← Chapters

အပိုင်း (၇၃)

Vol. 5 Ch. 73

အပိုင်း (၇၃)

Vol. 5 Ch. 73

ဂူအဆုံးရှိ သူ၏ လမ်းရှေ့တွင် ကာဆီးနေသော ကျောက်တုံးတံခါးကြီးမှာ ရှစ်ဖုန့်၏ လက်သီးချက်ဖြင့် ထိုးခွဲခြင်းအား ခံလိုက်ရသည်။

ကျောက်တုံး အပိုင်းအစများ ပြိုကျလာပြီး အထဲ၌ ဖြစ်ပျက်နေသော အရာများကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

၎င်းမှာ ပုံစံတူ အစိမ်းရောင်အလင်းတို့ဖြင့် တောက်ပနေသော ကျယ်ဝန်းသည့် ကျောက်တုံးအခန်းတစ်ခုဖြစ်သည်။

မြေပြင်တွင် အဆိပ်အင်းစက်များ၊ အဆိပ်မြွေများ၊ အဆိပ်ကင်းမြှီးကောက်များ၊ အဆိပ်ပင့်ကူများနှင့် အဆိပ်ဖားပြုပ်တို့ရှိနေပြီး ၎င်းတို့က အော်ဂလီဆန်စရာကောင်းသော အနံ့ဆိုးများကို ထုတ်လွှတ်နေသည်။

ကျောက်တုံးအခန်း၏ အတွက်းအကျဆုံးနေရာတွင် သုံးမီးတာရှည်လျားသော ဒယ်စောက်ကြီးရှိသည်။

အနက်ရောင်ဝတ်ရုံလူတစ်ယောက်မှာ ဒယ်စောက်ကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေပြီး ရှစ်ဖုန့်အား ကျောပေးထားသည်။

အနက်ရောင်ဝတ်ရုံလူ၏ တစ်ဖက်တွင် ကြီးမားသော မိစ္ဆာဝံပုလွေကြီးရှိပြီး ၎င်း၏ ကိုယ်ပေါ်တွင် လှပသော အဖြူရောင်ပုံရိပ်လေးက လဲလျောင်းနေသည်။

ထိုသူမှာ ယွဲ့ဝူရွှမ်းပင်ဖြစ်သည်။

ကျောက်တံခါးကြီး ထိုးခွဲခံလိုက်ရသော အသံကြောင့် အနက်ရောင် ဝတ်ရုံလူက ဖြည်းဖြည်းချင်းသူ၏ ခေါင်းကိုလှည့်ကြည့်လိုက်သည်။

အသိမှတ်ပြုနိုင်လောက်သည်ထက် သာလွန်သော အော်ဂလီဆန်စရာ အစိမ်းရောင်မျက်နှာကြီးကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

"ကြယ်သုံးပွင့် ဘုရင်နယ်ပယ်.."

အနက်ရောင် ဝတ်ရုံလူ၏ ကျင့်ကြံမှုအား ရှစ်ဖုန့် ချက်ခြင်း မြင်တွေ့လိုက်ရသည်။

ယွဲ့ဝူရွှမ်း၏ ရောင်ဝါတည်ရှ်ိနေသေးသည်အား တွေ့လိုက်ရသောအခါမှသာ ရှစ်ဖုန့်အနေဖြင့် နောက်ဆုံးစိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သည်။

ထို့နောက်သူ၏ အကြည့်အား အနက်ရောင်ဝတ်ရုံမွန်းစတားကြီးထံ ပြောင်းကာ ကျောက်တုံး အခန်းအတွင်းသို့ ဝင်လိုက်သည်။

"ငှီး ငှီး ငှီး....."

အနက်ရောင်ဝတ်ရုံလူက ရှစ်ဖုန့်အားမြင်သော အခါတွင် ထူးဆန်းသော ရယ်သံဖြင့် ရယ်နေသည်။

သူ၏ အသံမှာ ဇီးကွက်တစ်ကောင်ကဲ့သို့ ဖြစ်ကာ အဆင်ပြေမှု မရှိလှပေ။

"ကောင်လေး..မင်းက ဒီလူအိုကြီး ဇနီးမယား အချောလေးရဲ့ ချစ်သူမလား.."

"ငှီး..ငှီး..ငှီး..မင်းကိုယ်တိုင် ငါ့တံခါးဝရှေ့ကို အရောက်လာနေမှတော့ဒီလူအိုကြီးအနေနဲ့ နောက်မှ ဒီမိန်းမလှလေးနဲ့အတူ လင်မယားကိစ္စကို ပြီးမြောက်မယ်..."

"ငါတို့ ကစားပွဲတစ်ခုကို ကစားကြတာပေါ့.."

"မင်းချစ်တဲ့ အမျိုးသမီးက ဒီလူကြီးရဲ့ ခွကြားအောက်မှာ ဘယ်လိုတောင်သေချင်လဲဆိုတာကို ငါမင်းကိုမြင်ခွင့်ပြုမယ်.."

"အလှလေးကိုလည်း သူရဲ့ချစ်သူရဲ့အမူအယာဟာ အရမ်းနာကျင်မှုကြောင့် ဘယ်လောက်တောင်သေချင်နေလဲဆိုတာကို မြင်ခွင့်ပြုပေးမယ်.."

"ငှီး...ငှီး..ငှီး...ငှီး...အဲ့ဒါက ဒီလူအိုကြီးကို ဘယ်လောက်တောင် စိတ်လှုပ်ရှားမှုပေးစွမ်းမလဲဆိုတာကို တွေးရင်းနဲ့ ငါထပ်ပီးမစောင့်နိုင်တော့ဘူး.."

အနက်ရောင်ဝတ်ရုံလူက သူ၏ မျက်နှာစိမ်းဖြင့်စကားပြောလိုက်သော အခါတွင် ဆိုးရွားသော အစိမ်းရောင်မျက်နှာမှာ အဆက်မပြက် တုန်ယင်နေပြီး ပို၍ အော်ဂလီဆန်စရာ ကောင်းလာသည်။

"မင်းလုပ်ခဲ့တာအတွက် မင်းပြန်ခံရမယ်..."

ရှစ်ဖုန့်က ဒေါသတကြီး အော်ဟစ်ကာ သူ၏ ဓားဖြင့်ထိုးသွင်းလိုက်သည်။

သိပ်သည်းသော အဖြူရောင်ဓားချီက ထွက်သွားပြီး လေထဲသို့ ဖြတ်သန်းသွားကာ အနက်ရောင်ဝတ်ရုံလူထံ ဦးတည်သွားသည်။

"ဟမ့် မင်းက မင်းကိုယ်မင်း ပိုပြီး တွက်ထားတဲ့သူပဲ.."

အနက်ရောင်ဝတ်ရုံနှင့်လူက အထင်သေးစွာဖြင့် အေးစက်စွာ နှာမှုတ်လိုက်သည်။

သူကသူ၏ ညာဘက်ဝတ်ရုံကိုမြှောက်လိုက်ပြီး ကင်းမြှီးကောက် တစ်ကောင်၏ ခန္ဓာကိုယ်မှ လက်မများနှင့် တစ်ပုံစံတည်းတူညီသော အနက်ရောင်အကြေးခွံလက်မကြီးကို ထုတ်ဖော်ပြလိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူက သူ၏ အနက်ရောင် လက်မကြီးကို ဆန့်ထုတ်လိုက်ပြီး ထိုးဝင်စိမ့်ဖောက်လာသော အဖြူရောင်ဓားချီအား သမန်ကာလျှံကာပင် ဖမ်းလိုက်သည်။

ဓားချီအနီးနားသော ရောက်လာသော အခါမှသာ ဤဓားချီ၏ သာမန်ထက်လွန်ကဲသော စွမ်းရည်အား အနက်ရောင်ဝတ်ရုံလူမှာ အာရုံခံမိသည်။

သူ၏ အမူအယာမှာ ကြီးမားစွာ ပြောင်းလဲသွားသော်လည်း ၎င်းအနေဖြင့် နောက်ကျလွန်းနေပြီဖြစ်သည်။

ဓားချီက ဟက်တက်လှီးဖြတ်သန်းသွားကာ သူ၏ အနက်ရောင်အကြေးခွံလက်မအား တိုက်ရိုက်ဖြတ်တောက်သွားပြီး များပြားလှသော အနက်ရောင်သွေးများ ပန်းထွက်လာစေသည်။

၎င်းက သူ၏ ရင်ဘက်ဆီသို့ ဆက်လက်တိုးဝင်လာပြီး သူ့အားနောက်သို့ ထပ်ကာတလဲလဲ ဆုတ်ခွာစေလိုက်သည်။

"အူးးး..."

အနက်ရောင်ဝတ်ရုံနှင့်လူက သူ၏ ခေါင်းကိုမော့ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သောက်ချီးပဲ..မင်းငါ့ကိုထိခိုက်အောင်လုပ်တယ်...မင်းငါ့ကိုနာကျင်အောင်လုပ်တယ်..နာတယ်..နာတယ်.. ငါမင်းကို သင်္ချိုင်းမှာ မြေမြုပ်မရတော့အောင်တောင် သေစေချင်တယ်.."

ဝတ်ရုံနက်လူ၏ ဒေါသတကြီး ဟစ်အော်သံနှင့်အတူ ကျောက်တုံး အခန်းတစ်ခုလုံးမှာ ပြင်းထန်စွာတုန်ခါလာပြီး အပေါ်ဘက်မှသဲမှုန်များ ကျလာသည်။

"ဒါဆိုရင် မင်းသေလို့ရပြီ.."

ရှစ်ဖုန့်က သူ၏ ရွှေ့လျားမှု ပညာရပ်ကိုအသုံးပြုကာ ဝတ်ရုံနက်လူ၏ ရှေ့တွင် ဖျက်ခနဲပေါ်လာသည်။

သူ၏အမူအယာကအေးစက်နေကာ သတ်ဖြတ်ခြင်းရောင်ဝါတို့ တလိပ်လိပ်ထနေသည်။

သူ၏ လက်ထဲတွင် သွေးဓားအား ကိုင်ဆောင်ထားပြီး ဓားမှာ သိပ်သည်းသော အဖြူရောင်အလင်းတို့ တောက်ပနေပြီး သူ၏ အကောင်းဆုံးသော ထိုးသွင်းချက်ဖြင့် ဝတ်ရုံနက်လူ၏ ဆိုးရွားသော မျက်နှာအား ကြိုးစား၍ထိုးချလိုက်သည်။

ဝတ်ရုံနက်လူက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ပါးစပ်အပြည့် အနက်ရောင်အဆိပ်မြူတို့ကို ပန်းထုတ်လိုက်သည်။

၎င်းမှာ ရှည်လျားပြီး သေးသွယ်သော အနက်ရောင်မြွေအဖြစ်ပြောင်းသွားသည်။

ထို့နောက် အနက်ရောင်မြွေက ဓားအပေါ်မှ ကူးခတ်လာကာ ရှစ်ဖုန့်၏ မျင်နှာအား ကိုက်လိုက်သည်။

"ချိုးဖြတ်စမ်း.."

ရှစ်ဖုန့်က သူ၏ လက်ထဲရှိဓားရှည်အား လှုပ်ခါလိုက်သော အခါတွင် ဓားပေါ်ရှိ အနက်ရောင်​မြွေမှာ ချက်ခြင်း ပြိုကွဲသွားသည်။

ထို့နောက်ချက်ခြင်း အနက်ရောက် အရိပ်တစ်ခုက သူ့ခေါင်းထက်တွင် ဖျက်ကနဲပေါ်လာပြီး အနက်ရောင်အလင်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော အဖွင့်အပိတ်ပြုလုပ်၍ရသည့် ချိတ်ကောက်ကဲ့သို့ ​ကင်းမြှီးကောက်​အမြှီးပေါ်လာသည်။

ထို့နောက် ထူးဆန်းသော အနက်ရောင်မီးတောက်ထတောက်လာပြီး ရုတ်တရက်အောက်သို့ ထိုးချလိုက်သည်။

ချိတ်အတွင်းမှ သာမန်ထက်လွန်ကဲသော အဆိပ်နှင့် ခွန်အားကို ရှစ်ဖုန့် ရှင်းလင်းစွာ ခံစားမိနိုင်သည်။

သူက သူ၏ ညာ​ခြေအား မြေပြင်ပေါ်သို့ဆောင့်နင်းကာ ချက်​ခြင်းဆုတ်ခွာလိုက်သည်။

"ဝုန်း.."

ချိတ်ကောက်က ရှစ်ဖုန့် ရပ်နေခဲ့သော မြေပြင်ပေါ်သို့ ကျရောက်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်မှာ ပင့်ကူအိမ်ကဲ့သို့ ကွဲကြေသွားသည်။

အနက်ရောင်မီးတောက်မျှင်များက အက်ကွဲကြောင်းများတွင် စတင်၍ လောင်ကျွမ်းတော့သည်။

၎င်းတို့မှာ အဆိပ်ချိတ်ကောက်အပေါ်တွင် သယ်ဆောင်လာသော အနက်ရောင်မီးတောက်တို့ဖြစ်ပြီး မြေပြင်မှာချက်ခြင်းအနက်ရောင်မီးတောက်ကြောင့် အက်စစ်ဖြင့်စားခံရသကဲ့သို့ ယိုယွင်းလာကာ တစ်ရှဲရှဲမြည်သံများထွက်ပေါ်နေသည်။

"ဖန်း.."

နောက်ထပ်အသံတစ်ခုအားကြားရသည်။

ဝတ်ရုံနက်လူ၏ အနက်ရောင်သွေးများပန်းထွက်နေသော လက်မောင်းမှာ ရှေ့ဆို့ဆန့်ထုတ်လာသည်။

သူ၏ ကျိုးပဲ့နေသော လက်မောင်းနေရာမှ ကြီးမားသော အနက်ရောင် ကြေးခွံလက်မကြီး မှာကြီးထွားလာနေသည်။

"ငှီး..ငှီး..ငှီး...ကလေးလေး..ငါ့အချစ်ကလေး..မင်းပြန်လာပြီ.."

ဝတ်ရုံနက်လူက သူ၏ ပိန်းပေါက်အောင်မှောင်နေသော ဘယ်ဘက်လက်အား ဆန့်ထုတ်လိုက်ပြီး အသစ်မွေးဖွားလာသော အနက်ရောင်ကြေးခွံလက်မအား ချစ်ခင်ကြင်နာစွာ​ထွေးပိုက်နေသည်။

သူ၏ အော်ဂလီဆန်စရာ ဆိုးရွားသော အစိမ်းရောင်မျက်နှာထက်တွင် တကယ့်ကိုပျော်ရွှင်မှုတို့​​ဖြင့်ပြည့်နေ၏။

သူကသူ၏ ခေါင်းအားလျှင်မြန်စွာမော့ပြီး သူ၏ သူငယ်အိမ်ထဲမှာ ထွက်ကျလုနီးပါးဖြစ်နေသည့် မျက်လုံးများဖြင့် ရှစ်ဖုန့်အား စိန်းစိန်းဝါးဝါးကြည့်နေသည်။

"ငါ့ရဲ့ကလေးလေးကို သုံးပြီးတော့ မင်းရဲ့ကလေးလေးကိုငါဖြတ်ပစ်မယ်.."

"သေလုနီးပါးဖြစ်ရတဲ့ ခံစားချက်က ဘာလဲဆိုတာကို ငါမင်းကိုမြည်းစမ်းခွင့်ပြုမယ်...ငှီး..ငှီး..ငှီး.."

ရှစ်ဖုန့်တုန့်ပြန်လိုက်သော အရာကား သူ၏ လက်ထဲရှိဓားအား ရှေ့သို့ ​ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ထိုးလိုက်ခြင်းပင်ဖြစ်သည်။

"အသူတစ်ရာ ဓားသွား.."

သူ၏ သာမန်ဓားထိုးသွင်းချက်က ဝတ်ရုံနက် မွန်းစတားအိုကြီးထံသို့ တိုးဝင်သွားသည်။

ရှစ်ဖုန့် ခုဏက တိုက်ခိုက်လိုက်သော ဓားချက်မှာ သူ၏ လက်အား ဖြတ်သွားသည်ကို ဝတ်ရုံနက် မွန်းစတားအိုကြီး မှတ်မိနေဆဲဖြစ်သည်။

ဤအချိန်တွင် သူ့အနေဖြင့် ရှစ်ဖုန့် အား နားလည်မှုလွဲပြီး မဆင်မခြင် ဆက်မနေရဲတော့ပေ။

သူက သူ၏ ဆိုးရွားပြီး အော်ဂလီဆန်စရာ ကောင်းသော ပါးစပ်ကြီးကိုဖွင့်ပြီး ပါးစပ်အပြည့် အနက်ရောင်ချီများအား ပန်းထုတ်လိုက်ပြီး ထိုအရာတို့က အနက်ရောင်မြွေအဖြစ် ​နောက်တစ်ကြိမ် ​ပြောင်းလဲသွားကာ ရှစ်ဖုန့်လက်ထဲရှိ ဓား ၏ ပတ်လည်တွင် ရစ်ခွေနေသည်။

အနက်ရောင်မီးတောက်တို့တောက်လောင်နေသော ကင်းမြှီးကောက် အမြှီးမှာ အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှစ်ဖုန့်၏ ခေါင်းကို ထပ်မံတိုက်ခိုက်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် အနက်ရောင်အဆိပ် အကြေးခွံ လက်မမှာ ဖွင့်ဟထားပြီး ရှစ်ဖုန့်၏ ရင်အုံအား ဆွဲညှက်သည်မှာသိသာလှသည်။

ဤအချိန်တွင် ပိန်းပေါက်အောင်မှောင်နေသော ဘယ်ဘယ်လက်လည်း လှုပ်ရှားလာကာ အနက်ရောင်အဆိပ်ငွေ့တို့ကို ထုတ်လွှတ်လိုက်၏။

၎င်းက ဦးခေါင်းတစ်လုံးအရွယ် အော်ဂလီဆန်စရာအနက်ရောင်ဖားပြုပ်အသွင်သို့ပြောင်းသွားပြီး ရှစ်ဖုန့်၏ လည်ပင်းကို ကိုက်လိုက်သည်။

၎င်းမှာ တစ်ပြိုက်တည်းတိုက်ခိုက်မှုများဖြစ်ပြီး တိုက်စစ်ရော ခံစစ်ရောပါဝင်သည်။

၎င်းတို့အားလုံးမှာ ရှစ်ဖုန့်၏ခေါင်းနှင့်တွေ့ဆုံရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

ရှစ်ဖုန့်မှာ တစ်ချက်ထိခံမိသည်နှင့် သေချာပေါက် အဆိပ် မိမည်ဖြစ်သည်။

ရှစ်ဖုန့်မှာပြင်ဆင်ထားပြီးသားဖြစ်သည်။

အစောပိုင်းတိုက်ခိုက်ခဲ့ချိန်ကတည်းက သူ့အနေဖြင့် အဆိပ်မွန်းစတားအိုကြီး၏ ဗျူဟာများအား ဖောက်မြင်နိုင်ပြီးဖြစ်၏။

ငရဲဘုံကိုးခုဓားလှုပ်ခါမှုကိုအသုံးပြုလိုက်ပြီးသိပ်သည်းသော အဖြုရောင်ဓားချီဓားရိပ်တို့က သူ၏ရှေ့တွင်ပေါ်လာကာ အနက်ရောင်လက်မနှင့် အနက်ရောင် ဖားပြုပ်တို့အား ချက်ခြင်းတားဆီးလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က အော်ပြောလိုက်သည်။

"တားဆီးလိုက်"

အနက်ရောင်မီးတောက်ဖြင့် ကင်းမြှီးကောက်မြှီးက သူ၏ ခေါင်းအား ထိတော့မည်ကိုမြင်ရသောအခါ လက်သီးဆုပ်အရွယ် တောက်ပသော အနီရောင် မီးတောက်လုံးလေးက သူ၏ ခေါင်းထက်တွင်ပေါ်လာပြီး အနက်မီးတောက်အား အပြင်းအထန်တားဆီးလိုက်သည်။

ရှစ်ဖုန့်က သူ၏ ဘယ်လက်ဖြင့် ဆီးလ်တံဆိပ်ပုံစံများ ဖော်လိုက်ပြီး များပြားသော အရိပ်များပေါ်လာသည်။

ပတ်ဝန်းကျင်ရှိလေထုမှာ စတင်၍ တစ်ဟုန်ထိုးလျော့ကျလာပြီး များပြားလှသော ငရဲဘုံကိုးခုစွမ်းအင်များက သူ၏ ကိုယ်မှာ ထွက်လာကာ သူ၏ လက်ဖဝါးတွင် စုစည်းကြသည်။

ထို့နောက်တွင် ရှစ်ဖုန့် ကသူ၏ လက်ဖဝါးကို တွန်းထုတ်လိုက်ပြီး မွန်းစတားအိုကြီး ဖော်ထုတ်ထားသော အနက်ရောင်မြွေထံ အဖြူရောင် လက်ဖဝါးပုံရိပ်ကို ပို့လွှတ်လိုက်သည်။

ဤလက်ဖဝါးမှာ ဟိုင်ကလန်၏ အိမ်တော်ထိန်း ယွဲ့အား သတ်စဉ်က ရှစ်ဖုန့် အသုံးပြုခဲ့​သော ငရဲဘုံကိုးခု အကြွင်းမဲ့ နတ်ဆိုး ဆီးလ်တံဆိပ် ပင်ဖြစ်သည်။

"ဝုန်း.."

အဖြူရောင်လက်ဖဝါးမှာ မွန်းစတားအိုကြီး ပါးစပ်မှထွက်လာသော အနက်ရောင်မြွေအား အစိပ်စိက်အမြွှာမြွှာ ကွဲထွက်သွားစေသည်။

ထို့နောက် မွန်းစတားအိုကြီး ၏ မှင်တက်မိနေသော အမူအယာအောက်တွင် ၎င်းက မွန်းစတာအိုကြီး၏ အော်ဂလီဆန်စရာမျက်နှာအား တိုက်ထိမှန်သွားပြီး နောက်သို့ လွင့်ထွက်သွားစေ၏။

အဆိပ်မွန်းစတားအိုကြီးမှာ သူ၏ နောက်ရှိ ဒယ်စောက်ကြီးနှင့် တိုက်မိပြီး ကျယ်လောင်သော တုန်ခါသံကြီးကို နောက်တစ်ကြိမ်​ထပ်မံ၍ ထွက်ပေါ်လာစေသည်။

"ဝေါ့.."

ပါးစပ်အပြည့် အနက်ရောင်အဆိပ်သွေးတို့ ပွင့်အန်ထွက်လာပြီး သူ၏ ကိုယ်မှာလည်း မြေပြင်ပေါ်သို့လျောဆင်းလာသည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters