ငကြမ်းစားမိုမို
Vol. 84 Ch. 1183
သုံးနှစ်ကြာတဲ့အထိ ငွေရောင်တောင်ပံအာကာာသယာဉ်က အရိပ်တောအုပ်မှ မထွက်လာနိုင်သေးပါဘူး။
မိုမိုပြောခဲ့သလိုပဲ၊ သုံးနှစ်အောက်နဲ့ သူက မွေးစအခြေအနေကို ရောက်ရှိခဲ့တယ်။
မွေးစအနေနဲ့ သူ့ရဲ့အဆင့်က ကြယ်သုံးလုံးအဆင့်နိမ့်ဖြစ်တယ်။
ဒါပေမယ့် သူ့ခွန်အားက ကြယ်သုံးလုံးအလယ်ဆင့်ပုံရိပ်ယောင်သက်ရှိအများစုထက် ပိုသန်မာတယ်။
ထပ်ပြောရရင် ရောင်စုံကောင်းကင်ခွဲလိပ်ပြာမိသားစုက နေရာလပ်သွေးမျိုးဆက်ပိုင်ဆိုင်တာမဟုတ်ဘဲ ဒြပ်စင်ငါးခုသွေးမျိုးဆက်ပိုင်ဆိုင်တာကို လီဖူချန်းက သိရှိခဲ့တယ်။
ဒါက နေရာလပ်သွေးမျိုးဆက်ထက် ပိုသန်မာတဲ့ထိပ်တန်းအဆင့်သွေးမျိုးဆက်တစ်ခုပါပဲ။
"သုံးနှစ်အောက်အတွင်းမှာ ငါက ကြယ်နှစ်လုံးအဆင့်နိမ့်မှ ကြယ်သုံးလုံးအဆင့်နိမ့်ထိ ရောက်ရှိခဲ့တယ်"
ဘာပြောရမလဲကို လီဖူချန်းက တကယ်မသိပါဘူး။
လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ လီဖူချန်းက အလဟဿမဖြုန်းခဲ့ပါဘူး။ သူက အလယ်ဆင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို စတင်လေ့လာခဲ့တယ်၊ ဓားတာအိုဥပဒေသနယ်ပယ်က စဦးအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ နှောင်းပိုင်းအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်အထိ ရောက်ရှိလာခဲ့တယ်၊ ဓားတာအိုခွန်အားက အမြောက်အများတိုးတက်လာခဲ့တာပဲ။
မိုမိုနဲ့ ယှဉ်ရင်တော့ ဒါက အနည်းငယ်သေးနုပ်ပါတယ်လေ။
"လက်ရှိဓားတာအိုဥပဒေသက တိုးတက်မှုအလားအလာအရ နေရာလပ်-အချိန်ဥပဒေသနဲ့ဖျက်ဆီးခြင်းဥပဒေသတို့နဲ့ မယှဉ်နိုင်ပေမယ့် နယ်ပယ်က တိုးတက်နေသရွေ့ ၎င်းက နည်းလမ်းအားလုံးကို ဓားတစ်လက်နဲ့ ချိုးဖြတ်နိုင်မှာပဲ"
လီဖူချန်းက သူ့ရဲ့ဓားတာအိုနဲ့ပတ်သက်ပြီး အလွန်ယုံကြည်ချက်ရှိတယ်။
အတိတ်မှာ သူ့ရဲ့အခွင့်အလမ်းအများစုက နေရာလပ်-အချိန်ဥပဒေသနဲ့ဖျက်ဆီးခြင်းဥပဒေသတို့မှာပဲ ရှိခဲ့တယ်၊ ဒါပေမယ့် ဓားတာအိုဥပဒေသအတွက် အခွင့်အလမ်းမရှိခဲ့ဘူး။ အခု သူက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအမြောက်အများကို ရရှိခဲ့တယ်၊ ဓားတာအိုဥပဒေသအတွက် အခွင့်အလမ်းကို ရရှိလာခဲ့တာပေါ့။ အနာဂတ်မှာ ဓားတာအိုဥပဒေသက ကြီးမားတဲ့နယ်ပယ်အရေးသာမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။
"အကိုကြီး၊ မင်းရဲ့နယ်ပယ်က တကယ်ကြောက်စရာကောင်းတာပဲ။ မင်းက နတ်ဘုရားဟင်းလင်းပြင်ထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မချိုးဖြတ်နိုင်ဘူး။ သို့မဟုတ်ရင် မင်းနဲ့ငါ ဘယ်သူပိုသန်မာလဲ ဆွေးနွေးကြည့်လို့ရတယ်" မိုမိုက အနည်းငယ်မပျော်မရွှင်ပြောလိုက်တယ်။
လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"အလျင်မလိုပါနဲ့၊ အနာဂတ်မှာ အချိန်တွေ ရှိလာမှာပါ"
လက်ရှိမိုမိုအတွက် သူက ပြိုင်ဘက်တစ်ယောက်မဟုတ်ပေမယ့် သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်သွားတဲ့အခါကျရင် အရာအားလုံးက ပြောဖို့ ခက်ခဲပါလိမ့်မယ်။
"ဟီးဟီး၊ အဲအချိန်ကျရင် မင်းကို မညှာတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့နော်" ယခု မိုမိုရဲ့ခန္ဓာကိုယ်ပေါ်ရှိရောင်စုံမျဉ်းတွေက ပိုရှင်းလင်းလာတယ်၊ အမွေနုတွေက စတီးအပ်တွေနဲ့ တူလာတယ်၊ အမွေးအမှင်တစ်စုံက သူ့ရဲ့ဦးခေါင်းမှ ပေါ်ထွက်လာတယ်၊ သေးငယ်တဲ့လက်တံလေးလိုပေါ့။
လီဖူချန်းက ပြောလိုက်တယ်"ငါ့ကို အထင်မသေးစမ်းပါနဲ့"
သူလဲပဲ မိုမိုရဲ့ခွန်အားကို စမ်းသပ်ချင်မိတယ်။
လက်ရှိမိုမိုက အလွန်အမင်းအားကောင်းရုံသာမက ဒုတိယမြောက်သွေးမျိုးဆက်နတ်ဘုရားအတတ်ကိုလဲ နိုးထထားခဲ့တယ်၊ နတ်ဘုရားလှုပ်ရှားမှုနည်းစနစ်လို့ခေါ်တယ်။
အဲဒါက မြန်နှုန်းမြှင့်သွေးမျိုးဆက်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ မိုမိုရဲ့လက်ရှိအဆင့်မှာ အသုံးပြုလိုက်တဲ့အခါ မြန်နှုန်းက ငွေရောင်တောင်ပံအာကာသယာဉ်ကို လိုက်မီလုနီးပါးပါပဲ။
အရိပ်တောအုပ်၊ မရေမတွက်နိုင်တဲ့အန္တရာယ်တွေ၊ ပုံရိပ်ယောင်သက်ရှိတွေ ပုန်းလျှိုးရာနေရာ။
အိုး.....
လှိုင်းတစ်ခုက ငွေရောင်တောင်ပံအာကာသယာဉ်ကို ချက်ချင်း ရိုက်ခတ်လာတယ်။
"မဟုတ်ဘူး၊ အဲဒါ တစ္ဆေပင့်ကူပဲ"
လှိုင်းက ပင့်ကူမျှင်တစ်ခုပဲ။ ဒီအချိန်မှာ ပင့်ကူမျှင်က ငွေရောင်တောင်ပံအာကာသယာဉ်နဲ့ စေးကပ်နေပြီး ငွေရောင်တောင်ပံအာကာသယာဉ်ကို ချက်ချင်း လျော့ကျသွားစေတယ်။
ပင့်ကူမျှင်ရဲ့အခြားတစ်ဖက်မှာ တစ္ဆေနဲ့တူတဲ့အရိပ်တစ်ခုက ငွေရောင်တောင်ပံအာကာသယာဉ်ကို ချဉ်းကပ်လာခဲ့တယ်။
ဒါက ပင့်ကူပုံသဏ္ဍာန်ရှိတဲ့ပုံရိပ်ယောင်သက်ရှိတစ်ကောင်ပဲ၊ ၎င်းရဲ့အဆင့်က ကြယ်သုံးလုံးအလယ်ဆင့်ကို ရောက်ရှိထားတယ်။
လီဖူချန်းက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမပေါ်မှာ ဒီပုံရိပ်ယောင်သက်ရှိနဲ့ပတ်သက်ပြီး မိတ်ဆက်ကို ဖတ်ဖူးတယ်။ တစ္ဆေပင့်ကူက ကြယ်သုံးလုံးအလယ်ဆင့်ပုံရိပ်ယောင်သက်ရှိတစ်မျိုးဖြစ်တယ်။ ၎င်းက အမဲလိုက်ရာမှာ တော်တယ်၊ ၎င်းရဲ့ပင့်ကူမျှင်က အလွန်သေးငယ်ပြီး လက်ဆုတ်လက်ကိုင်ပြနိုင်မပြနိုင်တဲ့ပစ္စည်းတွေအများစုကို အလွယ်တကူစေးကပ်နိုင်တယ်။
အုန်း အုန်း အုန်း......
လီဖူချန်းက နတ်ဘုရားအမြောက်ကို ပစ်လွှတ်လိုက်တယ်။
ဒါပေမယ့် သူတို့ကို တစ္တေပင့်ကူက အလွယ်တကူရှောင်တိမ်းသွားခဲ့တယ်။
"အကိုကြီး၊ ငါ ရှိနေမှတော့ မင်း ဘေးကနေပဲ ရပ်ကြည့်လိုက်စမ်းပါ" မိုမိုက တိုက်ခိုက်ဖို့ ပြင်းပျနေတယ်။
"ကောင်းပြီလေ" လီဖူချန်းက မိုမိုရဲ့စွမ်းရည်နဲ့ ပတ်သက်ပြီး သိတယ်၊ သူကို တစ်ဖက်လူက အန္တရာယ်ဖြစ်စေမှာကို သူက မစိုးရိမ်ပါဘူး။
"ချိုးဖြတ်စမ်း"
မိုမိုရဲ့ခေါင်းပေါ်ရှိလက်တံတွေက လျှပ်တပြက်လှုပ်သွားတယ်၊ ပြီးနောက် ရောင်စုံအလင်းတစ်ခုက ပင့်ကူမျှင်ကို ပွတ်တိုက်သွားခဲ့တယ်။
ဖြန်း......
အမျှင်က ပျက်ဆီးသွားတယ်။
ရောင်စုံနတ်ဘုရားအလင်းမှာ ဒြပ်စင်ငါးခုရဲ့စွမ်းအားပါဝင်တယ်။ မမြင်နိုင်တဲ့အသက်အဆီအနှစ်ပဲဖြစ်ဖြစ်၊ မြင်နိုင်တဲ့ပင့်ကူအမျှင်ပဲဖြစ်ဖြစ်၊ ၎င်းတို့က မရင်ဆိုင်နိုင်ပါဘူး။
တစ္ဆေပင့်ကူက အလွန်မြန်ပါတယ်၊ ၎င်းရဲ့ခန္ဓာကိုယ်က လျှပ်တပြက်လက်သွားပြီး ၎င်းက မိုမိုရဲ့ညာဘက်ဘေးနားသို့ ချက်ချင်းရောက်ရှိလာခဲ့တယ်။
"ငါနဲ့ ယှဉ်ချင်နေတာလား"
နတ်ဘုရားလှုပ်ရှားမှုကို အသက်သွင်းကာ မိုမိုက ငွေရောင်တောင်ပံအာကာသယာဉ်မှ ပြေးထွက်သွားတယ်။
အရိပ်တောအုပ်ရဲ့ဟင်းလင်းပြင်ထဲမှာ ရောင်စုံအရိပ်တစ်ခုနဲ့အနက်ရောင်အရိပ်တစ်ခုက အဆက်မပြတ်တိုက်ခိုက်နေတယ်။
"ဖြောက်"
တိုက်ကွက်ဒါဇင်ကျော်ပြီးနောက် နတ်ဘုရားဓားတစ်လက်နဲ့တူတဲ့ရောင်စုံအလင်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ခုတ်ပိုင်းခဲ့တယ်။
ဖြန်း......
တစ္ဆေပင့်ကူရဲ့ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားတယ်၊ ၎င်းခန္ဓာကိုယ်ထဲရှိအသက်အဆီအနှစ်က ဗလာဖြစ်သွားပြီး စိတ်ဝိညာဉ်က ပြန့်ကျဲသွားတော့တယ်။
ကြယ်သုံးလုံးအဆင့်နိမ့်နဲ့ကြယ်သုံးလုံးအလယ်ဆင့်၊ မိုမို အနိုင်ရခဲ့တယ်။
"မွေးစအခြေအနေရှိကြယ်ရှစ်လုံးနတ်ဘုရားသက်ရှိဆိုတဲ့အတိုင်းပဲ၊ သူတို့က ဒီလောက်တောင် အားကောင်းတာ"
လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်မိတယ်၊ မိုမိုရဲ့ခွန်အားက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားသက်ရှိအများစုကို ကျော်ဖြတ်ခဲ့တာပဲ။
"ဘယ်လိုလဲ၊ အကိုကြီး"
မိုမိုက ကုန်းပတ်ပေါ်မှာ ထွက်ပေါ်လာတယ်။
လီဖူချန်းက ပြောလိုက်တယ်"အရမ်းကျေနပ်မနေနဲ့၊ တစ္ဆေပင့်ကူက သာမန်ပုံရိပ်ယောင်သက်ရှိတစ်ကောင်ပဲ။ မင်းက အဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်နဲ့တွေ့ရင် မင်းက ဒီလိုအလွယ်တကူအနိုင်ရမှာမဟုတ်ဘူး"
နတ်ဘုရားသက်ရှိတွေက သွေးမျိုးဆက်အလားအလာအရ အဆင့်တွေ ခွဲခြားထားတယ်။
သွေးမျိုးဆက်အလားအလာက အများဆုံးကြယ်သုံးလုံးအဆင့်ကိုပဲ ရောက်ရှိနိုင်ရင် သာမန်နတ်ဘုရားသက်ရှိတွေနဲ့ သက်ဆိုင်တယ်။
သွေးမျိုးဆက်အလားအလာက ကြယ်လေးလုံးမှ ခြောက်လုံးအထိဆိုရင် အဆင့်မြင့်ပုံရိပ်ယောင်နတ်ဘုရားသက်ရှိတွေနဲ့ သက်ဆိုင်တယ်။
သွေးမျိုးဆက်အလားအလာက ကြယ်ခုနှစ်လုံးမှကြယ်ရှစ်လုံးအထိဆိုရင် ရှေးဟောင်းပုံရိပ်ယောင်နတ်ဘုရားသက်ရှိတွေနဲ့ သက်ဆိုင်တယ်။
ရောင်စုံကောင်းကင်ခွဲလိပ်ပြာကလန်က ရှေးဟောင်းသက်ရှိတွေဖြစ်တယ်၊ ဒါကြောင့်မို့ မိုမိုက ဒီလောက်အားကောင်းနေတာ။
ဒါပေမယ့် အားကောင်းတာလဲ အကန့်အသတ်ရှိတယ်။ မိုမိုက ကြယ်လုံးအလယ်ဆင့်အဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်နဲ့ ရင်ဆိုင်ရရင် သူက အနိုင်ရနိုင်ပေမယ့် လွယ်ကူမှာတော့ မဟုတ်ဘူး။ အနည်းဆုံး ရန်သူကို အနိုင်ရဖို့ သူက အချိန်အကြာကြီးတိုက်ခိုက်ရမှာပဲ။
ရန်သူက ရှေးဟောင်းအဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတစ်ကောင်ဆိုရင် မိုမိုက ဘာမှတတ်နိုင်တော့မှာ မဟုတ်လောက်ဘူး။
တကယ်တော့ သူတို့လဲ အဆင့်မြင့်ပုံရိပ်ယောင်သက်ရှိတွေဖြစ်ကြတယ်၊ သူတို့ကိုလဲ အဆင့်တွေ ခွဲထားတယ်။ ကြယ်လေးလုံးသွေးမျိုးဆက်အလားအလာက ကြယ်ငါးလုံးနဲ့ သေချာပေါက်မယှဉ်နိုင်ဘူး ကြယ်ငါးလုံးက ကြယ်ခြောက်လုံးနဲ့ မယှဉ်နိုင်ဘူး။
မိုမိုက နှုတ်ခမ်းစူလိုက်တယ်"မတော်တဆမဖြစ်ရင် ငါက လွန်ခဲ့တဲ့နှစ်ငါးရာလောက်ကတည်းက မွေးဖွားလာလောက်ပြီ၊ ထိုအခြေအနေရှိရောင်စုံကောင်းကင်ခွဲလိပ်ပြာက အပြီးပြည့်စုံဆုံးရောင်စုံကောင်းကင်ခွဲလိပ်ပြာဖြစ်ပြီး ကြယ်သုံးလုံးအဆင့်နိမ့်က ကြယ်သုံးလုံးအဆင့်မြင့်ကို အနိုင်ယူဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး"
ရောင်စုံကောင်းကင်ခွဲလိပ်ပြာတွေမမွေးဖွားခင် သူက အသိအမှတ်ပြုခြင်းတစ်ခုကို ကြုံတွေ့ရမယ်လို့ သူ အမွေဆက်ခံထားတဲ့သွေးမျိုးဆက်အချက်အလက်က သူ့ကို ပြောပြခဲ့တယ်။ ဒီအသိအမှတ်ပြုခြင်းက အလွန်အရေးကြီးပြီး အနာဂတ်ကြီးထွားမှုနဲ့ ဆက်စပ်တယ်။
"ဒါ မင်းရဲ့ဘဝပဲ၊ မင်း ညည်းတွားလို့မရဘူး၊ ငါတို့လုပ်နိုင်တဲ့တစ်ခုသောအရာက ငါတို့ရဲ့ခွန်အားကို တိုးတက်အောင်လုပ်တာပဲ" လီဖူချန်းက ပြောလိုက်တယ်။
မိုမိုက ခေါင်းညိတ်လိုက်တယ်"အကိုပြောတာ မှန်တယ်၊ ငါက အသိအမှတ်ပြုခြင်းကို လက်မခံရရင်တောင် အသန်မာဆုံးရောင်စုံကောင်းကင်ခွဲလိပ်ပြာဖြစ်လာမှာပါ"
သူ့ရဲ့စိတ်မှာ နောင်တရတာတွေ မရှိပါဘူး။
မသိစိတ်က သူ့ကို ပြောပြနေတယ်၊ သူက လီဖူချန်းနောက်လိုက်ရင် အသန်မာဆုံးကောင်းကင်ခွဲလိပ်ပြာတစ်ကောင်ဖြစ်ဖို့ဆိုတာ အိမ်မက်တစ်ခုမဟုတ်ဘူးလို့ပေါ့။
နောက်ထပ်သုံးနှစ်ကြာပြီးနောက် လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ရှိခဲ့တယ်။
"တိုက်ခိုက်ရေးစွမ်းအားအရ ဓားတာအိုက ဖျက်ဆီးခြင်းဥပဒေသကို ကျော်ဖြတ်ခဲ့တာပဲ"
ကုန်းပတ်ပေါ်မှာ လီဖူချန်းရဲ့ဓားစွမ်းအင်က သူ့ရဲ့ခန္ဓာကိုယ်တစ်လျှောက် ရစ်ဝဲနေတယ်။
သန့်စင်တဲ့တိုက်ခိုက်ရေးစွမ်းအားအရ ဓားတာအိုဥပဒေသက ဖျက်ဆီးခြင်းဥပဒေသအပါအဝင် ဘယ်ထိပ်တန်းအဆင့်ဥပဒေသထက်မှ မနိမ့်ကျပါဘူးလေ။
အချိန်ကျလာတာနဲ့အမျှ လူတစ်ယောက်၊ အင်းဆက်တစ်ကောင်နဲ့ လှေတစ်စင်းက အရိပ်သစ်တောထဲမှာ တိတ်တဆိတ်လွင့်မျောနေတော့တယ်။
"နောက်ဆုံးတော့ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်လာပြီပေါ့ "
လီဖူချန်းရဲ့ဓားတာအိုနယ်ပယ်က အလွန်လျင်မြန်စွာ မြင့်တက်လာခဲ့တယ်။ နှစ်နှစ်အတွင်းမှာ သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ စဦးအလယ်ဆင့်စိတ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖြတ်ခဲ့တယ်။ ဒီလိုတိုးတက်မှုနှုန်းက သေချာပေါက်ထိတ်လန့်စရာပါပဲ၊ လီဖူချန်းရဲ့ခန္ဓာကိုယ်က ပိုပိုသန်မာတယ်လို့ မိုမိုကတောင် ခံစားနေမိတယ်၊ ဒါက သူ့ကို အနည်းငယ်ဖိအားဖြစ်စေတယ်။
လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို ရောက်ရှိသွားတဲ့အချိန်မှာ လူတစ်ယောက်နဲ့အင်းဆက်တစ်ကောင်က အရိပ်တောအုပ်မှ နောက်ဆုံးမှာ ထွက်လာနိုင်ခဲ့တယ်။
နောက်ထပ်လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက ငွေတောင်ပံအာကာသယာဉ်ဝင်ဆံရုံမျှသာရှိတဲ့အပေါက်သေးတစ်ခုကို တွေ့ခဲ့တယ်။
"ကြည့်ရတာ နှစ်အနည်းငယ်အတွင်းမှာ ဒီဟင်းလင်းပြင်က ပိတ်တော့မယ်ပုံပဲ"
လီဖူချန်းက တုံ့ဆိုင်းမနေဘဲ ငွေရောင်တောင်ပံအာကာသယာဉ်ကို အပေါက်တုထဲသို့ ထိန်းချုပ်သွားခဲ့တယ်။
ဘယ်လောက်ကြာသလဲ မသိဘုး၊ ငွေတောင်ပံအာကာသယာဉ်က အပေါက်တုမှ ပျံသန်းထွက်လာခဲ့တယ်။
"အရှေ့မှာ ယုံယန်တိုက်ကြီးပဲ ဖြစ်မယ်"
ယုံယန်တိုက်ကြီးက ဒီနေရာမှ သိပ်မဝေးတော့ဘူးလို့ နီလာမိုက်ခရိုစကုတ်က ပြနေတယ်။
အဆပါက်တုရဲ့တည်နေရာက အလွန်လျှို့ဝှက်ကာ နေရာလပ်ခေါက်ချိုးဧရိယာတစ်ခုထဲမှာ ရှိတယ်။
နေရာလပ်ခေါက်ချိုးဧရိယာရဲ့မနီးမဝေးမှာ စိတ်ဝိညာဉ်နတ်ဘုရားနှစ်ယောက်က တိုက်ခိုက်နေတယ်။
ဒီစိတ်ဝိညာဉ်နတ်ဘုရားနှစ်ယောက်လုံးက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတွေဖြစ်တယ်၊ တစ်ယောက်က ဓားကို အသုံးပြုကာ အခြားတစ်ယောက်က လက်သည်းကို အသုံးပြုတယ်။
လက်သည်းကို အသုံးပြုတဲ့ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားက ခေါင်းထိပ်မှာ ကြက်အမောက်ရှိတဲ့ ကြက်ခေါင်းနဲ့လူတစ်ယောက်ပါပဲ။ သူက ဓားသမားအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့ပြိုင်ဘက်မဟုတ်မှန်း သိသာတယ်။ အကွာဒါဇင်ကျော်ပြီးနောက် သူ့ကို ရန်သူက အနိုင်ယူခဲ့တယ်။ ခုတ်ချက်တစ်ခုနဲ့အတူ သူ့ရဲ့နတ်ဘုရားစွမ်းအားက ကြီးမားတဲ့အပိုင်းတစ်ခုအထိ ပျက်သုန်းသွားခဲ့တယ်။
"ဝူလီထျန်း၊ လူတွေကို အများကြီး မလှည့်စားနဲ့။ ငါက ယုံယန်ပုံဆောင်ခဲကို မရရှိခဲ့ဘူးဆိုတာ နတ်ဘုရားတွေကို ကျိန်ပြနိုင်တယ်" ကြက်ခေါင်းမောရီစစ်အန်းက ကြက်ခြေထောက်ကို ဝှေ့ယမ်းကာ ရန်သူရဲ့ဓားတိုက်ခိုက်မှုကို တားဆီးလိုက်တယ်။
ဝူလီထျန်းက နှာခေါင်းရှုံ့လိုက်တယ်"နေရာလပ်လက်စွပ်ကို အရင်လွှဲပေး"
"အိမ်မက်ပဲမက်နေ" မောရီစစ်အန်းက စိတ်တိုသွားတယ်၊ နေရာလပ်လက်စွပ်ထဲမှာရှိသမျှက သူ့ရဲ့ကြွယ်ဝမှုတွေအားလုံးပဲ၊ သူက ဘယ်လိုလုပ်ပြီး လွှဲပေးနိုင်မှာလဲ။
"မင်း မပေးရင် မင်း သေရမယ်"
ဝူလီထျန်းက ဓားရှည်ကို ဝှေ့ယမ်းလိုက်တယ်၊ ဓားအလင်းက ရန်သူရဲ့ဆုတ်ခွာရာလမ်းကြောင်းအားလုံးကို တားဆီးခဲ့တယ်။
နှစ်ယောက်သား အသေအကျေတိုက်ခိုက်နေတဲ့အခိုက်မှာ ငွေရောင်အာကာသယာဉ်တစ်စီးက အနီးနားရှိဟင်းလင်းပြင်မှာ ထွက်ပေါ်လာခဲ့တယ်။
"စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်လား"
ဝူလီထျန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
ဝူမိသားစုရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့မှာ ပျံသန်းရေးစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုသာ ရှိတယ်၊ အဲဒါက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နဲ့ မယှဉ်နိုင်ပါဘူး။
"ဘယ်လိုတောင်တိုက်ဆိုက်တာလဲ"
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
နေရာလပ်ခေါက်ချိုးဧရိယာထဲမှာ လမ်းကြောင်းကို ထိန်းချုပ်ဖို့ နည်းလမ်းမရှိဘူး၊ ပတ်ဝန်းကျင်နေရာလပ်ကို ခေါက်ချိုးထားလို့လေ၊ မင်း ဝင်သွားတာနဲ့ နေရာလပ်ထဲကို ခုန်ဝင်ရမှာပဲ။
သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနှစ်ယောက်ရဲ့အနီးနားကို ခုန်လိမ့်မယ်လို့ သူ ဘယ်လိုလုပ်သိမှာလဲ။
"ဝူလီထျန်း၊ ငါ မင်းကို ဒီစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ပေးမယ်" မောရီစစ်အန်းက အလွန်ဉာဏ်များတယ်၊ ဝူလီထျန်းက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို မျက်စိကျနေမှန်း သူ သိတယ်၊ အခုက သူ ထွက်ခွာဖို့ အကောင်းဆုံးအခွင့်အရေးပဲ။
ဝူလီထျန်းက မောရီစစ်အန်းနောက်ကို မလိုက်သွားခဲ့ဘူး။ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နဲ့ယှဉ်ရင် မောရီစစ်အန်းကို သတ်ဖြတ်ပြီး ယုံယန်ပုံဆောငမခဲကို ယူတာက အရေးမကြီးတော့ဘူးလေ။
အရေကြီးဆုံးအရာကတော့ လီဖူချန်းက အစစ်အမှန်နတ်ဘုရားတစ်ယောက်ပဲဆိုတာ သူက တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်။
အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို သတ်ဖို့က မလွယ်ဘူး။
ရှိသေးတယ်၊ ရန်သူက စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ကို သုံးပြီး ထွက်ခွာခွင့်ပေးလို့မရဘူး။
***