အပိုင်း (၆၅)
Vol. 5 Ch. 65
ယွဲ့ဝူရွှမ်းစကားပြောပြီးသောအခါတွင် ရှေ့ဘက်ရှိတောအုပ်၏ အမှောင်ထုအတွင်းမှ အစိမ်းရောင်အလင်းများ ရုတ်တရက် တောက်ပလာ၏။
ထို့နောက်ချက်ခြင်း တုန့်ပြန်မှုများ က ဆက်တိုက်ဆိုသလို ဖြစ်လာသည်။
အစ်ိမ်းရောင်အလင်းများက ပို၍ပို၍ ပေါ်လာပြီး သစ်တော၏ နောက်ဘက်ထိ ပျံ့နှံ့သွားသည်။
"ယင်..ယင်ဝံပုလွေတွေ..သောက်ချီးပဲ..."
"ဘယ်ကောင်က ဒီတောအုပ်ထဲမှာ ယင်ဝံပုလွေတွေ မျိုးသုဉ်းလုနီးပါးဖြစ်နေပြီလို့ပြောတာလဲကွ.."
တစ်စုံတစ်ယောက်က ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"မြန်မြန်ပြေး...အား.."
"ငါတိုရဲ့နောက်မှာလည်း ယင်ဝံပုလွေအုပ်ကြီးရှ်ိနေတယ်..ဘယ်မှာရော...ညာမှာရောဟ..."
"ဒီယင်တောအုပ်ထဲမှာ ဘယ်လိုလုပ်ပြီး ယင်ဝံပုလွေတွေ ဒီလောက်အများကြီး ရှိနေရတာလဲ.."
"အခုငါတို့တော့..သေချာပေါက်ကိုသေပြီ..."
လူအုပ်ကြီးမှာ ရုတ်ချည်း ပရမ်းပတာဖြစ်လာသည်။
အရွယ်ရောက်ပြီး ယင်ဝံပုလွေတိုင်းမှာ အဆင့်သုံး နတ်ဆိုးသားရဲများဖြစ်ကြပြီး လူသားသိုင်းပညာရှင် စိတ်ဝိညာဉ်နယ်ပယ်နှင့်ညီမျှသည်။
ဦးတည်ချက်ဘက်ပေါင်းစုံတွင် သိပ်သည်းထူထပ်လှသော ယင်ဝံပုလွေ အုပ်ကြီးရှိနေသည်။
အနည်းဆုံး အကောင်ရေ နှစ်ရာခန့် ရှိမည်ဖြစ်သည်။
၎င်းမှာ စိတ်ဝိညာဉ်နယ်ပယ်အဆင့် သိုင်းပညာရှင် နှစ်ရာသုံးရာခန့် အဝိုင်းခံထားရသည်နှင့် ညီမျှ၏။
"မင်းရဲ့ စိုးရိမ်မှုတွေက အခြေအမြစ်မရှိတာတော့ မဟုတ်ဖူး..ဒါကနည်းနည်းတော့ ဒုက္ခဖြစ်တော့မယ်.."
ရှစ်ဖုန့်က သူ၏ ဘေးရှိ ယွဲ့ဝူရွှမ်းအား ခေါင်းအနည်းငယ်စောင်း၍ ပြောလိုက်သည်။
သူ၏လက်အား ဖျက်ကနဲလှုပ်လိုက်သောအခါ သွေးဓားကသူ၏ လက်ထဲတွင်ပေါ်လာသည်။
သူက ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ပြီး အေးစိမ့်သော မီးခိုးရောင်ချီအားထုတ် လွှတ်နေသော မီးခိုးရောင်ဝံပုလွေ တို့ထံကြည့်လိုက်၏။
ယင်ဝံပုလွေတစ်ကောင်ချင်းစီက သာမန်ဝံပုလွေတစ်ကောင်၏ အရွယ်အစားသာရှိကြသော်လည်း အဆင့်သုံးနတ်ဆိုးသားရဲ တို့အပေါ်တွင် မည်သူမျှ လျော့ မတွက်ရဲကြချေ။
(စာရေးသူမှတ်ချက်-ယင်ဝံပုလွေနဲ့အရ်ိပ်ဝံပုလွေအတူတူပါပဲ..
ယင်တောအုပ်နဲ့ အရ်ိပ်တောအုပ်လည်းအတူတူပါပဲဗျ )
ယွဲ့ဝူရွမ်းက သူမ၏ လက်အား အနည်းငယ်လှုပ်ရှားလိုက်သော အခါတွင် ကျောက်စိမ်းပုလွေတစ်ချောင်းကသူမ၏ လက်ထဲတွင်ပေါ်လာသည်။
"အာဝူး....."
"အာဝူး...ဝူး..."
ထိုအချိန်တွင် အရိပ်ဝံပုလွေတို့က စတင်၍ လှုပ်ရှားလာကြသည်။
၎င်းတို့က ကြမ်းကြုတ်သောမျက်နှာတို့အား လှစ်ဟာပြကာသူတို့၏ ပါးစပ်တို့ကိုဖွင့်၍ ထက်ရှသော အစွယ်တန်းတို့အား ထုတ်ပြထားသည်။
"ငါ..ငါလှုပ်ရှားလို့မရဘူး..."
လူအုပ်၏ အစွန်အဖျားရှိ သိုင်းပညာရှင်မှာ ကြောက်ရွံ့စွာဖြင့် အော်ပြောလိုက်သည်။
အရိပ်ဝံပုလွေ၏ ကိုယ်မှထုတ်လွှတ်နေသော မီးခိုးရောင် အေးစ်ိမ့်ယင်ချီက သူ၏ ကိုယ်ပေါ်သို့ လွှမ်းခြံလာသည်။
သူ၏ ကိုယ်မှာ တောင့်တင်းလာပြီး လှုပ်မရတော့ပေ။
ထိုသိုင်းပညာရှင်၏ ကိုယ်မှာ စတင်၍ နှေးကွေးလာကာ အေးခြောက်သလိုဖြစ်လာသည်။
"အား...အား....အား..."
"အား..............."
အော်ဟစ်ငိုကြွေးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း သိုင်းပညာရှင်ဆယ်ယောက်ကျော်မှာ အရိပ်ဝံပုလွေတို့၏ ခုန်အုပ်မှုကိုခံလိုက်ရသည်။
ကြမ်းကြုတ်သော အစွယ်တန်းနှစ်ခုဖြင့် ကြုံရာကြပန်း ကိုက်ဖြတ်နေကြသည်။
အဆင့်သုံးနတ်ဆိုးသားရဲ အများအပြား၏ ရှေ့တွင် ဤ ရိုးရှင်းစွာ အသက်မွေးနေထိုင်ကြသော သိုင်းပညာများ၌ ခုခံရန်ခွန်အား ရှိမနေပေ။
"ဝေါင်း.."
ကြယ်နှစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်သိုင်းပညာရှင်မှာ လှုပ်ရှားနိုင်သေးသော်လည်း သူ၏လှုပ်ရှားမှုများကတော့ နှေးကွေးလှ၏။
သူကမီးတောင်များ တောက်လောင်နေသော နှစ်ဖက်သွား ပုဆိန်အား ကိုင်ထားပြီး လွှဲယမ်းခုတ်နေ၏။
သို့သော်အရိပ် ဝံပုလွေသုံးကောင်က သူ့အပေါ်သို့ခုန်အုပ်လိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားအောင်လုပ်လိုက်၏။
အရိပ်ဝံပုလွေများထဲမှ တစ်ကောင်က၎င်း၏ ပါးစပ်ကိုဟက သူ၏ လည်ပင်းကို ကိုက်လိုက်၏။
စိတ်ဝိညာဉ်နယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ယောက်မှာ ကျဆုံးသွားရပြီဖြစ်သည်။
"အရမ်းကြောက်ဖို့ကောင်းတယ်..အရိပ်ဝံပုလွေတွေက အရမ်းကြောက်ဖို့ကောင်းတယ်..သေပြီ..ငါတို့တော့ဒီနေရာမှာသေရတော့မယ်."
"ငါမသေချင်သေးဘူး...တစ်ယောက်ယောက်ငါ့ကိုကယ်ပါအုံး...အား..."
အရိပ်ဝံပုလွေ၏ အမြန်နှုန်းက တော်တော်လေးကိုမြန်၏။
မျက်စိတစ်မှိတ်အတွင်း သိုင်းပညာရှင်များအား တစ်ယောက်ပြီးတစ်ယောက် အရိပ်ဝံပုလွေတို့၏ ခုန်အုပ်ကာ သေ သည်အထိ ကိုက်ဖြတ်ခြင်းကိုခံရ၏။
ထိုအချိန်တွင် သာယာကြည်နူးဖွယ်တေးသွား တစ်ပုဒ်က လူအုပ်၏ အလယ်မှ ထွက်ပေါ်လာခဲ့သည်။
ခုန်အုပ်နေကြသော ဝံပုလွေများမှာ တေးသွားအား ကြားလိုက်ရသော အခါတွင် သူတို့၏ ခွန်အားများအား ဆုံးရှုံးလိုက်ရပုံပေါ်သည်။
သူတို့က လေထဲမှ တန်းလန်းပြုတ်ကျလာကာ မြေပြင်ထက်တွင် နာကျင်စွာဖြင့် လူးလှိိမ့်နေ၏။
ပတ်ဝန်းကျင်ရှိဝံပုလွေများမှာ ရုတ်တရင် အဆိပ်အား စားမိသကဲ့သို့ ပုံစံနှင့်တေနေသည်။
"နတ်သမီးယွဲ့..အဲ့တာနတ်သမီးယွဲ့ပဲ.."
တစ်စုံတစ်ယောက်မှာ လူအုပ်ထဲမှအော်ပြောလိုက်သောအခါတွင် သူတို့သည် ယွဲ့ဝူရွှမ်းအား ကြည့်လိုက်ကြသည်။
"အရူးမ.မင်းသေချင်နေတာလား.."
ရှစ်ဖုန့်က ပုလွေအား တီးမှုတ်နေသော ယွဲ့ဝူရွှမ်းကို အော်ငေါက်လိုက်သည်။
"မင်းရဲ့ဝိညာဉ်ခွန်အားကို လောင်ကျွမ်းစေပြီးတော့ အရိပ်ဝံပုလွေ အများကြီးကို ဖိနှ်ိပ်ဖို့လုပ်မယ်ဆိုရင် မင်းရဲ့ဝိညာဉ်မြန်မြန်ခြောက်သွေ့ပြီးတော့ သေရလိမ့်မယ်.."
ယွဲ့ဝူရွှမ်း၏ ဝိညာဉ်ခွန်အားမှာ အဆင့်လေးသို့ ရောက်ရှိနေပြီဖြစ်သည်အား ရှစ်ဖုန့်အာရုံခံမိသည်။ သို့သော် အရိပ်ဝံပုလွေတို့သည်ကား အများအပြားပင်ဖြစ်၏။
ယွဲ့ဝူရွှမ်းအတွက် သူမ၏ ဝိညာဉ်ခွန်အားကို အသုံးပြု၍ အရိပ်ဝံပုလွေများအား ဖိနှိပ်ရန်မှာ မဖြစ်နိုင်ပေ။
၎င်းတို့အား ဖိနှ်ိပ်ရန်အတွက် ဝိညာဉ်ခွန်အား အား လောင်ကျွမ်းစေခြင်းသည် သူမ၏ ကိုယ်ပိုင်အသက်မီးတောက်အဆီအနှစ်အား လောင်ကျွမ်းစေခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထိုထက်ပိုသည်ကား ယွဲ့ဝူရွှမ်း၏ ဝိညာဉ်ခွန်အားမှာ အဆင့်လေးတွင်သာရှိသေးခြင်းဖြစ်သည်။
နှစ်ရာသုံးရာခန့်သော အဆင့်သုံး နတ်ဆိုးသားရဲဖြစ်သည့် အရိပ်ဝံပုလွေတို့အား ဖိနှိပ်ခြင်းက သူမ၏ ဝိညာဉ်ခွန်အားတို့အား လျှင်မြန်စွာ ကုန်ခန်းစေသည်။
"မင်းတို့က ဘာတွေကြည့်နေကြတာတုံး..မသေချင်ဘူးဆိုရင် မြန်မြန်ပြေးကြ.."
ရှစ်ဖုန့်က ထိုသိုင်းပညာရှင်များအား အော်ပြောလိုက်သည်။
"ဟုတ်တယ်..ပြေးကြ.."
"ပြေး..ပြေးကြဟ.."
သိုင်းပညာရှင်များမှာ ငှက်များ သားရဲများကဲ့သို့ တစ်ကွဲတစ်ပြားပြေးသွားကြသည်။
ဝံပုလွေများအား ဖိနှိပ်ထားသော အချက်အား အခွင့်ကောင်းယူပြီး သူတို့တွင် ရှိသော ရွှေ့လျားမှုပညာရပ်များကို အကုန်ထုတ်သုံးကြ၍ ယင်တောအုပ်ထဲမှ တက်နိုင်သမျှ ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးကြတော့သည်။
အစစ်အမှန်သေခြင်းတရား၏ အောက်တွင် နတ်သမီးလေးယွဲ့၏ အလှအပများ သူအမအတွက် သူတို့၏ အသက်ကို စွန့်စားလိုမှုများအား ဘယ်လိုစဉ်းစားနိုင်ပါမည်နည်း။
ငယ်ရွယ်သောသိုင်းပညာရှင်အချို့က ယွဲ့ဝူရွှမ်းအား လှည့်ကြည့်လိုက်ပြီး အဆုံးသတ်၌ ဝမ်းနည်းသောအမူအားပြသကာ စိတ်ဆန္ဒမပါဘဲ ထွက်ခွာသွားကြသည်။
"မင်းလည်းပြေးတော့လေ..မမအကြာကြီးတောင့်မခံထားနိုင်တော့ဘူး..."
ရုတ်တရက် ယွဲ့ဝူရွှမ်း၏ အသံက ရှစ်ဖုန့်၏ ခေါင်းထဲတွင်ပေါ်လာခဲ့သည်။
ယင်းမှာ ယွဲ့ဝူရွှမ်းမှ ရှစ်ဖုန့်အား ဝိညာဉ်ခွန်အားဖြင့် သတင်းစကားပေးပ်ို့ခြင်းပင်ဖြစ်သည်။
ရှစ်ဖုန့်မှာယွဲ့ဝူရှန်း၏ ကိုယ်က အနည်းငယ်တုန်ယင်နေသည်ကို သတိပြုမိပြီးဖြစ်သည်။ထို့ပြင် သူမ၏ မျက်နှာထပ်တွင် ချွေးတို့ပင်ထွက်နေသည်။
ရှစ်ဖုန့်က သူ၏ ခေါင်းကို ညင်သာစွာခါ၍ ယွဲ့ဝူရွှမ်းကိုပြောလိုက်သည်။
"မင်းအနားယူသင့်တယ်"
ထိုသို့ပြောပြီးနောက် ရှစ်ဖုန့်က ယွဲ့ဝူရွှမ်း၏ ခေါင်းနောက်ဘက်အား သူ၏ လက်ဝါးဖြင့်ရိုက်လိုက်သည်။
သာယာငြိမ့်ညောင်းသော တေးသွားက မပြေမပြစ်ဖြစ်ကာ ရပ်တန့်သွားပြီး သူမ၏ လှပသောကိုယ်လေးမှာ မြေပြင်ပေါ်သို့ လဲပြိုကျလာသည်။
ရှစ်ဖုန့်က သူ၏ ဘက်ဘယ်လက်ကိုဆန့်လိုက်ကာ သူမအား ဆွဲယူပွေ့ဖက်ထားလိုက်သည်။
"သတ်"
သူ၏ လက်ထဲရှိသွေးဓားမှာ လှုပ်ခတ်လာသည်။
ရှစ်ဖုန့်က သူ၏ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲကာ အခြားတစ်ဖက်က ယွဲ့ဝူရွှမ်းအား ဖက်ထားပြီး ရှေ့သို့ ဦးတည်လိုက်သည်။
ပုလွေတေးသွား ရပ်တန့်သွားသော အခါတွင် ရက်စက်သော ဝံပုလွေများက နာမကျန်းဖြစ်နေပုံရရာမှာထရပ်လာကြပြီး သူတို့၏ကိုယ်များမှ မီးခိုးရောင်ရောင်ဝါ တို့ကိုထုတ်လွှတ်လိုက်၏။
ရှစ်ဖုန့်၏ ရှေ့တွင် ဝံပုလွေ ခုနှစ်ကောင် ရပ်နေပြီး ၎င်းတို့၏ အားနည်းမှုများမှာလည်း ပြန်ကောင်းမွန်လာပြီဖြစ်သည်။
ရှစ်ဖုန့်က ဓားကိုလွှဲယမ်းလိုက်သောအခါ ဝံပုလွေခုနှစ်ကောင်မှာ နှစ်ပိုင်းပြက်သွားကြပြီး သွေးများ ပြန့်ကျဲသွားသည်။
ငရဲဘုံကိုးခုအစွမ်းအား အဆက်မပြတ်လှည့်ပတ်လိုက်ပြီး ကောင်းကင်ဘုံမီးတောက်က စတင်၍ စုပ်ယူသည်။
ဝံပုလွေခုနှစ်ကောင်၏ ဝိညာဉ်ခွန်အား၊သွေးနှင့်သေခြင်း စွမ်းအင်တို့က ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံရပြီး ၎င်းတို့၏ ကိုယ်မှာလည်း ရှုံ့တွသွားသည်။
တစ်စုံတစ်ယောက်သာ ဤနေရာ၌ရှိနေလျှင် ရာနှင့်ချီသော ဝံပုလွေများထံမှ အေးစက်သော မီးခိုးရောင်ချီများ ထုတ်လွှတ်နေပြီး အလယ်ဗဟိုသို့ မြစ်တစ်ခုကဲ့သို့ စီးဆင်းသွားမည်ကို တွေ့ကြရမည်ဖြစ်သည်။
အလယ်ဗဟို၌ရှိနေသောသူမှာ ရှစ်ဖုန့်ပင်ဖြစ်သည်။
အဆင့်သုံး အရိပ်ဝံပုလွေ၏ စွမ်းအားအကြီးဆုံး နည်းစနစ်မှာ ၎င်း၏ ယင်အဆိပ်ပင်ဖြစ်သည်။
ထိုအရာနှင့်ထိတွေ့မိသော သက်ရှိမှန်သမျှမှာ ချက်ခြင်းအကြောသေ သွားကြလိမ့်မည်ဖြစ်သော်လည်း ရှစ်ဖုန့်ကတော့ ထိုအရာအား တကယ်ကြီးကို စုပ်ယူနေသည်။
၎င်းတို့အား သူ၏ကိုယ်ထဲတွင်သန့်စင်၍ ကောင်းကင်ဘုံမီးတောက်ဖြင့် လောင်ကျွမ်းစေကာ ငရဲဘုံစွမ်းအင်အဖြစ် ပြောင်းသွားစေ၏။
အရိပ်ဝံပုလွေတို့ထံမှ ယင်စွမ်းအင်များကိုစုပ်ယူကာ သူ၏ ကိုယ်တွင်သန့်စင်ခြင်းက ယင်မိစ္ဆာနှင့် အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးများထံမှ စုပ်ယူရခြင်းထင် ထက်ဝက်မျှ လျော့နည်းသော်လည်း အရေးကြီးဆုံးအချက်မှာကား ယင်စွမ်းအင်အား ခံနိုင်ရည်ရှိစေခြင်းဖြစ်သည်။
ယင်စွမ်းအင်အား အသုံးမပြုနိုင်သောကြောင့် အရိပ်ဝံပုလွေတို့၏ ခွန်အားမှာ သိသိသာသာ ကျဆင်းသွားရ၏။
"ဂါး .....ဝေါင်း..ဂီး... အာဝူး..."
ကြမ်းကြုတ်သော ဝံပုလွေများက ရှစ်ဖုန့်အား ဒေါသထွက်စွာဖြင့် ဟစ်ကြွေးလိုက်သည်။
ထို့နောက်မကြာခင် ဝံပုလွေဒါဇင်ပေါင်းများစွာက သူတို့၏ ပါးစပ်အားဖွင့်ကာ သိပ်သည်းပြီး အေးစက်သော မီးခိုးရောင်ချီများကို ဦးတည်ချက်ပေါင်းစုံမှ ပစ်လွှတ်ကြသည်။
၎င်းတို့က အနက်နှင့်မီးခိုးရောင်လှိုင်းများ ကဲ့သို့ ဖြစ်ကာ ရှစ်ဖုန့်အား တိုက်ခိုက်ကြသည်။
ဒါဇင်ပေါင်းများစွာသော ဝံပုလွေများက သူတို့၏ ထက်ရှသော လက်သည်းများကို ထုတ်ဖော်က ရှစ်ဖုန့်အား ခုန်အုပ်လိုက်သည်။
ဒါဇင်နှင့်ချီသော ဝံပုလွေအချို့ကမူ သူတို့ ပါးစပ်များကို ဖွင့်ဟ၍ ရှစ်ဖုန့်ထံခုန်အုပ်ကြသည်။
သိပ်သည်းများပြားလှသော ဝံပုလွေအုပ်ကြီးက ရှစ်ဖုန့်အား တိုက်ခိုက်ကြသည်။
၎င်းတို့မှာ ဦးတည်ချက် ပေါင်းစုံမှ တိုက်ခိုက်ကြခြင်းဖြစ်၏။
"ငရဲဘုံကိုးခုပညာရပ်...စုပ်ယူခြင်း.."
ရှစ်ဖုန့်က အော်ဟစ်လိုက်ကာ ဦးတည်ဘက်ပေါင်းစုံမှလာသော မီးခိုးနက်ရောင်ယင်ချီများကိုစုပ်ယူလိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise