ပိုးဖလံမွန်းစတား
Vol. 84 Ch. 1179
လွန်ခဲ့တဲ့သုံးနှစ်အတွင်း လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်အဆင့်မြင့်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်ကို ဖန်တီးခဲ့တယ်။
လီဖူချန်းအတွက် လွန်ခဲ့တဲ့သုံးနှစ်က ကောင်းမွန်စွာ ကုန်ဆုံးခဲ့တာပဲ။
သူ ဖန်တီးထားခဲ့တာက သာမန်နေရာလပ်-အချိန်အစစ်အမှန်နတ်ဘုရားအတတ်မဟုတ်ဘဲ နေရာလပ်-အချိန်ပိုင်နက်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်လေ။
"အိမ်မက်ပမာဘဝစီးမျောခြင်း၊ အိမ်မက်ပမာ ဘဝစီးမျောခြင်း၊ ဒီနေရာလပ်-အချိန်ပိုင်နက်အစစ်အမှန်နတ်ဘုရားအတတ်နဲ့ဆိုရင် သာမန်အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားကိုတောင် ငါ ယှဉ်ပြိုင်နိုင်လောက်မယ်"
လီဖူချန်းက ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်တော့တယ်။
အိမ်မက်ပမာဘဝစီးမျောခြင်း၊ ၎င်းရဲ့ကိုယ်ပိုင်နေရာလပ်-အချိန်ကို ဖွဲ့စည်းတယ်။ ရန်သူကို ဝန်းရံလိုက်တာနဲ့ သူတို့တည်ရှိရာဟင်းလင်းပြင်က အဆမရေမတွက်များစွာ ပုံကြီးချဲ့သွားသလို ခံစားမိနေရလိမ့်မယ်။ ထပ်ပြောရရင် မမြင်နိုင်တဲ့အချိန်စွမ်းအားကလဲ ရန်သူရဲ့သက်တမ်းကို တိုက်စားပါလိမ့်မယ်၊ ဒီလိုနဲ့ ရန်သူရဲ့သက်တမ်းက လျင်မြန်စွာ လျော့ကျလာရတာပေါ့။
အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းကို ရင်ဆိုင်ဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်။
ပထမ၊ သူ့ခွန်အားက လီဖူချန်းထက် အဆများစွာ ပိုသန်မာရမယ်။
ဒုတိယ၊ သူက ထိပ်တန်းအဆင့်ဥပဒေသတစ်ခုကို လေ့ကျင့်ထားရမယ်၊ အဆင့်မြင့်ပိုင်နက်အစစ်အမှန်နတ်ဘုရားတစ်ခုကို ဖန်တီးထားရမယ်။
ရတနာတွေ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတို့လို ပြင်ပအားတွေကိုတော့ မဖော်ပြတော့ပါဘူးလေ။ နတ်ဘုရားဟင်းလင်းပြင်က ကြီးမားကျယ်ပြောတယ်။ အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းကို ရင်ဆိုင်နိုင်တဲ့ဒါမှမဟုတ်ဖျက်ဆီးနိုင်တဲ့ အလွန်အမင်းအားကောင်းတဲ့ရတနာတွေ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အများကြီးရှိမှာပဲလေ။ ပြင်ပအားက ပါဝင်ရင် တွက်ချက်ဖို့ နည်းလမ်းမရှိပါဘူး။
အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းကို ဖန်တီးတာက လီဖူချန်းကို နေရာလပ်-အချိန်ဥပဒေသနဲ့ ပတ်သက်ပြီး နားလည်မှုအသစ်တစ်ခုကို ပေးတယ်။ ပထမဆုံးအကြိမ်၊ လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသက အခြားဥပဒေသတွေကို ကျော်ဖြတ်ပြီး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်။
ရှာဒီယာတို့ခုနှစ်ဆယာက်က ပြာဖြစ်သွားတယ်၊ သူတို့ရဲ့နေရာလပ်လက်စွပ်တွေက မူလအတိုင်းပါပဲ။
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ နေရာလပ်လက်စွပ်ခုနှစ်ကွင်းက သူ့လက်ပေါ်သို့ ကျရောက်လာခဲ့တယ်။
"ကောင်းမွန်တဲ့ရိပ်သိမ်းမှုပဲ"
လူခုနှစ်ယောက်ရဲ့အသားတင်ကြွယ်ဝမှုက မနိမ့်ဘူး၊ ဒါပေမယ့် လီဖူချန်းတန်ဖိုးထားတာက သူတို့ရဲ့အသားတင်ကြွယ်ဝမှုမဟုတ်ဘူး၊ သူတို့စုဆောင်ထားတဲ့အဖြိုက်နက်သတ္တုတွေပါပဲ။
အဖြိုက်နက်သတ္တုက ကြယ်လေးလုံးအဆင့်နိမ့်သတ္တုတစ်ခုဖြစ်ပြီး ၎င်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို သန့်စင်ဖို့အတွက် အကောင်းဆုံးပစ္စည်းတွေထဲကတစ်ခုပဲ။ အနာဂတ်မှာ သူက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်ရှိခဲ့ရင် ဆန်းကြယ်နတ်ဘုရားအဆင့်ဓားတစ်လက်ကို ထုလုပ်ပေးဖို့ တစ်ယောက်ယောက်ကို မေးမြန်းနိုင်တယ်။
"ဥက္ကာခဲတွေ အများကြီးပဲ၊ ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့အရှိန်အားသာချက်က လုံးဝအသုံးမပြုနိုင်တော့ဘူးပဲ"
ဒါကို စဉ်းစားပြီးနောက် လီဖူချန်းက ငွေရောင်တောင်ပံအာကာသယာဉ်ကို အပြာရောင်မီးလျှံနဲ့ အစားထိုးလိုက်တယ်။
မတော်တဆဖြစ်မှာကို မကြောက်ပါနဲ့၊ လက်ရှိအချိန်မှာ သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေကို မကြောက်တော့ဘူး၊ ဒါပေမယ့် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ သူက ဂရုစိုက်ရမှာပေါ့။
အပြာရောင်မီးလျှံက ဥက္ကာခဲအုပ်စုကို ဖြတ်သန်းသွားနေလျက်၊ ၎င်းရဲ့အရှိန်က ငွေရောင်တောင်ပံအာကာသယာဉ်ထက် အရမ်းပိုမနှေးပါဘူး။
"မကောင်းတော့ဘူး"
အပြာရောင်မီးလျှံအကာအကွယ်က ငွေရောင်အမှုန့်အချို့ ဘယ်အချိန်ကတည်းက စွန်းထင်းနေသလဲကို သူ မသိခဲ့ဘူး။
လီဖူချန်းက နတ်ဘုရားသက်ရှိတစ်မျိုးကို ချက်ချင်း သတိရလိုက်မိတယ်။
ကျွိကျွိ......
ထင်ထားတဲ့အတိုင်းပဲ၊ အရှေ့ညာဘက်နားမှာ ကြီးမားတဲ့အရိပ်တစ်ခု ရှိနေတယ်။
လီဖူချန်းက အနီးကပ်ကြည့်လိုက်တယ်၊ အဲဒါက ကြီးမားတဲ့ပိုးဖလဲနဲ့တူတဲ့ပိုးကောင်တစ်ကောင်ပဲ။
လီဖူချန်းက ဒီလိုပိုးဖလံတူပိုးကောင်မျိုးကို မြင်ဖူးတယ်။ သူနဲ့အရှေ့နေဂိုဏ်းရဲ့ပင်မတပည့်တွေ ပါဟိုင်းနတ်ဘုရားကမ္ဘာဆီ တည်နေရာရွှေ့ပြောင်းလာတုန်းက သူတို့တွေ ရင်ဆိုင်တွေ့ကြုံခဲ့တယ်လေ။
ဒါပေမယ့် ဒီပိုးဖလံကောင်က ယခင်တွေ့ဖူးတဲ့ပိုးဖလံကောင်တွေထက် ပိုကြီးတယ်၊ အနည်းဆုံး ခုနှစ်ဆဒါမှမဟုတ်ရှစ်ဆပိုကြီးတယ်။
"ပိုးဖလံမွန်းစတား၊ ဒါက ကြယ်သုံးလုံးအဆင့်နိမ့်ပိုးဖလံမွန်းစတားတစ်ကောင်ပဲ"
ပိုးဖလံမွန်းစတားက အားကောင်းတဲ့နတ်ဘုရားသက်ရှိတစ်မျိုးပဲ။ ပိုးလောင်းအခြေအနေမှာ သာမန်နတ်ဘုရားတွေရဲ့စွမ်းအားရှိတယ်၊ ကြီးထွားခြင်းအခြေအနေမှာ အစစ်အမှန်နတ်ဘုရားတွေရဲ့စွမ်းအားရှိတယ်၊ အရွယ်ရောက်ခြင်းအခြေအနေမှာ စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့စွမ်းအားရှိတယ်။
လက်ရှိမှာ ဒီပိုးဖလံမွန်းစတာက အဆင့်နိမ့်ကြယ်သုံးလုံးအဆင့်ကို ရောက်ရှိထားတယ်၊ ၎င်းက အရွယ်ရောက်ခြင်းအခြေအနေကို ဝင်ရောက်ထားမှန်း ရှင်းလင်းတယ်။
"အဆင်ပြေပါတယ်လေ"
လီဖူချန်းက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။
၎င်းက ကြယ်သုံးလုံးအလယ်ဆင့်ပိုးဖလံမွန်းစတားတစ်ကောင်ဆိုရင် သူက ဘယ်လိုထွက်ပြေးရမလဲကို စဉ်းစားနေရအုံးမယ်။
နတ်ဘုရားသက်ရှိတွေက ပုံရိပ်ယောင်သက်ရှိတွေဖြစ်တယ်၊ အဆင့်တူညီတဲ့နတ်ဘုရားတွေထက် ယေဘုယျအားဖြင့် ပိုအားကောင်းတယ်။
"ဒီငွေရောင်အမှုန့်တွေမှာ ပိုးဖလံမွန်းစတားတွေရဲ့စွမ်းအားပါဝင်တယ်။ တစ်ခုခုက ငွေရောင်အမှုန့်ကို ထိတွေ့လိုက်တာနဲ့ ပိုးဖလံမွန်းစတားတွေက ၎င်းကို ချက်ချင်း အာရုံခံနိုင်တယ်"
လီဖူချန်းက ပိုးဖလံမွန်းစတားတွေနဲ့ ပတ်သက်ပြီး တစ်ခုနှစ်ခုတော့ သိတယ်၊ ၎င်းက မုဆိုးအမျိုးအစားပုံရိပ်ယောင်သက်ရှိတွေပဲလေ။
ကျွိကျွိ.......
ပိုးဖလံမွန်းစတားက စူးရှပြီးဆိုးရွားတဲ့အသံတစ်ခုကို ပြုကာ လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးလာတယ်။
ငွေရောင်အမှုန့်ရဲ့ထူထပ်တဲ့အလွှာတစ်ခုဖုံးအုပ်ထားတဲ့ကြီးမားတဲ့တောင်ပံတွေရဲ့တဖျပ်ဖျပ်ခတ်မှုအောက်မှာ ငွေရောင်လေပွေတစ်ခုက တိုက်ခတ်လာပုံရတယ်၊ ဥက္ကာခဲအချို့ကို အဝေးသို့ လွင့်မျောသွားစေတယ်။
"အတော်ပဲဟေ့၊ ငါ အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းရဲ့စွမ်းအားကို စမ်းသပ််ဖို့ သင့်တော်တဲ့ပြိုင်ဘက်မရှိမှာကို စိုးရိမ်နေခဲ့ရတာ"
လီဖူချန်းရဲ့မျက်လုံးတွေက တိုက်ခိုက်လိုစိတ်တွေ လင်းလက်လာတယ်။
ယခင်အဆင့်မြင့်အစစ်အမှန်နတ်ဘုရားခုနှစ်ယောက်က အားနည်းလွန်းတယ်၊ လီဖူချန်းက အိမ်မက်ပမာဘဝစီးမျောခြင်းကို အပြည့်အဝမထုတ်ဖော်ခဲ့ရဘူး။
လီဖူချန်းရဲ့အမြင်အရ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ရန်သူတွေကပဲ အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းရဲ့အကန့်အသတ်ကို စမ်းသပ်နိုင်မှာ။
နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာပြီး အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းပိုင်နက်က ပိုးဖလံမွန်းစတားကို ဖုံးလွှမ်းလာတယ်။
ချက်ချင်းပဲ၊ ပိုးဖလံမွန်းစတားက နှေးကွေးလေးလံသွားတော့တယ်။
ဒီနှေးကွေးမှုမျိုးက နှေးကွးတဲ့လှုပ်ရှားမှုတော့မဟုတ်။
တကယ်တော့ ပိုးဖလံမွန်းစတားရဲ့တောင်ပံတွေက လုံးဝမနှေးဘူး၊ သန်မာတဲ့စွမ်းအားက ပိုတောင် လှုံ့ဆော်တယ်၊ သူ့ရဲ့ရှေ့တိုးအရှိန်အဟုန်ကို တိုးလာစေတယ်။
ဒါပေမယ့် သူနဲ့လီဖူချန်းကြား အကွာအဝေးက ရုတ်တရက် ပိုဝေးလာတယ်။ သူ ပျံသန်းတာ ဘယ်လောက်ပဲမြန်မြန်၊ သူက လီဖူချန်းအနားကို လျင်မြန်စွာ မချဉ်းကပ်နိုင်ခဲ့ဘူး။
ပိုးဖလံမွန်းစတားရဲ့ဉာဏ်ရည်က မနိမ့်ဘူး၊ အထူးသဖြင့် သူက အရွယ်ရောက်ပြီးသားပိုးဖလံမွန်းစတားတစ်ကောင်ပဲလေ။
သူက ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
မကြာမီမှာပဲ သူက နားလည်လိုက်တယ်။
သူနဲ့လီဖူချန်းကြားအကွာအဝေးက ဝေးကွာသွားတာတော့ မဟုတ်ဘူး။
ပတ်ဝန်းကျင်ဟင်းလင်းပြင်က ရုတ်တရက် ကျယ်ပြန့်လာတာပဲ။
ရန်သူရဲ့နေရာလပ်ဥပဒေသအသုံးပြုမှုက ကြောက်စရာကောင်းလှတယ်။
အား......
ပိုးဖလံမွန်းစတားက ဆူးချွန်တွေပြည့်နေတဲ့ သူ့ရဲ့ပါးစပ်ကို ဟလိုက်တယ်၊ ငွေရောင်အလင်းတစ်ခုက လီဖူချန်းဆီ ပျံသန်းလာတယ်။
ငွေရောင်အလင်းရဲ့မြန်နှုန်းက ပိုးဖလံမွန်းစတားရဲ့ပျံသန်းခြင်းအရှိန်ထက် ဆယ်ဆပိုမြန်တယ်။ ကံမကောင်းစွာနဲ့ တိကျမှုက ဆိုးပါတယ်။ အသက်တစ်ခါရှုချိန်ပြီးနောက် ငွေရောင်အလင်းက လှပတဲ့စက်ဝန်းပြတ်တစ်ခုကို ရေးဆွဲရင်း လီဖူချန်းရဲ့ညာဘက်ဘေးနားမှာ ပျောက်ကွယ်သွားတော့တယ်။
အခု ပိုးဖလံမွန်းစတားက သေချာသွားပြီ၊ ရန်သူက အနီးနားရှိဟင်းလင်းပြင်ကို တွန့်လိမ်စေခဲ့တာပဲ၊ သို့မဟုတ်ရင် သူ့ရဲ့တိုက်ခိုက်မှုက မလွဲချော်သွားနိုင်ဘူး။
စူးရှတဲ့လေချွန်သံတစ်ခုပြုလျက် ပိုးဖလံမွန်းစတားရဲ့ခန္ဓာကိုယ်မှ အဆုံးမဲ့စွမ်းအားတွေ ပေါက်ကွဲထွက်လာတယ်။ ပေါက်ကွဲစွမ်းအားကြောင့် ငွေရောင်အမှုန့်တွေက ကောင်းကင်အပြည့် ပြန့်ကျဲသွားပြီး အနီးနားရှိဟင်းလင်းပြင်ရဲ့ထောင့်တိုင်းကို ဖုံးအုပ်လုနီးပါးဖြစ်ခဲ့တယ်။
"ကြယ်သုံးလုံးအဆင့်နိမ့်ပုံရိပ်ယောင်သက်ရှိဆိုတဲ့အတိုင်းပဲ"
သူ့ရဲ့အိမ်မက်တစ်ခပမာဘဝစီးမျောခြင်းကို တိုက်စားသွားတာကို လီဖူချန်းက ခံစားမိတယ်။ ရန်သူရဲ့ဥပဒေသအသုံးပြုမှုက အရမ်းတိမ်ပေမယ့် ရန်သူရဲ့စွမ်းအားက သန်မာလွန်းတယ်၊ သူ့ထက် ဆယ်ဆပိုသန်မာတယ်။ ရန်သူရဲ့စွမ်းအားကို နတ်ဘုရားစွမ်းအားအညွှန်းကိန်းအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် အနည်းဆုံးသန်းတစ်ရာခန့်ရှိတယ်၊ လီဖူချန်းရဲ့နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သန်းသုံးဆယ်ခန့်ပဲ ရှိတာ၊ ကွာဟချက်က သုံးဆကျော်တယ်။
ယေဘုယျပြောရရင် နတ်ဘုရားစွမ်းအားအညွှန်းကိန်းကွာဟချက်က နှစ်ဆဆိုရင် ခွန်အားကွာဟချက်က ဆယ်ဆကျော်မယ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းကွာဟချက်က သုံးဆကျော်ရင် ခွန်အားကွာဟချက်က အဆသုံးဆယ်ကျော်ရှိတယ်။
ဒါက ကြီးမားတဲ့ကွာဟချက်တစ်ခုပါပဲ။
အသက်ငါးခါရှုချိန်၊ အသက်ဆယ်ခါရှုချိန်။
ဒါက အနှီလူရဲ့လှည့်စားမှုဆိုတာ သူ မသိဘူး၊ သူက အနည်းငယ်မောပန်းသလို ခံစားလာရတယ်။
ဒါက မယုံနိုင်စရာပါပဲ။
လွန်ခဲ့သောရက်အနည်းငယ်က သူက အခြားကြယ်သုံးလုံးအဆင့်နိမ့်ပုံရိပ်ယောင်သက်ရှိနဲ့ တစ်လတိတိ တိုက်ခိုက်ခဲ့တယ်၊ သူက ဘာမောပန်းမှုကိုမှ မခံစားရဘူး။
ငုံ့ကြည့်လိုက်ရာ သူ့ရဲ့အရေပြားက အချို့နေရာတွေမှာ ဖြူဖတ်ဖြူရော်ဖြစ်နေတာကို သူက သတိပြုမိခဲ့တယ်။
ဒါမျိုးကို သူက အခြားအသက်ကြီးတဲ့ပိုးဖလံမွန်းစတားတစ်ကောင်ပေါ်မှာ မြင်တွေ့ခဲ့ဖူးတယ်။
"ဒါ အချိန်ဥပဒေသစွမ်းအားလား"
ကြောက်ရွံ့မှုတစ်ခုက ပိုးဖလံမွန်းစတားရဲ့မျက်လုံးတွေကို ဖြတ်သန်းသွားတယ်။
တစ်ဖက်လူရဲ့စွမ်းအားက နေရာလပ်အချိန်စွမ်းအားမဟုတ်၊ အချိန်စွမ်းအားမဟုတ်၊ ဒါပေမယ့် အဆင့်ပိုမြင့်မားတဲ့နေရာလပ်-အချိန်စွမ်းအားဖြစ်နေတာပဲ။
း
နေရာလပ်-အချိန်စွမ်းအားကသာ အခုလိုမျိုး သူ့ရဲ့လက်နဲ့ခြေတွေကို ချည်နှောင်ထားနိုင်တာ။
တကယ်တော့ ပိုးဖလံမွန်းစတားက ကြယ်သုံးလုံးအဆင့်နိမ့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်ဖြစ်ပြီး ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းအားက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအများစုထက် သာလွန်တယ်။ အချိန်အချို့ယူခဲ့ရပေမယ့် သူက လီဖူချန်းနား ကပ်နိုင်သေးတယ်၊ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်က မီးခိုးရောင်သန်းကာ အချို့နေရာမှာ ခြောက်သွေ့လာတယ်။
ခြေလက်တွေကို မြှောက်လျက် ပိုးဖလံမွန်းစတားက အပြာရောင်မီးလျှံနဲ့လီဖူချန်းကို ဆုတ်ဖြဲလာတယ်။
း
အုန်း......
ခြေလက်တွေက လီဖူချန်းဆီ တည့်တည့်မတ်မတ်ဦးတည်လာပေမယ့် အလယ်မှာပဲ လမ်းလွဲသွားကာ လီဖူချန်းဘေးနားရှိ ဥက္ကာခဲနဲ့ တိုက်မိသွားတယ်။
"အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းက နေရာလပ်-အချိန်ပိုင်နက်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုပဲ၊ ချိုးဖြတ်ရတာ အဲလောက်လွယ်နေရင် နေရာလပ်-အချိန်ပိုင်နက်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုဘယ်ဟုတ်တော့မလဲ"
လီဖူချန်းက ယုံကြည်ချက်ချက်ရှိရှိ ပြုံးလိုက်တော့တယ်။
ကြယ်သုံးလုံးအဆင့်နိမ်နတ်ဘုရားသက်ရှိ၊ သူက မကြောက်ဘူး၊ ဘယ်လောက်ပဲဆိုးဆိုး၊ သူ့မှာ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ငွေရောင်တောင်ပံအာကာသယာဉ်ရှိတယ်လေ။
ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့အကာအကွယ်ခွန်အားနဲ့ဆိုရင် ဘယ်လိုကြယ်သုံးလုံးအဆင့်နိမ့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်ရဲ့တိုက်ခိုက်မှုကိုမဆို ခုခံဖို့ လုံလောက်တယ်။
ထပ်ပြောရရင် ငွေရောင်တောင်ပံအာကာသယာဉ်ပေါ်မှာ ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားအမြောက်တွေ အများကြီးရှိတယ်၊ ပစ်ချက်တစ်ခုက ပိုးဖလံမွန်းစတားတစ်ကောင်ကို မစားနိုင်မသောက်နိုင်လမ်းမလျှောက်နိုင်စေဖို့ လုံလောက်တယ်။
သို့မဟုတ်ရင် အိမ်မက်တစ်ခုပမာဘဝစီးမျောခြင်းရဲ့စွမ်းအားကို စမ်းသပ်ဖို့ သူက ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားသက်ရှိတစ်ကောင်ကို အသုံးပြုရဲမှာလား။
အုန်း အုန်း အုန်း.....
ပိုးဖလံမွန်းစတားရဲ့တိုက်ခိုက်မှုက ပိုပိုကြမ်းလာတယ်။ ဥက္ကာခဲအစအနတွေက လေထဲမှာ လွင့်မျောနေပြီး အချို့ဥက္ကာခဲတွေက ကြောက်စရာကောင်းတဲ့အဟုန်တစ်ခုနဲ့အတူ လေထဲမှာ နှစ်ပိုင်းပိုင်းဖြတ်ခံလိုက်ရတယ်။
ဒီလိုအချိန်တိုအတွင်းမှာ လီဖူချန်းရဲ့နေရာလပ်-အချိန်စွမ်းအားကလဲ အမြောက်အများကုန်ဆုံးလာခဲ့တယ်။
ပိုးဖလံမွန်းစတားရဲ့စွမ်းအားက သူ့ထက် အများကြီးပိုသန်မာတယ်။ သူက နေရာလပ်-အချိန်စွမ်းအားကို အကုန်အသုံးပြုရင်တောင် ရန်သူရဲ့သက်တမ်းကို ကုန်ခမ်းကာ သေစေဖို့ မဖြစ်နိုင်ဘူး။ အများဆုံး အဲဒါက ရန်သူရဲ့သက်တမ်းအစိတ်အပိုင်းတစ်ခုကိုပဲ လျော့ကျစေနိုင်မှာ။
ရုတ်တရက် သူက သေရေးရှင်ရေးအရိပ်အမြွက်တစ်ခုကို ခံစားလာရတယ်။
အပြာင်ရောင်မီးလျှံကို သိမ်းလျက် လီဖူချန်းက တည်နေရာရွှေ့ပြောင်းကာ နေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။
ပိုးဖလံမွန်းစတားက အပူတပြင်းလိုက်လာတယ်။
ဒါပေမယ့် အသက်ရှုချိန်အနည်းငယ်ပြီးနောက် ပိုးဖလံမွန်းစတားက အဝေးမှာ ပြတ်ကျန်ရစ်ခဲ့နေတုန်းပဲ။
ထပ်မလိုက်တော့ဘဲ ပိုးဖလံမွန်းစတားက ဒေါသနဲ့ကြောက်ရွံ့မှုတွေ စွဲကပ်လျက် ကျန်ရစ်နေတော့တယ်။
ရန်သူရဲ့နည်းလမ်းက အန္တရာယ်များလွန်းပါတယ်။ သူ့ထက်ပိုသန်မာတဲ့ရန်သူကို ဘယ်တုန်းကမှ သူ မရင်ဆိုင်တွေ့ခဲ့ရပေမယ့် လီဖူချန်းလိုရန်သူမျိုးကိုလဲ ဘယ်တုန်းမှ မရင်ဆိုင်ခဲ့ရပါဘူး။
ရန်သူရဲ့ခွန်အားက ပိုသန်မာရင် ယနေ့ထွက်ပြေးရမှာက သူပဲ ဖြစ်ပေလိမ့်မယ်။
အတွေးတစ်ခုက ပိုးဖလံမွန်းစတားရဲ့စိတ်ထဲမှာ မြင့်တက်လာတယ်။
ဒီအတွေးက ပိုးဖလံမွန်းစတားရဲ့နောက်ဆုံးအတွေးပဲ၊ ကြီးမားတဲ့အရိပ်တစ်ခုက ရိုက်ခတ်လာပြီး ပိုးမလံမွန်းစတားနဲ့သူ့ပတ်လည်ရှိဥက္ကာခဲအားလုံးကို တစ်ကိုက်တည်းနဲ့ ဝါးမျိုသွားတော့တယ်။
အကွာအဝေးတစ်ခုမှာ ဒီဥက္ကာခဲဧရိယာကို တစ်ခုခုက ကိုက်ဖြတ်သွားပုံရတယ်။
"ဒါ ကြယ်သုံးလြံးအဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်ပဲဖြစ်မယ်"
ဆန်းကြယ်နတ်ဘုရားအဆင့်ရှိ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့အတူ လီဖူချန်းက အနီးနားမှချဉ်းကပ်လာနေတဲ့ကြောက်စရာကောင်းတဲ့နတ်ဘုရားတွေ၊ ပုံရိပ်ယောင်သက်ရှိတွေကို သူက အလွယ်တကူ သိရှိနိုင်ခဲ့တယ်၊ ဒါကြောင့် သူက ပိုးဖလံမွန်းစတားနဲ့ ဆက်မရစ်ပတ်တော့ဘဲ ချက်ချင်း စွန့်ခွာလာခဲ့တယ်။
***