← Chapters

ကံကြမ္မာ ဝဋ်ကြွေး တန်ပြန်သက်ရောက်မှု

Vol. 26 Ch. 354

ကံကြမ္မာ ဝဋ်ကြွေး တန်ပြန်သက်ရောက်မှု

Vol. 26 Ch. 354

အခန်း (၃၅၄) : ကံကြမ္မာ ဝဋ်ကြွေး တန်ပြန်သက်ရောက်မှု

မှိန်ဖျဖျလင်းနေသည့် ဂူတစ်ခုအတွင်း ဝမ်ဝေ့ သို့မဟုတ် လော့ချန်က ချက်ချင်းဆိုသလို မျက်လုံးပွင့်လာကာ အသက်ရှူထုတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာလေ၏။

“ နှစ်နှစ်ရာကြာပြီးတဲ့နောက်မှာ ထိပ်သီးသဘာဝလွန် အဆင့်ကိုပဲ ရောက်သေးတယ်။ အဲဒါတောင် ငါ မလို့။ ဒီလော့ချန်ရဲ့ ကျင့်ကြံရေးပါရမီက တကယ်ကို သာမန်ပဲ”

ကံကြမ္မာ အပြောင်းအလဲ အခွင့်အရေးများကို ခိုးယူပြီး အရင်းအမြစ်များစွာ အသုံးပြုသည့်နောက်တွင် သူက ကံကြမ္မာကောင်း မီးအိမ်ပေါ်တွင် မူလသင်္ကေတငါးဆယ် ထိုးထွင်းထားနိုင်ပြီ ဖြစ်၏။

အချိန်ကြာမြင့်နေရသည့် အကြောင်းအရင်းတစ်ခုမှာ ဝမ်ဝေ့က လော့ချန်၏ ပင်ကိုယ်စွမ်းရည်ကို လေ့လာနေရုံသာမကဘဲ သူ့ဆေးဝါးအဆင့်ပါ တိုးမြင့်နေ၍ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် လော့ချန်၏ ပါရမီက မဆိုးလှပေ။ နှစ်နှစ်ရာ သဘာဝလွန်အဆင့် ကျင့်ကြံသူများဖြစ်သည့် သက်တမ်းတစ်သောင်းနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်ပေ။

တချို့လူများက သူတို့တစ်ဘဝလုံးတွင် အဆင့်မတက်လှမ်းနိုင်ကြဘဲ တစ်ဘဝလုံး အချိန်ကုန်ဆုံးသွားကြသည်။ သို့သော် တချို့ကမူ နှစ်ထောင်ပိုင်းနှင့် အဆင့်တက်လှမ်းနိုင်ကြသည်။ နှစ်နှစ်ရာကား အလကား မဟုတ်ပေ။

သူ့လက်ရေး ပါဝင်နေသည့် စာအုပ်အား ကြည့်လိုက်သည်။

“ ဒီမှတ်စုနဲ့ဆိုရင် ငါ လော့ချန်ရဲ့ ပင်ကိုစွမ်းရည်ကို အစားထိုးနိုင်မဲ့ ကျင့်စဉ်တစ်ခု ဖန်တီးနိုင်လောက်တယ်”

ဝမ်ဝေ့က ထိုကျင့်စဉ်အပေါ် မျှော်လင့်ချက် အကြီးကြီး ထားထားသည်။ ထိုအရာ အောင်မြင်သွားသည်နှင့် သူ့အတွက် မဟာဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင်ပင် အကျိုးများစွာ ရှိလိမ့်မည်။

ထိုနည်းစနစ်၏ အနှစ်သာရက သူ့အင်အားကိုသာမက စည်းမျဉ်းကိုပါ အတိအကျ ထိန်းချုပ်နိုင်စွမ်း ရှိစေသည်။ ဤနည်းဖြင့် သူက စည်းမျဉ်းများကို လျှော့သုံးပြီး ပိုမို စွမ်းအားကြီးလာလိမ့်မည်။

ဝမ်ဝေ့က သူ့မှတ်ချက်ကို ထားပြီးသည့်နောက်တွင် သူ့ကိုယ်ပွားဆီမှ ပို့ထားသည့် သတင်းအချက်အလက်ကို အာရုံစိုက်ထားလိုက်သည်။ သူ့မှတ်ဉာဏ်များနှင့် အစီအရင်နားလည်နိုင်စွမ်းအတွက်မူ ထိုမှတ်ဉာဏ်များအား မယူခင် ထိုလျှို့ဝှက်နယ်မြေ ပြီးဆုံးသည်အထိ စောင့်ဆိုင်းရမည်။

ထို သတင်းအချက်အလက်များကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက ရှုံ့မဲ့သွားတော့သည်။

“ ဒီငပျင်းကတော့” သူက ရေရွတ်လိုက်သည်။ ကိုယ်ပွားက အချက်အလက်ကို ဆန်းစစ်မထားဘဲ အကုန်လုံးကို သူ့ဆီ ပို့ပေးလာလေသည်။ သူ့အား ဆွံ့အသွားစေသည်က ဤသည်က သူ လုပ်ရမည် ဖြစ်ကာ ကိုယ်ပွားဆီ အလုပ်အပ်ထားခြင်း ဖြစ်သည်။

သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် သတင်းအချက်အလက်ကို စတင်ဖတ်ရှုလိုက်သည်။ ခြွင်းချက်ပါရှိသည့် မှတ်စုမှအပ တခြားများများစားစား မရှိပေ။

အဓိကအချက်က လေလွင့်ကျင့်ကြံသူ မဟာမိတ်၏ ကောင်းကင်ရွေးချယ်ခံအသစ် ဟွမ်ယွမ်နှင့် ပတ်သက်သည့်အရာ ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၇ ရာခန့်က ကျောင်းတော်၏ ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲအတွင်း အဆင့် ၂၃ ရခဲ့သည့် ဟွမ်ယွမ်က ပျံဝဲမီးအိမ်တောင်ကြားမှ ဖြစ်လေသည်။ ထိုလူက တောင်ပိုင်းကုန်းမြေမှ ထွက်ကာ အရှေ့ပိုင်းကုန်းမြေသို့  ရောက်လာခဲ့၏။

သူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လေလွင့်ကျင့်ကြံသူ မဟာမိတ်၏ ကောင်းကင်ရွေးချယ်ခံဟူသော နောက်ထပ် ဟွမ်ယွမ်တစ်ယောက် ပေါ်ထွက်လာလေသည်။

ထိုသတင်းအချက်အလက်က မူမမှန်၍ သူတို့သည် မူလဟွမ်ယွမ်အကြောင်းအား စတင်စစ်ဆေးခဲ့သည်။ သို့သော် သူက ရုတ်ချည်းဆိုသလို ပေါ်ထွက်လာကာ ဂိုဏ်းသို့ ပြန်ရောက်လာလေ၏။ သို့သော်လည်း သူ့နှစ်ရာချီအတွင်း မှတ်ဉာဏ်များကမူ ပျောက်ကွယ်နေလေသည်။

ထို့ကြောင့် အရိပ်က လေလွင့်ကျင့်ကြံသူ မဟာမိတ်အဖွဲ့တွင် ရှိသည့် သူတို့လူများမှတဆင့် ဟွမ်ယွမ်အသစ်အကြောင်း စုံစမ်းခဲ့သည်။ ထိုဟွမ်ယွမ်သည် အလွှာနိမ့်မှ ဖြစ်သည်ကို တွေ့ရှိခဲ့ရ၍ စုံစမ်းစစ်ဆေးဖို့ လူတစ်ယောက် စေလွှတ်ခဲ့သည်။

သူက လယ်သမားတစ်ယောက်၏ သားဖြစ်ပြီး ကျင့်ကြံရေးလမ်းစဉ်ကို ဖြည်းဖြည်းချင်း လျှောက်လှမ်းထားသူ ဖြစ်သည်။ နှစ်ရာချီကြာမြင့်ပြီးသည့်နောက်တွင် သူက သဘာဝလွန်အဆင့် တက်လှမ်းကာ စမ်းသပ်ချက် အောင်မြင်သွားခြင်း ဖြစ်၏။ ထိုလူက ဟွမ်ယွမ် ဖြစ်ပေသည်။

ထိုအချက်အလက်ပေါ် မူတည်၍ အရိပ်က သူ တက်လှမ်းသွားသည့် အလယ်အလတ်ကမ္ဘာအထိ နောက်ယောင်ခံလိုက်ခဲ့သည်။ ဟွမ်ယွမ်က နှစ်သန်းချီအတွင်း လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ဝင်ရောက်နိုင်သည့် ပထမဆုံးလူ ဖြစ်လာခဲ့ပြီး ထိုကမ္ဘာမှ ဆက်နွယ်ထားသည့် မဟာကမ္ဘာသို့ တက်လှမ်းသွားခဲ့သည်။

ကံဆိုးစွာဖြင့် အရိပ်က သူ တက်လှမ်းသွားသည့် မဟာကမ္ဘာအား ရှာမတွေ့ခဲ့ပေ။ ကြည့်ရသည်မှာ ထိုဖြစ်စဉ်အတွင်း မတော်တဆ ဖြစ်ရပ်တစ်ခု ရှိခဲ့ဟန်ပေါ်သည်။

သို့သော်လည်း သူက ဟွမ်ယွမ်သည် မဟာကမ္ဘာမှ အထွတ်အထိပ် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်ကြပြီး ထိုသူက အသင်္ချေအင်ပါယာကမ္ဘာ၏ နယ်နိမိတ်ကို ရှာတွေ့ကာ တာအိုကို သက်သေပြဖို့ ရောက်လာသည်ဟု ထင်မြင်မိသည်။

ကံဆိုးစွာဖြင့် သူက လမ်းတစ်ဝက်တွင် မတော်တဆ ဖြစ်ပွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို  ဆုံးရှုံးသွားခဲ့ကာ ကမ္ဘာဦးစိတ်ဝိညာဉ်ကိုသာ ကျန်ရှိတော့လေသည်။ ထို့ကြောင့် သူက ပျံဝဲမီးအိမ်တောင်ကြားမှ ဟွမ်ယွမ်၏ ခန္ဓာကိုယ်ကို လုယူထားခဲ့၏။

“ အဲဒီဟွမ်ယွမ်က အလွှာနိမ့်ကနေ ဖြည်းဖြည်းချင်း အမြင့်ဆုံးအထိ တက်လာတဲ့ ဇာတ်လိုက်တွေနဲ့ ဘာလို့တူနေပါလိမ့်။ သူတို့ရဲ့ နောက်ခံနိမ့်ကျတာရော ကောင်းကင်ဘုံ သွေဖယ်နေတာရော၊ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ ကောင်းကင်ရွေးချယ်ခံတွေကို သာလွန်သွားတာကရော … ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

သူက သူ့ဘာသာသူ ရယ်မောပြီးနောက် ခေါင်းခါလိုက်သည်။ အကယ်၍ ဤသည်သာ ဝတ္ထုတစ်ပုဒ် ဖြစ်ခဲ့လျှင် သူသည်သာ ဇာတ်လိုက် ဖြစ်လိမ့်မည်။ ထို့အပြင် ဟွမ်ယွမ်၏ ခရီးက ထိုမျှ မထူးခြားပေ။

သမိုင်းကြောင်းတစ်လျှောက် သူ့လိုလူများစွာ ပေါ်ထွက်ခဲ့ဖူးသည်။ အလွှာနိမ့်မှ ဖြည်းဖြည်းချင်း တက်လာကာ အင်မတန် ကံကောင်းသည့်သူများ ရှိခဲ့၏။ သူတို့က အထွတ်အထိပ်အဆင့်ကို ရယူကာ နှစ်သန်းချီ နေထိုင်ခဲ့ကြပြီး တချို့တွင်မူ မဟာဧကရာဇ်ဖြစ်လာကာ တာအိုကို သက်သေပြခဲ့ပြီး မသေမျိုးဘဝကို တက်လှမ်းသွားကြသည်။

ဝမ်ဝေ့က ထိုဟွမ်ယွမ်၏ နောက်ခံအား ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က ထိုဟွမ်ယွမ်အဟောင်းသည် အသစ်ကို ဘယ်လို ပြောင်းလဲလိုက်တာလဲဟု သိချင်နေမိသည်။

အကယ်၍ ကျောင်းတော်စစ်ဆေးပွဲအပြီးတွင် ဖြစ်ပါက မေးခွန်းကား သူသည် ကောင်းကင်တာအိုကို မည်သို့လှည့်စားခဲ့တာလဲ။ အကယ်၍ နောက်ပိုင်းမှ ပြောင်းလဲခဲ့လျှင်မူ မဖြစ်သင့်ပေ။

အကယ်၍ စစ်ဆေးပွဲ မတိုင်ခင် ဖြစ်ပွားခဲ့ပါက သူ့နာမည်ကို စာအုပ်ပေါ်တွင် ရေးထွင်းလိုက်သည်နှင့် ရှာဖွေတွေ့ရှိသွားလိမ့်မည်။

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်သည်။ သူသည် ကောင်းကင်တာအိုအကြောင်း ဝူဟုန်နှင့် ဆွေးနွေးခဲ့ဖူးသည်အရ ထိုကောင်းကင်တာအို၏ အဓိကအလုပ်မှာ အားကောင်းသည့် မဟာဧကရာဇ်များကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်ကြောင်း သိလေသည်။

ထို့ကြောင့် ဟွမ်ယွမ်လို အလားအလာ ကောင်းသည့် အပြင်လူတစ်ယောက်နှင့် ပတ်သက်လာသည့်အခါ သူ့အား ပလ္လင်အတွက် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာနိုင်ခြင်းကြောင့် ခွင့်ပြုထားနိုင်လေသည်။

သူသာ ဤကမ္ဘာသား ဖြစ်ကြောင်း အမှတ်အသားပြားကို အသုံးပြုနိုင်သရွေ့ ပြဿနာ မဟုတ်ပေ။

သို့သော်လည်း ဟွမ်ယွမ်၏ ခန္ဓာကိုယ်အဟောင်းကို တစ်ယောက်ယောက်က ပူးကပ်ထားလျှင် သူ့နာမည်ကို ကောင်းကင်ကာကွယ်ရေး စာအုပ်တွင် ရေးထွင်းထားသည်နှင့် ကောင်းကင်တာအိုက တွေ့ရှိသွားလျှင် သူ့ဝိညာဉ်က ချက်ချင်းပျက်သုဉ်းသွားလိမ့်မည်။

ပြောရလျှင် အမှတ်အသားပြား မရခင်အထိ နယ်ခြားအဖြစ် သတ်မှတ်ထားသည် မဟုတ်ပါလော။

ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က မူလဟွမ်ယွမ်အကြောင်း ပါဝင်သည့် သတင်းအချက်အလက်များကို အလျင်အမြန် ဖတ်ရှုလိုက်သည်။ သူက ပါရမီ ထူးချွန်ကာ သူ့ဂိုဏ်းရှိလူများစွာက သူ့အပေါ် မျှော်လင့်ချက် ထားထားကြလေသည်။ စစ်ဆေးပွဲအတွင်း သူက ထိပ်တန်းအယောက် သုံးဆယ်ထဲ ဝင်ခဲ့ကာ ဂိုဏ်းအား ဂုဏ်ယူအောင် လုပ်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ကိစ္စတစ်ခုက ဝမ်ဝေ့၏ အာရုံကို ဖမ်းစားသွားခဲ့၏။

သူ့ပြိုင်ပွဲအတွင်း ဟွမ်ယွမ်က နေမကောင်းဖြစ်ကာ ရက်အနည်းငယ်ကြာ အနားယူခဲ့ရသည်။ ပျံဝဲမီးအိမ်တောင်ကြားမှ ဂိုဏ်းချုပ်က သူ့ကျင့်ကြံဆင့်နှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေမည်ကို စိုးရိမ်ကာ အိမ်သို့ ပြန်ကာ သူ့အား စစ်ဆေးကြည့်ခိုင်းဖို့ အထွတ်အထိပ် အကြီးအကဲကို သွားခေါ်ခဲ့သည်။

ကံကောင်းစွာဖြင့် ထိုလူရောက်မလာခင် ဟွမ်ယွမ်က ကောင်းလာခဲ့သည်။

လူအများ၏ မှတ်ဉာဏ်ကို ဖတ်ရှုကာ စုဆောင်းထားသည့် သတင်းအချက်အလက်များအရ ဟွမ်ယွမ်၏ ဂိုဏ်းတူ ညီအစ်ကိုမောင်နှမများနှင့် အစေခံများက သူ့ပုံစံအနည်းငယ် ပြောင်းလဲသွားကြောင်း သတိထားမိခဲ့ကြသည်။ ထိုလူများက သူ လတ်တလော အောင်မြင်မှုနှင့် ဂုဏ်သတင်းကြီးမားမှုကြောင့် သို့မဟုတ် လတ်တလော ဖျားနာမှုကြောင့်ဟု ယူဆသောကြောင့် စိတ်ထဲ သိပ်မထားခဲ့ကြပေ။ ထို့အပြင် ဟွမ်ယွမ်က ခဏကြာမြင့်ပြီးသည့်နောက်တွင် ပုံမှန် ပြန်ဖြစ်သွားလေသည်။

ကြည့်ရတာ အဲဒီအချိန်က သူ ပူးကပ်ခံလိုက်ရတဲ့ပုံပဲ။ မူလဟွမ်ယွမ်ရဲ့ မှတ်ဉာဏ်ကို ရပြီးတော့ သူက ပုံမှန်အပြုအမူ ပြန်ဖြစ်သွားတာပဲ

ဝမ်ဝေ့က ဦးနှောက်ကို အလုပ်ပေးရင်း အချက်အလက်များအား စိစစ်လိုက်သည်။

ပျံဝဲမီးအိမ်တောင်ကြားက အထွတ်အထိပ်နယ်မြေဆိုတော့ သူတို့ရဲ့ တပည့် ခန္ဓာကိုယ်ပူးကပ်ခံထားရလား၊ မခံထားရလား စစ်ဆေးဖို့ နည်းလမ်းရှိမှာပဲ။ ဒါပေမဲ့ သူတို့ ဘာမှမတွေ့ခဲ့ကြဘူး။

အဲဒါပြီးတော့ ဟွမ်ယွမ်က ကောင်းကင်တာအိုကလည်း မတွေ့ရှိခဲ့ပဲနဲ့ မူလပိုင်ရှင်ခန္ဓာကိုယ်ကနေ ထွက်လာနိုင်ခဲ့တယ်။ အဲဒါဆိုတော့ ဒီလူက ကောင်းကင်တာအိုကနေ ဝှက်ထားဖို့ နည်းလမ်းရှိနေတာပဲ။

သူ့အင်အားက ဒီလိုအရာကို လုပ်ဖို့ မလုံလောက်ဘူး။ ကြည့်ရတာ ရတနာတစ်မျိုးမျိုးပဲ ဖြစ်ရမယ်။ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ဧကရာဇ်တစ်ပိုင်း အဆင့်တွေက ဒီလိုမျိုး မလုပ်နိုင်ကြဘူး။ တော်တော်များများက အဲဒီလက်နက်တွေနဲ့ အဲဒီစာအုပ်ပေါ်က ကောင်းကင်ရွေးချယ်ခံတွေကို သတ်ဖို့ ကြိုးစားခဲ့ဖူးကြတယ်။

အဲဒါဆိုတော့ အဆင့်မြင့် ပင်ကိုရတနာ၊ အဲဒါမှမဟုတ်ဘူးဆိုရင် ဧကရာဇ်အသုံးအဆောင်ပဲ ဖြစ်လောက်တယ်။ သာမန်တော့ မဟုတ်နိုင်ဘူး

ဝမ်ဝေ့က အမှန်တရားနှင့် နီးကပ်လာပြီ ဖြစ်ကြောင်း ခံစားမိကာ အကြည့်များ တောက်ပလာလေသည်။

ဧကရာဇ်အသုံးအဆောင်က အသုံးပြုဖို့ရော၊ သန့်စင်ဖို့ရော မလွယ်ကူဘူး။ ဧကရာဇ်မျိုးနွယ်တွေ ဒါမှမဟုတ် မိသားစုတွေကပဲ ဒီလိုအခြေအနေမျိုးမှာ အရေးသာချက်ရှိတာ။ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေက သွေးမျိုးဆက် စမ်းသပ်ချက်၊ ဒါမှမဟုတ်ဘူးဆိုရင် ကံကောင်းမှု ကန့်သတ်ချက်တွေရှိတယ်။ အဲဒီကန့်သတ်ချက်တွေက လူတွေကို အဲဒီအသုံးအဆောင်ပစ္စည်းတွေ ရပြီးရင်တောင်မှပဲ အသုံးပြုလို့မရအောင် တားဆီးထားတယ်။ မျိုးဆက်တွေအတွက်ကျတော့ အဲဒါတွေကို လျှော့ချပေးထားတယ်။

ပင်ကိုရတနာတွေအတွက်ကတော့ သူတို့တွေက ဘယ်လောက်ရှားပါးတယ်ဆိုတာကို မပြောနဲ့ဦး။ သူတို့က မိုးမြေကနေ မွေးဖွားလာတာပဲဆိုတော့ ဧကရာဇ်လက်နက် အသုံးအဆောင်ထက်တောင်မှပဲ ပိုပြီးတော့ မောက်မာကြသေးတယ်။

သူ့နောက်ခံကို ကြည့်ရရင် ဟွမ်ယွမ်က ဒီလိုအဆင့်မျိုး လက်နက်ကိုရဖို့ ကံအပြောင်းအလဲ အခွင့်အရေး တွေ့ခဲ့တာပဲ ဖြစ်ရမယ်။ အဲဒါဆိုတော့ သူက သန့်စင်ချင်ပေမဲ့ အဆင့်မြင့်မှာပဲ လုပ်နိုင်မဲ့အရာမျိုး

ဟွမ်ယွမ်က အထွတ်ထိပ်အဆင့်မြင့် ကျင့်ကြံသူဖြစ်ခဲ့ဖူးတော့ ဒီဟာကို နှစ်များစွာ ကြာပြီးတဲ့နောက်မှာ သန့်စင်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူလက်ရှိရှိနေတဲ့ အခြေအနေအရဆိုရင် ထိုအရာကို ရထားတုန်းမှာ ဒီလိုဖြစ်သွားနိုင်ချေများတယ်။

သူ့အခြေအနေမျိုးမှာ ဒီလိုလက်နက်မျိုး သန့်စင်ချင်တယ်ဆိုရင် သူ ပြန်ကောင်းတဲ့အထိ စောင့်ဆိုင်းရမယ် ဒါမှမဟုတ်ဘူးဆိုရင်တော့  …

ဝမ်ဝေ့က ဟွမ်ယွမ်၏နေရာမှ ဝင်စဉ်းစားကြည့်လိုက်သည်။ အကယ်၍ သူသာ ဖြစ်နေလျှင် ထိုအားကောင်းသည့် လက်နက်အား အသုံးပြုကာ သူ့အုတ်မြစ်အား ပြန်လည်တည်ဆောက်ပြီး နောင်အနာဂတ်ပလ္လင်အတွက် ကောင်းမွန်သည့် အခွင့်အရေးရအောင် ကြိုးစားလိမ့်မည်။

အကောင်းဆုံး နည်းလမ်းက ချက်ချင်းသန့်စင်ခြင်း ဖြစ်၏။ သူ့လက်ရှိအခြေအနေက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သာ ရှိသေး၍ အကောင်းဆုံးရွေးချယ်မှုမှာ ထိုကောင်းကင်ရွေးချယ်ခံများ၏ မသေနိုင်စွမ်းကို အသုံးချကာ ထိုရတနာကို အလျင်အမြန် သန့်စင်လိုက်ခြင်းဖြစ်၏။

ထိုအစီအစဉ်ကို ချမှတ်ပြီးသည့်နောက်တွင် သူက ထိုလူများထဲ သူနှင့် နာမည်တူ ရှိနေရုံသာမက အားကောင်းသည့် နည်းလမ်းများရှိသည့် ဧကရာဇ်မျိုးနွယ်မှ မဟုတ်ကြောင်း သိလိုက်ရတာဖြစ်လိမ့်မည်။

 အဲဒါက ရွေးချယ်မှုကောင်းပဲ

ဝမ်ဝေ့က ဟွမ်ယွမ်သည် မည်မျှ ကံကောင်းကြောင်း သတိပြုမိကာ ရှုံ့မဲ့သွားလေသည်။ သူက အလွှာနိမ့်မှ ကံကြမ္မာသားတော် ဖြစ်ဖို့ရာ အခွင့်အလမ်း များပြားလေသည်။

သူက မျက်လုံးဖွင့်ကာ သက်ပြင်းချလိုက်၏။ ထိုအရာအားလုံးကို ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် သူက ဟွမ်ယွမ်၏ ဝှက်ဖဲကို သိသွားကာ သတိထားနိုင်လေပြီ။

သူ့အား အာရုံစိုက်ဖို့ ဆုံးဖြတ်ပြီးသည့်နောက်တွင် တခြားအရာများအား ဆက်လက် စစ်ဆေးလိုက်သည်။ သူ့အား စိတ်ပျက်သွားစေသည်က ဟို့ဖုန်းဟွမ်နှင့် ပတ်သက်၍ ဘာမှရှာမတွေ့ခဲ့ပေ။ တစ်ခုတည်းသော အချက်အလက်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လျှို့ဝှက်ကောင်းကင်မျှော်နန်းသည် သူတို့ဂိုဏ်း၏ အစီအရင်အား အသက်သွင်းကာ ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

အကြောင်းအရင်းအတွက်မူ ဘာကိုမှ မသိရသေးပေ။

ဝမ်ဝေ့က ပြီးဆုံးသွားသည်နှင့် ထိုနေရာမှ ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

“ ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှု စတင်လာပြီလား” သူက အသာရေရွတ်လိုက်သည်။

All Chapters