အပိုင်း (၆၇)
Vol. 5 Ch. 67
ရှစ်ဖုန့် စကားပြောပြီးသော အခါတွင် လူဆယ့်ခြောက်ယောက်က ခေါင်းပြိုင်တူ မော့၍ကြည့်လိုက်ကြသည်။
အကြည့်ဆယ့်ခြောက်ခုတို့ကလည်း တစ်ပြိုင်တည်း ကျရောက်လာ၏။
တောင်နံရံတွင် ဂူတစ်ဂူရှိသည်ကို သူတို့တွေ့လိုက်ရသည်။
ဂူ၏ ဝင်ပေါက်တွင် ငယ်ရွယ်သော ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေ၏။
"ကောင်းတယ်..ဒါကကောင်းတယ်.."
"အဲ့ ကောင်စုတ် တကယ်မသေဘူးပဲ.."
"သူသာ အဲ့ဝံပုလွေတွေရဲ့စားတာကိုတကယ်ခံခဲ့ရတာဆိုရင် သူ့အတွက် ပ်ိုလွယ်သွားမှာ.."
ရှစ်ဖုန့်အား တွေ့လိုက်ရသော အခါတွင် ဟယ်ရွှယ်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"သူတောင်းစားလေး ဒူးထောက်ပြီးတော့ ငါခိုင်းတာကိုလုပ်စမ်း.."
"ငါမင်းကိုနှိပ်စက်တဲ့အချိန်ကြရင် နည်းစနစ်တွေကို လျော့ပေါ့ပေးဖို့ ငါစဉ်းစားပေးမယ်.."
ဟယ်ရွှယ်က အရာအားလုံးမှာသူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ပုံစံဖြင့် ပြောကာ ရယ်မောလိုက်သည်။
ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားကာ သရော်ပြုံးကိုပြုံးလိုက်သည်။
"ဘယ်လိုတောင် အံ့သြဖွယ်ကောင်းပြီး တက်ကြွမှုတွေ မြင့်မားနေတဲ့ လူငယ်ခေါင်းဆောင်ဟယ်လဲ.."
ထို့နောက်ချက်ခြင်း ရှစ်ဖုနု့်၏ စိတ်ထဲတွင် အတွေးတစ်ချက် လှစ်ကနဲဖြစ်သွားသည်။
ကြီးမားသော နတ်ဆိုးဝံပုလွေကြီးအား စီးနင်းထားသူ ဟယ်ရွှယ်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူအနေဖြင့်ရုတ်တရက် သူ၏ ကိုယ်အား ထိန်းချုပ်မှုလွတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ကိုယ်မှာ တိမ်းစောင်းပြီး မိစ္ဆာဝံပုလွေ၏ ပေါ်မှာ အကြောင်းပြချက်မရှိပြုတ်ကျလာသည်။
သူ၏ မြင့်မားပြီး တောင့်တင်းသော ကိုယ်ကိုယ်မှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
"လူငယ်ခေါင်းဆောင်.."
"ဘာဖြစ်သွားတာလဲ....လူငယ်ခေါင်းဆောင်. "
လူတိုင်းက ဟယ်ရွှယ်မှာ ဝံပုလွေပေါ်မှာ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရပြီး ဘာတွေဖြစ်ပျက်သွားမှန်း မသိလိုက်ရချေ။
သူတို့အားလုံး မိစ္ဆာဝံပုလွေများ အပေါ်မှဆင်းကာ ဟယ်ရွှယ်ထံပြေးသွားကြသည်။
နောက်တွင် စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ် သိုင်းပညာရှင်နှစ်ဦးသာ ကျန်ရစ်နေခဲ့သည်။
သူတို့နှစ်ဦးသားမှာ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လ်ိုက်ပြီးနောက် တစ်ယောက်မျက်လုံးတွင် တစ်ယောက် သံသယဖြစ်မှုများက်ို တွေ့လိုက်ကြသည်။
ထို့နောက်သူတို့သည် ခေါင်းကိုမော့၍ တောင်နံရံဘေးရှိ ငယ်ရွယ်သော ပုံရ်ိပ်လေးအား ထပ်မံကြည့်လိုက်သည်။
ရှစ်ဖုန့်က ရှေသို့ခြေလှမ်းလိုက်သောအခါ ဆယ်မီတာ မြင့်မားသော တောင်နံရံမှ ကျဆင်းလာသည်။
အသင်ရှူကြိမ် အနည်းငယ်အတွင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ဟယ်ရွှယ်အား ကြည့်လိုက်ကာ ရှစ်ဖုန့်က စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီးပြောလိုက်သည်။
"မဆိုးပါဘူး..ငါဒီရုပ်သေးရုပ်ပညာရပ်ကို စသင်တုံးက နတ်ဆိုးသားရဲတွေနဲ့ပဲငါကစားခဲ့တာ.."
"မင်းက်ို ရင်ဆိုင်တဲ့ နေရာမှာ အရမ်းအကျိုးသတ်ရောက်မှု ရှိမယ်လို့တော့ ငါမမျှော်လင့်ထားခဲ့မိဘူး..."
"မင်း..ဒါရဲ့နောက်ကွယ်မှာ မင်းရှိနေတာပေါ့.."
ဟယ်ရွှယ်မှာသူ၏ ကိုယ်မှာ ပုံမှန်ပြန်ဖြစ်လာသည်ကို သဘောပေါက်လိုက်သည်။
သူကသူ့ရဲ့ငယ်သားတွေကို တွန်းဖယ်ပြီး ရှစ်ဖုန့်ကို အော်ငေါက်လိုက်သည်။
"မင်းတို့အားလုံး အတူတူတိုက်ကြစမ်း..အဲ့ကောင်ကို မသန်မစွမ်းဖြစ်အောင်လုပ်ပစ်စမ်း..."
"ကောင်းကင်ဝံပုလွေနဲ့ အထီးကျန်ဝံပုလွေ မင်းတို့နှစ်ယောက်လုံး အတူတူတိုက်ကြ.."
"အဲ့သူတောင်းစားလေးကို ယဉ်ကျေးတာတွေဘာတွေလုပ်မနေနဲ့.."
သူ၏ ရှေ့ရှိလူငယ်လေးမှာ အရမ်းကိုထူးဆန်းလှသည်ဟု ဟယ်ရွှယ်ခံစားရသည်။
အရင်ဆုံးသူ့အား ချင်ဖုန်းဂေဟာ၌ လွင့်ထွက်သွားအောင်လုပ်ခဲ့သည်။
ယခုလည်း ထူးဆန်းသော မှော်အတတ်တစ်မျိုးအား အသုံးပြု၍ သူ့အား ထိန်းချုပ်ပြန်သည်။
ဟယ်ရွှယ်က ကြယ်ကိုးပွင့် အထွတ်အထိပ် အဆင့် ဆရာသခင်နယ်ပယ်ဆယ့်သုံးယောက်အား အတူတကွလှုပ်ရှားရန် အမိန့်ပေးလိုက်သည်။
သူတို့က အတူတကွပူးပေါင်းလုပ်ဆောင်လိုက်ကြကာ သတ္တိနည်းမှုများ ပျောက်သွားကြပြီး ရှစ်ဖုန့်အား စက်ဝိုင်းငယ်လေးပုံစံ ပုံဖော်၍ တိုက်ခိုက်ကြသည်။
ဆေဘာဓားချီ၊ဓားချီ၊ဆေဘာဓားရိပ်၊ဓားရိပ်၊မီးတောက်နှင့် လျှပ်စီးများက ရှစ်ဖုန့်ထံသို့ ဦးတည်လာကြသည်။
သူတို့၏ မိစ္ဆာဝံပုလွေများကလည်း သခင်တို့၏နောက်မှ လိုက်လာကာ
သူတို့၏ ပါးစပ်များကို ဖွင့်ဟ၍ အနက်ရောင်မီးတောက်ဆယ့်သုံးခုအား ရှစ်ဖုန့်ထံပစ်လွှတ်လိုက်သည်။
အထွတ်အထိပ်ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ် အဆင့် ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့က သူတို့၏ မိစ္ဆာဝံပုလွေများအား ရှစ်ဖုန့်ထံသို့ ဦးမတည်ခင် တစ်ချက်အကြည့်ဖလှယ်လိုက်ကြသည်။
ရှစ်ဖုန့်က သူ၏ သွေးဓားရှည်အား လက်ထဲတွင်ကိုင်ထားကာ အော်လိုက်သည်။
"ငရဲဘုံကိုးခုဓားပညာရပ် ဒုတိယမြောက်လှုပ်ရှားမှု
ဖရိုဖရဲဓား ဟန်ပန်"
စကားပြောပြီးသော အခါရှစ်ဖုန့်၏ ကိုယ်က လှုပ်ရှားသည့်ပုံစံမပေါ်သော်လည်း ဆံချည်မျှင်ကဲ့သို့ ဖရိုဖရဲ သိပ်သည်းလှသော အဖြူရောင်ဓားချီတို့က သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ဓားချီပေါင်းများစွာပေါ်လာပြီး ရှစ်ဖုန့်ကိုယ်တိုင်ပင် ဖရိုဖရဲဓားချီတို့၏ အောက်တွင် နစ်မြုပ်သွားကာ သူ၏ ပုံရိပ်မှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။
သို့သော် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ အဖွဲ့ဝင်များမှာ ရှုပ်ထွေးလှသောသိပ်သည်းသည့် အဖြူရောင်ဆံချည်မျှင်များ ရုတ်တရက် လှုပ်ရှားလာသည်ကို တွေ့ရသည်။
ရှစ်ဖုန့်က အလယ်တွင်ရှိနေပြီး ဓားချီမျှင်များက ရှုပ်ယှက်ခတ်နေကာ ဓားချီမုန်တိုင်းငယ်တစ်ခုအဖြစ် သွေးရူးသွေးတန်းကခုန်နေသည်။
ဆေဘာဓားချီ၊ဓားချီနှင့်ဓားသွားပုံရိပ်တို့မှာ မုန်တိုင်းငယ်လေးအတွင်းသို့ ဝင်ရောက်သွားပြီး အနက်ရောင်မီးတောက်တို့မှာကား နုတ်နုတ်စဉ်းခံရကာဘာမျှကျန်ရှိမနေတော့ချေ။
"ဒါဘယ်လို သိုင်းပညာအမျိုးအစားလဲ.."
"ငါ့ရဲ့ အထိန်းအကွပ်မဲ့ နဂါးဓားသွားက သမုဒ္ဒရာထဲကို ကျောက်တုံးလေးနစ်ဝင်သွားသလိုမျိုး အထဲကိုနစ်ဝင်သွားတယ်.."
"ငါ့ရဲ့ နေဓားသွား ရောင်ဝါလဲ အတူတူပဲ.."
"မင်းတို့ရဲ့ တိုက်ခိုက်မှုတွေကို ကွဲထွက်မသွားစေနဲ့.. အားလုံး အလယ်ကိုတစ်ချိန်တည်းတိုက်ခိုက်ကြ.."
"ငါတို့အားလုံးရဲ့ ပူပေါင်း တိုက်ခိုက်မှုက သူရဲ့သိုင်းပညာရပ်က်ို မချိုးဖြတ်နိုင်ဘူးဆိုတာ ငါမယုံဘူး.."
မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့၏ သိုင်းပညာရှင်များအားလုံးမှာ အော်ပြောလိုက်ကြသည်။
"သွားတော့."
ရှစ်ဖုန့်၏ ရှင်းလင်းလှသော အသံက ဓားချီမုန်တိုင်းအတွင်း မှထွက်ပေါ်လာသည်။
အဖြူရောင်ဓားချီ လျှပ်ပန်းလျှပ်နွယ်များက ရုတ်ချည်း မီရှူး မီးပန်းပစ်လွှတ်သကဲ့သို့ ရှေ့သို့ ထွက်လာပြီး လူတိုင်း၏ မျက်လုံးတို့အား ကမောက်ကမဖြစ်သွားစေသည်။
"အား..အား..အား...အား...အား.."
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းပညာရှင်များမှာ သိပ်သည်းသော အဖြူရောင်ဓားချီ၏ သက်ရောက်မှုကိုခံရပြီး စိတ်မချမ်းမြေ့စရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
မိစ္ဆာဝံပုလွေများပင် ဝပ်တွား မှောက်နေကြပြီး သူတို့၏ ဦးခေါင်းတို့မှာ
မြေကြီးထဲအထိ နစ်နေအောင် မြှုပ်ထားကြသည်။
ဓားစွမ်းအင်၏ ခုတ်ပိုင်းမှုအောက်တွင် သွေများရဲရဲနီနေသော ဒဏ်ရာဒဏ်ချက်များ သူတို့၏ ကိုယ်၌ပေါ်လာ၏။
ရှစ်ဖုန့်၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဓားချီတို့ ပျောက်ကွယ်သွားပြီးနောက်တွင် သူက ခေါင်းမော့ကာ လေထဲသို့ ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
"ပုရွက်ဆိတ်နှစ်ကောင်က အပေါ်ကို ခုန်တက်သွားတာပဲ.."
"အမြင့်ကိုခုန်တက်လိုက်တာနဲ့ပဲ မင်းတို့ရဲ့ ပြင်ပခန္ဓာနာကျင်မှုတွေကို ရှောင်လွှဲနိုင်မယ်လို့ ထင်နေတာလား.."
လေထဲတွင် ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့မှာ သူတို့၏ မ်ိစ္ဆာဝံပုလွေများကိုပါ စီးနင်းထားကြသည်။
သူတို့မှာ လူနှင့်ဝံပုလွေတစ်သားတည်းဖြစ်နေကြပြီး အနက်ရောင်မီးတောက်များ ပြင်းပြင်းထန်ထန် တောက်လောင်နေ၏။
၎င်းတို့မှာ အနက်ရောင်မီးတောက်တောင်နှစ်လုံးကဲ့သို့ဖြစ်ကာ အနက်ရောင်မီးတောက် ဥက္ကာပျံခဲကဲ့သို့ ရှစ်ဖုန့်၏ ကိုယ်ပေါ်သို့ ဖိကျလာသည်။
"ငရဲကမ္ဘာ ခုတ်ပိုင်းချက်.."
ရှစ်ဖုန့်က သူ၏ ဓားအား ဝှေ့ယမ်းလိုက်ကာ လခြမ်းကွေး သဏ္ဍန် သိပ်သည်းသော အဖြူရောင်ဓားချီ နှစ်ခုအား ဖြစ်ပေါ်စေလျက် ဟင်းလင်းပြင်ကိုခုတ်ပိုင်းလိုက်၏။
"ဝုန်း..ဝုန်း.."
အနက်ရောင်မီးတောက်လုံးနှစ်ခုမှာ ဓားချီကြောင့် ချက်ခြင်းပျောက်ကွယ်သွားပြီး မိစ္ဆာဝံပုလွေတို့အပေါ်တွင် ရပ်နေသော ပုံရိပ်နှစ်ခုပေါ်ဘလာသည်။
ထိုအချိန်တွင် ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေ၏။
သူတို့နှစ်ယောက်မှာ အတောင်ဆုံးရှုံးလိုက်ရသော ငှက်ကဲ့သို့ ကောင်းကင်ထက်မှ ရှစ်ဖုန့်၏ ခြေရင်းရှေ့သို့ပြုတ်ကျလာသည်။
"ဘုန်း..ဘုန်း.."
လေထဲတွင်ဖုန်းများဖြင့်ပြည့်နှက်သွားသည်။
"ဒါက..."
အခြားတစ်ဖက်တွင် ဟယ်ရွှယ်မှာ ကြက်သေသေနေသည်။
ခုဏကဖြစ်ပျက်သွားသော အရာများအား သူ၏မျက်လုံးဖြင့် မြင်တွေ့ရသည့်တိုင် အစစ်အမှန်ဟု မယုံကြည်နိုင်သေးပေ။
သူ့အနေဖြင့် အိမ်မက်မက်နေသည်ဟု သံသယရှိနေမိသည်။
သူခေါ်လာခဲ့သော သူများအားလုံးက အချိန်တိုလေးအတွင်း ပြိုလဲကျကုန်၏။
သို့တို့ထဲတွင် ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်နှစ်ဦးပါနေသေးသည်။
သူအလွယ်တကူနင်းချေပစ်၍ ရနိုင်မည်ဟုထင်ခဲ့သော ပုရွက်ဆိတ်လေးက လူအများကြီးအား အနိုင်ယူသွားခဲ့သည်။
"ဟင့်အင်..ဒါကတကယ်မဟုတ်ဖူး..အ်ိမ်မက်ပဲဖြစ်ရမယ်..ဒါကအိမ်မက်ပဲဖြစ်ရမယ်. "
သူကဖုန်များထနေသော နေရာအားကြည့်ကာ တီးတိုးရေရွတ်နေသည်။
အဓိပ္ပါယ်မရှိသောအိမ်မက်မှ နာကျင်မှုကြောင့် နိုးထလာစေရန်ဟူသော မျှော်လင့်ချက်ဖြင့် သူ၏ ညာဘက်ပေါင်အား ညာလက်ဖြင့် ဆိတ်ကြည့်လိုက်မိသည်။
သို့သော် ထိုအရာက တကယ့်ကိုနာကျင်သည်။
နာကျင်မှုအပြည့်နှင့် အိမ်မက်ပင်ဖြစ်သည်။
ထို့နောက်ချက်ခြင်း ဖုန်မှုန့်များကြားထဲမှ အနက်ရောင် အရိပ်တစ်ခုဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို ဟယ်ရွှယ်တွေ့လိုက်ရသည်။
ပေါ်လာသော ထိုမျက်နှာမှာ သူမတွေ့ချင်ဆုံးသော မျက်နှာတစ်ခုဖြစ်နေသည်။
"ဘာဖြစ်လို့လည်း လူငယ်ခေါင်းဆောင်လေးဟယ်ရဲ့.."
"မင်းငါ့ကို တကယ်ကြီး မမြင်တွေ့ချင်တဲ့ပုံစံမျိုး ဘာလို့ပေါက်နေရတာလဲ.."
"ခုဏက ငါ့ကိုတွေ့တုံးကလိုမျိုး မင်းရဲ့စိတ်အားထက်သန်မှုတွေဘယ်ရောက်သွားတာတုံး..."
"ခုဏကငါပေါ်လာတုံးက မင်းစိတ်ဝိညာဉ်ခွန်အား အပြည့်နဲ့ အကျယ်ကြီးအော်ရယ်နေတာကို ငါမှတ်မိပါတယ်"
ရှစ်ဖုန့်က ဖြည်းဖြည်းချင်းလျှောက်လာရင်း ဟယ်ရွှယ်အား ကျီစယ်နေသည်။
"မင်း....ငါ့နားကိုမလာခဲ့နဲ့.."
ရှစ်ဖုန့်ချဉ်းကပ်လာသည်အား တွေ့ရသောအခါ ဟယ်ရွှယ်မှာ မတက်နိုင်ပဲ နောက်ဆုတ်လိုက်မိသည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise