အပိုင်း (၆၃)
Vol. 5 Ch. 63
"သတိထား...ဘယ်ဘက်ခြမ်းမှာ.."
ထိုအချိန်တွင် နောက်ဘက်တွင် တစ်ချိန်လုံး လှုပ်ရှားခြင်း မရှိခဲ့သော လီပုယွင်က သတိပေးသည့်အနေဖြင့် အော်ပြောလိုက်သည်။
"ဘယ်ဘက်မှာလား.."
သူ၏ ဘယ်ဘက်လက်မောင်းဆီမှ စူးရှသော နာကျင်မှုအား ခံစားလိုက်ရသော အခါတွင် လီပုရှန့်မှာ ပြန်လည်တုန့်ပြန်ပြောမိလ်ိုက်သည်။
၎င်းမှာသူအား ဧရာမတူကြီးဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ဖြစ်ကာ လွင့်ပျံထွက်သွားသည်။
"ဘန်း..."
လီပုရှန့် လွင့်ထွက်လာရာလမ်းကြောင်း၏ နောက်ဘက်တွင် လူသုံးယောက်ဖက်ရန်လိုအပ်လှသော ပမာဏခန့်ကြီးမားသည့် ဧရာမသစ်ပင်ကြီးက ပိတ်ဆို့ထားသည်။
လီပုရှန့်၏ တစ်ကိုယ်လုံးမှာ သစ်ပင်ကြီးနှင့် ပစ်ဆောင့်မိပြီး သူ၏ ကိုယ်မှာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျလာ၏။
ရှစ်ဖုန့်က သူ၏ လက်ထဲတွင် ထင်းများပို ပွေ့ပိုက်ထားဆဲဖြစ်သည်။
သူကတစ်ချ်ိန်လုံး လှုပ်ရှားခြင်း မရှိသော လီပုယွင်အား ကြည့်လိုက်၏။
သူကစိတ်မကျေနပ်စွာဖြင့် ခေါင်းခါရင်းပြောလိုက်သည်။
"ငါပြောပြီးသားလေ...မင်းတို့နှစ်ယောက်လုံး ငါ့ဆီကို အတူတကွလာကြလို့.."
"ငါအလျှင်လိုနေတယ်...ဒီတော့ ငါထပ်ပြီးတော့ နှောင့်နှေးမကြန့်ကြာချင်ဘူး.."
"ရိုင်းစိုင်းစော်ကားလိုက်တာ.."
လီပုယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူက သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ငွေရောင် မြွေပုံသဏ္ဍန် နှစ်ဖက်သွားဓားကိုထုတ်လိုက်ပြီး သူ၏ ညာလက်ဖြင့် ရှစ်ဖုန့်အား ထိုးလိုက်သည်။
ငွေရောင်မြွေဓားက အသက်ဝင်လာသော ငွေရောင်မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာပုံရသည်။
၎င်းကပါးစပ်ကိုဖွင့်ကာ မြွေပုံသဏ္ဍန် ဓားရိပ်များအား ရာနှင့်ချီ ပစ်လွှတ်လိုက်၏။
လီပုယွင်၏ ကိုယ်မှာ ရုတ်ချည်း ဓားရိပ်တို့ဖြင့် ရှုပ်ယှက်ခတ်လာသည်။
လေဆင်နှာမောင်း အသေးစားလေးကဲ့သို့ ၎င်းတို့က ရှစ်ဖုန့်ထံရစ်ပတ်လွှမ်းခြုံလာသည်။
"မင်းဟာက အပြစ်အနာအဆာ ဟာကွက်တွေအများကြီးပဲ.."
"ဒီလိုမျိုးလေးနဲ့ ငါ့ကိုနာကျင်စေမယ်လို့ ထင်နေတာလား.."
ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားကာ အထင်သေးသော သရော်ပြုံးအား ထုတ်ဖော်ပြလိုက်သည်။
သူကမရှောင်ခဲ့ပေ ထိုအစား ရှေ့ကိုပင်တိုးလိုက်သည်။
သူ၏ပုံရိပ်က လှစ်ကနဲဖြစ်သွားပြီး လီပုယွင်၏ ဓားရိပ်လေဆင်နှာမောင်း အတွင်းသို့ ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူ့အား ဓားရိပ်တို့က ဝါးမြိုသွားခဲ့သည်။
ရှစ်ဖုန့်ပြန်ပေါ်လာသော အချိန်တွင် သူသည် လီပုယွင်၏ နောက်ဘက်သို့ ရောက်နေနှင့်ပြီးဖြစ်သည်။
မြွေနဂါးပုံစံဓားရိပ်များက ပျောက်ကွယ်သွားပြီး လီပုယွင်၏ လက်ထဲရှိ ငွေရောင်မြွေဓားမှာ သူ၏ နဂိုမူလပုံစံသို့ ပြန်ပြောင်းသွားသည်။
လီပုယွင်၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေပြီး မျက်လုံးများပင်ပြူးကျယ်နေသည်။
"ဒါ..ဒါက..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ.."
သူစကားပြောပြီးသွားသော အခါတွင် လီပုယွင်မှာ ဘန်းဆိုသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ကံတရားအား မသိရှိရတော့ပေ။
"ဟေး..အခုက ကျုပ်တို့သွားရမဲ့အချိန်ပဲ.."
"သူတို့တွေ ကျုပ်တို့ကို ထင်းတွေသုံးဖို့ စောင့်နေကြတုံးပဲ.."
ရှစ်ဖုန့်က လှည့်ကာ အစောပ်ိုင်းက ထင်များအားကောက်ယူနေသော သက်လတ်ပိုင်းအရွယ် သိုင်းပညာရှင်အား အော်ပြောလိုက်သည်။
"ဒီ..ဒီလူငယ်လေးက အရမ်းသန်မာတယ်"
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် သိုင်းပညာရှင်မှာကြက်သေသေနေသည်။
မနေ့က ရှစ်ဖုန့်မှာ ဟယ်ရွှယ်အား တစ်ချက်တည်းဖြင့် လွင့်သွားအောင်လုပ်ခဲ့၏။
သူ့အနေဖြင့်ရှစ်ဖုန့်မှာ ဟယ်ရွှယ်ထက် အနည်းငယ်သာ သန်မာသည်ဟုထင်ခဲ့မိခြင်းဖြစ်သည်။
လှုပ်ရှားမှုအနည်းငယ်ဖြင့် ကြယ်လေးပွင့်နှင့်ကြယ်ငါးပွင့်စိတ်ဝိညာဉ်နယ်ပယ် လီညီအကိုအား သူကရင်ဆိုင်ခဲ့၏။
ဤလူငယ်လေးမှာမည်မျှ သန်မာပါသနည်း။
ရှစ်ဖုန့်၏ ခေါ်သံအားကြားရမှသာ သက်လတ်ပိုင်းအရွယ်လူမှာ အသိပြန်ကပ်လာခဲ့သည်။
ထိုအချိန်တွင် ရှစ်ဖုန့်အပေါ်ရှိသူ၏ အမြင်တို့က လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်၏။
"အားလုံးစုပြီးပြီ"
သက်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က ရှစ်ဖုန့်အား ခေါင်းငြိမ့်ပြကာ
သူ၏ လက်ထဲတွင် ထင်းများပ်ိုက်ပြီး ရွရွကလေး ပြေးလာသည်။
ရှစ်ဖုန့်အနားသို့ရောက်လာသောအခါ သူ၏ မသိစ်ိတ်ကသူ့အား ပိုမို၍ ထိန်းချုပ်လာမိသည်။
"သခင်လေးဖုန့် သူတို့ကို ဒီလိုပဲ ထားခဲ့တော့မှာလား"
"နတ်ဆိုးသားရဲတွေပေါ်လာပြီးတော့ သူတို့ကို ခေါ်သွားရင်ဘယ်လိုလုပ်မလဲ"
"သူတို့ဆီကို ကျရောက်လာမဲ့ ကံဆိုးမှုတွေအတွက် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်သင့်တယ်..."
ရှစ်ဖုန့်က ပြောလိုက်သည်။
"သူတို့တွေ ကျုပ်ကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက သူတို့ရဲ့ ကိုယ်ပိုင် အသက်ကိုလည်း လျစ်လျူ ရှုဖို့ အတွက် ဆုံးဖြတ်ထားဖို့လိုလိမ့်မယ်......သွားစို့"
"အိုး...ဟုတ်သား.."
သက်လတ်ပိုင်းအရွယ် သိုင်းပညာရှင်က ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
ယခုအချိန်တွင် ရှစ်ဖုန့်၏ ဆန္ဒများအား သူမည်ကဲ့သို့ ဆန့်ကျင်ရဲပါမည်နည်း။
ရှစ်ဖုန့်၏ ကိစ္စများ နှင့် ဒေါသတို့ကြားထဲတွင် သူဝင်စွတ်ဖတ်ပါက သူကဲ့သို့ သိုင်းဆရာသခက်တစ်ယောက်အဆင့်အား သတ်ပစ်ရန်မှာ ငှက်ပျောသီး အခွံ နွှာစား ရသည်ထက်ပင် လွယ်သေး၏။
ရှစ်ဖုန့် စခန်းသို့ ပြန်ရောက်သော အခါတွင် ယယီတဲများအား တစ်ခုပြီးတစ်ခု ဆောက်လုပ်ပြီးဖြစ်ကြသည်။
တဲများ ဝန်းကျင်တွင် သိုင်းသမားများအား ထားရှိထားပြီးနတ်ဆိုးသားရဲများ ရုတ်တရက် တိုက်ခိုက်လာနိုင်သောကြောင့် အားလုံးက စောင့်ကြပ်နေကြသည်။
ပတ်ဝန်းကျင်တွင် သိုင်းပညာရှင်များအား စောင့်ကြပ်ရန်စီစဉ်ထားသော်လည်း မည်သူကမျှတော့ သူတို့၏ သတိနှင့်အကာအကွယ်တို့အား လျော့မချရဲပေ။
ယင်းမှာ နတ်ဆိုးသားရဲများက ကောင်းကင်ပေါ်နှင့် မြေကြီးထဲမှာ ပေါ်လာနိုင်သေးသောကြောင့်ဖြစ်သည်။
နတ်ဆိုးသားရဲတောင်တန်းထဲတွင် အန္တရာယ်များက အချိန်မရွေးပေါ်လာနိုင်သည်။
ညအချိန်ကျရောက်လာသောအခါတွင် စခန်း၌ မီးပုံများဖြင့်ပြည့်နေ၏။
ကြက်ဆင်အဆင့်နှစ်နတ်ဆိုးသားရဲ၏ အသားကင်များအား စားပြီးနောက်ရှစ်ဖုန့်မှာသူ၏ တဲအတွင်းသို့ ပြန်ရန်ပြင်လိုက်စဉ်တွင် ပုံရိပ်နှစ်ခုကသူ၏ ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
သူတို့မှာ ဘီပုယွင်နှင့် လီပုရှန့်တို့ဖြစ်ကြသည်။
"ဘာဖြစ်လို့လဲ...မင်းတို့နှစ်ယောက်ကိစ္စမပြီးသေးဘူးလား.."
ရှစ်ဖုန့်က မီးပုံဘေးတွင် ထိုင်နေရင်း သူတို့ နှစ်ဦးအား ခေါင်းမော့ကြည့်၍မေးလိုက်သည်။
"မဟုတ်ဖူး.."
လီပုယွင်က ဖြည်းညှင်းစွာခေါင်းခါ၍ ပြောလိုက်သည်။
"ငါတို့က ဒီနေ့မှာ မင်းကိုအနိုင်ယူဖို့အတွက် လုံလောက်တဲ့ ကျွမ်းကျင်မှုမရှိတာကြောင့် မင်းကို အနိုင်မယူနိုင်ခင်အထိ နတ်သမီးယွဲ့နားကို မလျော်ကန်တဲ့ အပြုအမူတွေနဲ့ မချဉ်းကပ်ဖူးဆိုတာကို လာပြောပြတာ.."
"ဟုတ်တယ်.."
လီပုရှန့်က လေးနက်သော အမူအယာဖြင့်ပြောသည်။
"ဒါပေမဲ့ငါတို့ ဒါကိုလက်လျော့သေးတာတော့ မဟုတ်ဖူး..."
"ငါတို့ကြိုးကြိုးစားစား ကျင်ကြံမယ်.."
"ငါးနှစ်အတွင်း သေချာပေါက် မင်းကိုသာအောင်လုပ်မယ်.."
"မင်းကို အနိုင်ယူမယ်.."
"မင်းတို့မှာ အခွင့်အရေးရှိမှာမဟုတ်ဖူး.."
ရှစ်ဖုန့်က အမှန်အတိုင်းပြောသည်။
"မင်းတို့ နှစ်တစ်ရာလောက် ကျင့်ကြံရင်တောင် ငါ့ကို အန်ိုင်ယူနိုင်မှာမဟုတ်ဖူး.."
"ဒီအကြံအစည်ကို လက်လျော့လိုက်ဖို့ ငါမင်းတို့ကို အကြံပေးချင်တယ်.."
"မင်း.."
ညီကိုနှစ်ယောက်က ပြိုင်တူအော်လိုက်ကြသည်။
"မင်းအရမ်းမာနကြီးနေတာပဲ.."
"ဟူး.."
ရှစ်ဖုန့်က သက်ပြင်းချ၍ပြောလိုက်သည်။
"ငါအမှန်တရားကို ပြောပြနေတာ လိုက်လုပ်တာမလုပ်တာကတော့ မင်းတို့သဘောပဲ.."
ရှစ်ဖုန့်ကစကားပြောပြီးသည့်နောက်တွင် ညီကိုနှစ်ယောက်အား အာရုံထပ်စိုက်မနေတော့ပေ။
သူအနေဖြင့် အမှန်တရားအား တကယ်ပြောနေခဲ့ခြင်းဖြစ်သည်။
သူက ဖြည်းညှင်းစွာထရပ်လိုက်ပြီး တဲဆီသို့သွားလိုက်သည်။
တဲအပြင်ဘက်မှ လီပုရှန့်၏ မခံမရပ်နိုင်သော အသံအား ရှင်းလင်းစွာကြားနိုင်၏။
"မင်းစောင့်နေစမ်းပါ..ငါမင်းကိုငါးနှစ်အတွင်း သေချာပေါက် အနိုင်ယူပြမယ်...ငါးနှစ်အတွင်း.."
တဲ၏ အတွင်းပိုင်းမှာ အရမ်းကိုပဲသေးငယ်ပေသည်။
မြက်ခြောက်ဖျာနှင့် စောင်တစ်ထည်သာရှိသည်။
ရှစ်ဖုန့်က စောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာယင်ယန် တမာန်တော် နှစ်ယောက်ဆီမှ ရလာခဲ့သော သိုလှောင်လက်စွပ်တို့ အတွင်းမှ ကမ္ဘာဦးကျောက်တုံးများအား ထုတ်လိုက်သည်။
ထို့နောက်သူက ငရဲဘုံကိုးခု ပညာရပ်အား အသက်သွင်းလိုက်ကာ စတင်၍ ကျင့်ကြံလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း တစ်ညတာကုန်ဆုံးသွား၏။
ရှစ်ဖုန့်က သူ၏မျက်လုံးကို ဖွင့်ကာ စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
ငရဲဘုံကိုးခု နည်းစနစ်၏ ပြင်းထန်သော အင်းအားဖြင့် တစ်ညလုံးစုပ်ယူခဲ့ပြီး သူ့အနေဖြင့် အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး သုံးထောင် စုပ်ယူခဲ့သည်။
ထပ်ပေါင်းရလျှင် မနေ့ညကလည်း နတ်ဆိုးသားရဲမြို့အတွင်း၌ အဆင့်နိမ့်ကမ္ဘာ ဦးကျောက်တုံး သုံးထောင်နီးပါးစုပ်ယူခဲ့သည်။
ဤအချိန်တွင်သူ့၌ အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး နှစ်သောင်းလေးထောင် ကျန်ရှိနေသေးပြီး အလယ်အလတ်အဆင့် ကျောက်တုံး ငါးရာမှာလည်း အသုံးမပြုရသေးပေ။
သို့သော် လွန်ခဲ့သော နှစ်ညက စုပ်ယူခဲ့သော ကမ္ဘာဦးကျောက်တုံး ခြောက်ထောင်နှင့် သေဆုံးသွားသော သိုင်းပညာရှင်များနှင့် နတ်ဆိုးသားရဲများမှ စုပ်ယူခဲ့သော သေခြင်းစွမ်းအင်များ ထပ်ပေါင်းလျှင်တောင် ရှစ်ဖုန့်၏ ကျင့်ကြံမှု အဆင့်မှာ သုံးဆယ်ရာခိုင်နှုန်းသား တိုးပွားလာခဲ့၏။
သူ့အနေဖြင့်ကြယ်လေးပွင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဖြစ်လ်ိုလျှင် အနည်းဆုံးကမ္ဘာဦးကျောက်တုံးတို့အားစုပ်ယူရန် ခုနှစ်ညခန့်လိုအပ်မည်ဖြစ်ပြီး နောက်ထပ် ကမ္ဘာဦးကျောက်တုံး နှစ်သောင်းခန့်လိုအပ်မည်ဖြစ်သည်။
လူတစ်၏ ကျင့်ကြံမှု အဆင့်ပိုမြင့်လာလေ ပို၍ အဆင့်တက်ရန် အတွက် ခက်ခဲလာလေဖြစ်သည်။
ယခု ရှစ်ဖုန့်အနေဖြင့်ကား ငရဲဘုံကိုးခု ပညာရပ်အား ကျင့်ကြံထားခြင်းဖြစ်၏။
ငရဲဘုံကိုးခုပညာရပ်မှာ အရမ်းကို ကြီးစိုးလှပြီး ကောင်းကင်ဘုံအားဆန့်ကျင့်နေသော ပညာရပ်ဖြစ်သည်။
အခြားသူများဆိုပါက စိတ်ဝိညာဉ်နယ်ပယ်၏ ကြယ်တစ်ပွင့် တိုးတက်ရန် ဖြည်းညှင်းစွာဖြင့် အချိန်ကြာမြင့်စွာ ကျင့်ကြံရမည်ဖြစ်သည်။
သူတို့၏ ဒန်တန်အတွင်းတွင် အဆီနှစ်စွမ်းအင်များအား နှစ်ပေါင်းများစွာ ကြိုးစား စုဆောင်းပြီးသောအခါတွင် ပင် သူတို့ နားလည်သဘောပေါက်နိုင်စွမ်းအပေါ်တွင် မူတည်နေသေးသည်။
လူအချို့ဆိုလျှင် ထိုးထွင်းသိမြင်နိုင်စွမ်း လုံလောက်မှုမရှိသောကြောင့် တစ်ဆို့ကျန့်ကြာနေကြပြီး သူတို့၏ ဘဝတစ်လျှောက်လုံး အဆင့် ထက်တက်နိုင်စွမ်း မရှိကြချေ။
ရှစ်ဖုန့် အတွက်မူကား သူသည် ယခင်ဘဝက အထွတ်အထိပ် သိုင်းဧကရာဇ်တစ်ပါးဖြစ်သည်။
သူ့တွင်ချို့တဲ့နေသောအရာမှာ သိုင်းပညာအပေါ်တွင် နားလည် သဘောပေါက်နိုင်စွမ်းမဟုတ်ပေ။
ထို့ကြောင့်သူ့အနေဖြင့် လုံလောက်သော စွမ်းအင်ပမာဏသာ ရှိနေပါက တိုက်ရိုက်အဆင့်တက်လှမ်းနိုင်သည်။
သို့သော်လည်း ရှစ်ဖုန့်အနေဖြင့် နောက်ထပ်ပြဿနာတစ်ခုအား ရှာတွေ့ခဲ့၏။
သူ၏ ဒန်တန်မှာ ကောင်းကင်ဘုံမီးတောက်နှင့် ပေါင်းစပ်ထားသောကြောင့် သူအဆင့်တက်ရန်အတွက်လိုအပ်သော စွမ်းအင်ပမာဏမှာ ယခင်ဘဝကထက် နှစ်ဆမျှ ပိုမိုလိုအပ်သည်။
သူယခုထုတ်လွှတ်နိုင်သော ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ် စွမ်းအားမှာလည်း ယခင်ဘဝကထက် အဆများစွာပိုမိုပြင်းထန်၏။
ဤရှာဖွေတွေ့ရှိချက်က ကောင်းလားဆိုလား ရှစ်ဖုန့်သိပေ။
အနာဂတ်တွင်သူ၏ အထွတ်အထိပ်အဆင့်သို့ ပြန်တက်လှမ်းနိုင်လျှင်သူ့အနေဖြင့် ယခင်ထက်ပိုမို၍ သန်မာနေမည်ဖြစ်သည်။
ပြီးတော့သူလျှောက်လှမ်းရမည့် လမ်းကြောင်းမှာလည်း ယခင်ဘဝထက်ပိုကြာညောင်းပြီး ခလုတ်ခသင်း များ ပိုမိုများပြားလာမည်ဖြစ်သည်။
အထွတ်အထိပ်ဧကရာဇ် နယ်ပယ်တစ်ယောက်အဖြစ်သို့ ပြန်တက်လှမ်းရန်အတွက်မှာကား တော်တော်လေးခက်ခဲမည်ဟု ပြောနိုင်သည်။
"ဒီအရှင်က ဘဝတစ်လျှောက်လုံး သိုင်းပညာရဲ့ အထွတ်အထိပ်လမ်းစဉ်ကို လိုက်စားဖို့ရည်ရွယ်ထားတာ.."
"ဒါက ဘာမှမဟုတ်ဖူး.."
"ငါဒီအပေါ်မှာ အချိန်နဲ့ စွမ်းအင်ကို ပိုမိုသုံးစွဲမယ်"
"ဒီအရှင်က အထွတ်အထိပ်အဆင့်ကို ပြန်လညတက်လှမ်းပြီးတော့ အရင်ထက်ပိုမိုသန်မာတဲ့ ခွန်အားကို ရရှိအောင်လုပ်မယ်.."
"ဒါကလည်း ဒီအရှင်ရဲ့ အချုပ်အနှောင်ကို ချိုးဖြတ်ဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်နေနိုင်တယ်.."
ရှစ်ဖုန့်၏ အမူအယာမှာ ဖြည်းဖြည်းချင်း ပိုမို၍ ပြတ်သားခိုင်မာလာသည်။
ဆက်ရန်....
ဘာသာပြန်သူ-Arise