← Chapters

အပိုင်း (၆၈)

Vol. 5 Ch. 68

အပိုင်း (၆၈)

Vol. 5 Ch. 68

"မင်းကြောက်နေတာလား.."

ရှစ်ဖုန့်က ရပ်လိုက်ကာ ဟယ်ရွှယ်အား ကျီစားသော အမူအယာဖြင့် မေးလိုက်သည်။

"ကြောက်ရမယ်...ငါကမင်းကိုဘာလို့ကြောက်ရမှာလဲ.."

ဟယ်ရွှယ်မှာ အစောပိုင်းက သမင်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေမ်ိသော်လည်း ရှစ်ဖုန့်၏ စကားအား ကြားလိုက်ရသောအခါတွင် သူ၏ အမူအယာက နောက်ထပ်တစ်ကြိမ် ခက်ထန်လာပြန်သည်။

"ငါ့အဖေက မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ခေါင်းဆောင် ဟယ်လုံပဲ ပြီးတော့ ဘုရင်နယ်ပယ်အဆင့်တစ်ယောက်လည်းဖြစ်တယ်.."

"မင်းသာငါ့ကို ထိရင် မင်းဘယ်နေရာကိုထွက်ပြေးပြေး ငါ့အဖေက မင်းကိုလွှတ်ပေးမှာမဟုတ်ဖူးကွ.."

"ဒီစကားတွေက အရမ်း ရင်းနှီးနေသလိုပဲ.."

ရှစ်ဖုန့်က မျက်မှောင်ကြုတ်ကာပြန်စဉ်းစားနေသည်။

"အိုး..ဟုတ်သား..ငါအခုမှတ်မိပြီ.."

"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုံးက ငါအဲ့လိုတူညီတဲ့ စကားမျိုး ကြားခဲ့ဖူးတယ်.."

"ဒါပေမဲ့ နောက်နေ့မှာ သူ့အဖေက ငါသတ်တာကို ချက်ခြင်း ခံခဲ့ရတယ်လေ.."

"မင်းအဖေဆိုလည်း ခြွင်းချက် မရှိဘူးလို့ ငါယုံကြည်ပါတယ်.."

ရှစ်ဖုန့်က စကားပြောပြီးနောက် ဟယ်ရွှယ်ထံသို့ ဆက် လျှောက်သွားလိုက်သည်။

"ဟင့်အင်း...ငါ့နားကိုမလာနဲ့.."

ဟယ်ရွှယ်က လွတ်မြောက်ရန်အတွက် လျှင်မြန်စွာ ထွက်မပြေးမီ အော်ပြောလိုက်သည်။

ရှစ်ဖုန့်က အတွေးတစ်ချက် တွေးလိုက်သောအခါ ဟယ်ရွှယ်မှာ သူ၏ ခန္ဓာက်ိုယ်အား ချက်ခြင်း ထိန်းချုပ်မှု ဆုံးရှုံးသွားရသည်။

သူ၏ ခန္ဓာကိုယ်က မမြင်ရသော စွမ်းအားတစ်ခုဖြင့် အတင်းအကျပ် လှည့်ခံရသကဲ့သို့ဖြစ်ကာ လှည့်လာပြီး ရှစ်ဖုန့်အား နောက်တစ်ကြိမ် မျက်နှာချင်းဆ်ိုင်အနေအထား ဖြစ်သွားရသည်။

ရှစ်ဖုန့်ကသူ့အနား ပြုံး၍ လျှောက်လာနေသည်ကို ကြည့်နေရသည်။

ဤ အန္တရာယ် မပြုနိုင်ဟု ထင်ရသော လူငယ်လေးမှာ ဟယ်ရွှယ်၏ မျက်လုံးထဲတွင် နတ်ဆိုးတစ်ကောင်နှင့် တူညီနေသည်။

နတ်ဆိုး၏ သွေးနီရောင်ဓားက နေရောင်အောက်တွင်​ မျက်စိကျိန်းရလောက်အောင် တော်တော်လေး စူးရှတောက်ပနေသည်။

ဓား၏ ထက်ရှသော အနားစောင်းအသွားတို့က သွေးရောင်ဖြင့်တောက်ပနေပြီး ဓားတစ်ခုလုံးမှာ ကောက်ရိတ်သမား၏ ကောက်ရိတ်ဓားတစ်ချောင်းကဲ့သို့ပင်ဖြစ်သည်။

ဟယ်ရွှယ်မှာမူ နှလုံးသားထဲထိ​တိုင် နောင်တတို့ ရနေပြီဖြစ်သည်။

ဘာကြောင့်များ သူ့အနေဖြင့် ဤနတ်ဆိုးကို အကြောင်းပြချက်မရှိ စော်ကားမိခဲ့ပါသနည်း။

သူ့အနေဖြင့် နတ်ဆိုးသားရဲမြို့တွင် သူ၏ အဆင့်အတန်းကို ပြသလိုသောကြောင့်သာ ဤသို့သောအရာများအားလုပ်ခဲ့​ခြင်းဖြစ်သည်။

သို့သော် အလဲအလှယ်အနေနှင့်က သူ၏ အသက်ကိုပေးရတော့မည်ဖြစ်၏။

သူ့အနေ့ဖြင့် ဤ နတ်ဆိုးဖြင့် အဝေးမှာသာ နေနိုင်ခဲ့မည်ဆိုလျှင် ယခုမှစ၍ ဤကဲ့သို့သော အရာများအား ဘယ်သောအခါမျှ ပြုလုပ်တော့မည်မဟုတ်ပေ။

သူ၏ နှလုံးသားထဲကဒေါသတရားကြောင့်သူအနေ့ဖြင့် ဤနတ်ဆိုး၏ နောက်သို့လိုက်လာမိခဲ့ပြီး သူ၏ အသက်အား ၎င်းသတ်ရန်အတွက် အရောက်ပို့ပေးသလိုဖြစ်ခဲ့သည်။

ဟယ်ရွှယ်နောင်တရမိသည်။

ဤကမ္ဘာတွင် နောင်တရားအတွက် ဆေးဟူသော အရာသာရှိမ​ည်ဆိုလျှင် သူ့အနေဖြင့် ဤပုဂ္ဂိုလ်အား သေချာပေါက် စော်ကားဖို့ စိတ်ပင်ကူးတော့မည်မဟုတ်ပေ။

သ်ို့သော် ​သေခြင်းတရားက သူ၏ ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။

မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏လူများကြားထဲတွင် ဟယ်ရွယ်၏ ဝိညာဉ်ခွန်အားမှာ အသန်မာဆုံးဖြစ်သည်ကို ရှစ်ဖုန့် သတိပြုမိသည်။

"ဟင့်အင်...ငါ့နားကိုမလာခဲ့နဲ့..ငါ့ကိုမသတ်ပါနဲ့.."

"မင်းငါ့ကိုမသတ်ဖူးဆိုရင် ငါမင်းကို ကမ္ဘာဦးကျောက်တုံး တစ်သောင်းပေးပါ့မယ်.."

"မဟုတ်ဖူး...တစ်သိန်းပေးမယ်.."

"မင်း..မင်း ငါ့ကိုမသတ်ဖူးဆိုရင် ငါ..ငါ့အဖေကိုပြောပြီးတော့ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ရဲ့ ဒုခေါင်းဆောင် နေရာကို ပေးပါ့မယ်.."

ရှစ်ဖုန့်က တစ်လှမ်းချင်း နီးကပ်စွာ လျှောက်လာခဲ့သည်။

ဟယ်ရွှယ်၏ နှလုံးသားထဲတွင် အကြောက်တရားတို့က ကြီးထွားလာသည်။

သူ၏ အနားသို့သေခြင်းတရားက ချဉ်းကပ်လာသည်ကို ခံစားမိပြီး ထက်ရှသော သွေးဓား၏ အသွားတို့က သူ၏ လည်ပင်းအား ခုတ်ပိုင်းတော့မည်ဟု တွေးလိုက်မိသော အခါတွင် ဟယ်ရွှယ်၏ ကိုယ်မှာ ထိန်းမထားနိုင်ပဲ တုန်ယင်လာတော့သည်။

"ဘယ်သူ့ငါ့ကိုလာကယ်မှာလဲ...ကောင်းကင်နဲ့အထီးကျန်ဝံပု​လွေတို့..

အဖေ...ဝေ့ဟန်.."

"ဘယ်သူငါ့ကိုလာကယ်မှာလဲ.."

"ငါ..ငါ..ငါမသေချင်သေးဘူး.."

အကြောက်တရားကြောင့် ဟယ်ရွှယ်မှာ မျက်လုံးမှိတ်ထားလိုက်သည်။

ဟယ်ရွှယ်မှာ ရှစ်ဖုန့်ရော ၎င်း၏ လက်ထဲတွင် ကိုင်ဆောင်ထားသည့်သွေးဓားကိုပါမကြည့်ရဲပေ။

ရုတ်တရက်ဟယ်ရွှယ်မှာ သူ့အနေဖြင့်လေထဲသို့ မြောက်တက်သွားသလိုခံစားလိုက်ရသည်။

"ကျွမ်းကျင်သူတစ်ယောက်က ငါ့ကိုလာကယ်တာများလား.."

ယင်းမှာ ဟယ်ရွှယ်၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာခဲ့သော အတွေးပင်ဖြစ်သည်။

ထို့နောက်မကြာခင် ဟယ်ရွှယ်မှာ သူ၏ ပတ်ပတ်လည်ရှိကမ္ဘာကြီးကလည်ပတ်နေသည်ကိုခံစားရသည်။

သူ၏ မျက်လုံးအားဖွင့်လိုက်သောအခါတွင် သူငယ်အ်ိမ်တို့မှာ ကျယ်လာခဲ့သည်။

ရုတ်တရက် အောက်ရှိမြေပြင်တွင် လူငယ်လေး တစ်​ယောက်က သူ၏ ဓားကိုကိုင်ကာ ရပ်နေသည်ကိုတွေ့ရသည်။

လူငယ်လေး၏ ရှေ့တွင် ခေါင်းမပါသော ခန္ဓာကိုယ်တစ်ခုရှိနေ၏။

ခေါင်းမပါသော လည်ပင်းမှ သွေးများက ပန်းထွက်နေကြဆဲဖြစ်သည်။

"ဒ..ဒါက..ငါ့ရဲ့...."

ရှစ်ဖုန့်မှာ ဟယ်ရွှယ်အား သတ်ပြီးသည့်နောက်တွင် သေခြင်းစွမ်းအင်၊အသွေးအသားတို့ကို ဝါးမြိုလိုက်သည်။

သူ၏ရှေ့ရှိ ခေါင်းမပါသော အလောင်းမှာ လေလျော့သွားသော ပူဖောင်းကဲ့သို့ လျှင်မြန်စွာ ရှုံ့တွသွား၏။

ရှစ်ဖုန့်က ခေါင်းမော့ကြည့်ကာ သူ၏ဓားအား အဝေးမှာထားလိုက်သည်။

ကျဆင်းလာသော ခေါင်းပြတ်အားကြည့်ကာ သူ၏ လက်တို့ကို ဆီးလ်တံဆ်ိပ်လက်ဟန်တို့ ပုံဖော်လိုက်သည်။

ထူးဆန်းပြီး တွန့်လိန်နေသော အဖြူရောင်ရုန်းအများအပြားက သူ၏ လက်ထဲတွင် ဆက်တိုက်ပေါ်လာပြီး ဟယ်ရွှယ်၏ ဦးခေါင်းထံ ပျံသန်းသွားကာ နဖူးအား ထိုးဖောက်သွားသည်။

ဦးခေါင်းကျလာသောအခါတွင် ရှစ်ဖုန့်က လက်ကိုဆန့်ထုတ်ကာ ဘောလုံးတစ်လုံးကဲ့သို့ ဟယ်ရွှယ်၏ ဦးခေါင်းအား ဆုပ်ကိုင်လိုက်သည်။

သူက တောင်နံရံရှေ့ရှိ ဂူထဲသို့ မဝင်ခင် သူ၏ ရွေ့လျားမှုပညာရပ်ကိုသုံးကာ တောင်နံရံပေါ်ခုန်တက်လိုက်သည်။

မှောင်မိုက်နေသော ဂူထဲတွင် ယွဲ့ဝူရွှမ်းမှာ သတိမေ့နေဆဲဖြစ်သည်။

သူမဘေးရှိ မီးပုံကတော့ ငွေ့ငွေ့လေး လောင်ကျွမ်းနေဆဲဖြစ်သည်။

ရှစ်ဖုန့်ဂူထဲသို့​ပြန်ရောက်သောအခါတွင် သူ၏ လက်ထဲရှိ ဦးခေါင်း အား ယွဲ့ဝူရွှမ်းအား ပစ်ပေးလိုက်သည်။

ဟယ်ရွှယ့်ဦးခေါင်းမှာ ယွဲ့ဝူရွှမ်း၏ ဦးခေါင်းနှင့် ထိသောအခါတွင် လေထဲတွင် ရပ်တန့်သွားသည်။

ရှစ်ဖုန့်က သူ၏ ဝိညာဉ်ခွန်အားကို အဆက်မပြတ်လှည့်ပတ်ပြီး လေထဲတွင် တန်းလန်းဖြစ်နေသော ဦးခေါင်းအား ဖိချလိုက်သည်။

အလွန်လျှင်မြန်စွာပင် ဟယ်ရွှယ်၏ ဝိညာဉ်မှာခေါင်းထဲမှ ဆက်ကနဲ ဆွဲနုတ်ယူခံလိုက်ရ၏။

"မင်းဆိုးဆိုးဝါးဝါးနဲ့ကိုသေရလိမ့်မယ်...ငါသရဲဖြစ်လာရင်တောင်..

ငါမင်းကိုမလွှတ်ပေးဘူး...မင်းအသေဆိုးနဲ့သေရလိမ့်မယ်..."

လက်သီးဆုပ်အရွယ် အရည်လဲ့နေသော ဟယ်ရွှယ်၏ ဝိညာဉ်မှာ မိုးမွန်အောင် ကျိန်ဆဲနေသည်။

ရှစ်ဖုန့် ကသူ့အား အာရုံစိုက်၍ အနှောက်အယှက်ဖြစ်မခံပေ။

ဤ ငတိမှာ ဝိညာဉ်ဘဝရောက်သည်တောင်မှ ပြောင်းလဲခြင်း မရှိသေးပေ။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်က ဟယ်ရွှယ်၏ ဝိညာဉ်မှ အသိစိတ်များကို ဖယ်ထုတ်ပစ်လိုက်သည်။

ကျန်ရှိနေခဲ့သော သန့်စင်ပြီး ဝိညာဉ်အား ယွဲ့ဝူရွှမ်း၏ နဖူးဆီပို့လွှတ်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအင်အတွက်လိုအပ်သော အာဟာရကိုဖြည့်တင်းပေးလိုက်သည်။

"အင်း.."

သတိမေ့နေသော ယွဲ့ဝူရွှမ်းမှာ ရုတ်တရက်သူမ၏ ဝိညာဉ်အားဖြစ်လာသောကြောင့် သက်တောင့်သက်သာဖြစ်သော ညည်းညူသံတစ်ချက် ညည်းလိုက်သည်။

ရှစ်ဖုန့် လုပ်စရာရှိသည်များအား ပြုလုပ်ပြီးသည့်နောက်တွင် ခေါင်းပြတ်မှာ တန်ဖိုးမရှိတော့ပေ။

သူက ဦးခေါင်းအတွင်း လက်ထိုးထည့်၍ စုပ်ယူလိုက်ပြီးနောက် ဂူအပြင်သို့ အမှိုက်တစ်ခုကဲ့သို့ ပစ်ထုတ်လိုက်သည်။

ယွဲ့ဝူရွှမ်းကိုကြည့်၍ ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။

"ဒီမိန်းကလေး မကြာခင်နိုးသင့်ပီ.."

ထို့နောက် ရှစ်ဖုန့်က ဂူဝင်ပေါက်ဆီသို့ လျှောက်သွားကာ နောက်တစ်ကြိမ် တောင်နံရံမှ ခုန်ချလိုက်သည်။

မြေပြင်ပေါ်တွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမား ဆယ့်ငါးယောက်နှင့် မိစ္ဆာဝံပုလွေဆယ့်ငါးကောင်ရှိနေသည်။

ဤလူနှင့်ဝံပုလွေများမှာ ရှစ်ဖုန့်က ၎င်းတို့၏ မရီဒီယန်များကိုသာ ထိခိုက်ဒဏ်ရာရအောင်လုပ်ထားပြီး ယာယီအသက်ချမ်းသာပေးထားခြင်းဖြစ်သည်။

ရှစ်ဖုန့်က သူ၏ ညာလက်ကို ဆက်ကနဲလုပ်၍ ရုန်းအမှတ်အသားတို့အား ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ ​ပို့လွှတ်လိုက်သည်။

ထိုအမှတ်အသားများမှာ ဟယ်ရွှယ်၏ ကိုယ်အတွင်း သို့ ဝင်ရောက်သွားသော အမှတ်အသားများနှင့်အတူတူပင်ဖြစ်သည်။

ထိုအရာများအား ထည့်သွင်းပြီးသောအခါတွင် ဤလူများ၏ လွတ်လပ်မှုနှင့် အသက်တို့မှာ ရှစ်ဖုန့်၏လက်ထဲ၌ ရှိနေပြီဖြစ်သည်။

"မင်းတို့ကောင်တွေ မင်းတို့ ဒဏ်ရာတွေကို ပြန်ကုသကြ..နှစ်နာရီပြီးတဲ့နောက်ထိ မကုသရသေးဘူးဆိုတာကိုတွေ့ရင် ငါဆင်းလာပြီး ဟယ်ရွှယ်နောက်ပို့ပေးမယ်.."

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

သူတို့၏ မရီဒီယန်များ ထိခိုက်ထားကြပြီး မလှုပ်ရှားနိုင်ကြသော်လည်း ​၎င်းတို့မှာ ကြယ်ကိုးပွင့်ဆရာသခင်များနှင့် ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်တို့ဖြစ်ကြသည်။

နှစ်နာရီမှာ ၎င်းတို့ပြန်လည်ကောင်းမွန်ရန်အတွက် လုံလောက်၏။

ထိုသို့မဟုတ်လျှင်တောင် ဤကြေးစားအဖွဲ့မှာ နတ်ဆိုးသားရဲတောင်တန်းတွင် နှစ်ပေါင်းများစွာသွားလာနေကြသူများဖြစ်ပြီး သူတို့နှင့်အတူ ကုသရေးဆေးဝါးများအား တစ်ပါတည်း သယ်ဆောင်ထားနေ​ကြဖြစ်သည်။

ရှစ်ဖုန့်က သူတို့၏ ကိုယ်အတွင်းသို့ အမှတ်အသား သွင်းလိုက်ချိန်တွင် ၎င်းတို့အနေဖြင့် သူတို့၏ အသက်များမှာ ဤလူငယ်လေး၏ လက်ထဲတွင် ရှိနေသည်ကို နားလည်ကြပြီး ဤလူငယ်လေးက သူတို့အား သက်ညှာပေးမည်ဟု သံသယမဖြစ်ရဲကြပေ။

သူတို့၏ လူငယ်ခေါင်းဆောင်ဟယ်ရွှယ်ပင် ဓားတစ်ချက်တည်းဖြင့်အသတ်ခံခဲ့ရပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ အဟာရဓာတ်များ၏ ဤလူငယ်လေး၏ စုပ်ယူခြင်းကိုခံခဲ့ရသည်။

ခုဏကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက လူအများအပြား၏ ဆံပင်မွှေးတို့ပင် အဆုံးထိထောင်သွားစေသည်။

ထိုရှုံ့တွစွာလဲလျောင်းနေသော ခန္ဓာကိုယ်နေရာ၌ သူတို့သာ ဖြစ်နေသည်ဟု စဉ်းစားကြည့်လို​က်လျှင်......

သူတို့ထိုအရာအား ဆက်လက်၍ မစဉ်းစားရဲကြပေ။

သူတို့၏ ကံဆိုးမိုးမှောင်ကျမှုများအား ဖယ်ရှားပြီး အသက်ရှင်ချင်သော စိတ်တစ်ခုသာသိကြသည်။

တစ်ခုတည်းသော နည်းလမ်းမှာ ယခုအချိန်တွင် ဤလူငယ်ဘေးစကားကို လိုက်နာပြီး မငြင်းဆန်ရန်ပင်ဖြစ်သည်။

မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမားများ စတင်၍ ဒဏ်ရာများကိုကုသနေသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်က သူ၏ အကြည့်အား ဟယ်ရွှယ်၏ မိစ္ဆာဝံပုလွေထံသို့ပြောင်းလိုက်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters