← Chapters

အတောင်များ ပေါက်ထားသော ကျားတစ်ကောင်ကဲ့သို့

Vol. 09 Ch. 405

အတောင်များ ပေါက်ထားသော ကျားတစ်ကောင်ကဲ့သို့

Vol. 09 Ch. 405

မည်သူမဆို အမှားလုပ်မိနိုင်သော်လည်း သင်တတ်နိုင်မည်ဆိုပါက ခွင့်လွှတ်ပါဟူသည့် လူအများ ပြောကြသည့် ဆိုရိုးစကား ရှိသည်။

ထန်ဒေါင်က ထန်ရှုအား လှမ်းကြည့်လိုက်ရာ ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသောကြောင့်

"ပြဿနာ မရှိဘူး။ ဒါပေမယ့် ဒီညအကြောင်းတော့ ငါ မင်းကို နှုတ်ဆိတ်နေစေချင်တယ်။"

ဖက်တီးကျိသည် အနည်းငယ် ရိုင်းစိုင်းသော်လည်း အထပ်ထပ်အခါခါ ခေါင်းညိတ်ကာ အပြုံးဖြင့် “စိတ်မပူပါနဲ့။ ငါ့ဗိုက်ထဲမှာ ဆွေးတဲ့အထိ သိမ်းထားမယ်။ တစ်စုံတစ်ယောက်က မေးလာရင်တောင် ဒီကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံးကို ငြင်းလိုက်ပါ့မယ်။”

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းရင်း အပြုံးဖြင့် "ကောင်းပြီ … ထိုင်ပြီး စကားစမြည်ပြောကြတာပေါ့။ ဒါနဲ့ ခင်ဗျားက သတ္တုတွင်းလုပ်ငန်းတစ်ခု လုပ်နေတယ်လို့ ကြားတယ်။ ဘယ်လိုသတ္တုတွေရှိလဲ ပြောပြနိုင်မလား။”

“ငါ လုပ်နေတဲ့ တွင်းထွက်နဲ့ သတ္တုရိုင်း လုပ်ငန်း အများစုက မိုင်းတွင်း တူးဖော်ပြီး အချို့ကျောက်တွေကို ရောင်းချတာပါ။ နောက်ပြီး ငါ့မှာ ကျောက်ထွင်းအလုပ်ရုံ တစ်ခုရှိတယ်။ ဟူး… ဒါပါပဲ။" ဖက်တီးကျိက ပြောသည်။

“သေချာတာက အဖိုးတန်သတ္တုရိုင်းတွေ ရှာမတွေ့ဘူးလို့ မဆိုလိုဘူး မဟုတ်လား။ ဥပမာ ဈေးကွက်ရဲ့ ဈေးမြင့်တဲ့ သတ္တုရိုင်းတွေလိုမျိုးလေ။” ထန်ရှုက မေးသည်။

“ဒါ…” ဖက်တီးကျိ အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန်ရသည်။

ထန်ရှုနှင့် ဖက်တီးကျိတို့သည် သတ္တုရိုင်းများနှင့် သတ္တုများအကြောင်းပြောနေကြသည်ကို မြင်ရသည့် ဂူရှောင်ရွှဲ့နှင့် ထန်ဒေါင်သည် ဝိုင်ဥယျာဉ်နှင့် ပတ်သက်သည့် အစီအစဉ်ကို စီစဉ်ရန် အခန်းထဲမှ ထွက်လာခဲ့သည်။

ထန်ရှုက ဖက်တီးကျိ၏စိတ်ကို ဖတ်နိုင်သည့်အလား တည်ကြည်စွာ ပြောလိုက်သည်။

"ခင်ဗျား ပြောစရာရှိတာ ပြောပါ မတွန့်ဆုတ်နဲ့။ ကျွန်တော် အဖိုးတန်သတ္တုရိုင်းတွေ အများကြီးလိုတယ်။ ကျွန်တော် ဒီအကြောင်း ခင်ဗျားကို မဖုံးထားပါဘူး။ ဈေးနှုန်းကို ခင်ဗျား ပြောပါ။ အဲ့ဒီသတ္တုရိုင်းတွေကို သဘောကျနေသရွေ့ ကျွန်တော် ဝယ်မှာပါ။ နောက်ပြီး ကျွန်တော်က တည်ငြိမ်တဲ့ စီးပွားရေးလည်ပတ်တာကို ပိုနှစ်သက်သလို လူတွေကို အနိုင်ကျင့်တတ်တဲ့ လူတစ်ယောက်လည်း မဟုတ်ပါဘူး။”

ဖက်တီးကျိက အတန်ငယ် စိတ်သက်သာသွားဟန်ဖြင့် ပြန်ဖြေသည်။

“ရှားပါးသတ္တုတွေနဲ့ တကယ် ဆက်စပ်နေတဲ့ ငါ လုပ်နေတဲ့ လုပ်ငန်းတစ်ခု ရှိတယ်။ အချို့ကို တောင်ပေါ်မိုင်းတွင်းများတွေကနေ ဝယ်ယူပြီး အချို့ကို လမ်းကြောင်းအမျိုးမျိုးနဲ့ ဝယ်ယူတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လမ်းကြောင်းတစ်ခုကနေ ဝယ်ထားတဲ့ အဖိုးတန်သတ္တုရိုင်းတွေ ငါ့အိမ်မှာ တော်တော်များများရှိတယ်။ သူဋ္ဌေးထန် … လိုချင်ရင် အဲဒါတွေအားလုံး ငါပေးမယ်။"

"သူတို့ကို ကျွန်တော့်ဆီ ဘယ်လို ပို့မလဲ။ နောက်ပြီး သတ္တုရိုင်းတွေကိုလည်း မမြင်ရသေးဘူး။ စိတ်ချပါ … အဲ့ဒါတွေကို ကြိုက်ရင် အလကားယူမှာမဟုတ်ပါဘူး။" ထန်ရှုက ပြောလိုက်သည်။

ဖက်တီးကျိက သူ၏ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး တစ်ဖက်လူနှင့် စကား အနည်းငယ်ပြောပြီးနောက် ဖုန်းခေါ်ဆိုမှုအား အဆုံးသတ်ခဲ့သည်။

“ငါ ညွှန်ကြားချက် ပေးထားတယ်။ တစ်နာရီအတွင်း အဲ့ဒါတွေ အရောက်ပို့လိမ့်မယ်။”

“အဖိုးတန်သတ္တုရိုင်းတွေ အများကြီးရှာတွေ့နိုင်ရင် နောင်အနာဂတ်မှာ ကျွန်တော်ကလွဲပြီး တခြား ဘယ်သူ့ကိုမှ ခင်ဗျား ရောင်းချဖို့ မလိုတော့ဘူး။”

ထန်ရှုက ပြုံးရင်း ပြောသည်။

"အဲ့ဒါတွေအားလုံးကို ကျွန်တော့်ဆီ ရောင်းပါ။ ခင်ဗျား မနစ်နာစေရဘူး။ ဒါပေမယ့် အရည်အသွေးကိုတော့ ကျွန်တော် တင်းတင်းကြပ်ကြပ် ထိန်းချုပ်မယ်။ ဒါဆိုရင် အနာဂတ်မှာ ကျွန်တော်တို့တွေက စီးပွားဖက်တွေ ဖြစ်လာမှာပါ။”

… စီးပွားဖက်တွေ…

ဖက်တီးကျိ၏မျက်လုံးများ တောက်ပသွားကာ နွေးထွေးသော အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ကောင်းတယ် … ကောင်းတယ်။ ငါတို့တွေ အနာဂတ်မှာ စီးပွားဖက်တွေ လုပ်ကြတာပေါ့။ ငါ အဖိုးတန်သတ္တုရိုင်းတွေ ရလာရင် မင်းကို အရင် ရွေးချယ်ခွင့်ပေးမယ်။”

ဂေါင်ယန်ဖုန်း၏ခန္ဓာကိုယ်ကို ဖယ်ရှားခဲ့ပြီး ကြမ်းပြင်ပေါ်ရှိ သွေးများကိုလည်း သန့်စင်ခဲ့ပြီး ဖြစ်သည်။ လေထုထဲတွင် သွေးနံ့ ခပ်ဖျော့ဖျော့သာ မရှိခဲ့ပါလျှင် ကျင်းမန်ကျွန်းက အလွန်သန်မာသည့် ဂေါင်ယန်ဖုန်း ဒီနေရာတွင် သေဆုံးသွားပြီဟု မည်သူမှ ထင်ကြလိမ့်မည်မဟုတ်ချေ။ အခန်းပြင်ပရှိ သူ၏လူများကိုလည်း ထာဝရခန်းမ၏လူများက ကိုင်တွယ်ဖြေရှင်းထားပြီးဖြစ်သည်။

“ဆရာဘိုးဘေး ပြီးသွားပြီ။”

ဂူရှောင်ရွှဲ့နှင့် ထန်ဒေါင်သည် အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် ရှောင်ရွှဲ့က သတင်းပို့သည်။

"မင်း အဲ့ဒါကို ကိုင်တွယ်ပြီဆိုကကတည်းက ငါ စိတ်မပူတော့ဘူး။ ဒါနဲ့ ဦးလေးဒေါင် ထိုင်ပါဦး။"

ထန်ဒေါင်သည် တောက်ပနွေးထွေးသော အပြုံးကို ပြုံးကာ ကြည့်နေသည်။ မကြာသေးမီက သူ့စိတ်နှလုံးသားအား ဖိစီးစေခဲ့သော ပြဿနာများကို နောက်ဆုံးတွင် ကျေနပ်စွာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ သူ၏တူဖြစ်သူကိုလည်း အလွန်ကျေနပ်မိရသည်။ ယခင်က ထန်ရှုသည် အသက်ငယ်ငယ်ဖြင့် ထန်ယွင်ဖန်းထက် အရည်အချင်းပိုရှိပြီး ကွမ်းယန်မှ ယောင်နှင့်စွန်းတို့အား မည်ကဲ့သို့ ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခဲ့သည်ကို သူ နားမလည်ခဲ့ပေ။ ယခုမူ ထန်ရှု၌ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ထာဝရခန်းမ၏ ကျောထောက်နောက်ခံရှိကြောင်း နောက်ဆုံးတော့ သူ နားလည်ခဲ့ပြီဖြစ်သည်။ ဤသို့အားကောင်းသော ကျောထောက်နောက်ခံဖြင့်သာဆိုပါက ပေကျင်း၏ယောင်မိသားစုကိုပင် သူတို့ သေချာပေါက် ရှုံးနိမ့်မည်မဟုတ်ပေ။ သည်နေ့ အိမ်ပြန်ရောက်ပါက သူ၏ဖခင်အား အကြောင်းစုံ ပြောပြရမည်ဖြစ်သည်။ ထို့နောက် ထန်မိသားစုမှ ကျန်သည့်အကြီးအကဲ သုံးယောက်ကိုပါ ယောင်များကို စတင်တိုက်ခိုက်မည် မတိုက်ခိုက်မည်ကို မေးရပေမည်။ ထန်မိသားစုအတွက် ထာဝရခန်းမ၏အဆင့်အတန်းပါ ပါဝင်လာသဖြင့် ယခုအခါတွင် ၎င်းတို့သည် ပိုမိုအားကောင်းလာမည် ဖြစ်သည်။ ထို့ကြောင့် ယောင်မိသားစုကို ဖျက်ဆီးရန် မခက်ခဲသင့်ပေ။

"ဦးလေးဒေါင် … ဒီညကိစ္စနဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေစေချင်တယ်။ ကျွန်တော်က ထာဝရခန်းမရဲ့ အရှင်သခင်အဖြစ် ဦးလေးကိုယ်တိုင် နှုတ်လုံပေးပါ။"

"ဘာဖြစ်လို့လဲ။" ထန်ဒေါင် စိတ်ရှုပ်သွားသည်။

"ကျွန်တော့်မှာ အရေးကြီးလုပ်စရာတွေ ရှိသေးတယ်လေ။"

ထန်ရှုက အေးဆေးတည်ငြိမ်စွာ ပြောသည်။

"ကျွန်တော်က ထာဝရခန်းမရဲ့ပိုင်ရှင်ဖြစ်တဲ့အကြောင်း တစ်ခုခုကို ဦးလေး ထုတ်ဖော်ရင် ရန်သူတွေက ဒီအကြောင်းကို စုံစမ်းလာလိမ့်မယ်။ အဲ့ဒီအချိန်ကျ သူတို့က ထာဝရခန်းမကို သေချာပေါက် မျက်စိဒေါက်ထောက် ကြည့်ကြလိမ့်မယ်။ ကျွန်တော်တို့အတွက် ဒုက္ခပြသနာတွေကို အဆက်မပြတ် ဖန်တီးနေလိမ့်မယ်။ ကျွန်တော် လိုအပ်တာက အချိန်ပဲ။ တစ်ချို့အရာတွေကို ဖြေရှင်းဖို့ အချိန် လိုတယ်။ ကျွန်တော့်မှာ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ရလိုက်ရင် ယောင်မိသားစု မပြောနဲ့ တခြားယောင်မိသားစု ၁၀စု ရှိရင်တောင် သူတို့ကို ဖယ်ထုတ်ပစ်ဖို့ ကျွန်တော် ယုံကြည်ချက် ရှိတယ်။”

ထန်ဒေါင် စိတ်အတွင်းထဲတွင် လန့်သွားသည်။

ထန်ရှုသည် ထာဝရခန်းမ၏အရှင်သခင်အဖြစ် မည်သည့်အတွက်ကြောင့် မဖော်ပြခဲ့ခြင်းအား ယခု သူ နားလည်ခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ့အား တိတ်တိတ်ဆိတ်ဆိတ်နေရန် အလေးအနက်ထားကာ ပြောခြင်းကြောင့် အစီအစဉ်ကြီးတစ်ခု ရှိရမည်ဟု ထန်ဒေါင် ပြောနိုင်သည်။

"ထန်ရှု … အိမ်ပြန်သွားပြီးရင် မင်းရဲ့ ဒုတိယအဘိုးကို ဒီကိစ္စကို ပြောပြဖို့ ငါ တကယ် ရည်ရွယ်ချက်ရှိခဲ့တယ်။ ဒါပေမယ့် မင်း ငါ့ကို မပြောစေချင်တဲ့အတွက် ငါ ဘာမှ မပြောတော့ဘူး။ ဖက်တီးကျိက အပြင်မှာ ဘာမှ မပြောသရွေ့ ဘာမှ ထုတ်ဖော်မှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်။”

ထန်ရှုသည် အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်လိုက်ပြီး ဂူရှောင်ရွှဲ့အား ကြည့်ကာ

" ရှောင်ရွှဲ့ … နတ်ဆိုးနဂါးပင်လယ်ပြင်ဧရိယာမှာ ရေလက်ကြားစံအိမ်က ကြမ်းတမ်းတဲ့ သားရဲတွေကို နောက်ပိုင်းမှာ အမဲလိုက်ရင် ငါတို့ရဲ့ ထာဝရခန်းမက ကျွမ်းကျင်သူအနည်းငယ်ကို စေလွှတ်လိုက်ပါ။ ငါတို့ရဲ့အဖွဲ့ဝင်တွေကို လေ့ကျင့်ရာရောက်သလို ရေလက်ကြားစံအိမ်ကနေ ကော်မရှင်ခကိုလည်း တစ်ချိန်တည်းမှာ ရယူနိုင်တယ်။ ဦးလေးဒေါင်ရဲ့ ရက်ရောတဲ့စိတ်ထားကြောင့် အဖွဲ့ဝင်တစ်ဦးစီအတွက် ယွမ် ၃၀၀,ဝဝဝခန့် ပေးလိမ့်မယ်လို့ ငါ ယုံတယ်။”

“စီစဉ်ပေးပါ့မယ် ဆရာဘိုးဘေး။”

ဂူရှောင်ရွှဲ့ ခေါင်းညိတ်လိုက်သည်။

"ထန်ရှု … ထာဝရခန်းမက ကျွမ်းကျင်သူတွေက ရေလက်ကြားစံအိမ်ရဲ့ အမဲလိုက်အဖွဲ့ဝင်တွေထက် ပိုပြီးအစွမ်းထက်လား။"

ထန်ဒေါင်၏မျက်လုံးများ အရောင်လက်လာပြီး စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

" အဆင့်နိမ့်သားရဲတွေကို ရေလက်ကြားစံအိမ်က လူတွေ အမဲလိုက်နေတာကို ကျွန်မ ကြုံဖူးတယ်။ ဒီအဆင့်နိမ့်တဲ့သားရဲတွေနေသာသာ ထာဝရခန်းမက စေလွှတ်မယ့် ကျွမ်းကျင်သူတွေက အင်အားစုတွေ ပူးပေါင်းထားသရွေ့  အဆင့်မြင့်သားရဲတွေကိုတောင် သတ်နိုင်ပါတယ်။”ဂူရှောင်ရွှဲ့က ပြောသည်။

"သူတို့က ဒီလောက်တောင် အစွမ်းထက်တာလား။ ကောင်းတယ် … ဒါဆို ကောင်းတယ်။ အဲ့ဒီလိုဆိုရင် ဒီလို ဆုံးဖြတ်လိုက်မယ်။ နတ်ဆိုးနဂါးပင်လယ်ပြင်ဧရိယာကို အတူအမဲလိုက်ထွက်ပေးမယ့် ထာဝရခန်းမက အဖွဲ့ဝင်တစ်ဦးစီကို ယွမ် ၂၀၀,ဝဝဝ ပေးမယ်။ သူတို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ရင်လည်း အပိုဆုကြေးတွေ ပေးပါမယ်။”

"ဒါနဲ့ ဦးလေးဒေါင် … ကျွန်တော့်မှာ လုပ်စရာတွေ ကျန်နေသေးတာမို့ ဦးလေးနဲ့အဖော် မလုပ်ပေးနိုင်တော့ဘူး။ သတ္တုရိုင်းတွေ ရောက်လာတဲ့အခါ ရှောင်ရွှဲ့ကို ကျွန်တော့်ကို ခေါ်ဖို့ ပြောပေးပါ။" ထန်ရှုက ရယ်ရင်း ပြောလိုက်သည်။

"ကောင်းပြီ … မင်း လုပ်စရာ ရှိတာ သွားလုပ်ပါ။" ထန်ဒေါင်က မတ်တပ်ရပ်လျက် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ဒီနေ့မှာတော့ အရင်ကထက် ထန်ဒေါင် ပိုပျော်နေသည်။ ထန်ရှု၏စွမ်းရည်နှင့် သူ၏လက်ထဲတွင် ရှိသော ဝှက်ဖဲများ ပိုမိုအားကောင်းလေလေ ပိုမိုပျော် ရွှင်မိလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ထန်များသည် တရုတ်နိုင်ငံတွင် ထင်ရှားကျော်ကြားနေသေးသော်လည်း ၎င်းတို့သည် အရပ်ရပ်မှ ပြင်းထန်လှသော ဒီရေလှိုင်းများအလယ်တွင် လျှို့ဝှက်စွာ ရှိနေရခြင်းဖြစ်ပြီး ရန်သူမည်မျှက ထန်တို့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို မသိရှိပေ။

တစ်ခုသိရမည်မှာ ဤမရေရာသောနေ့ရက်များတွင် ထန်မိသားစု၌ အဖွဲ့ဝင်အနည်းငယ်သာရှိသောကြောင့် ၎င်းတို့သည် အလွန်စည်းလုံးညီညွတ်ကြခြင်းကိုပင်။ အဖွဲ့ဝင်တစ်ဦးစီ၏စိတ်နှလုံးသားထဲတွင် "တစ်ဦးတစ်ယောက်၏ဂုဏ်ကျက်သရေသည် လူတိုင်း၏ဂုဏ်ကျက်သရေ၊ တစ်ဦးတစ်ယောက်၏ သေဆုံးခြင်းဟူသည် လူတိုင်း၏သေဆုံးခြင်းပင်။" ဟူသော အတွေးတစ်ခုသာ ရှိသည်။ ထို့ကြောင့် ထန်ရှု၏နောက်ဆုံးစွမ်းဆောင်မှုက ထန်များအား ၎င်း၏ဂုဏ်ကျက်သရေသို့ ပြန်လည် ရောက်ရှိစေမည်ဆိုပါက ထန်ရှုအား မိသားစုခေါင်းဆောင် ဖြစ်လာစေရန် သူကိုယ်တိုင်ပင် တွန်းအားပေးလိုစိတ်ရှိနေပေတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် တောက်ပသောစေတီသို့ ပြန်လာခဲ့သည်။ ဂူယန်အာက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်ကို မြင်သည့်အခါ သူလည်း ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေခဲ့သည်။

"ဆရာသခင်…"

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဂူယန်အာသည် ရေခဲကုတင်ပေါ်မှ ထန်ရှု၏အရှေ့သို့ ဆင်းသက်လာခဲ့သည်။ သူမသည် ထန်ရှု၏ ကိုယ်ဟန်အနေအထားအား အတုယူကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

"ဘာလို့ ကျင့်ကြံတာ ရပ်လိုက်တာလဲ။" ထန်ရှုက ပြုံးကာ စကားဆိုသည်။

"ယန်အာ အချိန်မဖြုန်းချင်ဘူး။" ဂူယန်အာက သူမခေါင်းကို ခါယမ်းကာ ပြုံးရင်း ပြောသည်။

"ယန်အာ့ မျက်လုံးတွေကို ဖွင့်နိုင်တာနဲ့ ဆရာသခင်နဲ့ တစ်စက္ကန့်မကွာ ရှိချင်တော့တယ် ... ဆရာသခင်နဲ့ အတူရှိဖို့ စက္ကန့်တိုင်းကို သုံးမယ်။ ဒါနဲ့ အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ။ ပြေလည်သွားပြီလား။"

"ဒီအသေးအဖွဲကိစ္စက ဖြေရှင်းပြီးသွားပြီ။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ထို့နောက် ထန်ရှုက သူသည် ထန်မိသားစုဝင်တစ်ဦး ဖြစ်ပြီး ထန်ဒေါင်နှင့် ဂေါင်ယန်ဖုန်းတို့ကြား ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ရှင်းပြခဲ့သည်။ သူမအား အရာအားလုံးကို ပြောပြပြီးနောက် နောက်ဆုံးတွင် သူသည် အပြုံးဖြင့် ပြောလိုက်သည်။

“ယန်အာက ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့တာမို့ တိုင်းပြည်ရဲ့ အမျိုးသားရေး အခြေအနေတွေကိုလည်း သိထားလောက်တယ်။ ဥပဒေနဲ့ အမိန့်ဆိုတာတွေက တကယ်ရှိပေမယ့်လည်း အဲ့ဒီဥပဒေတွေက သာမန်လူတွေကိုပဲ စည်းနှောင်ထားနိုင်ပါတယ်။  နောက်ပြီး သေသပ်သပ်ရပ်စွာ ပြုလုပ်ပြီး အထောက်အထားတစ်စုံတစ်ရာ မချန်ထားခဲ့ဘူးဆိုရင် ပြဿနာရှာလိုရင်တောင် ဘယ်သူမှ လုပ်နိုင်မဟုတ်ဘူး။”

“ဆရာသခင် … ဒီတိုင်းပြည်ထဲမှာ ဖြစ်ချင်ရင်… မဟုတ်ဘူး … ကမ္ဘာပေါ်မှာ စွမ်းအားအရှိဆုံးလူ ဖြစ်ချင်ရင် ယန်အာက အောင်မြင်အောင် ကူညီပေးနိုင်တယ်။ နောက်လိုက်တွေ ကြီးပွားပြီး ဆန့်ကျင်သူတွေ ဆုံးပါးသွားလိမ့်မယ်လို့ တရုတ်စကား ရှိတယ် မဟုတ်လား။”

“ကမ္ဘာမြေတစ်ခုလုံးကို မှုတ်ထုတ်နိုင်တဲ့ ယန်အာက အစွမ်းထက်တယ်ဆိုတာ ဆရာ သိပါတယ်။ ယန်အာ မလုပ်နိုင်တာ ဘာမှ မ ရှိဘူးမလား။ ဒါပေမယ့် ဆရာသခင်ကတော့ ကိုယ်လုပ်ချင်တာကို လုပ်နိုင်ဖို့ ကိုယ့်အရည်အချင်းကိုပဲ အားကိုးချင်တယ်။ ဆရာက ကမ္ဘာမှာ တန်ခိုးအကြီးဆုံးလူသား ဖြစ်လာခဲ့ရင်တောင်မှ ဘာအကြောင်းလဲ။ ဆရာ့နောက်မှာ သစ္စာရှိပြီး အစွမ်းထက်တဲ့ လက်အောက်ငယ်သား အများအပြား ရှိတာက ပိုကောင်းပါတယ်။ မမေ့ပါနဲ့။ ဆရာတို့ရဲ့ပန်းတိုင်က အင်မော်တယ်ကမ္ဘာကို ပြန်သွားပြီး လက်စားချေဖို့ပဲ။" ထန်ရှုက ရယ်ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ … ဟုတ်ကဲ့။" ဂူယန်အာက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"ဆရာပြောသမျှ ယန်အာ နားထောင်ပြီး လိုက်နာမှာပါ"

“ကလေးလေး…” ထန်ရှု မရယ်ဘဲ မနေနိုင်တော့ချေ။

ဂူယန်အာက သူ့လက်အား အမြန်ဆွဲလိုက်ပြီး “ဆရာသခင်က … ယန်အာက ထုံထိုင်းတဲ့ ကလေးလေး မဟုတ်တော့ဘူး။ ယန်အာ အရွယ်ရောက်လာပြီလေ။ ဆရာ့မျက်လုံးထဲမှာ ယန်အာက အရမ်းငယ်သေးပေမယ့် တခြားသူတွေရဲ့အမြင်မှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ နတ်ဆိုးတစ်ကောင်လည်း ဖြစ်တယ်။ အဲ့ဒါကြောင့် ယန်အာ့ကို ကလေးလေးလို့ မခေါ်ပါနဲ့တော့။"

“ကောင်းပါပြီ … ကောင်းပါပြီဗျာ။” ထန်ရှုက ရယ်မောရင်း

"ငါတို့မိသားစုရဲ့ ယန်အာက အခုအမျိုးသမီးလေးပဲ၊ ကလေးမလေး မဟုတ်တော့ဘူး။"

"ဒါကို ပိုကြိုက်သေးတယ်။"

ဂူယန်အာက သူမ၏မျက်နှာလေးကို မော့လိုက်ပြီး သူမ၏အပြုံးသည် အထူးပျော်ရွှင်နေဟန်ပေါ်သည်။

“ဒီအကြောင်းတွေ ပြောတာရပ်ရအောင်။ ဆရာ တစ်ခုလောက် မေးချင်လို့။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"ဘာမေးချင်တာလဲ ဆရာသခင်။" ဂူယန်အာက မေးပင့်ကာ မေးလိုက်သည်။

"ယန်အာ သိသရွေ့  ပြောပြပါမယ်။"

"ဆရာ သိချင်တာက ရှောင်ရွှဲ့ ကိုပဲ တပည့်အဖြစ် လက်ခံပြီး အလင်းနဲ့အမှောင်ကို ဘာဖြစ်လို့ တပည့်အဖြစ် လက်မခံတာလဲ။ သူတို့ကို ဆရာ တိတ်တဆိတ် စောင့်ကြည့်ခဲ့တာမှာ သူတို့ရဲ့ အရည်အချင်းတွေက တကယ်ကို ထူးထူးခြားခြား ဖြစ်နေတာကို တွေ့ရတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ရှောင်ရွှဲ့ နဲ့ တန်းတူဖြစ်နိုင်တယ် ဟုတ်တယ်မလား။"

***

All Chapters