ကြွယ်ဝတဲ့အရင်းအမြစ်
Vol. 84 Ch. 1173
အုန်း......
မမြင်နိုင်ဘူး၊ ပုံစံမဲ့တယ်လို့ ယူဆထားတဲ့ အချိန်နတ်ဘုရားစွမ်းအားက အပိုင်းအစတွေ ဖြစ်သွားပြီး စစ်ဟိုင်ဝူယာရဲ့အရှိန်အဝါက ရှင်းလင်းပြတ်သားလာတယ်။
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စစ်ဟိုင်ဝူယာက နောက်ထပ်အချိန်စွမ်းအားအလွှာတစ်ခုကို ကမန်းကတန်းဖြန့်ကျက်လိုက်တယ်။
ဒီတစ်ခါမှာတော့ ဖျက်ဆီးခြင်းစွမ်းအားနဲ့အချိန်စွမ်းအားက တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားတယ်။
"ဒါ ဘာစွမ်းအားလဲ"
စစ်ဟိုင်ဝူယာက အသက်ပြင်းပြင်းရှုသွင်းလိုက်မိတယ်။
လီဖူချန်းက သူ့ကို အများကြီးအံ့အားသင့်စေခဲ့တာပဲ။
လီဖူချန်းက သူ့ရဲ့အချိန်စွမ်းအားကို ပြန်တုံ့ပြန်နိုင်တဲ့အပေါ် သူက အံ့အားသင့်မိတယ်။
"အချိန်ဥပဒေသကို ဒီအဆင့်အထိ နားလည်နိုင်တာကိုတော့ ငါ တကယ်လေးစားမိပါတယ်" လီဖူချန်းက စစ်ဟိုင်ဝူယာကို တကယ်လေးစားမိတယ်၊ တစ်ဖက်လူမှာ ကောင်းကင်ဆန့်ကျင်အခွင့်အလမ်းတစ်ခုဒါမှမဟုတ်ကောင်းကင်ဆန့်ကျင်ရတနာတစ်ခုရှိတာက ပြဿနာမဟုတ်ပါဘူး၊ သူက အလွန်ခက်ခဲတဲ့အချိန်ဥပဒေသကို ဒီအဆင့်အထိ နားလည်နိုင်တာက လေးစားဖို့ ထိုက်တန်နေပြီလေ။
"ငါစစ်ဟိုင်ဝူယာက လူတွေကို လေးစားတာ တကယ်ရှားတယ်။ မင်းက ပထမဆုံးပဲ"
သူ့မှာ ကောင်းကင်ဆန့်ကျင်ရတနာတစ်ခုမရှိလာခင် စစ်ဟိုင်ဝူယာက သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုဖြစ်နေပြီးသား။ တစ်ယောက်မှ သူ့ကို ခြိမ်းခြောက်မှု မပေးနိုင်ဘူး။ သူ ကောင်းကင်ဆန့်ကျင်ရတနာကို ရပြီးကတည်းက အချိန်ဥပဒေသကို နားလည်ပြီးနောက် သူ့ရဲ့မျိုးဆက်တူတွေအသာထား၊ မျိုးဆက်ဟောင်းတွေကတောင် သူ့နောက်မှာ ကျန်ခဲ့ရတယ်။
အသက်ရှစ်ဆယ်လောက်နဲ့ နတ်ဘုရားတစ်ယောက်ဖြစ်လာတာက စစ်ဟိုင်ဝူယာကို သူနေထိုင်တဲ့အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်စေခဲ့တာပဲ။ စိန်ခေါ်တဲ့အနေနဲ့ သူက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုကို ကောင်းကင်ဆန့်ကျင်ရတနာနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာတောင် သူက သူ့ရဲ့ကိုယ်ပိုင်ဒဏ္ဍာရီကို ဖန်တီးနိုင်မယ်လို့ သူက ခိုင်မြဲစွာ ယုံကြည်ထားတယ်။
"တကယ်လား။ ဒါ ငါ့ရဲ့လေးစားမှုပဲ"
လီဖူချန်းက မီးခိုးရောင်အရိပ်ဓားကို သိမ်းလိုက်တယ်၊ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးခြင်းစွမ်းအားက ဝန်းရံလာခဲ့တယ်။
စစ်ဟိုင်ဝူယာနဲ့ ရင်ဆိုင်ဖို့ဆိုရင် သူက ဖျက်ဆီးခြင်းဥပဒေသကိုပဲ အသုံးပြုနိုင်တယ်။
တကယ်တော့ အဆလးအနက်ထားပြောရရင် သူ့ရဲ့ဓားတာအိုဥပဒေသက အားမနည်းပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းက နိမ့်လွန်းနေတာပဲ၊ သူက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိနေတာ။ သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားဆိုရင် ဓားတာအိုဥပဒေသက တစ်ဖက်လူရဲ့အချိန်ဥပဒေသကို ယှဉ်နိုင်တယ်လို့ မပြောနိုင်ပေမယ့် အနည်းဆုံးတော့ မျှော်လင့်ချက်မမဲ့တော့ဘူးပေါ့။
သူ မျှော်လင့်ထားသလိုပဲ၊ သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်မှာသာ ရှိသေးပေမယ့် ဖျက်ဆီးခြင်းဥပဒေသက နိုင်လိုမင်းထက်ပြုနိုင်တယ်၊ နယ်ပယ်က ရန်သူလောက် အားမကောင်းပေမယ့် ၎င်းက ဖိနှပ်ခြင်းသက်ရောက်မှုတစ်ခုကိုတော့ ထုတ်လုပ်နိုင်သေးတယ်။
ဒီဖျက်ဆီးခြင်းဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိထားရင် ရန်သူရဲ့အချိန်ဥပဒေသကို သေချာပေါက် ရိုက်နှက်နိုင်လိမ့်မယ်။
"အချိန်က ဓားတစ်လက်လိုပဲ၊ ဖြတ်တောက်စမ်း"
လေးစားတာက လေးစားတာပဲ။ သူက လှုပ်ရှားတာနဲ့ စစ်ဟိုင်ဝူယာက ညှာတာမှုရှိမှာမဟုတ်ဘူး။
သူ့ရဲ့ညာလက်ကို အချိန်နတ်ဘုရားစွမ်းအားအလွှာတစ်ခုက ဝန်းရံထားပြီး သူက လီဖူချန်းကို လက်ဝါးဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။
ဒီတစ်ခါမှာတော့ နှေးသွားရမယ့်အစား အချိန်စီးဆင်းမှုက မြန်ဆန်လာတယ်။
အချိန်ဓားအလွှာတွေက စီးဆင်းနေတဲ့ရေပမာ လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးဝင်လာတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က စစ်ဟိုင်ဝူယာက ဒီလှည့်ကွက်ကို သုံးပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းကို ချက်ချင်း ဖြတ်တောက်ခဲ့တယ်။
"ချိုးဖြတ်စမ်း"
အချိန်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ လီဖူချန်းက ထိုးထုတ်လိုက်တယ်။
ရိုးရှင်းတဲ့လက်သီးချက်ပဲ၊ မဆန်းပြားဘူး၊ ပြောင်းလဲခြင်းမရှိဘူး၊ အဆုံးမဲ့ဖျက်ဆီးခြင်းသာ ဖြစ်တယ်။
ဒိီလက်သီးနဲ့ ရင်ဆိုင်ရတဲ့အခါ ပြောင်းလဲမှုဆိုတာ အဓိပ္ပါယ်မရှိတော့ဘူး။
အချိန်ဓားအလင်းကဖွဲ့စည်းထားတဲ့ရေစီးကြောင်းတွေကို ရိုက်ချဖျက်ဆီးပြီးနောက် ဖျက်ဆီးခြင်းလက်သီးက စစ်ဟိုင်ဝူယာဆီ ချက်ချင်းဝင်လာတယ်။
"မကောင်းတော့ဘူး"
စစ်ဟိုင်ဝူယာက နောက်သို့ လွင့်ထွက်သွားတယ်၊ လွင့်ထွက်နေစဉ်မှာ သူက သူ့အရှေ့မှာ အချိန်နတ်ဘုရားစွမ်းအားအတားအဆီးကို ချက်ချင်း ထုတ်လွှတ်ထားခဲ့တယ်။
နောက်ဆုံးမှာ ဖျက်ဆီးခြင်းလက်သီးရဲ့စွမ်းအားက ပျောက်ကွယ်သွားပြိး စစ်ဟိုင်ဝူယာရဲ့မျက်နှာက အတော်လေးအရုပ်ဆိုးလာတယ်။
လီဖူချန်းထုတ်ဖော်ခဲ့တဲ့စွမ်းအားက သူ့ရဲ့အချိန်ဥပဒေသအထက်မှာ ရှိတာ သူက သေချာသွားခဲ့ပြီ။
သူ ထင်တာ မမှားရင် ဒါက ဒဏ္ဍာရီလာဖျက်ဆီးခြင်းဥပဒေသပဲ ဖြစ်ရမယ်။
ဖျက်ဆီးခြင်းဥပဒေသ၊ အရာအားလုံးကို ဖျက်ဆီးခြင်း။
သူက ကမ္ဘာကြီးအပေါ်၊ လူတွေအပေါ် လျော့တွက်မိခဲ့တယ်ဆိုတာ ဝန်ခံရမှာပဲ။ သူက အချိန်ဥပဒေသကို လေ့ကျင့်နိုင်တဲ့ ကောင်းကင်ဆန့်ကျင့်ရတနာကို ရရှိထားနိုင်မှတော့ အခြားသူတွေကရော ဖျက်ဆီးခြင်းဥပဒေသကိ လေ့ကျင်နိုင်တဲ့ကောင်းကင်ဆန့်ကျင်ရတနာကို ဘာလို့ မရနိုင်ရမှာလဲ။
"မင်းက ဓားတာအိုဥပဒေသ၊ အချိန်တာအိုဥပဒေသ၊ ဖျက်ဆီးခြင်းဥပဒေသတို့နဲ့ ပတ်သက်ပြီး အများကြီးသိတာပဲ"
စစ်ဟိုင်ဝူယာက ဘာပြောရမလဲကို တကယ်မသိဘူး။ ဒီဥပဒေသသုံးခုမှာ ဘယ်တစ်ခုကများ ထိပ်တန်အဆင့်ဥပဒေသမဟုတ်လို့လဲ။
ဓားတာအိုဥပဒေသ၊ ဆည်းပူးဖို့လိုအပ်တဲ့ထိပ်တန်းအဆင့်ဥပဒေသ၊ အဆုံးစွန်းအထိ ကျင့်ကြံနိုင်ပြီး ဘယ်လိုမွေးရာပါထိပ်တန်းအဆင့်ဥပဒေသနဲ့မဆို နှိုင်းယှဉ်နိုင်တယ်။
အချိန်တာအိုဥပဒေသက ပြောစရာတောင် မလိုဘူး၊ ထိပ်တန်းအဆင့်ဥပဒေသအနည်းငယ်ကလွဲပြီး ကျန်တာတွေက အချိန်ဥပဒေသအောက်မှာ ရှိတယ်၊ နေရာလပ်ဥပဒေသတောင် အပါအဝင်ဖြစ်တယ်။
ဖျက်ဆီးခြင်းဥပဒေသ၊ အရာအားလုံးရဲ့အဆုံးသတ်ခြင်းဥပဒေသ၊ ဒဏ္ဍာရီလာထိပ်တန်းအဆင့်ဥပဒေသ။
ဥပဒေသသုံးခု၊ တစ်ခုခုကို အဆင့်တစ်ခုအထိ ကျင့်ကြံပြီးတာနဲ့ စကြာဝဠာကို လှည့်လည်ဖို့ လုံလောက်တယ်၊ ဒါပေမယ့် လီဖူချန်းက သုံးခုလုံးကို ကျွမ်းကျင်တယ်။ ဒါက အံ့ဩဖွယ်ရာပါပဲ။
"သေစမ်း......."
လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသနဲ့ ရင်ဆိုင်ရတဲ့အခါ စစ်ဟိုင်ဝူယာက အနည်းငယ်အရှက်ရမိပေမယ့် သူက သူ့အသက်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာမလိုပါဘူး။ သူက ကျင့်ကြံခြင်းအခြေခံအသာစီးရတာကို မှီခိုပြီး အနေအထားကို ပြောင်းပြန်လှန်ဖို့ စီစဉ်ခဲ့တယ်။
စစ်ဟိုင်ဝူယာရဲ့ဗျူဟာက အောင်မြင်ပါတယ်၊ လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက နှိုင်းစာရင် နည်းတယ်၊ သူ့ရဲ့အချိန်နတ်ဘုရားစွမ်းအားလောက် မကြွယ်ဝပါဘူး။
"တစ်ချက်ကြိုးစားကြည့်ရအောင်"
စစ်ဟိုင်ဝူယာရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အရမ်းအားကောင်းတယ်လို့ မသိစိတ်က လီဖူချန်းကို ပြောပြခဲ့တယ်၊ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ့အပေါ် မထိရောက်နိုင်လောက်ပေမယ့် လက်ရှိအချိန်မှာ တိုက်ပွဲကို အလျင်မြန်ဆုံးဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုတာပါပဲ။
မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး စိတ်ဝိညာဉ်စွမ်းအားကဖြစ်ပေါ်စေခဲ့တဲ့ထက်ရှတဲ့ဓားသွားတစ်ခုက စစ်ဟိုင်ဝူယာဆီ ပြေးဝင်လာတယ်။
စိတ်ဝိညာဉ်တာအိုတိုက်ခိုက်မှုရဲ့အရှိန်က ဘယ်လောက်မြန်သလဲဆိုရင် စစ်ဟိုင်ဝူယာကတောင် ရှောင်တိမ်းဖို့ အချိန်မရှိဘဲ လက်ခံရုံသာ တတ်နိုင်ခဲ့တယ်။
ဒါပေမယ့် စစ်ဟိုင်ဝူယာကို စိတ်သက်သာရာရစေတာကတော့ ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုက အားမကောင်းလွန်းတာပဲ၊ သူ့ကို နာကျင်စေဖို့ အတော်လေးခက်ခဲနေပါသေးတယ်။
သူ့ရဲ့စိတ်ဝိညာဉ်က မွေးရာပါ အားကောင်းတာကို သိထားရမယ်၊ နတ်ဘုရားစိတ်ဝိညာဉ်အားနည်းတဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအချို့နဲ့ ယှဉ်နိုင်တယ်၊ ဒါကြောင့် မင်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အားနည်းစေချင်တယ်ဆိုရင် သူ့ထက် အားနည်းလို့မရဘူး၊ အနည်းဆုံးအဆင့်မြင့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို လေ့ကျင့်ထားရမယ်၊ ဒီလိုမှ သူ့ကို နာကျင်စေဖို့ ဖြစ်စေနိုင်တယ်။
"ဒီလောက်ပါပဲလေ"
"လီဖူချန်းက အံ့အားမသင့်ခဲ့ပါဘူး"
သူ့ရဲ့စိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်က နိမ့်လွန်းတယ်၊ အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုတောင် မဟုတ်ဘူး။ သူက သာမန်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေကို ရင်ဆိုင်ရာမှာ ပြိုင်ဘက်ကင်းပေမယ့် စစ်ဟိုင်ဝူယာလို့ အားကောင်းတဲ့စိတ်ဝိညာဉ်ရှိတဲ့ ထိပ်တန်းအဆင့်ပါရမီရှင်နဲ့ ရင်ဆိုင်ဖို့ မတတ်နိုင်ပါဘူး။
နောက်မှာ လီဖူချန်းက စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းအပ်ကို ထုတ်ဖော်ခဲ့ပေမယ့် စစ်ဟိုင်ဝူယာက ဂရုမစိုက်ခဲ့ပါဘူး။
"အသုံးမဝင်ဘူး၊ မင်းရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုက ဆယ်ဆပိုကောင်းရင်တောင် ငါ့ကို နာကျင်စေဖို့ မဖြစ်နိုင်ဘူး" စစ်ဟိုင်ဝူယာပြောတာ မှန်ပါတယ်၊ သူ့ရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်အပြင် သူ့ရဲ့ကောင်းကင်ဆန့်ကျင်ရတနာမှာလဲ စိတ်ဝိညာဉ်ကိုကာကွယ်တဲ့သက်ရောက်မှုရှိတယ်။
"ဒိီလိုဆိုတော့လဲ တိုက်ခိုက်ကြတာပေါ့"
ဒါက သူနဲ့အသက်တူတဲ့ပြိုင်ဘက်တစ်ယောက်၊ လက်ရည်ညီတဲ့ပြိုင်ဘက်တစ်ယောက်ကို လီဖူချန်း ရင်ဆိုင်ရတဲ့ ပထမဆုံးအကြိမ်ပါပဲ။
သူ့သွေးက တဖြည်းဖြည်း ဆူပွက်လာတယ်။
အုန်း အုန်း အုန်း.........
ဖျက်ဆီးခြင်းဥပဒေသနဲ့အချိန်ဥပဒေသကြားထိပ်တိုက်အတွေ့ရဲ့နောက်ဆက်တွဲက ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ထိုးဖောက်လာခဲ့တယ်။
အခြားနေရာဆိုရင် ဒါက အဆင်ပြေပါတယ်၊ ဒါပေမယ့် ဒါက ဆည်းဆာနတ်ဘုရားကမ္ဘာဖြစ်တယ်။ ဆည်းဆာနတ်ဘုရားကမ္ဘာက ပျက်သုန်းတဲ့အခြေအနေမှာ ရှိတယ်။ နတ်ဘုရားကမ္ဘာဥပဒေသတွေက ယိုယွင်းတဲ့အခြေအနေတစ်ခုမှာ ရှိတယ်။
ပိုတိုက်ဆိုင်တာကတော့ ဒါက လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ဖြစ်နေတာပဲ။
ပျက်စီးနေတဲ့လင်းယွယ်ခယ်လိုဏ်ဂူထဲမှာ နေရာလပ်က အလွန်မတည်မငြိမ်ဖြစ်တယ်၊ ဖျက်ဆီးခြင်းဥပဒေသနဲ့အချိန်ဥပဒေသကြားထိပ်တိုက်အတွေ့ရဲ့နောက်ဆက်တွဲက ဒီနေရာလပ်ကို ပျက်စီးယိုယွင်းတဲ့လက္ခဏာတွေ စတင်ဖြစ်လာစေတယ်။ အက်ကြောင်းတွေက နေရာတော်တော်များများရဲ့ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာတယ်။ အနီးနားရှိရှာဖွေသူတွေကို တစ်စစီဆုတ်ဖြဲသွားခဲ့တယ်။
"မဟုတ်ဘူး၊ လိုဏ်ဂူက ပျက်ဆီးတော့မှာ"
ယွမ်တစ်ဂိုဏ်းလိုပဲ မီးတိမ်ဂိုဏ်းက လူတွေ စုစည်းကာ လင်းယွင်ခယ်လိုဏ်ဂူမှာ ရှာဖွေနေတယ်။
ကြယ်သုံးလုံးအဆင့်နိမ့်အစီအရင်တစ်ခုမရှိပေမယ့် မီးတိမ်လိုဏ်ဂူမှာ မီးတိမ်တိုက်ခိုက်ရေးဝင်္ကပါတစ်စုံရှိတယ်။ မီးတိမ်တိုက်ခိုက်ရေးဝင်္ကပါနဲ့ဆိုရင် သာမန်တားမြစ်နယ်မြေက ဘာမှတတ်နိုင်မှာမဟုတ်ဘူး။
အစက အရာအားလုံးက အဆင်ပြေပေမယ့် လက်ရှိမှာတော့ မီးတိမ်တိုက်ခိုက်ရေးဝင်္ကပါက ပျက်ဆီးသွားခဲ့တယ်။
မီးတိမ်တိုက်ခိုက်ရေးဝင်္ကပါကို ဖျက်ဆီးခဲ့တာက တားမြစ်နေရာရဲ့အန္တရာယ်တွေမဟုတ်ဘဲ ရုတ်တရက်ထွက်ပေါ်လာတဲ့အက်ကြောင်းတစ်ခုဖြစ်တယ်။
နောက်အခိုက်အတန့်မှာ နောက်ထပ်နေရာလပ်အက်ကြောင်းတွေက ရိုက်ခတ်လာတယ်။
ကြောက်လန့်တကြားအော်သံတွေ ထွက်ပေါ်လာတယ်၊ မီးတိမ်ဂိုဏ်းခေါင်းဆောင်အပါအဝင် မီးတိမ်ဂိုဏ်းရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေအားလုံးကို နေရာလပ်အက်ကြောင်းကြောင့် အပိုင်းပိုင်းဆုတ်ဖြဲသွားလိုက်တော့တယ်။
လိုဏ်ဂူနေအိမ်က ပျက်ဆီးတော့မယ်ဆိုတာ ခံစားမိပြီး အဆင့်မြင့်အစစ်အမှန်နန်ဘုရားများစွာက ပြန်ဆုတ်လာခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ တကယ်ပြန်ဆုတ်နိုင်တာက ဆယ်ယောက်ထက် မပိုပါဘူး။
ဖြောက်.......
နေရာလပ်အက်ကြောင်းတစ်ခုက လီဖူချန်းနဲ့စစ်ဟိုင်ဝူယာကြားမှာ ထွက်ပေါ်လာတယ်။
သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေက ဘာမှ မပြောင်းလဲသွားသလို ကြောက်ရွံ့ခြင်းလဲ မရှိဘူး။
"မင်းက ပြန်မဆုတ်ဘူးလား" လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက အများကြီးမကျန်တော့ဘူးဆိုတာ စစ်ဟိုင်ဝူယာက သတိပြုမိခဲ့တယ်။
လီဖူချန်းက ပြောလိုက်တယ်"မင်း ပြန်မဆုတ်မှတော့ ငါ ဘာလို့ ပြန်မဆုတ်ရမှာလဲ"
စစ်ဟိုင်ဝူယာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်တယ်"မင်းက ပြန်ဆုတ်သွားမှာက ငါ စိုးရိမ်နေတာ" သူ့မှာ အချိန်နတ်ဘုရားစွမ်းအားအများကြီးရှိသေးတယ်၊ လီဖူချန်းထက် ရွေးချယ်စရာပိုများပါတယ်။
"မလိုပါဘူး"
ပတ်ဝန်းကျင်ဟင်းလင်းပြင်မှာ အက်ကြောင်းတွေ ပိုပိုလာတာကြောင့် လီဖူချန်းရဲ့မျက်လုံးတွေက ပိုပိုတောက်ပလာတယ်။
ဒီနေရာလပ်အက်ကြောင်းတွေက သန်မာတဲ့နေရာလပ်ဥပဒေသအတက်အကျအပြင် ဖျက်ဆီးခြင်းချီအရှိန်အဝါကိုလဲ ထုတ်ဖော်နေတယ်၊ ဒါက သူ့ရဲ့ဖျက်ဆီးခြင်းစွမ်းအားကို လျော့ကျလာစေပေမယ့် ဖျက်ဆီးခြင်းဥပဒေသက တဖြည်းဖြည်း တိုးလာနေတယ်။
မကြာမှာပဲ စစ်ဟိုင်ဝူယာကလဲ လီဖူချန်းရဲ့ထူးဆန်းနေမှုကို ရှာတွေ့ခဲ့တယ်။
"စဉ်းတောင်မစဉ်းစားနဲ့" စစ်ဟိုင်ဝူယာက တုံ့ဆိုင်းမနေတော့ဘဲ အချိန်နဲ့နေရာလပ်စွမ်းအားကို လောင်ကျွမ်းကာ လီဖူချန်းကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်။
"နောက်ကျသွားပြီ"
လီဖူချန်းရဲ့မျက်လုံးတွေက တောက်ပလာပြီး အဆုံးမဲ့ဖျက်ဆီးခြင်းမုန်တိုင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ဖြာထွက်လာတယ်။
ဒိအချိန်မှာ လီဖူချန်းရဲ့ဖျက်ဆီးခြင်းဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်မှ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်အထိ မြင့်တက်လာခဲ့တယ်။
နယ်ပယ်နှစ်ခုအကြား ကွာဟချက်က ကမ္ဘာတစ်ခုအလား ကြီးမားတယ်။
လီဖူချန်းက လက်သီးထိုးထုတ်လိုက်တဲ့အခါ လှိုင်းဂယက်အလွှာတစ်ခုက ထွက်ပေါ်လာပြီး လှိုင်းဂယက်ပတ်လည်မှာ သေးငယ်တဲ့နေရာလပ်အက်ကြောင်းအချို့ကို ယူငင်လာခဲ့တယ်။
ဖြောက်.......
စစ်ဟိုင်ဝူယာရဲ့အချိန်စွမ်းအားက လှိုင်းဂယက်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ချက်ချင်း ပျက်ဆီးသွားတယ်။
ငါးဆယ်ရာခိုင်နှုန်း......
စစ်ဟိုင်ဝူယာက အချိန်နတ်ဘုရားစွမ်းအားအများကြီးကျန်ရှိခဲ့ပေမယ့် ဒီလက်သီးရဲ့အရှေ့မှာ ငါးဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။ နောက်ထပ်လက်သီးတစ်ချက်ဆိုရင် သူ သေချာပေါက် သေသွားလောက်ပြီ။
"ထွက်ပြေးရမယ်"
စစ်ဟိုင်ဝူယာက ထိတ်လန့်သွားပြီး ကမန်းကတန်း ပြန်ဆုတ်လာခဲ့တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရိပ်တစ်ခုပမာ ပြောင်းလဲသွားခဲ့တယ်။
လီဖူချန်းက မလိုက်သွားခဲ့ဘူး။ ဒီလက်သီးက သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို ကုန်ဆုံးလုနီးပါးဖြစ်စေခဲ့တယ်။ သူက ဒုတိယလက်သီးချက်ထုတ်ဖော်မယ်ဆိုရင် သူကိုယ်တိုင် ထိခိုက်သွားရလိမ့်မယ်။
ရင်းမြစ်ခန်းမထဲကို ချက်ချင်း မဝင်ရောက်သေးဘဲ လီဖူချန်းက တင်ပျဉ်ခွေထိုင်ပြီး နားလည်မှုအခြေအနေတစ်ခုသို့ ချက်ချင်း ဝင်ရောက်ခဲ့တယ်။
လင်းယွင်ခယ်လိုဏ်ဂူရဲ့ပျက်ဆီးခြင်းက ကြီးမားတဲ့ကပ်ဆိုက်မှူတစ်ခုဖြစ်ရုံသာမက ကြီးမားတဲ့အခွင့်အလမ်းတစ်ခုလဲ ဖြစ်တယ်။ အရင်းအမြစ်ခန်းမရဲ့ရင်းမြစ်တွေနဲ့ ယှဉ်ရင် ဒီလိုကြိီးမားတဲ့အခွင့်အလမ်းမျိုးက ရှားပါတယ်။
ပိန်တယ်၊ ပါးတယ်၊ ကွေ့တယ်၊ ဖြောင့်တယ်၊အနက်ရောင်အလင်းတန်းတွေပမာ နေရာလပ်အက်ကြောင်းတွေက တစ်ခုပြီးတစ်ခု လီဖူချန်းပတ်လည်မှာ ကူးခတ်နေတော့တယ်။
ဒိီနေရာမှာ သာမန်လူတစ်ယောက်ဆိုရင် အသေအလဲကြောက်လန့်သွားပေလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းအတွက်တော့ မတူဘူး။ သူ့အတွက် ကျင့်ကြံခြင်းက ပျော်ရွှင်စရာကောင်းတဲ့အရာတစ်ခုပါပဲ။
အနက်ရောင်နေရာလပ်အက်ကြောင်းက နှလုံးဆောင့်မတတ်ဖျက်ဆီးခြင်းဥပဒေသနဲ့နေရာလပ်အတက်အကျကို ထုတ်လွှတ်နေတယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့စဦးအခြေအနေပထမအဆင့်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့စဦ်းအခြေအနေအလယ်ဆင့်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့စဦ်းအခြေအနေနောက်ပိုင်းအဆင့်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့စဦ်းအခြေအနေအထွတ်အထိပ်အဆင့်..........
ထိပ်တန်းအဆင့်ဥပဒေသတွေကြားထိပ်တန်းအဆင့်ဥပဒေသတစ်ခုအနေနဲ့ ဖျက်ဆီးခြင်းဥပဒေသက တိုးတက်ဖို့ အလွန်ခက်တယ်။
ဖြောက်.....
ထူထဲတဲ့နေရာလပ်အက်ကြောင်းတစ်ခုက အနက်ရောင်ဒေါသနဂါးတစ်ကောင်ပမာ ထုရိုက်လာတယ်။
”ဖျက်စီးစမ်း......"
လီဖူချန်းက နောက်မဆုတ်ဘဲ သူက လက်သီးနဲ့ ထိုးလိုက်တယ်။
ဖောက်......
သွေးတွေ ပန်းထွက်သွားပြီး လီဖူချန်းရဲ့ညာလက်က တွန့်လိမ်သွားတယ်၊ အချိူ့နေရာတွေမှာ ကြီးမားတဲ့အသားနဲ့အရိုးအပိုင်းအစတစ်ခုကို တိုက်ရိုက်ဆုံးရှုံးသွားခဲ့တယ်။
လင်းယွင်ခယ်လိုဏ်ဂူရဲ့နေရာလပ်အက်ကြောင်းက ကြောက်စရာကောင်းလွန်းတယ်၊ လီဖူချန်းရဲ့လက်ရှိခွန်အားအရ သူက လုံးဝမယှဉ်နိုင်ပါဘူး။
နေရလပ်အက်ကြောင်းကို တိုက်ခိုက်ဖို့ ဖျက်ဆီးခြင်းဥပဒေသကို အသုံးပြုတာ လီဖူချန်းအတွက် ကံကောင်းမှုပဲ။ အခြားဥပဒေသသာဆိုရင် သူက အပိုင်းအစဖြစ်သွားလောက်ပြီ။
လီဖူချန်းရဲ့မဆင်မခြင်လုပ်ရပ်က ဆုလာဒ်ရလာတယ်။ လက်ရှိမှာ သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသက ပျမ်းမျှအဆင့်မြင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်လာခဲ့တယ်။
ဖြောက်.......
နောက်ထပ်နေရာလပ်အက်ကြောင်းတစ်ခုက ရိုက်ချလာတယ်၊ ဒီတစ်ကြိမ်မှာ နေရာလပ်အက်ကြောင်းက အနည်းငယ်ပိုသေးပေမယ့် အထင်သေးလို့မရပါဘူး။
အုန်း......
အဆုံးမဲ့ဖျက်ဆီးခြင်းလက်သီးတစ်လုံးက နေရာလပ်အက်ကြောင်းကို ရင်ဆိုင်လိုက်တယ်။
ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့လက်က အက်ကြောင်းတွေ ဖြစ်ရုံမျှပဲ၊ လိမ်ပိန်သွားခြင်းမရှိပါဘူး၊ ဒဏ်ရာက ယခင်ထက် ဆယ်ဆပိုသက်သာတယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေပထမအဆင့်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေအလယ်ဆင့်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေနောက်ပိုင်းအဆင့်.......
နေရာလပ်အက်ကြောင်းတွေ ပိုပိုများလာပေမယ့် လီဖူချန်းအတွက်တော့ သူတို့မှ ထုတ်လွှတ်တဲ့ဖျက်ဆီးခြင်းဥပဒေသက မလုံလောက်ပါဘူး၊ ပြီးတော့ သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသကို အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေအထိ မြှင့်တင်ဖို့ မလုံလောက်ပါဘူး။
"တကယ်တော့ လိုဏ်ဂူက လိုဏ်ဂူမျှပဲ၊ အစစ်အမှန်နတ်ဘုရားကမ္ဘာမဟုတ်ပါဘူး။ ဖျက်ဆီးခြင်းဥပဒေသက မပြည့်စုံပါဘူး"
လီဖူချန်းက အသက်ရှုထုတ်ကာ နေရာလပ်ဥပဒေသကို စတင်နားလည်ခဲ့တယ်။
ဖျက်ဆီးခြင်းဥပဒေသအပြင် နေရာလပ်အက်ကြောင်းမှာ နေရာလပ်ဥပဒေသအများဆုံးပါဝင်တယ်၊ ပြီးမှ အချိန်ဥပဒေသပေါ့။
လီဖူချန်းရဲ့နေရာလပ်ဥပဒေသနယ်ပယ်က အရမ်းနိမ့်တယ်၊ သူက အဆင့်နိမ့်အစစ်အမှန်စဦးနယ်ပယ်အထိသာ ရောက်ရှိထားသေးတယ်။
အချိန်ဥပဒေသပါ ပေါင်းလိုက်ရင်တော့ နေရာလပ်-အချိန်ဥပဒေးက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနယ်ပယ်ကို ရောက်ရှိထားတယ်။
အဆင့်နိမ့်နယ်ပယ်မှာ အားသားချက်တစ်ခုရှိတယ်၊ အဲဒါက တိုးတက်မှုမြန်ဆန်တာပဲ။
အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေ၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေ၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားထူးကဲအခြေအနေ၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေ.........
အသက်တစ်ခါရှုချိန်အတွင်း လီဖူချန်းက နေရာလပ်ဥပဒေသကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်အထိ မြှင့်တင်ခဲ့ပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှ ခြေတစ်လှမ်းပဲ ကွာဝေးတော့တယ်။
နေရာလပ်ဥပဒေသတွေချင်းယှဉ်ရင် လီဖူချန်းရဲ့အချိန်ဥပဒေသက အနည်းငယ်ပိုမြင့်တယ်။ တကယ်တော့ ဆည်းဆာနတ်ဘုရားကမ္ဘာကို မဝင်ရောက်ခင် သူက ဆည်းဆာကျောက်တုံးကို သူ့ရဲ့အချိန်နယ်ပယ်ကို တိုးမြှင့်ဖို့ သုံးစွဲခဲ့တယ်လေ။
အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေ၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်အခြေအနေ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦ်းအထွတ်အထိပ်.......
သံသယရှိစရာမလိုဘဲ လီဖူချန်းရဲ့အချိန်ဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားခဲ့ပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေအထွတ်အထိပ်မှာ ရှိနေတယ်။
တကယ်တော့ အချိန်နည်းနည်းပေးရင် လီဖူချန်းက နေရာလပ်ဥပဒေသကိုလဲ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ ချိုးဖြတ်နိုင်တယ်၊ ဒါပေမယ့် အချိန်ကြာမှာ၊ တစ်ရက်နှစ်ရက်မဟုတ်ဘူး၊ သူက ဒီနေရာမှာ အချိန်အကြာကြီးနေချင်ရင် သူ အသက်ရှင်နိုင်မလားဆိုတာက မေးခွန်းထုတ်ရမယ့်အရာတစ်ခုပဲ။
တကယ်တော့ ဒါက ပျက်စီးတော့မယ့်လိုဏ်ဂူနေအိမ်တစ်ခုသာ ဖြစ်တယ်။ လိုဏ်ဂူပျက်ဆီးသွားတာနဲ့ စိတ်ဝိညာဉ်နတ်ဘုရားတွေကပဲ ဒီနေရာမှာ နေဖို့ အဆင်ပြေလောက်မှာ။
နေရာလပ်ဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်ကို ရောက်ရှိပြီး အချိန်ဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအထွတ်အထိပ်နယ်ပယ်ကို ရောက်ရှိနေတာကြောင့် လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသကလဲ မြင့်တက်လာပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်ကို ရောက်ရှိသွားကာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားမှ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။
"နေရာလပ်အက်ကြောင်းတွေက ပိုပိုများလာပြီ"
သူ့မျက်လုံးတွေကို ဖွင့်လျက် လီဖူချန်းက သူ့ပတ်လည်ရှိနေရာလပ်အက်ကြောင်းကို မြင်ခဲ့တယ်၊ အဲဒါက အလွန်အမင်းကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုကို ရောက်ရှိနေတယ်။ နေရာလပ်အက်ကြောင်းတွေက မြွေအုပ်စုပမာ ကြမ်းကြမ်းတမ်းတမ်း ကခုန်နေတယ်။ ကံကောင်းစွာနဲ့ သူက နေရာလပ်-အချိန်ဥပဒေသအရှိန်အဝါကို ထုတ်ဖော်ထားတာကြောင့် နေရာလပ်အက်ကြောင်းတွေက သူ့ကို 'အတူတူ'သတ်မှတ်ထားတယ်၊ မဟုတ်လို့ကတော့ လီဖူချန်းက အပိုင်းပိုင်းဆုတ်ဖြဲသွားနေပြီ။
ဒါပေမယ့် သူက ဒီနေရာလပ်အက်ကြောင်းတွေကို လစ်လျှူရှုနိုင်တယ်လို့တော့ မဆိုလိုပါဘူး။ ဒီနေရာလပ်အက်ကြောင်းတွေက အဆင့်တစ်ခုအထိ စုစည်းလာတာနဲ့ သူက ဘယ်ကိုထွက်ပြေးရရမှန်းမသိ ဖြစ်သွားရလိမ့်မယ်။
ထရပ်ပြီးနောက် လီဖူချန်းက အရင်းအမြစ်ခန်းမဆီ လစ်ခနဲပြေးသွားတော့တယ်။
……
အရင်းအမြစ်ခန်းမထဲရှိရင်းမြစ်တွေက အလွန်ကြွယ်ဝတယ်၊ လီဖူချန်းထင်တာထက် ပိုကြွယ်ဝတယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဘီလီယံလျံချီ၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးဘီလီယံချီ ရှိတယ်။
ဒါ့ပြင် အရင်းအမြစ်ခန်းမထဲရှိရင်းမြစ်တွေက အရေအတွက်သာမက အစုံအလင်လဲ ရှိတယ်။
ဥပမာအားဖြင့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အမျိုးအစားငယ်လေးတွေများစွာ ခွဲခြားထားတယ်။
ပြီးမြောက်ပြီးသားနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ၊ အဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမှ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းထိ အရာအားလုံးရှိတယ်။ လီဖူချန်းက အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးကိုတောင် ရှာတွေ့ခဲ့တယ်။ ဒီအလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့တန်ဖိုးက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုရဲ့အသားတင်ကြွယ်ဝမှုကို ကျော်လွန်ကာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံအနည်းဆုံးရှိတယ်လို့ပြောရင် မလွန်ပါဘူး။
သန့်စင်ခြင်းပစ္စည်းတွေအများစုက သတ္တုပစ္စည်းတွေပါပဲ။ တကယ်တော့ နတ်ဘုရားအသုံးအဆောင်ပစ္စည်းအများစုကို သတ္တုတွေနဲ့ ထုလုပ်ထားတာပဲလေ။
သတ္တုပစ္စည်းတွေက ကြယ်သုံးလုံးအဆင့်နိမ့်မှကြယ်သုံးလုံးအဆင့်မြင့်အထိ ရှိတယ်၊ အချို့သတ္တုရိုင်းတွေက အမြင့်မီတာတစ်သောင်းအထိ စုပုံနေပြီး သူတို့ကို သိုလှောင်ဖို့ နေရာလပ်ဝင်္ကပါလိုအပ်တယ်။
သတ္တုပစ္စည်းတွေအပြင် သန့်စင်ခြင်းပစ္စည်းတွေမှာလဲ အခြားစွမ်းပကားတွေပါတဲ့ ပစ္စည်းတွေ ရှိတယ်၊ ရေစွမ်းပကားပစ္စည်းတွေ- ဒြပ်စင်တစ်ခုလေးလံရေ၊ မဲနယ်ရေစသဖြင့်၊ သစ်သားစွမ်းပကားပစ္စည်းတွေ-ထာဝရသစ်သား၊ ဖှေးယုရှန်းဟော်စသဖြင့်၊ မီးစွမ်းပကားပစ္စည်းတွေ-အပြာရောင်ရွှေနတ်ဘုရားမီး၊ ချင်းယွမ်နတ်ဘုရားမီးစသဖြင့်၊ လေစွမ်းပကားပစ္စည်းတွေ-စိတ်ဝိညာဉ်လေ၊ ဖယောင်းတိုင်မီးရောင်ရှန်းဖုန်းစသဖြင့်။
သတ္တုပစ္စည်းတွေနဲ့ယှဉ်ရင် အခြားစွမ်းပကားသန့်စင်ခြင်းပစ္စည်းတွေက ပိုရှားတယ်၊ ပိုတန်ဖိုးရှိတယ်၊ ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး၊ ဒါပေမယ့် အရင်းအမြစ်ခန်းမမှာတော့ အနည်းငယ်ရှိတယ်။
ဒါပေမယ့် သာမန်သတ္တုပစ္စည်းတွေရှိသလို ထိပ်တန်းအဆင့်တွေလဲ ရှိတယ်။ အချို့ထိပ်တန်းအဆင့်သတ္တုပစ္စည်းတွေက ရှာတွေ့ဖို့ ခက်ခဲတယ်။
ဥပမာအနေနဲ့ လီဖူချန်းက လက်ဝါးအရွယ်အစားအနက်ရောင်သတ္တုအပိုင်းအစတစ်ခုကို တွေ့ခဲ့တယ်။ လီဖူချန်းထင်တာ မမှားရင် ဒီအနက်ရောင်သတ္တုက ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားသတ္တုပဲ ဖြစ်ရမယ်၊ ၎င်းရဲ့မာကျောမှုက ကြယ်လေးလုံးနတ်ဘုရားအဆင့်သတ္တုအများစုထက်တောင် သာလွန်တယ်။ အဆင့်မြင့်စိတ်ဝိညာဥ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အနက်ရောင်သတ္တုအနည်းငယ်ပေါင်းထည့်လိုက်တာနဲ့ ၎င်းရဲ့မာကျောမှုကို အဆင့်တစ်ဆင့်မြှင့်တင်ပေးနိုင်တယ်။
နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့သန့်စင်ခြင်းပစ္စည်းတွေအပြင် လီဖူချန်းက ပန်းပဲဖိုတွေ၊ ပန်းပဲဗဟုသုတတွေ၊ ပန်းပဲနတ်ဘုရားအတတ်တွေကို တွေ့ရှိခဲ့တယ်။
ဟုတ်ပါတယ်၊ ပန်းပဲထုတာမှာလဲ နတ်ဘုရားအတတ်တွေ ရှိတယ်။
ပန်းပဲနတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းပန်းပဲဆရာကို အသုံးအဆောင်ပစ္စည်းနတ်ဘုရားလို့ ခေါ်တယ်။
အသုံးအဆောင်ပစ္စည်းနတ်ဘုရားတွေက သူတို့ရဲ့ပန်းပဲပညာအဆင့်ထက် သာလွန်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်နိုင်တယ်။ ဥပမာအားဖြင့် ကြယ်တစ်လုံးအဆင့်မြင့်အသုံးအဆောင်ပစ္စည်းနတ်ဘုရားတစ်ယောက်က နတ်ဘုရားပန်းပဲအတတ်ကို အသုံးပြုတဲ့အခါ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ထုလုပ်နိုင်တယ်။
လီဖူချန်းရဲ့မီးခိုရောင်အရိပ်ဓားလိုပဲ၊ ၎င်းကို ကြယ်နှစ်လုံးအဆင့်မြင့်လက်နက်နတ်ဘုရားတစ်ယောက်က ထုလုပ်ထားခဲ့တာပဲဖြစ်မယ်။
နတ်ဘုရားဆေးတွေ သိုလှောင်ထားတဲ့ အခန်းတစ်ခုမှာ လီဖူချန်းက ကြည့်ကာ မှင်တက်သွားမိတယ်။
ဒီနေရာမှာ ဆေးတွေ အများကြီးရှိတယ်၊ စားပွဲပေါ်မှာ၊ စင်ပေါ်မှာ၊ နံရံပေါ်မှာ၊ ဗီရိုထဲမှာ၊ နေရာတိုင်းမှာ ဘူးခွက်တွေဒါမှမဟုတ်ကျောက်စိမ်းပုလင်းတွေ ရှိတယ်။
ကြယ်တစ်လုံးအဆင့်နိမ့်မှ ကြယ်သုံးလုံးအဆင့်မြင့်အထိ ရှိတယ်။
ဆေးဆရာအလုပ်သင်တစ်ယောက်က ဒီနေရာကို ရောက်လာပြီး ဆေးပညာကို သင်ယူမယ်ဆိုရင် အခြေခံအုတ်မြစ်က သေချာပေါက်ခိုင်မာပေလိမ့်မယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အားကောင်းတဲ့ဆေးနတ်ဘုရားအနည်းငယ်ကလွဲပြီး တစ်ယောက်မှ ဒီလောက်များတဲ့ဆေးတွေကို မသန့်စင်နိုင်ဘူး။
ဒီလင်းယွင်ခယ်က အားကောင်းတဲ့ဆေးနတ်ဘုရားတစ်ယောက်ဖြစ်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
နတ်ဘုရားဆေးတွေပြီးနောက် ဆေးပစ္စည်းတွေ ရှိတယ်။ သန့်စင်ခြင်းပစ္စည်းတွေလိုပဲ ဆေးပစ္စည်းတွေက နတ်ဘုရားဆေးပင်တွေသာ မဟုတ်ပါဘူး။
အချို့ထူးဆန်းတဲ့အရာဝတ္ထုတွေ၊ အချို့ဇီဝဗေဒသက်ရှိပစ္စည်းတွေကို ဆေးပစ္စည်းတွေအဖြစ် အသုံးပြုနိုင်တယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဆေးပညာက အဆုံးစွန်းအဆင့်ကို ရောက်ရှိတာနဲ့ အရာအားလုံးကို သန့်စင်နိုင်တယ်လို့ ဆိုရိုးတစ်ခုရှိတယ်။ ထိုအဆင့်ကို ရောက်ရှိသွားတာနဲ့ ဆေးနတ်ဘုရားဘုရင်ရဲ့နယ်ပယ်ပါပဲ။
***