← Chapters

အပိုင်း (၆၂)

Vol. 5 Ch. 62

အပိုင်း (၆၂)

Vol. 5 Ch. 62

ယွဲ့ဝူရွှမ်း၏ ဆေးမီးတောက်ဖြင့် သန့်စင်မှုအောက်တွင် မီးအတွင်းမှ အစိမ်းရောင်ဆေးရည်စက်တို့ပုံစံပေါ်လာသည်။

လတ်ဆတ်သော မွှေးရနံ့လှိုင်းတို့က ချက်ခြင်း ပျံ့နှံ့ထွက်လာ၏။

"အနံက အရမ်းမွှေးတာပဲ.."

ပတ်ဝန်းကျင်အား စောင့်ကြပ်ပေးနေသော သိုင်းပညာရှင်များမှာ မွှေးရနံ့အား ရှူရှိုက်လိုက်ရသော အခါတွင် ရုတ်ချည်း လန်းဆန်းမှုတို့ကို ခံစားလိုက်ကြရသည်။

သူတို့၏ သမာဓိနှင့် နိုးကြားမှုအားကို ခပ်မြင့်မြင့်ထားထားရသောကြောင့် စိတ်ဝိညာဉ်၏ ပင်ပန်းနွမ်းနယ်မှုတို့ပင် အဝေးကို ပျယ်လွင့်သွားကြသည်။

"ဖုန့်ရှစ်"

ယွဲ့ဝူရွှမ်း၏ အော်သံက ရှစ်ဖုန့်၏ အာရုံအားချက်ခြင်း ဆွဲဆောင်လိုက်သည်။

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းအားကြည့်လိုက်သောအခါတွင် ကျောက်စိမ်းပုလင်းနှစ်ဆယ်ကျော်က သူ၏ ထံသို့ လွင့်ပျံလာသည်ကိုတွေ့လိုက်ရသည်။

ရှစ်ဖုန့်ကသူ လက်များအား လေထဲတွင်ကခုန်သကဲ့သို့ပြုမူကာ ပုလင်းတို့အား ရင်ခွင်ထဲသိမ်းယူလိုက်သည်။

"ဖမ်းလိုက်.."

ယွဲ့ဝူရှမ်းက ထပ်မံ၍ အော်ပြောလိုက်သည်။

သူမ၏ ဘယ်လက်အား လှုပ်ရှားလိုက်သောအခါ အစိမ်းရောင်မီးတောင်တို့က ကောင်းကင်ထက်တွင် ပျံသန်းလာပြီး ရှစ်ဖုန့်၏ ဦးခေါင်းထက်သို့ရောက်လာသည်။

အစိမ်းရောင်ဆေးရည်စက်များက ရှစ်ဖုန်း၏ အပေါ်သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာ၏။

ရှစ်ဖုန့်က သူ၏ လက်တို့အား အပေါ်သို့မြှောက်လိုက်သောအခါ သူ၏ လက်အတွင်းရှိ ပိုက်ထားသောဆေးပုလင်းတို့က လေထဲသို့ပြန်တက်သွားသည်။

ပုလင်းတစ်လုံးစီတွင် ဆေးရည်စက်တို့ ပြည့်သွားသောအခါအောက်သို့ပြုတ်ကျလာကြသည်။

သွေးဓားမှာ ရှစ်ဖုန့်၏ လက်အတွင်းတွင် ပေါ်လာခဲ့သည်။

သူကဓားအား ရှေ့သို့ထိုးလိုက်သောအခါတွင် စုစုပေါင်းဆေး နှစ်ဆယ့်နှစ်ပုလင်းက အစဉ်လိုက်ပြုတ်ကျလာပြီးသွေးဓားပေါ်တွင် အစီအရီလေးဖြစ်နေကြသည်။

ရှစ်ဖုန့်၏ လှုပ်ရှားမှုတို့က စီးဆင်းနေသော ရေကဲ့သို့ ဖြစ်ကာ ကြော့ရှင်းပြီး သဘာဝဆန်သည်။

ထို့နောက်တွင် ရှစ်ဖုန့်၏ ခေါင်းထက်တွင် ရှိနေသော မီးတောက်တို့က

ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ယွဲ့ဝူရှန်း၏ နဖူးထက်၌ ချွေးများစို့နေပြီး ဟောဟဲဆိုက်နေသည်။

သူမအနေဖြင့် တစ်ကြိမ်တည်းဖြင့် ဆေးရည်များစွာကို ခက်ခက်ခဲခဲကြိုးစားသန့်စင်ခဲ့ပုံရသည်။

"အဲ့ပုလင်းထဲကဆေးတွေကို ထိခိုက်ဒဏ်ရာရသူတွေကိုပေးလိုက်ပါ"

ရှစ်ဖုန့် ယွဲ့ဝူရွှမ်းထံသို့မသွားခင် လူသုံးယောက်အားခေါ်၍ သွေးဓားပေါ်ရှိ ဆေးပုလင်းတို့အား ၎င်းတို့ထံသို့ လွှဲပေးလိုက်သည်။

"မင်းအဆင်ပြေရဲ့လား"

ရှစ်ဖုန့်က ယွဲ့ဝူရှန်းနားကပ်ကာ မေးလိုက်သည်။

ထိုအချိန်တွင် ယွဲ့ဝူရွှမ်းမှာ အနည်းငယ်မောဟိုက်နေသေးဆဲဖြစ်ပြီးသူမ၏မျက်နှာလေးက ပန်းဆီရောင်သန်းနေသည်။

သူမ၏ နဖူးမှ စီးကျသော ချွေးစီးကြောင်းတို့ကြောင့် သူမ၏ နသားမွှေးလေးများပင် စီရီနေသည်။

ယင်းက ယွဲ့ဝူရွှမ်း၏ နဂိုအေးစက်သော အသွင်အပြင်အားပျောက်ကွယ်သွားစေပြီး သူမအားပို၍ နှစ်လိုဖွယ်ဖြစ်စေသည်။

"ကျွန်မ အဆင်ပြေပါတယ်"

ယွဲ့ဝူရှန်းက သူမ၏ ခေါင်းအားမော့လိုက်ကာ ရုတ်တရက် ဖူးပွင့်စပန်းပွင့်လေးသကဲ့သို့ ရှစ်ဖုန့်အား ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်..ဂျူနီယာမောင်လေး.."

"ဂျူ..ဂျူနီယာမောင်လေး.."

ရှစ်ဖုန့်သူဘာကြောင့် ရုတ်တရက် ဂျူနီယာမောင်​လေးဟု အခေါ်ခံရမှန်း နားမလည်နိုင်သောကြောင့်ကြက်သေ​သေ သွားရသည်။

"ခစ်ခစ်.."

ယွဲ့ဝူရွှမ်းက ရယ်မော၍ ဆက်ပြောလိုက်သည်။

"မောင်လေး အနေနဲ့ ထပ်ပြီးတော့ ဖုံးကွယ်ထားဖို့မလိုပါဘူး.."

"မနေ့က မောင်လေးထုတ်ဖော်ပြခဲ့တဲ့ ရွှေ့လျားမှု ပညာရပ်က ဆရာဘိုးဘေး ငရဲဘုံကိုးခုဧကရာဇ်ရဲ့ ပညာရပ်ပဲ"

"အရင်က ဆရာအဲ့တာကို အသုံးပြုတာ အမမြင်ဖူးတယ်"

"ဒါပေမဲ့ ဘယ်ဆရာဦးလေးဆီကနေ သင်ယူခဲ့လဲဆိုတာကိုတော့ အမသိချင်မိသား..."

ရှစ်ဖုန့်က ဟယ်ရွှယ်မနေ့က သူ့အားအလစ်တိုက်ခဲ့သည်ကို ပြန် အမှတ်ရလိုက်ပြီး တကယ်တမ်းလည်း သူ့အနေဖြင့် ထိုပညာရပ်အား အသုံးပြုခဲ့သည်။

သို့သော် သူ့အနေဖြင့် ထိုအချိန်က ယင်းကိုသိပ်အာရုံမထားခဲ့သော်လည်း ဤမိန်းကလေးကတော့ ၎င်းအား သတိထားမ်ိနေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။

ရှစ်ဖုန့်ပြန်မပြောနိုင်ခင်မှာပဲ ယွဲ့ဝူရွှမ်းက ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ မောင်လေးရဲ့ပုံစံကို အကဲဖြတ်ရသလောက်တော့ မောင်လေးက ဆရာဦးလေး ရှောင်ယောင်ရဲ့ တပည့်ဖြစ်လောက်တယ်.."

ယွဲ့ဝူရှန်းက စကားပြောရင်း နတ်သမီးယွဲ့ဗျူဟာ စာအုပ်သုံးတွဲအား ကိုင်ထားသော ရှစ်ဖုန့်ညာလက်ထံ အမှတ်တမဲ့ ကြည့်လိုက်မိသည်။

"အဟွတ် အဟွတ် အဟွတ် အဟွတ် အဟွတ်"

ယွဲ့ဝူရွှမ်း၏ မိုရှောင်ယောင် တပည့်ဖြစ်ရမည်ဟူသော စကားအားကြားလိုက်ရသောအခါ ရှစ်ဖုန့်မှာ အသက်ရှူမှုပင် ကမောက်ကမဖြစ်သွားရပြီး ချောင်းဆိုးသွားရသည်။

"ဒါ..ဒါက တကယ့်ကို နားလည်မှုလွဲတာ.."

ရှစ်ဖုန့်က ကူကယ်ရာမဲ့စွာ ရှင်းပြလိုက်သည်။

ယွဲ့ဝူရွှမ်းက ညင်သာစွာပြုံးကာ ခေါင်းကိုခါယမ်းပြလိုက်သည်။

ထို့နောက်သူမက ဖြည်းဖြည်းချင်း သူမ၏ အပြုံးအား ပြန်ရုတ်သိမ်းကာ လှည့်၍ လူအုပ်ထံမျက်နှာမူလိုက်၏။

သူမကလူအုပ်ကြီးအား ပြောလိုက်သည်။

"နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ နတ်ဆိုးသားရဲတောင်တန်းကို ဝင်ရောက်တဲ့ ပထမနေ့မှာတင် ကြုံရလိမ့်မယ်လို့ ဝူရွှမ်း မထင်ထားခဲ့မိဘူး.."

"အခုက နောက်ကျနေပြီ...ကျွန်မတို့ရှေ့ကို ဆက်ဖို့ကလည်း မသင့်တော်တော့ဘူး.."

"ဒီမှာပဲမနက်ဖြန်နေထွက်တဲ့ အချိန်ထိ ယာယီ စခန်းချကြတာပေါ့.."

"ကောင်းပါပြီ"

လူအုပ်ကြီးက ပြိုင်တူ အော်ပြောလိုက်ကြသည်။

အကယ်၍ ညဘက်တွင်သာ သူတို့ ရှေ့ဆက်ခဲ့လျှင် စူးစမ်းထောက်လှမ်းဖို့ ပိုမို၍ ခက်ခဲပြီး နတ်ဆိုးသားရဲများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရနိုင်သည်။

အထူးသဖြင့် ချုံပုတ်များထဲတွင် ပုန်းအောင်းနေတတ်ကြသော အဆိပ်ရှိသည့် မြွေနှင့် အင်းဆက်များ ပင်ဖြစ်သည်။

ထို့အပြင်နေ့ဘက်ထက် ညဘက်တွင် အမြင်အာရုံပိုကောင်းသော နတ်ဆိုးသားရဲများလည်း ရှိကြသည်။

ရန်သူကအားကောင်းနေပြီး သူတို့ကအားနည်းနေချိန်တွင် ကာကွယ်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သော အရာဖြစ်သည်။

အဆင့်နိမ့် သိုင်းပညာရှင်များအား ညအချိန်၌ နတ်ဆိုးသားရဲ တောင်တန်း အတွင်းတွင်လှည့်လည်သွားလာခြင်း မပြုရန် တားမြစ်ထားသည်။

ထိုအချင်းအရာကိုလည်း လူတိုင်း၏ နှလုံးသားထဲတွင် သိရှိကြ၏။

ထို့နောက်လူအုပ်ကြီးမှ စတင်၍ အလုပ်များအား ခွဲဝေလိုက်ကြသည်။

သူတို့က လူများအား ကင်းစောင့်ရန်၊ထင်းကောက်ရန်၊မီးဖိုရန်နှင့်ချက်ပြုတ်ရန် အတွက်လူခွဲလိုက်ကြသည်။

အရာအားလုံးက စနစ်တကျသွားလာနေ၏။

ထိုအချိန်တွင် ရှစ်ဖုန့်က သက်လတ်ပိုင်း အရွယ် ကြယ်ရှစ်ပွင့် ဆရာသခင်နယ်ပယ်တစ်​ယောက်နှင့် အတူ ထင်းကောက်ရန် ရွေးချယ်ခံရ၏။

သက်လက်ပိုင်းအရွယ် သိုင်းပညာရှင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကောင်လေး..မင်းကတော်သားပဲ.."

"ဘာကြီး.."

ရှစ်ဖုန့် စိတ်ရှုပ်ထွေးသွား၏။

သက်လတ်ပိုင်း အရွယ် သိုင်းပညာရှင်က ရယ်မောလိုက်သည်။

"ဟားဟား..တုံးအဟန် ဆောင်မနေနဲ့ကလေး.."

"လူတိုင်းရဲ့ မျက်လုံးထဲမှာ နတ်သမီးယွဲ့က မင်းကို ကွဲပြားစွာဆက်ဆံတာကို မြင်နိုင်ကြတယ်.."

"အခု ငါတို့အုပ်စုထဲက ငယ်ရွယ်သူအချို့က မင်းကို ရန်သူကြီး တစ်​ယောက်လို မြင်နေကြပီ"

"ငါပြောတဲ့သူတွေက အခုဒီကိုလာနေကြတယ်..."

သက်လက်ပိုင်းအရွယ်လူနှင့် ရှစ်ဖုန့်တို့က မျက်နှာချင်းဆိုင်ကာ ထင်းကုန်းကောက်နေကြသည်။

သူကစကားပြောနေရင်း ရုတ်တရက် ရှစ်ဖုန့်၏ နောက်ကို မော့ကြည့်လိုက်သည်။

ရှစ်ဖုန့်က ထရက်ကာ လှည့်ကြည့်လိုက်သည်။

အသက်နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက် အရွယ် လူငယ်နှစ်ယောက်က သူ၏ ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"မင်းသူတို့ကို ဂရုစိုက်မှရမယ်...ဒီညီကိုနှစ်​ယောက်မှ အဖြူနဲ့လူက အကြီးပဲ.."

"သူ့နမည်က လီပုယွင်လို့ ခေါ်ပြီး ကြယ်ငါးပွင့် စိတ်ဝိညာဉ် နယ်ပယ်တစ်ယောက်ပဲ.."

"အပြာနဲ့တစ်​ယောက်က သူ့ရဲ့ညီ လီပုရှန့် လို့ခေါ်တယ်"

"သူက ကြယ်လေးပွင့် စိတ်ဝိညာဉ်နယ်ပယ် တစ်​ယောက်ဖြစ်တယ်"

"သူတို့တွေ ဘယ်ကလာကြတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး.."

"လွန်ခဲ့တဲ့ငါးနှစ်ကသူတို့တွေ နတ်ဆိုးသားရဲမြို့တော်ကို လာခဲ့တယ်.."

"သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် နတ်ဆိုးသားရဲမြို့တော်က ကြေးစားအဖွဲ့တွေက သူတို့ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကြပေမဲ့ သူတို့က အားလုံးကိုငြင်းပယ်ခဲ့တယ်"

"ဒီညီကို နှစ်​ယောက်က အတူတကွ အလုပ်လုပ်ကြတာ"

"သူတို့ငါတို့နဲ့ အတူ နတ်ဆိုးသားရဲတောင်တန်းထဲကို ဝင်လာရတဲ့ အကြောင်းပြချက်က နတ်သမီးယွဲ့ကြောင့် ဖြစ်နိုင်လောက်တယ်.."

ရှစ်ဖုန့်၏ နောက်ဘက်ရှိ သက်လတ်ပိုင်း အရွယ်လူက တိုးဖျော့စွာ ရှင်းပြလိုက်သည်။

ဤလူနှစ်ယောက်မှာ ယွဲ့ဝူရှန်းစုဆောင်းခဲ့သော စိိတ်ဝိညာဉ်နယ်ပယ်ငါးယောက်ထဲမှ ဖြစ်သည်ကို ရှစ်ဖုန့်လည်း သတိထားမိသည်။

"ဟူး.."

ရှစ်ဖုန့်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်း ချ၍ သူတို့နှစ်ဉီးထံသို့ လျှောက်သွားလိုက်သည်။

တစ်ချိန်က ကမ္ဘာကြီးအား အပေါ်စီးကကြည့်ခဲ့သော ငရဲဘုံကိုးခုဧကရာဇ်မှာ တစ်နေ့၌ မနာလိုမှုတစ်ခုကြောင့်တိုက်ခိုက် ခံရလိမ့်မည်ဟု တစ်ခါမျှစိတ်မကူးမိခဲ့ပေ။

"မင်းရဲ့လက်နက်ကို ထုတ်လိုက်.."

"ငါတို့ မျှမျှ တတတိုက်ခိုက်ကြမယ်..."

"ရှုံးတဲ့လူက ဒီနေရာကနေ ထွက်သွားပေးရမယ်.."

"မင်းရဲ့ ကျန်တဲ့ ဘဝတစ်​လျှောက်လုံး နတ်သမီးယွဲ့ ရှေ့မှာ ပေါ်မလာမ်ိစေနဲ့..."

ညီငယ်ဖြစ်သူ လီပုရှန့်မှ ရှစ်ဖုန့်အား ဟိန်းဟောက်လိုက်သည်။

သူ၏လက်ကောက်ဝတ်အား လှစ်ကနဲလှုပ်လိုက်ပြီး သိုလှောင်လက်စွပ် အတွင်းမှ ရွှေရောင်ဓားကွင်းကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။

ရှစ်ဖုန့်က သစ်သားခြောက်အားသူ၏ လက်နှစ်ဖက်ထဲတွင် ကိုင်ထားပြီး လီပုရှန့်အား ခေါင်းခါပြလိုက်သည်။

"ဘာလဲမင်းအခု ကြောက်နေတာလား.."

လီပုရှန့်၏ မျက်နှာထက်တွင် အထင်သေးမှု သရော်​ပြုံးတို့ပေါ်လာပြီး ပြောလိုက်သည်။

"မင်းကြောက်နေတာဆိုရင်..အခုအော်ပြောလိုက်..ဒီနေ့ကစပြီး ငါတို့ ညီကို နှစ်ယောက် ရှေ့မှာ ပေါ်မလာတော့ပါဘူးလို့..."

"မဟုတ်ဖူး.မင်းနားလည်မှုလွဲနေပြီ"

ရှစ်ဖုန့်က သူ၏ ခေါင်းအား ဆက်ခါပြသည်။

"ငါအလျှင်လိုနေတယ်..မင်းတို့နှစ်ယောက်လုံး ငါ့ဆီကို တစ်ခုတည်းသာလာခဲ့ကြ"

"မင်း..မင်းတော့သေချင်နေတာပဲ.."

ရှစ်ဖုန့်၏စကားတို့က နှစ်​​ယောက်လုံးအား ချက်ခြင်း​ဒေါသထွက်သွားစေသည်။

လီပုရှန့်ကလေထဲသို့ခုန်လိုက်ကာ ရွှေပိုးချည်ဓားကွေးအား လေထဲသို့ မြှောက်လိုက်သည်။

ချက်ခြင်းဓားမှ သိပ်သည်းသော ရွှေရောင်အလင်းတန်း တောက်ပလာပြီး ရှစ်ဖုန့်အား ခုတ်ပိုင်းလိုက်သည်။

ထို့နောက်ချက်ခြင်း ဓားသွားချီမှာ ရှစ်ဖုန့်၏ ကိုယ်မှခေါင်းအား ခုတ်ပိုင်းရန် ထွက်သွားသည်။

"ဘာ..ဘာတွေဖြစ်နေတာလဲ.."

လီပုရှန့်၏ မျက်နှာထက်တွင် မယုံကြည်မှုဖြင့် ပြည့်နေသည်။

သူက ရှစ်ဖုန့်အား သူ၏ဓားဖြင့် စမ်းသပ်ရုံသာခုတ်ခဲ့ခြင်းဖြစ်ပြီး ရှစ်ဖုန့်အနေဖြင့်ထိုအရာအား ရှောင်တိမ်းသင့်သည်။

သို့သော် ရှစ်ဖုန့်ကတော့ တစ်ချက်တည်းဖြင့် အသတ်ခံရတော့မည့်သကဲ့သို့ ဖြစ်နေ၏။

"သူကတကယ်ပဲ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ် ဖြစ်နေတာလား"

သို့သော် မနေ့ကတော့ ရှစ်ဖုန့်အနေဖြင့် ဟယ်ရွှယ်အား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေသည်ကို လီပုရှန့် မျက်မြင်တွေ့ခဲ့ရသည်။

"သတိထား..ဘယ်ဘက်မှာ.."

ထိုအချိန်တွင် တစ်ချိန်လုံးလှုပ်ရှား​ခြင်း မရှိသော လီပုယွင်မှာ သတိပေးသည့်အနေဖြင့် အော်ပြောလိုက်၏။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters