အပိုင်း (၆၁)
Vol. 5 Ch. 61
အမဲရောင်နတ်ဆိုးကြွက်မှာ အဆင့်တစ် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။
၎င်းတို့မှာ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးကြကာ မြေအောက်ထဲတွင်နေထိုင်ကြ၏။
၎င်းတို့၏ တစ်ကိုယ်လုံးမှာ မည်းနက်နေကြီး ကြွက်တစ်ကောင်ပုံသဏ္ဍန်ရှိသော်လည်း အရွယ်အစားကတော့ နွားတစ်ကောင် အရွယ်အစား ရှိသည်။
အနက်ရောင်နတ်ဆိုးကြွက်က မြေတွင်းထဲမှ ထွက်လာပြီးပြီးချင်း သူ၏သွေးနီရဲနေသော ပါးစပ်ကိုဖွင့်၍ ထက်ရှသော အနက်ရောင် အစွယ်တန်းနှစ်ခုကိုဖော်ပြကာ ရှေ့ဆုံးလူအုပ်ရှိ သက်လတ်ပိုင်းအရွယ် သိုင်းသမားတစ်ယောက်အား ခုန်အုပ်လိုက်သည်။
သက်လတ်ပိုင်း အရွယ် သိုင်းပညာရှင်က အသွားနှစ်ဖက်ပုဆိန်ကို ကိုင်ဆောင်ထားပြီး နတ်ဆိုးသားရဲ အနက်ရောင်နတ်ဆိုးကြွက်အား ခုတ်ပိုင်းလိုက်သည်။
ထို့အပြင်၎င်းမှာ အဆင့်တစ်နတ်ဆိုးသားရဲတစ်ကောင်သာဖြစ်ပြီး သူအနနှင့်လည်း တိုးဝင်လာမှုအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
အနက်ရောင်နတ်ဆိုးကြွက်က စူးစူးဝါးဝါးအော်ဟစ်ကာ ပုဆိန်ဖြင့် ထက်ပိုင်းပိုင်းခြင်းကိုခံလိုက်ရသည်။
အနက်ရောင်သွေးတို့က နေရာအနှံ့ကိုပြန့်ကျဲသွား၏။
အနက်ရောင်နတ်ဆိုးကြွက်အား သတ်လိုက်ပြီးသောအခါ သက်လတ်ပိုင်းအရွယ် လူက ဆောင့်ကြောင့်ထိုင်လိုက်ပြီးအနက်ရောင် နတ်ဆိုးကြွက်၏ အလောင်းအား စစ်ဆေးလိုက်သည်။
ထို့နောက်သူက စိတ်ပျက်စွာဖြင့် ခေါင်းကိုခါကာ သူ၏ အမြင်ကို ထုတ်ဖော်ပြောလိုက်သည်။
"ဘာနတ်ဆိုးသလင်းကျောက်မှ ရှိမနေဘူး.."
နတ်ဆိုးသလင်းကျောက်များမှာ နတ်ဆိုးသားရဲများ၏ ကိုယ်အတွင်းမှ ထုတ်ဖော်ရရှိသော သလင်းကျောက်အမျိုးအစားဖြစ်သည်။
၎င်းတို့မှာ အသုံးတွင်ကျယ်လှပြီး ဆေးဝါးများတွင်ရောနှောဖော်စပ် ရာတွင်၎င်း လက်နက်များသန့်စင်ရာတွင်၎င်း အသုံးပြုနိုင်သည်။
မီးအခြေပြု သားရဲများကဲ့သို့သောသားရဲများမှထုတ်ယူရရှိသောသလင်းကျောက်အချို့လည်းရှိသည်။
မီးအခြေပြု ဓာတ်ကို ကျင့်ကြံသော သိုင်းပညာရှင်တစ်ယောက်အနေဖြင့် နတ်ဆိုးသလင်းကျောက် အတွင်းမှ မီးအခြေပြု စွမ်းအင်အား တိုက်ရိုက်စုပ်ယူ ၍ ရနိုင်သည်။
အဆင့်တစ်နတ်ဆိုးသားရဲဖြစ်သော အနက်ရောင် နတ်ဆိုးကြွက်က၏ အလောင်းက ဘာတန်ဖိုးမျှရှိမနေချေ။
နတ်ဆိုးသလင်းကျောက်များအား ဒင်္ဂါးအချို့နှင့် ရောင်း၍ ရနိုင်သည်။
"အားလုံးပဲ ရှေ့ကို ဆက်သွားကြမယ်...မင်းတို့ရဲ့ အသိသတိတွေအကာအကွယ်တွေကို အလှစ်ဟင်းစေကြနဲ့.."
"ဒီနေရာကနတ်ဆိုးသားရဲတောင်တန်းရဲ့ အစွန်အဖျားသာ ဖြစ်ပေမဲ့ အဆင့်နှစ်အဆင့်သုံး နတ်ဆိုးသားရဲတွေလည်း ရှိနေနိုင်တယ်"
"အားလုံးပဲ...ဂရုစိုက်ကြပါ"
နတ်ဆိုးသားရဲတောင်တန်းတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာဖူးသော လူအုပ်ထဲမှ တွေ့အကြုံရှိသော သူတစ်ယောက်က ပြောလိုက်သည်။
သူပြောပြီးသော အခါ လူအုပ်ကြီးက စတင်၍ ရှေ့သ်ို့ ဆက်လက်သွားလိုက်ကြပြီး တောင်တန်းနယ်မြေအတွင်းပိုင်းသို့ ဆက်လက်ဝင်သွားကြသည်။
"ကောင်လေး..မင်းရဲ့အစီအစဉ်ကို ဘယ်အချိန်ကျရင် အကောင်အထည်ဖော်မှာလဲ.."
"ဒီပုရွက်ဆိတ်လေးတွေကိုသာ ငါသတ်လိုက်ရင်ငါ့ရဲ့ ခွန်အား အဆင့်သေးလေးလောက်ကို သေချာပေါက် မြှင့်တင်နိုင်လိမ့်မယ်.."
ရှစ်ဖုန့် ခြေလှမ်း အနည်းငယ်ခန့် လျှောက်ပြီးသောအခါ သူ၏ကိုယ်အတွင်းမှ ကောင်းကင်ဘုံမီးတောက်က သူ့အားစတင်၍ သွေးထိုးလှုံ့ဆော်သည်။
"တိတ်စမ်း.."
ရှစ်ဖုန့်က သူ၏စိတ်ထဲတွင် ကောင်းကင်ဘုံမီးတောက်အား အော်လိုက်သည်။
"ကျုပ်ကို ပြုစားဖို့ လုပ်နေတာရပ်လိုက်.."
"ကျုပ် အရင်ကလည်း ပြောထားပြီးသား လူတွေကို သတ်ရတော့မဲ့အခါမှာ ကျုပ်မှာ ကျုပ်စည်းမျဉ်းတွေနဲ့ ကျုပ်ရှိတယ်.."
"ကျုပ်ကို အဲ့သွေးပန်းခက်နတ်ဆိုးတွေလိုမျိုး လာမဆက်ဆံနေနဲ့.."
"ဟမ့်.."
ကောင်းကင်ဘုံမီးတောက်က နှာမှုတ်ကာပြောလိုက်သည်။
"မိန်းမလိုနှလုံးသားနဲ့ကောင်"
"မင်းက အထွတ်အထိပ်သိုင်းပညာရှင်တစ်ယောက်အဖြစ် လိုက်စားချင်တာမဟုတ်ဖူးလား"
"အဲ့တာက ထင်ယောင်ထင်မှားဖြစ်နေတာပဲ.."
"ကျုပ်သိုင်းတာအိုမှာ စွမ်းဆောင်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ခင်ဗျားအပူမပါဘူး"
"နောက်တစ်ခု ထပ်ပြောအုံးမယ် အထွတ်အမြတ်သွေးဓားက ဘာဖြစ်သွားတာလဲ ကျုပ်ကိုပြောပြစမ်းပါ.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"အထွတ်အမြတ်ဓားလား...အထွတ်အမြတ်ဓားက ဘာဖြစ်နေလို့လဲ.."
ကောင်းကင်ဘုံမီးတောက်က မေးလိုက်သည်။
သို့သော် ထိုသို့ပြောသောအခါတွင် ၎င်းအနေဖြင့် အနည်းငယ် လိပ်ပြာမလုံသော အသံပေါက်နေသည်။
"အစက ကျုပ်ထင်နေတာ အထွတ်အမြတ်ဓားက သူ့ရဲ့ ရှေးဦးစိတ်ဝိညာဉ်ပျောက်ကွယ်သွားပီမို့ ဓားကျိုးဓားပဲ့ တစ်ခုသာသာပဲ ဖြစ်သွားပီထင်နေတာ.."
"ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲ့ ကောင်းကင်ဘုံလေဂိုဏ်းက ပုရွက်ဆိတ်တွေကို သတ်ပီးတဲ့အခါမှာ အထွတ်အမြတ်ဓားရဲ့သွေးဆာလောင်မှုကို ကျုပ်အာရုံခံမိလိုက်တယ်..."
"ဒါပေမဲ့ အဆုံးသတ်မှာ သွေးတွေက ခင်ဗျားရဲ့ ဆက်ခနဲ လုယူတာကိုခံလိုက်ရတယ်"
ရှစ်ဖုန့်က ပြောလိုက်သည်။
"ကောင်စုတ် ငါအဲ့ဒါကို မင်းကောင်းဖို့ အတွက်လုပ်တာကွ"
"မင်းနဲ့ငါက အခုတစ်သားတည်းပဲ.."
"ငါသန်မာရင်မင်းသန်မာမယ်..ငါအားနည်းရင် မင်းအားနည်းမယ်.."
"အဲ့ အသုံးမကျတဲ့ဓားကို ငါတို့ရဲ့စွမ်းအင်တွေ စုပ်ယူဝါးမြိုခွင့်ပြုတာထက် ငါတို့ရဲ့ ကိုယ်ပိုင်ခွန်အားအပေါ် အသုံးပြုတာက ပိုကောင်းတယ်.."
ကောင်းကင်ဘုံမီးတောက်က ပြောလိုက်သည်။
"ဒီီလိုဆိုရင် ကျုပ်သာ သွေးတွေကို လုံလောက်အောင် ဝါးမြိုနိုင်တာနဲ့ အထွတ်အမြတ်ဓားကို ပြန်ပြုပြင်လို့ရမယ်ပေါ့.."
ရှစ်ဖုန့်ကမေးလိုက်သည်။
"ကောင်စုတ် စိတ်ကူးယဉ်နေတာရပ်စမ်း.."
"မင်းပျက်စီးနေတဲ့ဓားတစ်ချောင်းကို ပြန်ပြုပြင်ဖို့အတွက် သွေးတွေဘယ်လောက်တောင်လိုအပ်လဲဆိုတာကို မင်းသိလို့လား.."
"အထွတ်အမြတ်ဓားက သွေးကန်ကနေ မွေးဖွားလာတာကွ.."
"သွေးပန်းခက်ကလန်က လူတွေက အဲ့တာကို မျိုးဆက်များစွာ အသုံးပြုပြီးတော့ လူတွေကိုသတ်ခဲ့တာကွ"
"နှစ်ပေါင်းသောင်းဂဏန်းကြာပြီး မရေတွက်နိုင်တဲ့ အသက်တွေကို သတ်ဖြတ်ပြီးသွေးတွေစုပ်ယူပြီးနောက် အဆုံးမှာ လက်နက်ဝိညာဉ်တစ်ခု မွေးဖွားလာခဲ့ပြီးတော့ မသေမျိုးအဆင့်ထိကို အဆင့်တက်လှမ်းလာခဲ့တာ.."
ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်၏ စကားအားကြားပြီးနောက်တွင်အထွတ်အမြတ်သွေးဓားကို ထုတ်၍ သူ၏ လက်ထဲတွင် ကိုင်ထားလိုက်သည်။
ဤဓားအား ၎င်း၏ အထွတ်အထိပ်အဆင့်သို့ ပြန်ရောက်စေရန်မှာ မဖြစ်နိုင်သည့်ပုံပေါ်သည်။
သို့သော် သူ့အနေဖြင့် ၎င်းအား ဖြည်းဖြည်းချင်းပြုပြင်၍ သူ၏ ကျင့်ကြံမှုအား ဖြည်းညှင်းစွာမြှင့်တင်ရန်အတွက် စိတ်ကူးထားသည်။
ထိုသို့မဟုတ်ပါက သင့်တော်သော လက်နက်မရှိလျှင် သူ၏ ဓားပညာရပ်စွမ်းအားမှာ ကြီးမားစွာ လျော့ကျနေလိမ့်မည်ဖြစ်သည်။
လက်ရှိတွင် သူ၏ ကျင့်ကြံမှု အဆင့်မှာ ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ် အဆင့်ဖြစ်ပြီး သွေးဓားမှာက အဆင့်နှစ်ဖြစ်သည်။
ထို့ကြောင့်သူ့အနေဖြင့် ၎င်းအားအသုံးပြုရန် အနည်းငယ်ခက်ခဲ၏။
လူအုပ်က နတ်ဆိုးသားရဲတောင်တန်း၏ အတွင်းပိုင်းသို့ ဆက်ဝင်နေသည်။
လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲ အများအပြား ပေါ်လာခဲ့သည်။
၎င်းတို့မှာ အဆင့်တစ်နှင့် အဆင့်နှစ်သားရဲများဖြစ်ကြပြီး နောက်ပိုင်းတွင် အဆင့်သုံး နတ်ဆိုးသားရဲများလည်းပေါ်လာခဲ့သည်။
အစက လူများစွာ ထိခိုက်ဒဏ်ရာရကြသော်လည်း မည်သူမျှတော့ သေဆုံးခြင်း မရှိပေ။
အဆင့်သုံးနတ်ဆိုးသားရဲ တောင်ပံနှစ်ခု အနက်ရောင် မီးတောက်ကျား က ကောင်းကင်ထက်မှ သက်ဆင်းလာကာ လူအုပ်ထံခုန်အုပ်လိုက်သည်။
၎င်းကသူ၏ ပါးစပ်ကိုဖွင့်ဟ၍ အနက်ရောင် မီးတောက်များအား ထုတ်လွှတ်သောအခါတွင် များစွာသော သေကြေ ဒဏ်ရာရသူများဖြစ်လာသည်။
များစွာသော သိုင်းပညာရှင်တို့၏ ပူးပေါင်းအားထုတ်မှုနှင့်အတူ တောင်ပံနှစ်ခု အနက်ရောင်မီးတောက်ကျားမှာ နောက်ဆုံးတွင် သုတ်သင်ခံလိုက်ရသည်။
သို့သော်လူများအား ပြန်ရေတွက်သော အခါတွင် ဆယ့်နှစ်ယောက်သေဆုံးကာ အယောက် နှစ်ဆယ်ကျော်ဒဏ်ရာရသည်။
ထိုအချိန်တွင် လူအုပ်ထဲ၌ ဝမ်းနည်းပူဆွေး မှုများဖြင့်ပြည့်နေသည်။
လူအများစုမှာ နတ်ဆိုးသားရဲတောင်တန်းသို့ ဝင်ရောက်လာစဉ်ကတည်းက ပြင်ဆင်ထားခဲ့ကြသော်လည်း သူတို့၏ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များမှာ ဤနတ်ဆိုးသားရဲတောင်တန်း၌ ထာဝရအိပ်စင်ရမည်ကို ကိုယ်တိုင် မြင်တွေ့ရသောအခါ သူတို့အတွက် လက်ခံနိုင်ရန်ခက်ခဲနေသည်။
"အကို..ထပါအုံး.."
"ဒီတစ်ကြိမ်နတ်ဆိုးသားရဲတောင်တန်းက ပြန်ထွက်လာပြီးရင် အခကြေးငွေတွေယူပြီး အိမ်တစ်လုံးဝယ်ကြမယ် အဲ့နောက်မှာ ကျွန်တော်တို့တွေကိုယ်စီ မိန်းမလှလေးတွေကို လက်ထပ်ကြမယ်လို့ သဘောတူထားကြတာ မဟုတ်ဖူးလား.."
ဆယ့်ခုနှစ် နှစ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က မြေပြင်တွင်ဒူးထောက်ကာ ငိုကြွေးနေသည်။
သူ၏ ရှေ့တွင် တူးခြစ်အောင်လောက်ကျွမ်းထားသော အလောင်းတစ်လောင်းရှိ၏။
"အကို..ကျွန်တော်တို့သဘောတူထားတာမဟုတ်ဖူးလား.."
"တို့တွေဒီတစ်ကြိမ် နတ်ဆိုးသားရဲတောင်တန်းက ပြန်ထွက်တာနဲ့ အတူတကွ ကြေးစားအဖွဲ့တစ်ခုထောင်ပြီး နမည်ကို ကျွန်တော်တို့ရဲ့ ပထမဆုံးစာလုံးတွေနဲ့ ပေးကြမယ်လို့လေ.."
"အဖေ..အဖေ့ဒဏ်ရာတွေက အရမ်းပြင်းတယ်.."
"ကျွန်တော် အဖေ့ကို အခုအိမ်ပြန်သယ်သွားပေးရမလား"
"သားတဒီတာဝန်ကို ဆက်ပြီး မလုပ်တော့ဘူးလေ..သားတို့အသက်ထက် ဘာမှအရေးမကြီးဘူး.."
လူအုပ်၏ နောက်တွင် ရှိနေသော ယွဲ့ဝူရွှမ်းက အားလုံးကို စောင့်ကြည့်နေသည်။
သူမအား ဝမ်းနည်းမှုတို့ သက်ရောက်စေသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပြီး သူမ၏ ခေါင်းအားခါယမ်းလိုက်ကာ အနည်းငယ်သက်ပြင်းချလိုက်သည်။
ရှစ်ဖုန့်လည်းစိတ်ထိခိုက်မိသော်လည်း ၎င်းဖြင့် အချိန်မဖြုန်းချင်ပေ။
သူက သေဆုံးသွားသော နတ်ဆိုးသားရဲများ အားလုံးထံမှသေခြင်းစွမ်းအင်ကို စုပ်ယူလိုက်သည်။
အစက ကောင်းကင်ဘုံမီးတောက်မှာ သေဆုံးသွားသူများထံမှ ဝိညာဉ်ကို စုပ်ယူလိုသော်လည်း ရှစ်ဖုန့်၏ တားဆီးခြင်းအား ခံလိုက်ရပြီး နတ်ဆိုးသားရဲများ၏ ဝိညာဉ်ကိုသာစုပ်ယူလိုက်ရသည်။
သွေးများအား စုပ်ယူသော အပြုအမူက အရမ်းကို ထူးဆန်းလှသောကြောင့် ရှစ်ဖုန့် အနေ့ဖြင့်ထိုသို့ မလုပ်ခဲ့ပေ။
ထို့အပြင် အတောင်ပံနှစ်ခု အနက်ရောင်မီးတောက်ကျား၏ အလောင်းက ရတနာများဖြင့်ပြည့်နှက်နေသည်။
၎င်းအားသတ်ဖြတ်ခဲ့သော ကြယ်နှစ်ပွင့် သိုင်းပညာရှင်တစ်ယောက်က အလောင်းအား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။
ထိုအချိန်တွင် ယွဲ့ဝူရွှမ်းကပြောလိုက်သည်။
"အားလုံးပဲ ထိခိုက်ဒဏ်ရာရသူတွေကို ဒီကိုရွှေ့ပေးပါ ကျွန်မသူတို့ကို ကုသပေးပါ့မယ်"
"ကျန်တဲ့သူတွေက နိုးနိုးကြားကြားနဲ့နေကြပါ.."
"ဖုန့်ရှစ် ဒီကိုလာပြီး ကျွန်မကို ကူညီ"
ရှစ်ဖုန့်က သေခြင်းစွမ်းအင်အား သန့်စင်နေခဲ့ပြီး ယွဲ့ဝူရွှမ်းကသူ့အား အကူအညီတောင်းရန်ခေါ်လိမ့်မည်ဟု သူမထင်ထားမိခဲ့ပေ။
သူမကသူ၏ နမည်ကိုပင် မှတ်မိနေသေးသည်။
ရှစ်ဖုန့်သူ့ဟာသူတွေးလိုက်မိသည်။
"ဒီမိန်းကလေး ငါ့ကိုတကယ်ပဲ သဘောကျနေတာလား.."
ဒဏ်ရာရနေသော လူနှစ်ဆယ်ကျော်အား အလျှင် အမြန်နောက်သို့ ပို့လိုက်ကြသည်။
ယွဲ့ဝူရွှမ်းက ပုလင်းများအား ထုတ်ယူလိုက်ကာ ကျောက်စ်ိမ်းပုလင်း သုံးခုအား ရှစ်ဖုန့်ထံ လွှဲပေးလိုက်သည်။
သူမကပြောလိုက်သည်။
"ဒီဆေးရည်ပုလင်း သုံးလုံးကိုယူပြီးတော့ သူတို့ရဲ့ လောင်ကျွမ်းထားတဲ့ နေရာတွေမှာ သုတ်လိမ်းထားလိုက်"
ယွဲ့ဝူရှန်းက ပုလင်းသုံးလုံးအား ရှစ်ဖုန့်ထံလွှဲပေးပြီးသောအခါ ထပ်မံ၍ အာရုံမစိုက်တော့ပဲ လုပ်စရာရှိတာကိုလုပ်နေသည်။
နောက်ထပ်ဆေးပင်ကို သူမက ထုတ်ယူလိုက်ပြီး "ဝုန်း"ဆိုသောအသံနှင့်အတူ သူမ၏လက်ထဲတွင် ဘောလုံးအရွယ် အစ်ိမ်းရောင်မီးတောက်ကို ထွန်းညှိလောင်ကျွမ်းစေလိုက်သည်။
ယွဲ့ဝူရွှမ်းကဆေးပင်သုံးပင်အား အစိမ်ရောင်မီးတောက်အတွင်း ပစ်ထည့်လိုက်၏။
"အဆင့်လေး သားရဲမီးတောက်"
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်း၏ လက်အတွင်းရှိ အစိမ်းရောင် မီးတောက်အား အာရုံခံ၍ တီးတိုးရေရွတ်လိုက်သည်။
သို့သော် ရှစ်ဖုန့်အနေဖြင့် ယွဲ့ဝူရွှမ်း၏ အစိမ်းရောင်မီးတောက်ထံမှ ဖောဋ္ဌဗ္ဗာအာရုံကို အာရုံခံမိသည်။
ဤမီးတောက်မှာ ဆေးတစ်ပင်ကဲ့သို့ အခြေပြုဓာတ်မျိုးဖြစ်သည်။
သားရဲမီးတောက်တစ်ခုဟု ခေါ်ဆိုရမည်ထက် ဆေးမီးတောက်တစ်ခုဟုခေါ်ဆိုလျှင် ပို၍ မှန်ကန်မည်ဖြစ်သည်။
"ဒါကထူးဆန်းတယ်.."
"ဘာလို့..ဒီလိုမျိုး အရာက ရှိနေရတာလဲ.."
"အဲ့ငတိ ချင်ယူဖန်း ဖန်တီးထားတဲ့ ထုတ်ကုန်အသစ်များလား.."
ရှစ်ဖုန့်က ခေါင်းကိုခါယမ်းကာ မြေပြင်ပေါ်တွင်လဲလျောင်းနေသော ဒဏ်ရာရသူအားကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
"မင်းတို့ကိုဆေးလူးပေးနေတဲ့သူက ငရဲဘုံကိုးခု ဧကရာဇ်ဆိုတာသာ သိကြရင် အခုချက်ခြင်းသေ သွားရရင်တောင် ထိုက်တန်တယ်.."
ဆက်ရန်..
ဘာသာပြန်သူ-Arise