← Chapters

ဓားတာအိုကို လေ့လာခြင်း

Vol. 84 Ch. 1180

ဓားတာအိုကို လေ့လာခြင်း

Vol. 84 Ch. 1180

ဖျက်ဆီးခြင်းဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်ကို ရောက်ရှိထားတယ်၊ နေရာလပ်-အချိန်ဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်နယ်ပယ်ကို ရောက်ရှိထားတယ်။ နောက်ထပ်အခွင့်အလမ်းတစ်ခုသာ မရလာရင် အချိန်တိုအတွင်းမှာ ဒီထိပ်တန်းအဆင့်ဥပဒေသနှစ်ခုက နောက်ထပ်ချိုးဖြတ်မှုကြီးတစ်ခု ဖြစ်လာလိမ့်မှာမဟုတ်ဘူး။

"အခုက ဓားတာအိုထဲ ဒိုင်ဗင်ပစ်ဝင်ဖို့ အချိန်ပဲ"

လီဖူချန်းရဲ့ဓားတာအိုဥပဒေသက အရမ်းမမြင့်မားဘူး၊ သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်မှာပဲ ရှိတယ်၊ ဒါပေမယ့် သူ့ရဲ့ဓားတာအိုဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်၊ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုတောင် ရောက်ရှိဖို့ အရမ်းမကြာဘူးလို့ လီဖူချန်းက ယုံကြည်တယ်။ ကြားထဲမှာ သူက အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုနဲ့ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအမြောက်အများကိုလဲ ရရှိခဲ့တယ်။

ဝုရာမိုက်ဥက္ကာခဲအုပ်စုမှ ထွက်လာပြီးနောက် လီဖူချန်းက အပြာရောင်မီးလျှံနေရာမှာ ငွေရောင်တောင်ပံအာကာသယာဉ်နဲ့ အစားထိုးခဲ့ပြီး ထို့နောက် ဓားတာအိုနတ်ဘုရားအတတ်တွေကို စတင်လေ့လာခဲ့တယ်။

ဒီဓားတာအိုအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို သက်တံလို့ ခေါ်တယ်။

ရိုးရှင်းတဲ့နာမည်ပါပဲ။

ဒီဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ဖန်တီးခဲ့တဲ့လူက သန့်စင်တဲ့ဓားသမားတစ်ယောက်လို့ ဆိုတာ နာမည်ကနေတစ်ဆင့် မြင်နိုင်တယ်။

သက်တံ၊ နာမည်အတိုင်းပါပဲ၊ ဒါက အလွန်အမင်းသန်မာတဲ့သေစေနိုင်စွမ်းရှိတဲ့ဓားတာအိုနတ်ဘုရားအတတ်တစ်ခုပါပဲ။ ဓားအတတ်ထုတ်လွှတ်လိုက်တာနဲ့ ဓားက သက်တံပမာ ကမ္ဘာကို တုန်လှုပ်စေတယ်။ ရန်သူက သတ္တိမရှိရင် သူ့ကို ဒီဓားက မကြာခဏဖိနှိပ်ပေလိမ့်မယ်။

သန့်စင်တဲ့ဓားတာအိုနတ်ဘုရားအတတ်ကို ဖန်တီးတဲ့ သန့်စင်တဲ့ဓားသမားတစ်ယောက်။

သန့်စင်တဲ့ဓားတာအိုနတ်ဘုရားအတတ်၊ သန့်စင်တဲ့ဓားသမားတွေကပဲ သင်ယူနိုင်မယ်။

သက်တံက အရမ်းဇီဇာကြောင်တယ်လို့ ပြောနိုင်တယ်။

လီဖူချန်းက သန့်စင်တဲ့ဓားသမားတစ်ယောက်လား။

အဖြေက သိသာထင်ရှားပါတယ်။

လီဖူချန်းက သန့်စင်တဲ့ဓားသမားတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့သန့်စင်မှုက နောက်ထပ်သန့်စင်မှုတစ်မျိုးပါပဲ။

သက်တံကို ဖန်တီးခဲ့တဲ့လူက ဓားကိုအလွန်ကျွမ်းကျင်တဲ့ဓားသမားတစ်ယောက်ဆိုရင် လီဖူချန်းက ဓားကိုအလွန်ကျွမ်းကျင်ပြီး ဓားစွဲမရှိတဲ့ ဓားသမားတစ်ယောက်ပါပဲ။

လီဖူချန်းက အခြားသူတွေရဲ့မျက်လုံးတွေထဲရှိ ဓားဆိုတာကို စွဲလမ်းနေတာမဟုတ်ဘူး၊ သူက သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုနောက်ကို လိုက်တယ်။

ပြီးတော့ ဘာဓားတာအိုလဲ၊ တစ်ယောက်က မသတ်မှတ်နိုင်ပါဘူး။

သူလျှောက်လမ်းတဲ့ဓားတာအိုက သမူထူးတဲ့ဓားတာအိုတစ်ခု၊ အရင်လူတွေရဲ့ဓားတာအိုမျိုးမဟုတ်ဘူးဆိုတာ လီဖူချန်းကပဲ သိတယ်။

တစ်လအတွင်းမှာ လီဖူချန်းက သက်တံဖြစ်လာခဲ့တယ်။

ကုန်းပတ်ပေါ်မှာ လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ တောက်ပတဲ့သက်တံတစ်ခုပမာ ဓားအလင်းတစ်ခုက အဆုံးမဲ့စွမ်းအားတွေကို အကာအကွယ်အပြင်ဘက်သို့ ပွင့်ထွက်သွားစေလိုက်တယ်။

"အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဆိုတဲ့အတိုင်းပဲ၊ ၎င်းရဲ့စွမ်းအားက မူလအဆုံးစွန်းခုတ်ချက်နဲ့စပ်ကြောင်းမဲ့ခုတ်ချက်တို့ထက် ဆယ်ဆပိုတယ်"

ဓားက ၎င်းရဲ့ဓားအိမ်ထဲသို့ ပြန်ရောက်လာခဲ့တယ်၊ လီဖူချန်းက သူ့မျက်လုံးကို မှိတ်လိုက်တယ်၊ စောနက ဓားအနှစ်သာရကို ဂရုတစိုက် အမှတ်ရနေလိုက်တယ်။

တစ်လအတွင်းမှာ ဓားတာအိုဥပဒေသက အဆင့်သေးနှစ်ဆင့် တိုးတက်လာခဲ့တယ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနှောင်းပိုင်းအခြေအနေမှ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအထိပေါ့။

..........

"ဒါ အရိပ်သစ်တောလား"

အဝေးမှာ လီဖူချန်းက မြူတွေဝန်းရံထားတဲ့ အဆုံးမဲ့ဝိုးတဝါးတောအုပ်တစ်ခုကို  မြင်တွေ့ခဲ့တယ်။

မျက်မှောင်အနည်းငယ်ကြုတ်လျက် လီဖူချန်းက ငွေရောင်တောင်ပံအာကာသယာဉ်ကို နှေးစေလိုက်တယ်။

အရိပ်တောအုပ်က အလွန်‌ကျော်ကြားတယ်၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရှိကြယ်လေးလုံးအန္တရာယ်နယ်မြေလေးခုထဲကတစ်ခုဖြစ်တယ်။

ကြယ်လေးလုံးအန္တရာယ်နယ်မြေတစ်ခုဖြစ်တာကြောင့် အထဲမှာ ကြယ်လေးလုံးနတ်ဘုရားပုံရိပ်ယောင်သက်ရှိတွေရှိမှာ သဘာဝပဲ။

ကြယ်လေးလုံးနတ်ဘုရားပုံရိပ်ယောင်သက်ရှိတွေ၊ သူတို့က ဆန်းကြယ်နတ်ဘုရားတွေနဲ့ ညီမျှတယ်။

ဖြစ်နိုင်ရင် လီဖူချန်းက ကွေ့ပတ်သွားချင်ပါတယ်။

ဒါပေမယ့် အရိပ်တောအုပ်က ကြီးမားလွန်းတယ်။ မင်းက ကွေ့ပတ်သွားချင်ရင် အနည်းဆုံးနှစ်ထောင်အနည်းငယ်ကြာမယ်။ ဒါ့အပြင် နီလာကိရိယာငယ်(မိုက်ခရိုစကုတ်)ပေါ်မှာ အရိပ်တောအုပ်ပတ်လည်ရှိလမ်းကြောင်းပြမြေပုံမရှိပါဘူး။

အကြိမ်ကြိမ်တုံ့ဆိုင်းပြီးနောက် လီဖူချန်းက အရိပ်တောအုပ်ကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တယ်။

ပထမ၊ နီလာမိုက်ခရိုစကုတ်က အရိပ်တောအုပ်ကို ဖြတ်သန်းတဲ့ လမ်းပြမြေပုံတစ်ခုရှိတယ်။

ဒုတိယ ကွေ့ပတ်သွားတာက အချိန်ဖြုန်းခြင်းတစ်ခုပဲ။

တတိယ၊ အရိပ်တောအုပ်က ကြယ်လေးလုံးအန္တရာယ်မြေတစ်ခုဖြစ်ပေမယ့် ကြယ်လေးလုံးပုံရိပ်ယောင်သက်ရှိတွေကို အမှတ်မထင် မြင်‌တွေ့ဖို့တောင် မဖြစ်နိုင်ဘူး၊ ကြယ်သုံးလုံးပုံရိပ်ယောင်သက်ရှိတွေကိုတောင် ရင်ဆိုင်တွေ့ရဖို့ မလွယ်လှဘူး။

အရိပ်တောအုပ်ပတ်လည်ရှိမြူက ပါးလွှာပုံပေါ်ပေမယ့် သူက မြူထဲကို အမှန်တကယ်ဝင်တဲ့အခါမှာတော့ ဒီမြူမှာ ထူးခြားတဲ့မြူဥပဒေသတစ်ခုပါဝင်တယ်ဆိုတာ လီဖူချန်းက ရှာတွေ့ခဲ့တယ်၊ နတ်ဘုရားစွမ်းအားထောက်လှမ်းမှုက အဆုံးစွန်းအထိ အားနည်းခဲ့တယ်၊ ကံကောင်းစွာနဲ့ စိတ်ဝိညာဉ်စွမ်းအားက အများကြီးအားမနည်းခဲ့ဘူး။

နီးကပ်လာရင် လီဖူချန်းက နောက်ဆုံးမှာ အရိပ်တောအုပ်ရဲ့အစစ်အမှန်မျက်နှာပြင်ကို မြင်တွေ့ခဲ့တယ်။

ကြီးမားလွန်းတယ်၊ မြင့်မားလွန်းတယ်။

အရိပ်တောအုပ်ထဲရှိသစ်ပင်တွေက မယုံနိုင်လောက်အောင် ကြီးမားတယ်၊ မင်းက သူတို့ကို ပကတိမျက်လုံးနဲ့ ကြည့်ရင် သစ်ပင်တစ်ခုလုံးကို မြင်နိုင်ပါဘူး။

"ဒီသစ်ရွက်က တောက်ပနတ်ဘုရားကမ္ဘာရဲ့ရေကန်အချို့ထက် အများကြီးပိုကြီးတယ်၊ ၎င်းအပေါ်ရှိ မြူအတိဖုံးလွှမ်းနေတဲ့ရေက ရေကန်ငယ်တစ်ခုနဲ့ မခြားပါဘူး"

လီဖူချန်းက မှင်တက်သွားခဲ့တယ်။

ခွင်းဝူစကြာဝဠာမှာ ကမ္ဘာသစ်ပင်က အခုလိုကြီးမားပေမယ့် ကမ္ဘာသစ်ပင်တစ်ပင်ပဲ ရှိတာ၊ ဒီနေရာမှာတော့ သစ်ပင်တွေမရေမတွက်များစွာ ရှိတယ်။

အရိပ်တောအုပ်နဲ့အရိပ်တောအုပ်ရဲ့သစ်ပင်တွေနဲ့ နှိုင်းယှဉ်ရင် ငွေရောင်တောင်ပံက ဖုန်မှုန့်လို့တောင် မဆိုနိုင်ပါဘူး။

တိတ်တဆိတ်နဲ့ ငွေရောင်တောင်ပံအာကာသယာဉ်က အရိပ်တောအုပ်ကို ဝင်ရောက်ခဲ့တယ်။

အရိပ်တောအုပ်ထဲမှာ နတ်ဘုရားကမ္ဘာတွေကထက်တောင် ပိုတောက်ပတယ်။

တောက်ပနေတဲ့အပင်တွေနဲ့နတ်ဘုရားသက်ရှိတွေ ရှိလို့ပါပဲ။

အလင်းတောက်ပတဲ့အပင်တွေအကြားမှာ အချို့အပင်တွေက အလင်းအိမ်တွေနဲ့ တူတယ်၊ အဆုံးမဲ့အလင်း‌တွေကို ထုတ်လွှတ်နေတယ်၊ သူတို့က အဝေးကနေတောင် အလင်းတွေ တောက်ပနေတယ်၊ အချို့အပင်တွေက အရောင်တွေ ပြောင်းနေတယ်၊ တစ်ခါတစ်ရံအနီ၊ တစ်ခါတစ်ရံခရမ်းရောင်၊ တစ်ခါတစ်ရံအပြာ၊ လှပပြီး ယစ်မူးစေတယ်။

တောက်ပ‌အပင်တွေက ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်၊ သူတို့အားလုံးမှာ ဘုံတူညီမှုတစ်ခုရှိတယ်၊ ကြီးတယ်၊ ထိတ်လန့်စရာကောင်းလှအောင် ကြီးတယ်။

အပင်တွေတောက်ပတာအပြင် အရိပ်တောအုပ်ထဲရှိအချို့ပုံရိပ်ယောင်သက်ရှိတွေကလဲ တောက်ပတယ်။

ပုံမှန်အားဖြင့် အဲဒီလိုအလင်းတောက်ပတဲ့နတ်ဘုရားသက်ရှိအမျိုးအစားက အဆင့်မမြင့်ပါဘူး၊ ကြယ်တစ်လုံးအဆင့်နိမ့်နတ်ဘုရားသက်ရှိအပုပ်နံတီကောင်၊ ကြယ်တစ်လုံးအလယ်ဆင့်နတ်ဘုရားသက်ရှိမီးချောင်းပိုးဖလံ၊ ကြယ်တစ်လုံးအဆင့်မြင့်နတ်ဘုရားသက်ရှိအနီရောင်မီးငှက်၊ စသဖြင့်ပေါ့။

ဒါပေမယ့် သူတို့က အများကြီးရှိတယ်၊ သူတို့ ထွက်ပေါ်လာတဲ့အခါ ကြီးမားတဲ့ဧရိယာတစ်ခုဖြစ်လာတယ်။

"ဘယ်လိုတောင် ထူးဆန်းတဲ့ကမ္ဘာတစ်ခုလဲ"

လီဖူချန်းက ငွေရောင်တောင်ပံအာကာသယာဉ်ကို ထိန်းချုပ်ရင်း ရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားတယ်။

ရက်အနည်းငယ်ကြာပြီးနောက် အရိပ်တောအုပ်က သူ ထင်ထားသလောက် အန္တရာယ်မများဘူးဆိုတာ လီဖူချန်းက သတိပြုမိခဲ့တယ်၊ ဒါကြောင့် သူက ငွေရောင်တောင်ပံအာကာသယာဉ်ရဲ့အကာအကွယ်ကို စိတ်ဝိညာဉ်စွမ်းအားအလွှာတစ်ခုနဲ့ ဖုံးအုပ်ထားပြီး ဓားတာအိုကို ဆက်လေ့လာခဲ့တယ်။

ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့သုတေသနပစ္စည်းက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအုံးအဆောင်ပစ္စည်းတစ်ခုပဲ။

လင်းယွင်ခယ်လိုဏ်ဂူရဲ့ရင်းမြစ်ခန်းမထဲမှာ သူက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းများစွာကို ရရှိခဲ့တယ်၊ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းမှသည် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအထိ ရှိတယ်။

သူတို့အထဲမှာ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက မရှားပါဘူး။

လီဖူချန်းက မီးခိုရောင်အရိပ်ဓားကို လေ့လာခဲ့ပေမယ့် မီးခိုရောင်အရိပ်ဓားရဲ့အရည်အသွေးက မမြင့်ဘူး၊ အထဲရှိဓားတာအိုဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိတယ်၊ ဒါကြောင့် လီဖူချန်းက တိုက်ရိုက်မခုန်တက်ခဲ့ဘဲ သူက လေ့လာဖို့အတွက် အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ထပ်မံရွေးချယ်ခဲ့တယ်။

ဒီအဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို လအမှတ်အသားလို့ခေါ်တယ်၊ ၎င်းက ပြီးပြည့်စုံတဲ့အရည်အသွေးရှိတယ်။ ၎င်းအထဲရှိဓားတာအိုဥပဒေသက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရှင်းရှင်းလင်းလင်းရောက်ရှိနေတယ်။

"ဒါက စိတ်ဝင်စားစရာပဲ၊ မီးခိုးရောင်အရိပ်ဓားထဲရှိဓားတာအိုဥပဒေသက လအမှတ်အသားလောက် မမြင့်မားဘူး၊ လအမှတ်အသားရဲ့အင်ကွက်က ဆန်းကြယ်ပေမယ့် မီးခိုးရောင်အရိပ်ဓားလောက် မကောင်းပါဘူး"

လီဖူချန်းက အလွန်စိတ်ဝင်စားမိတယ်။

မီးခိုရောင်အရိပ်ဓားကိုထုလုပ်ခဲ့တဲ့အသုံးအဆောင်ပစ္စည်းဆရာသခင်က အသုံးအဆောင်ပစ္စည်းနတ်ဘုရားတစ်ယောက်ဖြစ်ပြီး လအမှတ်အသားကိုထုလုပ်ခဲ့တဲ့သူက အသုံးအဆောင်ပစ္စည်းနတ်ဘုရားတစ်ယောက်မဖြစ်နိုင်လောက်ဘူး။

အသုံးအဆောင်ပစ္စည်းနတ်ဘုရားတွေက ထူးထူးခြားခြား စွမ်းဆောင်နိုင်တယ်၊ သူတို့ရဲ့ကိုယ်ပိုင်ဥပဒေသနဲ့နယ်ပယ်တွေက မမြင့်မားပေမယ့် သူတို့ရဲ့ကိုယ်ပိုင်အဆင့်ထက် ကျော်လွန်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်နိုင်တယ်။

လီဖူချန်းရဲ့နားလည်မှုက မြင့်မားလွန်းပြီး သူ့ရဲ့ဓားတာအိုပါရမီက သန်မာတယ်။ လအမှတ်အသားအပါအဝင် အဆင့်နိမ့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို လေ့လာပြီးနောက် ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်သို့ ရုတ်တရက် ခြေချသွားခဲ့တယ်။

ဒီအချိန်မှာ ဓားတာအိုဥပဒေသအပေါ် ထိန်းချုပ်မှုမှာ သူက ပိုမြင့်မားတဲ့အဆင့်တစ်ခုမှာ ရှိတယ်လို့ လီဖူချန်းက ခံစားမိတယ်။

အတိတ်မှာတုန်းက သူက ဓားတာအိုဥပဒေသရဲ့အမျှင်တန်းတစ်ခုကိုပဲ ထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် အခု သူက တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါပြီ။

ဒီအမျှင်တန်းကို အထင်မသေးပါနဲ့၊ ဒါက အရည်အသွေးဆိုင်ရာ တိုးတက်မှုတစ်ခုဖြစ်တယ်။

တူညီတဲ့ဓားတာအိုစွမ်းအားနဲ့ဆိုရင် သူက ယခင်တိုက်ခိုက်ရေးစွမ်းအားထကိ အဆအနည်းငယ်ပိုထုတ်လွှတ်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

ဒါက ဥပဒေသအပေါ် ထိန်းချုပ်နိုင်စွမ်းတိုးလာခြင်းရဲ့အားသာချက်ဖြစ်တယ်။

"ဘာဖြစ်နေတာလဲ။ ပတ်ပတ်လည်မှာ နတ်ဘုရားပုံရိပ်ယောင်သက်ရှိတွေ ပိုပိုများလာတာပဲ"

ငွေတောင်ပံအာကာသယာဉ်ရဲ့ကုန်းပတ်ပေါ်မှာ လီဖူချန်းစီစဉ်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအားက သတိပေးချက်တစ်ခု ထွက်ပေါ်လာနေတယ်။

ဒီရက်တွေအတွင်း၊ ပုံရိပ်ယောင်သက်ရှိတွေ ပိုပိုလှုပ်ရှားလာတာက်ု လီဖူချန်းက ရှင်းရှင်းလင်းလင်း ခံစားမိတယ်၊ သူတို့ရဲ့အဆင့်က ပိုပိုမြင့်လာတယ်။

အစမှာ ကြယ်တစ်လုံးပုံရိပ်ယောင်သက်ရှိအနည်းငယ်သာ ရှိတာ၊ အခု ကြယ်နှစ်လုံးပုံရိပ်ယောင်သက်ရှိအမြောက်အများက စတင်ထွက်ပေါ်လာတယ်။

"သူတို့က အဲ့ဦးတည်ဘက်အတိုင်း ပျံသန်းနေကြသလိုပဲ"

သိလိုစိတ်က လူတွေကို သတ်တယ်၊ အခု သူ့ရဲ့သိလိုစိတ်က အလွန်ပြင်းထန်လာတယ်လို့ လီဖူချန်းက ခံစားမိတယ်။

"သွားကြည့်ရတာပေါ့လေ"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားအလွှာတစ်ခုက ငွေရောင်တောင်ပံအာကာသယာဉ်ကို ဖုံးအုပ်သွားတယ်။

‌နောက်အခိုက်အတန့်မှာ ငွေရောင်တောင်ပံအာကာသယာဉ်က ပျောက်ကွယ်သွားတော့တယ်။

……

မိုင်သောင်းအကွာအဝေးမှာ ပုံဆောင်ခဲအလား ကြည်လင်ပြီး အပြာရောင်တောက်ပနေတဲ့ ရေကန်ငယ်တစ်ခုရှိတယ်။ ရေကန်ငယ်ရဲ့အလယ်ဗဟိုမှာ ကျွန်းကလေးတစ်ခုရှိတယ်။ ကျွန်းကလေးပေါ်မှာ ‌သစ်ပင်အသေးလေးတစ်ခုရှိတယ်။

ဒီအချိန်မှာ သစ်ပင်လေးရဲ့သစ်ရွက်တစ်ရွက်အပေါ်မှာ ရောင်စုံအင်းဆက်ဥတစ်ခုက အရောင်တဖျပ်ဖျပ်လက်ရင်း ရောင်စုံအလင်းငါးခုကို ထုတ်လွှတ်နေတယ်။

ရောင်စုံအင်းဆက်ဥတွေရဲ့အလင်းက တဖျပ်ဖျပ်လက်နေတာကြောင့် အလွန်အမင်းသန့်စင်တဲ့အသက်အားလှိုင်းတွေကို ထုတ်လွှင့်ခဲ့တယ်၊ အပြေးရောက်ရှိလာနေကြတဲ့ပုံရိပ်ယောင်သက်ရှိတွေအားလုံးက လောဘတကြီးဖြစ်နေကြတာပေါ့။

သူတို့က ဒီရောင်စုံဥကို ဝါးမျိုနိုင်သရွေ့ သူတို့က ဆင့်ကဲပြောင်းလဲနိုင်တယ်လို့ မသိစိတ်က သူတို့ကို ပြောပြခဲ့တယ်။

ဒီဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က သက်ရှိရဲ့အခြေခံဆင့်ကဲဖြစ်စဉ်ဖြစ်တယ်၊ အဆင့်နိမ့်သက်ရှိမှ အဆင့်မြင့်သက်ရှိသို့ အဆုံးစွန်းဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပါတယ်။

***

All Chapters