လိပ်ပြာ
Vol. 84 Ch. 1181
"ဒီဥက မရိုးရှင်းဘူးပဲ"
အပင်တစ်ပင်ရဲ့အဖူးပေါ်မှာ လီဖူချန်းရဲ့ငွေရောင်တောင်ပံအာကာသယာဉ်က ဆိုက်ကပ်ထားတယ်။ မမြင်နိုင်တဲ့ငွေရောင်တောင်ပံအာကာသယာဉ်က ပုံရိပ်ယောင်သက်ရှိတစ်ယောက်ကိုမှ မဆွဲဆောင်ခဲ့ပါဘူး။
လှပတဲ့ရောင်စုံဥကို ကြည့်ရင်း လီဖူချန်းက မေးငေါ့လိုက်တယ်။
ရောင်စုံဥမှထုတ်လွှတ်နေတဲ့အသက်အားက သန့်စင်လွန်းပြီး သန်မာလွန်းတယ်။
ဒီလိုသန့်စင်တဲ့အသက်အားအတက်အကျကို ထုတ်လွှတ်တာကို လီဖူချန်းက အရင်က ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။
ဒါက အလွန်သန်မာတဲ့နတ်ဘုရားပုံရိပ်ယောင်သက်ရှိမျိုးနွယ်တစ်ခုပဲဖြစ်ရမယ်။
ဒီငါးရောင်စုံအင်းဆက်ဥက အရွယ်ရောက်လာတဲ့အခါ သူတို့က ကြယ်လေးလုံးတည်ရှိမှုမှာ အနည်းဆုံးတည်ရှိနိုင်တယ်၊ ကြယ်ငါးလုံးဒါမှမဟုတ်ကြယ်ခြောက်လုံးတောင် ဖြစ်နိုင်တယ်။
ငါးရောင်စုံအင်းဆက်ဥက ကြယ်ခြောက်လုံးနတ်ဘုရားသက်ရှိဖြစ်နိုင်တာကို စဉ်းစားမိပြီး လီဖူချန်းက အတွေးအချို့ဝင်လာတယ်။
နတ်ဘုရားပုံရိပ်ယောင်သက်ရှိတွေကို ယဉ်ပါးအောင် လုပ်လို့မရဘူး။
ဒါက ခွန်အားနဲ့ မဆိုင်ဘူး၊ ဒါက နတ်ဘုရားကမ္ဘာရဲ့ဥပဒေသဖြစ်တယ်။
ဒါပေမယ့် ပုံရိပ်ယောင်သက်ရှိတွေကို မယဉ်ပါးစေနိုင်ပေမယ့် ၎င်းတို့ကို စာချုပ်ချုပ်နိုင်ပါတယ်။
ဒါက စာချုပ်တစ်ခုမျှသာရှိတယ်၊ စိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားကို ဖလှယ်ဖို့ ညီမျှတဲ့စာချုပ်တစ်ခုပဲ။
ယေဘုယျအားဖြင့်ပြောရရင် စာချုပ်တစ်ခုကို ပြုလုပ်ဖို့က မဖြစ်နိုင်ဘူး။
ကံကောင်းစွာနဲ့ အရာအားလုံးမှာ အခွင့်အရေးတစ်ခုရှိတယ်။
နတ်ဘုရားသက်ရှိမဖွေးဖွားခင် မင်းက အချိန်တိုင်းမှာ ၎င်းရဲ့ဘေးနားမှာ နေမယ်၊ ၎င်းကို မင်းရဲ့အသက်ချီအရှိန်အဝါနဲ့ရင်းနှီကျွမ်းဝင်စေမယ်ဆိုရင် မင်းရဲ့စာချုပ်ချုပ်ဖို့အခွင့်အရေးက အကြီးအကျယ်တိုးလာလိမ့်မယ်။
ကြိုတင်သိထားရမှာက မင်းက နတ်ဘုရားပုံရိပ်ယောင်သက်ရှိဥကို ရရှိထားရမယ်ဆိုတာပဲ။
"အနာဂတ်ကြယ်ငါးလုံးဒါမှမဟုတ်ကြယ်ခြောက်လုံးနတ်ဘုရားသက်ရှိတစ်ကောင်ရဲ့ဥအတွက် စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်လေ"
လီဖူချန်းက တိတ်တဆိတ်ပြောလိုက်တယ်။
ထိုအချိန်မှာ ရေကန်ငယ်ကို ဝိုင်းရံထားတဲ့ ပုံရိပ်ယောင်သက်ရှိတွေက တစ်ကောင်ပြီးတစ်ကောင် ဆာလောင်နေတဲ့ဝံပုလွေတွေပမာ ကျွန်းပေါ်ရှိ ရောင်စုံအင်းဆက်ဥတွေအပေါ် ခုန်အုပ်လိုက်တော့တယ်။
ကျွန်းပေါ်ကို ပထမဆုံးရောက်သွားတဲ့သူက လင်းနို့တောင်ပံနဲ့ ထူးဆန်းတဲ့မြွေတစ်ကောင်ပဲ။ သူက သူ့ရဲ့ပါးစပ်ကို ဟကာ ရောင်စုံဥဆီ ပေါက်ချလိုက်တယ်။
ကြယ်နှစ်လုံးအဆင့်နိမ့်နတ်ဘုရားသက်ရှိ- တောင်ပံနက်လင်းနိ့မြွေ။
အွန်.......
ရောက်စုံအင်းဆက်ဥက ရောင်စုံစက်ဝန်းတစ်ခုကိုထုတ်လွှတ်လိုက်ပြီး တောင်ပံနက်လင်းနို့မြွေကို တစ်ချက်တည်းနဲ့ ဖုံးအုပ်သွားတော့တယ်။
တောင်ပံနက်လင်းနို့မြွေက အော်လိုက်တော့တယ်၊ ကြီးမားတဲ့အသက်အဆီအနှစ်ပမာဏကို ရောင်စုံစက်ဝန်းက ယူငင်သွားတော့တယ်။
တောင်ပံနက်လင်းနို့မြွေက ရောင်စုံအင်းဆက်ဥကို ဆက်ဝါးမမျိုရဲတော့ဘဲ ၎င်းက ပြန်လှည့်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
ဒါပေမယ့် ရောင်စုံစက်ဝန်းက လွှမ်းမိုးနိုင်လှတယ်၊ ၎င်းက တောင်ပံနက်လင်းနို့မြွေကို တင်းကျပ်စွာ ဖုံးအုပ်သွားတော့တယ်။
အချိန်တိုအတွင်းမှာ တောင်ပံနက်လင်းနို့မြွေရဲ့အသက်အဆီအနှစ်ကို ဝါးမျိုသွားခဲ့ပြီး အခွံတစ်ခုသာ ချန်ထားရစ်ခဲ့တယ်။
တောင်ပံနက်လင်းယုန်မြွေရဲ့အသက်အဆီအနှစ်ကို ရောင်စုံအင်းဆက်ဥက စုပ်ယူပြီးနောက် ၎င်းရဲ့အသက်အားအတက်အကျက သိသိသာသာပိုသန်မာလာတယ်။
"ကြယ်နှစ်လုံးအဆင့်နိမ့်ပုံရိပ်ယောင်သက်ရှိရဲ့အသက်အဆီအနှစ်ကို စုပ်ယူပြီး အသက်အားအတက်အကျက အနည်းငယ်ပဲ ပိုသန်မာလာတယ်။ ဒီဥက ဘယ်လိုပုံရိပ်ယောင်သက်ရှိအမျိုးအစားပါလိမ့်" လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။
ယခု ရောင်စုံအင်းဆက်ဥက ကြယ်ငါးလုံးနတ်ဘုရားသက်ရှိရဲ့ဥဖြစ်တယ်လို့ သူ မစဉ်းစားတော့ဘူး။
"အနည်းဆုံးကြယ်ခြောက်လုံးနတ်ဘုရားသက်ရှိဥဖြစ်မယ်"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ကြယ်ခြောက်လုံးဂိုဏ်းက ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်နေပြီ။ အလားတူစွာ၊ ကြယ်ခြောက်လုံးနတ်ဘုရားသက်ရှိကလဲ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာဆိုရင် ထိပ်တန်းစွမ်းအားရှင်တစ်ယောက်ဖြစ်မှာ သေချာပေါက်ပဲ။
ကြယ်ခြောက်လုံးနတ်ဘုရားသက်ရှိဥတွေ၊ သူ့အတွက်တော့ ကြီးမားတဲ့အကူအညီတစ်ခုဆိုတာ သံသယရှိစရာမလိုဘူးပဲ။
ဒါပေမယ့် သူက တစ်ဖက်နဲ့ ညီမျှတဲ့စာချုပ်တစ်ခုကို ချုပ်ဆိုဖို့ လိုအပ်တယ်။
အုန်း အုန်း အုန်း.......
ပုံရိပ်ယောင်သက်ရှိတွေက ရောင်စုံအင်းဆက်ဥတွေဆီ အပြေးလာကြတယ်။
ရောင်စုံအင်းဆက်ဥတွေက ထုတ်လွှတ်တဲ့ အသက်အားအတက်အကျက သန့်စင်လွန်းတယ်၊ သန်မာလွန်းတယ်၊ သူတို့အနေနဲ့ ဒီဆွဲဆောင်ဖြာယောင်းမှုကို ခုခံဖို့ ခက်ခဲလှတယ်။
ရောင်စုံစက်ဝန်းက အားကောင်းပေမယ့် နတ်ဘုရားသက်ရှိများစွာရဲ့သက်ရောက်မှုအောက်မှာ ၎င်းက တုန်ခါလာတယ်။
ဒီအချိန်အတောအတွင်း ရောင်စုံစက်ဝန်းက နတ်ဘုရားသက်ရှိအမြောက်အများရဲ့အသက်အားတွေကို ယူငင်ထားခဲ့ပြီးပြီ။
လီဖူချန်းက လှုပ်ရှားတော့မယ့်အခိုက်မှာ အကြောင်းတစ်ခုက ရောင်စုံအင်းဆက်ဥတွေပေါ်မှာ ထွက်ပေါ်လာတယ်။
ပိုပြင်းထန်တဲ့အသက်အားလှိုင်းတစ်ခုက ဖြာထွက်လာတယ်။
"မွေးဖွားတော့မှာလား"
လီဖူချန်းက အနည်းငယ်မှင်တက်သွားမိတယ်။
အသက်မွေးဖွားလာတဲ့နတ်ဘုရားသက်ရှိတွေကို စာချုပ်ချုပ်ဖို့ အခွင့်အရေးတစ်ခုရှိပေမယ့် အခွင့်အလမ်းက အများကြီးပိုနိမ့်တယ်။
ရောက်စုံစက်ဝန်းပျက်ဆီးသွားတဲ့အခိုက်အတန့်မှာတော့ ရောက်စုံအင်းဆက်ဥတွေက လုံးဝအက်ကွဲသွားပြီး ပေါက်ဖတ်တစ်ကောင်က နတ်ဘုရားသက်ရှိတွေအကြားထဲမှာ၊ လီဖူချန်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။
ဒီပေါက်ဖတ်က အရမ်းလှတယ်။ ၎င်းကို ကြည့်ရတာ ရောင်စုံပုံဆောင်ခဲတွေနဲ့ ပြုလုပ်ထားပုံရတယ်။ ၎င်းခန္ဓာကိုယ်ပေါ်ရှိအမွေးနုတွေက နူးညံ့ကာ အိမ်မက်ဆန်တယ်။
"ယား"
ပေါက်ဖတ်က ကလေးတစ်ယောက်အလား အသံပြုလိုက်တယ်၊ ပိုကြီးမားတဲ့ရောင်စုံစက်ဝန်းတစ်ခုက ၎င်းရဲ့ခန္ဓာကိုယ်မှ ပေါ်ထွက်လာတယ်။
ဖူးဖူးဖူး......
အပြေးလာနေတဲ့ပုံရိပ်ယောင်သက်ရှိတွေ၊ ကြယ်နှစ်လုံးအလယ်ဆင့်အောက်အားလုံးက ခုခံနိုင်စွမ်းကင်းမဲ့ခဲ့တယ်၊ သွေးမြူတစ်ခုအဖြစ် တိုက်ရိုက်ရိုက်ခတ်သွားကြပြီး အသက်အဆီအနှစ်တွေကို ပေါက်ဖတ်တွေက ဝါးမျိုခဲ့တယ်။
ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားသက်ရှိတွေက ဒီရောင်စုံစက်ဝန်းနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ သူတို့အားလုံးက နှေးကွေးလေးလံအားနည်းသွားကြတယ်။
ကြယ်နှစ်လုံးအဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတွေကိုပဲ လုံးဝမသက်ရောက်ခဲ့တာ၊ သူတို့က ရောင်စုံစက်ဝန်းနဲ့ အရူးအမူးတိုက်ခိုက်နေကြတယ်။
ရောင်စုံစက်ဝန်းက အကြာကြီးမခံတော့မှာကို လီဖူချန်းက မြင်နိုင်တယ်။
ပေါက်ဖတ်က စွမ်းအားနည်းနည်းလေးပဲ ရှိတာဖြစ်မယ်၊ တကယ်တော့ ၎င်းက မွေးဖွားကာစပဲလေ။
နောက်ဆုံးမှာ ရောင်စုံစက်ဝန်းက ပေါက်ကွဲထွက်သွားပြီး ဒဏ်ရာတစ်ခုက ပေါက်ဖတ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။ ဒဏ်ရာမှ ရောင်စုံသွေးတွေက ပန်းထွက်လာတယ်။
ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားသက်ရှိသွေးဆာအဆိပ်ခြင်က ရောင်စုံစက်ဝန်းကို ချိုးဖြတ်ကာ ပေါက်ဖတ်ရဲ့ဒဏ်ရာမှတစ်ဆင့် ရောင်စုံသွေးအမြောက်အများကို စုပ်ယူခဲ့တယ်။
နောက်အခိုက်အတန့်မှာ သွေးဆာအဆိပ်ခြင်ရဲ့အသက်အားက မတည်မငြိမ်ဖြစ်လာတယ်၊ ဆင့်ကဲဖြစ်စဉ်ရဲ့လက္ခဏာတစ်ခုပါပဲ။
"ကောင်ကလေး၊ ငါ မင်းကို ကူညီဖို့ လာပြီ"
လီဖူချန်းက ကျွန်းပေါ်မှာ ထွက်ပေါ်လာတယ်၊ သူ့လက်ထဲရှိဓားကို ဝှေ့ယမ်းကာ ကျွန်းပေါ်ရှိပုံရိပ်ယောင်သက်ရှိတွေကို တိုက်ခိုက်ခဲ့တယ်၊ အားလုံး သေသွားခဲ့ပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်နဲ့အသက်အဆီအနှစ်က မပျက်သုန်းသွားခဲ့ပါဘူး၊ လီဖူချန်းက တမင်တကာပြုလုပ်ခဲ့တာပါပဲ။
ပေါက်ဖတ်က အရမ်းဉာဏ်ကောင်းတယ်၊ ရောင်စုံစက်ဝန်းကို ထုတ်လွှတ်ပြီး သေသွားတဲ့ပုံရိပ်ယောင်သက်ရှိတွေရဲ့အသက်အဆီအနှစ်ကို ယူနေတော့တယ်။
အသက်အဆီအနှစ်တွေကို ပိုပိုဝါးမျိုလာတာကြောင့် ပေါက်ဖတ်ရဲ့စွမ်းအားက ပိုပိုသန်မာလာပြီး ခန္ဓာကိုယ်အသွင်အပြင်က ပိုထူထဲလာတယ်။ ၎င်းရဲ့ယခင်ဒဏ်ရာက ပျောက်ကင်းသွားခဲ့ချေပြီ။
"ယား"
ပေါက်ဖတ်က ၎င်းရဲ့ခေါင်းကို လှည့်ကာ လီဖူချန်းကို ကျောက်စိမ်းနဲ့တူတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
လီဖူချန်းက ပြုံးလိုက်တယ်။ ဒီပေါက်ဖတ်က အနာဂတ်မှာ ကြယ်ခြောက်လုံးနတ်ဘုရားသက်ရှိဖြစ်လာနိုင်မှတော့ သူ့ရဲ့အရှုံးအမြတ်က အရေးမကြီးတော့ပါဘူး။ တစ်ဖက်နဲ့ ညီမျှတဲ့စာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ရင် အကောင်းဆုံးပဲ။
ပြေးလာနေတဲ့ပုံရိပ်ယောင်သက်ရှိတွေက အများကြီးပဲ၊ သူတို့ကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။
ထပ်ပြောရရင် ကြီးမားတဲ့ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားသက်ရှိတွေကလဲ ထွက်ပေါ်လာနေတယ်။
အွတ်.....
ပေါက်ဖတ်က ကြို့ထိုးပြီး အသက်အားစုပ်ယူခြင်းကို ရပ်တန့်လိုက်တယ်။ ၎င်းခန္ဓာကိုယ်ပေါ်ရှိအသက်အားက အတက်အကျဖြစ်လာပြီး တဖြည်းဖြည်းညီမျှလာတယ်။
"မင်း ငါနဲ့ လိုက်လာချင်လား၊ ငါ မင်းကို အန္တရာယ်ကင်းတဲ့နေရာတစ်ခုကို ခေါ်သွားမယ်"
ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားသက်ရှိက ကြောက်စရာမကောင်းပါဘူး၊ လီဖူချန်းစိုးရိမ်တာကတော့ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားသက်ရှိတွေအမြောက်များထွက်ပေါ်လာမှာကိုပဲ။
"ယား"
ပေါက်ဖတ်က လီဖူချန်းရဲ့ပခုံးပေါ်သို့ ခုန်တက်ခဲ့တယ်။
"သွားစို့"
လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်။
လမ်းတစ်လျှောက်မှာ ပေါက်ဖတ်က လီဖူချန်းထံ ဒုက္ခအမြောက်အများကို ခေါ်ဆောင်လာခဲ့တယ်၊ ပေါက်ဖတ်ရဲ့အသက်အားကြောင့် ကြယ်သုံးလုံးနတ်ဘုရားသက်ရှိတွေက မကြာခဏလိုက်လာကြတယ်။
လီဖူချန်းမှာ ငွေရောင်တောင်ပံအာကာသယာဉ်တစ်စီးရှိတာ ကံကောင်းသွားတယ်၊ သို့မဟုတ်ရင် သူက လွတ်မြောက်နိုင်မှာမဟုတ်ဘူး။
"မင်းရဲ့အသက်အားအတက်အကျကို ဘယ်အချိန်လောက်ကျရင် ထိန်းချုပ်နိုင်မလဲ"
လီဖူချန်းက ပေါက်ဖတ်ကို မေးလိုက်တယ်။
"ယား"
ပေါက်ဖတ်က လိပ်ပြာအသိစိတ်အာရုံတစ်ခုကို ထုတ်လွှတ်ပေးလိုက်တယ်။
"မကြာခင်လို့ မင်း ဆိုလိုတာလား"
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်၊ ဘယ်လိုတောင် မြန်တာလဲ။
"စကားမစပ်၊ မင်းက ဘယ်လိုသက်ရှိအမျိုးအစားလဲဆိုတာ မင်း သိလား" လီဖူချန်းက မေးလိုက်တယ်။
ပေါက်ဖတ်က ၎င်းရဲ့ခေါင်းကို မော့လိုက်တယ်၊ စိတ်ဝိညာဉ်အာရုံတစ်ခုကို ဂုဏ်ယူစွာနဲ့ လွှတ်ထုတ်လိုက်တယ်။
“Multicolored Butterfly?”
"ရောင်စုံကောင်းကင်ခွဲလိပ်ပြာလား"
ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလွန်ရှင်းလင်းသွားပြီး ပေါက်ဖတ်ရဲ့အဓိပ္ပါယ်ကို ချက်ချင်း နားလည်ခဲ့တယ်။
ဒါပေမယ့် လီဖူချန်းက ဒီရောင်စုံကောင်းကင်ခွဲလိပ်ပြာဆိုတာကို ဘယ်တုန်းကမှ မကြားခဲ့ဘူး၊။၎င်းက အလွန်ရှေးကျတဲ့နတ်ဘုရားသက်ရှိတစ်ကောင်ဖြစ်မယ်။
လီဖူချန်းက လုံးဝမအံ့ဩတာကို မြင်ပြီး သူတို့ရဲ့ရောင်စုံကောင်းကင်ခွဲလိပ်ပြာဆိုတာ အလွန်ရှေးကျတဲ့နတ်ဘုရားသက်ရှိတစ်ကောင်လို့ ပေါက်ဖတ်က အတိအကျအလေးထားခဲ့တယ်။ အရွယ်ရောက်တာနဲ့ သူတို့က ကြယ်ခုနှစ်လုံးနတ်ဘုရားသက်ရှိဖြစ်မယ်။ ကြယ်ရှစ်လုံးနတ်ဘုရားသက်ရှိကိုတောင် ရောက်ရှိနိုင်တယ်။
အခု သူက အရွယ်မရောက်သေးဘူး၊ မွေးကာစသာဖြစ်တယ်၊ ဒါကြောင့် သူ့ရဲ့အဆင့်က ကြယ်နှစ်လုံးအဆင့်နိမ့်သာဖြစ်တယ်၊ ဒါပေမယ့် သူ့ရဲ့ခွန်အားက ကြယ်နှစ်လုံးအလယ်ဆင့်နတ်ဘုရားသက်ရှိတွေကို ဖြတ်ကျော်ဖို့ လုံလောက်တယ်။
"ကြယ်ရှစ်လုံးနတ်ဘုရားသက်ရှိလား"
လီဖူချန်းက တကယ်ကို ထိတ်လန့်တုန်လှုပ်သွားတယ်။
ဘယ်လိုလုပ်ပြီး ဒီအဆင့်ရှိပုံရိပ်ယောင်သက်ရှိတွေက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာအနီးနားမှာ ထွက်ပေါ်လာရတာလဲ။
***