘာလို့ဒီိလို မဖြစ်စလောက်လေးနဲ့ စိတ်ရှုပ်ခံနေမှာလဲ"
"အခုက ဝူရွှမ်းအနေနဲ့ လူတွေကို လိုအပ်နေတဲ့အချိန်ပါ.."
"ကျေးဇူးပြုပြီး သူ့ကို ဝူရွှမ်းအတွက် ချမ်းသာပေးလိုက်ပါ..ဟုတ်ပြီလား.."
"ဟားဟားဟား နတ်သမီးလေးယွဲ့က တကယ့်ကို သနားညှာတာတက်တာပဲ.."
"ကောင်းတယ် ဒီနေ့မှာနတ်သမီးလေးယွဲ့ အတွက် အဲ့ငတိကို နတ်ဆိုးသားရဲတောင်တန်း ခရီးစဉ်ပြီးတဲ့အထိ ချမ်းသာပေးလိုက်မယ်.."
ဟယ်ရွှယ်ကပြောလိုက်သည်။
ယွဲ့ဝူရှန်းက ဟယ်ရွှယ်၏ စကားကိုကြားလိုက်ရသောအခါ ခေါင်း အနည်းငယ်ညိမ့်ပြလိုက်သည်။
ထိုပြင်ပမှလာသူအတွက် သူမဘက်က လုပ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီဖြစ်သည်။
ဆရာသခင်နယ်ပယ်မျှ လူတစ်ယောက်အတွက် နယ်မြေခံအာဏာရှင်တစ်ယောက်ဖြစ်သော ဟယ်ရွှယ်နှင့် သူမအငြင်းအခုန်ဖြစ်နေရန် မလိုအပ်ပေ။
ထို့အပြင် ဟယ်ရွှယ်ခေါ်ဆောင်လာခဲ့သော သူအားလုံးမှာလည်း သိုင်းပညာရှင် ကျွမ်းကျင်သူများဖြစ်ကြသည်။
သူတို့အားလုံးမှာ နတ်ဆိုးသားရဲတောင်းတန်းတွင် အကျွမ်းတဝင်နှစ်ပေါင်းများစွာသွားလာနေကြသောသူများဖြစ်ပြီးနယ်မြေ၏တည်နေရာများနှင့် သားရဲများပျံ့နှံ့တည်ရှ်ိမှုကိုလည်းသိထားကြသူများဖြစ်ကြသည်။
ဤသူများမှာ ယခုအချိန်တွင် သူမအလိုအပ်ဆုံးသော အကူအညီပေးသူများလည်းဖြစ်ကြသည်။
ယွဲ့ဝူရွှမ်းလူစုဆောင်းနေသည်မှာ နေ့တစ်ဝက်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
သူမအနေဖြင့်ဆရာသခင်နယ်ပယ် သိုင်းကျင့်ကြံသူအများအပြားအား စုစည်းထားမိသော်လည်း စိတ်ဝ်ညာဉ်နယ်ပယ်အဆင့်မှာ ဟယ်ရွှယ်တစ်ယောက်တည်း ဖြစ်သည်ကိုသူမသတိထားမိသည်။
ဟယ်ရွှယ်က သလင်းကျောက်လုံးအား ကိုင်ဆောင်ထားသော အစေခံအားလှည့်ကြည့်လိုက်သောအခါတွင် ထိုကျေးဇူးကန်းသောငတိက ဆုတ်ခွာမသွားသည်ကိုတွေ့ရ၏။
သူယွဲ့ဝူရွှမ်အား ကြည့်နေသောအချိန်အား အခွင့်ကောင်းယူကာ ငတိက သူ၏ လက်ကိုသလင်းကျောက်ပေါ်ဖိလိုက်သည်။
လိမ္မော်ရောင်တောက်ပသော အလင်းထွက်ပေါ်လာခြင်းက တစ်စုံတစ်ယောက်အနေဖြင့် ဆရာသခင်အဆင့် မူလစွမ်းအင်အား သလင်းကျောက်အတွင်း ထည့်သွင်းလိုက်သော ကြောင့်ဖြစ်သည်။
"ဂျွတ်..ဂျွတ်..ဂျွတ်.."
ရှစ်ဖုန့်က သူ၏ လက်အား သလင်းကျောက်လုံးဆီမှဖယ်လိုက်ပြီးသောအခါ သူ၏ နောက်ဖက်ဆီမှ အရိုးချိုးသော အသံတို့ ထွက်ပေါ်လာသည်ကိုကြားရသည်။
"သောက်ရူး.."
ရှစ်ဖုန့်က အထင်သေးသောအသံဖြင့် အေးစက်စွာနှာမှုတ်လိုက်သည်။
သူ၏ အသံကမကျယ်ပေ။သို့သော် ဟယ်ရွှယ်အနေဖြင့် ရှင်းလင်းစွာကြားရသည်။
"မင်း..မင်းတော့ ကတော့ သေချင်နေတာပဲ.."
ဟယ်ရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူအစောပိုင်းက ဖိနှိပ်ထားသော ဒေါသတရားတို့မှာ ထိုအချိန်တွင် မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။
သူက ရှစ်ဖုန့်၏ နောက်ကျောဘက်ထံလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ထိုအရာမှာ ရှစ်ဖုန့်၏တစ်ကိုယ်လုံးအား ထိုးဖောက်ဝင်ရောက်တော့မည့်သကဲ့သို့ဖြစ်သည်။
"ဘာဖြစ်နေတာလဲ.."
ဘာလို့ ဟယ်ရွှယ်က ရုတ်တရက်ကြီး ထတိုက်ခိုက်ရတာလဲ.."
"အဲ့ငတိက တကယ်ပဲ သူ့အတွက်ဘာက ကောင်းတယ်ဆိုတာကို မသိတာလား..."
"ဟယ်ရွှယ်က သူ့ကိုလွှတ်ပေးပြီးတာကို အခုထိ သူက ပြန်ဆုတ်ရကောင်းမှန်းမသိသေးဘူး..."
"သူက ဟယ်ရွှယ်မလုပ်ခင် အရင်သူ့ကျင့်ကြံမှုကိုစစ်ဆေးဖို့ လုပ်ခဲ့တယ်.."
"သူသေဖို့ထိုက်တန်တယ်..."
ဆက်ရန်...
ဘာသာပြန်သူ-Arise