← Chapters

အပိုင်း (၆၀)

Vol. 4 Ch. 60

အပိုင်း (၆၀)

Vol. 4 Ch. 60

"အား.....ငါသာဒါကို လက်စားပြန်မချေရဘူးဆိုရင်...ငါ ဟယ်ရွှယ်က လူတစ်​ယောက် မဟုတ်တော့ဘူးလို့..ကျိန်ဆိုတယ်.. "

"ပြီးတော့ အဲ့သောက်ခွေးမ ယွဲ့ဝူရွှမ်း.."

"သူ့ကို ငါ့ခွကြားမှာ တက်စီးခိုင်းပြီးတော့ ရက်ရက်စက်စက်ကို နင်းချေပစ်မယ်..."

"ငါသူ့ကို သေတာထက်ဆိုးတဲ့ ဘဝမှာ ရှင်သန်ရတဲ့အရသာကို သိအောင်လုပ်ပြမယ်.."

ဟယ်ရွယ်က မိစ္ဆာဝုံပုလွေ ကြေးစား အဖွဲ့ဆီသို့ပြန်ရောက်သောအခါ

တံခါးကို စောင့်ပိတ်ပြီး ခေါင်းမော့၍ ဒေါသတကြီး အော်ဟစ်ပစ်လိုက်သည်။

"ဝေါ့.."

ဒေါသမီးတောက်တို့က သူ၏ နှလုံးသားထဲတွင် တိုက်ခိုက်နေပြီး သူ၏ ပါးစပ်မှ ရဲရဲတောက်နေသော အနီရောင်သွေးတစ်ပွက် အန်ထွက်လာသည်။

သူ၏ ကိုယ်မှာလည်း အဆင့်သုံး မိစ္ဆာဝံပုလွေ၏ ကိုယ်ပေါ်မှ ပြုတ်ကျသွားသည်။

"လူငယ် ခေါင်းဆောင်.."

"လူငယ်ခေါင်းဆောင်.."

ထိုအရာအား မြင်တွေ့လိုက်ရသောအခါ ကျန်ရှ်ိနေသော မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့သားများ က အကုန်လုံးက သူတို့၏ မိစ္ဆာဝံပုလွေ များပေါ်မှ ဆင်းကာ ဟယ်ရွှယ်ထံ သို့ အပြေးသွားကြသည်။

သူ၏ ငယ်သားများ ချဉ်းကပ်လာသည်ကို မြင်တွေ့ရသောအခါ ဟယ်ရွှယ်က သူ့ကိုယ်သူ မြေပြင်ပေါ်မှ ပြန်ထူမတ်လိုက်ပြီး ၎င်းတို့အား လက်ဝေ့ယမ်းပြလိုက်သည်။

"လက်ထောက် တပ်ရင်းခေါင်းဆောင်ကို သွားပြီးတော့ခေါ်လာခဲ့"

မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့၏ လက်ထောက်ခေါင်းဆောင် ဝေ့ဟန်မှာ

ကြယ်ကိုးပွင့် အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်ဖြစ်သည်ဟု ကောလဟာလများထွက်ပေါ်နေသည်။

သို့သော် သူ့အနေဖြင့် မိစ္ဆာဝံပုလွေကြေးစား အဖွဲ့၏ လက်ထောက်ခေါင်းဆောင်ဖြစ်လာရခြင်းမှာ သူ၏ ကျင့်ကြံမှု အဆင့်ကြောင့် မဟုတ်ပေ။

ယင်းမှာသူ၏ ဉာဏ်ရည်ဉာဏ်စွမ်း လုပ်ရည်ကိုင်ရည်ကြောင့်ဖြစ်သည်။

လူအများစုမှ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ ဝေ့ဟန်ဟု ပြောကြလျှင် ၎င်းတို့အနေဖြင့် ကြံရည်ဖန်ရည်ရှိသည်ဟူသော စကားလုံးအား ထည့်မစဉ်းစားပဲမနေနိုင်ကြပေ။

မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ ဦးနှောက်ကြီးဖြစ်သည်မှ ဧကန်မုချပင်ဖြစ်သည်။

ယခင်က နတ်ဆိုးသားရဲမြို့တွင် ထျန်းရှစ်ဟုခေါ်သော ကြေးစား အဖွဲ့တစ်ခုရှိခဲ့သည်။

သူတို့၏ အင်အားနှင့် အရေအတွက်မှာ မိစ္ဆာဝံပုလွေကြေးစား အဖွဲ့နှင့် တန်းတူပင်ဖြစ်၏။

သူတို့က မိစ္ဆာဝံပုလွေကြေးစား အဖွဲ့အား ဆန့်ကျင်ရင်ဆိုင်လိုကြသည်။

သို့သော် တစ်နေ့တွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ထံသို့ ဝေ့ဟန်ဟုခေါ်သော လူငယ်လေးတစ်ယောက် ဝင်ရောက်လာခဲ့သည်။

သူ၏ အစီအစဉ်အေက်တွင် သုံးလကြာပြီးသောအခါ ထျန်းရှစ် ကြေးစားအဖွဲ့မှာ အလောင်းများအပုံလိုက်နှင့် သွေးချောင်းတို့စီးသွားရသည်။

လူတစ်ယောက်ပင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိပေ။

မကြာခင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ ငယ်သားနှစ်ယောက်နှင့်ပညာရှင်ဆန်သော ပုံစံဖြင့် ကြက်သွေးရောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်တို့ ရောက်လာ၏။

"လက်ထောက်တပ်ရင်း ခေါင်းဆောင်."

တွေးကြည့်လျှင် ဟယ်ရွှယ်မှာ ခေါင်းဆောင်၏ သားဖြစ်ပြီး သူသည်အမြဲနိုင်လိုမင်းထက်ပြုမူတတ်ကာ ရာဇဝတ်မှုပေါင်းစုံအား ကျူးလွန်တတ်သူဖြစ်သည်။

ယခုသူ့အနေဖြင့် လက်ထောက်ခေါင်းဆောင် ဝေ့ဟန်အား မြင်ရသောအခါတွင် သူ၏ ရက်စက်သော ဟန်ပန်များကို ထိန်းချုပ်ထားလိုက်ပြီး ဝေ့ဟန်အား လေးလေးစားစားနှုတ်ဆက်လိုက်သည်။

"မင်းရဲ့လက်ငါ့ကိုပေး"

ဟယ်ရွှယ်၏ နှုတ်ခမ်းထောင့်မှသွေးတို့အား မြင်လိုက်ရသော အခါတွင် ဝေ့ဟန်က မျက်မှောင်ကြုတ်လိုက်ပြီး ဟယ်ရွှယ်ထံလျှောက်သွားကာ သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

"ကြီးကြီးမားမား မဟုတ်ပါဘူး..မင်းတစ်ညအနားယူလိုက်ပြီးရင်ကောင်းသွားမှာပါ.."

ဝေ့ဟန်​က ပြောကာ ဟယ်ရွှယ်၏ လက်ကောက်ဝတ်ကို လွတ်ပေးလိုက်သည်။

"လက်ထောက်ခေါင်းဆောင် ကျုပ်..."

ဟယ်ရွယ်ပြောနေစဉ်တွင် ဝေ့ဟန်က လက်ဝှေ့ယမ်းကာ ကြားဝင်တားလိုက်သည်။

"လူငယ်ခေါင်းဆောင် ဒီကိုလာတဲ့လမ်းမှာ ကျုပ်ညီအကိုတွေဆီကနေကြားခဲ့ပြီးသွားပြီ.. "

"ဒီကိစ္စကို ထားလိုက်ကြပါစို့.."

"မရဘူး.."

ဝေ့ဟန်၏ စကားအားကြားလိုက်ရသောအခါ ဟယ်ရွှယ်၏ အမူအယာမှာ ချက်ခြင်းပြောင်းလဲသွားသည်။

"ကျုပ်သာ ဒါကိုလက်စားမချေရဘူးဆိုရင် အနာဂတ်ကျ နတ်ဆိုးသားရဲ့မြို့တော်မှာ ကျုပ်ဘယ်လိုလုပ်ပြီးတော့ အခြေချလို့ရမှာလဲ"

"ကျုပ် သူရဲဘောမကြောင်ချင်ဘူး...ကျုပ်အဲ့လိုမလုပ်နိုင်ဘူး.."

"ဟူး.."

ဝေ့ဟန်က ဟယ်ရွှယ်၏ အမူအယာအားမြင်တွေ့ရသောအခါ သူမျှော်လင့်ထားပြီးဖြစ်ပုံရစွာဖြင့် သက်ပြင်းချလိုက်ပြီး ​​ပြောလိုက်သည်။

"လူငယ်ခေါင်းဆောင်ကဒါကို ကျော်မသွားနိုင်ဘူးဆိုရင်လည်း သူတို့တောင်တန်းဆီဝင်သွားတဲ့အခါ တစ်စုံတစ်ယောက်ကို နောက်ကလိုက်ဖို့ လွှတ်လိုက်ပြီး အခွင့်အရေးရတာနဲ့ အဲ့ငတိလေးကို အဆုံးသတ်ပေးလိုက်လေ.."

"ဒါပေမဲ့ ယွဲ့ဝူရွှမ်းကိုတော့ မင်းထိလို့မရဘူး.."

"ယွဲ့ဝူရွှမ်း...ခွေးမ..."

ထိုနမည်အားကြားရသောအခါ ဟယ်ရွှယ်၏ နှလုံးသားထဲတွင် မီးတောက်တို့ တောက်လောင်လာသည်။

သူက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

သူ့အနေဖြင့် အဓိကကျသော အရာအား နားလည်သည်။

ပြီးတော့ ဤကိစ္စတွင် ကမ္ဘာ့နံပါတ်တစ် ဆေးဝါးဖော်စပ်သူ ချင်ယူဖန်းပါဝင်ပက်သက်နေ၏။

"လက်ထောက်ခေါင်းဆောင် နတ်ဆိုးသားရဲတောင်တန်းက နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေတာ.."

"ကျုပ်တို့တွေ ယွဲ့ဝူရွှမ်းကို အဲ့မှာပဲ အမြဲနေသွားရအောင် လုပ်ဖို့ စဉ်းစားလို့မရဘူးလား.."

"အရမ်းစွန့်စားရာကျလွန်းတယ်.."

ဝေ့ဟန်ကာခေါင်းခါပြကာပြောလိုက်သည်။

"လူငယ်ခေါင်းဆောင် မင်းစိတ်ထဲက အဲ့အတွေးကို မြန်မြန်ဖျက်လိုက်ပါ.."

"မဟုတ်ရင်အဲ့တာက ကျုပ်တို့ရဲ့ မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့က ညီအကို တွေအားလုံးကို ပါဝင်ငြိစွန်းစေလိမ့်မယ်.."

"ဟူး.."

ဟယ်ရွယ် ဘာမှထပ် မပြောတော့သည်ကို တွေ့လိုက်ရသောအခါ ဝေ့ဟန်က သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားတော့သည်။

သူက ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးသော အခါတွင် ရုတ်တရက် ရပ်လိုက်သည်။

"လူငယ်ခေါင်းဆောင် ဒီည မင်းကောင်းကောင်း အနားယူ သင့်တယ်"

"အဲ့ငတိရဲ့ ကျင့်ကြံမှုအဆင့်က ကြယ်ငါးပွင့် စိတ်ဝိညာဉ်နယ်ပယ် အထက်ရှိတယ်လို့ ကျုပ်ကြားခဲ့တယ် "

"မနက်ဖြန် ယွဲ့ဝူရွှမ်း တောင်တန်းထဲကို ဝင်တဲ့အခါ နောက်ကလိုက်မဲ့ အဖွဲ့ကို ဦးဆောင်ဖို့ အတွက် ကောင်းကင်ဝံပုလွေနဲ့ အထီးကျန်ဝံပုလွေကို ကျုပ် စီစဉ်ပေးမယ်.."

ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့ နှစ်ယောက်လုံးမှာ အထွတ်အထိပ် ကြယ်ကိုးပွင့်နယ်ပယ် စိတ်ဝိညာဉ်အဆင့်များ ဖြစ်ကြသည်။

ဟယ်ရွှယ်၏ မျက်နှာထက်တွင်နာကျည်း မုန်းတီးမှုတို့ ရှိနေပြီး ဝေ့ဟန်အားကြည့်နေသည်။

သူကတီးတိုးရေရွတ်လိုက်သည်။

"ယွဲ့ဝူရွှမ်း ရူးနေးတဲ့ ခွေးမ.."

တစ်ညတာ ကုန်ဆုံးအနားယူပြီးသည့်နောက်တွင် နောက်တစ်နေ့၌ နေမင်းကြီးမှာ မြင့်တက်လာပြန်သည်။

နတ်ဆိုးသားရဲတောင်တန်း၏ လမ်းမထက်တွင် လူးများဖြင့် ပြည့်နှက်နေပြီးဖြစ်သည်။

၎င်းမှာမနေ့ကတစ်နေ့လုံး ယွဲ့ဝူရွှမ်း စုဆောင်းထားသော လူများဖြစ်ကြသည်။

စုစုပေါင်းလူကိုးဆယ့်သုံးယောက်ရှိကြပြီး အများစုမှာ ဆရာသခင် အဆင့်များဖြစ်ကြ၏။

စိတ်ဝိညာဉ်နယ်ပယ်ကျွမ်းကျင်သူမှာ ငါးယောက်သာ စုဆောင်းနိုင်ခဲ့သည်။

ရှစ်ဖုန့်မှာလည်း လူအုပ်ထဲတွင် ရပ်နေပြီး သူ့ဘေးဝန်းကျင်ရှိလူများ၏

ပြောဆိုနေသော နတ်ဆိုးသားရဲ တောင်းတန်းဝန်းကျင်ဒေသ အကြောင်းအား နားထောင်နေသည်။

အချို့​နယ်မြေများတွင် နတ်ဆိုးသားရဲများစုစည်းနေတတ်ကြပြီး နတ်ဆိုးသားရဲတောင်တန်းအား ဝင်ရောက်ပြီးနောက်တွင် ၎င်းနေရာတို့အားမှတ်တမ်းများ တင်ထားခဲ့ကြသည်။

နတ်ဆိုးသားရဲတောင်တန်းမှာ အန္တရာယ်များဖြင့်ပြည့်နှက်နေသော နေရာဖြစ်သည်။

အထူးသဖြင့် မြေအောက်တွင်ပုန်းအောင်းနေသော နတ်ဆိုးသားရဲများဖြစ်ကြသည်။

၎င်းတို့ထဲက အချို့မှာ အဆင့်မမြင့်မားကြသော်လည်း ခန်းမှန်း၍မရပဲ ပေါ်လိုက်ပျောက်လိုက်လုပ်နိုင်ကြသည်။

တစ်စုံတစ်ယောက်မှာ ဂရုမစိုက်မိလျှင် ၎င်းတို့၏ ချုံခိုတိုက်ခိုက်မှုကို ခံရပြီး သေဆုံးနိုင်သည်။

ထို့အပြင် ရိုးရိုးမြင်ရသော ချုံပုတ်များ၊ ပန်းပင်များ၊သစ်ပင်များလည်းရှိသည်။

၎င်းတို့ထဲတွင် နတ်ဆိုးသားရဲများပုန်းအောင်းနေသည်နှင့်ပင်ဆင်တူကြ၏။

ရင်ဆိုင်ရန်အခက်ခဲဆုံးသော အရာများမှာ ပျံသန်းတတ်သော နတ်ဆိုးသားရဲများဖြစ်ကြသည်။

"နတ်သမီးယွဲ့..နတ်သမီးယွဲ့ရောက်လာပြီ"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

လူတိုင်းကလှည့်ကြည့်လိုက်သောအခါတွင် နတ်သမီးယွဲ့က ဆင်မယဉ်သာလျှောက်လှမ်းလာသည်ကို တွေ့ရသည်။

သူမ၏အဖြူရောင် ဝတ်စုံနှင့် ဆံပင်ရှည်တို့က လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူမအား သိမ်​မွေ့နူးညံ့လှသော နတ်သမီးလေးတစ်ပါးဟုထင်ရစေသည်။

ယွဲ့ဝူရွှမ်းက နီးကပ်လာသော အခါပြောလိုက်သည်။

"အားလုံးပဲ ကူညီဖို့ရောက်လာပေးကြတာ ကျေးဇူးတင်ပါတယ်"

"ကျွန်မတော်တော်လေးကို ကျေးဇူးအထူးတင်မိပါတယ်"

"အခု ကျေးဇူးပြုပြီး တောင်တန်းထဲကို ကျွန်မဦးဆောင် ဝင်တဲ့နောက်လိုက်လာခဲ့ပေးကြပါ"

"နတ်သမီးလေးယွဲ့က အရမ်းကြင်နာတတ်တာပဲ.."

"နတ်သမီးလေးယွဲဲ့..အဲ့လိုလုပ်ဖို့ မလိုပါဘူး.."

"အားလုံးအတူတူ တောင်တန်းထဲကို ဝင်ကြတာပေါ့"

"အတူတကွ နတ်သမီးလေးယွဲ့ကို ကူညီပြီး စိတ်ဝိညာဉ်ဆေးပင်ကို

ရှာပေးလိုက်ရအောင်"

အာလာပသလ္လာပများ အပြန်အလှန်ပြောဆိုပြီးနောက် လူအုပ်ကြီးမှာ နတ်ဆိုးသားရဲတောင်တန်းဆီသို့ ဝင်ရောက်လိုက်ကြသည်။

ထိုအချိန်တွင် ရှစ်ဖုန့်မှာ ယွဲ့ဝူရွှမ်း အနေဖြင့် ဤတစ်ကြိမ်တွင် မီးနဂါးမြက်ဟုခေါ်သော အဆင့်ငါးတော်ဝင်ဆေးပင်ကို ရှာဖွေရန်အတွက် တောင်တန်းအတွင်းသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။

မီးနဂါးမြက်ပင်၏ အထူးအကျိုးအာနိသင်များကို ရှစ်ဖုန့်လည်း များများစားစားမသိပေ။

သို့သော် နမည်အရတော့ ၎င်းမှာ ယန်အမျိုးအစား ဆေးပင်ဖြစ်လောက်သည်။

ယွဲ့ဝူရွှမ်း ကလူတိုင်းအား မြေပုံတစ်ခုစီပေးထားသည်။

မြေပုံပေါ်ရှိ အမှတ်အသားများအရ မီးနဂါးမြက်ပင်ကြီးထွားရာ နေရာသို့ရောက်ရန်အတွက် နှစ်နေ့နှင့် နှစ်ညကြာမြင့်မည်ဖြစ်သည်။

ရှစ်ဖုန့်က မီးနဂါးမြက်ပင် ရှိရာနေရာကို ကြည့်လိုက်သည်။

၎င်းမှာသူဦးတည်နေသောနေရာနှင့် ဦးတည်ချက်အတူတူပင်ဖြစ်သည်။

မီးနဂါးမြက်ပင်နေရာသို့ ရောက်ပြီးနောက်တွင် ရှစ်ဖုန့်အနေဖြင့်နတ်ဆိုးသားရဲတောင်၏ အတွင်းပိုင်းသို့ ဆက်ဝင်ရန်လိုအပ်သေးသည်။

ထိုနေရာသို့မရောင်ခင် နောက်ထပ် ခုနှစ်ည ရှစ်ညလောက်ဖြတ်သန်းရမည်ဟု ရှစ်ဖုန့် ခန့်မှန်းလိုက်သည်။

နတ်ဆိုးသားရဲတောင်တန်းမှာ ကျယ်ပြောပြီး အတိုင်းမသိပေ။

ပို၍နက်ရှိုင်းစွာ ဝင်ရောက်လေ စွမ်းအားကြီးသော နတ်ဆိုးသားရဲများဖြင့် တွေ့ရလေဖြစ်သည်။

အလယ်ဗဟိုသို့ ဝင်ရောက်မိလေ အဆင့်ခြောက်နှင့်ခုနှစ် နတ်ဆိုးသားရဲများ တွေ့ရလေ၏ ပြောကြသည်။

သာမန်သိုင်းပညာရှင်များအနေဖြင့် ထိုနေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။

လူအုပ်ကြီးက နတ်ဆိုးသားရဲတောင်တန်းသို့ ဝင်ရောက်မိသောအခါ ကောင်းကင်မှာ သစ်ပင်တို့၏ ကာဆီးထားမှုကြောင့် မည်းမှောင်သွားသည်။

လေထုမှာလည်း ချက်ခြင်း ဖိစီးလာသည်။

ဆူညံနေသော လူအုပ်ကြီးမှာ ရုတ်တရက်လုံးဝတိတ်ကျသွားသည်။

လူတိုင်းမှာ စကားပြောနေခြင်းကိုရပ်တန့်လိုက်ပြီး သူတို့၏ သတိဝီရိယ နိုးကြားမှုကို ထိန်းသိမ်းလိုက်ကြသည်။

သူတို့၏ မျက်လုံးများက ပတ်ဝန်းကျင်ကို အာရုံခံနေပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် အလွတ်ပေးခြင်း မရှိပေ။

အနည်းငယ်ဂရုမစိုက်မိသည်နှင့် ၎င်းတို့အား အေးစက်နေသော အလောင်းများဖြစ်သွားစေနိုင်သည်။

ဤလူအများစုမှာ နတ်ဆိုးသားရဲတောင်တန်းဒေသတွင် နှစ်များစွာ လှည့်လည်သွားလားနေကြသူများဖြစ်ကြ၏။

နတ်ဆိုးသားရဲတောင်တန်း၏ အန္တရာယ်အား သူတို့ ရှင်းလင်းစွာ နားလည်ထားကြသည်။

"ဟိုမှာနတ်ဆိုးသားရဲတစ်ကောင်ရှိနေတယ်.."

"မင်းတို့​ခြေလှမ်းတွေ သတိထားကြ"

ရှေ့ဆုံးလူအုပ်ဆီမှ အော်​ပြောသံထွက်ပေါ်လာသည်။

သူတို့စကားပြောပြီးသောအခါတွင် သူတို့၏ ရှေ့ရှိမြေပြင်မှာ ပေါက်ကွဲသွားပြီး အနက်ရောင်အရိပ်တစ်ခုက အပေါက်ထဲမှ လှစ်ကနဲထွက်လာသည်။

"အနက်ရောင်နတ်ဆိုးသားရဲကြွက်.."

"အဲ့တာ အဆင့်တစ် နတ်ဆိုးသားရဲ အနက်ရောင်ကြွက်ပဲ.."

ဆက်ရန်..

ဘာသာပြန်သူ-Arise

All Chapters