စစ်ခုန်းကျိုက်ရှင်း
Vol. 84 Ch. 1185
အညံ့စားယုံယန်ကျောက်တုံးတစ်တုံးကို ပေးပြီးနောက် လီဖူချန်းက မြို့ထဲသို့ ဝင်လာခဲ့တယ်။
နတ်ဘုရားမြို့က အလွန်စည်းကားတယ်၊ အစစ်အမှန်နတ်ဘုရားများစွာက ဝင်လိုက်ထွက်လိုက်ဖြစ်နေတယ်။
လီဖူချန်းက လှည့်ပတ်ကြည့်လိုက်ရာ မြို့ထဲမှာ ယုံယန်ကျောက်တုံးအရောင်းအဝယ်နေရာအမြောက်အများကို တွေ့ရှိခဲ့တယ်။
တန်ဖိုးက မြင့်မားလွန်းရုံမျှပဲ၊ အနည်းဆုံးအညံ့စားနတ်ဘုရားကျောက်တုံးသန်းတစ်ရာ့သုံးဆယ်ရှိတယ်။
ဒီလိုဆိုပေမယ့် ဖလှယ်ဖို့လာတဲ့သူတွေအများကြီးရှိပါသေးတယ်။
အဓိကအကြောင်းရင်းကတော့ ယုံယန်ကျောက်တုံးကို ဖလှယ်တဲ့အခါမှာ တစ်နေ့တာအရေအတွက် ကန့်သတ်ထားလို့ပဲ။ မင်းက နောက်ကျသွားရင် မင်းမှာ နတ်ဘုရားကျောက်တုံးတွေရှိရင်တောင် အသုံးမဝင်တော့ဘူး။
"လိမ့်လိုက်တော့၊ ယုံယန်ကျောက်တုံးမရှိဘဲ ဝိုင်အရက်သောက်ချင်နေတာလား" စားသောက်ဆိုင်တစ်ဆိုင်ကို ဖြတ်သန်းတဲ့အချိန်မှာ ပုံရိပ်တစ်ခုက လွင့်ထွက်လာပြီး လီဖူချန်းကို တိုက်မိလုနီးပါးဖြစ်ခဲ့တယ်။
ဒါက မီးခိုရောင်ဝတ်စုံနဲ့စိတ်ဓာတ်ကျနေတဲ့လူရွယ်တစ်ယောက်ပဲ၊ သူ့ခန္ဓာကိုယ်ပေါ်မှာ ဝိုင်တွေနဲ့ ညစ်ပတ်နေတယ်၊ သူ့ကိုယ်သူဂရုမစိုက်မှန်း သိသာတယ်။
လီဖူချန်းက ဆက်သွားချင်ပေမယ့် ဘာကြောင့်မှန်းမသိ သူက ရပ်လိုက်မိတယ်။
လူရွယ်က အလွန်ချောမောခန့်ညားတယ်၊ ဓားနဲ့တူတဲ့မျက်ခုံးတွေရှိတယ်၊ ကြယ်နဲ့တူတဲ့မျက်လုံးတွေ ရှိတယ်၊ သူ့မျက်လုံးတွေထဲမှာ ဂုဏ်ယူခြင်းအရိပ်အယောင်တစ်ခုရှိတယ်။
ဒါက ပါရမီရှင်တစ်ယောက်ပဲ။
မသိစိတ်က လီဖူချန်းက ပြောပြာခဲ့တယ်၊ တစ်ဖက်လူက စိတ်ဓာတ်ကျနေတဲ့ပါရမီရှင်တစ်ယောက်ပဲ။
"လာ၊ ဝင်ကြမယ်၊ ငါ မင်းကို တိုက်မယ်" လီဖူချန်းက လူရွယ်ကို ပြောလိုက်တယ်။
ဒါကို ကြားပြီး လူရွယ်က သူ့ခေါင်းကို မော့ကာ လီဖူချန်းကို ကြည့်လိုက်တယ်။
"ဘာလဲ၊ မင်း မသောက်ချင်ဘူးလား" လီဖူချန်းက ပြုံးလိုက်တယ်။
"မင်း တိုက်မှတော့ ငါ သောက်ရမှာပေါ့" လူရွယ်က ထရပ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိဖုန်ကို ခါထုတ်ကာ လီဖူချန်းနောက်သို့ လိုက်သွားတယ်။
"မင် ဘာလို့ ထပ်လာတာလဲ၊ မင်း သေချင်နေတာလား"
ဆိုင်အကူက ဒေါသတကြီးပြောလိုက်တယ်။
"သူက ငါ့သူငယ်ချင်းပါ" လီဖူချန်းက အညံ့စားယုံယန်ကျောက်တုံးအိတ်တစ်အိတ်ကို တစ်ဖက်လူထံ ပစ်ပေးလိုက်တယ်"ငါ သီးသန့်ခန်းကောင်းတစ်ခုလိုချင်တယ်"
"ကောင်းပြီလေ"
ဆိုင်အကူက အနည်းငယ်သံသယတော့ ဖြစ်မိပါတယ်။ ဒါပေမယ့် ယုံယန်ကျောက်တုံးလွယ်အိတ်ထဲမှာ အပိုင်းအစတစ်ရာတောင် ရှိတာ၊ ဒါက သီးသန့်ခန်းအတွက် လုံလောက်ပါတယ်လေ။
"မင်း ပေးတာ များတယ်။ ဒီစားသောက်ဆိုင်က ဆိုင်သေးလေးပဲ။ အကောင်းဆုံးသီးသန့်ခန်းကတောင် အညံ့စားယုံယန်ကျောက်တုံးငါးဆယ်ပဲ ကျတယ်" လူရွယ်က ပြောလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"အေးဆေးပါ၊ ငါ့မှာ အများကြီးရှိပါတယ်"
သီးသန့်ခန်းက အလွန်ကျယ်တယ်၊ ကျောက်ပုံဥယျာဉ်၊ ဝါးပင်တွေနဲ့ သေးငယ်တဲ့ခြံဝင်းတစ်ခုနဲ့ အတော်လေးတူတယ်။
လူရွယ်က ဝိုင်တစ်ခွက်ငှဲ့ကာ အငမ်းမရသောက်ချလိုက်တော့တယ်။
"ဝိုင်ကောင်းပဲ၊ လုယို့ဝိုင်ဆိုတဲ့အတိုင်းပဲ၊ အညံ့စားယုံယန်ကျောက်တုံးသုံးဆယ်ဆိုတော့ ဈေးကြီးတာတစ်ခုပဲ"
လီဖူချန်းက ပြောလိုက်တယ်"မင်း စိတ်ကြိုက်သောက်လို့ရတယ်"
"ဒါဆိုလဲ......" လူရွယ်က ဝိုင်တစ်ခွက်ပြီးတစ်ခွက် သောက်ချလိုက်တော့တယ်။ အချိန်တစ်ခုကြာပြီးနောက် သူက ဝိုင်ခွက်ကို ချကာ ခါးသီးစွာ ပြောလိုက်တယ်"ငါ ယခင်ကဆိုရင် အခုလိုပဲ သောက်ခဲ့တာ၊ ဒါပေမယ့် အခုတော့ အညံ့စားယုံယန်ကျောက်တုံးတစ်တုံးတောင် မရှိတော့ဘူး"
လီဖူချန်းက တစ်ဖက်လူရဲ့အတိတ်ကို မမေးပါဘူး" မင်း ကြိုက်သလောက် ဆက်သာသောက်၊ လုယို့ဝိုင်နောက်ထပ်သုံးအိုးလာချပေးစမ်း"
"ကောင်းပြီ"
လုယို့ဝိုင်ရဲ့အစွမ်းက သန်မာလှတယ်။ အိုးဒါဇင်ကျော်သောက်ပြီးနောက် လူရွယ်က မူးစပြုလာတယ်။
"ငါ့နာမည်က စစ်ခုန်းကျိုက်ရှင်း၊ ငါက သာလွန်အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်တဲ့ခုန်းယွမ်နတ်ဘုရားကမ္ဘာမှ လာတယ်။ ခုန်းယွမ်နတ်ဘုရားကမ္ဘာမှာ ငါက နံပါတ်တစ်ပါရမီရှင်ပဲ။ ဖုန်းယွင်အိမ်တော်က ပါရမီရှင်တွေ စုဆောင်းဖို့ လာတဲ့အခါ ငါ့ကို ရွေးချယ်ခဲ့တယ်။ ငါ့ရဲ့အရည်အသွေးက ကြယ်ဘယ်နှစ်လုံးရှိလဲ မင်းသိလား။ ကြယ်ငါးလုံးကွ" စစ်ခုန်းကျိုက်ရှင်းရဲ့မျက်နှာက ဂုဏ်ယူမှုနဲ့မလိုလားမှုတွေ ပြည့်နေတော့တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ ကြယ်ငါးလုံးအရည်အသွေးက တကယ်ကို အားကောင်းပါတယ်လေ။
စစ်ခုန်းကျိုက်ရှင်က ဆက်ပြောလိုက်တယ်"ငါ့မှာ ကြယ်ငါးလုံးအရည်အသွေးရှိတာကြောင့် ဖုန်းယွင်အိမ်တော်ရဲ့အာကာသယာဉ်ကို တက်ဖို့ လူတစ်ယောက်ခေါ်ယူခွင့်ရခဲ့တယ်။ အဲ့ဒီအချိန်မှာ ငါက ကြယ်သုံးလုံးအဆင့်မြင့်အရည်အသွေးရှိတဲ့ငါ့ရဲ့တာအိုလက်တွဲဖော်ဖိုရဖီရီယာကို ရွေးချယ်ခဲ့တယ်"
ဝိုင်တစ်ငုံသောက်ပြီးနောက် စစ်ခုန်းကျိုက်ရှင်းက အတိတ်ကို ဆက်ပြောလိုက်တယ်"အစမှာ အရာအားလုံးက အဆင်ပြေပေမယ့် ကြောက်စရာကောင်းတဲ့ကြယ်မီးတပ်ဖွဲ့ကို လမ်းမှာ တွေ့မယ်လို့ ဘယ်ထင်ထားမှာလဲ၊ ဒါပေမယ့် ကံကောင်းစွာနဲ့ ငါနဲ့ဖိုရဖီရီယာက မသေဘဲ ယုံယန်တိုက်ကြီးဆီ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်"
ပြောနေရင်း စစ်ခုန်းကျိုက်ရှင်က ဝိုင်သုံးခွက်ကို တစ်ခါတည်း သောက်ချလိုက်တော့တယ်။
"ကြယ်မီးတပ်ဖွဲ့လား" လီဖူချန်းက ဒီနာမည်ကို ကြားဖူးပါတယ်။
အဲဒါက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ လှည့်ပတ်နေတဲ့ အမှောင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်၊ ဖုန်းယွင်အာကာာသယာဥ််မပြောနဲ့၊ ဖုန်းယွင်အိမ်တော်တစ်ခုလုံးကတောင် ကြယ်မီးတပ်ဖွဲ့ရဲ့အရှေ့မှာ ပုရွက်ဆိတ်တွေလို တက်နင်းခံလိုက်ရမှာပဲ။
နောက်တော့ စစ်ခုန်ကျိုက်ရှင်းက စကားမပြောဘဲ သောက်နေခဲ့တယ်။ နောက်လာမယ့်အဖြစ်အပျက်တွေက သူစိတ်ဓာတ်ကျရတဲ့အကြောင်းရင်းမှန်း သိသာတယ်။
စစ်ခုန်ကျိုက်ရှင်းက နောက်ဆုံးတော့ ပြောလာပါပြီ" အဲ့အချိန်တုန်းက ငါ့မှာ နတ်ဘုရားကျောက်တုံးတွေ အမြောက်အများရှိခဲ့တယ်။ ဒါကြောင့် ငါက ယုံယန်တိုက်ကြီးမှာ သက်သောင့်သက်သာနဲ့ နေနိုင်ခဲ့တယ်။ ဘဝပြဿနာတွေကို လုံးဝစဉ်းစားစရာမလိုခဲ့ဘူး။ ဒီယုလို့ဝိုင်မပြောနဲ့၊ ဒီထက်ပိုကောင်းတဲ့ပိုဈေးကြီးတဲ့ဝိုင်ကိုတောင် မကြာမကြာ သောက်နိုင်ခဲ့တယ်......ဒါပေမယ့် ဝူယုထျန်း၊ ဝူမိသားစုရဲ့သားက ထွက်ပေါ်လာခဲ့တယ်၊ သူက ဖိုရဖီရီယာကို ကြိုက်ခဲ့ပြီး ဖိုရဖီရီယာကို သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်ချင်စေခဲ့တယ်၊ ဖိုရဖီရီယာက သူ့ကို ငြင်းပယ်ခဲ့တယ်"
စစ်ခုန်းကျိုက်ရှင်းက ရှုံ့မဲ့စွာ ပြုံလိုက်မိတယ်"ဒါပေမယ့် သူ့လိုမိသားစုကြီးကလာတဲ့လူတစ်ယောက်က အလွယ်တကူ အရှုံးဘယ်ပေးမလဲ။ သမာရိုးကျနည်းလမ်းတွေ အသုံးမဝင်တာကို မြင်ပြီး သူက အကောက်ကြံခဲ့တယ်။ ဒီအခြေအနေတွေအောက်မှာ ငါ့ရဲ့ကြွယ်ဝမှုတွေအားလုံးက ယူသွားခံခဲ့ရတယ်။ ငါက အကျဉ်းကျလုနီးပါးဖြစ်ခဲ့ရတယ်"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ ဝူမိသားစုက ယုံယန်တိုက်ကြီးရဲ့ကြယ်လေးလုံးဂိုဏ်းတွေထဲကတစ်ခုပဲလေ၊ အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုတာ သူတို့အတွက် အလွယ်လေးပါပဲ။
"ငါက မြို့အပြင်ကို ထွက်ပြီး နတ်ဘုရားကျောက်တုံးတွေရယူဖို့ တွေးခဲ့ပါတယ်၊ ဒါပေမယ့် ငါ ထွက်သွားတဲ့အချိန်တိုင်းမှာ ငါ့ကို ဝူမိသားစုက ပစ်မှတ်ထားခဲ့တယ်။ သူတို့က ငါ့ကို မသတ်ခဲ့ပေမယ့် ငါရရှိသမျှအရာအားလုံးကို အချိန်တိုင်း လုယက်ခဲ့တယ်။ ငါ မြို့ဂိတ်ပေါက်မှာ အချိန်တိုင်း အကြာကြီးစောင့်နေရတဲ့အကြောင်းရင်းကတော့ ငါ့မှ မြို့ဝင်ခအတွက် ပေးချေဖို့တောင် မရှိလို့လေ။ စိတ်နှလုံးသားကောင်းတဲ့တစ်ယောက်ယောက်ကများ ငါ့အတွက် အညံ့စားယုံယန်ကျောက်တုံးတစ်တုံးကို ပေးချေပေးမလားပေါ့"
စစ်ခုန်ကျိုက်ရှင်းက ဝိုင်ခွက်ကိုတောင် မသုံးတော့ဘူး၊ ဝိုင်အိုးကပဲ တိုက်ရိုက်သောက်နေတော့တယ်။
လီဖူချန်းက မေးလိုက်တယ်"ယုံယန်ကျောက်တုံးမရှိဘဲနဲ့ မင်းတို့တွေ မြို့ထဲမှာ ဘယ်လိုအသက်ရှင်ကြလဲ"
စစ်ခုန်ကျိုက်ရှင်းက ပြောလိုက်တယ်" တကယ်တော့ မြို့ထဲမှာ ယုံယန်ကျောက်တုံးမရှိဘဲ နေလို့ရတဲ့ နေရာတွေ ရှိတယ်၊ ဒါပေမယ့် လူနေတဲ့နေရာတွေတော့ မဟုတ်ဘူးပေါ့။ အဲနေရာကို သူတောင်းစားတွင်းလို့ခေါ်တယ်၊ ခွေးတွင်းလို့လဲ ခေါ်တယ်။ ဆိုးဝါးတဲ့လူတွေကပဲ အဲနေရာကို သွားကြတာ။ ဂုဏ်သိက္ခာဆိုတာ အဲ့နေရာမှာ မရှိဘူး။ အနိုင်ကျင့်တာတွေ၊ သတ်ဖြတ်တာတွေ၊ မုဒိန်းကျင့်တာတွေ နေရာတိုင်းမှာ မြင်ရတယ်၊ တစ်ယောက်မှာဂရုမစိုက်ကြဘူး။ အဲနေရာမှာ လက်သီးက နောက်ဆုံးစကားပဲ။ ကံကောင်းစွာနဲ့ ငါက လုံလုံလောက်လောက်သန်မာနေလို့ပေါ့၊ သို့မဟုတ်ရင် ပထမနေ့မှာတင် ဖိုရဖီရီယာက မုဒိန်းကျင့်ခံနေရလောက်ပြီ။ ငါကတော့ အဆင်ပြေပါတယ်၊ အချိန်တိုင်းမှာ ရန်သူတွေကို အလွယ်တကူသတ်ဖြတ်နိုင်ခဲ့တယ်။ ဖိုရဖီရီယာက အချိန်တိုင်း အန္တရာယ်ရှိနေခဲ့တယ်။ ကြာတော့လဲ ဖိုရဖီရီယာက သည်းမခံနိုင်တော့ဘူး။
သူမက ဝူယုထျန်းရဲ့ကိုယ်လုပ်တော်ဖြစ်ဖို့ သဘောတူခဲ့တယ်။
အရိုးသားဆုံးပြောရရင် ငါ သူမကို အပြစ်မတင်ပါဘူး။
ငါ့ကိုယ်ငါပဲ မုန်းတာပါ။ လုံလုံလောက်မသန်မာတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်။ မတရားအနိုင်ကျင့်တဲ့ဝူယုထျန်းကို ငါ မုန်းတယ်။ ငါ့ကို အခုလိုမျိုးဖြစ်စေတဲ့ နတ်ဘုရားတွေရဲ့မတရားမှုကို ငါ မုန်းတယ်"
စစ်ခုန်းကျိုက်ရှင်းရဲ့မျက်လုံးတွေမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာခဲ့တယ်။
လီဖူချန်းက တိတ်ဆိတ်နေမိတယ်။
ဒီစစ်ခုန်းကျိုက်ရှင်းက တကယ်ကို တောင့်ခံခဲ့ရမှာပဲ။
လီဖူချန်းကိုယ်တိုင် တစ်ဖက်လူအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်တယ်။
"မင်းက ငါ့ရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်ပေးတဲ့ ပထမဆုံးပုဂ္ဂိုလ်ပဲ။ မင်းကို ကျေးဇူးတင်ပါတယ်" စစ်ခုန်းကျိုက်ရှင်းက မြေပြင်ပေါ်သို့ လဲကျကာ အိပ်ပျော်သွားလေတယ်။
ဝိုင်တစ်ငုံသောက်ပြီးနောက် ယုံယန်တိုက်ကြီးက ထွက်ခွာတဲ့အခါကျရင် စစ်ခုန်ကျိုက်ရှင်းကို ခေါ်သွားဖို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။
အန္တရာယ်လဲ အရမ်းများတယ်၊ မင်း မသိတဲ့လူတစ်ယောက်အတွက် အဲလိုလုပ်တာ ဉာဏ်နည်းရာကျတာပေါ့လေ။
ဒါပေမယ့် အဲလိုမလုပ်ရင် သူကို စိတ်သက်သောင့်သက်သာမရှိဖြစ်စေပါလိမ့်မယ်။
ဘယ်သူက သူ့ကို ဝင်စွက်ဖက်ဖို့ ပြောလို့လဲ။
"ငါနဲ့တွေ့တာ မင်းရဲ့ကံကောင်းမှုပဲ၊ မင်းကို ကူညီပေးရတာပေါ့လေ" လီဖူချန်းက သက်ပြင်းချလိုက်တယ်။
"အကို၊ ဒီဝိုင်က တကယ်အရသာရှိတယ်" မိုမိုက လီဖူချန်းရဲ့အဝတ်အစားတွေထဲမှာ ထွက်လာတယ်။ သူက လူသားတစ်ယောက်မဟုတ်ဘူး။ အဲတော့ စစ်ခုန်ကျိုက်ရှင်းရဲ့ဝမ်းနည်းဖွယ်ကောင်းတဲ့အတွေ့အကြုံတွေအပေါ် သူက ဘာတစ်ခုမှ မခံစားမိဘူး။ အဲအစား သူက ယုလို့ဝိုင်ကို အရမ်းစိတ်ဝင်စားနေတယ်၊ တစ်အိုးပြီးတစ်အိုးသောက်နေတယ်။
"ကောင်းရင် သောက်သာသောက်"
လီဖူချန်းက ပြုံးလိုက်တယ်။
စစ်ခုန်းကျိုက်ရှင်းကို ခေါ်ပြီး ယုံယန်တိုက်ကြီးကနေ ထွက်ခွာနိုင်မလားဆိုတာက မိုမိုအပေါ် မူတည်တယ်။
ယုံယန်တိုက်ကြီးရဲ့ကြယ်လေးလုံးဂိုဏ်းတစ်ခုအနေနဲ့ ဝူမိသားစုမှာ မျက်စိတွေ အများကြီးရှိမှာပဲလေ။ အခုတောင် သူတို့ပတ်လည်မှာ ရှိနေလောက်ပြီ၊ ဒါကြောင့် စစ်ခုန်းကျိုက်ရှင်းကို ယုံယန်တိုက်ကြီးကနေ တိတ်တဆိတ်ခေါ်သွားဖို့က မဖြစ်နိုင်ပါဘူးလေ။
စွန့်စားရမယ့်အရာကတော့ တစ်ဖက်လူက သူ့ကို ကောင်းကောင်းမသိဖို့ပါပဲ။
သူနဲ့စစ်ခုန်းကျိုက်ရှင်းတို့နှစ်ယောက်စလုံးက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေပဲ။ ဝူယုထျန်းက သူတို့နောက်ကို လိုက်ဖို့ လူတွေ စေလွှတ်ရင်တောင် အများဆုံး အားကောင်းတဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ဖွဲ့ ဒါမှမဟုတ် အကြိုစိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်နှစ်ယောက်လောက်ပဲ ဖြစ်မှာပါ။
ပုံမှန်တွေးရင် တစ်ဖက်လူက အလယ်ဆင့်နဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေကို စေလွှတ်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါကြောင့် အခွင့်အရေးက ကြီးမားပါတယ်။
အခွင့်အရေးက မကြီးရင် လီဖူချန်းက စွန့်စားဖို့ ဘယ်ဆုံးဖြတ်ရဲမလဲ။
သူက သူ့ရဲ့ကိုယ်ပိုင်ဘေးကင်းမှုကို ဘေးဖယ်ပြိီး လူတွေကို ကယ်တင်ရလောက်တဲ့အထိ ကြင်နာတတ်သူတစ်ယောက်မဟုတ်ဘူးလေ။
***