အပိုင်း (၇၂)
Vol. 5 Ch. 72
"မင်းတို့က ဘာတွေကြည့်နေတာလဲ...ရှေ့ကိုဆက်သွားကြလေ"
ရှစ်ဖုန့်က မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမားများကို အေးစက်စွာအော်လိုက်သည်။
ရှစ်ဖုန့်၏ အမိန့်အောက်တွင် အားလုံးက ပြန်လှည့်လိုက်ကြပြီး ရှေ့ဆက်လိုက်ကြသည်။
"ခုဏတုံးမီးတောက်က ဘယ်လို အမျိုးအစားမျိုးလဲ.."
"မမကိုယ်ထဲက အဆင့်လေးသားရဲမီးတောက်က ပြန်ဆုတ်ခွါနေသလိုခံစားရတယ်.."
"မီးတောက်အဆင့်အရဆိုရင် သူကတောင် ပြန်ပီး ဖိနှိပ်သင့်တာ.."
ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်ကို မေးလိုက်သည်။
"အဲ့တာက ကောင်းကင်ဘုံမီးတောက်လို့ ငါမင်းကို ပြောရင်မင်းငါ့ကိုယုံမှာမို့လား..."
ရှစ်ဖုန့်က ပြောလိုက်သည်။
"ဘယ်ယုံမှာလဲ.."
"မမဆရာက ထျန်းဟန်တိုက်ကြီး တစ်ခုလုံးလိုက်ရှာတာတောင် မြေကမ္ဘာမီးတောက် ဖြစ်တဲ့ အနက်ရောင်ငရဲမီးတောက်ကိုပဲ ထိန်းချုပ်နိုင်ခဲ့တယ်.."
ယွဲ့ဝူရွှမ်းက ပြန်လည်၍တုန့်ပြန်ပြောဆိုလိုက်သည်။
ချင်ယူဖန်းအနေဖြင့် အနက်ရောင်ငရဲမီးတောက်အား ဟိုးယခင်တည်းကထိန်းချုပ်နိုင်သည်ကို ရှစ်ဖုန့်အစကတည်းကသိပြီးသားဖြစ်သည်။
ချင်ယူဖန်းအနေဖြင့် သူ၏ အကြီးဆုံးတပည့်ဖြစ်သူလင်ယဲ့ဖုန်း အား အကူအညီတောင်းခံခဲ့သည်ကိုပင်သူမှတ်မိနေသေးသည်။
"အစ်ိမ်းရောင် အဆိပ်ရွှံ့ညွန်က ရှေ့မှာပဲ.."
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ သိုင်းသမားတစ်ယောက်က ပြောလိုက်သည်။
ထို့နောက် လူအုပ်က မောင်းနှင်နေသော မိစ္ဆာဝံပုလွေတို့ကို ရပ်တန့်ကာ
ဘေးသို့ လူစုခွဲလိုက်ကြသည်။
ရှစ်ဖုန့်က မိစ္ဆာဝံပုလွေအား ရှေ့သို့မောင်းနှင်လိုက်ပြီး ရှေ့သို့ပြန့်ကားနေသော အစိမ်းရောင် စိမ့်မြေကို တွေ့လိုက်ရသည်။
အစိမ်းရောင်ပူစီဖောင်းတို့နှင့် အဆိပ်ရည်တို့က စိမ့်မြေထဲမှာ ထွက်နေဆဲဖြစ်သည်။
"မြေပုံအရ အစိမ်းရောင်စိမ့်မြေရဲ့ အဆုံးသတ်က ကီလိုမီတာ နှစ်ဆယ်ရှယ်တယ်တဲ့.."
"ဒီစိမ့်မြေကိုဖြတ်သန်းပြီးသွားရင် မင်းရဲ့ခရီးပန်းတိုင်ကို ရောက်လိမ့်မယ်.."
"မင်းကသိုင်းသမားတွေကို စုစည်းခဲ့တာကြောင့် မင်းမှာ ဒီစိမ့်မြေကို ဖြတ်သန်းဖို့အတွက် နည်းလမ်းတစ်ခုတော့ ရှ်ိတယ်မလား..."
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကို လှည့်၍မေးလိုက်သည်။
"ဒါပေါ့.."
ယွဲ့ဝူရွှမ်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ရှစ်ဖုန့်ကို ပြုံးပြလိုက်သည်။
ထို့နောက်သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ဘူးသီးခြောက်ကိုထုတ်ပြီး ရှစ်ဖုန့်ကိုလှုပ်ခါပြလိုက်သည်။
"ကြည့်ထား.."
ယွဲ့ဝူရွှမ်းကစကားပြောပြီးသော အခါတွင် ဘူးသီးခြောက်အဖုံးကို ဖွင့်လိုက်၏။
ဘူသီးခြောက်၏ နှုတ်ခမ်းဝဘက်ကို သူမရှေ့ရှိစိမ့်မြေဘက် လှည့်ထားပြီး အဖြူရောင်ဖုန်အမှုန့်လုံးကြီးကို စိမ့်မြေထဲသို့ သွန်ချလိုက်သည်။
ထို့နောက် သူတို့ရှေ့ရှိ အရေအခဲတို့နှင့်ပြည့်နေသည့် ပျော့ပျောင်းသော ရွှံ့ညွန်မြေမှာ ရုတ်တရက် ရေခဲကဲ့သို့ အေးခဲသွားရသည်။
ယွဲ့ဝူရွှမ်းက သူ၏ ရှေ့သို့သာလောင်းချလိုက်သော်လည်း သူတို့၏ ရှေ့ဘက်ရှိ ကြီးမားသော နေမြေတစ်ခုလုံးမှာ အစိုင်အခဲအဖြစ်ပြောင်းလဲသွားတော့သည်။
ထိုအရာများအားပြောပြီးသည့်နောက်တွင် ယွဲ့ဝူရွှမ်းက လှည့်၍ ရှစ်ဖုန့်အားပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ဒီအမှုန့်တွေက ဒီ အဆိပ်စိမ့်မြေအတွက် မမအထူးဖော်စပ်ထားတဲ့ အရာပဲ..."
"အဲ့တာက ဒီစိမ့်မြေကို သုံးနာရီလောက်ထိ အေးခဲစေနိုင်တယ်.."
"ကောင်းပြီ ရှေ့ဆက်သွားကြတာပေါ့..."
ရှစ်ဖုန့်က ခေါင်းငြိမ့်ပြပြီးပြောလိုက်သည်။
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်း ရှေ့ကနေသွားရလိမ့်မယ်...ငါမင်းကိုကာကွယ်ပေးမယ်.."
"ဒါပေါ့..ဒါကမင်းလုပ်သင့်တဲ့အရာပဲလေ.."
ယွဲ့ဝူရွှမ်းက ပြုံးကာပြောလိုက်သည်။
"မင်းတို့အားလုံးက မင်းတို့ရဲ့ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်ကြ.."
ရှစ်ဖုန့်ကသိုင်းသမား ဆယ့်လေးယောက်ကို အမိန့်ပေးလိုက်သည်။
ထို့နောက်သူနှင့်ယွဲ့ဝူရွှမ်းတို့က ရှေ့ဆက်လိုက်ကြသည်။
နောက်ဘက်ရှိသိုင်းသမားတို့မှာ ရုတ်တရက်နတ်ဆိုးသားရဲများ ထွက်ပေါ်လာနိုင်သောကြောင့် ပတ်ဝန်းကျင်အား သတိဝီရိယဖြင့် စောင့်ကြည့်နေကြသည်။
ဤနေရာမှာ အဆင့်လေး ဘုရင်နယ်ပယ်နတ်ဆိုးသားရဲနှင့် အခြားသော မတူညီသည့်အဆင့်ရှိအဆ်ိပ်ရှိနတ်ဆိုးသားရဲများ ရှိသည်ဟု ကောလဟာလများ ရှိသည့်နေရာဖြစ်သည်။
မည်သူမျှ သူတို့၏ အသိသတိနှင့်အကာအကွယ်တို့အား လှစ်ဟာရဲခြင်း မရှိကြချေ။
မျှော်လင့်ထားသည့်အတိုင်း သူတို့ထွက်ခွာပြီးမကြာခင်တွင် ခွေးတစ်ကောင်အရွယ် အနက်ရောင်အဆိပ်ဖားပြုပ်တစ်ကောင်က သူတို့ရှေ့ရှိ
အစိမ်းရောင် ရွှံ့ကန်ထဲမှ ထွက်လာသည်။
၎င်း၏ အော်ဂလီဆန်စရာ ပါးစပ်အား ဖွင့်ဟကာ ပါးလျသော အနက်ရောင် အဆိပ်ငွေ့တို့ကို ထွေးထုတ်လိုက်သည်။
ရှစ်ဖုန့်က သူ၏ ဓားချီဖြင့် အနက်ရောင်အဆိပ်ငွေ့တို့ကို ပျောက်ကွယ်သွားစေပြီး ဖားပြုတ်အား နှစ်ပိုင်းပိုင်းခုတ်လိုက်သည်။
အစိမ်းရောင်အဆိပ်ခြင်တို့ ကောင်းကင်ထက်တွင်ထပ်မံ၍ပေါ်လာပြီး
ရှစ်ဖုန့်၏ သွေးနီရောင်မီးပင်လယ်၏ သတ်ဖြတ်မှုကို ချက်ခြင်းခံလိုက်ရသည်။
အစ်ိမ်းရောင်ညွန်တို့ သူတို့၏ ရှေ့၌ ပေါ်လာသည့်အချိန်တိုင်းတွင် ယွဲ့ဝူရွှမ်းက အမှုန့်အချို့အား ဘူသီးခြောက်ထဲမှ မြေပြင်ပေါ်သို့ သွန်သွန်ချသည်။
ရှစ်ဖုန့်နှင့် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ သိုင်းသမားများက တိုက်ခိုက်လာသော နတ်ဆိုးသားရဲများအား တစ်လှိုင်းပြီးတစ်လှိုင်း သတ်ဖြတ်ပစ်ကြသည်။
ထိုအချိန်များအတွင်းတွင် ယွဲ့ဝူရွှမ်းကလည်း ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်တံဆိပ်ကို အသုံးပြု၍ သူတို့၏ ရန်သူများအား တိုက်ခိုက်ရာတွင် ကူညီသည်။
ရှစ်ဖုန့်က လေထဲသို့ ခုန်တက်ကာ စပါးအုံးမြွေအရွယ် ကြီးမားလှသော အနက်ရောင်အဆိပ်ကင်းခြေများအား သူ၏ဓားတစ်ချက်တည်းဖြင့် ထက်ဝက်ပိုင်းချပစ်လိုက်သည်။
ထို့နောက်သူက မိစ္ဆာဝံပုလွေ၏ ကျောပေါ်သို့ သက်ဆင်းလိုက်သည်။
ထိုအချိန်တွင် ယွဲ့ဝူရွှမ်းက လှည့်၍သူ့ကိုပြောလိုက်သည်။
"ဒီနေရာမှာ အဆိပ်သားရဲတွေ အရမ်းပေါများတာပဲ..မင်းကြောင့်သာမဟုတ်ရင် မမစုဆောင်းလာတဲ့ သိုင်းပညာရှင်တွေ အကြီးအကျယ်သေကြေဒဏ်ရာရပြီး ဒုက္ခရောက်နေရလောက်ပြီ.."
"ငါ့ကြောင့်သာမဟုတ်ရင် မင်းဒီနေရာကိုတောင်ရောက်မှာမဟုတ်ဖူး..
ယင်တောအုပ်ထဲမှာ အရိပ်ဝံပုလွေတွေရဲ့ အဆာပြေစားစရာဖြစ်ပြီးတာကြာနေလောက်ပြီ.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"အမှန်ပဲ.."
ယွဲ့ဝူရွမ်းက ခေါင်းညိမ့်ပြပြီး လေးနက်စွာပြောလိုက်သည်။
ထို့နောက်ဘူသီးခြောက်၏ နှုတ်ခမ့်ဝအား သူမရှေ့ရှိ ရွှံ့ညွန်ပေါ်သို့ ချိန်ရွယ်ကာ အဖြူရောင်အမှုန့်တို့အားလောင်းချလိုက်သည်။
ထိုအရာများပြုလုပ်ပြီးနောက် ယွဲ့ဝူရွှမ်းက သူ့အားလှည့်ကြာနောက်တစ်ကြိမ်းပြုံးပြပြီးပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်.."
"ခရက်.."
ရုတ်တရက် ရေခဲကွဲအက်သံအား ကြားလိုက်ရသည်။
ရှစ်ဖုန့်မှာ ခုဏလေးတင်သူ့အား ပြုံးပြနေသော ယွဲ့ဝူရွှမ်းတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
သူမအောက်ရှိ မိစ္ဆာဝံပုလွေပင် ပျောက်ကွယ်သွားသည်။
ရှစ်ဖုန့် အလျှင်အမြန်ငုံ့ကြည့်လိုက်သော အခါ၌ ယွဲ့ဝူရွှမ်းရှိနေခဲ့သော အစိမ်းရောင်မြေပြင်တွင် ကြီးမားသော အခြေမဲ့တွင်းကြီးအား မြင်တွေ့လိုက်ရသည်။
"ဝူရွှမ်း..သောက်ချီးပဲ.."
ရှစ်ဖုန့်ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
ယွဲ့ဝူရွှမ်းမှာ သူ၏ မျက်လုံးအောက်တွင်ပင် အမှန်တကယ်ကို ဖမ်းဆီးခံလိုက်ရသည်။
"မင်းတို့အားလုံး ဒီမှာနေခဲ့.."
ရှစ်ဖုန့် က မိစ္ဆာဝံပုလွေကြေးစား အဖွဲ့မှသူများအား အော်ပြောလိုက်သည်။
ရှစ်ဖုန့်မှာ ဧရာမတွင်းကြီးအတွင်းသို့ ခုန်ချလိုက်ပြီး သူ၏ ရှေ့ရှိကမ္ဘာမှာရုတ်ချည်း မှောင်မိုက်မှုတို့ အစားထိုးသွားသည်။
ထို့နောက် ဗွမ်း ဟူသော အသံနှင့်အတူ ရှစ်ဖုန့်မှာသူ့အနေဖြင့်စ်ိမ့်မြေထဲသို့ကျရောက်သွားသည်ကို ခံစားမိလိုက်သည်။
သူ၏ ရှေ့တွင် အစိမ်းရောင်မြေကွက်တစ်ခုရှိသည်။
ယင်းမှာ ယွဲ့ဝူရွှမ်း၏ အမှုန့်ဖြင့် မအေးခဲနိုင်သော အစိမ်းရောင်အဆိပ် စိမ့်မြေ၏ အောက်ခြေပင်ဖြစ်၏။
သူ့အနေဖြင့် စိမ့်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင်ရှိနေပြီး ဆိုးရွားသော အနံ့အသက်များက သူ၏ နှာခေါင်းဆီသို့လာနေသည်။
၎င်းမှာ ပုတ်သိုးဆွေးမြေ့နေသော အလောင်းများမှ ထွက်သော အနံ့များကဲ့သို့ ဖြစ်သည်။
ထိုအချိန်တွင် အစိမ်းရောင်အဆိပ် ကင်းမြှီးကောက်များ၊အမည်မသိ ရသောထူးဆန်းသည့် အစိမ်းရောင်အဆိပ်အင်းစက်များ၊ အနက်ရောင် အဆိပ် ကင်းခြေများများ၊ အနက်ရောင်အဆိပ်ဖားပြုပ်များ အစိမ်းရောင်အဆိပ်မြွေများနှင့် သူကြားဖူးသော အဆိပ်သတ္တဝါများ တစ်ခါမှမမြင်ဘူးသော အဆိပ်သတ္တဝါများမှာ ရှစ်ဖုန့်ထံ ဘက်ပေါင်းစုံမှ ဝင်လာကြသည်။
"လောင်ကျွမ်းစမ်း.."
ရှစ်ဖုန့်က စိတ်ထဲကအော်ပြောလိုက်သည်။
သူ၏ တစ်ကိုယ်လုံး သွေးနီရောင် မီးတောက်တို့လောင်ကျွမ်းစေပြီး ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားစေသည်။
ခုဏကချဉ်းကပ်လာသော အဆိပ်သတ္တဝါပေါင်းများစွာမှာ မီးတောက်၏ အစအနမကျန်သည်အထိ လောင်ကျွမ်းခြင်းကို ခံလိုက်ကြရသည်။
"အဲ့တာဟိုမှာပဲ.."
မိစ္ဆာဝံပုလွေထံ၌ ရှစ်ဖုန့်ထည့်သွင်းထားသော အင်းစာလုံးရှိနေသည်။
ရှစ်ဖုန့်မှာ မိစ္ဆာဝံပုလွေ၏ တည်နေရာကို အလျှင်အမြန်အာရုံခံမိပြီး ထိုဦးတည်ချက်အတိုင်း အပြင်းနှင်လိုက်သည်။
ထိုအချိန်တွင် အဆင့်သုံး အစိမ်းရောင်အဆိပ် ပင့်ကူမှာ သွေးမီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် အသက်ရှင်နေဆဲဖြစ်ပြီး ရှစ်ဖုန့်၏ လမ်းကို ပိတ်ဆို့ထားသည်။
ရှစ်ဖုန့်ကသူ၏ ဓားကိုထိုးသွင်းကာ ရွေ့လျားမှု ပညာရပ်ကို အသုံးပြုလိုက်သည်။
သူ၏ဓားက ပင့်ကူ၏ ခေါင်းကိုထိုးဝင်သွားပြီး နောက်ရှိ ပင့်ကူ၏ ကိုယ်အား ထိုးခွဲပစ်လိုက်သည်။
ရှစ်ဖုန့်မှာ ရပ်တန့်ခြင်းမရှိပဲ မိစ္ဆာဝံပုလွေ၏ တည်နေရာထံသ်ို့ အပြင်း သွားနေသည်။
"သတ်.သတ်..သတ်.."
"လောင်ကျွမ်းစမ်း..."
ရှစ်ဖုန့်က ရှေ့သို့ဆက်သွားကာ သူ၏ လမ်းကိုတားဆီးထားသော အဆိပ်သားရဲများအား မီးရှို့ သတ်ဖြတ်နေသည်။
နောက်ဆုံးတွင် ဧရာမဂူဝင်ပေါက်တစ်ခုရှေ့သို့ ရောက်လာ၏။
၎င်းမှာ စိမ့်မြေ၏ အောက်ခြေတွင် ရှိနေသော ဂူတစ်လုံးဖြစ်သည်။
ရှစ်ဖုန့်မှာ တုံ့ဆိုင်းနေခြင်း မရှိပဲ အပြင်းနှင်လိုက်ပြီး ဂူဝင်ပေါက်၌ မမြင်ရသော ကန့်သတ်မှုတစ်ခုရှိနေသည်ကို သတိပြုမိလိုက်သည်။
ဤကန့်သတ်မှုမှာ ဂူအား အပြင်ဘက်ရှိနောက်ကျိသော ရေတို့နှင့်သီးခြားခွဲပေးထားပြီး နောက်ကျိသော ရေများ ဂူအတွင်းသို့ မဝင်နိုင်စေရန် တားဆီပေးထားသည်။
ရှစ်ဖုန့်က ကန့်သတ်မှုနှင့် ထိတွေ့မိပြီးသောအခါ ဤအဆင့်နိမ့်ကန့်သတ်မှုကသူတိုးဝင်လာမှုအား မတားဆီနိုင်သည်ကို တွေ့ရသည်။
ဝင်ရန်အမှတ်အသားတစ်ခုပြုလုပ်ပြီးသောအခါ ရှစ်ဖုန့်က ဘာပိတ်ဆို့နေမှုမှမရှိတော့ဘဲ ဂူအတွင်းသို့ ချက်ခြင်းဝင်ရောက်လိုက်သည်။
ဂူကမှောင်မိုက်ကာ ထူးဆန်းသော အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။
သုံးမီတာသို့မဟုတ် တူညီသော အကွာအဝေးတစ်ခုသို့ရောက်တိုင်းတွင် ထူးဆန်းသော အစိမ်းရောင် ကျောက်တုံးတို့အား ဂူမျက်နှာကျက်တွင် မြဲမြံစွာ မြုပ်နှံထားသည်။
ထိုကျောက်တုံးများက မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတို့ကို ထုတ်လွှတ်နေသည်။
ထိုအချိန်တွင် ရှစ်ဖုန့်၏ နှလုံးသားထဲတွင် စိုးရိမ်မှုတို့ဖြင့်ပြည့်နေပြီး သူ့ရှေ့ရှိထူးဆန်းသော မြင်ကွင်းတို့နှင့်ပက်သက်ပြီး ဝမ်းမြောက်မက်မောနေချိန်မရှိပေ။
ဂူအတွင်းသို့ဝင်ပြီးသောအခါတွင် သူ ကသုတ်ကရုတ်စတင်၍ ပြေးလိုက်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ ဝင်ပေါက်ရှိကန့်သတ်ချက်များမှတစ်ဆင့် ဤနေရာရှိ လုပ်ဆောင်ထားသောအရာအားလုံးမှာ လူလုပ်ထားသောအရာများဖြစ်ပြီး ယွဲ့ဝူရွှမ်းမှာလည်းအဖမ်းခံခဲ့ရသည်ကို သိခဲ့ရသည်။
"မင်းကတော့ သေချင်နေတာပဲ.."
ရှစ်ဖုန့်က ပြေးနေရင်းဒေါသတကြီး ပြောလိုက်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise