← Chapters

ရောင်းထွက်ခြင်း

Vol. 08 Ch. 392

ရောင်းထွက်ခြင်း

Vol. 08 Ch. 392

ညမိုးချုပ်လာပြီဖြစ်သည်။ ပစ္စည်းအားလုံး ချပြီးသွားခဲ့ပြီဖြစ်သည်။ နှစ်စီးစာအား ကားဂိုဒေါင်ထဲ သိမ်းဆည်းလိုက်ပြီး ကျန်ပစ္စည်းများအား ခြံဝင်းထဲတွင် စုပုံထားသည်။ ထိုအချိန်အတွင်း ချီနန်သည် ဒါဇင်နှင့်ချီသော အလုပ်သမားများအား ကြီးကြပ်ခဲ့သည်။

ခန်းရှမှာမူ ညနေလေယာဉ်လက်မှတ် ဝယ်ထားသောကြောင့် အချိန်အားမရှိသော ထန်ရှုသည် ချီနန်အား ခန်းရှကို လေဆိပ်သို့လိုက်ပို့ပေးရန် တောင်းဆိုခဲ့ရသည်။

အရာအားလုံး အဆင်သင့်ရှိနေပြီဖြစ်သည်။

ထန်ရှုသည် စီးကရက်ကို မီးညှိလိုက်သည်။ တစ်ဖွာလောက် ရှိုက်လိုက်ပြီး ရေမိုးချိုးရန် ဒုတိယထပ်ကို သွားကာ ရေချိုး၊ အဝတ်အစားလဲပြီးနောက် လေးငါးနာရီခန့် အိပ်ပျော်သွားခဲ့သည်။ အိပ်ရာမှ ထလာသည့်အခါ အဝါရောင်စက္ကူနှင့် ဟင်္သာပြဒါးမင်ရည်များ စုပုံထားသည့် စာဖတ်ခန်းသို့ သူ သွားလိုက်သည်။

လက်နက်တန်ဆာများကို သန့်စင်လိုပါက စစ်မှန်သောမီးတောက် လိုအပ်သည်။

ထန်ရှုသည် ဆန်းကြယ်သော ပညာရပ်များဖြင့် စစ်မှန်သောမီးကို ဖန်တီးရာတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ကြယ်စွမ်းအားသည် နာရီဝက်သာ ကြာနိုင်သည်ကို တွေ့ရှိခဲ့သည်။ ထိုစွမ်းအားကို အမှီပြုကာ သန့်စင်သော လက်နက်တန်ဆာများအတွက် စစ်မှန်သော မီးဖန်တီးခြင်းသည် လုံးဝဖြစ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူသည် စစ်မှန်သောမီးသင်္ကေတကို အသုံးပြု၍ အခြားနည်းလမ်းများကိုသာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သန့်စင်မှုလုပ်ငန်းပြီးဆုံးရန်အတွက် စဉ်ဆက်မပြတ် ကြယ်စွမ်းအားပံ့ပိုးမှုများစွာ  လိုအပ်မည် ဖြစ်ပေသည်။

နောက်၂ရက်အပါအဝင် တနေကုန်နီးပါး ထန်ရှုသည် အပြင်ခဏထွက်ချိန်နှင့် အနားယူချိန် နှစ်နာရီလောက်ကလွဲပြီး ကျန်အချိန်များအား စစ်မှန်သောမီးသင်္ကေတများပြုလုပ်ရန် သို့မဟုတ် ကုန်ဆုံးသွားသော ကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် အသုံးပြုခဲ့သည်။ နောက်ဆုံး၌ သုံးရက်မြောက်သော နံနက်ခင်းမရောက်မီအချိန်တွင် ထန်ရှုသည် စစ်မှန်သောမီး သင်္ကေတ ၁၀၈ ခုကို ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

“စစ်မှန်သောမီးသင်္ကေတတစ်ခုစီက လေးနာရီကြာ ခံနိုင်တာဆိုတော့ ဒီစစ်မှန်တဲ့မီးသင်္ကေတ ၁၀၈ခုဆို နာရီ ၄၀၀ ကျော် ကြာရှည်ခံနိုင်မှာပဲ။ ဒါဆို လုံလောက်ပြီ ထင်တယ်။”

စစ်မှန်သောမီးသင်္ကေတအားလုံးကိုယူပြီး ထန်ရှုသည် ခြံဝင်းဆီသို့သွားခဲ့သည်။ ထိုနေရာတွင် စောင့်ဆိုင်းနေသော ထာဝရခန်းမမှ ကျွမ်းကျင်သူနှစ်ဦးကို သူတွေ့ရှိခဲ့သည်။

“မင်းတို့ရဲ့တာဝန်က ခြံဝင်းကို စောင့်ကြပ်ပေးဖို့ပဲ။ ငါ့ကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့။ တစ်ချို့လူတွေက ခေါင်းမာလွန်းရင် သူတို့ကို အလျင်စလို မနာကျင်စေနဲ့။”ထန်ရှုက ပြောသည်။

ချီနန်က သူ့အား ကာကွယ်ရန် အဓိကအဖွဲ့ဝင်

ကျွမ်းကျင်သူနှစ်ဦးအား ဤနေရာတွင် တာဝန်ပေးထားခဲ့သည်။

“နားလည်ပါပြီ။”

ထာဝရခန်းမ၏အဓိကကျွမ်းကျင်သူနှစ်ဦးသည် တစ်ပြိုင်နက် ခေါင်းညိတ်ပြသည်။

ထန်ရှု ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူ့အနေဖြင့် အနည်းငယ်မျှ စိတ်သက်သာသွားသည်ဟု မခံစားရချေ။ မည်သည့်အနှောင့်အယှက်မှ မဖြစ်စေရန် သူ စိုးရိမ်နေမိသည်။ သို့မဟုတ်ပါက မအောင်မြင်တော့ဘဲ  အဖိုးတန်ပစ္စည်းများအား ဖြုန်းတီးရာ ကျသွားမည်ဖြစ်ပေသည်။ ထိုပြုန်းတီးသွားသော ပစ္စည်းများသည် သာမန်အရာများသာ ဖြစ်ပါက သူ့အတွက် အရေးမကြီးသော်လည်း အဖိုးတန်သတ္တုရိုင်းသုံးမျိုးအား ထန်ရှု လုံး၀ အဆုံးအရှုံး မခံနိုင်ပါချေ။

"ချီနန် ဘယ်မှာလဲ။"

"အကြီးအကဲချီက စားသောက်ဆိုင်မှာပါ သူဋ္ဌေး။"

“သူမကိုလည်း ဒီကို ခေါ်လိုက်ပါ။ ငါ အရင်အိပ်လိုက်ဦးမယ်။ နိုးလာတဲ့အခါ သူမနဲ့တွေ့ချင်တယ်။” ထန်ရှုက ပြောသည်။

အမိန့်ပေးပြီးနောက် ထန်ရှုသည် ၁၂နာရီကြာမျှ တစ်ချိုးတည်း အိပ်ပျော်သွားခဲ့သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ နိုးလာသောအခါတွင် သူ့ခန္ဓာကိုယ်အတွင်း၌ ကုန်ဆုံးသွားသော ကြယ်စွမ်းအားများသည် ပြန်လည်ရရှိနေပြီဖြစ်သည်။

ထန်ရှု အောက်ထပ်ကိုဆင်းလာသည့်အခါ အချိန်ကြာမြင့်စွာ စောင့်နေခဲ့သော ချီနန်က သူ တစ်ခုခု စားသောက်နိုင်ရန် ကူညီပေးသည်။

စားသောက်ပြီးနောက် ထန်ရှုက အပြုံးဖြင့်

“ငါ့အတွက် ဒီနေရာကို စောင့်ရှောက်ဖို့ သူတို့ကို ပြောပါ။ နောက်လုပ်မယ့်အရာက အရမ်းအရေးကြီးတာကြောင့် နည်းနည်းတော့ စိတ်အဆင်မပြေသေးဘူး။ ဒါကြောင့်လည်း မင်းကို ဒီမှာနေပြီး ငါ့ကို ကိုယ်တိုင် စောင့်ရှောက်ပေးစေချင်တယ်။"

"စိတ်မပူပါနဲ့ သူဌေး။ ငါ ဒီမှာ လုံးဝစောင့်ကြပ်ပေးနေမယ်။" ချီနန်က အာမဘန္တခံသည်။

ထန်ရှုသည် အပြုံးဖြင့် ခေါင်းညိတ်ပြပြီးနောက် တံခါးမှ ထွက်လာခဲ့သည်။ ကားဂိုဒေါင်သို့ ရောက်သည့်အခါ တစ်ခါတည်း မီးဖွင့်လိုက်ပြီး နေရောင်နှင့် မျက်နှာချင်းဆိုင်နေသော ကားဂိုဒေါင်တံခါးအား ပိတ်လိုက်သည်။

“ထွက်လာစမ်း…”

ထန်ရှုသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုသည် တစ်ခါတည်း ဝဲပျံထွက်လာသည်။

ထန်ရှုက သူ၏လက်ဖဝါးဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်သည့်အခါ မီးဖိုသည် ချက်ချင်းပင် ပိုမိုကြီးမားလာကာ တခဏအတွင်းမှာပင် နှစ်မီတာအမြင့်ရှိသော မီးဖိုကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

"ပထမအချက်က သံနဲ့ကြေးနီအဆီအနှစ်ကို သန့်စင်ပြီး ပုံမှန်တ္တုရိုင်းများကိုတော့ သွန်းလောင်းရမယ်။"

သိုလှောင်လက်စွပ်တစ်ခု ဖန်တီးခြင်းသည် လက်ရှိထန်ရှုအတွက် ကြီးမားသော စီမံကိန်းတစ်ခု ဖြစ်သည်။ အဆီအနှစ်အား အပြည့်အ၀ ထုတ်ယူရန် ရာနှင့်ချီသော ပစ္စည်းများ လိုအပ်နေပါသည်။ ထိုပစ္စည်းများကို လက်သီးဆုပ်အရွယ် အကောင်းမွန်ဆုံး အနှစ်သာရအဖြစ်သာ သန့်စင်နိုင်မည်ဟု ခန့်မှန်းထားပြီးနောက် ထိုအရာမှ လက်နက်တန်ဆာများ သန့်စင်ရန် အသုံးပြုနိုင်မည် ဖြစ်သည်။

“စစ်မှန်သောမီးတောက်သင်္ကေတ လောင်ကျွမ်းလိုက်စမ်း…”

ထန်ရှုသည် မီးဖိုထဲသို့ စစ်မှန်သောမီးသင်္ကေတကို ထည့်လိုက်သည်။ ထို့နောက် သံတုံးတစ်တုံးအား ၁၂ပေါင် အလေးချိန်ရှိသော အပိုင်းအစတစ်ခုစီအဖြစ် တစ်ပိုင်းပြီးတစ်ပိုင်း စတင်ဖြတ်တောက်ခဲ့သည်။ သူသည် နတ်ဆိုးဘုရားစိတ်ဝိညာဉ်မီးဖိုအား အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်သောကြောင့် ၎င်းအတွင်းရှိ အစီအရင်အား အသက်သွင်းနိုင်ခဲ့သည်။

သည်အခိုက်အတန့်တွင် စစ်မှန်သောမီးသင်္ကေတ လောင်ကျွမ်းခြင်းနှင့်အတူ နတ်ဆိုးဘုရား စိတ်ဝိညာဉ်မီးဖိုအတွင်းသို့ မည်သူမဆို ဝင်ရောက်လာပါက အတွင်းပိုင်းသည် အလွန်ကြီးမားသည်ကို တွေ့ရှိရမည်ဖြစ်ပြီး အပြင်မှ ကြည့်ရသည်ထက် အနည်းဆုံး အဆ ထောင်ပေါင်းများစွာ ပိုကြီးနေခဲ့သည်။ ထန်ရှုသည် လှီးဖြတ်ထားသော သံနှင့် ကြေးနီတုံးများအပြင် အခြားပစ္စည်းများကို နတ်ဆိုးနတ်ဘုရားစိတ်ဝိညာဉ်မီးဖိုထဲသို့ ပစ်သွင်းလိုက်သည်။

နာရီဝက်ကြာသွားခဲ့ပြီဖြစ်သည်။

နတ်ဆိုးနတ်ဘုရားစိတ်ဝိညာဉ်မီးဖိုကြီး၏ ကြိုတင်အပူပေးခြင်း ပြီးသွားခဲ့ပြီဖြစ်ရာ အနီရောင်အလင်းလှိုင်းအလွှာတစ်ခုသည် ယခုအခါ မီးဖိုခန်းအတွင်းပိုင်းကို ဖုံးလွှမ်းသွားပြီး ပစ္စည်းများ အရည်ပျော်သွားသည့် အရိပ်အယောင်များအဖြစ် မီးခိုးငွေ့များ စတင်ထွက်လာသည်။

ရွှမ်းချင်ဒေသ ကြယ်တာရာမြို့…

ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု၏ရုံးချုပ်ရှိ အထွေထွေမန်နေဂျာရုံးခန်းအတွင်း ခန်းရှသည် ပြတင်းပေါက်ရှေ့တွင် လက်နှစ်ဖက်ပိုက်ကာ အပြင်ဘက်မှာ လူစည်ကားနေသည့်မြင်ကွင်းအား ကြည့်ရှုနေသည်။

သူမ၏နောက်တွင် ဓားအမာရွတ်ချန်နှင့်စုချွမ်တို့သည် အတန်ငယ် ဂနာမငြိမ်ဖြစ်နေဟန်ရှိသည်။ နတ်ဘုရားဝတ်ရည်ဝိုင်သည် ကြီးကျယ်သော စတင်မှုကို သေချာပေါက် ရနိုင်သည်ဟု သူတို့ ယုံကြည်သော်လည်း လုံး၀ စိတ်သက်သာရာ ရခြင်းမျိုး မဟုတ်ပေ။ ပြောရမည်ဆိုပါက သူတို့ သတင်း အကုန် မရသေးပါချေ။

"စုချွမ် ဖွင့်ပွဲမစခင် အချိန်ဘယ်လောက်လဲ။" ခန်းရှက နောက်ပြန်မလှည့်ဘဲ မေးလိုက်သည်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ စတိုးဆိုင်တွေ ဖဲကြိုးမဖြတ်ခင် ၁၄မိနစ်ပဲရှိတယ်။"

စုချွမ်က စဉ်းစားခြင်းမရှိဘဲ ပြောလိုက်သည်။

ခန်းရှ တိတ်တဆိတ် ခေါင်းညိတ်ပြသည်။

အမှန်စင်စစ်တွင် သူမကိုယ်တိုင်ကပင် အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူမ စိုးရိမ်မိသည်ဆိုသည်မှာ နတ်ဘုရားဝတ်ရည်သည် ခမ်းနားသောထန်လုပ်ငန်းစုမှ ရောင်းချသည့် ပထမဆုံးထုတ်ကုန်ဖြစ်သည်။ ၎င်းသည် နိုင်ငံတစ်ဝှမ်းတွင် ရှိသော ကုမ္ပဏီကြောင့် ဖြစ်ပေါ်လာသော ခံစားချက်နှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် ၎င်းသည် ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိလိမ့်မည်ဖြစ်သည်။ အကယ်၍ ယနေ့အောင်မြင်ခဲ့ပါက စာရင်းလုပ်ထားသည့် အလှကုန်ပစ္စည်း နှစ်မျိုးဖြစ်သော အသားအရည်လိမ်းဆေးနှင့် အမာရွတ်ပျောက်ခရင်မ်တို့ကို နောက်တစ်ပတ်အကြာတွင် ဈေးကွက်၌ တင်သွင်းရန် နောက်ဆက်တွဲအစီအစဉ်အား အကောင်အထည် ဖော်မည်ဖြစ်သည်။ အကယ်၍ ဤထုတ်ကုန်နှစ်ခုသည် အရောင်းရဆုံးကိန်းဂဏန်းများ ရနိုင်ပါက သူမသည် ကုမ္ပဏီမှထုတ်လုပ်သော ကျန်းမာရေးစောင့်ရှောက်မှု

ထုတ်ကုန်ကို စာရင်းသွင်းကာ တစ်လအကြာတွင် ဈေးကွက်သို့ ထိုးဖောက်မည်ဖြစ်သည်။ သူမတွင် ကြီးမားသော ရည်မှန်းချက်တစ်ခုရှိသည်။ ဒီနှစ်၏ဒုတိယနှစ်ဝက်အတွင်းတွင် ခမ်းနားသောထန်လုပ်ငန်းစု သို့မဟုတ် ကုမ္ပဏီ၏ထုတ်ကုန်များကို မကြာခဏ ရည်ညွှန်းရန် နိုင်ငံ၏လူဦးရေ ထက်ဝက်ကျော်အား လိုချင်ခြင်းဖြစ်သည်။

ခမ်းနားသောထန်လုပ်ငန်းစု၏ထုတ်ကုန်များကို ထိုသူများမှ ရည်ညွှန်းသည့်အခါ လူတိုင်းက လက်မထောင်ကာ ချီးကျူးကြသည်ကို သူမ ပြုလုပ်ချင်သည်။

အချိန်များ ကုန်ဆုံးလာခဲ့ရာ ချက်ချင်းပင် မိနစ်နှစ်ဆယ် ကုန်သွားခဲ့သည်။

ရုံးခန်းအတွင်းတွင် ခန်းရှ၊ ဓားအမာရွတ်ချန်နှင့် စုချွမ်တို့သည် သတင်းအား တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။ ထို့နောက် ချစ်စရာကောင်းသော အင်ဒီသည် အပြေးဝင်လာပြီး

"အကြီးအကဲခန်း … ပေကျင်းနဲ့ရှန်ဟိုင်းတို့က သတင်းပို့လိုက်တယ်။ အဲ့မှာရှိတဲ့ ကျွန်မတို့သီးသန့်စတိုးဆိုင်တွေက မကြာမီ ပစ္စည်းပြတ်တော့မယ်တဲ့။ အဲ့မြို့နှစ်မြို့က စတိုးဆိုင်လေးခုစလုံးက နတ်ဘုရားဝတ်ရည် ပုလင်းပေါင်း ၂၀၄၀၀ကို မိနစ်အနည်းငယ်အတွင်း ရောင်းကုန်သွားခဲ့တာ။”

တင်…တောင်…

ခန်းရှ၏ဖုန်းမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာသည်။ သူမသည် ဝီချက်အား ဖွင့်ပြီး ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော ဗွီဒီယိုအား ကြည့်လိုက်ပြီးနောက် သူမ၏လှပသောမျက်နှာလေးတွင် တောက်ပသောအပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

အဆိုပါဗွီဒီယိုကို ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု၏ ထိပ်သီးစီမံခန့်ခွဲမှုမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၎င်းဗွီဒီယိုသည် ပြည်နယ်မြို့တော်မှ ၎င်းတို့၏သီးသန့်စတိုးဆိုင်များထဲရှိ အခြေအနေအား မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ဖြစ်သည်။ ထိုဗွီဒီယိုထဲတွင် လူများစွာ စည်ကားနေသည်။

စတိုးဆိုင်၏အဝင်ဝတွင် လူများစွာ ပြည့်ကျပ်နေခဲ့သည်။ ထို့အပြင် လူအများအပြားသည် အစောင့်များကို ကျော်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ခြေလှမ်းတစ်ဝက်မျှပင် စတိုးဆိုင်ထဲသို့ လှမ်းဝင်ရန် နည်းလမ်းမရှိပေ။

…အရမ်းကို ရေပန်းစားတယ်ဆိုတာ ဘယ်အရာလဲ။ ဒီမြင်ကွင်းမျိုးကမှ လုံးဝကို နာမည်ကြီးခြင်းဟု ခေါ်ဆိုထိုက်တာပေါ့…

ဓားအမာရွတ်ချန်နှင့် စုချွမ်တို့သည် ခန်းရှထံမှ ဗီဒီယိုအား ကြည့်ရန် အမြန်ရောက်လာကြသည်။ ပုံမှန်အချိန်တွင်ဆိုပါက သူတို့သည် ထိုသို့ လုံးဝလုပ်ရဲလိမ့်မည်မဟုတ်ချေ။ ခန်းရှသည် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုတွင် အကြွင်းမဲ့အာဏာရှိသူဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူတို့သည် ထိုအကြောင်းအရာအား ဂရုမစိုက်နိုင်တော့ပေ။ နတ်ဘုရားဝတ်ရည်၏ နောက်ဆုံးရောင်းအား မည်မျှရှိသည်ကို သူတို့ သိချင်နေခဲ့ကြသည်။

“မိုက်တယ်…”

ဗီဒီယိုကို ကြည့်ပြီးနောက် ဓားအမာရွတ်ချန်သည် လက်နှစ်ဖက်ကို လွှဲကာ

“ငါ့ရဲ့ရွေးချယ်မှုက လုံးဝကို ပညာရှိသွားတာပဲ။ အရင်က သူဋ္ဌေးရှိတဲ့ ကြယ်တာရာကို လိုက်လာခဲ့တယ်။ လုံးဝအသေအချာပဲ … သူက ငါ့ရဲ့လုပ်နိုင်စွမ်း အတောင်ပံတွေကို ဒီနေရာမှာ တကယ် ဖြန့်စေနိုင်ခဲ့တယ်။ ဒါနဲ့ အကြီးအကဲခန်း … မင်း နောက်ထပ် ထုတ်လုပ်မှုလိုင်းတွေ ထပ်ထည့်ချင်လား။ ငါတို့ဝိုင်စက်ရုံက အခုဆို လတိုင်း နတ်ဘုရားဝတ်ရည်သေတ္တာကို သောင်းချီ ထုတ်လုပ်နိုင်တယ်ဆိုပေမယ့် ငါတို့ရဲ့ရောင်းအားက နောက်ပိုင်းကျရင် ဝယ်လိုအားကို ပြည့်မီအောင် မဖြည့်တင်းနိုင်မှာကို စိုးရိမ်တယ်။”

ခန်းရှ၏ အမူအရာ လှုပ်ရှားသွားသော်လည်း ထန်ရှုရေးဆွဲခဲ့သော ဟန်းဂါးရောင်းချမှု (အရေအတွက်အား ကန့်သတ်ထားကာ ရောင်းချခြင်း) အစီအစဉ်အား သူမ ပြန်သတိရသောအခါ နောက်ဆုံးတွင် ထိုအတွေးကို ဖိနှိပ်လိုက်သည်။ သူမက ခေါင်းယမ်းရင်း ပြောသည်။

"မလိုသေးဘူး။ ငါတို့ရဲ့ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုက အစောပိုင်းကာလမှာ ရင်းနှီးမြှုပ်နှံထားတာ တအားများတယ်။ အဲ့ဒါကို တဖြည်းဖြည်းနဲ့ တည်ငြိမ်အောင် လုပ်ကြရအောင်။ ငါတို့ ပိုက်ဆံစီးဆင်းမှု ပြန်လည် လည်ပတ်အောင် စောင့်ရလိမ့်မယ်။ နောက်မှ ထုတ်လုပ်မှုတိုးချဲ့ဖို့ကို ဆွေးနွေးကြတာပေါ့။”

ဓားအမာရွတ်ချန်က တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ကာ ပြောသည်။

"အကြီးအကဲခန်း ဆုံးဖြတ်ပြီးတာနဲ့ မင်းရဲ့ ညွှန်ကြားချက်အတိုင်း ငါတို့ လုပ်မယ်။"

စုချွမ်၏မျက်လုံးများက တလက်လက်တောက်ပနေရင်း

"အကြီးအကဲခန်း … ငါတို့ရဲ့နတ်ဘုရားဝတ်ရည် ရောင်းချမှုက ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင်တောင် ငါတို့ငွေကြေးစီးဆင်းမှု ပြန်လည် လည်ပတ်တာနဲ့ ထုတ်လုပ်မှုလိုင်းကို တိုးနိုင်မယ်လို့ ထင်တယ်။ နတ်ဘုရားဝတ်ရည်ဝိုင်က အလွယ်တကူ သုံးဆောင်နိုင်တဲ့ ထုတ်ကုန်တစ်ခုပဲလေ။ နောက်ပြီး ငါတို့ မေ့နေတာ တစ်ခုရှိတယ်။ ဒီတစ်ခါတော့ အဲဒါကို ပြင်သင့်တယ်။”

"အဲဒါ့က ဘာလဲ။" ခန်းရှ အံ့သြသွားသည်။

"မကြာသေးခင်က ငါတို့ရဲ့ဈေးကွက်ရှာဖွေရေးဆိုင်ရာ သီးခြားခွဲခြမ်းစိတ်ဖြာမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲ့ဒီမှာ တွေ့ရတာက ဖောက်သည်အများစုက အစိုးရနှင့် ပတ်ပတ်သက်သက် ဆက်ဆံရေးတစ်ခု အမှန်တကယ်ကို ရှိနေတာကို တွေ့ရတာပဲ။ ငါတို့နဲ့ မိတ်မဖွဲ့နိုင်တဲ့ ဒါမှမဟုတ် ဆက်ဆံရခက်တဲ့ တရားရုံးအရာရှိတွေကြားမှာ သူတို့က အထူးဆက်ဆံရေးတစ်ခုအနေနဲ့ နတ်ဘုရားဝတ်ရည်တချို့ကို လိုချင်နေတဲ့သူတွေ ပါလာမယ်ဆိုရင် သူတို့ကို ငြင်းဖို့ဆိုတာ အဆင်မပြေလောက်ဘူး။ ငါတို့လုပ်ငန်းစုရဲ့ လည်ပတ်မှုကို ထိခိုက်စေလိမ့်မယ်။”စုချွမ်က ရှင်းပြသည်။

ခန်းရှသည် တစ်ခဏမျှ တွေတွေကြီးစိုက်ကြည့်နေပြီး ရုတ်တရက် အသိဝင်လာကာ အားတင်းပြုံးလိုက်ရင်း

“နင်သာ သတိမပေးရင် ငါ ဒီကိစ္စကို မေ့သွားတော့မှာပဲ။ ဒီလိုပဲ လုပ်ကြတာပေါ့။ နင် ဝိုင်စက်ရုံကို ပြန်သွားပြီး နတ်ဘုရားဝတ်ရည်သေတ္တာတစ်ထောင်ကို ချက်ချင်းသိမ်းဆည်းထားလိုက်။ နိုင်ငံတစ်ဝှမ်းက ငါတို့ရဲ့သီးသန့်စတိုးဆိုင်တွေ ပစ္စည်းအားလုံး ပြတ်သွားရင်တောင်မှ ဒီနတ်ဘုရားဝတ်ရည် သေတ္တာတစ်ထောင်ကို ဘယ်တော့မှ မတင်ပို့နဲ့။”

"ပြဿနာမရှိပါဘူး။ ငါ အဲ့ဒါကို စီမံလိုက်မယ်။” စုချွမ်က ခေါင်းညိတ်သည်။ ထို့နောက် သူက

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

“အကြီးအကဲခန်း … အဲ့ဒီအရေအတွက်ထဲက တချို့ကို ပေကျင်းကို ပို့ပေးရဦးမလား။ သူဋ္ဌေးရဲ့ မိသားစုလိုမျိုးပေါ့…”

ခန်းရှက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြပြီး

"ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ်။ သွားတော့။”

"နားလည်ပါပြီ။" စုချွမ်က ပြုံးပြီး ရုံးခန်းမှ အမြန်ထွက်သွားသည်။

ဓားအမာရွတ်ချန်က မပြန်သေးဘဲ အခြားမြို့များရှိ သီးသန့်စတိုးဆိုင်များ၏ နတ်ဘုရားဝတ်ရည် အရောင်းကိန်းဂဏန်းများကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ နာရီဝက်အတွင်း အခြားမြို့များ၏ သီးသန့်စတိုးဆိုင်များ အားလုံးသည်လည်း နတ်ဘုရားဝတ်ရည်ဝိုင်အရက်များ လုံးဝ ရောင်းကုန်သွားပြီဖြစ်ကြောင်းသိလိုက်ရသဖြင့် သူ အံ့အားသင့်နေခဲ့ရသည်။ စတိုးဆိုင်အပြင်ဘက်တွင် မရေမတွက်အောင် များပြားလှသော လူအုပ်ကြီးသည် သူတို့အနေဖြင့် ဝယ်ကိုဝယ်မှရမည်ဟု အော်ဟစ်နေကြသည်။ နောက်လာမည့်ပို့ဆောင်မှုရောက်လာသည့်အခါ ဝိုင်ချက်ချင်းရနိုင်စေရန် မျှော်လင့်ပြီး လူများစွာက ကြိုတင်ငွေပေးချေထားချင်ကြသည်။

“ကြိုတင်ငွေပေးချေတာကို ငြင်းလိုက်ပါ။” ခန်းရှက အမိန့်ချလိုက်သည်။

ဓားအမာရွတ်ချန်၏စိတ်နှလုံးအတွင်းမှ ဂနာမငြိမ်မှုများသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူက ခန်းရှကိုကြည့်ကာ နားရွက်ချိတ်မတတ် ပြုံးလိုက်ရင်း

" အကြီးအကဲခန်း … ငါ့အတွက် တခြား ညွှန်ကြားချက်တွေ  ရှိသေးလား။ မရှိရင် ငါ ဝိုင်စက်ရုံကို ပြန်တော့မယ်။"

"ဓားအမာရွတ်ချန် … နင် အရမ်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါတို့ရဲ့နတ်ဘုရားဝတ်ရည်က ရလဒ်ကောင်းတွေရရင် သူဌေးက ဆုပေးမယ်လို့ ငါ့ကို ပြောထားတယ်။ အဲ့ဒါကြောင့် အခုလက စပြီး နှစ်ဆ ရလိမ့်မယ်။ နှစ်ကုန်ရင်လည်း နင့်ရှယ်ယာတွေကနေ အမြတ်ဝေစုကိုလည်း ရဦးမှာ။”ခန်းရှက အပြုံးဖြင့် စကားဆိုသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲခန်း။ ကျေးဇူးပြုပြီး ငါ့ကိုယ်စား သူဋ္ဌေးကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။" ဓားအမာရွတ်ချန်၏မျက်ဝန်းများ အရောင်တဖျတ်ဖျတ်တောက်လာကာ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

“သွားတော့။” ခန်းရှက သူမ၏လက်ကို ဝှေ့ယမ်းပြီး အပြုံးဖြင့်

“ရက်အနည်းငယ်ကြာရင် သူဋ္ဌေးက ငါတို့ကို အောင်ပွဲခံပွဲလုပ်ပေးဖို့ ဒီကိုပြန်လာလိမ့်မယ်။ နင့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနော်။”

“နားလည်ပါပြီ။” ဓားအမာရွတ်ချန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုသိပ်သည်းလာခဲ့သည်။

***

All Chapters