← Chapters

အလုပ်အမျိုးမျိုး

Vol. 84 Ch. 1174

အလုပ်အမျိုးမျိုး

Vol. 84 Ch. 1174

အသုံးအဆောင်ပစ္စည်းထုလုပ်ရာမှာ ပန်းပဲမီးဖိုက အရမ်းအရေးကြီးတယ်။

ပန်းပဲမီးဖိုကောင်းတစ်ခုက ပိုမြင့်မားတဲ့အပူချိန်ကို တောင့်ခံနိုင်တယ်၊ ဒါကြောင့် အသုံးအဆောင်ပစ္စည်းထုလုပ်တဲ့လမ်းတစ်ဝက်မှာ မီးဖိုက မတော်တဆမှုတစ်ခုခုဖြစ်ကာ ရုတ်တရက် ပေါက်ကွဲသွားမှာကို စိုးရိမ်စရာမလိုပါဘူး။

ပန်းပဲမီးဖိုနဲ့ ယှဉ်ရင် ဆေးမီးဖိုက ဆေးဆရာလောက် အရေးမကြီးပေမယ့် အလွန်အရေးကြီးပါတယ်။

တကယ်တော့ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ထုလုပ်ရာမှာ ပန်းပဲမီးဖိုတစ်ခုကို ထုလုပ်တာအပြင် အင်းကွက်တွေ ထွင်းထုခြင်းကလဲ အရေးကြီးဆုံးဖြစ်ပြီး ဆေးမှာတော့ အင်းကွက်တွေ ထွင်းထုစရာမလိုပါဘူး။ နတ်ဘုရားဆေးတွေရဲ့ဆေးအင်းကွက်တွေက အလိုအလျောက်ဖြစ်လာပါတယ်။

ကောင်းမွန်တဲ့ဆေးမီးဖိုတစ်ခုက ကြောက်စရာကောင်းတဲ့မြင့်မားတဲ့အပူချိန်သာမက နိမ့်ကျတဲ့အပူချိန်ကိုလဲ တောင့်ခံနိုင်ပြီး တစ်ခါတစ်ရံမှာဆိုရင် အပူအအေးထူးခြားတဲ့အနေအထားနဲ့ ရင်ဆိုင်နိုင်တယ်။ လီဖူချန်းက ပျံသန်းလင်းယုန်ကုန်သွယ်‌ရေးခန်းမရဲ့ရှေးဟောင်းစာအုပ်တစ်အုပ်မှ အမှတ်မထင် မြင်တွေ့ခဲ့တယ်၊ အချို့ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေကို စုဆောင်းတဲ့အခါ သူတို့က နတ်ဘုရားမိုးကြိုးကပ်ဘေးကိုတောင် လှည့်စားနိုင်တယ်။

ပန်းပဲမီးဖိုတစ်ခုက နတ်ဘုရားအသုံးအဆောင်ပစ္စည်းဆရာရဲ့ကျွမ်းကျင်မှုကို သုံးမှတ်ထိ တိုးစေနိုင်တယ်ဆိုရင် ဆေးမီးဖိုက ဆေးဆရာရဲ့အတတ်ကို ရှစ်မှတ်အထိ တိုးစေနိုင်တယ်။

"ခရမ်းရောင်မီးဆေးမီးဖို"

"ရေမီးဆေးမီးဖို"

"လေမိုးကြိုးဆေးမီးဖို"

"ရေခဲပြာဆေးမီးမီးဖို"

"ရေခဲစွမ်းပကားဆေးမီးဖိုတစ်ခုတောင် ရှိတာလား"

လီဖူချန်းက မျက်စိပွင့်နားပွင့်ဖြစ်သွားတယ်။

ကြယ်မဲ့ဆေးမီးဖိုမှ ကြယ်သုံးလုံးအဆင့်မြင့်ဆေးမီးဖိုအထိ ဆေးမီးဖိုခန်းမရဲ့စုဆောင်းမှုက အလွန်ကြွယ်ဝတယ်။ ဘယ်လိုကြယ်သုံးလုံးဆေးဆရာမဆို ဒီနေရာကို ရောက်လာရင် ရူးသွပ်မတတ်ဖြစ်သွားရလိမ့်မယ်။

ကြယ်လေးလုံးဆေးဆရာတစ်ယောက်ကတောင် ဒီနေရာကို ရောက်လာတဲ့အခါ နှလုံးခုန်ရပ်မတတ်ဖြစ်သွားလိမ့်မယ်။

ဘာလို့ဆို ဒီနေရာရဲ့ ဆေးမီးဖိုအချို့က အလွန်ရှားပြီး မင်းက လိုချင်ရင်တောင် သူတို့ကို မဝယ်နိုင်ပါဘူး။

ဆေးမီးဖိုအားလုံးကို သိမ်းပြီးနောက် လီဖူချန်းရဲ့မျက်လုံးတွေက ရုတ်တရက် ကျဉ်းမြောင်းသွားတယ်။

ဆေးမီးဖိုခန်းမရဲ့‌ထောင့်မှာ သူက တစ်မီတာဝက်သာရှိတဲ့ဆေးမီးဖိုတစ်ခုကို မြင်တွေ့ခဲ့တယ်။

ဒီဆေးမီးဖိုက မီးခိုရောင်ရှိပြီး ပေါ်လွင်ထင်ရှားခြင်းမရှိပါဘူး။ ထပ်ပြောရရင် အဲဒါကို အခြားမြင့်မားတဲ့ဆေးမီးဖိုတွေက ကာထားခဲ့တာလေ၊ ဒါကြောင့် လီဖူချန်းက အဲဒါကို ဘယ်တော့မှ ရှာမတွေ့ခဲ့ပါဘူး။

"ကြယ်လေးလုံးဆေးမီးဖိုလား"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

ကြယ်လေးလုံးဆေးမီးဖိုတစ်ခုက ကြယ်‌‌လေးလုံးဆေးပညာရှင်တစ်‌‌ယောက်ရဲ့အောင်မြင်မှုနှုန်းကို တိုးစေနိုင်တယ်။ ကြယ်လေးလုံးဆေးပညာရှင်အများစုမှာတောင် ကြယ်လေးလုံးဆေးမီးဖိုတစ်ခုမရှိဘူး၊ ပုံမှန်အားဖြင့် သူတို့က ကြယ်သုံးလုံးဆေးမီးဖိုကိုပဲ အသုံးပြုကြတယ်။

ဒီဆေးမီးဖိုပေါ်မှာ အက္ခရာနှစ်ခုရှိတယ်-ကူးရွှယ်၊ အလွန်ရိုးရှင်းတဲ့နာမည်တစ်ခုပဲ။

"ဒီဆေးမီးဖိုရဲ့တန်ဖိုးက အရင်းအမြစ်ခန်းမရဲ့ရင်းမြစ်တွေအားလုံးထဲမှာ ထိပ်တန်းဖြစ်လောက်တယ်"

ကူးရွှယ်ဆေးမီးဖိုကို သိမ်းပြီးနောက် လီဖူချန်းက ဆေးသန့်စင်ခြင်းသုတခန်းမသို့ ရောက်ရှိလာခဲ့တယ်။

ဆေးသန့်စင်ခြင်းသုတခန်းမမှာ ဆေးအမျိုးအစားအားလုံးကို သန့်စင်ဖို့အတွက် ဆေးဖော်စပ်နည်း‌တွေ၊ ဆေးသန့်စင်ခြင်းအတွေ့အကြုံတွေ၊ ဆေးစုဆောင်းခြင်းနည်းလမ်းတွေ၊ ဆေးအရည်အသွေးတိုးတက်စေဖို့အတွက် သုံးသပ်ချက်တွေ အားလုံးပါဝင်တယ်။

နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေလိုပဲ အဆင့်တူနတ်ဘုရားဆေးတွေမှာလဲ အရည်အသွေးငါးမျိုးရှိတယ်-သာမန်၊ ပျမ်းမျှ၊ ထူးကဲ၊ ပြီးပြည့်စုံခြင်း၊ အဆုံးစွန်း။

နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့မတူတာကတော့ နတ်ဘုရားဆေးတွေကို ဆေးအင်းကွက်စက်ဝိုင်းအရေအတွက်အပေါ် မူတည်ပြီး ခွဲခြားတယ်။

ဆေးမျက်နှာပြင်ကို ဆေးအင်းကွက်စက်ဝိုင်းတစ်ခုက ဝန်းရံထားမယ်ဆိုရင် သာမန်အရည်အသွေးဆေးဖြစ်တယ်။

စက်ဝိုင်းနှစ်ခုဆိုရင် ပျမ်းမျှအရည်အသွေး၊ စက်ဝိုင်းသုံးခုဆိုရင် ထူးကဲအရည်အသွေး၊ စသဖြင့် စက်ဝိုင်းငါးခုဆိုရင် အဆုံးစွန်းအရည်အသွေးဖြစ်တယ်။

စက်ဝိုင်းတစ်ခုတောင် မရှိရင် ထိုဆေးက အရည်အသွေးမမှီပါဘူး။ မင်းက အဲဒါကို အသုံးပြုမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေကို သတိထားရလိမ့်မယ်။

နောက်ထပ်အနေအထားတစ်ခုရှိတယ်။ အလွန်ထူးခြားတဲ့အနေအထားအောက်မှာ အေးအင်းကွက်တွေက စက်ဝိုင်းငါးခုထက် ကျော်လွန်ဖို့ ဖြစ်နိုင်တယ်။

ဒိလိုဆေးမျိုးကို သ‌န္ဓေပြောင်းဆေးလို့ ခေါ်တယ်။

သန္ဓေပြောင်းဆေးတွေရဲ့လုပ်ဆောင်ချက်နဲ့အစွမ်းအာနိသင်ကို သ‌န္ဓေပြောင်းဆေးပိုင်ရှင်ဆေးပညာရှင်ကတောင် မသေချာပါဘူး၊ ဆေးရဲ့သက်ရောက်မှုက အဆအနည်းငယ်ပိုသန်မာလာတာ ဖြစ်နိုင်တယ်၊ ကုသခြင်းသက်ရောက်မှုက အဆိပ်သက်ရောက်မှု ဖြစ်သွားနိုင်တယ်၊ ‌ဆေးအမျိုးအစားအသစ်သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်တယ်။

ဘယ်တစ်ခုပဲ ဖြစ်ဖြစ်၊ သန္စေပြောင်းဆေးရဲ့တန်ဖိုးက မလျော့ကျပါဘူး။

သန္ဓေပြောင်းဆေးတစ်ခုရဲ့တန်ဖိုးက အဆုံးစွန်းအရည်အသွေးဆေးထက် ဆယ်ဆ အနည်းဆုံးပိုတယ်၊ ဒါက အင်းကွက်ခြောက်ခုသန္ဓေပြောင်းဆေးတစ်ခုသာ ရှိသေးတယ်။

အင်းကွက်ခုနှစ်ခု၊ အင်းကွက်ရှစ်ခု၊ အင်းကွက်ကိုးခုတွေလဲ ရှိတယ်။

ဒါပေမယ့် သာမန်ဆေးပညာရှင်တွေက သန္ဓေပြောင်းဆေးတွေကို မသန့်စင်နိုင်ပါဘူး။

သာမန်ဆေးပညာရှင်တွေက ပျမ်းမျှအရည်အသွေးဆေးတွေကိုပဲ အများဆုံးသန့်စင်နိုင်တယ်။

အဆင့်မြင့်ဆေးပညာရှင်တွေကသာ ထူးကဲအရည်အသွေးဆေးတွေကို သန့်စင်နိုင်ပြီး ရံဖန်ရံခါမှာ ပြီးပြည့်စုံခြင်းအဆင့်ဆေးတစ်လုံးနှစ်လုံးလောက်ပဲ သန့်စင်နိုင်တယ်။

မင်းက ပြီးပြည့်စုံခြင်းအရည်အ‌သွေးဆေးနဲ့အဆုံးစွန်းအရည်အသွေးဆေးကို သန့်စင်ချင်တယ်ဆိုရင် အဆက်မပြတ်လေ့ကျင့်ရမယ်။

ပြီးပြည့်စုံခြင်းအရည်အသွေးဆေးနဲ့အဆုံးစွန်းအရည်အ‌သွေးဆေးကို သန့်စင်နိုင်တဲ့ ဆေးပညာရှင်တွေကို ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ဆေးနတ်ဘုရားလို့ ခေါ်တယ်။

သန္ဓေပြောင်းဆေးတွေကတေ့ တစ်ဝက်က အဆင့်ပေါ် မူတည်ပြီး တစ်ဝက်က ကံအပေါ် မူတည်တယ်။

ပုံမှန်အခြေအနေအောက်မှာ ဆေးနတ်ဘုရားက သန္ဓေပြောင်းဆေးတစ်ခုကို ရံဖန်ရံခါမှာပဲ သန့်စင်နိုင်လိမ့်မယ်။

ဆေးနတ်ဘုရားအဆင့်က ပိုမြင့်လေ၊ အောင်မြင်ဖို့အခွင့်အလမ်းက ပိုမြင့်လေပဲ။

"ဒီဆေးသန့်စင်ခြင်းသုတတွေနဲ့ဆိုရင် ငါ ဆေးပညာကို ကြိုးစားကြည့်လို့ ရနိုင်မယ်"

ဆေးသန့်စင်ခြင်းသုတရှိတာမရှိတာက လုံးဝခြားနားတဲ့အရာနှစ်ခုပါပဲ။

သူက ဉာဏ်တုံးတယ်လို့တော့ လီဖူချန်းက မထင်ပါဘူး၊ သူ့မှာ ဆေးသန့်စင်ဖို့အတွက် ပါရမီမရှိတာ ပဲ ဖြစ်နိုင်တယ်။ သူက သာမန်ဆေးပညာရှင်ပဲ ဖြစ်ဖို့ လိုတယ်၊ ပြီးရင်တော့ သူက သာမန်အရည်အသွေးဆေးအချို့ကို ကိုယ်တိုင်သန့်စင်နိုင်မှာပေါ့။

အသုံးအဆောင်ပစ္စည်းထုလုပ်ခြင်းမှာ ပန်းပဲနတ်ဘုရားအတတ်တွေရှိသလို ဆေးသန့်စင်ခြင်းမှာလဲ ဆေးနတ်ဘုရားအတတ်တွေ ရှိတယ်။

မှန်ကန်တဲ့ဆေးနတ်ဘုရားအတတ်က ဆေးသန့်စင်မှုရဲ့အရည်အသွေးကို တိုးတက်စေနိုင်တယ်။ အချို့ဆေးသန့်စင်ခြင်းတွေကို ဆေးနတ်ဘုရားအတတ်သုံးပြီးပဲ ပြုလုပ်နိုင်တယ်၊ ဆေးဖော်စပ်နည်းရှိရုံနဲ့ မလုံလောက်ပါဘူး။

ဆေးနတ်ဘုရားတွေကို ဆေးနတ်ဘုရားလို့ ခေါ်ရတဲ့အကြောင်းရင်းက‌တော့ ပြီးပြည့်စုံခြင်းအရည်အသွေးနဲ့အဆုံးစွန်းအရည်အသွေးဆေးတွေကို သန့်စင်နိုင်တာအပြင် အရေးကြီးဆုံးအရာကတော့ သူတို့က ကိုယ်ပိုင်ဆေးဖော်စပ်နည်းနဲ့‌ဆေးသန့်စင်ခြင်းအတတ်တွေကို တိုးတက်အောင်လုပ်နိုင်လို့ပဲ။

အရင်းအမြစ်ခန်းမထဲမှာ ပန်းပဲဆရာတွေ၊ ဆေးပညာရှင်တွေနဲ့ ပတ်သက်တဲ့အရင်းအမြစ်တွေ အများဆုံးရှိပြီး နတ်ဘုရားဝင်္ကပါ/အစီအရင်ဆရာတွေအတွက် အရင်းအမြစ်အချို့လဲ ရှိတယ်၊ နတ်ဘုရားစိုက်ပျိုးရေးသမား၊ နတ်ဘုရားရုပ်သေးဆရာ၊ နတ်ဘုရားမှော်စာလုံးဆရာတို့အတွက် အရင်းအမြစ်အနည်းငယ်လဲ ရှိတယ်။

နတ်ဘုရားအစီအရင်ဆရာနဲ့ ပတ်သက်ပြီး မပြောနဲ့အုံး၊ နတ်ဘုရားစိုက်ပျိုးရေးသမားဆိုတာက တကယ်တော့ နတ်ဘုရားဆေးပင်တွေစိုက်ပျိုးတဲ့အလုပ်တစ်ခုပါပဲ။

ဒီအလုပ်ကို အထင်မသေးပါနဲ့။

နတ်ဘုရားစိုက်ပျိုးရေးသမားတစ်ယောက်နဲ့ဆိုရင် မင်းက နတ်ဘုရားဆေးပင်တွေကို အရေအတွက်များများ စိုက်ပျိုးနိုင်တယ်၊ အထူးသဖြင့် ရှားပါးတဲ့ဆေးပင်အချို့ကိုပေါ့။

နတ်ဘုရားဆေးသမားတစ်ယောက်နဲ့နတ်ဘုရားစိုက်ပျိုးရေးသမားတစ်ယောက်က ပြီးပြည့်စုံတဲ့အတွဲအဖက်တစ်ခုလို့ ပြောနိုင်တယ်။

ဒါပေမယ့် နတ်ဘုရားစိုက်ပျိုးရေးသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ နတ်ဘုရားစိုက်ပျိုးရေးသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် မင်းက သစ်သားတာအို၊ ရေတာအိုနဲ့ မြေတာအိုတို့ကို ကျွမ်းကျင်ရမယ်။

သစ်သားတာအိုဥပဒေသမှာ အသက်အားပါဝင်ပြီး နတ်ဘုရားမြေတွေရဲ့ကြီးထွားမှုကို ပိုမြန်ဆန်စေတယ်။

ရေတာအိုဥပဒေသမှာလဲ အသက်အားပါဝင်ပြီး နတ်ဘုရားဆေးပင်တွေအတွက် ရေအလုံအလောက် ထောက်ပံ့ပေးနိုင်တယ်။ ရေအလုံအလောက်ရှိတော့မှသာ နတ်ဘုရားဆေးပင်တွေက အာဟာရကို ပိုမြန်မြန်စုပ်ယူနိုင်တယ်။

မြေတာအိုဥပဒေသက နတ်ဘုရားဆေးပင်အတွက် အာဟာရတွေကို သယ်ဆောင်ပေးတယ်။

သာမန်လူတွေအနေနဲ့ ဥပဒေသတစ်ခုကို ကျွမ်းကျင်ဖို့က မလွယ်ပေမယ့် ဥပဒေသသုံးခုလုံးကို ကျွမ်းကျင်ဖို့ဆိုရင် စွမ်းအင်ကုန်ဆုံးမှုကို စဉ်းစားကြည့်နိုင်ပါတယ်။

အဓိကအချက်ကတော့ ဥပ‌ဒေသသုံးခုကျွမ်းကျင်ခြင်းက နတ်ဘုရားစိုက်ပျိုးရေးသမားတစ်ယောက်အတွက် အကောင်းဆုံးအခြေအနေတစ်ခုမဟုတ်ပါဘူး၊ သီအိုရီအရ နတ်ဘုရားစိုက်ပျိုး‌‌ရေးသမားတစ်‌ယောက်က ဥပဒေသတွေကို ပိုကျွမ်းကျင်လေလေ၊ အပင်စိုက်ပျိုးတဲ့အခါမှာ အားသာချက်က ပိုကြီးမားလေပါပဲ။

နတ်ဘုရားစိုက်ပျိုးရေးသမားတစ်ယောက်အနေနဲ့ အသက်ဥပဒေသနဲ့သေခြင်းဥပဒေသတို့ကို ကျွမ်းကျင်တယ်ဆိုရင် သူက ခြောက်သွေ့ညှိုးနွမ်းပြီးသေဆုံးနေတဲ့ဆေးပင်တွေကို ပြန်ရှင်သေစေနိုင်လိမ့်မယ်။

မင်းက ဒြပ်စင်ငါးခုဥပဒေသကို ကျွမ်းကျင်တယ်ဆိုရင် မင်းက နတ်ဘုရားဆေးပင်အများစုလိုအပ်တဲ့ကြီးထွားမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်လိမ့်မယ်။

‌နောက်တော့ ရုပ်သေးဆရာနဲ့မှော်စာလုံးဆရာတို့ပါပဲ။

နတ်ဘုရားရုပ်သေးဆရာနဲ့မှော်စာလုံးဆရာတွေကို မဟာဂိုဏ်းကြီးတစ်ခုကို ဆုံးဖြတ်ရာမှာ စံသတ်မှတ်ချက်တစ်ခုလို့ ပြောနိုင်တယ်။

သာမန်ဂိုဏ်းကြီးတွေမှာ စီနီယာနတ်ဘုရားရုပ်သေးဆရာတွေနဲ့စီနီယာမှော်စာလုံးဆရာတွေ ရှိဖို့က မဖြစ်နိုင်ဘူး။ ဘာလို့ဆို စီနီယာနတ်ဘုရားပန်းပဲပညာရှင်နဲ့စီနီယာဆေးပညာရှင်တွေရဲ့ကျင့်ကြံခြင်းက အရင်းအမြစ်အမြောက်အများသုံးစွဲတယ်ဆိုရင် စီနီယာရုပ်သေးဆရာနဲ့စီနီယာမှော်စာလုံးဆရာတွေဖြစ်အောင်ကျင့်ကြံတာက ဆင်တစ်ကောင်လုံးကို ဝါးမျိုတာတောင် မလုံလောက်ပါဘူး။

အစစ်အမှန်ဂိုဏ်းကြီးတွေမှာပဲ စီနီယာရုပ်သေးဆရာနဲ့စီနီယာမှော်စာလုံးဆရာတွေဖြစ်အောင် လေ့ကျင့်ဖို့ အရင်းအမြစ်တွေ ပိုပိုလျှံလျှံရှိနိုင်မှာပါ။

တကယ်‌တော့ ဒီအလုပ်နှစ်ခုလုံးကလဲ အရေးကြီးပါတယ်။

နတ်ဘုရားရုပ်သေးဆရာတွေက ရုပ်သေးတွေကို အမြောက်အများ ဖန်တီးနိုင်တယ်။

ကြယ်သုံးလုံးအဆင့်မြင့်ရုပ်သေးတစ်ရုပ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနဲ့ တူညီတဲ့တိုက်ခိုက်ရေးစွမ်းအားရှိပြီး ၎င်းရဲ့ရုပ်ပိုင်ဆိုင်ရာခုခံမှုက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားထက် အများကြီးပိုသန်မာတယ်။

သာမန်ကြယ်လေးလုံးဂိုဏ်းတစ်ခုမှာ ကြယ်သုံးလုံးအဆင့်မြင့်ရုပ်သေးတွေအမြောက်အများ ပေါင်းထည့်နိုင်ရင် တိုက်ပွဲအနေအထားတစ်ခုလုံးကို ပြောင်းလဲဖို့ လုံလောက်တယ်။

အဆင့်နိမ့်ကြယ်လေးလုံးရုပ်သေးတစ်ရုပ်ကို ဆန်တီးနိုင်ရင် ပိုတောင် မှင်တက်စရာကောင်းပေလိမ့်မယ်။

နတ်ဘုရားရုပ်သေးဆရာနဲ့ ယှဉ်ရင် မှော်စာလုံးဆရာက ပိုထူးခြားတယ်၊ မှော်စာလုံးတွေက အမျိုးမျိုးရှိတာကြောင့်ပဲ။

တိုက်ခိုက်ရေးမှော်စာလုံး၊ ခံစစ်မှော်စာလုံး၊ တည်နေရာရွှေ့ပြောင်းရေးမှော်စာလုံး၊ ရပ်တန့်ခြင်းမှော်စာလုံး၊ ပုံရိပ်ယောင်မှော်စာလုံး၊ ပြောင်းလဲရေးမှော်စာလုံး၊ ဆုတောင်းပေးခြင်းမှော်စာလုံး၊ အသံကူးပြောင်းခြင်းမှော်စာလုံး၊ အဗာတာမှော်စာလုံး၊ အမြင်မဲ့မှော်စာလုံး စသဖြင့် အမျိုးအစားအမျိုးမျိုးရှိတယ်။

ဂိုဏ်းကြီးတစ်ခုမှာ အဆင့်မြင့်မှော်စာလုံးဆရာတစ်‌ယောက်ရှိရင် သူ့ရဲ့ရန်သူတွေက ခေါင်းကိုက်သွားရလိမ့်မယ်။ တစ်ဖက်လူမှာ ဘယ်လိုမှော်စာလုံးအမျိုးအစားရှိသလဲကို မသိနိုင်ဘူးလေ။

ထပ်ပြောရရင် ဒီလိုအလုပ်ကြီးတွေအပြင် အရင်းအမြစ်ခန်းမထဲမှာ လူသိမများတဲ့အလုပ်တွေနဲ့ပတ်သက်တဲ့အရင်းအမြစ်တွေတောင် ရှိတယ်။

လီဖူချန်းက လင်းယွင်ခယ်ကို အလွန်လေးစားမိတယ်၊ တစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့အလုပ်တွေကို ဆည်းပူးနိုင်ခဲ့တာပဲ။

***

All Chapters