← Chapters

အပိုင်း (၆၉)

Vol. 5 Ch. 69

အပိုင်း (၆၉)

Vol. 5 Ch. 69

ရှစ်ဖုန့်က သူ၏ အကြည့်တို့အား ဟယ်ရွှယ်၏ မိစ္ဆာဝံပုလွေထံသို့ပြောင်းလိုက်သည်။

၎င်းမှာ အဆင့်သုံး နတ်ဆိုးသားရဲတစ်ကောင်သာ ဖြစ်သော်လည်း ဤ မ်ိစ္ဆာဝံပုလွေနဲ့ပက်သက်ပြီး တစ်ခုခု ကွဲပြားနေသည်ကို သူသတိထားမိသည်။

ခုဏက ရှစ်ဖုန့် ဟယ်ရွှယ်၏ အနားသို့ ချဉ်းကပ်လာသော အခါတွင် ၎င်းက သူ့အား "သူ့ကိုသတ်" ဟူသော အတွေးတစ်ခုကို ပေးပို့ခဲ့သည်။

ထို့​ကြောင့်လည်း ရှစ်ဖုန့် စိတ်ဝင်စား ရခြင်းဖြစ်သည်။

ရှစ်ဖုန့်ကသူ့ဟာသူတွေးလိုက်မိသည်။

"ဒီ မိစ္ဆာဝံပုလွေက ဟယ်ရွှယ်ရဲ့ ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရတာပဲဖြစ်ရမယ်"

သူချဉ်းကပ်လာသော အခါတွင် ထိုမြင့်မားသော မိစ္ဆာ ဝံပုလွေမှာ သူ့အား ကြောက်ရွံ့နေပုံရသည်ကို ရှစ်ဖုန့် သတိထားမိသည်။

၎င်းကနောက်သို့ဆုတ်ရင်း သူ့အားကြ​ည့်နေပြီး ၎င်း၏ ကြမ်းကြုတ်ရက်စက်သော မျက်နှာထက်တွင် လူသားတစ်ယောက်ကဲ့သို့ ထိပ်ထိပ်ပျာပျာ အမူအယာတို့ ရှိနေသည်။

ရှစ်ဖုန့်မှာ ၎င်းအား ပို၍ ကြည့်လေ ပို၍ စိတ်ဝင်စားလာလေဖြစ်သည်။

ဤ အဆင့်သုံး နတ်ဆိုးသားရဲမှာ တခြားသားရဲများနှင့် တကယ့်ကို ကွဲပြားနေသည်ဟု ရှစ်ဖုန့်ခံစားမိသည်။

သာမန်အဆင့်သုံး နတ်ဆိုးသားရဲများမှာ အလွန်နိမ့်ကျသော ဉာဏ်ရည်သာရှိပြီး သာမန် သားရဲရိုင်းများဖြင့် သိပ်ကွာခြားမှု မရှိလှပေ။

ဤနတ်ဆိုးသားရဲမှာမူ အသိဉာဏ်တိုးတက်မှုများ ရှ်ိပြီး ဖြစ်သည်ကို ရှစ်ဖုန့် ရှာဖွေတွေ့ရှိခဲ့သည်။

သာမန်အခြေအနေများအောက်တွင် မိစ္ဆာဝံပုလွေကဲ့သို့ အဆင့် နိမ့်နတ်ဆိုးသားရဲတစ်ကောင်အတွက် ၎င်းအနေဖြင့် အဆင့်လေး ဘုရင်နယ်ပယ်အဆင့် နတ်ဆိုးသားရဲအဖြစ်သို့ ကံကောင်းထောက်မစွာဖြင့် တက်လှမ်းနိုင်ခဲ့မှသာ စိတ်ဝိညာဉ် အသိဉာဏ်ကို စုဆောင်း နိုင်လိမ့်မည်ဖြစ်သည်။

လူသားတစ်ယောက်ကဲ့သို့သော အသိဉာဏ်မျိုး ရှိဖို့ဆိုလျှင် ၎င်းအနေဖြင့် အနည်းဆုံး အဆင့်ငါး နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ဖို့ လိုအပ်၏။

အကယ်၍ နတ်ဆိုးသားရဲများသာ အဆင့်ခြောက်အထိ တက်လှမ်းနိုင်ခဲ့လျှင် ၎င်းတို့ အနေဖြင့် လူသားအသွင်သို့ပင် ကူးပြောင်းနိုင်လ်ိမ့်မည်ဖြစ်သည်။

သို့သော မိစ္ဆာဝံပုလွေကဲ့သို့သော နိမ့်ကျသော မျိုးဆက်သွေးဖြင့် နတ်ဆိုးသားရဲတစ်ကောင်အတွက်မူ အဆင့်သုံးမှာ ၎င်း၏ အကန့်အသတ်ပင်ဖြစ်သည်။

"ဒီ မိစ္ဆာဝံပုလွေက အခြားနတ်ဆိုးသားရဲတစ်​ကောင်ရဲ့မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ရမယ်.."

"ဒါက မျိုးစပ်တစ်ကောင်ပဲ..ဒါကြောင့်လည်း အဆင့်သုံးကို ရောက်တဲ့အချိန်မှာ စိတ်ဝိညာဉ် အသိဉာဏ်ကို စုဆောင်းနိုင်ခဲ့တာ..."

ရှစ်ဖုန့်က မိစ္ဆာဝံပုလွေအားကြည့်ရင်း တီးတိုး ရေရွတ်နေသည်။

ထို့နောင် ရုန်း(အင်းစာလုံး ဟု နောက်ပိုင်းပြောင်းသုံးပါမည်) တစ်ခုအား ပစ်လွှတ်လိုက်ပြီး ထိုအင်းစာလုံးက မိစ္ဆာဝံပုလွေ၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

"အခု ဒီအရှင်မှာ စီးစရာ ချို့တဲ့နေတာ ကြောင့် မင်းကို အသုံးပြုမယ်.."

"အနာဂတ်မှာ အဆင့်လေးကို တက်ဖို့အတွက် မင်းကျရှုံးတယ်ဆိုရင်တော့ ဒီအရှင်ကိုယ်တိုင် မင်းကိုသတ်ပြီး မင်းအသားကိုစားရလိမ့်မယ်.."

ရှစ်ဖုန့်က မိစ္ဆာဝံပုလွေအား ပြောလိုက်သည်။

"အာဝူး..ဝေါင်း.."

မိစ္ဆာဝံပုလွေက သူဆိုလိုသည်အားနားလည်ပြီး ရှစ်ဖုန့်ပြောသည် နှင့် ပက်သက်ပြီး မကျေနပ်စွာဖြင့် ဟိန်းဟော​က်ပြသည်။

"မင်းက အဆင့်နိမ့်သားရဲတစ်ကောင် သက်သက်ပဲ.."

"နတ်ဆိုးသားရဲတောင်တန်းရဲ့ နေရာတိုင်းသား သားရဲတွေနဲ့ပြည့်နေတာ..မင်းထပ်ပြီးအော်ကြည့် ငါ့မင်းကိုအခုပဲသတ်ပစ်မယ်.."

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် မိစ္ဆာဝံပုလွေက ကျိုးကျိုးနွံနွံဖြင့် ပါးစပ်ပိတ်လိုက်သည်။

၎င်းက ရှစ်ဖုန့်အား သူ၏ ဆရာသခင်အဖြစ် အသိအမှတ်ပြုသည်က်ို ပြသသည့်အနေဖြင့် ၎င်း၏ ကိုယ်အား နိမ့်ချပေးသည်။

ရှစ်ဖုန့်က ၎င်းအား ထပ်မံ၍ အာရုံမစိုက်တော့ပေ။

ထိုအစား သူကခေါင်းမော့ကာ တောင်နံရံဘေးရှိ ဂူဝင်ပေါက်ဆီသို့ ပြောင်းလဲကြည့်လိုက်သည်။

လောလောဆယ်တွင် အဖြူရောင်ပုံရိပ်တစ်ခုက ထိုနေရာတွင် ရပ်နေသည်။

ဟယ်ရွှယ်၏ ဝိညာဉ်အား စုပ်ယူပြီးသည့်နောက်တွင် ယွဲ့ဝူရွှမ်းမှာ နိုးလာခဲ့သည်။

ဤအချိန်တွင် သူမက အောက်သို့ငုံ့ကြည့်နေကာ ရှစ်ဖုန့်ဖြင့် အကြည့်ဆုံနေ၏။

ယွဲ့ဝူရွှမ်းက တောင်နံရံပေါ်မှာခုန်ချလိုက်ကာ အသက်ရှူကြိမ်အနည်းငယ်ခန့်အတွင်း ​ရှစ်ဖုန့်၏ ရှေ့သို့ သက်ဆင်းလာသည်။

"မင်းသတိရလာပြီပဲ.."

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကိုပြောလိုက်သည်။

ယွဲ့ဝူရွှမ်းကဘေးပတ်လည်ရှိ အားပြန်ဖြည့်တင်းနေကြသော သိုင်းပညာရှင်များနှင့် မိစ္ဆာဝံပုလွေတို့အား လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူမက စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်၍ကြည့်နေသည်။

"ဘာတွေဖြစ်ပျက်ခဲ့တာလဲ.."

"အရိပ်ဝံပုလွေတွေ တောအုပ်ထဲမှာ အဝိုင်းခံရတာကိုပဲ မမမှတ်မိတယ်.."

"တို့တွေဘာလို့ဒီမှာ ရှိနေတာလဲ..ဒါကရော ဘယ်နေရာလဲ.."

"သူတို့ကရော ဘာဖြစ်ကြတာလဲ.."

ခုဏကမှ နိုးလာသော ယွဲ့ဝူရွှမ်းကသူမ၏ စိတ်ထဲရှိ မေးခွန်းအားလုံးကို မေးနေသည်။

ရှစ်ဖုန့်က အနောက်ဘက်ရှိ တောအုပ်အား ညွှန်ပြကာ ယွဲ့ဝူရွှမ်းအားပြောလိုက်သည်။

"အဲ့တာက ယင်တောအုပ်ပဲ..ငါတို့တွေ အရိပ်ဝံပု​လွေတွေရဲ့ တိုက်ခိုက်တာကိုခံခဲ့ရတယ်.."

"မင်းက အရူးပဲ..မင်းရဲ့ကိုယ်ကို သာမန်လူတစ်ယောက်လို ဖြစ်အောင်ကို အသုံးပြုခဲ့တာကို ငါကြားဝင်တာခဲ့ရတယ်.."

"အဆုံးမှာတော့ ငါတို့တွေ မသေပဲနဲ့ ဒီကို ရောက်လာနိုင်ခဲ့တာပဲ.."

တစ်ဆက်တည်းရှစ်ဖုန့်က မိစ္ဆာဝံပုလွေ ကြေးစားအဖွဲ့၏ လူများအား ညွှန်ပြပြီး ပြောလိုက်သည်။

"မင်းခေါ်ထားတဲ့ လူတွေကတော့ ထွက်​ပြေးသွားကြပြီ..အခုငါ မင်းအတွက် လူအချို့ကို စုပေးထားတယ်..."

"ပြီးတော့ ဒီလူတွေက အရမ်းကို ကြင်နာတတ်တဲ့ နှလုံးသား ရှိကြတာ မင်းဆီကနေ ဘာအခကြေးငွေမှ မယူဘူး.."

"သူတို့ က ဖြောင့်မတ်မှန်ကန်တဲ့သူတွေလည်း ဖြစ်ကြတော့ သူတို့

ရဲ့သေခြင်း ရှင်​ခြင်းကိုတောင် လျစ်လျူ ရှုနိုင်တယ်လေ..."

ယွဲ့ဝူရွှမ်းမှာ အရူးတစ်​ယောက်မဟုတ်ပေ။

ဤလူများ၌ အစထဲက ကြင်နာတတ်သော နှလုံးသားရှိမနေဘဲ သမာသမတ်ကျမှုလည်း မရှိသည်ကို သူမနားလည်ပြီးဖြစ်သည်။

သူတို့အားလုံးမှာ ရှစ်ဖုန့် ခွန်အားအသုံးပြုထားသောကြောင့် ပြင်းထန်စွာ ထိခိုက်ထားကြ၏။

ယွဲ့ဝူရွှမ်းက သိုင်းပညာရှင်များနှင့် မိစ္ဆာဝံပုလွေတို့ အပေါ်တွင် နောက်ထပ်တစ်ကြိမ် ဂရုတစ်စိုက်နှင့် ထပ်မံကြည့်လိုက်သည်။

သူမက အသံတိုးတိုးဖြင့်ပြောလိုက်၏။

"ဒီလူတွေက မိစ္ဆာ ဝံပါလွေကြေးစား အဖွဲ့က သူတွေပဲ.."

ထို့နောက် ယွဲ့ဝူရွှမ်းမှာ သူမ၏ အကြည့်တို့ ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့၏ အပေါ်သို့ ကျရောက်ချ်ိန်တွင် အံ့အားသင့်စွာ အော်ပြောလိုက်သည်။

"အထွတ်အထိပ် ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်..."

"ဟုတ်တယ်.."

ရှစ်ဖုန့်က ခေါင်းငြိမ့်လိုက်သည်။

ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား ထူးဆန်းသော အမူအယာဖြင့်ကြည့်ကာ လေးလေးနက်နက်မေးလိုက်သည်။

"မင်းက အခုအရမ်းကိုငယ်သေးတာ ကို မင်းကျင့်ကြံမှု အဆင့်က ဘယ်နယ်ပယ်ကို ရောက်နေပီလဲ.."

ထို့နောက် ယွဲ့ဝူရွှမ်းက တစ်စုံတစ်ခုအား ပြန်လည်၍ အမှတ်ရဟန်ဖြင့် ပြောလိုက်သည်။

"မင်းက ဦးလေး ရှောင်ယောင်ရဲ့ တပည့်ဆိုတာကို မမမေ့တို့မို့.."

"သိုင်းပညာနဲ့ပက်သက်ပြီး မမအများကြီး မသိပေမဲ့ ..မမတို့ရဲ့ ငရဲဘုံက်ိုးခု ကျင့်ကြံခြင်း သိုင်းပညာရပ်အချို့နဲ့ ပြိုင်ဘက်ကင်းသိုင်း ပညာအချို့ကိုတော့သိတယ်.."

ဤကိစ္စနဲ့ပက်သက်​ပြီး ရှစ်ဖုန့်က ဘာမှမပြောပဲ ပြုံး၍သာနေသည်။

ထိုအစားသူက ယွဲ့ဝူရွှမ်းကိုပြောလိုက်သည်။

"မင်းက မင်းရဲ့ ဝိညာဉ်ကို ခွန်အားကို အဆင့်လေးထိကျင့်ကြံထားတာကိုငါသတိ​ပြုမိပေမဲ့ ဘာဝိညာဉ်တိုက်ခိုက်မှု ပညာရပ်ကိုမှ မသင်ထားဘူးမလား.."

"ချင်ယူဖန်းက မင်းကို ဝိညာဉ်ကို ဘယ်လိုကျင့်ကြံရတယ်ဆိုတာနဲ့သူ့ဆေးပညာရပ်တွေကိုပဲ သင်ပေးထားတာမလား.."

"လမ်းတစ်လျှောက်မှာ မင်းဘာဝိညာဉ်တိုက်ခိုက်မှု ပညာရပ်ကိုမှ အသုံးမပြုခဲ့တာကို ငါတွေ့ခဲ့တယ်.."

"အရိပ်ဝံပုလွေတွေနဲ့ တွေ့ရတာတောင် မင်းက ဝိညာဉ်ကို လောင်ကျွမ်းစေ​ပြီး အသံလှိုင်းအကူအညီနဲ့ အရိပ်ဝံပုလွေတွေရဲ့ ဝိညာဉ်ကို ဖိနှိပ်တာပဲလုပ်ခဲ့တယ်.."

"ကောင်စုတ်လေး..မင်းငါ့ဆရာကိုတောင် နမည်တပ်ခေါ်ရဲတဲ့အထိ ရိုင်းစိုင်းလို​က်တာ..မင်း...မင်း.."

ယွဲ့ဝူရွှမ်းမှာ စကားပြောနေရင်း ရှစ်ဖုန့်၏ ဝိညာဉ်ဖြင့် စကားပေးပို့မှုကြောင့် ရပ်တန့်သွားရသည်။

"ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ် ဆီးလ်တံဆ်ိပ်.."

"ဝိညာဉ်စွမ်းအားကို အမှတ်အသားတစ်ခုအဖြစ် သိပ်သည်းစေပြီး ရန်သူရဲ့ ဝိညာဉ်ကို တုန်လှုပ်စေတယ်.."

"ဒါက..ဆရာအဘိုး ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အန္တိမပညာရပ် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်တံဆိပ်ပဲ.."

ယွဲ့ဝူရွှမ်းက အံ့အားသင့်စွာ ပြောလိုက်သည်။

"သေချာသဘောပေါက်အောင်လုပ်..ငါ့ကိုနောက်တစ်ခါ မင်းအတွက်နဲ့လေးဖင့်စေတာမျိုး မလိုချင်ဘူး.."

ရှစ်ဖုန့်ကပြောလိုက်သည်။

"ကောင်းပြီ.."

ယွဲ့ဝူရွမ်းက ခေါင်းငြိမ့်ကာ ရှစ်ဖုန့်အား ချိုသာစွာ ပြုံးပြလိုက်သည်။

"ကျေးဇူးပါ ဂျုနီယာမောင်​လေး.."

"မမသွားပြီ.."

ထို့နောက်ယွဲ့ဝူရွှမ်း တောင်ဆီသို့သွားလို​က်သည်။

သူမက လှမ်းခုန်လိုက်က သူမ၏ လှပသောပုံရိပ်လေးက တောင်နံရံဂူပေါက် နားရှိ ကျောက်တုံးပေါ်သက်ဆင်းလိုက်၏။

ယွဲ့ဝူရွှမ်း သိုင်းပညာကျင့်ကြံမှုမှာ နိမ့်ကျသော်လည်း ကြယ်ခြောက်ပွင့် ဆရာသခင် နယ်ပယ်တစ်ယောက်ဖြစ်သည်။

သူမအတွက် တောင်ပေါ်သို့ ခုန်တက်ခြင်းက ပြဿနာတော့မဟုတ်ပေ။

လှပသော ပုံရိပ်လေး ဂူထဲသို့ ဝင်ရောက်သွားသည်အားကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်က အကြည့်ကိုအဝေးသို့လွှဲလိုက်သည်။

ဤမိန်းကလေးမှာ တော်တော်လေးကိုကြင်နာတတ်ပြီး အခြားသူများအတွက် သူမကိုသူမပင်စတေးရဲသည်။

ချင်ယူဖန်း၏ တပည့်အရည်အသွေးကမဆ်ိုးပေ။

သို့သော် ဤကမ္ဘာတွင် အားနည်းသူများမှာ သန်မာသူများ၏ ခေါင်းဆောင်ဖြစ်ပြီး သူမ၏ ထိုအချက်က ကောင်းလားဆိုးလား မသိရချေ။

ယွဲ့ဝူရွှမ်းအနေဖြင့် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်တံဆ်ိပ်အား အချိန်တိုဖြင့်တော့ နားလည် သဘောပေါက်မည်မဟုတ်ပေ။

ညကမှောင်မိုက်လာပြီဖြစ်သည်။

ညဘက်က အစိမ်းရောင်အဆိပ် ချိုင့်ဝှမ်းသို့ ဝင်ရန်ကား မသင့်တော့ပေ။

ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်ကာ သူ၏ သိုလှောင်လက်စွပ် အတွင်းမှာ ကမ္ဘာဦးကျောက်တုံး အချို့ကိုထုတ်ပြီး စတင်​ကျင့်ကြံလိုက်သည်။

ကောင်းကင်မှာ နက်မှောင်ပြီးနောက် တစ်နေ့တာပြောင်းလဲသွားပြန်သည်။

နေမင်းက ဖြည်းဖြည်းချင်း ကောင်းကင်ထက်မြင့်တက်လာကာ ကမ္ဘာကြီးအား တောက်ပသော ခြုံလွှာအသစ်တစ်ခုကို ဖန်ဆင်းပေးထားသည်။

တစ်ညတာကျင့်ကြံပြီးနောက်တွင် နတ်ဆိုးသားရဲဆယ်ကောင်ကျော်ပေါ်လာခဲ့သော်လ​ည်း ရှစ်ဖုန့်အားစောင့်ကြပ်နေသော မိစ္ဆာဝံပုလွေတို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အဆင့်သုံး နတ်ဆိုးသားရဲအချို့မှာ ရှစ်ဖုန့် ဓားချီ၏ သတ်ဖြတ်ခြင်းကို ချက်ခြင်းခံခဲ့ရသည်။

ရှစ်ဖုန့်က သူ၏ မျက်လုံးကို ဖွင့်လိုက်ပြီး မီးခိုးနက်ရောင် နောက်ကျိသော လေအချို့ကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။

အခြားတစ်ဖက်တွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ သိုင်းပညာရှင် ဆယ့်ငါးယောက်နှင့် မိစ္ဆာဝံပုလွေဆယ့်ငါးကောင်တို့မှ ပြန်လည်ကုသပြီးကြပြီဖြစ်သည်။

ရှစ်ဖုန့်က မလှုပ်မယှက်နေနေသေးသည်ကို တွေ့ရသောအခါ သူတို့လည်း မြေပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုက်ကြသည်။

ရှစ်ဖုန့်က တောင်နံရံဘေးရှိ ဂူဝင်ပေါက်ကို မော့ကြည့်လိုက်သည်။

ထိုနေရာတွင် အဖြူရောင်ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့ရ၏။

ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား ပြုံး၍ကြည့်နေသည်။

သူမ၏ မျက်နှာထင်တွင်​ ပြုံးသောကြိမ်နှုန်းတို့ တိုးလာသည်ကို ရှစ်ဖုန့် သတိပြုမိလိုက်သည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters