← Chapters

ဟင်းလင်းပြင်အတားအဆီး

Vol. 84 Ch. 1177

ဟင်းလင်းပြင်အတားအဆီး

Vol. 84 Ch. 1177

ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ပြီးဆိုတော့ လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်ပြောင်းလဲမှုကို လေ့လာဖို့ အချိန်ရှိလာတယ်။

လက်ရှိအချိန်မှာ စိတ်ဝိညာဉ်က လိမ္မော်ဖျော့ရောင်အဖြစ် လုံးဝပြောင်းလဲသွားတယ်။ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ အဆုံးမဲ့လိမ္မော်ဖျော့ရောင်စီးကြောင်းတွေက အရောင်လက်ကာ တဖျပ်ဖျပ်လှုပ်နေတယ်၊ ကြည့်ရတာ အလွန်အိမ်မက်ဆန်လှတယ်။

"ဒါ အံ့ဩစရာကောင်းတဲ့ခံစားချက်တစ်ခုပဲ"

သူ့ရဲ့အတွေးတွေက ထပ်မံတိုးတက်လာတယ်လို့ လီဖူချန်းက ခံစားမိတယ်။ ယခင်က လင်းယွင်ခယ်လိုဏ်ဂူအိမ်တော်မှာ စုဆောင်းခဲ့တဲ့ ဖျက်ဆီးခြင်းဥပဒေသနားလည်မှု၊ နေရာလပ်ဥပဒေသနားလည်မှု၊ အချိန်ဥပဒေသနားလည်မှုတို့က အခု သူ့ရဲ့ကိုယ်ပိုင်အခြေခံအုတ်မြစ်အဖြစ် ရူးသွပ်ဖွယ်ရာ ပြောင်းလဲလာနေတယ်။

စိတ်ဝိညာဉ်ပင်လယ်က အထူးနေရာတစ်ခုဖြစ်တယ်၊ အဲနေရာမှာ အသိစိတ်အာရုံက နေထိုင်ပြီး အချိန်ရဲ့ပြောင်းလဲမှုတွေကို အနည်းငယ်မျှ ခံစားနိုင်တယ်။

သူ့ရဲ့စိတ်ဝိညာဥ်‌အပြောင်းအလဲက ယူဆောင်လာတဲ့ ပြောင်းလဲမှုတွေထဲမှာ လီဖူချန်းက နစ်မြောနေတဲ့အခိုက် လီဖူချန်းရဲ့‌နေရာလပ်ဥပဒေသနဲ့အချိန်ဥပဒေသက အလိုအလျောက် ချိုးဖြတ်လာခဲ့တယ်။

နေရာလပ်ဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်မှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်အထိ ချိုးဖြတ်ခဲ့တယ်။

အချိန်ဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအထွတ်အထိပ်နယ်ပယ်မှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနယ်ပယ်သို့ ချိုးဖြတ်ခဲ့တယ်။

တစ်ချိန်တည်းမှာ အချိန်နဲ့နေရာလပ်ဥပဒေသကလဲ မြင့်တက်လာပြီး နောက်ဆုံးမှာ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်မှ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစဦးနယ်ပယ်သို့ ချိုးဖြတ်ခဲ့တယ်။

"ဒီလိုလား"

လီဖူချန်းက အနည်းငယ်မှင်တက်သွားတယ်။

သူက နေရာလပ်ဥပဒေသနဲ့အချိန်ဥပဒေသတို့ကို တမင်တကာ မကျင့်ကြံခဲ့ပါဘူး၊ ပြီးတော့ သူက ဒီဥပဒေသနှစ်ခုကို ချိုးဖြတ်ခဲ့တယ်။ သူက အချိန်အချို့ယူပြီး အလေးအနက်ထားကျင့်ကြံမယ်ဆိုရင် သူက လျင်မြန်စွာ ဆက်လက်ချိုးဖြတ်သွားနိုင်လောက်မလား။

သက်သေပြဖို့အတွက် လီဖူချန်းက စိတ်ဝိညာဉ်ပင်လယ်ထဲမှာ နေရာလပ်ဥပဒေသနဲ့အချိန်ဥပ‌ဒေသထိုးသွင်းသိမြင်မှုတို့ကို စတင်စုစည်းခဲ့တယ်။

အသိစိတ်ကျင့်ကြံခြင်းနဲ့အသိမဲ့ကျင့်ကြံခြင်းတို့က လုံးဝမတူညီတဲ့သက်ရောက်မှုတွေရှိတယ်လို့ ပြောရမယ်။

လီဖူချန်းရဲဲ့တမင်တကာလုပ်ဆောင်ချက်တွေအောက်မှာ နေရာလပ်ဥပဒေသထိုးထွင်းသိမြင်မှုနဲ့အချိန်ဥပဒေသထိုးထွင်းသိမြင်မှုတို့က သူတို့ရဲ့ကိုယ်ပိုင်အခြေခံအုတ်မြစ်တွေအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာခဲ့တယ်။

နေရာလပ်ဥပဒေသ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအထွတ်အထိပ်၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေ။

အချိန်ဥပဒေသ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေ။

နေရာလပ်-အချိန်ဥပဒေသ၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစဦးအထွတ်အထိပ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေ။

လီဖူချန်းကို အံ့အားသင့်စေတာကတော့ ဖျက်ဆီးခြင်းဥပဒေသလဲ တိုးတက်လာခဲ့တာပဲ၊ ယခင်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှနှောင်းပိုင်းအခြေအနေမှာ တစ်နေခဲ့တာ။

အခု အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအထွတ်အထိပ်ကို ကျော်ဖြတ်ကာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိလာခဲ့တယ်။

ဒါပေမယ့် ဒီတိုးတက်မှုက လီဖူချန်းရဲ့ဖျက်ဆီးခြင်းကျောက်တုံးနဲ့လင်းယွင်းခယ်လိုဏ်ဂူထဲမှ စုဆောင်းထားသမျှအရာအားလုံးကို ကုန်ဆုံးစေခဲ့တယ်။ အနာဂတ်မှာ ချိုးဖြတ်ရတာ ပိုတောင် ခက်ခဲလာပါလိမ့်မယ်။

အခွင့်အရေးမရှိတဲ့အချိန်မှာ သူက သူ့ရဲ့သာမန်ဘဝထဲရှိ ဖျက်ဆီးခြင်းအနှစ်သာရအားလုံးကိုသာ လေ့လာနိုင်တယ်၊ ဖြည်းဖြည်းချင်းစုဆောင်းကာ နားလည်နိုင်တယ်။

"နေရာလပ်-အချိန်စွမ်းအားက ချိုးဖြတ်တော့မှာပဲ"

လီဖူချန်းရဲ့အသိစိတ်အာရုံက စိတ်ဝိညာဉ်ပင်လယ်မှ ထွက်လာတယ်၊ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားတဲ့အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးအရေအတွက်တစ်ခုက ထွက်ပေါ်လာတယ်။

နေရာလပ်-အချိန်ဥပဒေသက ဓားတာအိုဥပဒေသနဲ့ မယှဉ်နိုင်တာကြောင့် ‌နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ခဲ့ပြီး အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားကျောက်တုံးသုံးစွဲမှုက မများပါဘူး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းအနည်းငယ်သာ ရှိတယ်။ လီဖူချန်းအတွက် အဲဒါက မိုးဖွဲဖွဲရွာသလောက်ပါပဲ။

"ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆုံးစွန်းဖျက်ဆီးခြင်းနောက်ကို လိုက်တာက လွဲပြီး  အခြားနတ်ဘုရားစွမ်းအားက ခွန်အားနောက်ကို မလိုက်ပါဘူး။ မဟုတ်ဘူး၊ ဓားတာအိုနတ်ဘုရားစွမ်းအားက အဆုံးစွန်းသေစေနိုင်စွမ်းကို လိုက်တယ်။ ကံမကောင်းစွာနဲ့ လက်ရှိမှာ ငါက ဓားတာအိုဥပဒေသကို မွေးရာပါထိပ်တန်းအဆင့်ဥပဒေသကို ရောက်အောင် မလုပ်နိုင်သေးတာပဲ"

နတ်ဘုရားစွမ်းအားတစ်ခုစီမှာ ၎င်းရဲ့ကိုယ်ပိုင်ပင်ကိုလက္ခဏာတစ်ခုစီ ရှိတယ်။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆုံးစွန်းဖျက်ဆီးခြင်းကို လိုက်တယ်။ ခွန်အားက မလုံလောက်ရင် အရာအားလုံးကို ဘယ်လိုဖျက်ဆီးရမလဲ။

နေရာလပ်-အချိန်စွမ်းအားက အဆုံးစွန်းပြောင်းလဲမှုကို လိုက်တယ်။

ဓားတာအိုနတ်ဘုရားစွမ်းအားက အဆုံးစွန်းသေ‌စေနိုင်စွမ်းကို လိုက်တယ်။ သေစေနိုင်စွမ်းနဲ့ဖျက်ဆီးခြင်းက မတူပါဘူး။

မီးတာအိုနတ်ဘုရားစွမ်းအားအတွက်ကတော့ အဲဒါနဲ့ ပတ်သက်ပြီး မပြောတော့ဘူး။ သာမန်နတ်ဘုရားစွမ်းအားတစ်ခုအနေနဲ့ မီးတာအိုနတ်ဘုရားစွမ်းအားက ထိပ်တန်းအဆင့်နတ်ဘုရားစွမ်းအားနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းမမှီပါဘူး။

ဖျက်ဆီးခြင်းဥပဒေသက တိုးတက်လာတာကြောင့် လီဖူချန်းက ဖျက်ဆီးခြင်းဥပဒေသကို ပိုထိန်းချုပ်နိုင်တယ်၊ ဒါကြောင့်‌ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို ထပ်မံတိုးတက်စေဖို့ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ဘီလီယံကို သုံးစွဲခဲ့တယ်။

ရလဒ်တစ်ခုအနေဲ့ အချိန်တိုအတွင်းမှာ လီဖူချန်းက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဘီလီယံကို သုံးစွဲခဲ့တယ်။

ဒါက ချိုးဖြတ်တာမျှပဲ။ အနာဂတ်မှာ သူက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို ကျင့်ကြံတဲ့အခါ လီဖူချန်းရဲ့နတ်ဘုရားကျောက်တုံးသုံးစွဲခြင်းအရှိန်က အခြားနတ်ဘုရားစွမ်းအားတွေထက် အဆရာအနည်းငယ်ဖြစ်မှာ မလွဲဧကန်ပါပဲ။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက သုံးစွဲတဲ့ နတ်ဘုရားကျောက်တုံးက ပိုများလေလေ၊ စွမ်းအားက ပိုကောင်းလေလေပါပဲ။

ဖျက်ဆီးခြင်းဥပဒေသနဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားနှစ်ခုစလုံးက တိုးတက်ခဲ့တယ်‌ဆိုတော့ သူက တစ်ယောက်မှ မထိန်းချုပ်ထားတဲ့ အဆုံးစွန်းအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဖျက်ဆီးနိုင်တယ်လို့ လီဖူချန်းက ခံစားမိတယ်။

ဒါပေမယ့် လီဖူချန်းက အဲလိုမလုပ်ခဲ့ပါဘူး။

စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အရမ်းတန်ဖိုးရှိတယ်၊ သူက နောက်ထပ်ဖြုန်းတီးစရာလား။

ခန္ဓာကိုယ်ထဲရှိဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားအဖြစ်သို့ ပြောင်းသွားခဲ့တယ်၊ လီဖူချန်းရဲ့ပုံရိပ်က ပုံရိပ်ယောင်ဖြစ်သွားပြီး သူက ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့အပြင်ဘက်မှာ ထွက်ပေါ်လာခဲ့တယ်။

ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့အရှိန်က အလွန်မြန်တယ်၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားထက် ပိုမြန်တယ်။ အပြင်ဘက်ကမ္ဘာမှ လီဖူချန်းကို လျင်မြန်စွာ ချန်ထားခဲ့ပေမယ့် နောက်အခိုက်အတန့်မှာ လီဖူချန်းက လိုက်မီသွားပြန်တယ်။

ကုန်းပတ်ပေါ်မှာ လီဖူချန်းရဲ့အမူအရာက တက်ကြွနေတော့တယ်။

"နေရာလပ်-အချိန်ဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားပြီ။ ဒါ တကယ်ကို မှင်တက်စရာပဲ။ တည်နေရာရွှေ့ပြောင်းမယ်ဆိုရင် အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ငွေရောင်တောင်ပံအာကာသယာဉ်က ငါ့ကို ချန်ထားလို့မရတော့ဘူး" လီဖူချန်းက အလွန်အံ့ဩနေမိတယ်။

သူ တည်နေရာရွှေ့ပြောင်းလိုက်တာနဲ့ အဆင့်နိမ့်အဆင့်စိတ်ဝိညာဉ်နတ်ဘုရားတွေက သူ့ထက် ပိုမမြန်တော့ပါဘူး။

ဒါပေမယ့် တည်နေရာရွှေ့ပြောင်းတာကလဲ ချို့ယွင်းချက်တွေ ရှိပါတယ်၊ ၎င်းကို အချိန်အကြာကြီး အသုံးပြုလို့မရပါဘူး။

အခြားစကားဖြင့် ဆိုရရင် တည်နေရာရွှေ့ပြောင်းတာက သူ့ရဲ့ပေါက်ကွဲမှုအရှိန်ကို အလွန်မှင်တက်စရာကောင်းတဲ့အဆင့်တစ်ခုသို့ ရောက်ရှိစေခဲ့တယ်။ အချိန်အကြာကြီးခရီးသွားဖို့အတွက် အဲဒါကို အသုံးပြုရင်တော့ သေချာပေါက် အလုပ်လုပ်မှာ မဟုတ်ဘူး၊ အားအင်ကုန်ခန်းကာ သေဆုံးသွားရလိမ့်မယ်။

မည်သို့ပင်ဆိုစေ၊ လီဖူချန်းက အလွန်ကျေနပ်မိတယ်။

သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသနယ်ပယ်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေမှာပဲ ရှိတယ်ဆိုတာ သိဖို့ လိုတယ်။

"ဆည်းဆာကျောက်တုံးငါးတုံးနဲ့ ငါ အခုထိ မကျင့်ကြံရသေးတဲ့ နေရာလပ်အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုရှိသေးတယ်"

လမ်းတစ်လျှောက်မှာ ဘာမှလုပ်စရာမရှိဘူးလေ။ လီဖူချန်းက ‌အချိန်နဲ့နေရာလပ်ဥပဒေသနယ်ပယ်တွေကို ဆက်လက်တိုးတက်ဖို့ ရည်ရွယ်ထားတယ်။ သူ ဘာလို့ ဓားတာအိုဥပဒေသနယ်ပယ်ကို မကျင့်ကြံသလဲဆိုတော့ လီဖူချန်းမှာ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိတယ်။

ခရမ်းရောင်နတ်ဘုရားကမ္ဘာသို့ခရီးက အရှည်ကြီးပဲလေ။ သူ့မှာ နီလာကိရိယာငယ်ရှိရင်တောင် အချိန်ကို တစ်ဝက်ကျော်ပဲ ချုံ့နိုင်မှာ။

ဒီလိုခရီးရှည်ကြီးတစ်ခုနဲ့အတူ ကပ်ဆိုက်မှုတွေ ကြုံတွေ့ရမယ်ဆိုတာ မလွဲဧကန်ပါပဲ။ လက်ရှိအချိန်မှာ ဓားတာအိုဥ‌ပဒေသအဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ မပါဝင်ဘူး။ မင်းအနေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားတွေကို အနိုင်ယူချင်သေးတာလား၊ ဖြစ်နိုင်မယ်ထင်နေတာလား။

ဒါ မဖြစ်နိုင်ပါဘူး။

နေရာလပ်အချိန်ဥပဒေသနယ်ပယ်က မတူပါဘူး။ အနည်းဆုံး သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ နေရာလပ်အချိန်ဥပဒေသနယ်ပယ်က ဓားတာအိုဥပဒေသနယ်ပယ်ထက် ပိုသန်မာတယ်။ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ထွက်ပြေးနိုင်မလားဆိုတာ သိပ်မသေချာပေမယ့် ဖြစ်နိုင်ချေပိုများပါတယ်။

ဒါက သူ ဘာလို့ နေရာလပ်အချိန်ဥပဒေသနယ်ပယ်ကို တိုးတက်ချင်ရတဲ့အကြောင်းပြချက်ဖြစ်တယ်။ ဓားတာအိုဥပဒေသနယ်ပယ်ကို တစ်ခဏ နောက်ဆုတ်ထားရမှာပဲ။

စိတ်ဝိညာဉ်က လိမ္မော်ဖျော့ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်၊ လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုနဲ့အတွေးမြန်နှုန်းက အဆများစွာ တိုးလာပြီး ဆည်းဆာကျောက်တုံးက ကြောက်စရာကောင်းလှအောင် အကျိုးများလာတာပေါ့။

ဆည်းဆာကျောက်တုံးငါးတုံးကို သုံးစွဲတာနဲ့အတူ လီဖူချန်းရဲ့အချိန်ဥပဒေသက နောက်ဆုံးမှာ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေသို့ ရောက်ရှိလာခဲ့တယ်။

နောက်တော့ လီဖူချန်းက အဆင့်မြင့်အစစ်အမှန်နေရာလပ်နတ်ဘုရားအတတ်ကို စတင်လေ့ကျင့်ခဲ့တယ်။

ဒီနေရာလပ်အစစ်အမှန်နတ်ဘုရားအတတ်ကို ဟင်းလင်းပြင်အတားအဆီးလို့ ခေါ်တယ်။ အောင်မြင်စွာ ကျင့်ကြံပြီးနောက် မင်းက ပတ်ဝန်းကျင်ဟင်းလင်းပြင်ထဲမှာ မမြင်နိုင်တဲ့ဟင်းလင်းပြင်အလွှာတစ်ခုကို စီစဉ်နိုင်မယ်။ ရန်သူရဲ့တိုက်ခိုက်မှုက ဟင်းလင်းပြင်အတားအဆီးထဲသို့ ကျရောက်သွားတာနဲ့ ကျယ်ပြောတဲ့ ဟင်းလင်းပြင်ထဲသို့ ခြေတစ်လှမ်းဝင်ရောက်သွားသလိုပါပဲ။ လီဖူချန်းဆီ ရောက်ဖို့ အကွာအဝေးက အဆဒါဇင်ကျော်လာမယ်။

အနက်ရောင်ဟင်းလင်းပြင်ထဲမှာ ငွေရောင်အလင်းတန်းတစ်ခုက လျှပ်တစ်ပြက်လက်သွားတယ်။

ကုန်းပတ်ပေါ်မှာ လီဖူချန်းက သူ့လက်ကို ဆတ်ခနဲ လှုပ်လိုက်တယ်၊ ဟင်းလင်းပြင်က အနည်းငယ်မတည်မငြိမ်ဖြစ်သွားတယ်၊ မမြင်နိုင်တဲ့အလွှာတစ်ခုက ထွက်ပေါ်လာသလိုပါပဲ။

သတ္တုအပိုင်းအစတစ်ခုကို ယူထုတ်လျက် လီဖူချန်းက သူ့လက်ချောင်းကို တောက်လိုက်တယ်။

သတ္တုအပိုင်းအစက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားတယ်။

နောက်အခိုက်အတန့်မှာ သတ္တုအပိုင်းအစက လေထဲမှ ထွက်လာတယ်။

အသက်ရှုချိန်အနည်းငယ်ပြီးနောက် သတ္တုအပိုင်းအစတွေ ထွက်ပေါ်လာပေမယ့် အဆများစွာ ပိုနှေးလာတယ်။

ငွေရောင်တောင်ပံအကာအကွယ်ကို ဖြတ်လျက် သတ္တုအပိုင်းအစတွေက အနက်ရောင်ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့တယ်။

"တကယ်ကို အားကောင်းတဲ့နတ်ဘုရားအတတ်ပါလား"

လီဖူချန်းရဲ့နေရာလပ်ဥပဒေသတွေက အလယ်ဆင့်အစ်အမှန်နတ်ဘုရားနယ်ပယ်မှာပဲ ရှိပေမယ့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ကို အသုံးပြုပြီးနောက် သက်ရောက်မှုက ဆန်းကြယ်လှပေတယ်။

စစ်ဟိုင်ဝူယာနဲ့ တိုက်ပွဲအတွင်း တစ်ဖက်လူက အချိန်နတ်ဘုရားအတတ်တွေကိုလဲ အသုံးပြုခဲ့တယ်၊ ဒါပေမယ့် ရန်သူရဲ့အချိန်နတ်ဘုရားအတတ်တွေက အများဆုံး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနတ်ဘုရားအတတ်တွေဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ တစ်ဖက်လူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်ကို အသုံးပြုခဲ့ရင် လီဖူချန်းက အနိုင်ယူနိုင်ခဲ့မှာ မဟုတ်လောက်ဘူး။

ဟင်းလင်းပြင်အတားအဆီးကို ‌အောင်မြင်စွာ ကျင့်ကြံပြီးနောက် လီဖူချန်းက နေရာလပ်ဥပဒေသနဲ့ပတ်သက်ပြီး ထိုးထွင်းသိမြင်မှုတွေ အများကြီး ရရှိလာခဲ့တယ်။

အခြားတစ်ယောက်ယောက်သာဆိုရင် ဒီနေရာလပ်ဥပဒေသထိုးထွင်းသိမြင်မှုတွေကို သူတို့ရဲ့ကိုယ်ပိုင်နေရာလပ်ဥပဒေသအဖြစ် ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။

လီဖူချန်းကတော့ မတူဘူး၊ သူ့ရဲ့ထိုးထွင်းသိမြင်မှုက ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိပြီး သူက ဒီနေရာလပ်ဥပဒေသတွေကို အလွယ်တကူ စုပ်ယူနိုင်တယ်။

တကယ်တော့ သူ့ရဲ့ထိုးထွင်းသိမြင်မှုက သူ စိတ်ကူးထားတာထက်တောင် ပိုမြင့်မားမယ်လို့ လီဖူချန်းက သံသယရှိတယ်။

ဥပမာအားဖြင့် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိတယ်၊ ဒါပေမယ့် သူ့ရဲ့ထိုးထွင်းသိမြင်မှုက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားထက် ပိုမယ်လို့ သူက ခံစားမိတယ်။

အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေ၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအထွတ်အထိပ်။

လဝက်ခန့်ကြာပြီးနောက် ဟင်းလင်းပြင်အတားအဆီးလေ့ကျင့်ခြင်းက ယူဆောင်လာတဲ့ နေရာလပ်ဥပဒေသထိုးထွင်းသိမြင်မှုကို စုပ်ယူချေဖျက်ပြီးနောက် လီဖူချန်းရဲ့နေရာလပ်ဥပဒေသက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်ကို ရောက်ရှိလာတော့တယ်။

တစ်ဆက်တည်းမှာပဲ နေရာလပ်ဥပဒေသနဲ့အချိန်ဥပဒေသတို့ တိုးတက်လာမှုနဲ့အတူ လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသနယ်ပယ်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်သို့ မြင့်တက်သွားတော့တယ်။

***

All Chapters