← Chapters

နောက်ဆက်တွဲ

Vol. 26 Ch. 353

နောက်ဆက်တွဲ

Vol. 26 Ch. 353

အခန်း (၃၅၃) : နောက်ဆက်တွဲ

နောက်ဆုံး တိုက်ပွဲအဆုံးသတ်ပြီးနောက် ရက်အနည်းငယ် ကြာမြင့်သွားပြီ ဖြစ်၏။ လီကျွင်းက နယ်မြေ ၃၆ ခုလုံးကို စတင်ထိန်းချုပ်လိုက်သည်။ သူက လူများအား စုစည်းကာ ကျောင်းဆောင်များကို ဆောက်လုပ်စေပြီး ကမ္ဘာကြီးထံ နတ်ဘုရားခေတ် အဆုံးသတ်သွားကြောင်း အသိပေးခဲ့သည်။ ယခုမှစ၍ တစ်ဦးတည်းသော အစစ်အမှန် နတ်ဘုရားဖြစ်သည့် ကံကြမ္မာနတ်ဘုရားသာ ကျန်ရှိလေသည်။

တိုက်ပွဲ၏ နောက်ဆက်တွဲအရာကို ဖြေရှင်းနေရင်း ပြဿနာ အနည်းငယ် ကြုံတွေ့ခဲ့လေသည်။ တစ်ရက်တွင် သူက စာရွက်စာတန်းများ ကိုင်တွယ်နေစဉ် ထျဲ့ကန်က သတင်းဆိုးဖြင့် ရောက်လာသည်။

“ ဘာကိစ္စလဲ” သူက မေးလိုက်သည်။

“ ငါတို့တွေ သေမျိုးလွတ်လပ်ခွင့် မဟာမိတ်နဲ့ နတ်ဘုရားအသစ်တွေကို ဘယ်လိုလုပ်ကြမလဲ။ သူတို့ရဲ့ မိစ္ဆာသဘာဝက ဖြည်းဖြည်းချင်း စိတ်ကို လွှမ်းမိုးသွားပြီးတော့ သူတို့ကို စဉ်းစားဉာဏ် မရှိတဲ့ ဝါးမျိုရေးစက်တွေအဖြစ် ပြောင်းလဲပစ်နေပြီ။”

လီကျွင်းက မျက်မှောင်ကြုတ်ကာ “ ငါတို့တွေ သူတို့တွေ ပုံမှန်ပြန်ဖြစ်အောင် စိတ်ကို သန့်စင်ပေးလိုက်လို့ မရဘူးလား”

“ ငါတို့ အဲဒါကို ကြိုးစားပြီးပြီ။ အဲဒါက အောင်မြင်ပေမဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ကိုတောင် ပေးဆပ်ရတဲ့ တန်ကြေးနဲ့အချိန်က မတန်ဘူး။”

လီကျွင်းက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ထိုပြဿနာ၏ အရင်းအမြစ်အား နားလည်သွားလေသည်။

နတ်ဘုရားနည်းစနစ်သည် စိတ်၊ ဝိညာဉ် သို့မဟုတ် စိတ်အခြေအနေကို လေ့ကျင့်ပေးထားခြင်းမျိုး မရှိပေ။ ထို့ကြောင့် သူတို့က ထိုမိစ္ဆာကျင့်စဉ်အောက် အလွယ်တကူ လွှမ်းမိုးခံလိုက်ရသည်။

သူတို့၏ မူလအစီအစဉ်အရ ထိုလူများသည် ဖရိုဖရဲဖန်တီးကာ အထွတ်အထိပ် နတ်ဘုရားများ၏ စွမ်းအားကို နိမ့်ကျစေပြီးသည့်နောက်တွင် အဖွဲ့က ဝင်စွက်ဖက်ကာ သူတို့၏ မိစ္ဆာသဘာဝအား ဖိနှိပ်မည် ဖြစ်၏။

နောက်ဆုံးတွင် ထိုလူများက သူတို့၏ ယုံကြည်မှုကို ဝမ်ဝေ့ထံ ပေးအပ်လိုက်ရုံမှအပ ရွေးချယ်စရာရှိလာမည် မဟုတ်ပေ။

ကံဆိုးစွာဖြင့် ကြမ္မာနတ်ဘုရားမ၏ လှုံ့ဆော်မှုက အရှိန်ကို တိုးမြင့်သွားစေဟန်ပေါ်သည်။ အဖွဲ့အနေနှင့် နတ်ဘုရားများ၏ စိတ်အခြေအနေသည် ဤမျှအားနည်းလိမ့်မည်ဟု ထည့်မတွက်ထားခဲ့ကြပေ။

ငါ ဗုဒ္ဓကျင့်စဉ်နဲ့ သူတို့စိတ်ကို ရှင်းပေးရမလား

သို့သော်လည်း သူက ထိုအတွေးကို အလျင်အမြန် ပယ်ဖျောက်လိုက်သည်။ သူက ဝမ်ဝေ့မှတဆင့် အကြွင်းမဲ့ စတင်ခြင်းဧကရာဇ်၏ မှော်စွမ်းအား၏ ထိတ်လန့်ဖွယ်အကြောင်းကို သိထားလေသည်။ ဤကမ္ဘာ၏ သလင်းကျောက်က ထိုနည်းစနစ်ကို ကာကွယ်နိုင်စွမ်း ရှိသော်လည်း ထိုအရာက ဖြစ်နိုင်ချေမျှသာ ဖြစ်၏။

ဤကမ္ဘာ၏ နတ်ဘုရားဘုရင်က အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်နှင့် အဆင့်အတူတူ မဟုတ်သရွေ့ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် အလုပ် မဖြစ်သေးပေ။ ပြောရလျှင် ကမ္ဘာ့အသိုင်းအဝိုင်း အသီးသီးတွင် ထာဝရဧကရာဇ်များစွာ ရှိခဲ့သော်လည်း ထိုနည်းစနစ်က ယနေ့တိုင် တည်ရှိနေဆဲ ဖြစ်၏။

လီကျွင်းက သူတို့သည် ထိုမှော်စွမ်းအားကို ဖယ်ရှားပစ်ဖို့ ကြိုးစားမိသူ တစ်ယောက်မှ မရှိကြောင်း မယုံပေ။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် အတွေးတစ်ခု ပေါ်ထွက်လာသည်။

“ ကြမ္မာနယ်မြေကို ပြန်လည်မတည်ဆောက်ခင်အားလုံးကို အဲဒီထဲ ထည့်ထားပြီးတော့ အထွတ်အထိပ် နတ်ဘုရားတချို့ မွေးဖွားလာတဲ့အထိ ပစ်ထားလိုက်။”

“ သူတို့တွေကို သေခြင်းတရား နတ်ဘုရားလိုမျိုး နည်းလမ်းတူ သုံးချင်တာလား” ထျဲ့ကန်က အကြည့်များ တောက်ပသွားရင်း မေးလိုက်သည်။

“ ဟုတ်တယ်။ ဒီနည်းနဲ့ဆိုရင် ငါတို့အတွက် အကျိုးအမြတ်အရှိဆုံးပဲ”

ထျဲ့ကန်က သူ့အလုပ်ကို လုပ်ဖို့ ထွက်သွားလေသည်။ နောက်တစ်ရက်တွင် လီကျွင်းက ဝမ်ကျူနှင့် တွေ့ဆုံလိုက်၏။

“ မှတ်တမ်းနတ်ဘုရားရဲ့ စာကြည့်တိုက်ကနေ ဘာထပ်တွေ့သေးလဲ”

“ ကျွန်မတို့နားမှာ ရှိတဲ့ ကမ္ဘာ့အသိုင်းအဝန်းက မပြီးပြည့်စုံတဲ့ ကျင့်စဉ်တချို့အပြင် မှတ်သားစရာ တစ်ခုတော့ ရှိတယ်။ လေ့လာပြီးတဲ့နောက်မှာ နတ်ဘုရားဘုရင်က ဒီကမ္ဘာကို ဆင်းသက်လာတဲ့ ဒဏ်ရာရ မဟာဧကရာဇ်တစ်ပါး ဖြစ်နိုင်ချေများတယ်။ သလင်းကျောက်အလွှာကို ဖန်တီးခဲ့တာကလည်း သူ့ဒဏ်ရာတွေကို ကုသနေတုန်း ပုန်းအောင်းတဲ့ နည်းလမ်းတစ်ခုလိုမျိုးပဲ”

လီကျွင်းက ထိုသတင်းအချက်အလက်ကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့အကြည့်များက တောက်ပလာလေ၏ “ သူ့သွေးကို တွေ့ခဲ့သေးလား။ အနည်းဆုံးတော့ သူ သွေးစွန်းတဲ့နေရာပေါ့”

မဟာဧကရာဇ် တစ်ပါး၏ သွေးက တန်ဖိုးအလွန်မြင့်မားသည်။ အကယ်၍ သူတို့သာ ရှာတွေ့ပါက ဤကမ္ဘာ၏ တန်ဖိုးသည် သိသိသာသာ မြင့်တက်သွားလိမ့်မည်။

“ ကံဆိုးတာက မတွေ့ခဲ့ဘူး။ ကမ္ဘာအနှံ့ ရှာပြီးပေမဲ့ ဘာမှမတွေ့ခဲ့ရသေးဘူး”

“ ဆက်ရှာနေလိုက်။ ဖြစ်နိုင်ရင် လျှို့ဝှက်နယ်မြေ တချို့ရှိလားဆိုတာပါ စစ်ကြည့်ဖို့ လေဟာနယ်အာရုံခံ အဆောင်ပါ ထုတ်သုံးလိုက်။ ပြီးတော့ အထွတ်အထိပ် နတ်ဘုရားတွေရဲ့ ကောင်းကင်ဘုံဗိမာန်တွေလည်း ရှာကြည့်ဦး။ အဲဒီထဲမှာ ဘာသတင်းအချက်အလက်တွေရှိလဲဆိုတာ ကြည့်ရအောင်”

ဝမ်ကျူက ခေါင်းညိတ်လိုက်ပြီးနောက် ထွက်သွားလေသည်။ သူမက ကံကြမ္မာအရိပ်အဖွဲ့အား ဤကမ္ဘာ၏ နေရာအသီးသီးသို့ ရှာခိုင်းလိုက်သည်။

လီကျွင်းက အလုပ်ပြန်လုပ်နေလေသည်။ နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ယန်းလီလင်းက သူ့အား လာတွေ့လေ၏။ သူမက ပြုံးနေရုံသာမက သံစဉ်ပါ ညည်းနေသည့်အတွက် ပျော်ရွှင်နေမှန်း သိသာလှသည်။ သူမ၏ အသံက အနည်းဆုံးတော့ သူ့အတွက် ကောင်းကင်ဘုံတမျှ သာယာလှသည်။

“ ဘာလို့ စိတ်အခြေအနေ ကောင်းနေတာလဲ” သူက မေးလိုက်သည်။

“ ကျွန်မ ဆေးလုံးအသစ်ကို ဖန်တီးနိုင်ခဲ့တယ်”

“ မင်းက ဆေးလုံးအသစ်တွေ အများကြီး ဖန်တီးပြီးပြီလေ။ ဒီတစ်ခေါက်က ဘာတွေထူးခြားနေတာလဲ”

“ ဒီဟာက စိတ်ဝင်စားဖို့ ကောင်းတယ်။ နတ်ဘုရားတွေရဲ့ ဝိညာဉ်က ယုံကြည်မှုစွမ်းအားနဲ့ ပေါင်းစပ်နေတယ်ဆိုတာကို တွေ့ခဲ့ရတယ်။ ရှင်လည်း သိတဲ့အတိုင်း ယုံကြည်မှုစွမ်းအားက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တယ်။

အဲဒါကြောင့် သူတို့ဝိညာဉ်တွေကို အဓိကပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုပြီးတော့ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ အောင်မြင်နိုင်ချေ မြင့်တဲ့ ဆေးလုံးကို ဖန်တီးနိုင်ခဲ့တယ်။ ကျွန်မက အဲဒါကို ယုံကြည်မှု သန့်စင်ရေးဆေးလုံးလို့ ခေါ်တယ်”

“ ရာခိုင်နှုန်းကရော”

“ လေးဆယ်ရာခိုင်နှုန်း”

လီကျွင်းက ထိုအရာကို ကြားပြီး အကြည့်များတောက်ပသွားလေသည်။ သူ သိထားသလောက် ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်သို့ တက်လှမ်းဖို့ ကူညီပေးနိုင်သည့် အကောင်းဆုံးဆေးလုံးမှာ ဝိညာဉ်အသွင်ပြောင်းဆေးလုံးဖြစ်ပြီး အောင်မြင်နိုင်ချေက ၂၅ ရာခိုင်နှုန်းသာဖြစ်၏။

“ အဲဒါဆိုရင် ကိုယ်တို့တွေ အထွတ်အထိပ် နတ်ဘုရားအချို့ကို မွေးထုတ်ပြီးတော့ သူတို့ရဲ့ဝိညာဉ်နဲ့ မင်းရဲ့ဆေးလုံးကို ဖော်စပ်လို့ရတာပေါ့။ အဲဒါက အစ်ကိုကြီးဝမ်ဝေ့အတွက်လည်း အဆင့်တက်လှမ်းတဲ့နေရာမှာ အကူအညီ ဖြစ်လိမ့်မယ်။”

“ အဲဒါက ကျွန်မ တွေးထားသလိုပဲ။” ယန်းလီလင်းက ပြောလိုက်သည် “ ပြီးတော့ သူတော်စင်အဆင့်ကိုလည်း ဖော်စပ်ဖို့ ကြိုးစားကြည့်ဦးမယ်။ အစ်ကိုကြီးရဲ့ ဝိညာဉ်နဲ့ဆိုရင် သူက ဒါကို ခံနိုင်ရည်ရှိလောက်တယ်”

“ ကောင်းပြီ။ ကိုယ် ထျဲ့ကန်ဆီ ထပ်ပြီး အမိန့်အသစ် ပို့လိုက်မယ်”

နှစ်ယောက်လုံးက အလုပ်များနေသည့်အတွက် စကားဝိုင်းက အလျင်အမြန် ပြီးပြတ်သွားလေသည်။ ယန်းလီလင်းက သူမ၏ ဆေးဖော်စပ်ရာအခန်းထဲ ပြန်ဝင်သွားပြီး သူမ၏ ဆေးလုံးအသစ်၏ အောင်မြင်နိုင်နှုန်းအား မြင့်နိုင်မည့် နည်းလမ်းကို စဉ်းစားနေသည်။

လီကျွင်းကမူ ဖြေရှင်းရမည့် အရာများစွာ ရှိနေသေးသည်။ အထူးသဖြင့် သေမျိုးများ၏ အမြင်နှင့် နားလည်နိုင်စွမ်းကို ပြန်လည် ပုံဖော်တည်ဆောက်သည့်အခါတွင် ဖြစ်၏။ အများစုက နတ်ဘုရားများအပေါ် မှီခိုနေဆဲဖြစ်ကာ တစ်ပြိုင်တည်းဆိုသလို အများစုက သူတို့ယုံကြည်ထားသည့် နတ်ဘုရားများသည် သေဆုံးသွားကြောင်း လက်ခံဖို့ ငြင်းပယ်နေကြသေးသည်။

သူတို့အနေနှင့် အစွန်းရောက် ယုံကြည်ကိုးကွယ်သူများသည် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို သတ်သေသည့် ကိစ္စများကိုလည်း ဖြေရှင်းနေရသည်။

သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် အခြေအနေက တည်ငြိမ်သွားသောကြောင့် အနားယူနိုင်ပြီ ဖြစ်၏။ လီကျွင်းက အချိန်မဖြုန်းလိုဘဲ ဖျက်ဆီးရေးမျက်လုံးကို လေ့လာပြီး ပြန်လည်သန့်စင်ဖို့ လုပ်လိုက်သည်။

ဤသည်က ဖျက်ဆီးရေး စည်းမျဉ်း ပါဝင်နေသည့် သူတော်စင်အဆင့် အသုံးအဆောင်ပစ္စည်း ဖြစ်၏။ ပထမဦးစွာ လီကျွင်းက ထိုလက်နက်ကို သူ့ကိုယ်ပိုင်အဖြစ် သန့်စင်ဖို့ ကြံစည်ထားလေသည်။ သူ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်သည့်အခါ ဖျက်ဆီးရေးစည်းမျဉ်းကို သူ့သတ်ဖြတ်ရေးတာအိုဖြင့် ပေါင်းစပ်ဖို့ နားလည်အောင် ကြိုးစားရမည်။

…………………………

အသင်္ချေအင်ပါယာကမ္ဘာ၊ မြောက်ပိုင်းလိပ်နက် ကုန်းမြေ၊ လျှို့ဝှက်နယ်မြေ

ဝမ်ဝေ့၏ ကိုယ်ပွားက အစီအရင် အမြောက်အများရှေ့တွင် လွင့်မြောနေသည်။ ထို့နောက် ဝမ်ဝေ့၏ ကိုယ်ပွားက ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူ့စိတ်ထဲ ရုတ်ချည်းဆိုသလို မှတ်ဉာဏ်အသစ်တစ်ခု ပေါ်ထွက်လာလေ၏။

သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် “ အဲဒီကမ္ဘာမှာ ဖြစ်ခဲ့သမျှ မှတ်ဉာဏ်တွေက ငါ့ဆီရောက်ဖို့ နှစ်နှစ်ရာတောင် အချိန်ယူခဲ့တာပဲ။ အကွာအဝေးကြောင့်လား။ ဒါမှမဟုတ်ဘူးဆိုရင် သလင်းကျောက် အလွှာကြောင့်လား”

သူက ထိုမေးခွန်းကို မတွေးတော့ဘဲ သက်ပြင်းချလိုက်သည်။ ယခင်နှစ်နှစ်ရာအတွင်း သူက တောင်ပေါ်မှ အစီအရင်များကို လေ့လာခဲ့သည်။ ပြောရလျှင် အစီအရင်ဆရာ တစ်ယောက်အနေနှင့် သူ့အောင်မြင်မှုနှုန်းက ကြောက်ခမန်းလိလိ တိုးတက်လာလေသည်။

သို့သော်လည်း သူက တောင်တစ်ဝက်ပင် မရောက်သေးပေ။

သူက ခေါင်းမော့ကာ လှမ်းကြည့်လိုက်သည့်အချိန် ဟိုးအဝေးသို့ ရောက်နေသည့် လျူမိန်ရှုတို့အဖွဲ့ကို မြင်လိုက်ရသည်။ သူတို့ပင် တောင်တစ်ဝက်ကျော်ရုံမျှသာ ရောက်သေး၏။

ဒီနှုန်းနဲ့ဆိုရင် သူတို့တွေ ဗဟိုချက်ကို ရောက်ဖို့ နှစ်ထောင်ချီ အချိန်ယူရလိမ့်မယ်။ ဒီလျှို့ဝှက်နယ်မြေက ဘာများလဲ

ဝမ်ဝေ့က သတင်းအချက်အလက် လုံလုံလောက်လောက် မရှိသည့်အတွက် ခန့်မှန်းမနေတော့ပေ။ ပြောရလျှင် ဖြစ်နိုင်ချေများစွာ ရှိသည် မဟုတ်ပါလော။  သူက လျူမိန်ရှုတို့အဖွဲ့ကို ကြည့်လိုက်ပြီးနောက် သူတို့နောက်မှ ဒုတိယအဖွဲ့အား လှမ်းကြည့်လိုက်သည်။ ထိုအဖွဲ့တွင် နတ်ဆိုးမျိုးနွယ်များဖြင့် ဖွဲ့စည်းထားသည့် သူတို့က အလွန်အာရုံဖမ်းစားနိုင်ဖွယ် ဖြစ်လွန်းသည်။ သူတို့၏ အနေအထားကြောင့်မဟုတ်ဘဲ သူတို့၏ ရူးသွပ်မှုကြောင့် ဖြစ်၏။

ထိုလူများက အားလုံးကဲ့သို့ စတင်သည့်အချိန် တူညီခဲ့သော်လည်း အားလုံးကို အလျင်အမြန် ကျော်ဖြတ်သွားလေသည်။ အကြောင်းအရင်းမှာမူ ထိုနတ်ဆိုးမျိုးနွယ်က သူတို့၏ ဒဏ်ရာများကို ဂရုမစိုက်သလို အသက်ကိုပင် ဂရုမစိုက်ဘဲ အစီအရင်များကို ဆက်လက် တိုက်ခိုက်ကာ ဖျက်ဆီးနေလေသည်။

ထိုအကြောင်းအရင်းကြောင့် သူတို့အားလုံးက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း ဂရုစိုက်ဟန်မပေါ်ပေ။

ဝမ်ဝေ့က သူတို့အားလုံးသည် သူတို့၏ အခြေခံအုတ်မြစ်အထိ ဒဏ်ရာရနိုင်ကြောင်း မြင်နေလေသည်။

နတ်ဆိုးမျိုးနွယ် ဤလျှို့ဝှက်နယ်မြေနှင့် ပတ်သက်ပြီး တစ်ခုခုသိထားဟန်ပေါ်သည်။ သူတို့အား ဆွဲဆောင်နိုင်သည့် အရာတစ်ခု ရှိနေဟန်ပေါ်၏။ နောက်ဆုံးတွင် ဝမ်ဝေ့က ကျန့်ဝူရွှမ်းနှင့် ဓားရေးစံအိမ်မှ လူများအား ကြည့်လိုက်သည်။ သူက ထိုလူသည် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်၏ မြေကမ္ဘာအဆင့်သို့ ရောက်ရှိသွားကာ ဒွါရများကို စတင်ဖွင့်လှစ်ပြီးနေပြီ ဖြစ်ကြောင်း သိလေသည်။

ဝမ်ဝေ့က သူ့အလုပ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ ပထမဦးစွာ သူက အဆောင်တချို့ ထုတ်လိုက်ပြီး လွန်ခဲ့သည့် နှစ်နှစ်ရာအတွင်း ရရှိထားသည့် သတင်းအချက်အလက်များကို ပြန်လည်သုံးသပ်လိုက်သည်။

သို့သော်လည်း သူက ရုတ်ချည်း သဘောပေါက်သွားလေသည်။

ငါ့အသက် နှစ်တစ်ထောင်တောင် ရှိသွားပြီပဲ

သူ့လက်ရှိသက်တမ်းဖြင့် ထိုသည်က သေးငယ်သည့် သက်တမ်းသာ ဖြစ်၏။ သူ့ကျင့်ကြံဆင့်က နှစ်ကိုးသောင်းသက်တမ်း ချီးမြင့်ထားပြီး သူ့ခန္ဓာကိုယ်က သူတော်စင်အဆင့်၏ ပျမ်းမျှသက်တမ်းဖြစ်သည့် နှစ်ငါးသိန်းကို ချီးမြင့်ထားလေသည်။ သို့သော်လည်း ယခင်ဘဝနှင့် ယှဉ်လိုက်သည့်အခါတွင်မူ အလွန်ရှည်လျားလှသည်။ အထူးသဖြင့် သာမန်လူများသည် နှစ်တစ်ရာအောက်သာ ရှိသည် မဟုတ်ပါလော။

တိုင်းပြည်များ၊ မြို့များ သို့မဟုတ် လူမှုအဖွဲ့အစည်းများပင် နှစ်တစ်ထောင် မကြာမြင့်ပေ။ သို့သော်လည်း သူက ထိုမျှ နေထိုင်ခဲ့ပြီးပြီဖြစ်၏။ ဆက်လက်၍လည်း သက်တမ်းရှည်ရှည် နေထိုင်နေဦးမည်။ အချိန်တစ်ခုရောက်လျှင် သူက ကမ္ဘာမြေထက်ပင် ပို၍ အသက်ကြီးသွားလောက်သည်။ ပြောရလျှင် စကြဝဠာတစ်ခုလုံးထက်ပင် ဖြစ်၏။

ကိုယ်ပွားက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သူ့တွင် ရှိထားပြီးသည့် သတင်းအချက်အလက်များကို ပြန်လည်သုံးသပ်ကာ တကယ့်ခန္ဓာကိုယ်အစစ်ဆီ ပို့ဆောင်လိုက်သည်။ သတိထားရမည့် အကြောင်းအရင်းများကြောင့် ခန္ဓာကိုယ်အစစ်သည် ကိုယ်ပွားကိုသာ ထိန်းချုပ်ခွင့်များစွာ ပေးထားလေသည်။ အကြောင်းမှာ သူ့အနားတွင် အစစ်အမှန်အုပ်ချုပ်သူများစွာ ရှိနေသောကြောင်း သံသယ အနည်းငယ်မျှ အဝင်မခံလိုပေ။

ဝမ်ဝေ့တွင် ထိုနယ်ပယ်အဆင့်၏ အင်အားမျိုး ရှိထားသော်လည်း နည်းလမ်းမျိုး မရှိပေ။ ထိုကိုယ်ပွားအတွက်မူ စိတ်ပူစရာ မရှိပေ။ ပြောရလျှင် သူ အသုံးပြုထားသည့် နည်းလမ်းက ဂိုဏ်းမှ မျိုးဆက်များစွာ စမ်းသပ်လာသည့် ခိုင်မာစိတ်ချရသော နည်းလမ်း ဖြစ်ပေသည်။

All Chapters