ညီမျှခြင်းစာချုပ်
Vol. 84 Ch. 1182
တစ်ဖက်လူရဲ့အသက်အားက ဒီလောက်သန့်စင်တာ အံ့ဩစရာမရှိဘူးပဲ၊ ကြယ်ရှစ်လုံးနတ်ဘုရားသက်ရှိတွေရဲ့အသက်အားက မသေမျိုးဖြစ်နိုင်မလား။
သူက ကလေးတစ်ယောက်ပဲ ဖြစ်သေးပေမယ့်ပေါ့။
"ဘာလို့ မင်း အရိပ်တောအုပ်မှာ ထွက်ပေါ်လာခဲ့တာလဲ"
အရိပ်တောအုပ်က ဘယ်လောက်ပဲ အားကောင်းနေပါစေ ကိစ္စမရှိဘူး၊ ၎င်းက ကြယ်လေးလုံးအန္နရာယ်နယ်မြေတစ်ခုသာ ဖြစ်ပြီး ကြယ်ရှစ်လုံးသက်ရှိတွေထွက်ပေါ်လာဖို့က မဖြစ်နိုင်ပါဘူးလေ။
ပေါက်ဖတ်က ခေါင်းခါယမ်းလိုက်တယ်"ငါ မသိဘူး၊ ငါ သိတာက ငါ့ကို အဝေးတစ်နေရာကနေ တည်နေရာရွှေ့ပြောင်းလိုက်တာပဲ"
တည်နေရာရွှေ့ပြောင်းလိုက်တာလား။
လီဖူချန်းက အံ့အားသင့်ခြင်းမရှိပါဘူး။ ပေါက်ဖတ်ကို ပို့လွှတ်လိုက်တဲ့ တည်ရှိမှုက ကြယ်ခုနှစ်လုံးရောင်စုံကောင်းကင်ခွဲလိပ်ပြာဒါမှမဟုတ်ကြယ်ရှစ်လုံးရောင်စုံကောင်းကင်ခွဲလိပ်ပြာတစ်ကောင်ကောင်ပဲဖြစ်မှာပါ။
ရောင်စုံကောင်းကင်ခွဲလိပ်ပြာ။
ကောင်းကင်ခွဲ။
ရောင်စုံကောင်းကင်ခွဲလိပ်ပြာရဲ့မိသားစုမှာ နေရာလပ်ကို ဆုတ်ဖြဲနိုင်တဲ့စွမ်းရည်ရှိမယ်လို့ ယူဆရတယ်။
နေရာလပ်သွေးမျိုးဆက်တစ်ခုခုလားဆိုတော့ မသိပါဘူး။
"မင်းထုတ်လွှတ်တဲ့ရောင်စုံစက်ဝန်းက မင်းရဲ့သွေးမျိုးဆက်နတ်ဘုရားအတတ်လား" လီဖူချန်းက ထပ်မေးလိုက်တယ်။
ပေါက်ဖတ်က ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်၊ ဒါက ငါ့ရဲ့ပထမဆုံးသွေးမျိုးဆက်နတ်ဘုရားအတတ်ပဲ။ အဲဒါကို ငါးရောင်စုံနတ်ဘုရားအလင်းလို့ ခေါ်တယ်၊ အဲဒါက အလွန်အားကောင်းတယ်၊ အဲဒါက ရန်သူရဲ့အသက်အဆီအနှစ်ကို အဝေးကို ပွတ်တိုက်ပစ်ရုံသာမက နယ်ပယ်ပိုမြင့်လာရင် ရန်သူရဲ့စိတ်ဝိညာဉ်ကိုလဲ ပွတ်တိုက်ပစ်နိုင်တယ်၊ အဲဒါမှာ မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်တဲ့သက်ရောက်မှုရှိတယ်"
"ဒါ မှင်တက်စရာပဲ"
လီဖူချန်းက တစ်ခဏပြောစရာစကားမရှိဖြစ်သွားတယ်။
ကြယ်ရှစ်လုံးပုံရိပ်ယောင်သက်ရှိတွေက ကြယ်ရှစ်လုံးပုံရိပ်ယောင်သက်ရှိတွေပါပဲ။ မွေးရာပါသွေးမျိုးဆက်နတ်ဘုရားအတတ်တွေက ပုံမှန်မဟုတ်ဘူးပဲ။
ဒီငါးရောင်နတ်ဘုရားအလင်းက တိုက်စစ်နဲ့ခံစစ်ကို ပေါင်းစည်းထားတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်ကိုလဲ တိုက်ခိုက်နိုင်တယ်၊ ချို့ယွင်းချက်ကင်းမဲ့လုနီးပါးပဲ။
"မင်း ဒုတိယသွေးမျိုးဆက်နတ်ဘုရားအတတ်ကို ဘယ်အချိန်မှာ နိုးထမလဲ။ ကြီးထွားခြင်းအခြေအနေမှာလား"
"အဲလိုမဟုတ်ဘူး၊ ငါတို့ရောင်စုံကောင်းကင်ခွဲလိပ်ပြာမှာ ကြီးထွားခြင်းအခြေအနေလေးဆင့်ရှိတယ်၊ မွေးကင်းစ၊ ကြီးထွားခြင်း၊ အရွယ်ရောက်ခြင်း၊ ပြီးပြည့်စုံခြင်းဆိုပြီး ရှိတယ်။ မွေးကင်းစကို အဆင့်ခွဲသုံးခုထပ်ခွဲထားတယ်၊ စဦး၊ မွေးစ၊ ကလေးဆိုပြီးတော့ပေါ့။ ယေဘုယျပြောရရင် စဦးအခြေအနေမှာ ငါတို့အားလုံးက ကြယ်နှစ်လုံးအဆင့်ရှိတယ်၊ မွေးစအခြေအနေမှာ ကြယ်သုံးလုံးအဆင့်ရှိတယ်၊ ကလေးအခြေအနေမှာ ကြယ်လေးလုံးရှိတယ်။ ဒီအချိန်အတောအတွင်း အဆင့်တစ်ခုကို ရောက်တိုင်း ငါတို့တွေ သွေးမျိုးဆက်နတ်ဘုရားအတတ်တစ်ခုကို နိုးထတယ်......"
ပေါက်ဖတ်ရဲ့စကားမှ နတ်ဘုရားသက်ရှိက ပိုသန်မာလေလေ၊ ကြီးထွားခြင်းအစိတ်အပိုင်းက ပိုအသေးစိတ်ကျလေပဲ။
ဒါပေမယ့် အလားတူစွာပင် နတ်ဘုရားသက်ရှိက ပိုအားကောင်းလေ၊ ကြီးထွားဖို့အချိန်ပိုကြာလေပဲ။
ဒါပေမယ့် စဦးအခြေအနေမှာ အားကောင်းတဲ့နတ်ဘုရားသက်ရှိတွေက အလွန်လျင်မြန်စွာ ကြီးထွားကြတယ်။
ရောင်စုံကောင်းကင်ခွဲလိပ်ပြာကလန်လိုပေါ့၊ စဦးအခြေအနေမှ မွေးစအခြေအနေကို ရောက်ဖို့ ဆယ်နှစ်ကြာတယ်။
အခြားစကားဖြင့်ဆိုရရင် ပြင်ပအားရဲ့အကူအညီမပါဘဲနဲ့ ပေါက်ဖတ်က ကြယ်နှစ်လုံးအဆင့်မှကြယ်သုံးလုံးအဆင့်သို့ ဆယ်နှစ်အတွင်း အဆင့်တက်နိုင်တယ်။
ဒါပေမယ့် ပြီးရင်တော့ လိုအပ်တဲ့အချိန်က ဆယ်ဆဖြစ်လာလိမ့်မယ်။
မွေးစမှ ကလေးအခြေအနေသို့ နှစ်တစ်ရာကြာပြီး ကလေးအခြေအနေမှ ကြီးထွားခြင်းအခြေအနေသို့ နှစ်တစ်ထောင်ကြာတယ်။
ပြီးတော့ ကြီးထွားခြင်းကိုလဲ နှစ်ဆင့်ထပ်ခွဲထားတယ်၊ ပထမအဆင့်နဲ့ ဒုတိယအဆင့်ဆိုပြီးတော့ပေ့ါ။
နောက်တစ်ဆင့်က အရွယ်ရောက်ခြင်းပါပဲ။
"ပြီးပြည့်စုံခြင်းခန္ဓာကိုယ်အထိ ရောက်ရှိဖို့ နှစ်တစ်သန်းပဲ ကြာတယ်၊ ဒါက အလွန်မြန်တာပဲ" လီဖူချန်းက ပြောလိုက်တယ်။
ကြယ်နှစ်လုံးအဆင့်မှကြယ်ရှစ်လုံးအဆင့်ကို ရောက်ရှိဖို့ နှစ်တစ်သန်းကြာတယ်။ ဒါကို နှေးတယ်လို့ ဘယ်လိုမှ ပြောလို့မရပါဘူး။
"မဟုတ်ဘူး" ပေါက်ဖတ်က ရှင်းပြလိုက်တယ်"မွေးကင်းစအခြေအနေကနေကြီးထွားခြင်းအခြေအနေက ဆယ်ဆရှိတယ်၊ ကြီးထွားခြင်းအခြေအနေကနေ အရွယ်ရောက်ခြင်းအခြေအနေထိက အဆတစ်ရာရှိတယ်၊ အရွယ်ရောက်ခြင်းအခြေအနေကနေ ပြီးပြည့်စုံခြင်းခန္ဓာကိုယ်ထိ အချိန်ဘယ်လောက်ကြာမလဲကို မသိနိုင်ဘူး၊ ဘာလို့ဆို ရောင်စုံကောင်းကင်ခွဲလိပ်ပြာတိုင်းက ပြီးပြည့်စုံခြင်းခန္ဓာကိုယ်ကို မရောက်ရှိနိုင်လို့ပဲ။ မင်းက ပြီးပြည့်စုံခြင်းခန္ဓာကိုယ်ကို အောင်မြင်ချင်ရင် မင်းက ရှေးကျရမယ်၊ အခွင့်အလမ်းကလဲ မရှိမဖြစ်ပဲ။ ငါတို့ရောင်စုံကောင်းကင်ခွဲလိပ်ပြာကလန်ရဲ့သမိုင်းမှာ အငယ်ဆုံးပြီးပြည့်စုံခြင်းခန္ဓာကိုယ်က နှစ်သန်းတစ်ရာကျော်တယ်"
အချိန်ကြာလာဝာာနဲ့အမျှ ပေါက်ဖတ်က သတင်းအချက်အလက်တွေကို ပိုပိုပြီးအမွေဆက်ခံလာတယ်၊ လိပ်ပြာအသိစိတ်အာရုံရဲ့ဆက်သွယ်မှုက ပိုပိုချောမွေ့လာတယ်။
ဒါပေမယ့် ဘယ်သူက သူ့ကို အရိပ်တောအုပ်ကို ပို့လိုက်သလဲ၊ ဘာလို့ပို့လိုက်သလဲကိုတော့ ၎င်းက မသိသေးဘူး။
"နှစ်သန်းတစ်ရာက လက်ခံနိုင်ပါတယ်လေ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
နှစ်သန်းတစ်ရာက အချိန်ကြာတယ်လို့ထင်ရပေမယ့် ၎င်းက ပြီးပြည့်စုံခြင်းခန္ဓာကိုယ်တစ်ခု၊ ကြယ်ရှစ်လုံးနတ်ဘုရားသက်ရှိဖြစ်တယ်လေ။
အချက်အလက်တစ်ခုအနေနဲ့ ၎င်းက မွေးစအခြေအနေကို ရောက်ရင် ရောင်စုံကောင်းကင်ခွဲလိပ်ပြာက သူ့ရဲ့အကြီးမားဆုံးအကူအညီဖြစ်နိုင်တယ်၊ ဒီအတွက်လိုအပ်တဲ့အချိန်က ဆယ်နှစ်ပဲရှိတာလေ။
မင်းက ကြီးထွားမှုကို မြှင့်တင်တဲ့ရတနာတစ်ခုကို ရရင် မင်းက ဆယ်နှစ်တောင် မလိုဘူး။
ရှုး.......
ကြယ်သုံးလုံးအလယ်ဆင့်နတ်ဆိုးမြွေစိမ်းတစ်ကောင်က ငွေတောင်ပံအာကာသယာဉ်နဲ့ ပေါက်ဖတ်ကို စိုက်ကြည့်လိုက်တယ်။
ဝှစ်.....
နတ်ဆိုးမြွေစိမ်းရဲ့အရှိန်က အလွန်မြန်တယ်၊ ၎င်းရဲ့အမြီးက သစ်ပင်ပေါ်ကို ခုန်တက်သွားတယ်။ အားကောင်းတဲ့ပေါက်ကွဲအားက ၎င်းကို ငွေရောင်တောင်ပံအာကာသယာဉ်သို့ ချက်ချင်း မီသွားစေတယ်။
အုန်း အုန်း ဒုန်း ဒုန်း ဒုန်း......
လီဖူချန်းက နတ်ဘုရားအမြောက်ကို ပစ်လွှတ်လိုက်ပြီး နတ်ဆိုးမြွေစိမ်းကို နောက်သို့ လွင့်ထွက်သွားစေခဲ့တယ်။
"ကောင်းပြီလေ"
ပေါက်ဖတ်ပေါ်ရှိအသက်အားအတက်အကျက လုံးဝညီမျှလာခဲ့တယ်။ လက်ရှိအချိန်မှာ လီဖူချန်းက ပေါက်ဖတ်ပေါ်ရှိ အသက်အားအတက်အကျကိုတောင် မခံစားနိုင်တော့ဘူး။
"အဆင်ပြေတယ်" လီဖူချန်းက စိတ်သက်သာရာရသွားခဲ့တယ်။ ငွေရောင်တောင်ပံအာကာသယာဉ်က ကြယ်သုံးလုံးအလယ်ဆင့်ပုံရိပ်ယောင်သက်ရှိကို ကိုင်တွယ်နိုင်သေးတယ်၊ သူတို့က ကြယ်သုံးလုံးအဆင့်မြင့်ပုံရိပ်ယောင်သက်ရှိနဲ့ ရင်ဆိုင်ရရင်တော့ ထွက်ပြေးနိုင်မှာမဟုတ်တော့ဘူး။
နောက်ထပ်၊ ပုံရိပ်ယောင်သက်ရှိတစ်ကောင်မှ ငွေတောင်ပံအာကာသယာဉ်နောက်ကို မလိုက်တော့ဘူး၊ သေရေးရှင်ရေးအနေအထားကို လုံးဝဖြေရှင်းနိုင်ခဲ့ပါပြီ။
ပေါက်ဖတ်ကို ကြည့်ရင်း လီဖူချန်းက တည့်တိုးပဲ ပြောလိုက်တယ်"ငါ မင်းကို ကယ်ဆယ်ခဲ့ပေမယ့် မင်းကို ဘာလုပ်ဖို့ ဖိအားမပေးပါဘူး။ မင်းခန္ဓာကိုယ်ထဲရှိအသက်အားအတက်အကျက ငြိမ်သွားပြီဆိုတော့ မင်း အခုကစပြီး ဘယ်အချိန်မဆို ထွက်ခွာလို့ရပြီ။ ဒါပေမယ့် မင်း အရိပ်တောအုပ်ကနေ ထွက်သွားချင်ရင် ငါ မင်းကို ခေါ်သွားနိုင်ပါတယ်၊ ဒါပေမယ့် အဲ့မတိုင်ခင် ငါ မင်းကို မေးချင်တယ်၊ မင်း ငါနဲ့အတူ ညီမျှတဲ့စာချုပ်တစ်ခုကို ချုပ်ဆိုဖို့ ဆန္ဒရှ်ိရဲ့လား၊ အခုကစပြီး ငါနဲ့အတူ ရင်ဘက်ချင်းကပ်ကာ တိုက်ခိုက်ရဲလား၊ သေအတူရှင်မကွာနေရဲလား"
ဒါကို မမျှော်လင့်ထားဘူးလို့ ပြောရင် သူက လိမ်တာပါပဲ၊ တကယ်တော့ ဒါက ကြယ်ရှစ်လုံးနတ်ဘုရားသက်ရှိလေ။
ဒါပေမယ့် မျှော်လင့်ချက်က အရမ်းသေးတာကို သူလဲ သိတယ်။
"ငါ ဆန္ဒရှိပါတယ်" ပေါက်ဖတ်က ခေါင်းညိတ်ကာ ပြောလိုက်တယ်။
"ဘာ"
လီဖူချန်းက မှင်တက်သွားမိတယ်။
သူက နားကြားမှာတယ်လို့တောင် သံသယဖြစ်နေမိတယ်။
တစ်ဖက်လူက မတုံ့ဆိုင်းဘဲ ချက်ချင်း သဘောတူခဲ့တာလေ။
ပေါက်ဖတ်ရဲ့နောက်စကားက ပြဿနာရဲ့အချက်ကို လီဖူချန်းကို နားလည်စေခဲ့တယ်။
"ဘာလို့လဲ ငါ မသိဘူး၊ မင်း ဘေးနားမှာနေရင် ငါ့ရဲ့စိတ်ဝိညာဉ်က အရမ်းသက်သောင့်သက်သာရှိတယ်လို့ ငါ ခံစားနေမိတယ်"
လီဖူချန်းက ပြောလိုက်တယ်"ဒီလိုဆိုမှတော့ စိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားကို ဖလှယ်ပြီး စာချုပ်ချုပ်ကြတာပေါ့"
တစ်ဖက်က စိတ်ဝိညာဉ်အလွန်သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရတဲ့အကြောင်းပြချက်က ရွှေရောင်အဆောင်ကြောင့်ဖြစ်မယ်လို့ လီဖူချန်းက ခန့်မှန်းခဲ့တယ်။
"ကောင်းပြီလေ"
ညီမျှခြင်းစာချုပ်တစ်ခုချုပ်တာက အလွန်ရိုးရှင်းတယ်၊ အဲဒါက စိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားကို ဖလှယ်ဖို့ပဲ လိုတယ်၊ ကျန်တာတွေက နတ်ဘုရားကမ္ဘာဥပဒေသနဲ့သာ သက်ဆိုင်တယ်။
ဒါပေမယ့် ညီမျှခြင်းစာချုပ်တစ်ခုရဲ့နိဂုံးက ကြုံသလိုအဆုံးသတ်လို့ရတဲ့အရာမဟုတ်ဘူး။
စိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားက စိတ်ဝိညာဉ်ရဲ့အမြစ်ဖြစ်တယ်။ စိတ်ဝိညာဉ်စွမ်းအားရင်းမြစ်တစ်ခုကို ထုတ်ခြင်းက ထိခိုက်စေတယ်၊ ထိခိုက်မှုက ကြီးမားတယ်။ ကံကောင်းစွာနဲ့ ညီမျှခြင်းစာချုပ်က ဒီထိခိုက်မှုကို အစားထိုးပေးနိုင်တယ်၊ ဒါပေမယ့် အချိန်အချို့ လိုအပ်တယ်။
လီဖူချနိးက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားလိမ္မော်ဖျော့ရောင်ရင်းမြစ်တစ်ခုကို ယူထုတ်ခဲ့တယ်။
ပေါက်ဖတ်လဲ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားအနီရောင်ရင်းမြစ်ကို ထုတ်ယူခဲ့တယ်။
"ဒါ ကြယ်နှစ်လုံးအဆင့်မြင့်စိတ်ဝိညာဉ်လား"
ပေါက်ဖတ်ရဲ့စိတ်ဝိညာဉ်က ကြယ်နှစ်လုံးအဆင့်မြင့်ပုံရိပ်ယောင်သက်ရှိနဲ့ ယှဉ်နိုင်တာကို လီဖူချန်းက ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ၊ ပေါက်ဖတ်ရဲ့အဆင့်က ကြယ်နှစ်လုံးအဆင့်နိမ့်ပဲ ရှိတာလေ။
"မင်းရဲ့စိတ်ဝိညာဉ်အဆင့်က အရမ်းမြင့်တာပဲ"
ပေါက်ဖတ်က ၎င်းရဲ့ပါးစပ်ကျယ်ကြီးကို ဟလိုက်တော့တယ်။
သူ အမွေဆက်ခံထားတဲ့အချက်အလက်အရ လိမ္မော်ရောင်စိတ်ဝိညာဉ်က ဆန်းကြယ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်ဖြစ်တယ်၊ နတ်ဘုရားသက်ရှိတွေမှာဆိုရင် ကြယ်လေးလုံးရဲ့စိတ်ဝိညာဉ်ဖြစ်တယ်။
ပြီးတော့ တစ်ဖက်လူရဲ့အဆင့်က ကြယ်နှစ်လုံးအဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်နဲ့ ညီမျှတယ်။
"ငါ သဘောကျတဲ့ စာချုပ်ချုပ်သူဆိုတဲ့အတိုင်းပဲ"
ပေါက်ဖတ်က အရမ်းဂုဏ်ယူမိတယ်။
ပေါက်ဖတ်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ရင်းမြစ်က လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ မပေါင်းစပ်ခဲ့ပေမယ့် သေးငယ်တဲ့ကြယ်တစ်လုံးအလား လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပတ်လည်မှာ လှည့်ပတ်နေတယ်။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားက ပေါက်ဖတ်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ မပေါင်းစပ်ခဲ့ပါဘူး၊ ၎င်းကလဲ ပေါက်ဖတ်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပတ်လည်မှာ လည်ပတ်နေတယ်။
လီဖူချန်းရဲ့စိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားက အားကောင်းလွန်းပြီး ခမ်းနားတယ်လို့ဆိုရမယ်၊ ပေါက်ဖတ်ရဲ့ဝိညာဉ်က ၎င်းရဲ့နှိုင်းယှဉ်ရင် မှုံမှိုင်းတယ်၊ ၎င်းက ထောက်ပံ့ခြင်းအခန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့တာပဲ။
"ဒီလောက်တောင် သက်သောင့်သက်သာရှိတယ်ပေါ့လေ"
ပေါက်ဖတ်က အော်ညည်းလိုက်မိတယ်။
လီဖူချန်းရဲ့စိတ်ဝိညာဉ်ရင်းမြစ်စွမ်းအားက နွေးထွေးတဲ့နေတစ်လုံးနဲ့တူတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးနေတာပေါ့။
"ဒါ ညီမျှခြင်းစာချုပ်လား"
သူနဲ့ပေါက်ဖတ်က နက်ရှိုင်းတဲ့ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ထားခဲ့တာကို လီဖူချန်းက ခံစားနိုင်တယ်။
အခု ၊သူတို့က ဘာအတားအဆီးမှမရှိဘဲ လိပ်ပြာအသိစိတ်အာရုံနဲ့ ချိတ်ဆက်နိုင်နေပြီ။
ဒီလိပ်ပြာအသိစိတ်အာရုံဆက်သွယ်မှုက ပိုမြန်ပြီး ယခင်လိပ်ပြာအသိစိတ်အာရုံလွှဲပြောင်းမှုထက် ပိုမြန်တယ်၊ တစ်ဖက်ရဲ့အဓိပ္ပါယ်ကို နားလည်ဖို့ အချိန်အကြာကြီးမယူရတော့ပါဘူး။
ထပ်ပြောရရင်တော့ သူတို့နှစ်ယောက်လုံးမှာ တည်နေရာပြနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိရင် သူက တစ်ဖက်ရဲ့အနေအထားကို ဘယ်အချိန်မဆို အာရုံခံနိုင်တယ်။
အရေးကြီးဆုံးအရာကတော့ သူက တစ်ဖက်ရဲ့စိတ်ခံစားချက်နဲ့အခြေအနေကို အာရုံခံစားနိုင်တယ်။ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကို ချည်နှောင်ထားတဲ့ မမြင်နိုင်တဲ့ကြိုးမျှင်တစ်ခုရှိတယ်။
"မိုမို၊ ငါ မင်းကို မိုမိုလို့ ခေါ်မယ်"
ကံကောင်းစွာနဲ့ ပေါက်ဖတ်က သူ့ရဲ့နာမည်ကို ဂရုမစိုက်ပါဘူး၊ သူက ပြောလိုက်တယ်"ဒါဆိုလဲ ငါ မင်းကို အကိုကြီးလို့ ခေါ်မယ်"
"ကောင်းပြီလေ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
"မိုမို၊ မင်းရဲ့ကြီးထွားမှုအရှိန်ကို မြှင့်တင်ပေးနိုင်တဲ့တစ်စုံတစ်ခုရှိလား" လီဖူချန်းမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်၊ မိုမိုအတွက် အသုံးဝင်လောက်တဲ့ ရတနာအချို့ ရှိနိုင်လောက်မှာပါ။
မိုမိုက ပြောလိုက်တယ်" ရှိတာပေါ့၊အရမ်းရှားတဲ့ရတနာအချို့တွေ၊ အသက်စမ်းချောင်း၊ မသေမျိုးစိတ်ဝိညာဉ်သစ်သားတို့လိုပေါ့"
"ကောင်းပြီလေ" လီဖူချန်းမှာ ဒီပစ္စည်းတစ်ခုမှ မရှိပါဘူး။
မိုမိုက ပြောလိုက်တယ်"တကယ်တော့ မင်းနဲ့ ညီမျှတဲ့စာချုပ်တစ်ခုချုပ်ဆိုပြီးနောက် ငါက အများဆုံးသုံးနှစ်အတွင်းမှာ မွေးစအခြေအနေကို ရောက်နိုင်မယ်လို့ ခံစားမိတယ်"
***