ယုံယန်တိုက်ကြီး
Vol. 84 Ch. 1184
"မိုမို၊ မင်း တိုက်ခိုက်ဖို့ ပြင်ဆင်တော့"
ဝူလီထျန်းရဲ့မျက်လုံးတွေထဲရှိလောဘကို လီဖူချန်းက ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။
"သတ်"
ဝူလီထျန်းက အဓိပ္ပါယ်မရှိတာတွေ မပြောတော့ဘူး၊ သူက သူ့လက်ထဲရှိဓားရှည်နဲ့ ခုတ်ပိုင်းလိုက်တယ်၊ ဓားသွားအလင်းတစ်ခုက ငွေတောင်ပံအာကာသယာဉ်ဆီ ပျံသန်းလာတော့တယ်။
အုန်း.....
ဓားသွားအလင်းက ပျက်ဆီးသွားတော့တယ်။
ရောင်စုံအလင်းတစ်ခုက ဓားသွားအလင်းကို ပြန့်ကျဲသွားစေခဲ့တယ်။
"ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ၊ သေချင်နေတာလား" နတ်ဘုရားလှုပ်ရှားမှုစနစ်ကို အသက်သွင်းကာ မိုမိုက ဝူလီထျန်းဆီ ပြေးဝင်လာတယ်။
"ဒါ ဘာလဲဟ"
ဝူလီထျန်းက မှင်တက်သွားပြီး ဓားရှည်ကို ဝှေ့ယမ်းကာ မိုမိုရဲ့တိုက်ခိုက်မှုတွေကို အဆက်မပြတ်ခုခံလိုက်တော့တယ်။
ဒါပေမယ့် မိုမိုရဲ့အရှိန်က မြန်လွန်းတယ်၊ သူ့ရဲ့တိုက်ခိုက်မှုကလဲ ကြမ်းတမ်းတယ်။ ငါးရောင်စုံနတ်ဘုရားအလင်းက သူ့လက်ထဲရှိဓားရှည်ကို ထိခိုက်မှုအချို့ ဖြစ်စေခဲ့တယ်။
"ငါ ဝူမိသားစုကပဲ၊ ငါ့ကို သတ်လို့မရဘူး" ဝူလီထျန်းက ခြိမ်းခြောက်လိုက်တယ်။
"အဲဒါကို စိုးရိမ်မနေပါနဲ့၊ သေစမ်း"
မိုမိုက ငါးရောင်စုံနတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်တယ်၊ ဝူလီထျန်းရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတော့တယ်။
ဝူလီထျန်းရဲ့ခန္ဓာကိုယ်က နေရာမှာတင် ငြိမ်နေခဲ့တယ်"ဝူမိသားစုက မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး"
ပြောပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်သွားပြီး သူ့ရဲ့စိတ်ဝိညာဉ်က ပြန့်ကျဲသွားတော့တယ်။
"ဝူမိသားစု၊ ဝူပထျန်းနဲ့ ဘယ်လိုဆက်နွယ်မှုရှိသလဲတော့ ငါ မသိဘူး " လီဖူချန်းက တိတ်တဆိတ်ပြောလိုက်တယ်။
……
ယုံယန်တိုက်ကြီး၊ ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေတဲ့တိုက်ကြီးတစ်ခု။
ဒီတိုက်ကြီးက တကယ်တော့ နတ်ဘုရားကြယ်တစ်လုံးဖြစ်တဲ့ယုံယန်ကြယ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ နောက်မှာ ယုံယန်ကြယ်ကို စွမ်းအားရှင်နှစ်ယောက်က ဖျက်ဆီးခဲ့ပြီး ယုံယန်ကြယ်က အပိုင်းအစအနတွေ ဖြစ်သွားခဲ့တယ်၊ အကြီးမားဆုံးအပိုင်းကတော့ ယုံယန်တိုက်ကြီးပေါ့။
ယုံယန်ကြယ်မှာ ယုံယန်ကျောက်တုံးတွေ ကြယ်ဝတယ်၊ အဲဒါက နေရဲ့ဥပဒေသနဲ့နေရဲ့အသက်အားတွေ ပါဝင်နေတဲ့ ကျောက်မျက်ရတနာတစ်ခုဖြစ်တယ်။
ထပ်ပြောရရင် ယုံယန်ကျောက်တုံးက ခန္ဓာကိုယ်ထဲရှိလေအေးကို ဖယ်ရှားနိုင်တယ်၊ ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံခြင်းကို တိုးတက်စေနိုင်ပြီး ယုံယန်ကျောက်တုံးကို ရနိုင်ရင် စိတ်ဝိညာဉ်ထဲရှိ မသန့်စင်မှုတွေကိုတောင် ဖယ်ရှားနိုင်တယ်။
ယုံယန်ကျောက်တုံး(ပုံဆောင်ခဲ)ရဲ့အရေးပါမှုက ယုံယန်တိုက်ကြီးကို သင်းပျံ့မွှေးကြိုင်တဲ့မုန့်တစ်ခုအလား ဖြစ်စေခဲ့တယ်။
ယုံယန်ကြယ်ပျက်ဆီးသွားတဲ့အချိန်မှာ ယုံယန်ပုံဆောင်ခဲကျောက်တုံးကို ယုံယန်ကြယ်ပေါ်မှာ တွေ့ရှိခဲ့လို့ပဲ။
ထပ်ပြောရရင် ယုံယန်တိုက်ကြီးနဲ့နတ်ဘုရားဟင်းလင်းပြင်ပတ်လည်မှာ ယုံယန်ကြယ်အစအနတွေ အမြောက်အများရှိတယ်။ ဒီယုံယန်ကြယ်အစအနတွေမှာလဲ ယုံယန်ကျောက်တုံးပါဝင်တယ်။
ယုံယန်တိုက်ကြီးရဲ့ပိုင်ရှင်အတွက် ယှဉ်ပြိုင်ဖို့ အလို့ငှာ စစ်ပွဲတွေ ဘယ်လောက်တောင် ဖြစ်ပွားမလဲကို ဂိုဏ်းတွေက မသိဘူး။ အဆုံးမှာ ယုံယန်တိုက်ကြီးကို ကြယ်ငါးလုံဂိုဏ်းဖြစ်တဲ့ရွှယ်ယန်ဂိုဏ်းက ပိုင်ဆိုင်ခဲ့တယ်၊ ယုံယန်တိုက်ရဲ့အုပ်ချုပ်သူက ရွှယ်ယန်ဂိုဏ်းခေါင်းဆောင်ယန်ဟဲဖြစ်တယ်။
ယုံယန်တိုက်ထဲမှာ ရွှယ်ယန်ဂိုဏ်းအပြင် အခြားကြယ်ငါးလုံးဂိုဏ်းလေးဂိုဏ်းနဲ့ ကြယ်လေးလုံးဂိုဏ်းနှစ်ဆယ့်ရှစ်ဂိုဏ်းရှိတယ်။
ဝူမိသားစုက ကြယ်လေးလုံးဂိုဏ်နှစ်ဆယ့်ရှစ်ဂိုဏ်းထဲကတစ်ခုဖြစ်တယ်။
ဝူမိသားစုအိမ်တော်။
ဘယ်သူက ငါ့သားကို သတ်ရဲတာလဲ။
ဝူရှန်းထျန်းက ဒေါသတကြီးအော်ဟစ်လိုက်တယ်၊ သူက ဝူမိသားစုအိမ်တော်မှ ချက်ချင်း ထွက်လာပြီး ယုံယန်တိုက်ကြီးမှ ပျံသန်းထွက်လာခဲ့တယ်။
ဝူရှန်းထျန်းရှိရာအိမ်တော်ထဲမှာ ကျွန်များစွာက ထိတ်လန့်တကြားဖြစ်သွားကြတယ်။
ဝူရှန်းထျန်းမှာ ဝူလီထျန်းဆိုတဲ့ သားတစ်ယောက်ပဲရှိတာ၊ ဝူလီထျန်းကို ဘယ်သူ သတ်သွားတာလဲ။
ဘယ်သူက ဒီလောက် သတ္တိရှိနေရတာလဲ။
ဝူရှန်းထျန်းက ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုတာ သူ မသိဘူးလား။
"ဝူလီထျန်း သေသွားတာလား"
ဝူမိသားစုအိမ်တော်ထဲမှာ အဖိုးကြီးတစ်ယောက်က သူ့မျက်လုံးတွေ ဖွင့်လိုက်တယ်။
ဒါက အလွန်ခြိမ်းခြောက်နိုင်တဲ့မျက်လုံးတစ်စုံပါပဲ။
ဝူကြွယ်ထျန်း၊ ဝူမိသားစုရဲ့အန္တိမအကြီးအကဲ။
သူရှိလို့သာ ဝူမိသားစုက ယုံယန်တိုက်ကြီးမှာ ခိုင်မာစွာ ခြေကုပ်ယူနိုင်တာပါ။
……
"ဒါ ယုံယန်ကျောက်တုံးလား"
လီဖူချန်းက ဝူလီထျန်းရဲ့နေရာလပ်လက်စွပ်ထဲမှာ အဝါရောင်ကျောက်တုံးအမြောက်အများကို တွေ့ရှိခဲ့တယ်။
ယုံယန်ကျောက်တုံး၊ ထပ်ပြောရရင် ၎င်းက ယုံယန်တိုက်ကြီးရဲ့ငွေကြေးစနစ်လဲ ဖြစ်တယ်။
ယုံယန်တိုက်ကြီးထဲမှာ မင်းက နတ်ဘုရားကျောက်တုံးနဲ့ ဘာတစ်ခုမှ ဝယ်လို့မရဘူး။
ဒါပေမယ့် မင်းက နတ်ဘုရားကျောက်တုံးကို ယုံယန်ကျောက်တုံးနဲ့ ဖလှယ်နိုင်တယ်။
ပုံမှန်အခြေအနေအောက်မဖျာ အညံ့စားနတ်ဘုရားကျောက်တုံးသန်းတစ်ရာကို အညံ့စားယုံယန်ကျောက်တုံးတစ်တုံးနဲ့ ဖလှယ်နိုင်ပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာကို အကောင်းစားယုံယန်ကျောက်တုံးတစ်တုံးနဲ့ ဖလှယ်နိုင်တယ်။
ဝူလီထျန်းရဲ့နေရာလပ်လက်စွပ်ထဲမှာ အညံ့စားယုံယန်ကျောက်တုံးသန်းတစ်ရာနဲ့ အကောင်းစားယုံယန်ကျောက်တုံးတစ်ထောင်လောက် ရှိနေတယ်။
"အမ်၊ ဆန်းကြယ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အမှတ်အသားပါလား"
လီဖူချန်းက ယုံယန်ကျောက်တုံးဒါဇင်ကျော်မှာ စိတ်ဝိညာဉ်အမှတ်အသားတစ်ခုကို တွေ့ရှိခဲ့တယ်။
ဒီစိတ်ဝိညာဉ်အမှတ်အသားရဲ့ခွန်အားက ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတယ်။
"ကံကောင်းလို့ပေါ့"
စိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ပစ်ဖို့ လီဖူချန်းက တုံ့ဆိုင်းမနေခဲ့ပါဘူး။
……
နတ်ဘုရားဟင်းလင်းပြင်မှာ ဓားအလင်းတစ်ခုက ကဆုန်ပေါက်ပြေးလာတယ်။
အရှိန်က မြန်လွန်းတာကြောင့် ဟင်းလင်းပြင်ကို ဖြတ်တောက်သွားသလိုပါပဲ။
"မင်းက ငါ့ရဲ့စိတ်ဝိညာဉ်အမှတ်အသားကို တကယ်ပဲ ဖျက်ဆီးနိုင်တာလား" ဝူရှန်းထျန်းက မှင်တက်သွားတယ်။
သူ့ရဲ့စိတ်ဝိညာဉ်အမှတ်အသားကို ရှာဖွေဖျက်ဆီးနိုင်တယ်ဆိုတော့ တစ်ဖက်လူရဲ့ကျင့်ကြံခြင်းခွန်အားက ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲဖြစ်မယ်။
သူက တည်ငြိမ်သွားခဲ့တယ်၊ ဝူရှန်းထျန်းက ဆက်သွယ်ရေးတိုကင်ကို ယူထုတ်ကာ ဝူမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ ဆက်သွယ်ခဲ့တယ်။
တစ်ခဏကြာပြီးနောက် အစိမ်းရောင်ဓားသွားအလင်းတစ်ခုက ကဆုန်ပေါက်ပြေးလာတယ်။
ဓားအလင်းက လွင့်ပါးသွားပြီး လူအိုကြီးတစ်ယောက်က ထွက်ပေါ်လာတယ်။
ဝူမူထျန်း၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရား၊ ဝူမိသားစုရဲ့ဆရာသခင်ငါးယောက်ထဲကတစ်ယောက်။
"နံပါတ်ခြောက်ဦးလေး၊ လီထျန်းက သေသွားပြီ၊ သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ ငါ ချန်ထားတဲ့ စိတ်ဝိညာဉ်အမှတ်အသားကလဲ ပျက်ဆီးသွားပြီ" ဝူရှန်းထျန်းက ပြောလိုက်တယ်။
"မင်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်အမှတ်အသားကို အလွယ်တကူရှာတွေ့ပြီး ဖျက်ဆီးနိုင်တယ်ဆိုတော့ တစ်ဖက်လူက အနည်းဆုံးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဒါမှမဟုတ်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်မယ်......" ဝူမူထျန်းက နှာခေါင်းရှုံ့လိုက်တယ်"ဒါပေမယ့် ငါတို့ဝူမိသားစုရဲ့ကလေးတစ်ယောက်ကို သတ်ရင် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဆိုရင်တောင် သူ့ရဲ့အသက်ကို ယူရမှာပဲ"
သာမန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်၊ သူက ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိပါသေးတယ်။
"တကယ်ပါပဲ။ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီး၊ ငါ ဝယ်ဖို့ နှစ်ဘယ်လောက်ထိ ရုန်းကန်ရအုံးမှာလဲ" မောရီစစ်အန်းက ယုံယန်တိုက်ကြီးရှိရာဦးတည်ဘက်အတိုင်း ပျံသန်းနေတယ်၊ သူ့နှလုံးသားထဲမှာတော့ မပျော်မရွှင်ဖြစ်နေတယ်။
သူ့မျက်လုံးတွေ မြှင့်လျက် မောရစ်စစ်အန်းရဲ့မျက်လုံးအိမ်တွေက ရုတ်တရက် ကျုံ့သွားတယ်။ သူ့ရဲ့မျက်စိရှေ့မှာ ဓားအလင်းနှစ်ခုက ထွက်ပေါ်လာတယ်၊ တစ်ခုက အဖြူ၊ တစ်ခုက အစိမ်း။
မောရီစစ်အန်းက ဦးတည်ဘက်ကို ချက်ချင်း ပြောင်းလဲခဲ့ပေမယ့်။
"ဒီကိုလာစမ်း"
အဖြူရောင်ဓားသွားအလင်းက တစ်ဟုန်ထိုးပြေးလာပြီး မောရီစစ်အန်းကို ရစ်ပတ်သွားတယ်။
"စီနီယာ၊ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"
မောရီစစ်အန်းက ကြောက်ရွံ့သွားလေတယ်။
"မင်း သူ့ကို မြင်ခဲ့လား"
ဝူရှန်းထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ဝူလီထျန်းရဲ့ပုံရိပ်က ဓားအလင်းထဲမှာ ထွက်ပေါ်လာခဲ့တယ်။
မောရီစစ်အန်းက ကြောင်အသွားခဲ့ပြီးနောက် သူ့အရှေ့က ဘယ်သူလဲဆိုတာ ချက်ချင်း နားလည်ခဲ့တယ်။
"ကြည့်ရတာ မင်း မြင်ခဲ့ဖူးပုံရတယ်၊ ဒါဆိုလဲ ဖုံးကွယ်မနေနဲ့နော်၊ မဟုတ်ရင် မင်းရဲ့အသက်ကို သေတာထက် ဆိုးအောင် လုပ်ပစ်လိုက်မယ်" ဝူရှန်းထျန်းရဲ့လေသံက ရက်စက်မှုတွေအပြည့်ဖြစ်နေတယ်။
ဒါကို ကြားပြီး မောရစ်စစ်အန်းက ဘယ်ဖုံးကွယ်ရဲတော့မှာလဲ။ သူက သူသိသမျှ အရာအားလုံးကို ဝူရှန်းထျန်းကို ပြောပြခဲ့တယ်။
ဝှစ်......
ဓားအလင်းတစ်ခုလက်သွားပြီး မောရစ်စစ်အန်းက သေသွားခဲ့တယ်။
ဝူရှန်းထျန်းနဲ့ဝူမူအန်းက အခင်းဖြစ်တဲ့နေရာကို ရောက်သွားချိန်မှာတော့ လီဖူချန်းက ထွက်ခွာသွားနှင့်ပါပြီ။
"မလောနဲ့၊ ငါ့မှာ အနီးဝန်းကျင်မှာကျန်ရစ်ခဲ့တဲ့ချီအရှိန်အဝါကို စုဆောင်းနိုင်တဲ့ ထူးဆန်းတဲ့ရတနာတစ်ခုရှိတယ်။ ဒီချီအရှိန်အဝါနဲ့ဆိုရင် လူသတ်သမားကို ရှာတွေ့ဖို့ မခက်ခဲတော့ဘူး" ဝူမူထျန်းက နေရာလပ်လက်စွပ်မှ ကြေးညိုမှန်တစ်ချပ်ကို ယူထူတ်လိုက်တယ်၊ နတ်ဘုရားစွမ်းအားကို ဖြည့်သွင်းလိုက်တယ်၊ အလင်းတန်းတစ်ခုက နေရာလပ်လက်စွပ်မှ ထွက်လာတယ်၊ ကြေးညိုမှန်က ပေါက်ကွဲသွားလေတယ်။
အလင်းတန်းက ရွေ့လျားနေပြီး မီးခိုးတွေက ကြေးညိုမှန်ပေါ်မှာ စုဆုံးလာတယ်။
တစ်ချိန်တည်းမှာ ဝူလီထျန်းရဲ့ပုံရိပ်က ကြေးညိုမှန်ပေါ်မှာ ထွက်ပေါ်လာတယ်။
"ဒါ လီထျန်းပဲ"
ဝူရှန်းထျန်းက သူ့လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိတယ်။
ဝူမူထျန်းက ကြေးညိုမှန်ကို ဆက်လက်ရွေ့လျားနေခဲ့တယ်၊ ဝူလီထျန်းအပြင် တစ်ခြားလူရဲ့ချီအရှိန်အဝါကို စုဆောင်းဖို့ ကြိုးစားနေတာပေါ့။
တဖြည်းဖြည်းနဲ့ ရောင်စုံမီးခိုတစ်ခုက ကြေးညိုမှန်ပေါ်မှာ စုဝေးလာပြီး ရောင်စုံအလင်းတစ်ခုက ထွက်ပေါ်လာတယ်။
"ရောင်စုံအလင်းလား" ဝူမူထျန်းက မျက်မှောင်ကြုတ်လိုက်တယ်။
ရုတ်တရက်၊ ဝူမူထျန်းက တစ်ခုခုကို တွေးမိပြီး ဝူရှန်းထျန်းကို ပြောလိုက်တယ်"ရှန်းထျန်း၊ လီထျန်းအတွက် လက်စားချေတာကို မင်း မလုပ်ဆောင်နိုင်မှာကို ငါ စိုးရိမ်တယ်"
"ဘာလို့လဲ" ဝူလီထျန်းက ပဟေဠိဖြစ်သွားတယ်။
ဝူမူထျန်းက ခါးသီးစွာ ပြောလိုက်တယ်"ဘာလို့ဆိုရင် ဝူလီထျန်းကို သတ်ခဲ့တဲ့သူက ဒြပ်စင်ငါးမျိုးဂိုဏ်းရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်ငါးယောက်ထဲကတစ်ယောက်ဖြစ်ဖို့များတယ်"
"ဒြပ်စင်ငါးမျိုးဂိုဏ်းလား"
ဝူရှန်းထျန်းက နောက်သို့ ခြေဆုတ်မိသွားတယ်။
ဒြပ်စင်ငါးမျိုးဂိုဏ်း၊ ခရမ်းရောင်တိမ်နတ်ဘုရားဂိုဏ်းရဲ့ဂိုဏ်းကြီးတွေထဲကတစ်ခု၊ ရွှယ်ယန်ဂိုဏ်းကတောင် မယှဉ်နိုင်ဘူး။
"ဦးလေးခြောက်၊ မင်း သေချာလို့လား" ဝူရှန်းထျန်းက ဝူမူထျန်းကို ကြည့်လိုက်တယ်။
ဝူမူထျန်းက ပြောလိုက်တယ်"သေတော့မသေချာပေမယ့် ဒီငါးရောင်စုံအလင်းက ဒြပ်စင်ငါးမျိုးဂိုဏ်းရဲ့ဒြပ်စင်ငါးခုနတ်ဘုရားအလင်းနဲ့ အရမ်းတူတယ်၊ ဒြပ်စင်ငါးခုဂိုဏ်းနဲ့ သက်ဆိုင်မသက်ဆိုင်၊ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့။ ဒြပ်စင်ငါးခုဂိုဏ်းကို ရန်စမိရင် ဝူမိသားစုက သေချာပေါက် ပျက်သုန်းသွားရလိမ့်မယ်"
မတော်တဆဖြစ်မှာကို မကြောက်လို့မရဘူး၊ ဝူမိသားစုက ဒီစွန့်စားမှုကို မလုပ်နိုင်ဘူး။
"ငါ နားလည်ပါတယ်"
အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလျက် ဝူရှန်းထျန်းက တည်ငြိမ်သွားတော့တယ်။
သူက မိုက်မဲတဲ့လူတစ်ယောက်မဟုတ်ဘူး။ ဝူမိသားစုတစ်ခုလုံးနဲ့ ယှဉ်ရင် သူ့ရဲ့သားဝူလီထျန်းက အရေးမပါတော့ဘူး။
လီဖူချန်းက အခုထိ မသေသေးပါဘူး၊ ကြီးမားတဲ့ဘေးဒုက္ခကို ဖယ်ရှားနိုင်ခဲ့တာကိုပေါ့လေ။
အဝေးမှ လီဖူချန်းက ယုံယန်တိုက်ကြီးကို မြင်တွေ့ခဲ့တယ်။
အလင်းရင်းမြစ်မရှိပေမယ့် ကုန်းမြေတစ်ခုလုံးက မှိန်ဖျော့ဖျော့အလင်းတစ်ခုကို ထုတ်လွှတ်နေတယ်။
ယုံယန်တိုက်ကြီးထဲမှာ နတ်ဘုရားမြို့တွေအများကြီးရှိတ်။ အနီးစပ်ဆုံးနတ်ဘုရားမြို့ရဲ့ဂိတ်အပြင်ဘက်ကို လီဖူချန်းက ရောက်ရှိလာခဲ့တယ်။
"လူတစ်ယောက်ကို အညံ့စားယုံယန်ကျောက်တူံးတစ်တုံး၊ မင်းမှာ တစ်တုံးမရှိရင် အညံ့စားနတ်ဘုရားကျောက်တုံးတွေနဲ့ ဒီနေရာမှာ ဖလှယ်နိုင်တယ်"
မြို့ဂိတ်မှာ အစစ်အမှန်နတ်ဘုရားစစ်သားတစ်ယောက်က အော်လိုက်တယ်။
"ဖလှယ်နှုန်းက ဘယ်လိုလဲ " အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက် မေးလိုက်တယ်။
အစစ်အမှန်နတ်ဘုရားစစ်သားတစ်ယောက်က ပြောလိုက်တယ်"တစ်တုံးကို အညံ့စားနတ်ဘုရားကျောက်တုံးတစ်ရာ့ငါးဆယ်သန်း"
"ဘာ၊ အညံ့စားနတ်ဘုရားကျောက်တုံးသန်းတစ်ရာငါးဆယ်က အညံ့စားယုံယန်ကျောက်တုံးတစ်တုံးပဲ ဖလှယ်နိုင်တာပေါ့လေ၊ ဒါက မတရားများသွားပြီ"
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က မနေန်ိုင်ဘဲ အော်ပြောလိုက်မိတယ်။
အစစ်အမှန်နတ်ဘုရားစစ်သားတစ်ယောက်က နှာခေါင်းရှုံ့လိုက်တယ်"ဒါ ဈေးနှုန်းပဲ၊ မဖလှယ်ချင် မဖလှယ်နဲ့"
"ညီကို၊ မင်းမှာ အညံ့စားယုံယန်ကျောက်တုံးတွေ ရှိတာလား၊ ငါ့ကို အချို့ပေးစမ်း" အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအချို့က မြို့ထဲကိုဝင်သွားတဲ့အခြားသူတွေကို စတင်မေးခဲ့တယ်။
"အချို့တော့ ရှိတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ ငါ့မှာ အလုံအလောက်မရှိဘူး၊ ငါ မကူညီပေးနိုင်ဘူး" လူတိုင်းက ဖလှယ်ဖို့ ဆန္ဒမရှိပါဘူး။ အကျိုးအမြတ်အချို့ရှိသလို စွန့်စားရတာတွေလဲ ရှိတယ်။
အရေးကြီးဆုံးအရာကတော့ ယုံယန်တိုက်ကြီးထဲမှာ သုံးစွဲစရိတ်က အရမ်းမြင့်တာ၊ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ယုံယန်ကျောက်တုံးအချို့မရှိရင် သူတို့က လုံခြုံတဲ့ခံစားချက်တစ်ခုရှိမှာ မဟုတ်ဘူး။
သူတို့က သူတို့ခန္ဓာကိုယ်ပေါ်ရှိ ယုံယန်ကျောက်တုံးတွေကို ဖလှယ်လိုက်နိုင်ရင် သူတို့က ချက်ချင်းပြန်ရနိင်မှာ မဟုတ်တေ့ဘူးလေ။
ဒါပေမယ့် လမ်းလယ်မှာ လူတွေ ရှိတယ်၊ ဒါပေမယ့် ယေဘုယျအားဖြင့် သူတို့ရဲ့အနောက်မှာ ဂိုဏ်းအထောက်အပံ့တွေရှိတယ်၊ ဒါကြောင့် သူတို့က သူတို့ရဲ့ပိုက်ဆံပြန်မရမှာကို စိုးရိမ်စရာမလိုပါဘူး။
"ညီကို၊ မင်းမှာ ဖလှယ်ဖို့ ယုံယန်ကျောက်တုံးရှိရင် ငါ မင်းကို ဈေးအနိမ့်ဆုံးပေးမယ်၊ အညံ့စားနတ်ဘုရားကျောက်တုံးတစ်ရာနှစ်ဆယ့်ငါးသန်းကို အညံ့စားယုံယန်ကျောက်တုံးတစ်တုံးနဲ့ ဖလှယ်နိုင်တယ်" မျောက်တစ်ကောင်လိုပိန်ပါးတဲ့လူရွယ်တစ်ယောက်က လီဖူချန်းရဲ့ဘေးနားကို ရုတ်တရက်ရောက်လာခဲ့ပြီး ပြောလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"မင်းမှာ ဘယ်လောက်ရှိလို့လဲ"
တစ်ဖက်လူရဲ့တန်ဖိုးက အရမ်းနိမ့်တယ်လေ။
လူရွယ်က ပြောလိုက်တယ်"ငါ့မှာ အညံ့စားယုံယန်ကျောက်တုံးရှစ်ရာရှိတယ်"
သူ့နောက်မှာ ဘာစွမ်းအားမှ မရှိပါဘူး၊ ဒါကြောင့် ပမာဏက သေးပါတယ်။
ဒါပေမယ့် သူက မြို့ထဲရှိ အရောင်းအဝယ်နေရာရဲ့သူဌေးငယ်နဲ့ ညှိနှိုင်းပြီးပြီ၊ တစ်ဖက်လူက သူ့ကို အညံ့စားယုံယန်ကျောက်တုံးတစ်တုံးကို အညံ့စားနတ်ဘုရားကျောက်တုံးသန်းတစ်ရာနှစ်ဆယ့်သုံးနဲ့ ရောင်းချပါလိမ့်မယ်။ ဒီလိုဆိုရင် သူက အညံ့စားနတ်ဘုရားကျောက်တုံးနှစ်သန်းအမြတ်ရမယ်လေ။
လီဖူချန်းက တစ်ဖက်လူနဲ့ အရောင်းအဝယ်မလုပ်ခဲ့ပါဘူး။ ပထမ၊ သူက အဆင့်နိမ့်ယုံယန်ကျောက်တုံးတွေ မကင်းမဲ့ပါဘူး။ သူ့ရဲ့နေရာလပ်လပ်စွပ်ထဲမှာ အညံ့စားယုံယန်ကျောက်တုံးတွေသန်းတစ်ရာကျော်ရှိတယ်။ ဒုတိယ၊ တစ်ဖက်ရဲ့ပမာဏက အရောင်းအဝယ်လုပ်ဖို့ နည်းလွန်းပါတယ်လေ။
***