← Chapters

မျှော်လင့်ချက် ပိုကြီးလေ ပိုမို စိတ်ပျက်မိရလေ

Vol. 09 Ch. 411

မျှော်လင့်ချက် ပိုကြီးလေ ပိုမို စိတ်ပျက်မိရလေ

Vol. 09 Ch. 411

ချီနန်သည် လေးနက်တည်ကြည်သော အမူအရာဖြင့် ရှိနေသည်။ သူမ၏မျက်လုံးများသည် ဟန်ကျင်းဝူအား တစ်ချက်သာစိုက်ကြည့်လိုက်ပြီး ချက်ခြင်း ဘေးသို့ နေရာရွှေ့သွားသည်။ ထန်ရှုကိုယ်တိုင်ပင် ဟန်ကျင်းဝူအား စကားမပြောလိုတော့ဘဲ ဝေကျန်းပင်းကို ကြည့်ကာ လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

"ခင်ဗျားက မြှုပ်ထားတဲ့ စိန်ရဲ့ လက်ရှိပိုင်ရှင် ဝေကျန်းပင်းလား။"

"ဟမ်…"

ဝေကျန်းပင်း၏မျက်ခုံးများသည် ပိုမိုတွန့်သွားကာ လက်ထဲမှ ထမင်းစားနေသည့် တူအား ချလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“လူငယ်လေး … ယဉ်ကျေးမှုစည်းကမ်းထုံးစံလို့ ခေါ်တဲ့ အရာတစ်ခုကို မင်း မသိတာများ ဖြစ်နိုင်လား။”

"ခင်ဗျားက ဝေကျန်းပင်းသာဆိုရင် ခင်ဗျားကို ကျွန်တော် လေးစားဖို့ မလိုအပ်ဘူးထင်တာပဲ။ ပြီးတော့ ကျွန်တော်က ဆန္ဒတစ်ခု ဒါမှမဟုတ် တစ်ခုခုကြောင့် ကိုယ့်သားသမီးတွေကို စွန့်လွှတ်နိုင်တဲ့ လူတစ်ယောက်ကို မြင့်မြင့်မားမား တွေးပေးနေမယ့်သူ မဟုတ်ဘူး။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သားသမီးတွေ…

ဝေကျန်းပင်းက တွေတွေကြီး စိုက်ကြည့်နေရင်း သူ၏မျက်ဝန်းများထဲတွင် တုန်လှုပ်သွားသည့် အရိပ်အယောင် ဖြတ်သန်းသွားကာ ကုလားထိုင်ပေါ်ကနေ ရုတ်တရက် ထလိုက်မိသည်။

"မင်း ဘယ်သူလဲ။"

ထိုအချိန်တွင် ဟန်ကျင်းထုံပင် လျင်မြန်စွာ ထရပ်လိုက်ပြီး ထန်ရှုအား စိုက်ကြည့်လျက် ရှိသည်။

"ခင်ဗျားက အသက်ကြီးပြီ။ ဒါကြောင့် ခင်ဗျားရဲ့ ချီကုန်းလေ့ကျင့်မှုမှာ မလုံလောက်တဲ့အဆင့်မှာပဲ ရပ်နေခဲ့တယ်။"

ထန်ရှုက သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး "ခင်ဗျားရဲ့ ကျင့်ကြံမှုက နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး ဒီလောက်အဆင့်အထိပဲ တိုးတက်လာတာ မဆန်းပါဘူး။ ဒါနဲ့ ကျွန်တော့်ရဲ့ပုံရိပ်ကို ခင်ဗျား နောက်တော့ သိလာပါလိမ့်မယ်။ အခု မြှုပ်ထားတဲ့ စိန်အကြောင်းကို သိချင်ပါတယ်။ ခင်ဗျားဝယ်ခဲ့တာလား ဒါမှမဟုတ် ကိုယ်တိုင်ဖန်တီးခဲ့တာလား။"

“ဒီအဘိုးကြီး ကိုယ်တိုင် ထွင်းထုခဲ့တာ။” ဝေကျန်းပင်းက လေးနက်သောအသံဖြင့် ဖြေသည်။

သူ၏အဖြေအတွက် ထန်ရှုသည် ဝမ်းသာသွားခဲ့ပြီး

"ခင်ဗျား အဲ့ဒါကို တစ်ခုခုအပေါ် အခြေခံဖန်တီးခဲ့ပြီး စိတ်ကူးနဲ့တွေးဆချက်အပေါ် အခြေခံတာတော့ မဟုတ်ဘူးမလား။ မြှုပ်နှံထားတဲ့ စိန်တုံးပုံစံရှိတဲ့ ဆေးဖက်ဝင်အပင်ကို တွေ့ဖူးခဲ့တာမလား။”

“အင်း။ ငါ မြင်ဖူးခဲ့တယ်။” ဝေကျန်းပင်းက လေးလေးနက်နက် တုံ့ပြန်သည်။

"ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။" ထန်ရှုက မေးသည်။

ဝေကျန်းပင်းက ထိုမေးခွန်းကို ဖြေမည့်အစား သူ့အား ပြန်မေးလိုက်သည်။

“မင်းရဲ့မေးခွန်းအချို့ကို ငါ ဖြေခဲ့ပြီးပြီ။ ငါမေးတာတွေလည်း မင်း ဖြေသင့်တယ်ထင်တယ်။”

"အစတုန်းက ခင်ဗျားတို့က ခြောက်ယောက်အဖွဲ့လေ။ အခု နှစ်ယောက်ပဲ ရှိတော့တာလား။ တခြားလေးယောက်ရော ရှိသေးတယ် မဟုတ်လား။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝေကျန်းပင်းနှင့် ဟန်ကျင်းထုံတို့၏ ရင်ထဲတွင် မြေငလျင်တစ်ခု လှုပ်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး နှစ်ဦးသား အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ သည်ကိစ္စအား သူတို့၆ယောက်ကလွဲပြီး မည်သူမှ မသိကြပါချေ။ သည်လူငယ်သည် ထိုအကြောင်းအား မည်ကဲ့သို့ သိနေပါသနည်း။

ဝေကျန်းပင်းသည် တခဏတာ နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင်

“ဟုတ်ပါတယ်။ ဒီအဘိုးကြီးရဲ့ ဇနီးအပါအဝင် တခြားလေးယောက် ရှိပါတယ်။ မင်းက စီနီယာဂူနဲ့ ဘယ်လိုများ ပတ်သက်နေပါသလဲ။"

"သူမက ငါ့တပည့်ပဲ။" ထန်ရှုက ဖြေသည်။

“ဘယ်လို…”     ဝေကျန်းပင်းနှင့် ဟန်ကျင်းထုံတို့သည် တစ်လေသံတည်း အော်လိုက်မိကြသည်။

ဘေးတွင် ရပ်နေသည့် ဟန်ကျင်းဝူသည် ပဟေဠိ ဖြစ်နေဟန်ဖြင့်

"ထန်ရှု … ဒီအဘိုးနှစ်ယောက်နဲ့ နင် ဘာတွေ ပြောနေတာလဲ။ တခြားလေးယောက်ရှိနေတာက ဘာများလဲ။ တပည့်ဆိုတာ ဘာရီးလဲ။”

ထန်ရှုက သူမအား လျစ်လျူရှုထားကာ ဝေကျန်းပင်းကို ကြည့်ရင်း

"အခု ခင်ဗျား ကျွန်တော့်ကို ပြောသင့်ပြီ။ ဒီဆေးဖက်ဝင်အပင်ကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။”

သူ၏အံ့သြထိတ်လန့်မှုကို မျိုသိပ်ထားပြီး ဝေကျန်းပင်းက ပြန်ဖြေသည်။

" ရှန်းနန်တောင် တစ္ဆေဘုရင်တောင်ကြား။"

တခဏ တိတ်ဆိတ်နေပြီးနောက် ထန်ရှုက ဆက်မေးလိုက်သည်။

"လိပ်စာအတိအကျ ပြောပြလို့ရမလား။ ဒီအဖိုးတန် ဆေးဖက်ဝင်အပင်ကို ကျွန်တော် အရေးတကြီး လိုအပ်လို့နေပါ။ ကျွန်တော့်ကို အဲ့ဒီအပင် ရရှိအောင် ကူညီနိုင်ရင် ခင်ဗျားရဲ့လက်ရှိအခက်အခဲတွေကို ချိုးဖြတ်နိုင်ပြီး နောက်ပိုင်းကျင့်ကြံမှုအတွက်ပါ ကူညီပေးနိုင်ပါတယ်။"

ဝေကျန်းပင်း၏နှလုံးသားသည် အံ့သြတုန်လှုပ်သွားမိသော်လည်း သူ၏ အိုမင်းသောမျက်နှာထက်တွင် မချိပြုံးတစ်ခု ပေါ်လာကာ ခေါင်းယမ်းလိုက်မိသည်။

“ငါ လုပ်နိုင်တာ ဘာမှမရှိဘူး။ အရင်တုန်းက အဲ့ဒီထူးခြားတဲ့ဆေးဖက်ဝင်အပင်ကို ယူလာပြီး တခြားနေရာမှာ ပြန်စိုက်ကြည့်တယ်။ အဆုံးသတ်က အစေ့ညှိုးနွမ်းသွားတာပဲ အဖတ်တင်တယ်။ အဲ့ဒီအပင်ရဲ့ အကျိုးသက်ရောက်မှုနဲ့အသုံးပြုပုံကို ငါ မသိတဲ့အတွက် ဘယ်ဆေးမှာ သုံးဆိုပြီးတော့လည်း မညွှန်းဝံ့ဘူး။ အဲဒါကြောင့် လွှင့်ပစ်လိုက်မိတယ်။ အဲဒီနေရာမှာ တခြားဆေးဖက်ဝင်အပင်တွေတော့ မရှိဘူး။”

"ခင်ဗျားဗျာ…" ထန်ရှု ထောင်းကနဲ ဒေါသ ထွက်သွားသည်။

နတ်ဆိုးပြန်လည်ရှင်သန်မြက်ပင်သည် ရှားပါးရတနာတစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော အင်မော်တယ်ကမ္ဘာ သို့မဟုတ် နတ်ဆိုးနယ်မြေတွင်သာ ပေါ်ထွက်လာပါက မည်သည့် အင်မော်တယ်အထွတ်အထိပ်များနှင့် နတ်ဆိုးခေါင်းဆောင်များမဆို ၎င်းအတွက် တိုက်ပွဲဝင်ကြမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အဖိုးတန်ဆေးဖက်ဝင်အပင်သည် ဝေကျန်းဖျင်၏ လက်ထဲသို့ ကျရောက်ပြီးနောက် အသုံးမဝင်သည့် ပစ္စည်းပမာ အမှန်တကယ်ပင် စွန့်ပစ်ခံခဲ့ရပေသည်။

ထန်ရှု၏အမူအရာသည် ဆိုးဆိုးရွားရွား ရှုံ့မဲ့သွားရသည်။ အချိန်အတန်ကြာ ငြိမ်သက်သွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကျွန်တော့်ကို လိပ်စာအတိအကျ ပြောပြပါ။ ခင်ဗျား ဆက်ပြီး ပါဝင်ဖို့ မလိုတော့ဘူး။”

"ငါ မြေပုံတစ်ခုရှာပြီး မင်းအတွက် အမှတ်အသား လုပ်ပေးလိုက်မယ်။"

ထိုသို့ပြောပြီးသည်နှင့် ဝကျေန်းဖန်သည် ထမင်းစားခန်းမှ ထွက်သွားပြီးနောက် မြေပုံတစ်ခုနှင့် အမြန်ပြန်လာကာ ထိုနေရာအား မင်အနီဖြင့် အမှတ်အသား ပြုပေးလိုက်သည်။ ထို့နောက် ထန်ရှုဆီ လွှဲပြောင်းပေးရင်း

“မင်း ငါ့ကို တစ်ခုတော့ ပြောပြပေးစေချင်တယ်။ ငါ့ကလေးတွေ… ငါ့ကလေးနှစ်ယောက် ရှိသေးရဲ့လား…။”

“သူတို့ အဆင်ပြေပါတယ်။” ထန်ရှုက မြေပုံကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ပေါ့ပါးသောလေသံဖြင့် ပြောပြသည်။

"ဘယ်သူမှ သူတို့ရဲ့ လွတ်လပ်မှုကို မချုပ်ချယ်ထားပါဘူး။ သူတို့နှစ်ယောက်က ခင်ဗျားတို့နှစ်ယောက်ကို မတွေ့ချင်တာပဲရှိတာပါ။ ဒါပေမယ့် နှစ်နည်းနည်းလောက်ကြာလို့ ခင်ဗျားတို့ဇနီးမောင်နှံ အသက်ရှင်နေသေးတယ်ဆိုရင် သူတို့နဲ့တွေ့ရအောင် ကျွန်တော် ကူညီပေးနိုင်ပါတယ်။”

ဝကျေန်းဖန်၏နှုတ်ခမ်းများ တုန်ရီလာကာ လက်သီးဆုပ် အရိုအသေပြုလိုက်ပြီး

“မစ္စတာထန် … သူတို့ နှစ်ယောက်အပေါ် မှာ ငါတို့ လင်မယားနှစ်ယောက် ပေးဆပ်ရမယ့် အကြွေးတွေ အရမ်းများတယ်။ ကျေးဇူးပြုပြီး သူတို့ကို ကြင်နာစွာ ဆက်ဆံပေးပါကွာ။”

“သူတို့က ကျွန်တော့်လူတွေ ဖြစ်တဲ့အတွက် ကြင်နာစွာ ဆက်ဆံမှာပါ။ ဒါနဲ့ ကျွန်တော် လုပ်စရာလေးတွေ ကျန်နေသေးတာမို့ ပြန်ပါတော့မယ်။" ထန်ရှုက အေးအေးဆေးဆေးအမူအရာဖြင့် ပြောလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် သူ လှည့်ထွက်လိုက်သည်။

ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ဟန်ကျင်းဝူအား အံ့အားသင့်စွာ ကြည့်နေစေခဲ့သည်။ ထန်ရှုထွက်သွားသည်ကို မြင်တော့မှသာ အသိဝင်လာပြီး လမ်းလျှောက်ကာ သူ၏လမ်းကြောင်းအား ပိတ်ရပ်လိုက်သည်။ သူမက လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး

"ထန်ရှု … ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ။ နင်ကရော … နင် ဘာတွေ ဖြစ်နေတာလဲ။"

ထန်ရှုသည် တခဏတိတ်ဆိတ်နေပြီး ရင်းနှီးသော်လည်း မရင်းနှီးသော ထိုမျက်နှာလေးအား ကြည့်နေမိသည်။ ထိုမျက်နှာလေးသည် သူ၏နှလုံးသားဆီသို့ နာကျင်မှုများ သယ်ဆောင်လာခဲ့သည်။ သူ၏ရင်ထဲတွင် ရွှဲ့ချင်းချန်အတွက် အမုန်းတရားများ ပြည့်နှက်နေသော်လည်း သူမ သေသွားခဲ့သည်ကို သူ   သိခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ထန်ရှု၏ရင်ထဲတွင် အတန်ငယ် တုန်လှုပ်မှုသည် ရှိနေဆဲပင်။ တွက်ကြည့်မည်ဆိုပါက ထောင်စုနှစ်များအတွင်း စုပုံလာသည့် ခံစားချက်များသည် သူ လုံးဝ မေ့ပျောက်သွားနိုင်သည့် အရာတစ်ခု မဟုတ်ပါချေ။

သူသည် ဟန်ကျင်းဝူနှင့် မည်သို့ မျက်နှာချင်းဆိုင် ရမည်ကို မသိသောကြောင့် သူမနှင့် ထပ်ပြီး အဆက်အသွယ် မလုပ်ချင်တော့ပေ။ သူသည် ထိုအမျိုးသမီးအား ချစ်လည်း ချစ်ခဲ့သလို မုန်းလည်း မုန်းတီးပေသည်။ သို့သော် ယခုမူ သူမသည် အတိတ်ကာလနှင့် သီးခြားစီ ဖြစ်နေဟန် ရှိသောကြောင့် သူ့အနေဖြင့် ဘာဆက်လုပ်ရမည်မှန်းမသိအောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူမနှင့် အဆက်အသွယ် နည်းလေလေ သူ့အတွက် ပိုကောင်းလေလေသာ ဖြစ်ပေတော့မည်။

“ဆရာမက ကျွန်တော့်ဆရာမပါ။ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ဆရာမ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းဝင်းအပြင်ဘက်မှာတော့ ဆရာမက ကျွန်တော့်ကိစ္စတွေမှာ ကိုယ်တိုင် မပါဝင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တွေက တူညီတဲ့ ကမ္ဘာကလူတွေ မဟုတ်တဲ့အတွက် ခပ်ခွာခွာနေတာက ကျွန်တော်တို့အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။”

ထိုစကားကိုပြောပြီးနောက် ထန်ရှုသည် ဟန်ကျင်းဝူ၏လက်များကို ရှောင်ကာ အဝေးကို ထွက်သွားတော့သည်။

ဟန်ကျင်းဝူ ကြက်သေ သေသွားကာ သူမ၏နားများကိုပင် မယုံကြည်နိုင် ဖြစ်သွားရမိသည်။ ထန်ရှု၏စကားများသည် မိုးကြိုးသွားသဖွယ် သူမ၏နှလုံးသားအား ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။ သူမကိုယ်သူမ မည်ကဲ့သို့ ဖြစ်သွားသည်မှန်းပင် မသိလိုက်သော်လည်း တစ်ချိန်တည်းတွင် ဆုံးရှုံးရခြင်း၊ စိတ်မချမ်းမသာဖြစ်ရခြင်းတည်းဟူသော ခံစားချက်များသည် သူမ၏နှလုံးသားထဲသို့ တိုးဝင်လာကာ ဖျော့တော့စွာ နာကျင်စေခဲ့သည်။

“ကျင်းဝူ…" ဟန်ကျင်းထုံက သူမအား လေသံတိုးတိုးဖြင့် ခေါ်လိုက်သည်။

ဟန်ကျင်းဝူ ရုတ်တရက် တုန်ယင်သွားပြီး တစ်ချိန်တည်းမှာပင် နာကျင်ခံစားရကာ ရုတ်တရက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ ထို့နောက် သူမ၏မျက်ဝန်းများအား စိုစွတ်နေသော အလွှာတစ်ခုက ဖုံးလွှမ်းနှင့်နေပြီကို သူမ နားလည်လိုက်ရတော့သည်။

"ကျွန်မ ... ဘာဖြစ်သွားတာလဲ။"

သူမ၏လက်ကို အမြန်ရုတ်လိုက်ပြီး မျက်ဝန်းများဆီမှ စိုစွတ်လာသော မျက်ရည်များကို သုတ်လိုက်သည်။

ဝေကျန်းပင်းနှင့် ဟန်ကျင်းထုံတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဝေကျန်းပင်းက ချက်ချင်း စကားဆိုလိုက်သည်။

"ချင်းဝူ … လာထိုင် …  စားရအောင်။ သူက ထွက်သွားပြီ။ မင်းအဘိုးနဲ့ ငါ မင်းကို မေးစရာကိစ္စရှိသေးတယ်။"

ရှုပ်ထွေးနေသောအကြည့်ဖြင့် ဟန်ကျင်းဝူ ဝင်ထိုင်လိုက်သည်။ သူမသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခံစားချက်များကို ဖုံးကွယ်လိုက်ပြီးနောက်

"ဝဘေိုးဘိုးက ထန်ရှုအကြောင်း မေးချင်တာ မဟုတ်လား။"

“ဟုတ်တယ်။”

ဝေကျန်းပင်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။

"ထန်ရှုရဲ့ ပုံရိပ်က သာမန်မဟုတ်ဘူး။ သူပြောတဲ့စကားတွေက အမှန်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်ပုံရိပ်က ကြောက်စရာကောင်းတယ်လို့ ပြောလို့ရတယ်။ ဒီတော့ အဘိုးတို့ သိချင်တာက သမီး သူ့အကြောင်း ဘယ်လောက်သိထားလဲ။”

…ငါ သူ့အကြောင်းကို ဘယ်လောက်ထိ သိလဲ။…

…သိတာ အရမ်း များတယ်။ ငါ သူ့အကြောင်းကို တော်တော်များများ သိထားတယ်။…

ထန်ရှု ကားတိုက်ခံရတုန်းက အဖြစ်အပျက်အား ဟန်ကျင်းဝူ ပြန်လည်တွေးတောမိသည်။ ဆေးရုံတက်နေသည့် ထန်ရှုအား သွားကြည့်ရန် ဆေးရုံကို ခိုးဝင်ခဲ့သည့်အဖြစ်အပျက်ကို  ပြန်လည် သတိရမိသည့်နည်းတူ ထန်ရှု ဒဏ်ရာကနေ သက်သာလာပြီး ကျောင်းပြန်တက်စဉ် အကျင့်ပုံစံ ပြောင်းလဲသွားသည့်အချိန်ကိုလည်း ပြန်လည်အမှတ်ရမိသည်။ သူ မည်သို့ ပြုမူခဲ့သည်ကို မသိတော့ဘဲ ယောင်ချာချာပုံစံဖြင့် ရုတ်တရက် နိုးထလာသည့်နေ့ကိုလည်း ပြန်လည်သတိရမိသည်။

အတိတ်မှ အဖြစ်အပျက်များသည် ရုပ်ရှင်ပိတ်ကားသဖွယ် တစ်ခုပြီးတစ်ခု ပြသနေသည့်အလား သူမ၏အတွေးအာရုံတွင် ပေါ်လာခဲ့လေသည်။

ဟန်ကျင်းဝူသည် သူမ၏နှလုံးသားထဲတွင် ထန်ရှုအား          ပထမနေရာအဖြစ် ထားနိုင်သည်ကို ယခုအချိန်မှ ခံစားမိပေသည်။

…ငါ ဘာတွေ ဖြစ်နေတာလဲ။ ငါ သူ့ကို ချစ်မိသွားတာများလား။ ဟင့်အင်း … မဖြစ်နိုင်ဘူး … လုံးဝမဖြစ်နိုင်ဘူး… ငါက သူ့ရဲ့ဆရာမ … သူက ငါ့ရဲ့တပည့်။ ငါတို့က အသက်အရွယ် ကွာတယ်လေ...

ဟန်ကျင်းဝူသည် အတွေးများအားလုံးကို ပြင်းပြင်းထန်ထန် ငြင်းဆိုနေသော်လည်း သူမ၏ စိတ်ထဲတွင် အတွေးများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထန်ရှု၏လျစ်လျူရှုထားမှု၊ အေးစက်မှုနှင့် သီးခြားဆန်သော တုံ့ပြန်မှုတို့သာမက သူ၏စကားများကိုပါ နောက်ဆုံးတွင် သူမ ပြန်လည်တွေးတောမိသောကြောင့် သူမ အတော်ပင် ဝမ်းနည်းနေရင်း စိတ်မကောင်းဖြစ်သွားကာ မှိုင်ကျသွားခဲ့သည်။

"ကျင်းဝူ…" ဟန်ကျင်းဝူ မှိုင်တွေနေသည်ကိုမြင်သော ဝေကျန်းပင်းက အမြန် အော်လိုက်သည်။

ဟန်ကျင်းဝူက ခေါင်းမော့ကာ ဝေကျန်းပင်းအား ကြည့်ရင်း ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။

"ဝဘေိုးဘိုး … သမီး လုပ်စရာလေးတွေ ရှိနေသေးတာကို ရုတ်တရက် သတိရသွားလို့ပါ။"

ပြောပြီးသည်နှင့် ဟန်ကျင်းဝူသည် ထမင်းစားခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ ထို့နောက် သူမ၏စက်ဘီးအား စီးနင်းကာ ခြံဝင်းထဲမှ အမြန်ထွက်သွားတော့သည်။

ဝေကျန်းပင်းက ဟန်ကျင်းထုံကို ကြည့်ကာ မချိပြုံး ပြုံးလိုက်ပြီး

"ကြည့်ရတာ ငါတို့ ထန်ရှုအကြောင်း သိဖို့က မလွယ်တဲ့ပုံပဲ။"

"အမှန်တကယ်ပဲ။ ဒါပေမယ့် သူက စီနီယာဂူနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ရပ် ရှိနေတဲ့ လူတစ်ယောက်ဆိုတော့ သူကနေတဆင့် စီနီယာဂူကို ငါတို့ ရှာရမယ်။ အရင်တုန်းက ကျင့်ကြံမှု နည်းစနစ်တွေကို ရခဲ့လို့ ငါတို့ရဲ့ ခွန်အားတွေ အမှန်တကယ် တိုးလာတယ်ဆိုပေမယ့် နောက်ပိုင်း တိုးတက်ဖို့ကျ အရမ်းခက်ခဲလွန်းတယ်။ အဲ့ဒါကြောင့် ငါတို့ရဲ့လမ်းကြောင်းကို အင်မော်တယ်ခရီးထိ သွားဖို့အတွက် နည်းလမ်းရှာရမယ်။”

"ငါ ယန်ကျန်းဖန်ဆီ ဖုန်းဆက်လိုက်မယ်။"

ဝေကျန်းပင်းက ပြောသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဝေကျန်းပင်းက ဖုန်းကိုချလိုက်ပြီး ဟန်ကျင်းထုံအား အံ့သြဝမ်းသာသွားသည့်အကြည့်ဖြင့် ကြည့်ကာ

“ငါ သူ့ကို မေးပြီးပြီ။ ရှန်ဟိုင်းထာဝရခန်းမကတဲ့။”

ရှန်ဟိုင်း … ထာဝရခန်းမ…

သစ်သီးဥယျာဉ်မှ ထွက်ခွာလာပြီးနောက် ထန်ရှုနှင့် ချီနန်သည် ထာဝရခန်းမသို့ သွားခဲ့သည်။ သူတို့၂ဦးသည် ယခုချိန်ထိတိုင် ဘာမှ မစားရသေးသောကြောင့် ထန်ရှုသည် မန်နေဂျာရုံးခန်းထဲတွင် နေကာ ချီနန်ကိုယ်တိုင် သယ်ယူလာပေးသော အစားအသောက်များအား အတူစားခဲ့သည်။

"သူဋ္ဌေး … ရှန်းနန်တောင်ကို သွားဖို့ စီစဉ်နေတာလား။"

ထမင်းစားပြီးသောအခါ ဘေးတွင် အဖော်လုပ်ကာ အတူစားပေးနေသော ချီနန်က ပန်းကန်များကို ရှင်းလင်းနေရင်း သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ငါ အဲဒီကို သွားရမယ်။ ရှာရမယ့်အရာက အရမ်း အရေးကြီးတော့ ဖြစ်နိုင်ခြေ တအားနည်းနေရင်တောင်မှ ရှာဖို့ ကြိုးစားရမှာပဲ။” ထန်ရှုက သူ၏ဆုံးဖြတ်ချက်အား ပြောပြလိုက်သည်။

"ဒါဆို ငါ နင်နဲ့လိုက်ခဲ့မယ်။" ချီနန်က ခပ်မြန်မြန် ပြောလိုက်သည်။

"မလိုဘူး။ မင်း မကြာခင်ရက်ပိုင်းအတွင်း ကျင်းမန်ကျွန်းကို ပြန်သွားတာ ပိုကောင်းမယ်။" ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။

"ကျင်းမန်ကျွန်းကို ပြန်ရမှာလား။ ဘာအတွက်လဲ။" ချီနန် စိတ်ရှုပ်သွားသည်။

"မင်းရဲ့အခွင့်အရေးက ရောက်လာပြီလေ။ ကျင်းမန်ကျွန်းကိုသွားပြီး ကျိချွိမိန်ဆီကနေ သင်ယူပါ။ အနာဂတ်မှာ ငါ့အတွက် ပိုကောင်းတဲ့ လုပ်နိုင်စွမ်းရည်တွေ မင်းဆီမှာ ရှိလာလိမ့်မယ်။"

…ငါ့အတွက် အခွင့်အရေး ရောက်လာပြီလား။…

ချီနန်သည် မိန်းမောကာ တွေတွေကြီး ကြည့်နေရင်း သူမမျက်နှာထက်တွင် ကြည်နူးပီတိရိပ်တစ်ခု ရုတ်ခြည်းပင် ပေါ်လာသည်။

သူမသည် နှစ်များစွာ စိတ်အားထက်သန်စွာဖြင့် စောင့်နေခဲ့သည်။ သူမသည် ထာဝရခန်းမအတွက် စစ်ပွဲများနှင့် အခြားနယ်ပယ်များတွင် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။ ယခုတော့ သူမ စောင့်စားနေခဲ့ရသည့်၊ အိပ်မက်မက်ခဲ့ရသည့် အခွင့်အရေးသည် နောက်ဆုံးတော့ သူမဆီ ရောက်လာခဲ့ပြီဖြစ်သည်။ ချီနန် စိတ်လှုပ်ရှားလှသဖြင့် ဝမ်းသာအားရ ခုန်ပေါက်လုနီးပါးပင် ဖြစ်မိသည်။

"ကျေးဇူးတင်ပါတယ် သူဋ္ဌေး။"

ချီနန်သည် ထန်ရှု၏အရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ကျေးဇူးတင်စွာဖြင့် အရိုအသေပြုလိုက်သည်။ သည်အခွင့်အရေးသည် ထန်ရှုကြောင့် ရခဲ့သည်မှန်း သူမ သေချာသိနေသည်။ အဘယ်ကြောင့်ဆိုသော် ထန်ရှု ထွက်ပေါ်လာပြီးနောက် ထာဝရခန်းမ၏ ပင်မအဖွဲ့ဝင်များသည် ကျင့်ကြံမှုနည်းစနစ်အား စတင်လက်ခံလာရသောကြောင့်ဖြစ်ပေသည်။

***

All Chapters