အပိုင်း (၇၅)
Vol. 5 Ch. 75
အစိမ်းရောင် အဆိပ်စိမ့်မြေတွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမား ဆယ့်ငါးယောက်မှာ သွေးများပေရေနေကြပြီး ဆက်လက်စောင့်ဆိုင်းနေကြသည်။
ရှစ်ဖုန့်ထွက်ခွာသွားခဲ့သည့်မှာ နာရီအပိုင်းအခြားတစ်ခုခန့်ရှိနေပြီဖြစ်ပြီး သူတို့ပတ်လည်ရှိမြေပြင်ပေါ်တွင် အဆိပ်ရှိသော အင်းစက်ပိုးကောင်များ၊အဆိပ်သားရဲတို့၏ အလောင်းများဖြင့် ပြည့်နှက်နေသည်။
သိုင်းသမားသုံးယောက်မှာ အဆိပ်သားရဲများကြောင့် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရထား၏။ မိစ္ဆာဝံပုလွေနှစ်ကောင်မှာလည်း မြေပြင်ပေါ်တင် တိတ်ဆိိတ်စွာ လဲလျောင်းနေပြီးသူတို့မှာသေဆုံးသွားပြီးဖြစ်ပုံရသည်။
"အကိုကြီး ကောင်းကင်ဝံပုလွေ သွားတာကြာနေပီဆိုတော့ အဲ့ကလေး သေသွားပီလို့ထင်လား.. "
သိုင်းပညာရှင်တစ်ယောက် ရှစ်ဖုန့်ခုန်ချသွားသော တွင်းပေါက်ကြီးအား ကြည့်ရင်းကောင်းကင်ဝံပုလွေကို မေးလိုက်သည်။
"သူသေသွားပါစေလို့ ငါလဲဆန္ဒရှိတယ်.."
ကောင်းကင်ဝံပုလွေက ပြောလိုက်သည်။
"အဲ့တာဆိုငါတို့ အားလုံး လွတ်လပ်သွားလိမ့်မယ်.. ဒါပေမဲ..အဲ့ကလေးရဲ့ နည်းစနစ်တွေက မရိုးရှင်းဘူး..သူလွယ်လွယ်နဲ့ သေမယ်လို့တော့ ငါမထင်ဘူး..."
"ဟူး..."
ထိုသိုင်းပညာရှင်က သက်ပြင်းချကာပြောလိုက်သည်။
"အစတုံးက အဲ့ဒီ့အချိန်မှာ ကျုပ် နတ်ဆိုးသားရဲမြို့ထဲက ဖန်းယွဲ့ ဆောင်ကြာမြိုင်မှာ လက်ဖက်ရည်သောက်နေခဲ့တာ.."
"အစာသွပ်မုန့်လေးစားရင်း...ဖန်းယွဲဆောင်ကြာမြိုင်ရဲ့ မိန်းမလှလေးတွေကို ပျော်ပါးဖို့ မေးမြန်းနေတာ.."
"ဒီလိုမျိုး ကံဆိုးသူမောင်ရှင် အခြေအနေမျိုးနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ကျုပ်တစ်ခုမှ မမျှော်လင့်ထားခဲ့ဘူး..."
"ဟယ်ရွှယ်ကသေပြီ.."
"အနာဂတ်မှာ ကျုပ်တို့တွေ နတ်ဆိုးသားရဲမြို့တော်ကို သေချာပေါက် ပြန်လို့ မရတော့ဘူး..အားလုံးရောရှေ့ဆက်ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ.."
နောက်ထပ် သိုင်းသမားတစ်ဦးကမေးလိုက်သည်။
"ဘာအစီအစဉ်တွေ အကြောင်းက်ိုပြောနေရအုံးမှာလည်း...ဒီသောက်နေရာကြီးကသာ အရင်ရှင်သန်အောင်လုပ်ကြပါအုံး.."
"ဒါ့အပြင် ငါတို့တွေ ဒီနေရာက လွတ်ရင်တောင် အဲ့မကောင်းဆိုးဝါးရဲ့ ငါတို့ကို လွတ်ပေးမပေးပေါ်က မူတည်နေသေးတယ်.."
"မင်းတို့ အားလုံးလဲ သူ့ရဲ့ ဆိုးယုတ်တဲ့ ကျင့်ကြံမှု နည်းလမ်းကိုမြင်ခဲ့တာပဲ.."
"သူကသက်ရှိ သတ္တဝါတွေရဲ့ သွေးတွေကိုစုပ်ယူပြီးတော့ သူ့ကျင့်ကြံမှုကို တိုးတက်အောင်လုပ်တာ..."
"အဆုံးမှာငါတို့ ရှင်သန်နိုင်မှာ မဟုတ်ဖူးလို့တောင်ငါထင်တယ်..."
"ဟူး..."
"ဒီလိုမှန်းသာ ကြိုသိခဲ့ရင်..အဲ့နေ့ကတုံးက ကျုပ် ဒဏ်ရာရနေဟမ်ဆောင်နေခဲ့ပါတယ်..ဟယ်ရွှယ်နဲ့အတူ ဒီကိစ္စမှာ ပါဝင်ပက်သက်ခဲ့မှာ မဟုတ်ဖူး..."
ထိုသိုင်းသမားများစကားပြောနေစဉ်တွင် သူတို့၏ ဘေးရှိ တွင်းနက်ကြီးထဲမှ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် အရှိန်အဟုတ်ပြင်းစွာထွက်ပေါ်လာသည်။
လူတိုင်းက နိုးနိုးကြားကြားဖြင့် အနက်ရောင်အရိပ်အား လှည့်ကြည့်လိုက်ကြသည်။
ဒဏ်ရာအပြင်းအထန်ရနေသော သိုင်းသမားသုံးဦးမှလွဲ၍ ကျန်သူများက တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"ဘာလဲ..မင်းတို့တွေ သိပ်မကြာခင်ကပဲ အာဏာစတင်ဖီဆန်နေပီလား.."
ရှစ်ဖုန့်၏ အေးစက်လှသော အသံက လူတိုင်း၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာသည်။
ထို့နောက်မှာတော့ အဆင့်သုံး မိစ္ဆာဝံပုလွေမှာ တွင်းနက်ထဲမှ အရှိန်အဟုန်ဖြင့် ခုန်ထွက်လာခြင်းဖြစ်သည်ကိုသူတို့ သဘောပေါက်လိုက်ကြသည်။
ရှစ်ဖုန့်နှင့်ယွဲ့ဝူရွှမ်းမှာ ၎င်း၏ ကျောပေါ်တွင် ရပ်နေကြ၏။
သိုင်းသမားများက သူတို့၏ လက်နက်များအား တစ်ယောက်ပီးတစ်ယောက် ဖယ်ရှားလိုက်သည်။
"ဘာလဲ...ငါအသက်ရှင်နေသေးတာကိုမြင်ရလို့ မင်းတို့တွေ စိတ်ပျက်နေကြတာလား..."
ရှစ်ဖုန့်က အေးစက်စွာမေးလိုက်သည်။
အားလုံး အသံတိတ်နေကြသည်။
ဤမကောင်းဆိုးဝါး မသေသေးသည်အား မြင်လိုက်ရသောအခါတွင် သူတို့အားလုံး တော်တော်လေး စိတ်ပျက်သွားခဲ့၏။
"ဆက်သွားကြမယ်.."
ရှစ်ဖုန့်က အမိန့်ပေးလိုက်သည်။
ရှစ်ဖုန့်၏ အမိန့်အတိုင်း သူတို့ထပ်မံ၍ လှုပ်ရှားလိုက်ကြသည်။
ဒဏ်ရာရနေသေ သိုင်းသမားသုံးယောက်မှာ ယွဲ့ဝူရွှမ်းပေးသော အမှုန့်အား လူးပြီး ဆေးရည်အား မျိုချပြီးသောအခါတွင် ၎င်းတို့၏ ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။
သိုင်းသမားသုံးယောက်အတွက် သူတို့၏ မိစ္ဆာဝံပုလွေတို့ကို သူတို့၏ ထိခိုက်သွားသော ဝံပုလွေများအစား ပေးလိုက်ကြသည်။
ယခင်ကဲ့သို့ပင် ရှစ်ဖုန့်က သူ့မိစ္ဆာဝံပုလွေ၏ အပေါ်တွင် ရပ်နေပြီး ယွဲ့ဝူရွှမ်း၏ မိစ္ဆာဝံပုလွေနှင့် ဘေးချင်းယှဉ်စီးနင်းကာ ရှေ့မှအတူသွားကြသည်။
ယွဲ့ဝူရွှမ်းက အဖြူရောင်အမှုန့်များ အား အစိမ်းရောင်စိမ့်မြေထဲသို့ အကြိမ်ပေါင်းများစွာ သွန်ချပြီး စိမ့်မြေကို အစိုင်အခဲအဖြစ်ပြောင်းစေသည်။
ယွဲ့ဝူရွှမ်းသူ၏ မျက်လုံးရှေ့၌ အဖမ်းခံရပြီးနောက်တွင် ရှစ်ဖုန့်မှာ ပို၍သတိထားဂရုစိုက်လိုက်သည်။
ဤနေရာတွင် ပုံမှန်ထက်သာလွန်သော မွန်းစတားအိုကြီးများ ရှိနေသေးမလားဆိုသည်အား မည်သူမျှ မသိရှိနိုင်ပေ။
အနက်ရောင်အဆိပ်ယင်ကောင်အုပ်စုပြီးမှာ သွေးနီရောင်မီးပင်လယ်၏ ပြာအဖြစ်လောင်ကျွမ်းခြင်းအားခံလိုက်ရပြီး လူအုပ်စုမှာ နောက်ဆုံးတွင် အစိမ်းရောင်စိမ့်မြေထဲမှာ ထွက်လာခဲ့သည်။
လူတိုင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချ အသက်ရှူလိုက်ကြသည်။
နောက်ဆုံးတွင် ဤနေရာဆိုးကြီးမှ သူတို့ထွက်လာနိုင်ခဲ့ပီဖြစ်သည်။
အောဂလီဆန်စရာကောင်းသော အဆိပ်အင်းစက်များ၊ အဆိပ်သားရဲများ၊ ဆွေးမြေ့ပုတ်သိုးပြီး အနံ့စူးရှရှ ပျစ်ပျစ်နှစ်နှစ်ရှိသော အစိမ်းရောင် အဆိပ်ရည်များကြောင့် သူတို့ထိုနေရာတွင်ဆက်နေလျှင် သူတို့၏ ခန္ဓာကိုယ်များပင် အဆိပ်တို့အား သယ်ဆောင်မိလိမ့်မည်ဖြစ်သည်။
အစိမ်းရောင် အဆိပ်စိမ့်မြေမှ လျှောက်လှမ်းထွက်လာပြီးနောက် တွက် သူတို့မှာ အစိမ်းရောင်အဆိပ်မြူတို့ဖြင့် ပြည့်နေသော အလွန်ရှေးကျသော တောအုပ်တစ်ခုအတွင်း၌ရှိနေသေးသည်။
သို့သော်သူတို့ ထိုနေရာအား တစ်ကြိမ်ဝင်ရောက်လိုက်သည်နှင့် အပူချိန်ကစတင်၍ မြင့်တက်လာသည်ကို အားလုံးခံစားမိနိုင်သည်။
ချစ်ချစ်တောက်ပူသော အပူရောင်ဝါက ရှေ့ဆီမှလာနေသည်။
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကိုပြောလိုက်သည်။
"မင်းရှာနေတဲ့ မီးနဂါးမြက်ပင်က အနီးမှာကဲ ရှိနေလိမ့်မယ်.."
"အင်း.."
ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား ပျော်ရွှင်စွာ ခေါင်းငြိမ့်ပြသည်။
"မီးနဂါးမြက်ပင်ရဲ့ အသွင်အပြင်က ဘယ်လိုပုံစံလဲ. "
ရှစ်ဖုန့်က မေးလိုက်သည်။
"သူ့တစ်ကိုယ်လုံးက မီးလိုရဲနီရဲနေတယ်..နဂါးပုံစံ မီးတောက်တစ်ခုလောင်ကျွမ်းနေတဲ့ပုံစံမျိုးပဲ.."
ယွဲ့ဝူရွှမ်းက ပြောလိုက်သည်။
ရှစ်ဖုန့်က နောက်လှည့်ကာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ လူများကိုပြောလိုက်သည်။
"ကောင်းကင်ဝံပုလွေနဲ့..အထီးကျန်ဝံပုလွေ မင်းတို့နှစ်ယောက်က မီးနဂါးမြက်ကို ရှာဖို့အတွက် လူခြောက်ယောက်စီခေါ်ပြီး အဖွဲ့နှစ်ဖွဲ့ခွဲကြ..."
"မီးနဂါးမြက်က မီးလိုပဲရဲရဲတောက်နီပြီး နဂါးပုံစံမီးတောက်လေးလောင်ကျွမ်းနေသလိုမျိုးပဲ..."
"မင်းတို့ရှာတွေ့ရင် မိစ္ဆာဝံပုလွေ မီးတောက်တွေကို ကောင်းကင်ပေါ်ပစ်ခွဲပြီး အချက်ပြကြ.."
"မင်းတို့တွေ ကောင်းကင်ပေါ်က အချက်ပြ မီးတောက်တိုမြင်တာနဲ့ အားလုံးက အဲ့ကို အပြင်းသွားကြ..."
ထိုအချက်ပြမှုကိုသုံး၍ ရှစ်ဖုန့်အနေဖြင့် အားလုံးအားနောက်တစ်ကြိမ် ထပ်မံစုစည်းနိုင်သည်။
ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ်နှစ်ယောက်အား အဖွဲ့နှစ်ခုအား တစ်ယောက်စီ ဦးဆောင်ခိုင်းထားခြင်းကြောင့် အဆင့်လေးဘုရင်နယ်ပယ် နတ်ဆိုးသားရဲနှင့်သာ မကြုံရပါက ကြီးမားသော ဘာသေကြေပျက်စီးမှုကိုမှ ကြံရမည် မဟုတ်ချေ။
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ သိုင်းသမားများ ထွက်သွားပြီးနောက်တွင် ရှစ်ဖုန့်ကလှည့်၍ ယွဲ့ဝူရွှမ်းကို ပြောလိုက်သည်။
"မင်းရဲ့ ဝိညာဉ်စွမ်းအင်းက အဆင့်လေးနဲ့သိပ်မဝေးတော့ဘူး.."
"အဆင့်သုံးအထွတ်အထိပ်ကို ရောက်နေပြီ..အဆင့်လေးနဲ့ သိပ်မဝေးတော့ဘူးလေ...ဒါတွေအားလုံးဟာ နင့်ကျေးဇူးတွေကြောင့်ပါ."
"လမ်းတစ်လျှောင်လုံး ဝိညာဉ်မှန်သမျှကို နင်ငါ့အတွက်ပေးခဲ့တာ.."
"ငါ့ဘာသာငါဆိုရင် နှစ်ပေါင်းများစွာကြိုးစားရလိမ့်မယ်...."
ယွဲ့ဝူရွှမ်းက ပြုံး၍ပြောလိုက်သည်။
ယခုအချိန်တွင် သူမမှာ ရှစ်ဖုန့်အား မျက်နှာမူထားပြီး သူမ၏ အပြုံးတို့က ပို၍အကြိမ်ရေစိတ်လာသည်။
"ဘာလို့မင်းကို ချင်ယူဖန်းက ဆေးဖော်စပ်နည်းနဲ့ ငရဲဘုံကိုးခုဝိညာဉ်ကျင့်ကြံခြင်း ပညာရပ်တွေကိုပဲသင်ပေးပြီးတစ်ခြားတိုက်ခိုက်ရေးပညာရပ်တွေကိုမသင်ပေးတာလဲ.."
ရှစ်ဖုန့်က ထိုမေးခွန်းအားသူ့စိတ်ဖြင့် မေးမိလိုက်သည်။
ယွဲ့ဝူရွှမ်း၏ ကျင့်ကြံမှုမှာ ဆရာသခင်အဆင့်တွင်သူရှိသော်လည်း သူမ၏ ကျင့်ကြံမှု ပညာကပ်များက ငရဲဘုံကိုးခုပညာရပ်များမှ ဖန်တီးထားခြင်း မဟုတ်ပေ။
"ဆရာက အဲ့တာကို ငါကောင်းအတွက် လုပ်ခဲ့တာ.."
ရှစ်ဖုန့်၏ စကားတို့အားကြားရသော အခါတွင် ယွဲ့ဝူရွှမ်း၏ မူလက ပျော်ရွှင်နေသော မျက်နှာမှာ အနည်းငယ် အထီးကျန်သည့်ဟန်ပြောင်းသွားခဲ့သည်။
"ဆရာက အနာဂတ်မှာ ငါတစ်ခုခုရူးမိူက်တာ လုပ်မှာကိုကြောက်တယ်.."
"သူက ငါ့ကို သူနဲ့အတူ ဆေးဝါးဖော်စပ်သူတစ်ယောက်ဖြစ်စေပြီး ကောင်းကောင်း ရှင်သန်နေထိုင်စေလိုတာပါ.."
ယွဲ့ဝူရွှမ်း၏ စကားတို့အား ကြားရသောအခါတွင် ရှစ်ဖုန့် အနေဖြင့် တစ်စုံတစ်ခုအား နားလည်သွားပုံရသည်။
"ဒါပေမဲ့.. မင်းကရော.."
ရှစ်ဖုန့်ကမေးလိုက်သည်။
ရိုးရှင်းသော စကားလုံးတို့သာဖြစ်သော်လည်း ယွဲ့ဝူရွှမ်းမှာ ရှစ်ဖုန့်မေးချင်သည်အား နားလည်သည့်ပုံပေါ်သည်။
သူမကသူမ၏ လက်သီးတို့အား တင်းကျပ်စွာဆုပ်၍ သူမ၏ ကိုယ်မှာ အနည်းငယ်တုန်ခါနေသည်။
"ငါအဲ့ဖြစ်ရပ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဖူး..ငါ့မိဘတွေနဲ့ ငါ့အပေါ်အချစ်ဆုံး အကိုဟာ သွေးအိုင်ထဲမှာ လဲနေပြီး အေးစက်တဲ့ အလောင်းတွေဖြစ်သွားခဲ့တယ်..."
"သူတို့မသေခင် နာကျင်ခံစားနေရတဲ့ ပုံစံတွေကို ငါလုံးဝမေ့လို့မရနိုင်ဘူး အဲ့အချိန်မှာ ငါဟာ ကမ္ဘာကြီးတစ်ခုလုံးကို ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားရတယ်..."
"ငါ့ရဲ့လူ နှစ်ထောင်ကျော်ဟာ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတယ်..သူတို့တွေက မွေးကာစကလေးတောင် အလွတ်မပေးခဲ့ဘူး.."
"ဒီအမုန်းတရားတွေကို ငါဘယ်လို မေ့နိုင်မှာလဲ...ဘယ်လိုမျိုး လက်လွှတ်လိုက်လို့ ရနိုင်မှာလဲ.."
ယွဲ့ဝူရွှမ်းမှာ ပြောနေရင်းစိတ်မာန်ဟုန်များပါလာသည်။
"အဲ့တာဆို သတ်ပစ်လိုက်.."
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။
"ငါမလုပ်နိုင်ဘူး.."
ယွဲ့ဝူရွှမ်းက သူမ၏ ခေါင်းကိုခါယမ်းပြပြီး သူမ၏ နှလုံးသားထဲမှ ဒေါသတရားတို့နှင့် စိတ်တုန်လှုပ်မှုတို့အား အပြင်းအထန် တည်ငြိမ်အောင်ကြိုးစားအားထုတ်လိုက်သည်။
"ငါမလုပ်နိုင်ဘူး...အဲ့အင်အားစုကအရမ်းကို အင်အားကြီးမားလွန်းတယ်.."
"သူတို့က ထျန်းဟန်တိုက်ကြီးရဲ့ နမည်ကျော် အထင်ကရ သူတွေပဲ.."
ယွဲ့ဝူရွှမ်းမှာ စိတ်ဓာတ်ကျစွာဖြင့် အစွမ်းမဲ့သလို ဖြစ်လာသည်။
"ဘယ်ဂိုဏ်းလဲ.."
ရှစ်ဖုန့်ကမေးလိုက်သည်။
"ဟူး.."
ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား နောက်တစ်ကြိမ်လှည့်မကြည့်ခင် သက်ပြင်းရှည်ကြီးချလိုက်သည်။
"တစ်နေ့ကြငါ လက်စားချေဖို့လုပ်ခဲ့ရင် နင်ငါနဲ့အတူ ပါမှာလားဟင်.."
"ဆယ်နှစ်အတွင်း ငါသေချာပေါက် ကြယ်ကိုးပွင့်အထွတ်အထိပ် ဧကရာဇ်နယ်ပင်ကို ရောက်လိမ့်မယ်..အဲ့အချိန်ကြရင် ကောင်းကင်နဲမြေကြီးမကလိုဘာကြီးဖြစ်နေပါစေ မင်းအတွက် ငါအားလုံးကို သတ်ပစ်ပေးမယ်..."
ဆက်ရန်...
ဘာသာပြန်သူ-Arise