← Chapters

ကံတရားနှင့် ကံကြမ္မာ

Vol. 26 Ch. 352

ကံတရားနှင့် ကံကြမ္မာ

Vol. 26 Ch. 352

အခန်း (၃၅၂) : ကံတရားနှင့် ကံကြမ္မာ

“ သောက် ကောင်းကင်တာအို” လီကျွင်း၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာစဉ် ကျိန်ဆဲလိုက်သည်။ သူ့ဆဲလ်များ၊ တစ်သျှူးများ၊ အရိုးများ၊ ကြွက်သားများ၊ အတွင်းအင်္ဂါများ၊ အရေပြားနှင့် ဝိညာဉ်ပင် ဘာမှမဖြစ်ခဲ့သည့်အလား အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။

ထိုစဉ် သူက ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်ချီကို ထိန်းချုပ်ကာ အဝတ်စအဖြစ် ပြန်လည်ပြောင်းလဲလိုက်၏။ သူက တစ်ကမ္ဘာလုံးရှေ့တွင် ကိုယ်လုံးတီးအဖြစ် ပေါ်ထွက်မလာပေ။ သူ အသက်ပြန်ရှင်လာသည်နှင့် သူ့ဆံပင်ကို ချက်ချင်း ကြည့်လိုက်သည်။

သူတို့က အဖြူရောင် ပြောင်းသွားလေပြီ။

“ ဒီလောက်တောင် သက်တမ်းများတယ်လား”

ယခင်တိုက်ခိုက်မှုတွင် သူက လုံးဝသုတ်သင်ခံလိုက်ရပြီး ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုအား ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်လည်ရှင်သန်လာနိုင်သည့် အကြောင်းအရင်းမှာ သူ့တားမြစ် ပင်ကိုစွမ်းရည်ကြောင့် ဖြစ်၏။

သူက တိထျန်းနှင့် ရင်ဆိုင်စဉ် ထိုစွမ်းအင်ကို ထုတ်သုံးခဲ့သော်လည်း အပိုအဆောင်းအနေဖြင့် လေ့လာနေဆဲ ဖြစ်သည်။ သူက တာအိုသတ္တုလုံး ၃ထောင်ကို အသုံးပြု၍ သူ့ကိုယ်ပိုင်ကျမ်းကို ဖန်တီးပြီးသည့်အခါ ထိုစွမ်းရည်အပေါ် မူတည်၍ သေခြင်းတရားကို လှည့်ဖျားကာ ပြန်လည်ရှင်သန်လာနိုင်သည့် ကျင့်စဉ်တစ်ခု ဖန်တီးခဲ့သည်။

ထို ပြန်လည်ရှင်သန်ထမြောက်ဖို့အတွက် တစ်ခုတည်းသော ဟာကွက်မှာ သက်တမ်းအမြောက်အများကို တန်ကြေးအဖြစ် ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။

လီကျွင်းက သူ့အပေါင်းအပါများကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ မည်သူကမှ တိုက်ခိုက်မခံရသည်ကို မြင်သည့်အခါ စိတ်အေးသွားလေသည်။ ထို့နောက် သူ့စိတ်ထဲ ကြောက်လန့်သွားမိ၏။ အကယ်၍ သူတို့တစ်ယောက်ယောက်ကသာ တိုက်ခိုက်ခံရလျှင် သူ့လို ပြန်လည်ရှင်သန်သည့် နည်းလမ်းမျိုး မရှိဘဲ အားလုံးက သေဆုံးသွားကြလိမ့်မည်။

သူက အလွယ်တကူ သေဆုံးသွားသည့် အဓိက အကြောင်းအရင်းကို တွေးမိသွားသည်။

ကောင်းကင်တာအို…

အားကောင်းသည့် ဂိုဏ်းတစ်ခုမှ ပါရမီရှင်တစ်ယောက်အနေနှင့် လီကျွင်းတွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများအား ကာကွယ်ဖို့အတွက် အထွတ်အထိပ်အဆင့် အသုံးအဆောင်ပစ္စည်း ရှိထားလေသည်။

ထိုရတနာက သူ့အား ကာကွယ်ဖို့ အလိုလို အသက်ဝင်လာသင့်ပေသည်။ သို့သော်လည်း ဤကမ္ဘာ၏ ကောင်းကင်တာအိုက ဝင်စွက်ဖက်ခဲ့သည်။ ထိုအရာက လက်နက်ကို မတားဆီးနိုင်ခဲ့သော်လည်း ခေတ္တမျှ နှောင့်နှေးစေခဲ့သောကြောင့် အားကောင်းသည့် တိုက်ကွက်က အောင်မြင်သွားခြင်း ဖြစ်၏။

နောက်ဆုံးတွင် လီကျွင်းက သူ့အား သတ်သည့်အရာကို မော့ကြည့်လိုက်သည်။ သူက ကျန်ရှိနေသည့်အဖွဲ့ကို မြင်လိုက်ရပြီး အမိန့်မှာတမ်း နတ်ဘုရားကမူ မရှိတော့ပေ။ ထိုအထွတ်အထိပ် နတ်ဘုရားများအလယ်တွင် အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ရှိနေသည်။

သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်နေပြီး မြင့်မြတ်သည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။ ထို့အပြင် သူ၏ အမူအရာ ကင်းမဲ့မှုနှင့် ငြိမ်သက်နေသည့် မျက်လုံးများက သူ၏ တော်ဝင်ဆန်မှုကို ပို၍ ပံ့ပိုးပေးနေသည်။

လီကျွင်းက ထိုလူထဲတွင် ဝိညာဉ်အတက်အကျ မရှိတော့ကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် အငွေ့အသက်ကိုလည်း ခံစားမိလိုက်သည်။

“ အထွတ်အထိပ်အဆင့် ရုပ်သေးရုပ်လား။ ဒါက ဒီကမ္ဘာရဲ့ နောက်ဆုံးဝှက်ဖဲလား။”

သူက ရေရွတ်လိုက်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဖြစ်နိုင်ခြေရှိကြောင်း သဘောပေါက်သွားသည်။

ဤကမ္ဘာသည် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် သို့မဟုတ် အဆင့် ၆ အထက် မဝင်နိုင်အောင် တားဆီးထားသည့် အလယ်အလတ်ကမ္ဘာ ဖြစ်ပေသည်။ ထိုကမ္ဘာ၏ အားအကောင်းဆုံးက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် သို့မဟုတ် အဆင့် ၇ သာဖြစ်၏။

ဤကမ္ဘာသို့ ရောက်လာသည့် မဟာဧကရာဇ်က အရေးပေါ် အခြေအနေအတွက် အထွတ်အထိပ်အဆင့် သို့မဟုတ် အဆင့် ၉ ရုပ်သေးရုပ်တစ်ခုကို ချန်ထားဖို့ ဆုံးဖြတ်ခဲ့ဟန်ပေါ်သည်။ ထိုဧကရာဇ်က ဤကမ္ဘာကို ကာကွယ်ဖို့အတွက် လုံလောက်သည်ထိ ပိုသည်ဟု ယုံကြည်ခဲ့လောက်သည်။

အဆင့် ၃ ဆင့်ကို ကျော်လွန်တိုက်ခိုက်နိုင်ခြင်းက ကောင်းကင်ဘုံ သွေဖယ်နေလေသည်။ အဆုံးမဲ့လေဟာနယ်အတွင်း ထိုသို့လုပ်နိုင်သည့်သူများကို လက်တစ်ဖက်တည်းဖြင့် ရေတွက်ကြည့်လို့ ရလေသည်။

မဟာဧကရာဇ်အဆင့် သို့မဟုတ် အဆင့် ၁၀ အရာကို ချန်မထားခဲ့သည့်အချက်မှာ ဤကမ္ဘာငယ်လေးအတွက် ပိုလွန်းနေ၍ ဖြစ်သည်။ ထိုမဟာဧကရာဇ်ကို နတ်ဘုရားဘုရင်ဟု ညွှန်းဆိုနေစေကာမူ ဤသို့သော နေရာလေးမျိုး၌ ဤသို့သော အဖိုးတန် အရင်းအမြစ်ကို မဖြုန်းတီးနိုင်ပေ။

သူက အဆင့် ၉ ရုပ်သေးရုပ် ချန်ထားခဲ့သည်မှာ သူ့ ဂရုစိုက်မှုကို ပြသနေလေ၏။

လီကျွင်းက ထိုအရာများကို သဘောပေါက်ပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူကာ အခြေအနေကို အကဲဖြတ်လိုက်ပြီး နောက်လှုပ်ရှားမှုအား စဉ်းစားလိုက်သည်။ သူက ဘာလုပ်ရမည်ကို ချက်ချင်းသိလိုက်သည်။ ပြောရလျှင် ထွက်ပြေးခြင်းက ရွေးချယ်မှုတစ်ခု မဟုတ်ပေ။

သူက ကျန်ရှိနေသည့် အထွတ်အထိပ် နတ်ဘုရား ငါးပါးအား ကြည့်လိုက်သည်။ သူတို့မျက်ဝန်းမှ စိတ်သက်သာရာရသည့် အရိပ်အယောင်ကိုလည်း တွေ့မြင်နေရ၏။ အထူးသဖြင့် ကြမ္မာနတ်ဘုရားမဆီက ဖြစ်သည်။ သူတို့၏ ကမ္ဘာက ဘေးကင်းသွားသည်ဟု ထင်နေဟန်ပေါ်သည်။

လီကျွင်းက ဘာမှမပြောဘဲ ကျောက်စိမ်းစ တစ်ခုကို ထုတ်ကာ ခြေမွပစ်လိုက်သည်။ သူ့အပြုအမူက အထွတ်အထိပ် နတ်ဘုရားများ၏ အာရုံကို ဖမ်းစားသွားလေသည်။ ပြောရလျှင် သူတို့၏ ရန်သူက သူတို့၏ အခြေအနေကို စွန့်ပစ်ပြီး သူတို့လိုမျိုး ဝှက်ဖဲထုတ်သုံးလာသည်ကို သဘောပေါက်လိုက်ကြသည်။

ထိုအဆောင်မှ မီးခိုးရောင် အလင်းတန်းတစ်ခု ထွက်လာကာ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာလေသည်။ ထိုလူက ကြော့ရှင်းသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး  ခဲဖြူရောင်ဆံပင်နှင့် လူတစ်ယောက်၏ ဝိညာဉ်အထိ ထိုးဖောက်နိုင်စွမ်း ရှိသည့် ခဲဖြူရောင်မျက်ဝန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

“ ငါ့ပုံရိပ်ယောင်ကို ခေါ်ရလောက်အောင်အထိ ကိစ္စတွေက ဆိုးဝါးနေပြီ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ဘေးပတ်လည်နှင့် နတ်ဘုရားများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူက ထိုအလယ်အလတ်ကမ္ဘာမှ မဟာကမ္ဘာကဲ့သို့သော ကမ္ဘာအဆင့်မျိုးမှ ထွက်ပေါ်နေသည့် ကြောက်စရာစွမ်းအားမျိုး ခံစားမိလိုက်သည်။ သူက ထိုအရာသည် ယာယီအဆင့်မြှင့်ထားခြင်းလား သို့မဟုတ် ထာဝရအတွက်လား မသိသော်လည်း မည်သို့ပင်ဆိုစေကာမူ မဟာဧကရာဇ်တစ်ပါးကသာ ထိုသို့ မှော်စွမ်းအားမျိုး ရှိထားလေသည်။

“ ဘာဖြစ်တာလဲ” သူက လီကျွင်းကို မေးလိုက်သည်။

“ ဒီကမ္ဘာမှာ မသိရတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ထင်ထားပြီးသားပဲ”

ဝမ်ဝေ့က အထွတ်အထိပ် နတ်ဘုရားများကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့အကြည့်များက ထိုလူများဆီ ကျရောက်လာသည်နှင့် ထိုနတ်ဘုရားများက သူတို့ဝိညာဉ်သည် အေးခဲသွားကာ စိတ်က ဗလာကျင်းသွားသည်ကို ခံစားမိလိုက်ကြသည်။

ဤသည်က သားကောင်က မုဆိုးနှင့်တွေ့သည့်အခါ ဖြစ်ပေါ်လာသည့် အပြုအမူများ ဖြစ်၏။ သူတို့အား အကြောက်တရားက လွှမ်းခြုံသွားကာ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ သူတို့ အသိဝင်လာသည်နှင့် နောက်ကျောမှ ချွေးများစီးကျလာကာ ရောက်ရှိလာသည့် သေခြင်းတရားကို ခံစားမိလိုက်ကြသည်။

အထူးသဖြင့် ကြမ္မာနတ်ဘုရားမ ဖြစ်၏။

“ ကံတရားစည်းမျဉ်း” သူက စဉ်းစားနေဟန်ဖြင့် ရေရွတ်လိုက်သည်။ ကံကြမ္မာနှင့် ကံတရားတို့က အမြဲလိုလို ဆက်နွယ်နေသည်။ သို့သော်လည်း သူ့အတိတ်ဘဝတွင် ဖတ်ထားသည့် စိတ်ပညာစာအုပ်များနှင့် ကံကြမ္မာတာအိုကို နားလည်နိုင်စွမ်းအရ ထိုအရာသည် အကြွင်းမဲ့ မဟုတ်ပေ။

ကံကြမ္မာသည် အကြွင်းမဲ့ ဖြစ်ကာ မပြောင်းလဲနိုင်သော်လည်း ကံတရားကတော့ ထိုသို့မဟုတ်ပေ။ လူတစ်ယောက်က သူတို့၏ ကံတရားကို ရရှိဖို့အတွက် အလုပ်ကြိုးစားကာ ရုန်းကန်ရသည်။ သူတို့၏ ကံတရား ပြောင်းလဲခြင်းနှင့် အတူတူသာ ဖြစ်၏။

သို့သော် ကံကြမ္မာက ထိုသို့သော ကြင်နာမှုမျိုး မပြသပေ။

ပြီးပြည့်စုံသော နမူနာမှာ ဝမ်ဝေ့၏ ကံကြမ္မာ ကြိုးမျှင် ဖတ်ရှုနိုင်စွမ်း ဖြစ်၏။

သူက သေမျိုးများ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဖတ်ရှုနိုင်လေသည်။ သို့သော် ကျင့်ကြံသူများနှင့် ပတ်သက်လာသည့်အခါ သူက အတိတ်နှင့် လက်ရှိကိုသာ မြင်ရလေသည်။

အကြောင်းမှာ ကျင့်ကြံသူများက သူတို့၏ ကံကြမ္မာကို ထိန်းချုပ်ထားပြီး၍ ဖြစ်သောကြောင့် သူတို့၏ အနာဂတ်က တသတ်မှတ်တည်း မဟုတ်တော့ပေ။ သို့သော်လည်း သူတို့က ကံကြမ္မာဆက်စပ်မှုဟု ခေါ်သည့် အရာရှိနေသေးသည်။

သူတို့ဘဝတွင် ဖြစ်လာမည့် အရာက မည်သို့သော ရွေးချယ်မှုပင် လုပ်စေကာမူ ဖြစ်လာမည် ဖြစ်၏။ ဝမ်ဝေ့က ထိုသို့သော ကံကြမ္မာဆက်စပ်မှုမျိုး မရှိသည့် ကျင့်ကြံသူတစ်ယောက်ပင် မမြင်ဖူးသေးပေ။

ငါ့ကံကြမ္မာဆက်စပ်မှုကလည်း ဘာလဲဆိုတာ သိချင်မိသား

ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ကံဆိုးစွာဖြင့် သူက ကိုယ့်ကံကြမ္မာကို ဖတ်ရှုနိုင်စွမ်း မရှိပေ။

“ ငါ့ရဲ့ ပုံရိပ်ယောင်က ဒီကမ္ဘာမှာ ကြာကြာမနေနိုင်ဘူးဆိုတော့ မြန်မြန်ဆန်ဆန်ပဲ လက်စသတ်လိုက်ရအောင်” သူက လက်သီးဆုပ်ကာ ထိုးချလိုက်သည်။

ကံကြမ္မာသုတ်သင်ရေး လက်သီး

ကမ္ဘာက စက္ကန့်ပိုင်းအတွင်း ချက်ချင်းဆိုသလို အနက်ရောင်နှင့် အဖြူရောင် ပြောင်းလဲသွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို ပုံမှန် ပြန်ဖြစ်သွားလေ၏။ ထို့နောက် ဘာမှမဖြစ်ပေ။ တုန်ခါလှိုင်းလည်း မရှိသလို အလင်းစူးစူး မရှိသလို ပေါက်ကွဲမှုလည်း မရှိပေ။

ဘာမှမရှိပဲ အရောင်အနည်းငယ် ပြောင်းလဲသွားရုံမျှသာ ဖြစ်၏။

သို့သော် အထွတ်အထိပ်အဆင့် ရုပ်သေးရုပ်နှင့်အတူ အထွတ်အထိပ် နတ်ဘုရားများက ဤကမ္ဘာတွင် မတည်ရှိဖူးသည့်အလား ပျောက်ကွယ်သွားကြသည်။ သူတို့က အော်ချိန်လည်းမရသလို ရုန်းကန်ဖို့လည်း အချိန်မရှိလိုက်ပေ။

သူတို့က ပျောက်ကွယ်သွားလေသည်။ သူတို့ကို ကံကြမ္မာမြစ်ကြောင်းမှ အပြီးတိုင် ဖယ်ရှားပစ်လိုက်၏။

သူတို့ ရှိခဲ့ဖူးသည်ကို ပြသနေသည့် အရာနှစ်ခုသာ ရှိလေသည်။ ပြောရလျှင် သူတို့ဒီနေရာတွင် ရပ်ခဲ့ဖူးကြောင်း ပြသနေသည့် အရာနှစ်ခု ဖြစ်၏။ ပထမတစ်ခုက ဖျက်ဆီးခြင်း နတ်ဘုရား၏ သတ္တုမျက်လုံး ဖြစ်ပြီး နောက်တစ်ခုက ကြမ္မာနတ်ဘုရားမ၏ ဝိညာဉ်ဖြစ်သည့် ရွှေရောင်ပုံရိပ် ဖြစ်သည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ ရွှေရောင်ဝိညာဉ်ပေါ်တွင် သင်္ကေတမြောက်များစွာ ထွက်ပေါ်လာပြီး စည်းပိတ်လိုက်သည်။

“ ဖျက်ဆီးခြင်း မျက်လုံးက မင်းအတွက်။ ဝိညာဉ်ကတော့ ငါ့အတွက်။ ငါ့ရဲ့ တကယ့်ခန္ဓာကိုယ် ရောက်လာတဲ့အထိ ဒါကို သိမ်းပေးထား။ သူမရဲ့ ကံကြမ္မာစည်းမျဉ်းကို လေ့လာဖို့ စိတ်ဝင်စားတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ အစ်ကိုကြီး ရုပ်သေးရုပ်ကိုလည်း စည်းပိတ်သင့်တယ်။ ပြောရရင် ဒါက တခြားအသိုက်အဝန်းတစ်ခုက ထိပ်တန်းထုတ်ကုန်ပဲ။ ဒီကနေ တစ်ခုခု လေ့လာလို့ ရလောက်တယ်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး ပုခုံးတွန့်ကာ “ စောစောက ပြောရောပေါ့”

“ ကောင်းပြီ။ ပြီးတော့ ငါတို့တွေ နောက်ထပ် အခွင့်အရေး ရလာနိုင်ပါတယ်”

လီကျွင်းက ကြမ္မာနယ်မြေအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် သူတို့က သေမျိုးများကို ကယ်တင်နိုင်လိုက်သည်။ သူတို့က ပတ်ဝန်းကျင်ကို ပြင်ဆင်ပြီးသည်နှင့် ပြန်လည်နေထိုင်လိမ့်မည်။

ထို့နောက် သူက ခေါင်းမော့ကာ ကြယ်များကို မော့ကြည့်လိုက်သည်။ အထွတ်အထိပ် နတ်ဘုရားများ သေဆုံးသွားပြီဖြစ်၍ သူတို့၏ ကောင်းကင်ဘုံဗိမာန်များကလည်း ပိုင်ရှင်မဲ့ ဖြစ်သွားလေပြီ။ သို့သော်လည်း ဘာမှဖြစ်မလာပါက ထိုဘုံဗိမာန်များသည် သူတို့ဘာသာသူတို့ ဖျက်ဆီးပစ်ကြလိမ့်မည်။ ထို့ကြောင့် သူက တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားဖို့ လိုအပ်နေသည်။

သူက ပျောက်ကွယ်နေသည့် ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည် “ အစ်ကိုကြီး ဒီကိုရောက်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ။”

“ အရှင်းဆုံးပြောရရင် ငါလည်း မသိသေးဘူး။ ငါ မူလဆေးလုံးတာအိုဂိုဏ်းထဲ ရောက်နေပေမဲ့ ငါ့ရည်မှန်းချက်ကို ရဖို့ အချိန်တစ်ခုတော့ ယူရဦးမယ်။ ဒါပေမဲ့ အရှိန်မြှင့်ဖို့ ငါ လုပ်နိုင်သမျှတော့ လုပ်နေတယ်။”

“ အဲလိုလား။ အဲလိုဆိုရင် ကျွန်တော်လည်း ဒီကမ္ဘာမှာ လူဦးရေ တိုးနိုင်သမျှ တိုးအောင်လုပ်ပြီး ယုံကြည်မှု များများ စုဆောင်းထားလိုက်မယ်”

“ ကောင်းပြီ။ မင်းကို အားကိုးလို့ ရတယ်ဆိုတာ သိတယ်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည် “ ဒါနဲ့ စုအိုက်က သူမရဲ့ ကျင့်ကြံရေးကနေ ထွက်လာပြီးတော့ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ကို ရောက်သွားပြီ။ သူမက မင်းနဲ့ ချစ်စိတ်ပြင်းပြတဲ့ ညတွေကို လွမ်းနေတယ်လို့ ပြောနေတယ်”

လီကျွင်းက ထိုအရာကို ကြားပြီး ရှုံ့မဲ့သွားလေသည်။ သူက မျက်လုံးထောင့်မှ ယန်းလီလင်းအား ခိုးကြည့်လိုက်၏။ သိသာလှစွာ သူ့အစ်ကိုကြီးက သူ့အား ပြဿနာတက်စေရန် ပြောခဲ့ခြင်း ဖြစ်ပေသည်။ သူက သူ့အစ်ကိုကြီး ပျောက်ကွယ်မသွားခင် အော်ရယ်သံကိုပင် ကြားလိုက်ရလေသည်။

All Chapters