အပိုင်း (၅၉)
Vol. 4 Ch. 59
ဟယ်ရွှယ်လှုပ်ရှားလိုက်သော အခိုက်အတန့်တွင် ရှစ်ဖုန့်သည်လည်း လှုပ်ရှားလိုက်သည်။
မည်သူမျှ ရှစ်ဖုန့်နောက်ပြန်လှည့်လိုက်သည်ကို မတွေ့လိုက်ရပေ။
ဟယ်ရွှယ်အား သူနောက်ကျောလှည့်ပေးထားသည်မှာ သေချာသည်။
လူများထိုအရာအား သဘောပေါက်နေသော အချိန်မှာပင် ရှစ်ဖုန့်က လှည့်နှင့်ပြီးဖြစ်ကာ ဟယ်ရွှယ်၏ စွမ်းအားပြင်းထန်သော လက်သီးကို တန်ပြန်ထိုးလိုက်သည်။
"အုန်း.."
ပေါက်ကွဲသံခပ်သဲ့သဲ့ထွက်ပေါ်လာသည်။
ထို့နောက်ချက်ခြင်း လူတိုင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများဖြစ်ကုန်၏။
ခန္ဓာကိုယ်အား ထိုးဖောက်ကာ ဝင်ရောက်သွားခြင်းကိုခံရမည်ဖြစ်သော လူငယ်လေးက တကယ်တမ်းတွင် ဘာထိခိုက်ဒဏ်ရာမှ မရဘဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။
စွမ်းအားကြီး စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်ဖြစ်သူ ဟယ်ရွှယ်မှာတော့ သူ၏ ခန္ဓာကိုယ်မှာ သဲအိတ်တစ်အိတ်ကဲ့သို့ ထပ်တလဲလဲနောက်သို့ လွင့်ပျံထွက်သွားသည်။
ဟယ်ရွှယ်မှာ လုံးဝရှုံးနိမ့်သွားခဲ့သည်။
"ဝုန်း.."
ဟယ်ရွှယ်၏ တောင့်တင်းသော ခန္ဓာကိုယ်မှာမြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နေရာအနှံ့ဖုန်တထောင်းထောင်းထသွားစေသည်။
"သောက်ရူး.."
ရှစ်ဖုန့်က အထင်သေးသော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်သူက လှည့်လိုက်ကာ မှတ်တမ်းတင်သောအစေခံထံသို့ နမည်စာရင်းပေးရန် နောက်လှည့်မကြည့်တော့ပဲ လျှောက်သွားလိုက်သည်။
"ဒီ..ဒီလူငယ်လေးက တကယ်ပဲ ဟယ်ရွှယ်ကို အနိုင်ယူခဲ့တာပဲ..."
"သူကတကယ်တော့ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားတာပဲ.."
"မင်းတို့တွေ သတိထားမိကြလား.."
"သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ.."
"သူရဲ့ သိုင်းပညာကျင့်ကြံမှုက တကယ်တမ်း ဟယ်ရွှယ်ရဲ့ အထက်မှာရှိနေတယ်.."
"သူကတကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ.."
"အဲ့လူငယ်လေးက ဘယ်သူလဲ.."
"သူက ယွင်လိုင်အင်ပါယာထဲက မိသားစုကြီးတစ်ချို့ထဲကဆိုတာကို ငါသေချာပေါက် အတည်ပြုနိုင်တယ်.."
ရှစ်ဖုန့်ကြောင့် ဟယ်ရွှယ်လွင့်ပျံသွားသည်ကို တွေ့လိုက်ရသောအခါ လူအုပ်ကြီးမှာ ထပ်မံ၍ အုတ်အုတ်ကျပ်ကျပ်ဖြစ်သွားကြပြန်သည်။
ယခုအချိန်တွင် ရှစ်ဖုန့်အပေါ်တွင် လူတိုင်းကြည့်သော အကြည့်တို့က မတူညီကြတော့ပေ။
အထူးသဖြင့် ယွဲ့ဝူရွှမ်းဖြစ်သည်။
ထိုအချိန်က သူမ၏ အေးစက်ပြီး နှစ်လိုဖွယ်ဖြစ်သော မျက်နှာထက်တွင် ထူးဆန်းသော အမူအယာတစ်ခု ဖြစ်သွားခဲ့သည်။
"ခုဏက လှုပ်ရှားမှုပညာရပ်က...ဆရာအရင်တုံးက အသုံးပြုတာကို ငါတွေ့ဖူးတယ်..."
"အဲ့တာက ဆရာဘိုးဘိုးဆီကနေ ဆင်းသက်လာတဲ့ ငရဲဘုံကိုးခု ရွှေ့လျားမှုပညာရပ်နဲ့ ဆင်တူတယ်...ဖြစ်နိုင်တာက..."
ရှစ်ဖုန့်က စာရင်းကောက်နေသောသူရှိရာစားပွဲသို့ လျှောက်သွားလိုက်သည်။
သူက စာရင်းမှတ်သူအား သမန်ကာလျှံကာကြည့်၍ သူ့နမည်ကိုပြောလိုက်သည်။
"ဖုန့်ရှစ်.."
ရှစ်ဖုန့်က ဟယ်ရွှယ်အား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားရန် လုပ်ခဲ့သည်။
ဤအချိန်တွင် အစေခံအမျိုးသားကပင် ရှစ်ဖုန့်အား လေးစားစွာကြည့်နေသည်။
ရှစ်ဖုန့် မှာ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်ဟုသာ သူမြင်တွေ့ရသော်လည်း လူတိုင်းက ရှစ်ဖုန့်၏ ကျင့်ကြံမှု ဖုန်းကွယ်ထားမှုအား မသိရအောင် အရူးမဟုတ်ကြပေ။
အစေခံကမေးလိုက်သည်။
"သခင်လေးရဲ့ ကျင့်ကြံမှုကို ဘယ်လိုရေးလိုက်ရမလဲ..."
"ခုဏကအတိုင်း ကြယ်တစ်ပွင့်ဆရာသခင်နယ်ပယ်လို့သာ ရေးလိုက်ပါ.."
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်၏ အသံပျောက်ကွယ်သွားသောအခါ ရုတ်တရက်သူ၏ နောက်ဆီမှ မြင်းဒုန်းစိုင်းစီးသကဲ့သိို့ အသံများထွက်ပေါ်လာသည်။
"ဝုန်း..ဝုန်း..ဝုန်း...ဝုန်..."
မြေပြင်မှာထပ်မံ၍ တုန်ခါလာပြန်သည်။
လှည့်ကြည့်လိုက်သောအခါ မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့ဝင် ဆယ်ယောက်မှ သူတို့၏ ဓားများကိုဆွဲထုတ်ပြီးသူထံသို့ သတ်ဖြတ်ချင်သော အကြည့်များဖြင့် အပြင်းလာနေသည်က်ို တွေ့ရသည်။
ကြယ်ကိုးပွင့်ဆရာသခင်အဆင့်ဆယ်ယောက်နှင့် အဆင့်နှစ် မိစ္ဆာဝံပုလွေဆယ်ကောင်မှာ ဆရာသခင်အဆင့်သိုင်းပညာရှင် အယောက်နှစ်ဆယ်နှင့်ညီမျှသည်။
"သတ်..သူ့ကိုငါ့အတွက် သတ်စမ်း.."
ဟယ်ရွှယ်၏ ဒဏ်ရာများမှာ အရမ်းကြီးဆိုးဆိုးရွားရွာမဟုတ်ပေ။
ထိုအချိန်တွင် သူ့အနေဖြင့် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေပြီဖြစ်သည်။
သူ၏ ခက်ထန်ကြမ်းကြုတ်ရက်စက်သော မျက်နှာဖြင့် ဒေါသအမျက် ချောင်းချောင်းထွက်ကာ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင်သူ၏နောက်မှ ဆင်တစ်ကောင်အရွယ် အဆင့်သုံး မိစ္ဆာဝံပုလွေက သူ့သခင်၏ ဒေါသတရားကိုခံစားမိသောကြောင့် သူ့ထံသို့ တစ်ဟုန်ထိုးပြေးလာသည်။
သူကသူ၏သခင်အား စော်ကားသောသူကို ကိုက်ဖြတ်ပစ်ချင်သကဲ့သို့ သူ၏ ပါးစပ်ကိုဟကာ ထက်ရှသော အစွယ်များကို ထုတ်ပြ၏။
"ဟမ့်.."
"ဘာလို့ ငါဘယ်နေရာကိုသွားသွား သေခြင်းကို တောင့်တနေတဲ့သူတွေကို အမြဲတွေ့နေရတာလဲမသိဘူး.."
"မင်းတို့တွေ ဆိုးဆိုးဝါးဝါး သေချင်နေမှတော့လည်း သေလို့ရပြီ"
ရှစ်ဖုန့်က စကားပြောလိုက်ပြီးနောက် သွေးဓားမှာ သူ၏ လက်တွင်ပေါ်လာသည်။
"သတ် ..သူတို့ကိုသတ်ပစ်စမ်း.."
လူသုံးယောက်၏ လတ်ဆတ်သောသွေးအား သောက်သုံးရန်အတွက် အာရုံခံမိသောအခါ ကောင်းကင်ဘုံမီးတောက်က ရှစ်ဖုန့်အား စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"ရပ်လိုက်.."
လူသတ်တိုက်ပွဲမြေပြင်တွင် စစ်ပွဲမီးတောက်တို့က ပေါက်ကွဲထွက်လာသည်။
ရုတ်တရက် ကြည်လင်သော အသံတစ်ခုထွက်ပေါ်လာ၏။
လူတိုင်းက ပြောလိုက်သောသူအား လှည့်ကြည့်လိုက်ကြသည်။
ထိုသူမှာ ယွဲ့ဝူရွှမ်းပင်ဖြစ်သည်။
ယွဲ့ဝူရွှမ်း၏ ပုံရိပ်က လှစ်ကနဲဖြစ်သွားကာ အသက်ရှူကြိမ်အနည်းငယ်ခန့်အတွင်း ရှစ်ဖုန့်၏ ရှေ့တွင်ဖျက်ကနဲပေါ်လာပြီးသူ၏ လမ်းကြောင်းက်ို ပိတ်ထားလိုက်သည်။
"ဒါက..နတ်သမီးလေးယွဲ့က ဒီလူငယ်လေးက်ို ကာကွယ်ပေးနေတာပဲ...."
"နတ်သမီးလေးယွဲ့က အဲ့လူငယ်လေးကို ချစ်သွားတာများ ဖြစ်နိုင်လား.."
"ဒါက ဖြစ်နိုင်တယ်..အဲ့လူငယ်လေးက ဒီအရွယ်လေးနဲ့ စိတ်ဝိညာဉ်နယ်ပယ်ဖြစ်နေပြီ.."
"သူရဲ့ အနာဂတ်က အကန့်သတ်မဲ့ပဲ.."
"ဒီလိုလူမျိုးကပဲ နတ်သမီးလေးယွဲ့နဲ့ ထိုက်တန်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်.."
"နတ်သမီးယွဲ့ကဘယ်သူမို့လို့လဲဟ"
"သူက ဆရာချင်ယူဖန်းရဲ့ တပည့်ပဲ"
"ထျန်းဟန်တိုက်ကြီးပေါ်က လူငယ်ပါရမီရှင်တိုင်းက သူ့ကို ပိုးပန်းနေကြတာ.."
"ဒီလူငယ်လေးထက် ပိုတော်တဲ့ ပါရမီရှင်တွေမှ တစ်ပုံကြီးပဲ.."
"နတ်သမီးလေးယွဲ့ကဘာလို့သူ့ကို ကြိုက်မှာတဲ့လဲ.."
ထပ်မံ၍ နောက်တစ်ကြိမ် လူအုပ်ကြီးမှာ စတင်၍ ဆွေးနွေးကြပြန်သည်။
"နတ်သမီးယွဲ့...ဒါကဘာသဘောလဲ..."
ဟယ်ရွှယ်က နတ်သမီးယွဲ့ ရှစ်ဖုန့်၏ ရှေ့တွင်ပေါ်လာသောအခါ အော်ပြောလိုက်သည်။
သူမ၏ ပုံရိပ်အဆင့်အတန်းကြောင့် မိစ္ဆာဝံပုလွေအဖွဲ့မှလူများမှာ ချက်ခြင်း မိစ္ဆာဝံပုလွေတို့အား ဝရုန်းသုန်းကား ရပ်တန့်လိုက်ကြရသည်။
ရှစ်ဖုန့်ပင်ရုတ်တရက်ထူးထူးဆန်းဆန်းခံစားလိုက်ရသည်။
သူမများသူ့အပေါ်တွင် ကြွေသွားသည်များဖြစ်နိုင်သည်လား။
"ဒီလူက အခုကျွန်မငှားရမ်းထားတဲ့သူပဲ ဒါကြောင့်သူကအခု ကျွန်မလူဖြစ်တယ်.."
"ကျွန်မယွဲ့ဝူရွှမ်း ဒီနေရာကနေအခုကြော်ငြာတယ်.."
"နတ်ဆိုးသားရဲမြို့တော်မှာ ကျွန်မလူကို ထိရဲတဲ့ဘယ်သူမဆို ကျွန်မရဲ့ရန်သူဖြစ်လိမ့်မယ်..."
ယွဲ့ဝူရွှမ်း၏ အသံမှာ ကြည်လင်ပြီး သာယာကြည်နူးဖွယ်ဖြစ်သည်။
သို့သော်မည်သူကမျှ ထိုအရာအား လျစ်လျူမရှုရဲပေ။
သူမမှာ ကမ္ဘာ့နံပါတ်တစ်ဆေးဝါးဖော်စပ်သူ ချင်ယူဖန်း၏ တပည့်ဖြစ်နေသောကြောင့် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ပင် ထိုသို့မလုပ်ရဲပေ။
ယွဲ့ဝူရွှမ်း၏ စကားအားကြားလိုက်ရသောအခါတွင် ဟယ်ရွှယ်မှာ သူ၏ လက်သီးကိုတင်းကျပ်စွာဆုပ်ထားပြီး ဒေါသတို့ကြောင့် တုန်ယင်နေသည်။
ယွဲ့ဝူရွှမ်းက ထိုငတိရှေ့တွင် ရပ်နေသောကြောင့် သူ့အနေဖြင့် ယနေ့ အရှက်ခွဲခံရမှုအား မျိုသိပ်ထားရန်သာတက်နိုင်သည်။
"ကောင်းတယ်..ကောင်းတယ်...ကောင်းတယ်..နတ်သမီးယွဲ့ ကောင်းတယ်.."
ဟယ်ရွှယ်ကအော်ပြောလိုက်သည်။
ထို့နောက်လှည့်လိုက်ကာသူ၏ အဆင့်သုံးဝံပုလွေထံသွားလိုက်သည်။
သူက သူ၏ လက်အောက်ခံမိစ္ဆာဝံပုလွေကြေးစားအဖွဲ့ထံ အော်ပြောလိုက်သည်။
"သွားကြမယ်.."
"လူငယ်ခေါင်းဆောင်.."
"လူငယ်ခေါင်းဆောင်.."
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ငယ်သားများက သူတို့၏ မကျေနပ်မှုကို ပြသကာ အော်ပြောလိုက်ကြသည်။
"သွားမယ်.."
ဟယ်ရွှယ်မှာ အဆင့်သုံး မိစ္ဆာဝံပုလွေပေါ်တွင် ထိုင်နေပြီးဖြစ်သည်။
သူကအော်ပြောကာ မိစ္ဆာဝံပုလွေကို လှည့်လိုက်သည်။
"ဟုတ်ကဲ့"
မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့မှ ငယ်သားများက တစ်သဝေမတိမ်း လိုက်နာလိုက်ကြသည်။
သူတို့၏ လူငယ်ခေါင်းဆောင်မှ ဆုံးဖြတ်ပြီးဖြစ်သောကြောင့် သူတို့အနေဖြင့် မနာခံ၍မရပေ။
သူတို့စီးနင်းထားသော မိစ္ဆာဝံပုလွေများအား မောင်းလိုက်ကာ ဟယ်ရွှယ်၏ နောက်မှလိုက်လိုက်ကြသည်။
"မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ဒီလိုပဲ ရပ်တန့်သွားတာလား.."
"သူတို့ဘာလုပ်နိုင်အုံးမှာမို့လဲ.."
"နတ်သမီးယွဲ့က စကားကုန်ပြောပြီးနေပြီ.."
"ဘယ်သူကမလိုက်နာပဲ နေရဲမှာလဲ.."
"သူတစ်ယောက်တည်းသေတာက ကိစ္စမရှိဘူး..သူတို့သာ နတ်သမီးယွဲ့ကို စော်ကားရင် သူတို့ရဲ့ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ထျန်းဟန်တိုက်ကြီးပေါ်ကနေ ဖယ်ရှားခံရလိမ့်မယ်.."
"အမှန်ပဲ.."
"အား....ကောင်စုတ်လေး..သူတို့ကိုဘာလို့ ဒီလိုမျိုးလွှတ်ပေးလိုက်ရတာလဲ..ဒီလူတွေကိုသတ်ရတာ မင်းအတွက် ငှက်ပျောသီး အခွံနွှာရတာထက်တောင်လွယ်တဲ့ဟာ.."
လတ်ဆက်သော သွေးသားများ ဖြည်းဖြည်းချင်းထွက်ခွာသွားသည်ကို မြင်ရသောအခါရှစ်ဖုန့်၏ ကိုယ်အတွင်းမှ ကောင်းကင်ဘုံ မီးတောက်က ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်သည်။
ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်အား စိတ်ဝိညဉ်ဖြင့်ဆက်သွယ်ပြီးပြောလိုက်သည်။
"သိပ် လောနေစရာမလိုဘူး..ဒီလူတွေကို အသက်ရှင်လျက်ထားပေးလိုက်တာက နတ်ဆိုးသားရဲတောင်တန်းကို ဝင်တဲ့အခါ အသုံးဝင်မယ်လို့ ရုတ်တရက်ကျုပ်ခံစားမိလို့ပဲ.."
"သူတို့တွေ ကျုပ်လက်က ပြေးမလွတ်ပါဘူး..."
ရှစ်ဖုန့်ကစကားပြောပြီးသောအခါ သူ၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
သူကဟယ်ရွှယ်အားကြည့်ကာကောက်ကျစ်စွာပြုံးနေသည်။
ထိုအချိန်တွင်ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အားကြည့်လိုက်ပြီး ရှစ်ဖုန့်က ဟယ်ရွှယ်အား ကောက်ကျစ်သော အပြုံးဖြင့်ကြည့်နေသည်။
ယွဲ့ဝူရွှမ်း၏ မျက်လုံးတို့ဖြင့်ဆုံမိချ်ိန်တွင်ပင် ထိုသို့ပြုံးနေဆဲဖြစ်သည်။
"အရှက်မရှိလိုက်တာ.."
ယွဲ့ဝူရွှမ်းက မျက်မှောင်ကြုတ်ကာ စက်ဆုပ်သော အမူအယာဖြင့်ပြောလိုက်သည်။
သူမလှည့်ကြည့်လိုက်သောအချိန်တွင် ရှစ်ဖုန့်ကသူမ၏ ခန္ဓာကိုယ်အား ညစ်ညမ်းစွာကြည့်နေပြီး မိစ္ဆာပြုံးပြုံးနေသည်ဟု ထင်မိသွားခြင်းဖြစ်သည်။
"အာ.."
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်း၏ စကားတို့နှင့် ပြောင်းလဲသွားသော အမူအယာအား မြင်တွေ့လိုက်ရသောအခါ သူလုံးဝကြက်သေသေသွားမ်ိပြီး ခေတ္တမျှပင်စွန့်အမိသွားသည်။
သူအသိပြန်ဝင်လာချိန်တွင် ယွဲ့ဝူရွမ်းက လှေကားထိပ်သို့ ပြန်ရောက်နှင့်နေပီဖြစ်သည်။
သူမ၏ မျက်နှာအမူအယာမှာလည်း ပုံမှန်အေးစက်သော အနေအထားပြန်ဖြစ်သွားသည်။
ထိုအချိန်တွင် ချင်ဖုန်းဂေဟာ၏ ပိုင်ရှင်ယဲ့က အောက်ရှိလူအုပ်အားပြောလိုက်သည်။
"ကိစ္စသေးလေးက လူတိုင်းကို စိတ်အနှောက်အယှက်ဖြစ်သွားစေလို့ ကျုပ်တောင်းပန်ပါတယ်.."
"လူစုဆောင်းမှုကို အခုပဲ ဆက်ပြီးစပါလိမ့်မယ်.."
ဆက်ရန်...
ဘာသာပြန်သူ-Arise