← Chapters

အပိုင်း (၇၄)

Vol. 5 Ch. 74

အပိုင်း (၇၄)

Vol. 5 Ch. 74

"မဟုတ်ဖူး...ဒါကမဖြစ်နိုင်ဘူး.. ငါတကယ်ကြီးရှုံးနိမ့်သွားတယ်.."

အဆိပ်မွန်းစတားအိုကြီး၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေသည်။

သူလုပ်နိုင်တာဆို၍ ခေါင်းကိုအဆက်မပြတ်ခါယမ်းနေခြင်းသာတတ်နိုင်ပြီး ဤအရာမှာ အစစ်အမှန်ဖြစ်သည်ဟု ယုံကြည်နိုင်ရန်ခက်ခဲနေသည်။

"ငါတကယ်ကြီး မင်းလို ကောင်ချောလေးကို ရှုံးနိမ့်သွားခဲ့တာပဲ.."

အဆိပ် မွန်းစတားအိုကြီး၏ ဆိုးရွားလှပြီး အော်ဂလီဆန်စရာကောင်းသော မျက်နှာထက်တွင် အလိုမရှိမှုများဖြင့်ပြည့်နေပြီး လူရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသည်။

"မင်းလိုမျိုး ကောင်ချောချောလေးတွေက လှပတဲ့အမျိုးသမီးတွေအကုန်လုံးနဲ့ အိိပ်စက်ခဲ့ဖူးတယ်"

"ငါချစ်တဲ့ အမျိုးသမီးနဲ့တောင်မှ မင်းအိပ်ခဲ့တယ်.."

"ငါတစ်ခါက ကျိန်ဆိုခဲ့ဖူး တယ် ငါ့ရဲ့...အံ့ဖွယ်ပညာရပ်တွေကို အောင်မြင်တာနဲ့ မင်းလိုမျိုးကောင်ချောလေးတွေကို သတ်ပြီးတော့ က​မ္ဘာပေါ်က မိန်းမလှတွေအားလုံးကို ရယူပစ်မယ်လို့..."

"ဒါတွေဟာ မင်းတို့ကောင်တွေကြောင့်ပဲ.."

"မင်းတို့လို အပျော်အပါးမက်တဲ့ ကောင်တွေကပဲ ငါ့ကို အဆိပ်ပညာရပ်တွေကို အတင်းအကျပ်ကျင့်ကြံစေခဲ့ပြီး လူသားတစ်ယောက်အစား သရဲတစ္ဆေတစ်ကောင်လို ဖြစ်အောင် လုပ်ခဲ့တာ.."

"ဒါတွေအားလုံးဟာ မင်းတို့ကြောင့်ပဲ.."

"မင်းတို့အားလုံး ဆိုးဆိုးရွားရွားနဲ့ကိုသေဆုံးရမယ်.."

"ဆိုးဆိုးရွားရွားနဲ့ကို သေကြရမယ်ကွ..အား......"

မွန်းစတားအိုကြီးက ဒေါသအမျက်ခြောင်းခြောင်းထွက်စွာပြောပြီး သူ၏ မျက်လုံးများတွင်မလိုမုန်းထား အာဃတတရားတို့ ပြည့်နှက်နေသည်။

သွေးနီရောင်မီးတောက်က ရှစ်ဖုန့်၏ ခေါင်းထက်တွင် ရစ်ဝဲနေဆဲဖြစ်သည်။

သွေးနီရောင်မီးတောက်ထဲတွင် အနက်ရောင် အရိပ်အငွေ့တို့ ရှိနေ၏။

ကောင်းကင်ဘုံမီးတောက်က ​အနက်ရောင်သားရဲမီးတောက်နှင့်ထိတွေ့မိချိန်တွင် အဆင့်လေးအနက်ရောင်မီးတောက်အား ဝါးမျိုခဲ့ပြီး ချေဖျက်နေဆဲဖြစ်သည်။

ကောင်းကင်​ဘုံမီးတောက် ရှစ်ဖုန့်၏ ခေါင်းထက်မှာ ဒန်တန်ဆီသို့ပြန်လည်ဆင်းသက်လာချိန်တွင် အစောပိုင်းကသူကုန်ဆုံးသွားသော ငရဲဘုံစွမ်းအင်တို့မှာ အဆင့်လေးသားရဲမီးတောက်အား ဝါးမျိုပြီးသော အခါတွင်ပြန်လည်ဖြည့်တင်းပြီးဖြစ်သည်ကို ရှစ်ဖုန့်ခံစားမိသည်။

သူ၏ လက်ထဲတွင်ဓားကိုကိုင်စွဲထားပြီး အဆိပ်မွန်းစတားအိုကြီးထံသို့ ရှစ်ဖုန့် လျှောက်သွားလိုက်သည်။

"ဟင့်အင်း..ငါ့ကိုမသတ်ပါနဲ့..မင်းငါ့ကိုသတ်လို့မရဘူး.."

"မင်းလို အပျော်အပျက်ကောင်တွေက ငါ့ကိုဒီလိုဖြစ်လာစေခဲ့တာ.."

"ငါမသေနိုင်ဘူး..."

ရှစ်ဖုန့်သူ၏ ဓားကို ကိုင်ပြီးလျှောက်လာနေသည်ကို မြင်သော အခါတွင် အဆိပ်မွန်းစတားအိုကြီး၏ မျက်လုံးတို့မှာ ပြူးကျယ်လာသည်။

သူကရှစ်ဖုန့်အား သူ၏ ခေါင်းကို ထိပ်ထိပ်ပျာပျာခါယမ်းပြသည်။

"ငါမှားခဲ့တယ်ဆိုတာကို ငါသိပါတယ်...ကျေးဇူးပြုပြီးငါ့ကို လွှတ်ပေးပါ.."

"မင်းရဲ့ချစ်သူလေးကို ခေါ်ပြီးတော့ ဒီနေရာကနေ ထွက်သွားလို့ရပါတယ်.."

"မင်း..မင်းငါ့ကိုသတ်စရာမလိုပါဘူးကွာ.."

ရှစ်ဖုန့်၏ မျက်လုံးထဲတွင် သနားညှာတာမှု အနည်းငယ်ပင်ရှိမနေချေ။

၎င်း အ​​​နေဖြင့် သူဟာသူ သေမင်းကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဤအရာများအား သူ၏ထံသို့ သူကိုယ်တိုင်စိုက်ရောက်စေခဲ့ခြင်းဖြစ်သည်။

ရှစ်ဖုန့်က သူ၏ ဓားဖြင့် မွန်စတားအိုကြီး၏ လည်ပင်းအားထိုးသွင်းကာ ဒယ်စောက်ကြီးဖြင့် ထိုးစိုက်တွဲထားလိုက်သည်။

ရှစ်ဖုန့်က ငရဲဘုံကိုးခုပညာရပ်အား အဆက်အပြတ်လှည့်ပတ်လိုက်ကာ သေခြင်းစွမ်းအင်တို့ကို ဝါးမြိုလိုက်ပြီး သွေးဓား၏ စုပ်ယူမှုတို့အောက်တွင် မွန်းစတားအိုကြီး၏ သွေးတို့မှာ လျှင်မြန်စွာ ခန်းခြောက်သွားရသည်။

ရှစ်ဖုန့်နှင့် သွေးဓားတို့မှာ တစ်ချိန်တည်းတွင် အလင်းများလတ်လာသည်။

တစ်ခုတည်းသောကွဲပြားချက်မှာ ရှစ်ဖုန့်၏ ကိုယ်၌အဖြူရောင်အလင်းဖျက်ခနဲလင်းခြင်းဖြစ်ပြီး သွေးဓား၌ကား သွေးနီရောင်အလင်းလင်းလတ်ခြင်းဖြစ်သည်။

ကြယ်သုံးပွင့် ဘုရင်နယ်ပယ်တစ်ဦး၏ သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာ ကြယ်ငါးပွင့်စိတ်ဝိညာဉ်နယ်ပယ်အဆင့်သို့ ခြေချမိပြီဖြစ်သည်။

သွေးဓားအတွက်မူ ကြယ်သုံးပွင့် ဘုရင်နယ်ပယ်တစ်ဦး၏ သွေးတို့အား စုပ်ယူပြီးသည့်နောက်တွင် အဆင့်တစ်ခုတိုးတက်လာခဲ့ပြီး အဆင့်သုံး နက်နဲသိမ်မွေ​သော လက်နက်တစ်ခုဖြစ်လာသည်။

ရှစ်ဖုန့်က ရပ်တန့်နေခြင်း မရှိပေ။

အတွေးတစ်ချက်ဖြင့် အလင်းရောင်ဖောက်ထွင်းနိုင်သော လက်သီးဆုပ်အရွယ် ဝိညာဉ်ကို အဆိပ်မွန်းစတားအိုကြီး၏ ဦးနှောက်ထဲမှ ထုပ်ယူလိုက်သည်။

သူက ၎င်း၏ အသိဉာဏ်အားလုံးအား ဖျက်​ပစ်ပြီးသည့်နောက်တွင် သန့်စင်ပြီးသော ဝိညာဉ်သာ ကျန်ရစ်နေခဲ့သည်။

ထို့နောက်သူက ၎င်းအား ယွဲ့ဝူရွှမ်း၏ နဖူးထံ စီးမျောသွားစေပြီး သူမ၏ ဝိညာဉ်အား အားဖြည့်တင်းပေးလိုက်သည်။

ထိုအရာများအား ပြုလုပ်ပြီးသည့်နောက်တွင် ရှစ်ဖုန့်က သွေးဓားအား အဆိပ်မွန်းစတားအိုကြီး၏ လည်ပင်းမှ ဆွဲနှုတ်ကာ ဂရူတစိုက်အာရုံခံလိုက်သည်။

သွေးဓားမှာ တကယ့်ကို အဆင့်သုံး နက်နဲသိမ်မွေ့သော လက်နက်တစ်ခုအဖြစ် ကြီးထွားလာခဲ့သည်။

အဆင့်သုံး အံ့ဖွယ် လက်နက်တစ်ခုအား ရရှိပြီးနောက်တွင် အနာဂတ်၌ ရှစ်ဖုန့်အသုံးပြုသော ဓားပညာရပ်များ၏ စွမ်းအားမှာ ကြီးမားသော အတိုင်းအတာပမာဏတစ်ခုအထိ တိုးပွားလာလိမ့်မည်ဖြစ်သည်။

လက်ရှိသူ၏ ကျင့်ကြံမှုအဆင့်အရ သူ့အနေဖြင့် ကြယ်ခြောက်ပွင့်ဘုရင်နယ်ပယ်တစ်ယောက်အား ရင်ဆိုင်တိုက်ခိုက်နိုင်ပြီဖြစ်သည်။

သွေးဓားအား သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်း၏ ဘေးသို့စစ်ဆေးရန် လျှောက်သွားလိုက်သည်။

ယွဲ့ဝူရွှမ်း၏ ကိုယ်ပေါ်တွင် ကန့်သတ်ချက်တစ်ခုအား ထားရှိထားသ​ည်ကို သူရှာတွေ့လိုက်သည်။

လက်တစ်ချက်ဝေ့ယမ်းလိုက်ပြီး ကန့်သတ်ချက်အား ရှစ်ဖုန့် လုံးဝပယ်ဖျက်ပစ်လိုက်၏။

"ဝူရွှမ်း.."

"ဝူရွှမ်း."

ယွဲ့ဝူရွှမ်း၏ နူးညံ့သောကိုယ်လေးအား ရှစ်ဖုန့် ညင်ညင်သာသာ လှုပ်ခါလိုက်သည်။

"အမ်..."

ရှစ်ဖုန့်၏ ခေါ်ဆိုမှုအောက်တွင် ယွဲ့ဝူရွှမ်း တိုးဖျော့စွာ ညည်းလိုက်သည်။

သူမ၏ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတို့အား ဖွင့်လိုက်ပြီး ပွတ်သပ်ကာ ဖြည်းဖြ​ည်းချင်းထရပ်လိုက်သည်။

"ငါ ဘာဖြစ်သွားတာလဲ"

"ငါဘယ်နေရာကိုရောက်နေတာလဲ.."

"အား.."

ယွဲ့ဝူရွှမ်းမှာ ရုတ်တရက်တစ်ခုခုအား တွေးမိသွားပုံရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူမကရှစ်ဖုန့်၏ လည်ပင်းကိုဖက်လိုက်သည်။

ရှစ်ဖုန့်မှာ နူးညံ့ပျော့ပျောင်းသော အဖုအထစ်နှစ်ခုက သူ၏ ကိုယ်အား လာရောက်ဖိကပ်နေသည်ကို ရုတ်ချည်းခံစားလိုက်ရသည်။

သူမအနေဖြင့် ဝတ်ရုံနက်မွန်းစတားအား ထိန့်လန့်​နေခြင်းဖြစ်ကြောင်းကို ရှစ်ဖုန့်သိလိုက်သည်။

"မကြောက်နဲ့...မကြောက်နဲ့တော့..အခုအားလုံး အဆင်ပြေသွားပါပြီ. "

ရှစ်ဖုန့် သူမသက်တောင့်သက်သာဖြစ်စေရန်အတွက် သူမကျောပြင်လေးအား ခပ်ဖွဖွပုတ်ပေးသည်။

"အဟင့်..ဟင့်..ဟင့်..ဖုန့်ရှစ်..တကယ်ပဲ နင်လား.."

"အဟင့်.. ဟင့်...အဟင့်..."

ယွဲ့ဝူရွှမ်းမှာ သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ ရှစ်ဖုန့်၏ လည်ပင်းအားတင်းကျပ်စွာ သိုင်းဖတ်ထားပြီး ရှိုက်ငိုနေသည်။

"တကယ့်ကို ငါပါ..."

ရှစ်ဖုန့်က ညင်သာစွာပြောလိုက်သည်။

"ငါ..ငါအိမ်မက်ဆိုးကြီးမက်ခဲ့တယ်ထင်နေတာ..အရမ်းကိုကြောက်ဖို့ကောင်းတဲ့ အိမ်မက်ကြီးတစ်ခု..."

ယွဲ့ဝူရွှမ်းကပြောလိုက်သည်။

"ကောင်းပါပြီ..ဒါတွေအားလုံးက အတိတ်မှာ ကျန်နေခဲ့ပြီ ဟုတ်ပြီလား..မစိုးရိမ်နဲ့တော့..ငါဒီကိုရောက်နေပါပြီ..."

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းအား ဆက်ပြီးချော့လိုက်သည်။

"အင်း.."

ယွဲ့ဝူရွှမ်းက တိုးဖျော့ညင်သာစွာတုန့်ပြန်သည်။

သူမကရှစ်ဖုန့်အား တင်းကျပ်စွာဖတ်ထားဆဲဖြစ်သည်။

ခဏကြာပီးနောက် သူမအနေဖြင့် တစ်စုံတစ်ခုအား သဘောပေါက်သွားပုံရပြီး ရှစ်ဖုန့်၏ လက်ကိုဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။

သူမကိုယ်အား ရှစ်ဖုန့်ထံမှ ဖြည်းဖြည်းချင်းခွာလိုက်ပြီး ရှစ်ဖုန့်အား မကြည့်ရဲသကဲ့သို့ သူမ၏ ခေါင်းလေးအားငုံ့ထားသည်။

"ကောင်းပြီ ထတော့..ငါ့ဒီသားရဲရဲ့ အခြေအနေလေးတစ်ချက်ကြည့်ပါရစေ..."

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကို ပြောလိုက်သည်။

သူပြောနေသော သားရဲမှာ ယွဲ့ဝူရွှမ်း၏ ကိုယ်ဖြင့် ဖိထားဆဲဖြစ်သော မိစ္ဆာဝံပုလွေပင်ဖြစ်သည်။

"အိုး.."

ယွဲ့ဝူရွှမ်းလည်း နားလည်လိုက်သည်။

သူမက မိစ္ဆာဝံပုလွေပေါ်မှာ ခုန် ဆင်းလိုက်ကာ ပတ်ဝန်းကျင်အား စတင်၍ ကြည့်ရှုစစ်ဆေးတော့သည်။

မိစ္ဆာဝံပုလွေ၏ ကိုယ်ပေါ်တွင်လည်း ကန့်သတ်ချက်တစ်ခုအား ထားရှိထားသည်ကို ရှစ်ဖုန့်တွေ့ရှိလိုက်သည်။

ဤကန့်သတ်ချက်မှာ ယွဲ့ဝူရွှမ်း၏ ကိုယ်ပေါ်တွင်ထား ရှိထားသော ကန့်သတ်ချက်နှင့် အတူတူပင်ဖြစ်သည်။

လက်တစ်ချက်ဝေ့ယမ်းလိုက်ပြီး ကန့်သတ်ချက်အား ရှစ်ဖုန့် အပြီး​တိုင် ဖယ်ရှားလိုက်၏။

"ဝေါင်း..".

မိစ္ဆာဝံပုလွေမှာ ချက်ခြင်းနိုးလာသည်။

၎င်းက သူ၏ပါးစပ်ကို ဖွင့်ဟကာ ထက်ရှသော အစွမ်းတန်းတို့အား လှစ်ဟာပြထား၏။

"တိတ်စမ်း.."

"အော်မနေနဲ့..ယုတ်ညံ့တဲ့သတ္တဝါရ"

ရှစ်ဖုန့်က အော်လိုက်သည်။

မိစ္ဆာဝံပုလွေက ရှစ်ဖုန့်အား မြင်သော အခါတွင် သူ၏ ပါးစပ်ကို ချက်ခြင်း ပိတ်လိုက်ပြီး သူ၏ ကြီးမားသော ကိုယ်ကြီးအား မြေပြင်ပေါ်မှာ ထလိုက်၏။

"အာ..ဒါက..."

ရှစ်ဖုန့်၏ ​နောက်မှယွဲ့ဝူရွှမ်း၏ အသံကရုတ်တရက် ပြောင်းလဲသွားရာ ရှစ်ဖုန့်က သူမအား လှည့်ကြည့်လိုက်သည်။

ယွဲ့ဝူရွှမ်းမှာ သူမ၏တုန်လှုပ်မှုမှ ပြန်ကောင်းမွန်သွားပြီးဖြစ်သည်။

သူမက ဝတ်ရုံနက်အဆိပ်မွန်းစတားအိုကြီး၏ ဒယ်စောက်ကြီးရှေ့ တွင်ရပ်လိုက်ပြီး ဒယ်စောက်ကြီးအား သူမ၏ လက်ချောင်းတို့ဖြင့် တောက်လိုက်သောအခါတွင် ဒန် ဒန် ဒန် ဟူသော အသံတို့ ထွက်ပေါ်လာသည်။

ရှစ်ဖုန့်မှာ ထိုဒယ်စောက်(​ဆေး၊သတ္ထုများ ချက်ရာမီးပြင်းဖို) များအား အသုံးပြု၍ ဆေးနှင့်လက်နက်တို့သန့်စင်​ခြင်းအား မပြုလုပ်ဖူးသော်လည်း ယွဲ့ဝူရွှမ်းမှာ ဆေးဝါးဖော်စပ်သူတစ်ယောက်ဖြစ်သည်အား သူသိသည်။

ထို့ကြောင့် သူမအနေဖြင့် ဤအရာများနှင့်ပက်သက်ပြီး တစ်ခုခုသိရှိရပေမည်။

ဤဒယ်စောက်ကြီးမှာ သုံးမီတာ မြင့်မားပြီး အောက်တွင် ခြေထောက်သုံးဖက်ရှိသည်။

ထိပ်ဖျားမှ အောက်ခြေထိ အဝါရောင်ရှိကာ ငှက်များ သားရဲဖောင်းကြွရုပ်များဖြင့် ဖုံးအုပ်ထားသည်။

"အဆင့်ခြောက် ဇုံအဆင့်.."

ယွဲ့ဝူရွှမ်း ရုတ်တရက် အံ့အားသင့်စွာ အော်လိုက်သည်။

ထို့နောက်သူမက ရှစ်ဖုန့်အား လှည့်၍ မျှော်လင့်သော အကြည့်ဖြစ် ကြည့်လိုက်သည်။

သူမ၏ ဆိုလိုချက်က ရှင်းလင်းပေသည်။

အဆိပ်မွန်းစတားအိုကြီးမှာ ဤကဲ့သို့ရတနာမျိုးအား ဖုံးကွယ်ထားမည်ဟု ရှစ်ဖုန့် မ​မျှော်လင့်ထားခဲ့ပေ။

၎င်းမှာ အဆင့်ခြောက် ဇုံအဆင့် ရတနာဖြစ်သည်။

အရှေ့ပိုင်းဒေသတွင် ဤကဲ့သို့သော ရတနာမျိုးအား သန့်စင်ပြုလုပ်နိုင်သော သန့်စင်သူ များများစားစားရှိမနေချေ။

ဤကဲ့သို့ ဒယ်စောက်မီးပြင်းဖိုမျိုးအား သန့်စင်မွန်းမံရာတွင် တော်တော်လေး ခက်ခဲရှုပ်ထွေးသည်ဟု ပြောကြသည်။

၎င်းအားသန့်စင်ရန်အတွက် အစီအရင်များ၊ဆီးလ်တံဆိပ်များ နှင့် ရှားပါးသတ္ထုများလိုအပ်သည်။

အဆင့်ခုနှစ် အထွတ်အထိပ်အဆင့် လျှို့ဝှက်ဆန်းကြယ် သန့်စင်သူများပင် ၎င်းအား မသန့်စင်နိုင်ပေ။

ရှစ်ဖုန့်က သူမအား ပြုံးပြလိုက်သည်။

"မင်းကြိုက်ရင် ယူလိုက်ပါ.."

ယွဲ့ဝူရွှမ်းမှာ ရှစ်ဖုန့်ထိုသို့ပြောသည်အား စောင့်နေခြင်းဖြစ်သည်။

ရှစ်ဖုန့်၏ ရယ်သံအားကြားလိုက်ရသော အခါတွင် သူမလည်း တစ်ခစ်ခစ်ရယ်လိုက်သည်။

"ဒါဆိုရင်တော့ ငါနင့်ကို ကျေးဇူးတင်ကလိမ့်မယ်.."

ထိုသို့ပြောပြီးနောက် ဒယ်စောက်မီးပြင်းဖိုအား ယွဲ့ဝူရွှမ်းက သူမ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။

ယွဲ့ဝူရွှမ်း ၎င်းအား သိမ်းဆည်းလိုက်ချိန်တွင် သူအဆိပ်မွန်းစတားအိုကြီးအား သူ့ဓားနဲ့ထိုးစိုက်စဉ်က ဖြစ်ပေါ်ခဲ့သော ဓားပေါက်က်ိုသတိပြုမိလိုက်သည်။

သူမထိုအရာအားသိမ်းဆည်းလိုက်ချိန်တွင် သူထိုးသွင်းခဲ့သော ဓားပေါက်မှာ ပျောက်ကွယ်သွားသည်ကိုတွေ့ရသည်။

အဆင့်နိမ့်မီးပြင်းဖိုများမှာ လျှို့ဝှက်ဆန်းကြယ် သန့်စင်သူတို့၏ မီးတောက်တို့ဖြင့်နှစ်များစွာသန့်စင်မှုအား ခံနိုင်ရည်မရှိသောကြောင့် အလွယ်တကူ ပျက်စီးတတ်ကြသည်။

အဆင့်မြင့်​မီးပြင်းဖိုများအတွက်မူ သန့်စင်သူက ကုသရေးရွှေဟုခေါ်သော ရှားပါးသတ္ထုတစ်မျိုးအား အရည်ပျော်စေပြီး ထိုအရာအားအသုံးပြုကာ ၎င်းတို့အား ပြန်လည်းကောင်းမွန်စေရန်အတွက် အသုံးပြုနိုင်သည်။

ဤအဆင့်ခြောက် သုံးချောင်းထောင် ဒယ်စောက်မီးပြင်းဖိုမှာလည်း ထိုကဲ့သို့ဖြစ်နိုင်သည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters