အပိုင်း (၇၁)
Vol. 5 Ch. 71
ရှစ်ဖုန့်မှာသူ၏ ရှေ့ရှိအစိမ်းရောင် အဆိပ်တို့အားကြည့်လိုက်ပြီး နောက် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့လူများက တစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။
သူတို့၏ အမူအယာများမှတစ်ဆင့် စတင်ကြောက်ရွံ့လာမှုတို့ကို မြင်တွေ့နိုင်သည်။
ရှစ်ဖုန့်က သူတို့ကိုပြောလိုက်သည်။
"ဘာလဲ..မင်းတို့ကကြောက်လို့လား..."
"မင်း...ငါ့မှာမင်းနဲ့ပက်သက်ပြီး ဘာအာဃာတတွေမှ ရှိမနေဘူး.."
"ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးဟာ လူငယ်ခေါင်းဆောင်ရဲ့ အမိန့်ညွှန်ကြားချင်တွေအရ ဖြစ်ရတာပဲ.."
"ငါ့ကိုသွားခွင့်ပေးဖို့အတွက် မင်းဘာတွေလုပ်အုံးမှာလဲ.."
"မလိုမုန်းထားမရှိဘူးဟုတ်လား.."
ရှစ်ဖုန့်က ဆက်မပြောခင် မေးခွန်းတစ်ခုအရင်ထုတ်လိုက်သည်။
"မင်းတို့ငါ့ကို မင်းတို့ရဲ့ဓားနဲ့တိုက်ခိုက်တဲ့ အချိန်ကစပြီးတော့ ငါတို့ကြားမှာ အာဃာတတွေက ရှိပြီးနေပြီ.."
"ဒါက ဟယ်ရွှယ်ရဲ့ အမိန့်တွေကို လိုက်နာရလို့ပဲ..."
သိုင်းပညာရှင်က ကန့်ကွက်လိုက်သည်။
"ဟမ့်အဲ့လိုလား.."
ရှစ်ဖုန့်က အေးစက်စွာ နှာမှုတ်လိုက်သည်။
ရှစ်ဖုန့်၏ ညာလက်မှာ လေထဲတွင် ဓားပုံစံဖြစ်သွားသည်။
ထိုသိုင်းပညာရှင်မှာ ဘာမှမတုန့်ပြန်နိုင်ခင်အချိန်တွင် သိပ်သည်းသော အဖြူရောင်ဓားချီ၏ ခုတ်ပိုင်းမှုကိုခံရပြီး ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သံထွက်ပေါ်၍ သူ၏ မိစ္ဆာဝံပုလွေပေါ်မှ ပြုတ်ကျသွားသည်။
လူတိုင်းမှာ သူတို့အဖော်က ရှစ်ဖုန့်၏ အညှာတာမဲ့သတ်ဖြတ်ခြင်း ခံရမှုကိုကြည့်နေမိကြသည်။
ထို့နောက်၎င်း၏ ကိုယ်ရှိသွေးတို့မှာ သူတို့၏ အဖော်အားသတ်ဖြတ်လိုက်သော နတ်ဆိုးထံသို့ ရေပန်းတစ်ခုကဲ့သို့ စီးဆင်းသွားသည်။
မျက်စိတစ်မှိတ်အတွင်း မူလက အသက်ဝင်စိုပြေနေသော ကိုယ်မှာ တွန့်လိမ်လာပြီး နှစ်ရာပေါင်းများစွာရှိနေပြီဖြစ်သော ရှုံ့တွနေသည့်အလောင်းကောင် အဖြစ်သို့ပြောင်းသွားသည်။
ထိုအချိန်တွင် လူတိုင်းမှာ တစ်ယောက်ကိုယ်တစ်ယောက်ထပ်မံ၍ ကြည့်လိုက်ကြသည်။
သူတို့၏ မျက်နှာထက်ရှိအကြောက်တရားမှာ ပိုမို၍ကြီးမားလာသည်။
၎င်းမှာ သတ်ဖြတ်ရာတွင် မျက်ခွံတစ်ချက်ပင်လှုပ်ခြင်း မရှိသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။
တစ်စုံတစ်ယောက်၏ အသက်အား ဘာမှပြောကြားခြင်း ရှိမနေဘဲ နှုတ်ယူနိုင်၏။
ရှစ်ဖုန့်က ဝိညာဉ်စွမ်းအင်ကိုမူ ယွဲ့ဝူရွှမ်းအတွက် ချန်ရစ်ထားပေးဆဲဖြစ်သည်။
ထိုသိုင်းပညာရှင်၏ သေခြင်းစွမ်းအင်နှင့် သွေးတို့ကို စုပ်ယူပြီးသည့်နောက်တွင် သူ၏ အေးစက်သော အကြည့်တို့ဖြင့် မိစ္ဆာဝံပုလွေကြေးစား အဖွဲ့၏ သိုင်းပညာရှင်အားလုံးအား သ်ိမ်းကျုံးကြည့်လိုက်သည်။
အစက ဤသိုင်းပညာရှင်များမှာ နတ်ဆိုးသားရဲမြို့တော်ထဲတွင်ပြေးလွှားလှုပ်ရှားနေကြသော သူများဖြစ်ကြသည်။
ယခုအချိန်၌ ရှစ်ဖုန့်၏ အကြည့်တို့ သူတို့အပေါ် ကျရောက်လာသော အခါတွင်တော့ သူတို့အနေဖြင့် ရှစ်ဖုန့်အား ကြည့်ရဲခြင်း မရှိကြပေ။
သူတို့၏ ခေါင်းအား အနည်းငယ်နှိမ့်ထားကြသည်။
ရှစ်ဖုန့် နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားပြီး သရော်ပြုံးပြုံးကာ သူတို့ကိုပြောလိုက်သည်။
"မင်းတို့က တစ်ခြားသူတွေရဲ့ အမိန့်ကို လိုက်နာနေရတာပါလို့ ငါ့ကိုလာမပြောနဲ့.."
"ငါသာအားနည်းတဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်နေခဲ့ရင် ငါ့ရဲ့ ကျင့်ကြံမှုအခြေခံကသာ နိမ့်ကျနေခဲ့ရင် မနေ့က မင်းတို့ရဲ့ဓားအောက်မှာ ငါသေဆုံးနေရပြီးပြီ.."
"အဲ့လိုမှမဟုတ်လည်း ငါ့ခြေတွေလက်တွေကို မင်းတို့တွေချိုးပြီးတော့
မင်းတို့ခေါ်နေတဲ့ လူငယ်ခေါင်းဆောင်ဆီကိုလွှဲပေးပြီး ကမ္ဘာပေါ်မှာ အရက်စက်ဆုံးသော ညှင်းပန်းနှ်ိပ်စက်မှုမျိုးတွေကို ငါခံစားနေရလောက်ပြီ.."
"ငါ့ကိုရင်ဆိုင်ဖို့ မင်းတို့ရဲ့ဓားတွေကို ထုတ်လိုက်တဲ့အချိန်ကစပြီးတော့ ငါသတ်တာကိုလည်း ခံရဖို့ကို မင်းတို့တွေပြင်ဆင်ထားသင့်တယ်.."
"မင်းတို့တွေ ငါသတ်တာကို ခွေးလိုဝက်လို ခံရရင်တောင် မင်းအတွက်အဲ့တာက ထိုက်တန်လို့ပဲ.."
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ လူများမှာ ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် သူတို့၏ ဦးခေါင်းတို့အား ငုံ့ထားပြီး အသံတိတ်နေကြသည်။
သူတို့၌ ပြောစရာ အကြောင်းပြချက် ရှိနေလျှင်ပင် ချေပရဲခြင်း မရှိကြချေ။
ခေတ္တခဏမျှ တိတ်ဆိတ်သွားကြပြီးနောက် အထီးကျန်ဝံပုလွေက ရှစ်ဖုန့်အားကြည့်ပြီး မာန်စွယ်ချိုးခံရသော လေသံဖြင့် ပြောလိုက်သည်။
"အရှင် ကျွန်တော်တို့ တကယ့်ကိုပဲမှားယွင်းခဲ့တာဖြစ်ကောင်းဖြစ်နိုင် ပါတယ် ဒါပေမဲ့
အရှင့်အနေနဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်မလား..."
"ဖြစ်ကောင်းဖြစ်နိုင်တာလား.."
ရှစ်ဖုန့်က အထီးကျန်ဝံပုလွေအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မဟုတ်ပါဘူး..မဟုတ်ပါဘူး..ကျွန်တော်တို့တကယ်ကိုမှားယွင်းခဲ့တာပါ.."
အထီးကျန်ဝံပုလွေက လျှင်မြန်စွာ အမှန်ပြင်လိုက်သည်။
"အခုကစပြီး မင်းတို့ရှေ့မှာ ရွေးချယ်စရာ နှစ်ခုရှိနေတယ်.."
ရှစ်ဖုန့်က ပြောလိုက်သည်။
"မင်းတို့တွေ ဟယ်ရွှယ်နဲ့ ခုဏကသိုင်းပညာရှင်လိုမျိုး လွတ်လပ်ခွင့်ရနိုင်သလို မင်းတို့တွေ ငါ့ရဲ့ကျွန်အဖြစ်လည်း ဖြစ်လာလို့ရနိုင်တယ်.."
"မင်း.."
ကောင်းကင်ဝံပုလွေမှာ သူ၏ ခံစားချက်ကို မထိန်းထားနိုင်တော့ဘဲ ဒေါသတကြီးဖြင့် မင်း ဟု ရှစ်ဖုန့်အား ပြောလိုက်သည်။
ရှစ်ဖုန့်က သူ၏ အေးစက်သော အကြည့်အား ၎င်းထံသို့ကြည့်ကာ ပြောလိုက်သည်။
"မင်းက အမှိုက်တွေကြားထဲမှာ အသုံးဝင်နေသေးတဲ့ အချက်တစ်ချက်ကြောင့်သာ မဟုတ်ရင် ငါ့ဓားနဲ့မင်းကို ပိုင်းလိုက်ပြီးပြီ.."
"အခု ဒီချိုင့်ဝှမ်းထဲကို သွားဖို့ ဦးဆောင်လိုက်.."
"မင်းတို့အမှိုက်တွေက ငါခိုင်းတာကိုလုပ်.."
ရှစ်ဖုန့်၏ အမိန့်အောက်တွင် သိုင်းပညာရှင်တို့မှာ မနာခံဘဲမနေရဲပေ။
ကောင်းကင်ဝံပုလွေပင် ရှစ်ဖုန့်၏ အမိန့်အား နာခံလိုက်ရသည်။
ရှစ်ဖုန့်ကခုန်လိုက်ကာ သူသတ်လိုက်သော သိုင်းသမား၏ မိစ္ဆာဝံပုလွေပေါ်တွင် ရပ်လိုက်သည်။
အဆင့်နှစ်မိစ္ဆာဝံပုလွေနှင့် အဆင့်သုံး မိစ္ဆာဝံပုလွေတို့ကြား အရွယ်အစားကွာခြားချက်အရ သူရပ်နေမှာသာလျှင် ယွဲ့ဝူရွှမ်းနှင့် အမြင့်အနေအထား အတူတူဖြစ်မည်ဖြစ်သောကြောင့်ဖြစ်သည်။
ထို့နောက်သူနှင့်ယွဲ့ဝူရွှမ်းတို့မှာ သိုင်းသမားများနောက်မှ လိုက်ပါကြ၏။
"မင်းလိုအသက်အရွယ်နဲ့ ပြတ်ပြတ်သားသား ရှိလိမ့်မယ်လို့ မမမထင်ထားခဲ့ဘူး..."
ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား သရော်သော လေသံဖြင့်ပြောလိုက်သည်။
"ဘာ.."
"မင်းက ကရုဏာထားတတ်တဲ့ဖြစ်တာကြောင့် ငါ့ကိုအကြင်နာမဲ့တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ လာမပြောနဲ့.."
ရှစ်ဖုန့်ကပြောလိုက်သည်။
ယွဲ့ဝူရွှမ်းက ခေါင်းခါပြကာပြောလိုက်သည်။
"မမအရူးမဟုတ်ဖူး..အဲ့လူတွေက မင်းကိုသတ်ချင်နေကြတယ်..ဒါကြောင့်မင်းသူတို့ကို မသနားသင့်ဘူး.."
"မင်းလုပ်တာမှန်တယ်လို့ မမထင်တယ်.."
"မင်းပြောခဲ့တာတွေကလည်း အမှန်ပဲ.."
ယွဲ့ဝူရွှမ်း၏ စကားတို့အားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်က ပြုံးပြီးပြောလိုက်သည်။
"ဒီတော့ မင်းက ပေကတ်ကတ်နိုင်တဲ့သူ မဟုတ်ဖူးပေါ့.."
"ဒါပေါ့ ဘယ်ဟုတ်မလဲ.."
ယွဲ့ဝူရွှမ်းက ဝင့်ကြွားစွာပြောသည်။
"ဒါပေမဲ့ အနာဂတ်မှာ မင်းအနေနဲ့ တစ်ခြားသူတွေအတွက် မင်းအသက်ကိုရင်းတဲ့ ရူးကြောင်ကြောင်အလုပ်မျိုးတွေ မလုပ်တော့ဖို့ ငါမျှော်လင့်တယ်..အဲ့တာကမထိုက်တန်ဘူး.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"ကောင်းပြီ.."
ယွဲ့ဝူရွှမ်းကခေါင်းငြိမ့်လိုက်သည်။
သူမတကယ်နားလည်ပြီးသဘောတူသည်လား ဝတ်ကျေတမ်းကျေ ပြောခြင်းလားဆိုသည်အား မည်သူမျှ မသိကြချေ။
"အားလုံးပဲ သတိထားကြ...ရှေ့မှာတစ်ခုခုရှိနေတယ်.."
ထိုအချိန်တွင် ရှေ့ဆုံးလူအုပ်ထဲရှိ ကောင်းကင်ဝံပုလွေ၏ အော်ပြောသံထွက်လာသည်။
ရှေ့သို့ ဂရုတစ်စိုက်ဖြင့် သွားနေကြသော လူအုပ်မှာ စနစ်တကျပုံစံဖြင့် ရပ်တန့်သွားကြသည်။
"ဖလပ်..ဖလပ်..ဖလပ်..ဖလပ်...ဖလပ်...ဖလပ်.."
ရှေ့ဘက်မှ အတောင်ပံခတ်သံ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။
ထို့နောက်အသံမှာ ပို၍ပို၍ စိတ်လာသည်။
အတောင်ပံခတ်သံနှင့်အတူ ခြင်အော်သံများလည်း ထွက်ပေါ်လာ၏။
အစိမ်းရောင် အဆိပ်များ အတွင်းမှ လက်သန်းအရွယ် အစိမ်းရောင်ခြင်များ အုပ်စုလိုက်ပျံသန်းထွက်လာသည်ကို တွေ့ရသည်။
"အဲ့ဒါ အဆင့်နှစ်အဆိပ် အင်းစက်တွေဖြစ်တဲ့ အစိမ်းရောင်အဆိပ် ခြင်တွေပဲ.."
လူအုပ်ထဲမှသိုင်းပညာရှင်တစ်ယောက်က အော်ပြောလိုက်သည်။
လူအုပ်၏ အထက်တွင် သိပ်သည်းသော အစိမ်းရောင်ခြင် တိမ်တိုက်ကြီးပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်အား ပိတ်ကာထားကာ ထိုးဆင်းလာသည်။
"သတိထား.."
ရှစ်ဖုန့်၏ ညာလက်တွင် ဘောလုံးအရွယ် သွေးနီရောင် မီးတောက်တစ်ခု တောင်လောင်နေသည်။
သူက ၎င်းအား ယွဲ့ဝူရွှမ်းထံ ဝေ့ယမ်းလိုက်သည်။
သွေးနီရောင် မီးတောက်က ရုတ်ချည်း ယွဲ့ဝူရွှမ်း ၏ တစ်ကိုယ်လုံး အား ကာဆီးလိုက်သည်။
ထိုးနောက် ချက်ခြင်း ရှစ်ဖုန့်၏ ကိုယ်မှာ ဝုန်းဆိုသော အသံထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးမှာ သွေးနီရောင်မီးတောက်လုံးတစ်ခုအသွင်ပြောင်းသွားသည်။
အင်းစက်များမှာ မီးကိုကြောက်ရွံ့ကြသည်။
ထိုထက်ပိုသည်ကား ရှစ်ဖုန့်နှင့်ယွဲ့ဝူရွှမ်း တို့မှာ ကောင်းကင်ဘုံမီးတောက်၏ ဖုံးကာမှုကို ခံယူထားသည်။
ကောင်းကင်ဘုံမီးတောက်မှာ အဆင့်သုံးမီးတောက်သာဖြစ်နေသေးသော်လည်း ဤအဆင့်နှစ် အဆိပ်ခြင်တို့အား ရင်ဆိုင်ရန်အတွက်လုံလောက်သည်ထက်ပင်ပိုသေးသည်။
၎င်းအား အဆင့်နှစ်အဆိပ်ခြင်တို့ ရင်ဆိုင်ရာတွင် ကျော်လွှား၍ မရနိုင်ပေ။
သိပ်သည်းသော အစိမ်းရောင်ခြင်တိမ်တိုက်ကြီးက ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်း ထံသို့ ဦးတည်ပျံသန်းလာသောအခါတွင် ကောင်းကင်ဘုံမီးတောက်၏ အစအနမကျန်အောင် လောင်ကျွမ်းမှုကိုခံကြရသည်။
ရှစ်ဖုန့်ကသေခြင်းစွမ်းအင်တို့အား တစ်ခုပြီးတစ်ခုဝါးမြိုနေ၏။
"လောင်ကျွမ်းလိုက်စမ်း..".
ရှစ်ဖုန့်ကအော်ပြောလိုက်သည်။
သူ၏ ကိုယ်ပေါ်ရှိ သွေးနီရောင်မီးတောက်မှာ ပေါက်ကွဲသွားပြီး ဦးတည်ချက်အားလုံးသို့ ပျံ့နှံ့သွားသည်။
၎င်းမှာမီးတောက်လှိုင်းကြီးတစ်ခုကဲ့သို့ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း နေရာတစ်ခုလုံးမှာ အရှိန်ပြင်းပြင်းတောက်လောင်နေသော သွေးနီရောင်မီးပင်လယ်တစ်ခုကဲ့သို့ပြောင်းသွားသည်။
အစိမ်းရောင်အဆိပ်ခြင်တိမ်တိုက်ကြီး၊ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းပညာရှင်တို့နှင့်ဝံပုလွေတို့မှာ သွေးနီရောင်မီးတောက်၏ဝါးမြိုခြင်းကို ခံလိုက်ကြရသည်။
မီးတောက်တို့မှာလျှင်မြန်စွာလာပြီး လျှင်မြန်စွာပျောက်ကွယ်သွားသည်။
သွေးနီရောင်မီးတောက်ပင်လယ်ကြီး ပျောက်ကွယ်သွားသော အခါတွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းပညာရှင်များမှာ သူတို့၏ ခန္ဓာကိုယ်များမှာ ဘာမှမဖြစ်သည်ကို တွေ့ကြရသည်။
အစိမ်းရောင်အဆိပ်ခြင်များမှာလည်း အားလုံးပျောက်ကွယ်သွားသည်က်ို တွေ့ရသည်။
အချင်းမီးတာပေါင်းများစွာ အတွင်းရှိ လေထုထဲတွင်ပြည့်နှက်နေသော အစိမ်းရောင်အဆိပ်ခြင်များအားလုံးမှာ သွေးနီရောင်မီးပင်လယ်၏ လောင်ကျွမ်းမှုကိုခံရပြီး အငွေ့ပျံသွားကာ ပျောက်ကွယ်သွားကြသည်။
ထိုအချ်ိန်တွင် လူတိုင်းမှာ သူတို့၏ သတိတို့ပြန်လည်ဝင်လာကြပြီး အကြည့်များအား သူတို့၏ နောက်ရှိ မိစ္ဆာဝံပုလွေပေါ်တွင် ရပ်နေသော လူငယ်လေးထံ ကြည့်လိုက်ကြသည်။
သူတို့က လေးစားမှု၊တုန်လှုပ်မှု ၊မှင်တက်မှုတို့ဖြင့်ကြည့်နေကြသည်။
အစိမ်းရောင် အဆိပ်ခြင်တို့မှာ အဆင့်မမြင့်မားကြသော်လည်း သူတို့၏ အရေအတွက်မှာ အလွန်များပြားလှသည်။
သူတို့က ကျိုင်းကောင်များကဲ့သို့အုပ်စုလိုက်လှုပ်ရှားကာ နယ်မြေများကိုဖြတ်သန်းကြသည်။
၎င်းတို့၏ အဆိပ်မှာတော်တော်လေးပြင်းထန်ကာ ဘယ်အရာကိုမဆို ထိုးဖောက်ဖြတ်သန်းနိုင်သည်။
ဘုရင်နယ်ပယ်များပင် ၎င်းတို့နှင့် ရင်ဆိုင်တွေ့ရပါက ကြီးမားသော ပြဿနာတစ်ခုဖြစ်မည်ဖြစ်သည်။
သို့သော် ခုဏက ဤလူငယ်လေးကတော့ ရင်ဆိုင်ရခက်ခဲသည်ဟု ကောလဟာလ များရှိသော အစိမ်းရောင်အဆိပ်ခြင်များကို လက်တစ်ဖက်မြှောက်ရုံဖြင့် ဖျက်ဆီးပစ်ခဲ့၏။
သွေးနီရောင်မီးတောက်က လူတိုင်း၏ နှလုံးသားတို့အား တစ်ဆက်ဆက်တုန်ယင်သွားစေသည်။
သူတို့သာ ထိုစွမ်းအားနှင့် ထိတွေ့ရပါက ခုခံရန်အတွက် စွမ်းအားမဲ့နေလိမ့်မည်ဖြစ်သည်။
သိုင်းဘုရင်တစ်ယောက်နှင့် တွေ့လျှင်ပင် ယခုကဲ့သို့ ခံစားချက်မျိုးကို သူတို့မခံစားဖူးကြပေ။
ဤလူငယ်လေးအား သူတို့ဖောက်ထွင်း ၍ မမြင်နိုင်သည်ကို
ရုတ်တရက် သဘောပေါက်မိလိုက်ကြသည်။
ဆက်ရန် ..
ဘာသာပြန်သူ-Arise