အချက်အလက်များ
Vol. 27 Ch. 368
“ဒါဆို အသုံးပြုလိုက်တဲ့ စွမ်းအင်တွေကို သူ ဘယ်လိုပြန်ပြီး ဖြည့်လဲ”
ဝေ့ဝူယင် စုံစမ်းလိုက်၏။ အဂ္ဂိရတ် တိုက်ပွဲအတွင်း၌ သူမသည် ဆေးဖော်စပ်ခဲ့ပြီး အသုံးပြုလိုက်သည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းခဲ့တာ သေချာသည်။
ထိုမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်သည့် အလား ချင်ကူးယွင်က ချက်ချင်းပင် ရှင်းပြလိုက်၏။
“ခုလောလောဆယ် ယင်အာက ထျန်းတျန် စွမ်းအင်ကြောတွေနဲ့ ကြယ်တာရာ ဝိညာဥ်တွေကို ချိတ်ဆက်ထားတဲ့ ဝင်္ကပါကို သုံးနေရတာ... အဲဒီ ဝင်္ကပါကပဲ သူ့ရဲ့ အခြေအနေကို ပုံမှန်ကျင့်ကြံသူတွေလို ပြန်ပြီး ဖြစ်စေတာ... ဒါပေမဲ့ အဲဒါကလည်း အတုအယောင် သဘောမျိုးပါပဲ”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်မိ၏။ သူ ဝူပိုင်ကျိုး၏ မူလယင် ဝင်္ကပါကိုပင် ပြန်လည် အမှတ်တရလိုက်မိသည်။ ၎င်းက သူမကို အတုအယောင် အပျိုစင်ဘဝမျိုးကို ပေးစွမ်းနိုင်စွမ်း ရှိပေသည်။
“ ... “
အခန်းမှာ ကိုယ်စီအတွေးများနှင့် အတူ စက္ကန့်ပိုင်းမျှ ကြာအောင် တိတ်ဆိတ်သွားခဲ့၏။ အတန်ကြာပြီးနောက်မှ ဝေ့ဝူယင်က တိတ်ဆိတ်မှုကို ဖြိုခွဲကာ မေးလိုက်သည်။
“မိန်းကလေးယင်ရဲ့ အခြေအနေကိုတော့ နားလည်ပါပြီ... ဒါပေမဲ့ ကျုပ်ကို ဘာလို့ လိုအပ်တာလဲ...”
ဤသည်က ဆိုလိုရင်း ဖြစ်သည်။ ချင်ကူးယွင်၏ အမူအရာက အလွန် လေးနက်သွား၏။
“အာဏာရှင် ဧကရာဇ်ဝေ့က လက်ရှိ ရောက်နေတဲ့ အဂ္ဂိရတ် အဆင့်အတန်း အထိကို ဘာအဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်မှ မရှိပဲနဲ့ တက်လှမ်းနိုင်ခဲ့တာ မလား... မှတ်တမ်းတွေ အရဆိုရင် အဲဒီလို လုပ်နိုင်ဖို့ အတွက် အနိမ့်ဆုံး အရှင်သခင် အဆင့် ပါရမီမျိုး လိုအပ်တယ်... ကျုပ်တို့ အစည်းအရုံးမှာ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ သွေးကြော ကိုင်းဆက်ခြင်း နည်းလမ်းလို့ ခေါ်တဲ့ ရှေးဟောင်း နည်းလမ်းတစ်ခု ရှိတယ်.... အဲဒီနည်းလမ်းနဲ့ ချင်ကူးယင်ရဲ့ ပျက်စီးနေတဲ့ သွေးကြော အပိုင်းတွေကို ဖယ်ရှားပြီး မင်းရဲ သွေးကြောတွေနဲ့ အစားထိုးနိုင်မယ် ဆိုရင် သူ ကျင့်ကြံခြင် ပါရမီကို ပြန်ပြီး ရရှိလာလိမ့်မယ်”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ကျုပ် သိပြီ... ဒါပေမဲ့ သွေးကြောကိုင်းဆက်ခြင်း နည်းလမ်းက အခြားလူတစ်ယောက်ရဲ့ ပါရမီကို တိုက်ရိုက် ကူးယူတဲ့ နည်းလမ်းမျိုး ဆိုတော့ ခင်ဗျားတို့ ကူးယူလိုက်တဲ့ လူရဲ့ ပါရမီက နိမ့်ပါးနေရင် မိန်းကလေးယင်က အရင်အတိုင်း ဂိတ်တံခါးထဲကို ဝင်နိုင်မှာ မဟုတ်ဘူး... မူလရည်ရွယ်ချက်က ပျောက်ကွယ်နေဦးမှာပဲ... ဒါနဲ့ အရှင်သခင် အဆင့် ပါရမီ ဆိုတာက ဘာလဲ”
သူ ယခုလို အဆင့်အတန်းမျိုး အထိ ရောက်ရှိလာရခြင်းမှာ အဂ္ဂိရတ်ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင် ဖြစ်သည်။ ဝေ့ဝူယင်သည် ကိုယ့်ကိုယ်ကို အဂ္ဂိရတ် လမ်းစဥ်တွင် ပါရမီ မြင့်မားကြောင်း ယုံကြည်သည့်တိုင် ချင်ကူးယွင်ပြောသည့် အရှင်သခင် အဆင့် ပါရမီမျိုး ဖြစ်လိမ့်မည် ဟုတော့ ကျိန်းသေ မပြောနိုင်ချေ။
ချင်ကူးယွင်မှာ သူတို့ဂိုဏ်း၏ မထင်မရှား နည်းလမ်းတစ်ခုကို ဝေ့ဝူယင် ရင်းနှီးနေလိမ့်မည် ဖြစ်ကြောင်း မျှော်လင့် မထားရာ အံ့အားသင့်သွားမိ၏။ ယခုတစ်ကြိမ်တွင်တော့ ချင်ကူးယင်က ဝင်ရောက် ရှင်းပြလိုက်သည်။
“ထာဝရ ဧကရာဇ်ရဲ့ ကိုယ်စားလှယ် ရောက်လာတုန်းက ထူးခြားတဲ့ သတင်းအချက်အလက်တွေပါတဲ့ စာအုပ် အထူကြီး တစ်အုပ်ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့တယ်... အဲဒီထဲမှာ မွေးရာပါ ပါရမီကို အဆင့်ခွဲခြားထားတဲ့ အသေးစိတ် အချက်အလက်တွေလည်း ပါတယ်...”
“အကြမ်းဖျဥ်း ပြန်ပြောပြရမယ် ဆိုရင် ကျင့်ကြံခြင်း တာအိုမှာ ပါရမီ အဆင့် ငါးဆင့် ရှိတယ်... အခြေခံ အဆင့်က လွဲလို့ ကျန်အဆင့်တွေ အားလုံးကို မြေကမ္ဘာအဆင့်၊ လောကအဆင့်နဲ့ ကောင်းကင်အဆင့်တွေ ဆိုပြီး ထပ်ခွဲခြားထားတယ်”
ထိုခွဲခြားမှုများကို ဝေ့ဝူယင် အလွန် စိတ်ဝင်စား နေမိ၏။ ချင်ကူးယင် ရှင်းပြသည်ကို နားထောင်ရင်း သူ့ မိုးကောင်းကင်က တဖြည်းဖြည်း ကျယ်ပြန့်လာနေသလို ခံစားရသည်။ ဝိညာဥ် အမျိုးအစား တစ်ခုကို ကျင့်ကြံဖို့ အတွက် ကျင့်ကြံသူ အနေဖြင့် “ကောင်းကင်စံ အဆင့် ပါရမီ”ကို ပိုင်ဆိုင်ထားဖို့ လိုအပ်သည်။ ထိုပါရမီ အဆင့်ကို မပြည့်မှီသည့် ကျင့်ကြံသူများမှာ အမြုတေမှ ဝိညာဥ်သို့ ပြောင်းလဲရန် လိုအပ်သည့် အမတေ ပမာဏများကို လုံလုံလောက်လောက် စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုပြဿနာကို ကျော်လွှားနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များတော့ ရှိပေသည်။
နူးအဆင့် ပါရမီကတော့ အမျိုးမျိုးသော စွမ်းအင်များအား လုံးဝ အာရုံခံနိုင်စွမ်း မရှိသူများကို ဆိုလိုပေသည်။ အဂ္ဂိရတ် ထုတ်ကုန်များကို သုံးစွဲပြီးနောက် ဟင်းလင်းပြင် စွမ်းအင် အာရုံခံနိုင်စွမ်းတွင် ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့သည့် ကျူးဟိုင်၏ ဖြစ်စဥ်ကို ပြန်လည် ဆင်ခြင်ရင်း ပါရမီကို တိုးမြှင့်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များလည်း ရှိကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။
အဂ္ဂိရတ် ပါရမီကို တိုးမြှင့်ပေးနိုင်သည့် ထုတ်ကုန်များရော ရှိသလော။ သူ ကိုယ်တိုင်ရော အဂ္ဂိရတ် ပါရမီ တိုးတက်ရန် ထုတ်ကုန်များကို သုံးစွဲခဲ့သလော။ ဝေ့ဝူယင် ပြန်လည် စဥ်းစားလိုက်၏။ မကြာခင်မှာပင် ထိုကဲ့သို့ ဖြစ်စဥ်မျိုး မရှိဖူးကြောင်း သူ သဘောပေါက်လိုက်သည်။
ထိုအခိုက်တွင်ပင် ချင်ကူးယွင်က ဖြည့်စွက်ကာ ပြောလိုက်၏။
“ယင်အာရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်တဲ့ သွေးကြောပိုင်းတွေကို လုံးလုံးလျားလျား ဖယ်ရှားပစ်နိုင်တဲ့ ထုတ်ကုန် အချို့တော့ ရှိပါတယ်... ရာစုနှစ် အနည်းငယ်လောက် အတွင်းမှာပဲ အဲဒါကို ဖော်စပ်နိုင်ဖို့ ကျုပ်တို့မှာ ယုံကြည်ချက် ရှိတယ်... ဒါပေမဲ့ အဲဒီ ထုတ်ကုန်တွေကို သုံးလိုက်ရင် ယင်အာရဲ့ ပါရမီက လုံးဝ ထိခိုက်သွားလိမ့်မယ်... ကံမကောင်းစွာပဲ အဂ္ဂိရတ် ပါရမီကို တိုးမြှင့်နိုင်တဲ့ လူသိရှင်ကြား နည်းလမ်းတစ်ခုမှ မရှိဘူးလေ... ခုအခြေအနေမှာ ဝင်္ကပါက အလုပ်ဖြစ်နေတယ် ဆိုပေမဲ့ အချိန် ဘယ်လောက်အထိ ခံမယ် ဆိုတာ မပြောနိုင်ဘူး... နောက်ပြီး အဲဒါက ဘယ်လိုလုပ်ပြီး အစစ်အမှန် စွမ်းအင်တွေ၊ အမတေတွေကို အစားထိုးနိုင်မှာပဲ... အဲဒီထက် ပိုဆိုးတာက ယင်အာရဲ့ ကျင့်ကြံခြင်း အခြေခံက လုံးဝ ရပ်တန့်နေတော့မှာလေ”
ဝေ့ဝူယင်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို အချိန်မရွေး သန့်စင်နိုင်သည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်ကို သုံးလိုက်လျှင် လအနည်းငယ် အတွင်းမှာပင် သူမ ခန္ဓာကိုယ်ထဲမှ အညစ်အကြေး အားလုံး ကုန်စင် သွားနိုင်ချေ ရှိသည်။ သို့သော်လည်း သူမ၏ ပါရမီကတော့ မူလ လုပ်ဆောင်ချက်များကြောင့် ပျက်စီးခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင် အခြားနည်းလမ်းများကို အခြားနည်းလမ်းများကို ဆက်လက် စဥ်းစားနေ၏။ သီအိုရီ အရဆိုလျှင် ချင်ကူးယင်မှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ရာ အဂ္ဂိရတ် အမတေ စွမ်းအင်များကို စုပ်ယူ၍ ကျင့်ကြံခြင်း လမ်းစဥ်ကို မွမ်းမံ နိုင်စွမ်း ရှိပေသေးသည်။ ၎င်းက အိုရီတစ်ယောက် ဒြပ်စင်ကိုးခု အမတေများကို စုပ်ယူကာ လမ်းစဥ်ကို မွမ်းမံခဲ့သည့် ဖြစ်စဥ်နှင့် ဆင်တူပေသည်။
သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အဂ္ဂိရတ် ဒြပ်စင် ကျောက်တုံး ကဲ့သို့သော စွမ်းအင်ရင်းမြစ် ဖြစ်စေနိုင်မည့် ပစ္စည်းများ လိုအပ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ထိုကဲ့သို့ ရတနာမျိုး ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးချေ။
သွေးကြောကိုင်းဆက်ခြင်း ကဲ့သို့သော နည်းလမ်းကို အသုံးမပြုပါက သူမ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ လုံးဝ ပြီးဆုံးသလောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုနည်းလမ်းတွင်လည်း ပြဿနာများ ရှိပေသေးသည်။ ကောင်းကင်စံအဆင့် ပါရမီရှိသူ၏ သွေးကြောကို ကိုင်းဆက် ရယူခဲ့မည် ဆိုလျှင်ပင် သူမ၏ ပါရမီက နူးအဆင့်ထက် ကျော်လွန်လာလိမ့်မည် မဟုတ်ချေ။ ကောင်းကင်ထူးကဲအဆင့် ပါရမီရှင်ထံမှ သွေးကြောများ ပင်လျှင် မြေကမ္ဘာစံအဆင့်ကိုသာ အကောင်းလုံး ထုတ်လုပ်နိုင်ပေသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ချင်ကူးယွင်ကို ကြည့်လိုက်၏။
“ဆိုတော့ကာ အနှစ်ပြန်ချုပ်ရမယ် ဆိုရင် ခင်ဗျားက ကျုပ်ရဲ့ ပါရမီ တစ်ပိုင်းတစ်စကို စတေးပြီး မိန်းကလေးယင် ပြန်ကျင့်ကြံနိုင်ဖို့ အတွက် ကူညီပေးစေချင်တယ်ပေါ့”
ချင်ကူးယင်မှာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်၏။ သူက လက်သီးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း ခေါင်းကို ငုံ့ထားကာ ဝေ့ဝူယင်ကို ဦးခိုက်လု နီးနီးပင်။
“ဟုတ်ပါတယ်... ကျုပ်တို့ရဲ့ တောင်းဆိုမှုက ဘယ်လောက် အတင့်ရဲသွားသလဲ ဆိုတာ နားလည်ပါတယ်... အဲဒီအတွက်ကြောင့် အာဏာရှင် ဧကရာဇ်ဝေ့နဲ့ မျိုးဆက်တစ်ခုလုံးကို ကျုပ်တို့ အဂ္ဂိရတ် အစည်းအရုံးဘက်က မပျက်စီးခင် အချိန်အထိ ထာဝရ သစ္စာရှိသွားဖို့ ဆန္ဒရှိပါတယ်”
...
တိတ်ဆိတ်မှုက ခန်းမတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထား၏။ အထူးသဖြင့် ချင်ကူးယင် အတွက်ပင်။
ဒုက္ခိတ တစ်ပိုင်း ဖြစ်နေသော သူမအတွက် ဝေ့ဝူယင်သာလျှင် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ဝေ့ဝူယင် ကယ်တင်မှသာလျှင် ပိုမို ကျယ်ပြန့်သော မိုးကောင်းကင်နှင့် အဂ္ဂိရတ် တာအို အထွတ်အထိပ် အဆင့်များဆီ သူမ ခရီးနှင် နိုင်ပေလိမ့်မည်။ အကယ်၍ ဝေ့ဝူယင်သာ ငြင်းဆိုခဲ့လျှင်မူ သူမ၏ ဘဝ တစ်ခုလုံး သေဆုံးသွားပေလိမ့်မည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ ငြိမ်သက်စွာဖြင့် တံခါးမကြီးကို ငေးကြည့်နေခဲ့၏။ သူ၏ ငွေရောင်မျက်လုံးတို့က အမျိုးမျိုးသော အတွေးတို့ဖြင့် ပြည့်နှက်နေဟန် ရသည်။ အတန်ကြာပြီးနောက်၌ သူက ခေါင်းအား ဖြည်းလေးစွာ ခါယမ်းလိုက်သည်။ ထို့နောက် ချင်ကူးယွင်တို့ကို အေးစက်စွာ ကြည့်လိုက်ရင်း...
“ငါ့ရဲ့ ပါရမီ တစ်စိတ်တစ်ပိုင်းကို ရယူဖို့ ကြံစည်တာက ငါ့ကို စော်ကားတာနဲ့ အတူတူပဲ... တကယ်လို့ မင်းတို့ရဲ့ နည်းလမ်းတွေကသာ နူးညံ့သိမ်မွေ့ မနေဘူး ဆိုရင် အဂ္ဂိရတ် အစည်းအရုံး တစ်ခုလုံးကို ငါဖျက်ဆီး ပစ်လိုက်ပြီ... ငါ့ဘက်က ရည်ရွယ်ချက်ကတော့ ရှင်းတယ်... မင်းတို့ပြောတဲ့ သွေးကြောကိုင်းဆက်ခြင်း နည်းလမ်းကို ခုရော နောက်ရော ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး”
“ ... “
ချင်ကူးယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ် တုန်ရီသွားကာ မျှော်လင့်ချက်များမှာလည်း အပိုင်းပိုင်း အစစ အက်ကွဲသွားခဲ့ရပြီ ဖြစ်သည်။ ဒူးထောက်ထားလျှက်ကပင် သူ့ခေါင်းမှာ အောက်သို့ ငိုက်စိုက်ကျနေ၏။ ဤရလဒ်အတွက် ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် တကယ်တမ်း ကြားလိုက်ရချိန်၌ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လုနီးပါးပင်။
သို့သော်လည်း လူငယ်တစ်ဦး ဖြစ်သည့် ချင်ကူးယင်မှာ မည်ကဲ့သို့ သူ့လောက် တည်ငြိမ်နိုင်မည်နည်း။ သူမက ခါးသီးသော မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်ရင်း ...
“အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို ရှင်မသိပါဘူး... အဂ္ဂိရတ် တိုက်ပွဲမှာ ရှင့်ရဲ့ စွမ်းဆောင်တွေရည်တွေက အထင်ကြီးစရာ ကောင်းတယ် ဆိုပေမဲ့ ကျွန်မရဲ့ ကျင့်ကြံခြင်း လမ်းစဥ်က ပျက်စီးနေတယ် ဆိုတာ မမေ့နဲ့... တကယ်လို့ ကျွန်မမှာသာ ကျင့်ကြံနိုင်ဖို့ အခွင့်အရေး နည်းနည်းလေးပဲ ရှိမယ် ဆိုရင်တောင် ရှင်အခွင့်အရေး တစ်ခုတောင် ရမှာ မဟုတ်ဘူး... နောက်ပြီး ရှင့်မှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မရှိတဲ့ အတွက် သေမျိုး အဂ္ဂိရတ် တာအိုရဲ့ အထွတ်အထိပ်ကို ဘယ်တော့မှ ထိတွေ့နိုင်မှာ မဟုတ်ဘူး”
“ ... “
သူမ၏ စကားများကို နားထောင်ရင်း ဝေ့ဝူယင်မှာ ရယ်ရမလား၊ လှောင်ရမလား မသိတော့ချေ။ သူ့တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ရှိရုံမျှသာ မကချေ။ သေမျိုး အဂ္ဂိရတ် တာအို၏ အထွတ်အထိပ် အဖြစ် သူမ ရည်ညွှန်းခဲ့သည့် အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင်တစ်ပါး ဖြစ်လာခဲ့သည်မှာပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ညင်သာစွာပင် ခေါင်းကို ခါလိုက်၏။
“မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ နည်းလမ်း ကျုပ်မှာ မရှိဘူး... နောက်ပြီး အဲဒါကလည်း ကျုပ်ရဲ့ ပြဿနာ မဟုတ်ဘူးလေ... တကယ်လို့ မင်း အပြစ်တင်ချင်တယ် ဆိုရင် အညစ်အကြေးတွေ ပြည့်နေတဲ့ ထာဝရ ခြေချခြင်း ဆေးလုံးကို မဆင်မခြင် သုံးလိုက်တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ်”
အခြားတစ်ဖက်၌ ချင်ကူးယွင်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။ သူက လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျုပ် နားလည်ပါတယ်...”
သူ့စကားလုံးများထဲ၌ တွန်းလှန်လိုသော ဆန္ဒတစ်စုံတစ်ရာ မပါချေ။ ကြည့်ရသည် ထိုလူအိုကြီးမှာ ဝေ့ဝူယင်၏ ငြင်းဆိုမှုကို အပြည့်အဝ လက်ခံလိုက်ပုံရလေသည်။
***