← Chapters

အပိုင်း (၇၀)

Vol. 5 Ch. 70

အပိုင်း (၇၀)

Vol. 5 Ch. 70

အစိမ်းရောင် အဆိပ်ချိုင့်ဝှမ်းသို့ဦးတည်နေသော တောင်လမ်းလေးပေါ်တွင် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားကြသော မိစ္ဆာဝံပုလွေကြေးစားအဖွဲ့သားများက မိစ္ဆာဝံပုလွေတို့က စီးကာ ရှေ့မှ ဦးဆောင်သွားနေကြသည်။

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းအား မိစ္ဆာဝံပုလွေပေါ်တွင်စီးစေပြီး သူတို့၏ နောက်မှလိုက်လာသည်။

ခရီးလမ်းတစ်ဝက်အရောက်တွင် တောင်လမ်း၌ အစ်ိမ်းရောင် အဆိပ်ချိုင့်ဝှမ်းမှ လွင့်မျောလာသော အစိမ်းရောင်အဆိပ်တို့ဖြင့် ပြည့်နေသည်။

သို့သော် ယွဲ့ဝူရွှမ်းအနေဖြင့် နတ်ဆိုးသားရဲတောင်တန်း အတွင်းသို့ မဝင်ရောက်ခင်ကတည်းက အစ်ိမ်းရောင်အဆိပ်ချိုင့်ဝှမ်း၏ တည်ရှိမှုကို သိရှိထားပြီးဖြစ်သောကြောင့် သူမအနေဖြင့် အ​ဆိပ်ဖြေဆေးလုံးတို့အား ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် သူတို့တောင်လမ်း၌ရှိစဉ်ကတည်းက ယွဲ့ဝူရွှမ်းက လူတစ်ယောက်ချင်းစီတိုင်းနှင့် မိစ္ဆာဝံပုလွေတို့အား ဆေးလုံးများကို ပေးထားခဲ့သည်။

ဆေးလုံးများကိုဝါးမြိုပြီးနောက်တွင် အဆိပ်မြူများကြားတွင် လျှောက်လှမ်းနေကြသော်လည်း မည်သူမျှ အဆိပ်မိကြခြင်း မရှိကြတော့ပေ။

"မင်းရဲ့ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့က ဒီအစိမ်းရောင် အဆိပ်ချိုင့်ဝှမ်းနဲ့ ပက်သက်ပြီးတော့ ဘယ်လောက်သိထားလဲ.."

ရှစ်ဖုန့်က သူ့ဘေးရှိ အထီးကျန်ဝံပုလွေဟု ခေါ်သောသူကို မေးလိုက်သည်။

အထီးကျန်ဝံပုလွေမှာ ပိန်သွယ်သော သူဖြစ်ပြီး လေးနက်သော အမူအယာအသွင်အပြင်ရှိသည်။

သူ၏ သေခြင်းရှင်ခြင်းမှာ ရှစ်ဖုန့်၏ လက်ထဲ၌ရှိနေသည်။

ရှစ်ဖုန့်၏ မေးခွန်းအား ကြားလိုက်ရသော အခါတွင်သူက အရှိတိုင်းဖြေကြားလိုက်၏။

"ဒါက အစိမ်းရောင်အဆိပ်ချိုင့်ဝှမ်းက အစိမ်းရောင် အဆိပ် ရွှံ့ညွန်နေရာပဲ.."

"ဒီနေရာမှာက နှစ်ပတ်လည် အဆိပ်မြူတွေနဲ့ ပြည့်နှက်နေတယ်.."

"ဒီနေရာမှာ နေထိုင်ကျတ်စားတဲ့ နတ်ဆိုးသားရဲတိုင်းကလည်း အဆ်ိပ်ရှိသတ္တဝါတွေကြီးပဲ.."

"ဒီနေရာမှာ အဆင့်လေး အနက်ရောင်တောင်ပံအဆ်ိပ်ဘုရင် ကင်းမြှီးကောက်တောင် ရှိနေတယ်လို့ ​ကြားဖူးပါတယ်.."

"မင်းဒီထဲကို တစ်ခါမှ မဝင်ဖူးဘူးလား.."

ရှစ်ဖုန့်က ထပ်မံမေးလိုက်သည်။

"ဟင့်အင်း.."

အထီးကျန်ဝံပုလွေက ခေါင်းခါပြလိုက်သည်။

"ဒီမှာက အစိမ်းရောင်မြူတွေနဲ့ ပြည့်နေပြီး အဆိပ်သားရဲတွေ နဲ့ အမဲလိုက်နတ်ဆိုးသားရဲတွေရှိတယ်.."

"အဆင့်တူ နတ်ဆိုးသားရဲတွေကို တစ်ခြားနေရာမှာ အမဲလိုက်တာကမှ ပိုကောင်းတယ်လေ.."

"ငါသိပြီ.."

ရှစ်ဖုန့်က အနည်းငယ်ခေါင်းငြိမ့်လိုက်သည်။

"အဆင့်လေး နတ်ဆိုးသားရဲ အပြင် တစ်ခြား အဆိပ်ရှိတဲ့ အင်းစက်တွေနဲ့သားရဲတွေ...ဒီနေရာက တော်တော်လေးကို ရင်ဆိုင်ဖို့ခက်ခဲတဲ့နေရာပဲ.."

မြေပုံအား ဖွင့်ကြည့်လိုက်သောအခါတွင် သူရှာဖွေနေသော မီးနဂါးမြက်ပင်၏ နေရာကိုတွေ့ရသည်။

ဤအစ်ိမ်းရောင် အဆိမ့်ချိုင့်ဝှမ်းမှာ ထိုနေရာသို့ရောက်ရန်အတွက် ကျော်ဖြတ်ရမည့်နေရာဖြစ်သည်။

ထိုမီးနဂါးမြက်မှာ အစိမ်းရောင်အဆိပ်ရွှံ့ညွန်နှင့် မီးနယ်မြေ နယ်စပ်နှစ်ခုကြားတွင် တည်ရှိသည်။

"သတိထား.အဲ့တာအဆင့်သုံးနတ်ဆိုးသားရဲ အစိမ်းရောင်အဆိပ်စပါးအုံးပဲ.."

ရုတ်တရက် ရှေ့ဘက်မှ ကျယ်လောင်သော အော်သံထွက်ပေါ်လာသည်။

အစ်ိမ်း​ရောင်မြူတို့ပြည့်နေသော တောင်လမ်းပေါ်တွင် တံခါးတစ်ချပ်စာအရွယ်ကြီးမားလှသော အစိမ်းရောင်စပါးအုံးမြွေကြီးပေါ်လာသည်။

၎င်းက ပါးစပ်ကိုဖွင့်က အနက်ရောင်အပေါက်ကြီးအား လှစ်ဟပြထားသည်။

ယင်းမှာ အခြေမဲ့သော တွင်းတစ်ခုနှင့်တူ၏။

ထိုတွင်းနက်ကြီးထဲမှာ ဘောလုံးတစ်လုံးအရွယ် အနက်ရောင်မြူတို့ကပန်းပန်းထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က ရှေ့ဆုံးရှိသိုင်းပညာရှင်များအား လွှမ်းမိုးသွားပြီး ရှေ့သို့ ဆက်လက်လွှမ်းခြုံလာသည်။

ရှစ်ဖုန့်ပင် အနက်ရောင်အဆိပ်မြူတို့ကြားထဲ လျှင်မြန်စွာ နစ်မြုပ်သွားသည်။

သို့သော အဆိပ်မြူအတွင်း ရှိနေသော ရှစ်ဖုန့်မှာ ယွဲ့ဝူရွှမ်းက သူတို့ကို ပေးထားသော အဆင့်လေး အဆိပ်ဖြေဆေးလုံးတို့ကြောင့် ဘာမှမခံစားရချေ။

၎င်းမှာ အဆင့်သုံး အဆိပ်ရှိနတ်ဆိုးသားရဲတို့၏ အဆိပ်မြူတို့အား ခံနိုင်ရည်ရှိစေသည်။

"ရွှီး........"

ရုတ်တရက် အစိမ်းရောင် အဆိပ်စပါးအုံးက ကျယ်လောင်စွာအော်လိုက်သည်။ ထိုအော်သံကနာကျင်မှုကြောင့် အော်ဟစ်သော အသံနှင့်တူ၏။

အနက်ရောင် အဆိပ်မြူတို့က လျှင်မြန်စွာလာပြီး လျှင်မြန်စွာပင် ထွက်ခွာသွားသည်။

သူတို့၏ ရှေ့ရှိ ဧရာမ စပါးအုံးကြီးက မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်ကို သိုင်းပညာရှင်များတွေ့ကြရသည်။

ဧရာမခေါင်းကြီးနှင့် ခန္ဓာကိုယ်ကြီးတို့က ဘေးတစ်ဖက်တစ်ချပ်စီရှိ တောင်နှစ်လုံးတို့အား အဆက်မပြတ် ရိုက်နှင်ထုချေနေပြီး ပေါက်ကွဲတုန်ခါဆူညံသံများ ဖြစ်ပေါ်စေသည်။

ဧရာမစပါးအုံးကြီး၏ အသွင်အပြင်အား မြင်တွေ့လိုက်ရသောအခါ ရှစ်ဖုန့်က ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားလည်သွားသည်။

သူကယွဲ့ဝူရွှမ်းထံတစ်ချက်ကြည့်လိုက်သည်။

လောလောဆယ်တွင် ယွဲ့ဝူရွှမ်းမှာ မိစ္ဆာဝံပုလွေ၏ အပေါ်တွင် ထိုင်နေပြီး အနည်းငယ်အသက်ရှူမြန်နေသည်။

သူမမှာအနည်းငယ် အားနည်းနေပုံရ၏။

ထိုသို့ဖြစ်ရခြင်းမှာ သူမ​အနေဖြင့် ခုဏက ငရဲဘုံကိုးခု ဝိညာဉ်တုန်ခါဆီးလ်တံဆိပ်အား ဧရာမစပါးအုံးကြီး၏ အပေါ်တွင် အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။

သို့သော် လက်ရှိသူမ၏ ဝိညာဉ်စွမ်းအားမှာ အဆင့်သုံး၌သာ ရှိသေးသည်။

ထို့ကြောင့်ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ် ဆီးလ်တံဆိပ်အား အဆင့်သုံးနတ်ဆိုးသားရဲအပေါ်တွင် အသုံးပြုရာ၌ အားသွန်ခွန်စိုက် လုပ်နေရသေးသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ရှစ်ဖုန့်၏ အကြည့်အား အာရုံခံမိသောအခါတွင် ယွဲ့ဝူရွှမ်းက လှည့်ကြည့်၍ ဝိညာဉ်တိုက်ခိုက်မှုအား သူမအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟုပြောသည့်ပုံစံမျိုးဖြင့် ပျှော်ရွှင်စွာ ပြုံးပြသည်။

အစိမ်းရောင်အဆိပ် စပါးအုံးမြွေ၏ ပုံမှန်မဟုတ်သော ပုံစံအား မြင်တွေ့ရသောအခါတွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့အုပ်စုက သူတို့၏ သိုင်းပညာများကိုထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြသည်။

အသက်ရှူကြိမ် အနည်းငယ်ခန့်အတွင်း စပါးအုံးမြွေကြီး၏ ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး ကြီးမားသော မြွေခန္ဓာကြီးသာ ဆန့်ဆန့်ကြီး ကျန်ရစ်နေခဲ့သည်။

ဧရာမ စပါးအုံးကြီး၏ သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသောအခါတွင် ဝိညာဉ်ကို ယွဲ့ဝူရွှမ်း အတွက် ချန်ရစ်ထားပေးခဲ့သည်။

ထိုအချိန်တွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ အခြား သိုင်းပညာရှင်တစ်ယောက်ဖြစ်သူ ထျန်းလန်က လျှောက်လာပြီး ရှစ်ဖုန့်အား လက်သီးဆုပ်အရွယ် အစိမ်းရောင်တောင်ပြောင်နေသော သလင်းကျောက်အား ရှစ်ဖုန့်ကိုလွှဲပေးလိုက်သည်။

ဤသလင်းကျောက်မှာ အစိမ်းရောင် အဆိပ်စပါးအုံးမြွေ၏ ကိုယ်ထဲမှရရှိသော နတ်ဆိုး သလင်းကျောက်ပင်ဖြစ်သည်။

အဆင့်သုံး နတ်ဆိုးသားရဲ၏ နတ်ဆိုး သလင်းကျောက်မှာ ၎င်းထဲရှိ စွမ်းအင်အား စုပ်ယူသော အခါတွင် အလယ်အလတ်အဆင့် ကမ္ဘာဦးကျောက်တုံးတစ်တုံးနှင့်ညီမျှသည်။

ရှစ်ဖုန့်က ထိုအရာအား တုန့်ဆိုင်းခြင်း မရှိဘဲ လက်ခံလိုက်ပြီး သူ၏ သိုလှောင်လက်စွပ် အတွင်းသို့ထည့်လိုက်သည်။

ထို့နောက်သူက လူအုပ်အားပြောလိုက်သည်။

"ရှေ့ကိုဆက်သွားမယ်.."

ရှစ်ဖုန့်၏ အမိန့်အောက်တွင် မိစ္ဆာဝံပု​လွေကြေးစားအဖွဲ့၏ လူများမှာ နှောင့်နေးရဲခြင်း မရှိကြချေ။

သူတို့၏ အောက်ရှိ မိစ္ဆာဝံပုလွေများကို မောင်းနှင်လိုက်ကြပြီး ရှေ့၌ကန့်လန့်ခံနေသော အစိမ်းရောင်အဆိပ် စပါးအုံးမြွေကြီး၏ ကိုယ်ပေါ်သို့ခုန်တက်ကာ ရှေ့ဆက်လိုက်ကြသည်။

ရှစ်ဖုန့်က အစိမ်းရောင်စပါးအုံးထံသို့သွားလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှာ သွေးဓားကိုထုတ်၍ ကိုင်ထားလိုက်သည်။

သွေးဓားက သွေးအားသောက်သုံးရန်ဆန္ဒရှိသော အမူအယာကဲ့သို့ အနည်းငယ်တုန်ခါသွားသည်။

ရှစ်ဖုန့်အတွင် ဤစပါးအုံးကြီး၏ တန်ဖိုးအကြီးမားဆုံးသော အရာမှာ ၎င်း၏ သွေးဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်က ကြီးမားပြီး ရှည်လျားကာ အဆင့်သုံး နတ်ဆိုးသားရဲလည်းဖြစ်နေသည်။

ယင်းက စိတ်ဝိညာဉ်နယ်ပယ် အဆင့် ကျင့်ကြံသူဒါဇင်ပေါင်းများစွာ၏ သွေးတို့နှင့် နှိုင်းယှဉ်နိုင်၏။

ရှစ်ဖုန့်က စပါးအုံးမြွေကြီး၏ ခေါင်းမဲ့နေသော ကိုယ်ရှေ့တွင် ရပ်လိုက်သည်။

ချက်ခြင်းအစိမ်းရောင်သွေးတို့က မြစ်ရေတစ်ဟုန်ထိုး လျှံသကဲ့သို့ ရှစ်ဖုန့်ထံ တလိပ်လိပ်စီးလာသည်။

သူ၏ခန္ဓာကိုယ်နှင့် ထိတွေ့သောအခါတွင် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်းကိုခံလိုက်ရပြီး သူ၏ ဒန်တန်ဆီသို့ စီးသွားသည်။

အစိမ်းရောင်သွေးအတွင်း၌ရှိနေသော အဆိပ်တို့မှာ တိုက်ရိုက် ကောင်းကင်ဘုံမီးတောက်၏ ဘာမှမကျန်သည်အထိ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။

အစိမ်းရောင်သွေးတို့အား ငါးပုံတစ်ပုံခန့် ကြမ်းတမ်းစွာစုပ်ယူပြီးနောက်တွင် ရှစ်ဖုန့်၏ ကိုယ်မှ အဖြူရောင်အလင်းလင်းလက်လာပြီး

ကြယ်လေးပွင့်စိတ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်သွားသည်။

"တော်လောက်ပြီ..".

ရှစ်ဖုန့်က စိတ်ဝိညာဉ်ဖြင့် ကောင်းကင်ဘုံမီးတောက်အားပြောလိုက်ကာ အစိမ်းရောင်သွေးများအား ဆက်လက်စုပ်ယူနေမှုကိုတားလိုက်သည်။

ရှစ်ဖုန့်က သွေးဓားအား ရှေ့သို့ထိုးသွင်းလိုက်ပြီး အစိမ်းရောင်သွေးတို့ကို သွေးဓားက ဝဲလ်တစ်ခုမှရေတို့အားစုပ်ယူသကဲ့သို့ စုပ်ယူနေသည်။

အသက်ရှူကြိမ်အနည်းငယ်ခန့်အတွင်း အစိမ်းရောင်သွေးအားလုံးအား စုပ်ယူသွားပြီး မီတာနှစ်ဆယ်ရှည်လျားသော ရှုံ့တွနေသည့် မြွေလောင်းကြီးသာချန်ထားရစ်ခဲ့သည်။

သွေးဓား၏ပြောင်းလဲမှုတို့ကို ရှစ်ဖုန့်ခံစားမိသည်။

ဓား၏ အစွမ်းက တိုးတက်လာသော်လည်း ၎င်းမှာ ဒုတိယအဆင့်သာ ဖြစ်နေဆဲဖြစ်သည်။

"ဖြုန်းတီးတာ...ဒါကတော်တော်လေးကို ဖြုန်းတီးတာပဲ.."

ကောင်းကင်ဘုံမီးတောက်ကရှစ်ဖုန့်အားပြင်းထန်စွာ ကန့်ကွက်နေသည်။

"မင်းဘယ်လောက်ပဲ အဆင့်နိမ့်နတ်ဆိုးသားရဲတွေရဲ့ သွေးတွေကိုစုပ်ယူခိုင်းပါစေ အဲ့တာက အဆင့်သုံးထိပြန်ကောင်းဖို့မဖြစ်နိုင်ဘူး.."

"မင်းအဆင့်လေး နတ်ဆိုးသားရဲတစ်ကောင်ကိုမှ မသတ်ရင်အဲ့တာက ဖြုန်းတီးတာပဲ.."

"အဆင့်လေး ဘုရင်နယ်ပယ် နတ်ဆိုးသားရဲလား..."

ရှစ်ဖုန့်က တီးတိုးရေရွတ်ကာ အရှေ့ရှိ တောင့်လမ်းဆီသို့ကြည့်လိုက်သည်။

အစိမ်းရောင်အဆိပ်ချိုင့်ဝှမ်းအတွင်းတွင် အဆင့်လေးဘုရင်နယ်ပယ် နတ်ဆိုးသားရဲ အနက်ရောင်တောင်ပံ အဆိပ်ဘုရင် ကင်းမြှီးကောက် နေထိုင်သည်ဟု အထီးကျန်ဝံပုလွေပြောသ​​ည်ကို ကြားခဲ့ရသည်။

"ကောင်စုတ် မင်းရူးနေပြီလား.."

"မင်းတကယ်ပဲ အဲ့ကောင်ပြောတဲ့ အဆင့်လေး နတ်ဆိုးသားရဲကိုသတ်ပြီးတော့ ဖြုန်းတီးပစ်ချင်နေတာလား.."

"အဆင့်လေးသားရဲရဲ့ သွေးနဲ့ အခြားအဖိုးတန်တာတွေကို ဖြုန်းတီးပစ်မဲ့အစား ငါ့ကိုကောင်းကောင်းစုပ်ယူခွင့်ပြုသင့်တယ်.."

"မင်းရဲ့ မိစ္ဆာကျင့်ကြံနည်းစနစ် သေ​ခြင်းစွမ်းအင်ကို စုပ်ယူတာနဲ့တွဲလိုက်ရင် မင်းရဲ့ ကျင့်ကြံမှုကို အဆင့်သေးနှစ်ဆင့်အထိကို တိုက်ရိုက်တက်စေလိမ့်မယ်ကွ.."

"ဆုံးဖြတ်စရာရှိတာ ကျုပ်ဟာကျုပ်ဆုံးဖြတ်မယ်..ခင်ဗျားဘာမှလာသင်ပေးနေစရာမလိုဘူး.."

ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်နှင့် အဆက်အသွယ်ဖြတ်ကာ ရှုံ့တွနေသော စပါးအုံးကိုယ်အား နင်းပြီး ရှေ့ဆက်လိုက်သည်။

သူသာအဆင့်သုံးလက်နက်အား အစားထိုးနိုင်လျှင် သူ၏ဓားပညာရပ်မှထုတ်ဖော်သော စွမ်းအားမှာ လက်ရှိကဲ့သို့ အကန့်အသတ်ဖြစ်နေတော့မည်မဟုတ်ချေ။

ထို လျှို့ဝှက်ဆန်းကြယ် သန့်စင်သူများအား သူ့အတွက် လက်နက်သန့်စင့်ခိုင်းလျှင် သူ့အားသေချာပေါက် အရှင်လတ်လတ် အရေခွံနွှာကြလိမ့်မည်ဖြစ်သည်။

ထို့အပြင် သူ့သွေးဓား၏ အလားအလာမှာ အကန့်အသတ်မဲ့ဖြစ်ပြီး သူ့ဟာသူကြီးထွားလာနိုင်၏။

ရှစ်ဖုန့်ပိုလျှောက်မိလေ သူဘေးဝန်းကျင်ရှိ အဆိပ်မြူတို့မှာ ပိုထူလာလေဖြစ်သည်။

အစိမ်းရောင် အဆိပ်ချိုင့်ဝှမ်းဝင်ပေါက်သို့ ရောက်ရှ်ိသောအခါတွင်

မိစ္ဆာဝံပုလွေကြေးစားအဖွဲ့နှင့် ယွဲ့ဝူရွှမ်းတို့မှသူ့အား စောင့်နေသည်ကို တွေ့ရသည်။

ရှေ့တည့်တည့်တွင် အစိမ်းရောင်အဆိပ်မြူတို့က အရည်ကဲ့သို့ဖြစ်နေပြီး လေထဲတွင်စီးဆင်းနေသော အစိမ်းရောင် မြစ်တစ်ခုပုံစံဖြစ်နေ၏။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters