← Chapters

ပို့ချချက်သင်ခန်းစာများပို့ချချက်သင်ခန်းစာများ

Vol. 84 Ch. 1186

ပို့ချချက်သင်ခန်းစာများပို့ချချက်သင်ခန်းစာများ

Vol. 84 Ch. 1186

နောက်တစ်နေ့၊ စစ်ခုန်းကျိုက်ရှင်းက နိုးထလာတယ်။

သီးသန့်ခန်းထဲမှာ စစ်ခုန်းကျိုက်ရှင်းက သူ့ရဲ့မနက်ခင်းလက်ဖက်ရည်ကို တစ်ငုံသောက်ကာ ခေါင်းကို ခါယမ်းရင်း ပြောလိုက်တယ်" ငါ့ကို အရက်သောက်ဖို့ ဖိတ်ခေါ်ပြီး ငါ့စကားကို နားထောင်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ မင်းကို မနာကျင်စေချင်ဘူး"

လီဖူချန်းက ပြောလိုက်တယ်"မင်း မကြိုးစားဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲ၊ အခု ယုံယန်တိုက်ကနေ ထွက်သွားဖို့ အကြောင်းမပြောနဲ့အုံး၊ နောက်မှ ပြောကြရအောင်"

သူက ယုံယန်တိုက်ကနေ ချက်ချင်းထွက်သွားဖို့ အစီအစဉ်မရှိပါဘူး။

"ဒါက အညံ့စားယုံယန်ကျောက်တုံးတစ်ထောင်။ မင်း ဒီရက်အနည်းငယ်အတွင်း သုံးဖို့" လီဖူချန်းက စစ်ခုန်းကျိုက်ရှင်းကို အညံ့စားယုံယန်ကျောက်တုံးတစ်ထောင်ပေးလိုက်တယ်။

ဒါကို ကြားပြီး စစ်ခုန်းကျိုက်ရှင်းရဲ့မျက်လုံးတွေက နီရဲသွားတော့တယ်။ ဒီအညံ့စားယုံယန်ကျောက်တုံးတစ်ထောင်က လီဖူချန်းအတွက် ဘာမှမဟုတ်ဘူးဆိုတာ သူ သိတယ်။ တကယ်တမ်းလဲ သူ ယုံယန်တိုက်ကြီးကို ပထမဆုံးအကြိမ်ရောက်လာတုန်းက အညံ့စားယုံယန်ကျောက်တုံးတစ်ထောင်လောက်က သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်ခဲ့ပါဘူးလေ။

ဒါပေမယ့် အခု သူ့မှာ ယုံယန်ကျောက်တုံး ဘယ်လောက်တောင် ရှိလို့လဲ။

"ကျေးဇူးတင်ပါတယ်၊ အခုကစပြီး ငါ စစ်ခုန်းကျိုက်ရှင်းရဲ့အသက်က မင်း လက်ထဲမှာပဲ" စစ်ခုန်းကျိုက်ရှင်းက အညံ့စားယုံယန်ကျောက်တုံးတွေကို လက်ခံခဲ့တယ်။

လီဖူချန်းက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ပြောလိုက်တယ်"ငါ ယုံယန်တိုက်ကို အခုမှ ရောက်လာတာဆိုတော့ ဒီနေရာနဲ့ ပတ်သက်ပြီး အများကြီးမသိဘူး။ အခု မင်း ငါ့ကို မိတ်ဆက်ပေး"

"ကောင်းပြီလေ"

စစ်ခုန်းကျိုက်ရှင်းက ခေါင်းညိတ်လိုက်တယ်။

"ယုံယန်တိုက်ကြီးရဲ့အုပ်ချုပ်သူက ရွှယ်ယန်ဂိုဏ်းပဲ။ ယုံယန်တိုက်ကြီးထဲမှာ နတ်ဘုရားမြို့နှစ်ဆယ်ရှိမှန်း မင်း သိမှာပါ။ ဒီမြို့နှစ်ဆယ်လုံးကလဲ ရွှယ်ယန်ဂိုဏ်းရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ တစ်ယောက်မှ မြို့ထဲမှာ တိုက်ခိုက်ခွင့်မရှိဘူး၊ အမိန့်ကို မနာခံတဲ့သူတွေ သေရမယ်။ ထပ်ပြောရင် အခြားစည်းမျဉ်းတွေ ရှိတယ်။ မင်းက ဒီစည်းမျဉ်းတွေကို ဖောက်ဖျက်ရင် မင်းရဲ့ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးခံရမယ်၊ အပြစ်ပေါ့ရင် မင်းက အကျဉ်းချခံရမယ်။ ငါ သိသလောက် အကျဉ်းကျပြီးနောက် ယုံယန်ကျောက်တုံးကို သုံးပြီး ပြန်ရွေးလို့ရတယ်၊ ဒါကြောင့် ဒါက နောက်ခံကောင်းတဲ့လူတွေအတွက် အဟန့်အတားတော့ မဟုတ်ဘူးပေါ့"

စစ်ခုန်ကျောက်ရှင်းက သူသိသမျှအရာအားလုံးကို လီဖူချန်းကို ပြောပြခဲ့တယ်။

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်"မင်းဆိုလိုတာက ယုံယန်မြို့မှာ ခရမ်းငွေကြယ်ကို ဦးတည်တဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုရှိတယ်လား"

ခရမ်းငွေကြယ်၊ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာအနီးနားက နတ်ဘုရားကြယ်တစ်လုံးဖြစ်ပြီး အလွန်ကျော်ကြားတယ်။

မင်းက ခရမ်းငွေကြယ်ကို ရောက်ရင် ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာနဲ့ နီးကပ်သွားလိမ့်မယ်။ မင်းက ခရမ်းရောင်တိမ်နတ်ဘုရားကို ရာစုနှစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်တယ်။

"ဟုတ်တယ်" စစ်ခုန်းကျောက်ရှင်းက ပြောလိုက်တယ်"ဒါပေမယ့် တည်နေရာရွှေ့ပြောင်းရေးခက အလွန်ဈေးကြီးတယ်၊ အဲဒါက အညံ့စားယုံယန်ကျောက်တုံးတစ်ဘီလီယံလိုအပ်တယ်"

"အညံ့စားယုံယန်ကျောက်ဆုံးတစ်ဘီလီယံလား"

ဒါက တကယ်ကို အလွန်မြင့်မားတဲ့ပမာဏတစ်ခုပဲ။ သူ့ကိုယ်ပေါ်ရှိအညံ့စားယုံယန်ကျောက်တုံးတွေက သန်းတစ်ရာပဲ ရှိတာ။

ဒါပေမယ့် သူ့ခန္ဓာကိုယ်ပေါ်မှာ နတ်ဘုရားကျောက်တုံးတွေအများကြီးရှိတယ်။ အညံ့စားနတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံ၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဘီလီယံကျော်နဲ့ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံကျော်ရှိတယ်။

အညံ့စားယုံယန်ကျောက်တုံးတစ်ဘီလီယံက အညံ့စားနတ်ဘုရားကျောက်တုံးဆယ်ထရီလီယံကျော်နဲ့ ညီမျှတယ်၊ ဒါက လက်မခံနိုင်စရာပဲ။

မူလအစီအစဉ်ကို ပြောင်းလဲဖို့ လိုအပ်ပုံပဲ။

"ငါ အညံ့စားယုံယန်ကျောက်တုံးတွေကို ဖလှယ်ချင်တယ်၊ ဘယ်နေရာက ဈေးမျှတလဲ" လီဖူချန်းက အညံ့စားယုံယန်ကျောက်တုံးတစ်ဘီလီယံကို စုဆောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။

စစ်ခုန်းကျိုက်ရှင်းက ပြောလိုက်တယ်"အသေးစားရောင်းဝယ်နေရာတွေကို သွားတာ ပိုကောင်းမယ်။ သူတို့က နတ်ဘုရားကျောက်တုံးတွေ အများကြီးမယူနိုင်ပေမယ့် တန်ဖိုးက မျှတတယ်"

"ငါ အများကြီးဖလှယ်ချင်ရင်ရော" လီဖူချန်းက သူ့နှာခေါင်းကို ထိတွေ့လိုက်တယ်။

စစ်ခုန်းကျိုက်ရှင်းက ပြောလိုက်တယ်"အကြီးစားရောင်းဝယ်ရေးနေရာတစ်ခုဆိုရင် ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမက ပိုမျှတတယ်။ အညံ့စားနတ်ဘုရားကျောက်တုံးတစ်ရာနှစ်ဆယ့်ရှစ်သန်းကို အညံ့စားယုံယန်ကျောက်တုံးတစ်တုံးနဲ့ ဖလှယ်နိုင်တယ်"

"ဒါဆိုလဲ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမပေါ့"

လီဖူချနိးက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ရောင်းဝယ်ရေးနေရာသို့ ဆုံးဖြတ်ခဲ့တယ်။

ဒါပေမယ့် သူက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမနဲ့ ဘာတစ်ခုမှ ထပ်မလုပ်ချင်ပါဘူး။

……

ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရောင်းဝယ်ရေးနေရာ။

"အညံ့စားယုံယန်ကျောက်တုံးဘယ်လောက် မင်း လိုချင်လဲ" စားပွဲရှေ့ရှိပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့အမျိုးသမီးအစစ်အမှန်နတ်ဘုရားတစ်ယောက်က မေးလိုက်တယ်။

လီဖူချန်းက အမျိုးသမီးအစစ်အမှန်နတ်ဘုရားနောက်ရှိ ကြော်ငြာသင်ပုန်းကို ကြည့်လိုက်တယ်။ ပြောထားတာကတော့ ယနေ့ဖလှယ်နှုန်းက ၁၂၈.၅သန်းဖြစ်တယ်။

သူ့ကံက ဆိုးပုံပဲ။ အဓိကရောင်းဝယ်ရေးနေရာတွေရဲ့ဖလှယ်ဈေးနှုန်းက မငြိမ်ဘူး၊ အချိန်နဲ့အမျှ ပြောင်းလဲတတ်တယ်။

ဒါပေမယ့်  တန်ဖိုးလျော့ကျတဲ့အထိ လီဖူချန်းက မစောင့်တော့ပါဘူး။

"တစ်ဘီလီယံ"

လီဖူချန်းက တည်ငြိမ်စွာ ပြောလိုက်တယ်။

"တစ်.....ဘီလီယံ" အမျိုးသမီးအစစ်အမှန်နတ်ဘုရားက နောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားတယ်။

သူမက နားကြားလွဲတာလို့တောင် သံသယဖြစ်မိတယ်။

"ဘာလဲ၊ မရတော့ဘူးလား"

"ရါတယ်၊ ရပါတယ် ၊ တစ်ချက်စောင့်ပေးပါ" အမျိုးသမီးအစစ်အမှန်နတ်ဘုရားက လက်ရှိအနီရောင်ခလုတ်ကို ဖိနှိပ်လိုက်တယ်။

တစ်ခဏကြာပြီးနောက် အနီရောင်မုတ်ဆိတ်မွေးတွေနဲ့လူအိုတစ်ယောက်က ရောက်ရှိလာတယ်။

ဒါက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ပဲ။

"ငါ့နောက်လိုက်လာပါ"

မုတ်‌ဆိတ်မွေးနီလူအိုကြီးက လီဖူချန်းကို သီးသန့်ခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားတယ်။

"အညံ့စားယုံယန်ကျောက်တုံးတစ်ဘီလီယံအတွက် အညံ့စားနတ်ဘုရားကျောက်တုံးနှစ်ဆယ်ရှစ်ဆယ့်ငါးရီလီယံ" မုတ်ဆိတ်မွေးအဖိုးကြီးက လီဖူချန်းက ကြည့်လိုက်တယ်။

တစ်ဖက်လူက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမကို မ‌နောက်ဘူးလို့တော့ သူက ယုံကြည်တယ်။

"ရေတွက်ကြည့်"

လီဖူချန်းက တစ်ဖက်လူကို နေရာလပ်လက်စွပ်တစ်ကွင်း ပေးခဲ့တယ်။

မုတ်ဆိတ်မွေးနီလူအိုကြီးက နေရာလပ်လက်စွပ်ကို ဖွင့်ကာ ရေတွက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်တယ်"အရေအတွက်က မှန်ပါတယ်။ ဒါက အညံ့စားယုံယန်ကျောက်တုံးတစ်ဘီလီယံနဲ့ ပျံသန်းလင်းယုန်ကြေးညိုတံဆိပ်ပဲ၊ ဒီပျံသန်းလင်းယုန်ကြေးညိုတံဆိပ်နဲ့ဆိုရင် မင်းက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမမှ အညံ့စားယုံယန်ကျောက်တုံးဆယ်သန်းကို ချေးငှားနိုင်တယ်၊ တစ်နှစ်အထိ အတိုးမယူဘူး။ တစ်နှစ်ပြည့်ရင်တော့ လစဉ်အတိုးက တစ်သိန်းပေါ့"

အညံ့စားယုံယန်ကျောက်တုံးတစ်ဘီလီယံနဲ့ ဖလှယ်နိုင်တာက လီဖူချန်းက စွမ်းဆောင်ရည်ရှိတဲ့လူတစ်ယောက်မှန်း တစ်ကြိမ်တည်းနဲ့ ပြောပြခဲ့တယ်၊ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမက ဒီလိုလူတွေနဲ့ ပူးပေါင်းရမှာပါ။

……

မူးယစ်ရနံ့မျှော်စင်။

အဆင့်၁သီးသန့်ခန်း။

ဝူယုထျန်းက သူ့လက်ထဲရှိ ကျောက်စိမ်းသန္တာကျောက်ကို ပစ်လွှတ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်"မင်း ဆိုလိုတာက သူက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ရောင်းဝယ်ရေးနေရာကို သွားခဲ့တယ်၊ ဟုန်ယန်စိတ်ဝိညာဉ်နတ်ဘုရားက သူ့ကို လူကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့တယ်ပေါ့လေ"

ဟုန်ယန်စိတ်ဝိညာဉ်နတ်ဘုရားကိုယ်တိုင်လာတွေ့တာဆိုတော့ တစ်ဖက်လူက အနည်းဆုံး အညံ့စားယုံယန်ကျောက်တုံးသန်းတစ်ရာဖလှယ်ခဲ့တယ်ဆိုတာကို ပြသနေတာပဲ၊ ဒါက အလွန်ကြီးမားတဲ့ပမာဏတစ်ခုပဲ၊ သူကတောင် အလွန်စိတ်လှုပ်ရှားမိတယ်။

မျက်နှာချင်းဆိုင်မှာ အစစ်အမှန်နတ်ဘုရားတစ်ယောက်ရှိတယ်။ သူက ခေါင်းညိတ်ကာ ပြောလိုက်တယ်"ဟုတ်ပါတယ်၊ အရှင်"

သူ့လက်ကို ဝှေ့ယမ်းကာ တစ်ဖက်လူကို ထွက်ခွာခွင့်ပြုပြီးနောက် ဝူယုထျန်းက သူ့ရာသူပြောလိုက်တယ်"စစ်ခုန်းကျိုက်ရှင်း၊ မင်းက တကယ်ကို မိတ်ဆွေကောင်းတစ်ယောက်ပဲ၊ ငါ သူ့ကို ဘယ်လို ဖျော်ဖြေမယ်လို့ မင်း ထင်လဲ"

……

"တည်နေရာရွှေ့ပြောင်းရေးခတော့ ဖြေရှင်းပြီးပြီ၊ ဓားပြတိုက်ကို သွားပြီး ပို့ချချက်တွေ နားထောင်ကြည့်တာပေါ့"

ယုံယန်တိုက်ကြီးမှာ ကြယ်သုံးလုံးသိုင်းပညာခန်းမနဲ့ဓားခန်းမတွေများစွာ ရှိတယ်။

ယေဘုယျပြောရရင် ကြယ်သုံးလုံးသိုင်းခန်းမတစ်ခုရဲ့ပိုင်ရှင်က အနည်းဆုံးအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။

ယန်ယုဓားခန်းမ၊ မြို့ထဲရှိအလွန်ကျော်ကြားတဲ့ကြယ်သုံးလုံးဓားခန်းမတစ်ခု၊ ယန်ယုဓားခန်းမရဲ့ပိုင်ရှင်က အလွန်ကျော်ကြားသူတစ်ယောက်ဖြစ်တယ်၊ တစ်ချိန်တုန်းက ခန်းမကနေသူ့ကိုကန်ထုတ်ဖို့ရောက်လာတဲ့ဓားခန်းမပိုင်ရှင်သုံးယောက်ကို လူတစ်ယောက်ဓားတစ်လက်တည်းနဲ့  အလွယ်တကူအနိုင်ယူခဲ့တယ်။

ဒါပေမယ့် ယန်ယုခန်းမရဲ့ဂုဏ်သတင်းကြောင့် အတန်းတက်ရောက်တဲ့ကုန်ကျစရိတ်က အလွန်မြင့်တယ်။ ပို့ချချက်အတန်းတစ်ခုက အညံ့စားယုံယန်ကျောက်တုံးဆယ်တုံးလိုအပ်တယ်၊ အတန်းနှစ်ဆယ်က အညံ့စားယုံယန်ကျောက်တုံးတစ်ရာလိုအပ်တယ်၊ သုံးလတစ်ကြိမ်သင်တန်းတွေ၊ နှစ်စဉ်သင်တန်းတွေလဲ ရှိတယ်။

ဒါပေမယ့် ဒါက သာမန်အတန်းတစ်ခုအတွက်ပဲ။ မင်းက မြူမိုးဓားသမားရဲ့သင်ခန်းစာကို နားထောင်ချင်ရင် တစ်တန်းရဲ့ကုန်ကျစရိတ်က အညံ့စားယုံယန်ကျောက်တုံးတစ်ရာရှိတယ်၊ ပြီးတော့ စောင့်ဖို့ လိုအပ်တယ်။ မြူမိုးဓားသမားက တစ်လမှ တစ်ကြိမ်ပဲ သင်ကြားပေးတာလေ။

လီဖူချန်းက ကံကောင်းတယ်၊ သူက မြူမိုးဓားသမားရဲ့သင်ခန်းစာအတွက် တစ်ရက်ပဲ စောင့်ခဲ့ရတယ်။

အတန်းကို တက်ရောက်တဲ့သူတွေ အများကြီးပဲ၊ အနည်းဆုံးတစ်ထောင်ရှိတယ်။

မြူခိုးဓားသမားက မုတ်ဆိတ်ရှည်ရှည်နဲ့ ပိန်ပါးတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်တယ်။ သူ့မျက်လုံးတွေက အရမ်းနူးညံ့တယ်၊ နူးညံ့မှုထဲမှာ ထက်ရှခြင်းဆိုတဲ့အဓိပ္ပါယ်တစ်ခုက ဖုံးကွယ်နေတယ်။

"လူတိုင်းမှာ ဓားတစ်လက်က ဘာလဲဆိုတဲ့အပေါ် သူတို့ရဲ့ကိုယ်ပိုင်အမြင်ရှိမယ်ဆိုတာ ငါ ကြောက်တယ်။ သူ့ရဲ့ကိုယ်ပိုင်အမြင်မရှိတဲ့ဓားသမားတစ်ယောက်ကို ဓားသမားတစ်ယောက်လို့ ခေါ်ဖို့ မထိုက်တန်ပါဘူး"

"ငါ့ကို မြူဓားသမားလို့ခေါ်တယ်၊ ငါ့ဓားက မီးခိုး၊ မိုးနဲ့ နှလုံးသားဖြစ်တယ်"

"ဓားက ဆည်းပူးရတဲ့လမ်းတစ်ခုပဲ၊ ငါတို့က ၎င်းကို ပုံဖော်ဖို့ လိုအပ်တယ်၊ ဒါကြောင့် ငါတို့ကိုယ်တိုင် တည်ဆောက်ဖို့ မလိုအပ်ဘူး၊ စိတ်ကူးတွေကို ပျံသန်း‌ခွင့်ပေးပြီး အစစ်အမှန်နဲ့ ပေါင်းစပ်လိုက်ပါ၊ ဒါက ငါတို့လိုအပ်တဲ့အရာပဲ"

"မင်း ဘာကို ကြိုက်သလဲဆိုတာ စဉ်းစားပါ၊ ပြီးရင် မင်းဓားကို အဲအတိုင်း ပြုလုပ်ပါ၊ မင်းက နေကို ကြည့်ရင် မင်းရဲ့ဓားကို တောင့်တောင့်တင်းတင်းဖြစ်အောင် လုပ်ပါ၊ မင်းက ရေကို ကြည့်ရင် နူးညံ့အောင် လုပ်ပါ၊ မင်းက လေကို ကြိုက်ရင်.......၎င်းလိုချင်တာဘာပဲဖြစ်ဖြစ် ဓားက လုပ်ရမှာပဲ"

မြူမိုးဓားသမားရဲ့ပို့ချချက်က အလွန်ဆွဲဆောင်န်ိုင်ပြီး လူအများကြီးက လေးလေးနက်နက်ဆင်ခြင်နေလေတယ်။

"မြူမိုးဓားသမားဆိုတဲ့အတိုင်းပဲ၊ ဒါက ငါ့ရဲ့ဓားတာအိုမဟုတ်ဘူးပဲ"

လီဖူချန်းက စိတ်ထဲမှာ သူ့ခေါင်းကို လျှို့ဝှက်စွာ ခါယမ်းလိုက်တယ်။

မြူမိုးဓားသမားရဲ့ဓားဉာဏ်အမြင်က လူတွေရဲ့ဓားတာအိုကို အလွန်မြင့်မားတဲ့အဆင့်တစ်ခုသို့ ရောက်စေတယ်၊ ဒါပေမယ့် အထွတ်အထိပ်ကို မရောက်စေပါဘူး။

မင်း ကြိုက်တာ ဘာပဲဖြစ်ဖြစ်၊ ဓားတစ်လက်ပဲ၊ ဒါက ဓားတာအိုရဲ့အပေါ်ယံအရေပြားမျှပဲ။ လီဖူချန်းက လက်ရှိမှာ ကမ္ဘာပေါ်ရှိနေရာတိုင်းက ဓားတစ်လက်ဖြစ်နိုင်တဲ့နယ်ပယ်နောက်ကို လိုက်နေတယ်။ သူကြိုက်မကြိုက်၊ အဲဒါက သူ့ဓားဖြစ်တယ်။

အတန်းပြီးနောက် လီဖူချန်းက ပထမဆုံးထွက်ခွာလာခဲ့တယ်။

ယန်ယုဓားသမားက လီဖူချန်းရဲ့နောက်ကျောကို ကြည့်ကာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်တယ်။

တစ်လကြာပြီးနောက် လီဖူချန်းက ဓားခန်းမအနည်းငယ်ကို သွားရောက်ခဲ့ပြီး ဓားခန်းမပိုင်ရှင်တစ်ယောက်စီရဲ့သင်တန်းတွေကို နားထောင်ခဲ့တယ်။

ဒီဓားခန်းမပိုင်ရှင်တွေရဲ့ဓားတာအိုနယ်ပယ်က မြူမိုးဓားသမားနဲ့ အတူတူပဲ၊ ဒါမှမဟုတ် အဆင့်တစ်ဝက်လောက် ပိုနိမ့်ကျတယ်။

လူအချို့က ဓားနဲ့နှလုံးသားရဲ့စုစည်းမှုနောက်ကို လိုက်တယ်၊ လူနဲ့ဓားရဲ့စုစည်းမှုနောက်ကို လိုက်တယ်။

အချို့က သတ်ဖြတ်ခြင်းနောက်ကို လိုက်တယ်။

အချို့က ရသခံစားချိတ်ဆက်မှု‌နောက်ကို လိုက်တယ်။

အတိုချုပ်အားဖြင့် လီဖူချန်းရဲ့အမြင်အရ သူတို့အားလုံးက ဓားတာအိုထဲရှိခြေရာတွေဖြစ်တယ်။

"ကြည့်ရတာ ဘာမှ မရခဲ့ဘူးပဲ" လီဖူချန်းက မကျေမနပ်မဖြစ်ပါဘူး၊ ကြယ်သုံးလုံးဓားခန်းမရဲ့သခင်တစ်ယောက်ကို သူက ဘယ်လောက်ထိ မျှော်လင့်နိုင်မှာလဲ။

ဝူကျန်းဓားခန်းမ။

ဒီနေ့မှာ လီဖူချန်းက ပျက်ဆီးနေတဲ့ဓားခန်းမတစ်ခုကို ရောက်ရှိလာခဲ့တယ်။

ဒါက ကြယ်နှစ်လုံးဓားခန်းမတစ်ခုပဲ။ ပိတ်ဖို့ မဝေးတော့ပုံပဲ။ တံခါးက ညစ်ပတ်နေပြီး သစ်ရွက်တွေက လွင့်ပျံနေတော့တယ်။

လီဖူချန်းက တံခါးကို တွန်းဖွင့်ကာ ဝင်လာတယ်။

ဓားခန်းမရဲ့ခြံဝင်းထဲမှာ သေခါနီးလူအိုတစ်ယောက်က သစ်ပင်တစ်ပင်အောက်မှာ လက်ဖက်ရည်သောက်နေတယ်။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက လီဖူချန်းနဲ့ အတူတူပဲ၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ပါပဲ။

"မင်းက ဒီဓားခန်းမရဲ့ပိုင်ရှင်လား" လီဖူချန်းက မေးလိုက်တယ်။

လူအိုကြီးက လီဖူချန်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။

လီဖူချန်းက ထိုင်ချကာ တုံ့ဆိုင်းမနေဘဲ လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်။

တစ်ဖက်လူက အဆိပ်ခတ်မှာကို သူက မစိုးရိမ်ပါဘူး။ သူ့မှာ ဖျက်ဆီးခြင်းစွမ်းအားရှိတယ်၊ ဒါကြောင့် သူ့ကို အဆိပ်မခတ်နိုင်ဘူးလေ။

***

All Chapters