တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်း
Vol. 84 Ch. 1175
"ဖြောက်"
လီဖူချန်းက ရင်းမြစ်ခန်းမကို အကုန်နီးပါးရိတ်သိမ်းပြီးတဲ့အခါမှာ ကြီးမားတဲ့နေရာလပ်အက်ကြောင်းတစ်ခုက အရင်းအမြစ်ခန်းမကို ဆုတ်ဖြဲလာတယ်။
"ထွက်သွားဖို့အချိန်ပဲ"
နေရာလပ်-အချိန်နတ်ဘုရားအတတ်တစ်ခုမှ မထုတ်ဖော်ဘဲ လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာတော့ သူက အရင်းအမြစ်ခန်းမရဲ့အပြင်ဘက်မှာ ရှိနေပြီးဖြစ်တယ်။
အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်နေရာလပ်-အချိန်ဥပဒေသက သူ့လှုပ်ရှားမှုတိုင်းကို နေရာလပ်-အချိန်တာအိုနဲ့ တစ်ထပ်တည်းကျစေတယ်။ သူက နေရာလပ်-အချိန်နတ်ဘုရားအတတ်ကို အသုံးမပြုရင်တောင် သူ့လှုပ်ရှားမှုတိုင်းရဲ့ဆန်းကြယ်မှုကို အခြားဥပဒေသတွေက မယှဉ်နိုင်ပါဘူး။
တစ်ခဏကြာပြီးနောက် လိီဖူချန်းက လင်းယွင်ခယ်လိုဏ်ဂူမှ ထွက်လာခဲ့တယ်။
အပြင်ဘက်မှာ ပျက်ဆီးနေတဲ့လင်းယွင်ခယ်လိုဏ်ဂူကို ကြည့်ရင်း အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက ပြောနေကြတယ်။
"ဘာလို့ လင်းယွင်ခယ်လိုဏ်ဂူက ပျက်ဆီးသွားရတာလဲ"
"ထိပ်တန်းအဆင့်စွန့်စားနေရာတစ်ခုဖြစ်တဲ့လင်းယွင်ခယ်လိုဏ်ဂူနေအိမ်မရှိတော့ရင် ဒီလူအိုကြီးက ဆည်းဆာစတုရန်းမြို့မှ ထွက်သွားရတော့မှာပေါ့"
""ကူးရှဖန့်မြို့လဲ အဆင်ပြေတယ်လို့ ငါ ကြားတယ်။ အဲဒီမှာ စွန့်စားခန်းနေရာသုံးခုရှိတယ်။ သူတို့က လင်းယွင်ခယ်လိုဏ်ဂူလောက် မကောင်းပေမယ့် အရေအတွက်များတယ်"
"ဟုတ်တယ်၊ အဖွဲ့ဖွဲ့ပြီး အတူတူ သွားကြရအောင်"
"ဒါပေါ့၊ ငါတို့အသင်းတစ်ခု ဖွဲ့ရမယ်၊ ကူးရှဖန့်မြို့ကနေ ဒီနေရာထိ နှစ်ထောင်ချီကြာမှာ။ အနည်းဆုံးတော့ လမ်းမှာ အဖော်တစ်ယောက်ရှိတာ အန္တရာယ်ကင်းတာပေါ့"
လူတိုင်းရဲ့ဆွေးနွေးသံကို နားထောင်ရင်း လီဖူချန်းက တောင်းပန်နေမိတယ်။
ဒီလင်းယွင်ခယ်လိုဏ်ဂူကို သူနဲ့စစ်ဟိုင်ဝူယာတို့ကပဲ ပျက်ဆီးစေခဲ့တာလေ။
သူတို့နှစ်ယောက်မရှိရင် လင်းယွင်လယ်လိုဏ်ဂူနေအိမ်က နှစ်တစ်သိန်းကျော် တည်ရှိနိုင်အုံးမှာ။
ဒါပေမယ့် ကမ္ဘာကြီးက ဒီလိုပါပဲ၊မတော်တဆမှုတွေ အမြဲတမ်း ရှိတယ်။
ဆည်းဆာနတ်ဘုရာကမ္ဘာမှ ပျံသန်းထွက်လာပြီးနောက် လီဖူချန်းက နတ်ဘုရားဟင်းလင်းပြင်သို့ ရောက်ရှိလာခဲ့တယ်။
လီဖူချန်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးကို ယူထုတ်လိုက်တယ်။
ဒီအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို ငွေရောင်တောင်ပံလို့ခေါ်ပြီး အရွယ်အစားအလယ်အလတ်ရှိတဲ့အာကာသယာဉ်တစ်စင်းဖြစ်တယ်။
ငွေရောင်တောင်ပံအာကာသယာဉ်က အလွန်လှပပြီးဆန်းကြယ်တယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ငွေရောင်သန်းပြီး ရွက်တွေ မရှိဘူး။ သင်္ဘောရဲ့တစ်ဖက်တစ်ချက်မှာ ငွေရောင်တောင်ပံတစ်စုံရှိတယ်။
"မြန်နှုန်းက ဘယ်လိုရှိမလဲ"
လီဖူချန်းက မူလချီရေကန်ကို အညံ့စားနတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခု ဖြည့်ခဲ့တယ်။
"သွားစမ်း"
လီဖူချန်းရဲ့အတွေးနဲ့အတူ ငွေရောင်တောင်ပံက ငွေရောင်အလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ချက်ချင်း ပျောက်သွားတော့တယ်။
"ဒီလောက်တောင် မြန်တယ်ပေါ့"
နတ်ဘုရားဟင်းလင်းပြင်ထဲရှိတစ်နေရာမှာ ငွေရောင်တောင်ပံအာကာသယာဉ်က ရပ်သွားပြီး ကုန်းပတ်ပေါ်ရှိလီဖူချန်းကတော့ အံ့ဩမှင်တက်နေမိတယ်။
ငွေရောင်တောင်ပံအာကာသယာဉ်က ထူးကဲအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုသာဖြစ်ပေမယ့် ၎င်းရဲ့အရှိန်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်အပြာရောင်မီးလျှံထက် အဆတစ်ရာပိုတယ်။ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုမှာ ဒီလိုမြန်နှုန်းမရှိလောက်ဘူးလို့ လီဖူချန်းက ခန့်မှန်းထားတယ်။
"အညံ့စားနတ်ဘုရားကျောက်တုံးရဲ့အသက်အား(မူလချီ)အရည်အသွေးက မမြင့်ဘူး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနဲ့ စမ်းသပ်ရမယ်"
လီဖူချန်းက အသက်အား(မူလချီ)ရေကန်ထဲရှိအညံ့စားနတ်ဘုရားကျောက်တုံးကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနဲ့ အစားထိုးလိုက်တယ်။
ဒီတစ်ခါမှာတော့ ငွေရောင်တောင်ပံအာကာသယာဉ်က အဆအနည်းငယ်ပိုမြန်လာတယ်။
အတိတ်မှာ ၎င်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအများစုထက်ပဲ သာလွန်တာ။ အခုဆိုရင် ၎င်းက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်ကို ကျော်လွန်သွားပြီ။
သိချင်စိတိပြင်းပျစွာနဲ့ လီဖူချန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးနဲ့ ထပ်မံစမ်းသပ်လိုက်တယ်။
သက်ရောက်မှုက မသိသာလှဘူး၊ မြန်နှုန်းက နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ပိုလာတယ်။
စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်မှာ ၎င်းရဲ့ပေါက်ကွဲမှုကန့်သတ်ချက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ မင်းက ဒီအကန့်အသတ်ကို ကျော်လွန်ရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးဒါမှမဟုတ်ထိပ်တန်းအဆင့်နတ်ဘုရားကျောက်တုံးကို သုံးရင်တောင် အသုံးဝင်မှာမဟုတ်ပါဘူး။
ငွေရောင်တောင်ပံအာကာသယာဉ်အတွက် စွမ်းအင်ရင်းမြစ်အဖြစ် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို အသုံးပြုတာက လုံလောက်တာထက်ပိုမှန်း သိသာပါတယ်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးက အနည်းငယ်လွန်ကဲပါတယ်လေ၊ မလိုအပ်လှပါဘူး။
"ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့် အကုန်အကျများလွန်းပါတယ်လေ"
လီဖူချန်းက တွက်ချက်ထားတယ်၊ အညံ့စားနတ်ဘုရားကျောက်တုံးတွေကို ခရီးနှင်ဖို့အတွက် စွမ်းအင်အဖြစ် အသုံးပြုမယ်ဆိုရင် တစ်နေ့ကို ဘီလီယံအနည်းငယ်၊ တစ်နှစ်ဆိုရင် တစ်ထရီလီယံ၊ နှစ်တစ်ထောင်ဆိုရင် တစ်ထောင်ထရီလီယံကျော် သုံးစွဲရလိမ့်မယ်ပေါ့။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို စွမ်းအင်အဖြစ် အသုံးပြုမယ်ဆိုရင် တစ်နှစ်ဆိုရင် သန်းတစ်ရာ၊ နှစ်တစ်ထောင်ဆိုရင် ဘီလီယံတစ်ရာပေါ့လေ။
ကံကောင်းစွာနဲ့ အခု လီဖူချန်းမှာ နတ်ဘုရားကျောက်တုံးတွေ အများကြီးရှိနေတာပဲ။
သူ့မှာ အညံ့စားနတ်ဘုရားကျောက်တုံးနှစ်ဆယ်မီဂါဘိုက်ကျော်ရှိတယ်။ အဲဒါကို ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုမယ်ဆိုရင် ငွေရောင်တောင်ပံအာကာသယာဉ်က နှစ်နှစ်သိန်းကြာ ဆက်လက်ပျံသန်းနိုင်တယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာလောက် ရှိပြီး အဲဒါကို ငွေရောင်လေယာဉ်ပျံအာကာသယာဉ်အတွက် စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုမယ်ဆိုရင် နှစ်တစ်သိန်းလောက် ပျံသန်းနိုင်မယ်။
လီဖူချန်းမှာလဲအလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံကျော်ရှိတယ်။
လီဖူချန်းရရှိခဲ့တဲ့အရင်းအမြစ်တွေရဲ့တန်ဖိုးက နတ်ဘုရားကျောက်တုံးတွေထက် အများကြီးပိုတန်ဖိုးရှိတယ်ဆိုတာကို ဖော်ပြစရာမလိုပါဘူး။
ဘာတစ်ခုမှမပြောနဲ့အုံး၊ ငွေရောင်တောင်ပံအာကာသယာဉ်ကိုယ်တိုင်ကတောင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံ ထိုက်တန်တယ်။
ပြီးတော့ ကြယ်လေးလုံးဆေးမီးဖိုကတော့ ၎င်းရဲ့တန်ဖိုးက မတိုင်းတာနိုင်ဘူး၊ အနည်းဆုံး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးထရီလီယံအချို့ ထိုက်တန်တယ်။
"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို သာမန်လိုပဲ အသုံးပြုနေရတာပဲ"
အတိတ်တုန်းကဆိုရင် လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကို အသုံးပြုတဲ့အပေါ် သေချာပေါက် ချီတုံချတုံဖြစ်နေရလိမ့်မယ်။ အခုတော့ သူမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်ရှိနေပြီးဆိုတော့ အရမ်းချွေတာစရာမလိုတော့ဘူး။
လီဖူချန်းက ဆည်းဆာစတုရန်းမြို့ကို ရောက်လာတဲ့အခါမှာ သူက ခြေတစ်လှမ်းနောက်ကျသွားပြီးဆိုတာ သိခဲ့တယ်၊ ဆည်းဆာစတုရန်းမြို့ထဲရှိဂိုဏ်းကြီးတွေကို စစ်ဟိုင်ဟူယာက အခြေခံအားဖြင့် ဖယ်ရှားပစ်ခဲ့တယ်။ မီးတိမ်ဂိုဏ်းနဲ့ဦးခေါင်းခွံရွာကိုလဲ သူက ဖျက်ဆီးခဲ့တယ်။
"ကံမကောင်းတာပဲ"
နတ်ဘုရားကျောက်တုံးတွေအများကြီး မရတော့တာ စိတ်မကောင်းစရာတစ်ခုပါပဲ။
အရိုးသားဆုံးပြောရရင် ဒီဂိုဏ်းကြီးတွေရဲ့အညံ့စားနတ်ဘုရားကျောက်တုံးတွေက သူ့ရဲ့အညံ့စားနတ်ဘုရားကျောက်တုံးကို ထရီလီယံတစ်ထောင်ကျော် ပေါင်းထည့်နိုင်ပေမယ့် လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကို ပိုတန်ဖိုးထားပါတယ်။ အညံ့စားနတ်ဘုရားကျောက်တုံးဘယ်လောက်ပဲရှိရှိ၊ အရေအတွက်တစ်ခုမျှပါပဲ။
သူ စိတ်မကောင်းတာက ဆည်းဆာကျောက်တုံးနဲ့ ဖျက်ဆီးခြင်းကျောက်တုံးတို့လို ဂိုဏ်းကြီးတွေရဲ့ရတနာတွေကိုပါ။
……
ဆည်းဆာစတုရန်းမြို့မှ အလွန်ဝေးတဲ့နေရာတစ်ခုမှာ စစ်ဟိုင်ဝူယာက အဆင့်မြင့်ပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပေါ်မှာ တင်ပျဉ်ခွေထိုင်ရင်း နှာခေါင်းရှုံ့လိုက်တယ်။
ဆည်းဆာစတုရန်းမြို့ကို ဖျက်ဆီးပြီးနောက် သူ့ရဲ့အညံ့စားနတ်ဘုရားကျောက်တုံးတွေက တစ်ရာ့ငါးဆယ်ထရီလီယံအထိကို ရောက်ရှိလာပြီ။ ထပ်ပြောရရင် ဆည်းဆာကျောက်တုံးနဲ့ဖျက်ဆီးခြင်းကျောက်တုံးတို့ကို အများကြီးရရှိခဲ့တာလေ။
အတိုင်းအတာတစ်ခုအထိတော့ ဆည်းဆာစတုန်းမြို့ထဲကနေရရှိမှုတွေက လင်းယွင်ခယ်လိုဏ်ဂူမှာ သူ့ရဲ့ဆုံးရှုံးမှုအတွက် အစားထိုးအနေနဲ့ သတ်မှတ်လို့ရတာပေါ့လေ။
"မြန်နှုန်းက နှေးလွန်းတယ်၊ အခွင့်အရေးတစ်ခုရှိရင် ပျံသန်းရေးစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရအောင် လုပ်ရမယ်"
သူကိုယ်တိုင်ခရီးသွားတဲ့အရှိန်ကတောင် ဒိီအဆင့်မြင့်ပျံသန်းရေးအစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းထက် သေချာပေါက် ပိုမြင့်တယ်၊ ဒါပေမယ့် သူက အချိန်အကြာကြီး မတောင့်ခံနိုင်လို့ပဲ။
အစစ်အမှန်ပျံသန်းရေးနတ်ဘုရားအသုံးအဆောင်ပစ္စည်းက မကြီးသလို မသေးပါဘူး။ စစ်ဟိုင်ဝူယာက ဆည်းဆာကျောက်တုံးတစ်တုံးကို ယူထုတ်ကာ အထဲရှိ အချိန်ဥပဒေသကို စတင်နားလည်ခဲ့တယ်။
လီဖူချန်းကို ရှုံးနိမ့်တာက သူ့ဘဝရဲ့ပထမဆုံးအရှုံးပါပဲ။
ဒီရှုံးနိမ့်မှုက သူ့ယုံကြည်ချက်ကို မပျက်ဆီးသွားပေမယ့် အပြင်ကမ္ဘာမှာ သူ့လိုလူတွေ အများကြီးရှိတယ်၊ သူ့မှာ ကောင်းကင်ဆန့်ကျင်ရတနာတစ်ခုရှိရင်တောင် မကြိုးစားရင် သူက ကောင်းကင်ဆန့်ကျင်ရတနာတစ်ခုရှိတဲ့နောက်ထပ်လူထူးဆန်းတစ်ယောက်ကို ရှုံးနိမ့်သွားရလိမ့်မယ်ဆိုတာ သူ့ကို သဘောပေါက်စေခဲ့တယ်။
ဒါက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမဟုတ်သေးဘူး။ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာဆိုရင် ပါရမီရှင်တွေ ပိုတောင် များပေလိမ့်မယ်။
ကံကောင်းစွာနဲ့ သူ့ရဲ့အားသာချက်က အလွန်ကြီးမားတယ်။ သူရရှိခဲ့တဲ့ကောင်းကင်ဆန့်ကျင်ရတနာက သူ့ရဲကျင့်ကြံခြင်းအချိန်ကို ဆယ်ဆလျော့နည်းသွားစေနိုင်တယ်။ ဒါက စဦးသက်ရောက်မှုပဲ ရှိသေးတယ်။ နှောင်းပိုင်းတွေမှာဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းအချိန်ကို အဆတစ်ရာအဆတစ်ထောင်လောက် ပိုတိုသွားစေနိုင်တယ်။
ဒါက လီဖူချန်းကို ရှုံးနိမ့်ပြီးနောက် သူ စိတ်ဓာတ်မကျခဲ့တဲ့အကြောင်းပြချက်လဲ ဖြစ်တယ်။
သူ့ရဲ့အားသားချက်က ကြီးမားလွန်းတယ်၊ နောက်တစ်ကြိမ် လီဖူချန်းနဲ့ ထပ်တွေ့တဲ့အခါကျရင် သူက ရန်သူကို လုံးဝအပြတ်အသတ်ရိုက်နှက်နိုင်လိမ့်မယ်။
"နောက်တစ်ကြိမ်ငါတို့ပြန်တွေ့ဖို့ ငါ မျှော်လင့်တယ်"
စစ်ဟိုင်ဝူယာပတ်လည်ရှိအချိန်စီးဆင်းမှုက စတင်တိုးလာတယ်၊ သုံးဆ၊ ခြောက်ဆ၊ ကိုးဆ၊ ဆယ်ဆ........
အချိန်ကွာခြားချက်ကြောင့် ဒိီအချိန်မှာ တစ်ယောက်ယောက်က အနီးနားမှာရှိရင် စစ်ဟိုင်ဝူယာကို လုံးဝမြင်နိုင်မှာမဟုတ်ဘူး။
……
ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့အရှိန်က မြန်လွန်းတယ်၊ အပြာရောင်မီးလျှံထက် အဆတစ်ရာလောက် ပိုမြန်တယ်။
အနီးနားမှာ တစ်ခုခုလျှပ်တစ်ပြက်လက်သွားတာကိုတောင် အချို့ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားသက်ရှိတွေက သတိမပြုမိနိုင်ခဲ့ဘူး။
ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားသက်ရှိတွေက သတိပြုမိနိုင်ပေမယ့် လိုက်မမိနိုင်ပါဘူး။ သူတို့က လှုပ်ရှားရုံပဲရှိသေးတယ်၊ ငွေရောင်တောင်ပံအာကာသယာဉ်က အကွာအဝေးတစ်ခုကို ပျံသန်းသွားနေပြီလေ။
ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားသက်ရှိတွေကိုတော့ လီဖူချန်းက တစ်ကောင်မှ မတွေ့ဖူးပါဘူး။
"ဒီနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ဆိုရင် ငါက ခရီးသွားချိန်အများစုကို လျော့ချနိုင်မယ်"
ရင်းမြစ်ခန်းမထဲမှာ လီဖူချန်းက ငွေရောင်တောင်ပံအာကာသယာဉ်သာမက အလွန်အသုံးဝင်တဲ့တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုလဲ ရရှိခဲ့တယ်။
တည်နေရာပြအသုံးအဆောင်ပစ္စည်းဆိုတဲ့အတိုင်းပဲ၊ တည်နေရာကို ဖော်ထုတ်ဖို့ အသုံးပြုတဲ့ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်တယ်။
အားလုံးသိတဲ့အတိုင်းပဲ၊ နတ်ဘုရားဟင်းလင်းပြင်က အရမ်းကျယ်ပြောတာ။ အသေးစိတ်လမ်းပြမြေပုံမရှိရင် နတ်ဘုရားဟင်းလင်းပြင်ထဲမှာ လမ်းပျောက်သွားနိုင်တယ်။
ပြီးတော့ တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းက လမ်းပြမြေပုံထက် ပိုကောင်းတဲ့ပစ္စည်းတစ်ခု ဖြစ်တယ်။
၎င်းက နေရာလပ်ဥပဒေသကိုကျွမ်းကျင်တဲ့အားကောင်းတဲ့နတ်ဘုရားတစ်ယောက်သန့်စင်ခဲ့တဲ့နေရာလပ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။
အသစ်သန့်စင်ထားတဲ့တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အထဲမှာ ကွက်လပ်တစ်ခုရှိပြီး ကိုင်ဆောင်သူအနေနဲ့ လမ်းကြောင်းမြေပုံကို ဖြည့်သွင်းဖို့ လိုအပ်တယ်။
လမ်းပြမြေပုံထက် ပိုကောင်းတဲ့အကြောင်းရင်းကတော့ လမ်းပြမြေပုံက ပုံသေဖြစ်ပြီး တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းက သုံးဖက်မြင် ဖြစ်တယ်။ စိတ်ဝိညာဉ်စွမ်းအားက ဝင်ရောက်သွားတဲ့အခါ နေရာလပ်အတုကို ဝင်ရောက်သွားသလိုပဲ။ အထဲရှိပစ္စည်းတွေ အစစ်ဟုတ်မဟုတ်ကတော့ မင်းရဲ့ဖြည့်သွင်းခြင်းအဆင့်အပေါ် မူတည်တယ်။
မင်းရဲ့ဖြည့်သွင်းခြင်းအဆင့်က အလွန်မြင့်မားရင် မင်းက အထဲမှာ သက်ရှိကြယ်တွေကို ဖန်တီးနိုင်တယ်။
"ဒါက တကယ်ကို မျက်စိပွင့်နားပွင့်ပဲဟေ့"
ငွေရောင်တောင်ပံအာကာသယာဥ်ရဲ့ကုန်းပတ်ပေါ်မှာ လီဖူချန်းရဲ့လက်ထဲမှာ လက်ဝါးအရွယ်အစားခရမ်းရောင်ချပ်ပြားတစ်ခုကို ကိုင်ဆောင်ထားတယ်။ ခရမ်းရောင်ချပ်ပြားရဲ့အရှေ့မှာ ခရမ်းရောင်ပုံဆောင်ခဲတစ်ခုရှိပြီး ၎င်းအပေါ်မှာ အသေးစိတ်လမ်းကြောင်းမြေပုံတစ်ခုရှိတယ်။
ဒိီလမ်းကြောင်းမြေပုံမှာ သိပ်သည်းတဲ့အလင်းစက်အစီအရင်အလွှာတစ်ခု ပါဝင်တယ်၊ အရောင်အားဖြင့် နက်မှောင်တယ်၊ မင်းက အနီးကပ်ကြည့်ရင် သူတို့ရဲ့ပုံသဏ္ဍာန်တွေကို မရှင်းမလင်းမြင်နိုင်တယ်။
ဥပမာအားဖြင့် အချို့အလင်းစက်တွေရဲ့အတွင်းပိုင်းက တကယ်တော့ နတ်ဘုရားကြယ်တစ်လုံးဖြစ်တယ်၊ အချို့အလင်းစက်တွေရဲ့အတွင်းပိုင်းက တိုက်ကြီးတစ်ခုဖြစ်တယ်၊ အချို့အလင်းစက်တွေရဲ့တွေရဲ့အတွင်းပိုင်းက သစ်တောတစ်ခုဖြစ်တယ်၊ အချို့အလင်းစက်တွေရဲ့အတွင်းပိုင်းက အဆောက်အအုံတစ်ခုဖြစ်တယ်.......
သူတို့ကြားမှာ ပြိုးပြိုးပြက်ပြက်လက်နေတဲ့အလင်းစက်တစ်ခုရှိတယ်။
လီဖူချန်းရဲ့အတွေးက လျင်မြန်စွာ လှုပ်ရှားသွားတယ်၊ ပြိုးပြိုးပြက်ပြက်အလင်းစက်က သူ့ရဲ့တည်နေရာဆိုတာ ချက်ချင်း နားလည်ခဲ့တယ်။
မင်းရဲ့တည်နေရာကို အမှတ်အသားပြုဖို့ စွမ်းရည်ရှိတဲ့ လမ်းပြမြေပုံတစ်ခု၊ ဒီလိုလက္ခဏာတစ်ခုကို သာမန်လမ်းပြမြေပုံမှာ မရရှိနိုင်ဘူး။
ဒီအတိုင်းဆိုရင် တည်နေရာပြအသုံးအဆောင်ပစ္စည်းရဲ့ဆန်းကြယ်မှုကို မလုံလောက်ပါဘူး။
စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး လီဖူချန်းက ခရမ်းရောင်ချပ်ပြားရဲ့အတွင်းပိုင်းကို ကျူးကျော်လာခဲ့တယ်။
ရုတ်တရက် လီဖူချန်းက အနက်ရောင်နေရာလပ်တစ်ခုသို့ ရောက်ရှိလာခဲ့တယ်။
ဒိီနေရာလပ်က နတ်ဘုရားဟင်းလင်းပြင်နဲ့ အလွန်တူတယ်။ ဒါပေမယ့် ဒါက ပုံသဏ္ဍာန်အားဖြင့်ပဲ တူတယ်။
နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ရှေ့တိုးသွားနေတယ်။ မကြာမီမှာပဲ လီဖူချန်းက ကြီးမားတဲ့နတ်ဘုရားကြယ်တစ်လုံးကို မြင်တွေ့ခဲ့တယ်။ ဒီနတ်ဘုရားကြယ်က အဆုံးမဲ့မိုးကြိုးကို ထုတ်လွှတ်နေတယ်။
နောက်တော့ လီဖူချန်းက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုကို မြင်ခဲ့တယ်။
နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ဆက်သွားနေခဲ့တယ်။ နတ်ဘုရားကမ္ဘာတစ်ထောင်ကျော်ကို ဖြတ်သန်းပြီးနောက် လီဖူချန်းက နတ်ဘုရားဟင်းလင်းပြင်တောအုပ်တစ်အုပ်ကို မြင်ခဲ့တယ်။
အဆုံးမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ခရမ်းရောင်အလင်းထုတ်လွှတ်နေတဲ့အလင်းအစုအဝေးတစ်ခုဆီ ရောက်ရှိလာခဲ့တယ်။
"ဒါ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာပဲ ဖြစ်ရမယ်"
တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းထဲရှိနေရာလပ်အကွာအဝေးကို အနည်းဆုံး အဆတစ်သန်းကျော် ကျုံ့ထားတယ်။ သို့မဟုတ်ရင် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်ပဲမြန်မြန်၊ တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အဆုံးသတ်ကို ဒိလောက်လျင်မြန်စွာ ရောက်ရှိသွားဖို့ မဖြစ်နိုင်ဘူးလေ။
***