အပိုင်း (၆၄)
Vol. 5 Ch. 64
တစ်ညတာကုန်ဆုံးပြီးနောက် လူအုပ်ကြီးမှာ ခရီးဆက်ပြန်သည်။
ပြီးခဲ့သော ညဘက်ခင်းက အေးချမ်းခဲ့သည်။ သူတို့အနေဖြင့် နတ်ဆိုးသားရဲ အချို့အား တွေ့ခဲ့ရသော်လည်း ကင်းလှည့်တာဝန်ကျသော သိုင်းသမားများက ၎င်းတို့အား သုတ်သင်ပစ်ခဲ့သည်။
ပျံသန်းနိုင်သော နတ်ဆိုးသားရဲများလည်း ကောင်းကင်ထက်၌ ပေါ်လာခဲ့သော်လည်း ကံကောင်းစွာဖြင့် ၎င်းတို့မှာ အဆင့်နှစ်များသာဖြစ်ကြသည်။
ကြယ်နှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် ကြယ်သုံးပွင့်စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်သာလျှင် အနည်းငယ်ဒဏ်ရာရခဲ့ပြီး နောက်ဆုံး၌သတ်ဖြတ်နိုင်ခဲ့သည်။.
၎င်းမှာမနေ့ကဖြစ်ပျက်ခဲ့ရသော သေကြေဒဏ်ရာရသူများကြောင့်ဖြစ်နိုင်သလို နတ်ဆိုးသားရဲတောင်တန်း၏ အတွင်းပိုင်း အတွင်းသို့ သူတို့ ဝင်ရောက်လေ လူတိုင်း၏ သတိတို့က ပိုမို၍နိုးကြားလာသောကြောင့်လည်းဖြစ်နိုင်သည်။
သူလမ်းလျှောက်နေရင်း အေးစက်သော အကြည့်တစ်ချို့က သူ့ထံသို့ ကျရောက်နေသည်ကို ရှစ်ဖုန့်ခံစားမိသည်။
ဤအကြည့်များမှာ ငယ်ရွယ်သော ယောက်ျားလေး အချို့ထံမှာလာခြင်းဖြစ်သည်။
အချို့ဆိုလျှင် သူ၏ ထံသို့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတို့ကိုပင် ပို့ လွှတ်နေသေး၏။
ဤလူများ ယခုကဲ့သို့ လုပ်ဆောင်နေရခြင်းမှ ယွဲ့ဝူရွှမ်းကြောင့်ဖြစ်ကြောင်းကို ရှစ်ဖုန့်နဂိုထဲကနားလည်ပေသည်။
"မိန်းမလှလေးတွေဟာ ကပ်ဘေးဒုက္ခရဲ့ ဖြစ်ရခြင်း အကြောင်းအရင်းတွေလို အားလုံးကပြောကြတယ်.."
"ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ.."
"ဒီလူတွေက သူတို့ကိုယ်သူတို့စိတ်ကြီးဝင်ပြီး ငါ့ကိုသတ်ချင်တာကို သိသိသာသာပဲ ထုတ်ပြနေကြတယ်..."
"ဒီကောင်တွေကတော့ နတ်ဆိုးသားရဲတောင်တန်းထဲမှာ ထာဝရ ဂူအောင်းရတော့မှာပဲ.."
ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။
မနေ့ကလီညီအကိုအား သူမသတ်ဖြတ်ခဲ့ခြင်း၏ အကြောင်းပြချက်မှာ ၎င်းတို့အနေဖြင့်သူ့အား အနိုင်ယူရန်ရည်ရွယ်ချက်တစ်ခုဖြင့်သာလာတွေ့ခဲ့ပြီး သတ်ဖြတ်ရန်ရည်ရွယ်ချက် တကယ်ရှိမနေကြသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်အနေဖြင့် မနေ့က ချင်ဖုန်းဂေဟာတွင် သူနှင့်ဆုံခဲ့သော မိတ်ဆွေဟောင်းကြီး ဟယ်ရွှယ်မှာ အပူတပြင်းလိုက်လာပြီး နောက်၌ပုန်းအောင်နေသည်ကို အာရုံခံမိသည်။
သူ၏ အာရုံခံမှုအရ ဟယ်ရွှယ်မှာ စုစုပေါင်း သူနှင့်အတူ လူ ဆယ့်ငါးယောက်အား ခေါ်ဆောင်လာခဲ့သည်။
သူတို့ထဲမှ နှစ်ယောက်တွင် သန်မာသော ရောင်ဝါများ ရှိကြပြီး သူတို့၏ ကျင့်ကြံမှုမှာ ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ် ခန့်ရှိမည်ဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့်သူတို့အား စိတ်ထဲတွင် မထည့်ထားပေ။
သူ့အနေဖြင့် ၎င်းတို့အား သူ၏ တံခါးဝထိပ်သို့ အရောက်ပို့ပေးသော မြေသြဇာများအဖြစ်သာ မှတ်ယူထားသည်။
ရှစ်ဖန့်ကျင့်ကြံသော ငရဲဘုံကိုးခုပညာရပ်နှင့် သူ၏ ဒန်တန်ရှိ ကောင်းကင်ဘုံမီးတောက်တို့အတွက် လူများအားသတ်ဖြတ်ပြီး သွေးများကိုသောက်သုံးခြင်းက သူ၏ ကျင့်ကြံခြင်းအား မြှင့်တင်ရန်အတွက် အမြန်ဆုံးသော နည်းလမ်းဖြစ်သည်။
ယခုသူ့အတွက် သေခြင်းစွမ်းအင်၊ဝိညာဉ်ခွန်အားနှက်လက်ဆတ်သောသွေးတို့လာရောက်ဆက်သနေခြင်းအား ရှစ်ဖုန့်အနေဖြင့် ဘာကြောင့်လက်သင့်မခံပဲနေရမည်နည်း။
ဖြည်းဖြည်းချင်း နတ်ဆိုးသားရဲတောင်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်လာမိလေ မကြာခဏနတ်ဆိုးသားရဲများဖြင့် ပက်ပင်းကြုံရပြီး အဆင့်မြင့်နတ်ဆိုးသားရဲများလည်းပါသည်။
ယခုအချိန်တွင် အဆင့်တစ်နတ်ဆိုးသားရဲများအား ထပ်မတွေ့ရတော့ပေ။
အဆင့်သုံးနတ်ဆိုးသားရဲများမှာ မကြာခဏပေါ်လာပြီး သေကြေဒဏ်ရာသော သိုင်းသမားများမှာလည်း တဖြည်းဖြည်းနှင့်ပိုမိုများပြားလာသည်။
နေ့တစ်ဝက်ဖြင့်ပင် အခြားသိုင်းဆရာသခင်ငါးယောက်နှင့် ဒဏ်ရာရရှိထားခဲ့ပြီးသော သိုင်းသမားဆယ့်သုံးယောက်တို့ သေဆုံးသွားကြသည်။
သို့သော် နတ်ဆိုးသားရဲများ၏ လက်မောင်းတို့အား ကိုက်ဖြတ်ခံရသော သိုင်းသမားသုံးယောက်နှင့် ပေါင်တံအားကိုက်ဖြတ်ခံရသော သိုင်းသမားတစ်ယောက်တို့မှလွဲ၍ ကျန်သူများ၏ ကိုယ်လက်အင်္ဂါတို့မှာ မူလပကတိအတိုင်းရှိနေကြသေးသည်။
ယွဲ့ဝူရွှမ်း၏ ကုသပေးမှုအောက်တွင် ဒဏ်ရာများအား ထိန်းချုပ်ထားနိုင်ပြီး ဖြည်းဖြည်းချင်း ပြန်လည်၍ကောင်းမွန်လာသည်။
ခြေတို့လက်တို့ ဆုံးရှုံးသွားသောသူများကိုလည်း ကုသပေးထားသည်။
သို့၏ ထိခိုက်ဒဏ်ရာများအား တားဆီးရပ်တန့်နိုင်ခဲ့ပြီး သူတို့၏ အသက်များအား ကယ်တင်နိုင်ခဲ့သည်။
ဤသိုင်းပညာရှင်များမှာ နတ်ဆိုးသားရဲတောင်တန်းတွင် နှစ်ပေါင်းများစွာလှည့်လည်နေထိုင်နေကြသောသူများဖြစ်ကြပြီး နှစ်ပေါင်းများစွာသေခြင်းရှင်ခြင်းကြားထဲတွင် နေထိုင်လာခဲ့ကြသောသူများဖြစ်ကြသည်။
သူတို့အားလုံးမှာ နတ်ဆိုးသားရဲတောင်းတန်းမှာ မည်မျှ အန္တရာယ် ရှိကြောင်း ကို ကောင်းစွာနားလည်သဘောပေါက်ကျသည်။
သူတို့မှာ သေကြေ ပျက်စီးမှုများသို့မဟုတ် မသန်းမစွမ်းဖြစ်နိုင်မှုများ အတွက် ကြိုတင်၍ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားကြသော်လည်းကံဆိုးမှုတို့က သူတို့၏ ရှေ့မှောက်သို့ ဆိုက်ရောက်လာသော အခါတွင် ထိုအရာအား လက်ခံရန်အတွက် မှာ ခက်ခဲကြဆဲဖြစ်သည်။
"ငါ့လက်...ငါ့လက်ကမရှိတော့ဘူး..ငါ..ငါဒီလက်ကို လုံးဝ ဆုံးရှုံးလိုက်ရပြီ.."
"ငါ့ခြေထောက်...အား...ငါ့ခြေထောက်တွေ..အားဟား...ငါဒီလိုဘဝမျိုးနဲ့ဘယ်လို ရှင်သန်ရမှာလဲ.."
"ငါ့မိဘတွေ..ငါ့မိန်းမနဲ့ကလေးတွေက ငါ့ကိုလိုအပ်နေကြသေးတယ်.."
လူအုပ်ထဲမှ ငိုကြွေးသံများထွက်ပေါ်လာသည်။
လူအများစုက သူတို့၏ ခေါင်းကိုခါယမ်းကာ ကရုဏာသက်စွာဖြင့်သက်ပြင်းများချလိုက်ကြသည်။
အေးစက်သောမျက်နှာနှင့်လူများကလည်း သူတို့အနေဖြင့် ဤလမ်းကြောင်းအား ရွေးချယ်ထားခဲ့ကြသောကြောင့် မကြာခင်သူတို့သည်လည်း ထိုသို့ဖြစ်နိုင်သည်ကို သဘောပေါက်ကျသည်။
သူတို့၏ ခြေလက်တို့အား မဆုံးရှုံးလိုက်ကြရသောကြောင့်ကျေနပ်ပီတိဝမ်းသာအားရ ဖြစ်နေကြသော သူအချို့လည်း ရှိသည်။
ငိုကြွေးသံများအားကြားရသောအခါတွင် တော်တော်လေးပင် စိတ်လှုပ်ရှားနေကြသေးသည်။
ဒါဇင်နှင့်ချီသော လူများကြားထဲတွင် လူသားတို့၏ ရှုပ်ထွေးမှုသဘောတရားတို့က တိတ်တဆိတ် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် တောင်တန်းအတွင်းရှိ သစ်ပင်များမှာလည်း ပိုမိုရှည်လျား၍ထူထပ်လာသည်။
သူတို့၏ ခေါင်းထက်တွင် သစ်ရွက်တို့က သိပ်သည်းစွာ အုံ့ဆိုင်းနေကာနေ့အလင်းရောင်ကိုပင် တိုးမပေါက်အောင်ဖြစ်နေသည်။
ယခုအချိန်မှာ နေ့အချိန်သာဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိလေထုမှာရုတ်တရက် မှုန်မှိုင်း ပြီး ထူးဆန်းလာသည်။
ယခုအဖွဲ့၌ ယွဲ့ဝူရွှမ်းအား ထည့်မတွက်လျှင် ခုနှစ်ဆယ့်ခြောက်ယောက် အသက်ရှင်သည်။
ဤလူခုနှစ်ဆယ့်ခြောက်ယောက်၏ ဖွဲ့စည်းပုံမှာ ပိုမို၍ အသေးစိတ်အသားကျလာသည်။
စိတ်ဝိညာဉ်နယ်ပယ်သိုင်းပညာရှင် ငါးယောက်က လူဆယ့်လေးယောက်စီအား ဦးဆောင်ပြီး အဖွဲ့ငါးဖွဲ့၏ အလယ်တွင်ယွဲ့ဝူရွှမ်းအားထားထားသည်။
ရှစ်ဖုန့်မှာမူ ယွဲ့ဝူရွှမ်း၏ ဘေးတွင် နေရာချထားခံရပြီး သူမ၏ သီးသန့်ကိုယ်ရံတော်ကဲ့သို့ ဖြစ်လာသည်။
နှစ်ယောက်စလုံးမှာ အဖြူရောင်ကို ဝတ်ဆင်ထားပြီး သူတို့အား ပို၍ ပင်းအာရုံဖမ်းစားစေ၏။
ထိုအချိန်တွင် သူ့ထံသို့ ရောက်လာနေသော အကြည့်တို့က ပိုမို၍ အေးစက်လာသည်ကို ရှစ်ဖုန့်ခံစားမိသည်။
အချို့ဆိုလျှင် လူသတ်ချင်စိတ်များပင် ပိုမို၍ပြင်းထန်လာကြ၏။
"အလှလေး မင်းငါ့ကို ဒုက္ခတွေပေးနေသလိုပဲ..."
"အခုငါ့ဆီကို အမုန်းတရားတွေ ပိုမို ဆွဲဆောင်စေမိနေပြီ.."
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကို ထက်တွန့်တက်လိုက်သည်။
"ဂျူနီယာမောင်လေး..ဘာတွေပြောနေတာလဲ.."
"စီနီယာ အမကြီးက ဒါတွေအကုန်လုံး မောင်လေး ကောင်းဖို့ အတွက်လုပ်ခဲ့တာလေ.."
"မင်းသာတစ်ခုခုဖြစ်သွားရင် နောက်ကျ ဦးလေး ရှောင်ယောင်ကို တွေ့တဲ့အခါ မမသူ့ကို ဘယ်လိုရှင်းပြရမှာလဲ.."
ယွဲ့ဝူရွှမ်း ကပြောလိုက်သည်။
သူမမှာ ရှစ်ဖုန့်အား မိုရှောင်ယောင် ၏ တပည့်ဖြစ်သည်ဟု ဆုံးဖြတ်ထားပုံရသည်။
ရှစ်ဖုန့်မှာ သူမအား ရှင်းပြရန် ခွန်အား ပင် မရှ်ိပေ။
သူကိုယ်တိုင်ပင်ဘာတွေဖြစ်သွားမှန်းအား မသိတော့ပါ။
ထို့အပြင် လက်ရှိသူ၏ ခွန်အားဖြင့် ငရဲဘုံကိုးခုဧကရာဇ် အသက်ရှင်နေသေးသည်ဟု အခြားသူများအား အသိပေးခြင်းက ကောင်းမွန်သော အရာမဟုတ်ပေ။
ရှစ်ဖုန့်ဘာမှ မပြောသည်ကိုတွေ့ရသောအခါ ယွဲ့ဝူရွှမ်းက ဆက်ပြောလိုက်သည်။
"မြေပုံအရတော့ ဒီတောအုပ်ကို ယင်တောအုပ်လို့ခေါ်တယ်.."
"အရိပ်ဝံပုလွေမျိုးနွယ်ရဲ့ အဆင့်သုံးနတ်ဆိုးသားရဲတစ်ကောင် ပိုင်ဆိုင်တဲ့နယ်မြေပဲ.."
"တို့တွေ သွားရမဲ့နေရာကို ရောက်ဖို့ဆိုရင် တို့တွေဒီတောအုပ်ကို ဖြတ်သွားဖို့လိုတယ်.."
"အကယ်၍ အရိပ်ဝံပုလွေကသာ တို့တွေတွေကိုရှာတွေ့သွားရင် လူတွေဘယ်လောက်တောင် သေကြရအုံးမလဲမသိဘူး.."
"ဟူး..."
သိုင်းပညာရှင်အများအပြားစုစည်းသွားလာခြင်းက အဆင့်သုံးနတ်ဆိုးသားတစ်ကောင်အား အရမ်းကြောက်နေစရာတော့မလိုပေ။
ကြောက်စရာကောင်းသည်က ဝံပုလွေများသည် အုပ်လိုက်နေထိုင်ကြခြင်းဖြစ်သည်။
သူတို့အား ယင်ဝံပုလွေက ရှာဖွေ တွေ့ရှ်ိသွားပြီး ၎င်းအား အချိန်တိုအတွင်း မသတ်နိုင်ခဲ့လျှင် ၎င်းအနေဖြင့် ယင်ဝံပုလွေအုပ်ကြီးအား ဆင့်ခေါ်နိုင်၏။
"အားလုံး အာရုံစိုက်ကြ.."
"မင်းတို့တွေ ယင်ဝံပုလွေတစ်ကောင်ကို ရှာတွေ့တာနဲ့ အတူတကွသတ်ဖြတ်ဖို့အတွက် အားလုံးကို ချက်ခြင်း အသိပေးပါ.."
"အဲ့လိုမှမဟုတ်ပဲ..ငါတို့သာ ဝံပုလွေအုပ်စုကြီးကို ဆင့်ခေါ်မိခဲ့ရင် ငါတို့အားလုံး သေကြရလိမ့်မယ်.."
လူအုပ်ထဲမှာ တစ်စုံတစ်ယောက်က သတ်ိပေးလိုက်သည်။
"အကယ်၍ ယင်ဝံပုလွေအုပ်ကြီးပေါ်လာခဲ့ရင်ရော.."
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"ငါတို့တွေတစ်ခြားဘာလုပ်နိုင်မှာတုံး.."
"မင်းသာ မသေချင်ဘူးဆိုရင် မြန်မြန်သာ သုတ်ခြေတင်ပြေးပေတော့.."
တစ်စုံတစ်ယောက်ကပြောလိုက်သည်။
သို့သော်ထိုလူက ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့ လွန်ခဲ့တဲ့တစ်လလောက်က မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့ ခေါင်းဆောင် ဟယ်လုံက ဦးဆောင်ပြီး ဒီလမ်းကိုဖြတ်သန်းထားခဲ့တယ်.."
"တစ်ချိန်တည်းမှာပဲ အဆင့်လေး နတ်ဆိုးသားရဲဆယ်ကောင်ကျော်ကို သူတွေ့ခဲ့တယ်.."
"သူတို့က ရေခဲဝက်ဝံတွေပဲ..တောအုပ်ထဲမှာပေါ်လာပြီးတော့ ယင်ဝံပုလွေ မျိုးနွယ်စုနဲ့ ကြီးမားတဲ့တိုက်ပွဲဖြစ်နေခဲ့တာ.."
"အဆုံးသတ်မှာတော့ ရေခဲဝက်ဝံဆယ်ကောင်ကျော်ဟာ အရိပ်ဝံပုလွေမျိုးနွယ်စုရဲ့ သတ်ဖြတ်သုတ်သင်ခြင်းကိုခံခဲ့ရတယ်.."
"အရိပ်ဝံပုလွေ မျိုးနွယ်စုမှာလည်း ကြီးမားတဲ့ သေကြေ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်.."
"ဟယ်လုံ နတ်ဆိုးသားရဲမြို့ကိုပြန်လာတဲ့အခါမှာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ရေခဲဝံပုလွေအလောင်းဆယ်လောင်းကျော်နဲ့ အရိပ်ဝံပုလွေ အလောင်း တစ်ရာကျော်ကိုသယ်ဆောင်လာခဲ့တာ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့တယ်.."
"ဝက်ဝံနဲ့ ဝံပုလွေတိုက်ပွဲကြားမှာ အကျိုးအမြတ်ထွက်ခဲ့တာကတော့ ဟယ်လုံပဲ.."
"ဟုတ်တယ်..ဟုတ်တယ်.."
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ယင်ယန်တောအုပ်ပို ငါတို့တွေ ဒီထက်ပိုပြီး ယင်တောအုပ်က်ို ကြောက်နေစရာမလိုတော့ဘူး.."
"ယင်ဝံပုလွေတွေ ရှိနေရင်တောင် အများကြီး ရှိနေမှာမဟုတ်ဖူး.."
"မဟုတ်ရင် လူတွေအများကြီးက ယင်တောအုပ်ထဲကို ဝင်မယ်လို့ စဉ်းစားကြမယ်ထင်လို့လား.."
"နတ်သမီးယွဲ့ရဲ့ အခကြေးငွေပေးတာက မြင့်မားတယ် ဆိုရင်တောင်
ငါတို့အနေနဲ့က အဲ့တာတွေကိုသုံးဖို့ အတွက် အသက်ရှင်နေဖို့လိုသေးတယ်.."
"မင်းကြားတယ်မဟုတ်လား.."
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်း ကိုပြောလိုက်သည်။
"ဒီနေရာမှာ မင်းဘာမှထပ်ပီးတော့ ကြောက်ရွံ့နေစရာ မလိုတော့ဘူး.."
"မင်းမလိုအပ်ပဲ စိတ်ပူနေတာပဲ..."
"အဲ့လိုထင်တာပဲ.."
ယွဲ့ဝူရွှမ်းက ခေါင်းငြိမ့်ပြလိုက်သည်။
ယွဲ့ဝူရွှမ်းစကားပြောပြီးသောအခါတွင် ရှေ့ဘက်ရှိတောအုပ်၏ အမှောင်ထုအတွင်းမှ အစိမ်းရောင်အလင်းများ ရုတ်တရက် တောက်ပလာ၏။
ဆက်ရန်...
ဘာသာပြန်သူ-Arise