← Chapters

အကြောင်းနှင့် အကျိုး

Vol. 26 Ch. 355

အကြောင်းနှင့် အကျိုး

Vol. 26 Ch. 355

အခန်း (၃၅၅) : အကြောင်းနှင့် အကျိုး

လွန်ခဲ့သည့်နှစ်များစွာက ဝမ်ဝေ့သည် ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်၏။ အကြောင်းမှာ သူက လူများစွာ၏ ကံကောင်းမှုကို ခိုးယူခဲ့သည့်အပြင် သူက အားနည်းနေခဲ့သည် မဟုတ်ပါလော။

ထို့အပြင် သူက တန်ပြန်သက်ရောက်မှုကို အချိန်ကြာကြာ ဆွဲထားဖို့ ကြိုတင်ပြင်ဆင်ထားသည်။ သူ့ မူလအစီအစဉ်က မူလဆေးလုံးတာအိုဂိုဏ်း၏ ကံကောင်းမှုကို အသုံးပြုကာ ထိုတန်ပြန်သက်ရောက်မှုကို ခုခံဖို့ ဖြစ်၏။

သူက သူ့အစ်မ(၃)အား တွေ့သည်နှင့် တန်ပြန်ဝဋ်ကြွေးကို သူမ၏ အင်အားနှင့်ဆိုလျှင် ဖြေရှင်းနိုင်လိမ့်မည်။

သို့သော်လည်း သူ့စိတ်ထဲ နောက်ထပ် အစီအစဉ်တစ်ခု ပေါ်ထွက်လာသည်။ သူက ထိုအခြေအနေကို မီးတောက်ထိန်းချုပ်ရေး ပညာရပ်နှင့် ပတ်သက်ပြီး အဖြေတချို့ ရရှိအောင် အသုံးချကြည့်ချင်မိသည်။ သူ့အစီအစဉ်၏ ပထမအဆင့်က တန်ပြန်သက်ရောက်မှုကို အားမြှင့်လိုက်ပြီး သူ့အစ်မ(၃) လန်လင်းဆီ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်၏။

ထိုသို့လုပ်ခြင်းက အနည်းငယ် စွန့်စားရသော်လည်း တွက်ချေကိုက်လေသည်။

ကံဆိုးစွာဖြင့် ဝမ်ဝေ့က လူတစ်ယောက်ထံ ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှုကို လွှဲပြောင်းပေးနိုင်သည့်အပေါ် နက်နဲစွာ နားလည်ထားခြင်းမျိုး မရှိပေ။ ထို့ကြောင့် သူက သာမန်နည်းလမ်းသာ အသုံးပြုနိုင်လေသည်။

သူက တခြားလူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို လုယက်နေစဉ်အတွင်း သူ ခိုးယူလိုက်သည့် ပစ္စည်းများ၏ အရှိန်အဝါကို ပြောင်းလဲကာ နဂိုထက် ပိုမိုအဖိုးတန်လာသည့်ပုံပေါက်အောင် လုပ်ခဲ့သည်။ ထို့နောက် သူက မူလဆေးလုံးတာအိုဂိုဏ်းမှ ဖြစ်ကြောင်းသဲလွန်စ ချန်ထားခဲ့သည်။ ထိုသဲလွန်စများက လူများသည် သူ ခိုးယူထားသော အားကောင်းသည့် လက်နက်က သူ့တတိယအစ်မ လက်ထဲတွင် ရှိသည်ဟု ယုံကြည်သွားကြလိမ့်မည်။

ဝမ်ဝေ့က တစ်စုံတစ်ခုကို သတိထားမိပြီးသည့်နောက်တွင် တုံ့ဆိုင်းမနေတော့ပေ။ သူက ကောင်းကင်အဆင့် လေဟာနယ် ကူးပြောင်းရေးအဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။ ထိုအရာက သူ့ဘာသာသူ ပြုလုပ်ထားသည့် အဆောင် ဖြစ်၏။ လွန်ခဲ့သည့်နှစ်နှစ်ရာခန့်က သူက သင်္ကေတ ရေးထွင်းသည့်နေရာတွင် ပြီးပြည့်စုံသော လော့ချန်၏ စွမ်းအားဖြင့် အံ့ဖွယ်သင်္ကေတများကို နက်နက်နဲနဲ လေ့လာခဲ့ပြီး သူ့ဆေးဝါးပညာရပ်နှင့်အတူ အဆောင်ပြုလုပ်ခြင်း၌ပါ သိသိသာသာတိုးမြင့်လာခဲ့သည်။

ဝမ်ဝေ့ကို ငွေရောင်အလင်းတစ်ခု ခြုံလွှမ်းသွားကာ ပျောက်ကွယ်သွားလေသည်။ သိပ်မကြာခင် သူက တောအုပ်တစ်ခုရှေ့သို့ ရောက်ရှိသွားလေ၏။ သူက အံ့ဖွယ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ဘာမှမတွေ့ရပေ။ ထို့နောက် သူက တည်နေရာတစ်ခုကို ဦးတည်သွားလိုက်သည်။

သူ့ခံစားချက်အပေါ် မူတည်၍ သိပ်မကြာခင် တောင်ကြားထိပ်ကို ရောက်ရှိသွားသည်။ သူက ငုံ့ကြည့်လိုက်သည့်အခါ ဂူတစ်ခုရှေ့တွင် လူများစွာ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ ထိုလူအများစုက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်ကြ၏။

ထိုလူများကို မျက်လုံးဖြင့် စစ်ဆေးကြည့်ပြီးသည့်အခါ သူတို့အများစုတွင် မမြင်နိုင်သည့် အနီရောင် အငွေ့အသက်မျိုး လွှမ်းခြုံနေသည်ကို ခံစားမိလိုက်သည်။ သူတို့ မည်သို့ပင်လုပ်စေကာမူ ထိုအရာကို မဖယ်ရှားနိုင်ပေ။

ဝမ်ဝေ့က သတိကြီးကြီးထားလိုက်သည့်အခါ ထိုလူများဆီမှ အပုပ်နံ့တချို့ပါ ရလိုက်သည်။

မိစ္ဆာကျင့်ကြံသူတွေလား။

 လန်လင်းက ဧကရာဇ်မျိုးနွယ်အဆင့်က တပည့်ဖြစ်တာတောင် သူတို့က ဒီလိုလုပ်ရဲတာ မထူးဆန်းတော့ပါဘူး

ထိုအဖွဲ့ကြားတွင် လေလွင့်ကျင့်ကြံသူတချို့လည်း ပါဝင်နေသည်။ သူက ထိုလူများ၏ စိတ်ကို မှန်းဆမိလိုက်၏။ မည်သူမှ ဘာမှမပြောသရွေ့ သူတို့က မူလဆေးလုံးတာအိုဂိုဏ်း၏ အမဲလိုက်ခြင်းမှ ထွက်ပြေးဖို့ အချိန်ရှိလေသည်။

ဝမ်ဝေ့က ထိုလူများကို ကြာကြာကြည့်မနေပေ။ လော့ချန်၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ထိုလေဟာနယ်ဖြိုခွင်းခြင်းအဆင့်များကို ကြာကြာစိုက်ကြည့်နေလျှင် သူတို့ သတိထားမိသွားလိမ့်မည်။

သူက တွက်ချက်မှုတချို့ လုပ်ပြီးသည့်နောက်တွင် သူ့ထင်ကြေးက မှန်ကန်ကြောင်း သတိပြုမိသွားသည်။ ထိုနည်းလမ်းက လန်လင်းဆီ တန်ပြန်သက်ရောက်မှု ကူးပြောင်းပေးဖို့ ဖြစ်နိုင်လေသည်။ ထို့ကြောင့် သူက နောက်ကွယ်မှ အကြောင်းအရင်းကို စုံစမ်းရင်း မိနစ်ပိုင်းကြာ အချိန်ယူလိုက်သည်။

ကံကြမ္မာဝဋ်ကြွေးက အကျိုးနှင့်အကြောင်း သဘောတရား ဖြစ်၏။ သူက တခြားလူ၏ ကံကောင်းမှုကို ခိုးယူခဲ့သည်။ ထိုအရာက အကြောင်းတရား ဖြစ်သည်။ အကျိုးတရားကမူ သူ လက်ခံရရှိသည့် တန်ပြန်သက်ရောက်မှု ဖြစ်၏။ ထိုအရာက သူ့အား သူခိုးအဖြစ် ပေါ်ထွက်သွားစေပြီး လူများက သူ့အား အမဲလိုက်ကြလိမ့်မည်။

ကံကြမ္မာဝဋ်ကြွေးနှင့် ကံကောင်းမှုကြားတွင် ဆက်နွယ်နေမှု ရှိနေသည်။

သူက မူလဆေးလုံးတာအိုဂိုဏ်းမှ တပည့်တစ်ယောက်အပြင် ဂိုဏ်းချုပ်၏ တပည့်တစ်ယောက် ဖြစ်ကြောင်း ဖော်ပြလိုက်သရွေ့ လူအများစုက သူ့အား အပြစ်တင်ရဲကြမည် မဟုတ်ပေ။ ဤသည်က ကံကြမ္မာဝဋ်ကြွေး၏ တန်ပြန်သက်ရောက်မှုကို ခုခံနိုင်ရန် ဂိုဏ်း၏ ချီကံကောင်းမှုကို အသုံးပြုသည့် နည်းလမ်း ဖြစ်၏။ သို့သော်လည်း အကြောင်းတရားက သူ ခိုးယူထားသည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုက အရမ်းကို အဖိုးတန်လွန်းပြီး အားကောင်းနေခဲ့လျှင် တန်ပြန်သက်ရောက်မှုက သူ့ဂိုဏ်း၏ ချီကံကောင်းမှုဖြင့် အလွယ်တကူ တားဆီးနိုင်မည် မဟုတ်ပေ။ ဤသည်က တန်ပြန်သက်ရောက်မှုကို အစ်မ(၃)ဆီ လွှဲပြောင်းပြီးသည့်နောက်တွင် တွေ့ကြုံနေရသည့် လက်ရှိအခြေအနေ ဖြစ်သည်။

ဝမ်ဝေ့၏ အကြည့်တွင် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ကံဆိုးစွာဖြင့် ထိုအရာက သိပ်မကြာလိုက်ပေ။ သို့သော်လည်း သူက  နောင်အနာဂတ်တွင် ကံကြမ္မာဝဋ်ကြွေး တာအိုကို နားလည်နိုင်မည့် အုတ်မြစ်ရရှိသွား၍ ပျော်နေလေသည်။

ဝမ်ဝေ့က အပြုံးနှင့်အတူ ထိုလူအားလုံးကို တားဆီးထားသည့် ဂူအား လှမ်းကြည့်လိုက်သည်။ ထိုအရာမှ ထွက်လာသည့် ခရမ်းရောင် အခိုးအငွေ့များကိုပင် မြင်တွေ့နေရ၏။ အရောင်မှတဆင့် ထိုအရာသည် ထိုစည်းမျဉ်းသက်ရှိများအတွက်ပင် အဆိပ်ပြင်းလှသည်။

ထိုသူက သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးထုတ်ကာ ရေရွတ်လိုက်သည် “ ဒါက တရားမျှတမှုလား။ ဒါမှမဟုတ်ဘူးဆိုရင် ကံကြမ္မာလား”

သူက ဆေးလုံးကို မပစ်လိုက်သေးပေ။ ထိုလူများ၏ လှုပ်ရှားပုံနှင့် လက်ရှိခွန်အားအရ သူတို့သည် တစ်စုံတစ်ခုကို ချက်ချင်းသတိပြုမိကာ ရှောင်ရှားလိမ့်မည်။ ထိုအစား နောက်ထပ် လေဟာနယ် ကူးပြောင်းရေးအဆောင်ကို ထုတ်ယူလိုက်သည်။

ထိုအရာက အရည်အသွေး အမြင့်ဆုံးဖြစ်သည့်အတွက် အာကာပြင် လှုပ်ခတ်မှု မဖန်တီးခဲ့ပေ။ သူက ဆေးလုံးများကို မပစ်ခင် အသက်သွင်းလိုက်၏။

ထိုစဉ် အနီရောင်၊ အစိမ်းရောင်နှင့် အနက်ရောင် မြူခိုးများက လူအုပ်ကြီးကို ချက်ချင်းဖုံးလွှမ်းသွားလေသည်။

“ ဘယ်သူက ဒီသခင်လေးကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတာလဲ” မိစ္ဆာကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။ သူက သူ့စည်းမျဉ်းဖြင့် သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။

ကံဆိုးစွာဖြင့် ထိုအရာက အသုံးမဝင်ကြောင်း တွေ့ရှိသွားလေသည်။ အချုပ်အားဖြင့် သူက စည်းမျဉ်းကို ပိုမိုအသုံးပြုလေလေ အဆိပ်တိုက်စားနှုန်းက ပိုမိုမြန်ဆန်လာလေလေ ဖြစ်၏။

“ ကောင်းကင်အဆင့် စည်းမျဉ်းတိုက်စားရေး အဆိပ်လား။ မူလဆေးလုံးတာအိုဂိုဏ်းရဲ့ အကူ ရောက်လာပြီလား”

ကံဆိုးစွာဖြင့် ထိုလူ၏ နောက်ဆုံးအတွေးက ကျန်လူများနှင့် အတူတူသာဖြစ်၏။ သူတို့၏ အရေပြားက အနက်ရောင် ပြောင်းသွားပြီး အစိမ်းရောင်သွေးနှင့် အကျိအချွဲများဖြင့် ပျော်ကျသွားလေသည်။

ဝမ်ဝေ့က ထိုအရာကို ကြည့်ပြီးနောက် လက်တစ်ချက်ဝှေ့ကာ ထိုအဆိပ်ငွေ့များကို ဖယ်ရှားလိုက်သည်။ သူက ခရမ်းရောင် ပြည့်နှက်နေသည့် ဂူအတွင်းသို့ ဝင်မသွားခင် ဖြေဆေးတချို့နှင့် အဆိပ်ခံနိုင်ရည် ဆေးလုံးတချို့ကိုပါ စားလိုက်သည်။

ဂူအတွင်းရှိ ခရမ်းရောင် အငွေ့ကြောင့် ဝမ်ဝေ့က ကောင်းကောင်းမမြင်ရပေ။ ထို့ကြောင့် သူက အံ့ဖွယ်အသိစိတ်ကို မှီခိုနေရ၏။ ထိုသို့ဆိုလျှင်ပင် သူက မီတာအနည်းငယ်အထိသာ မြင်ရလေသည်။ ပြောရလျှင် ထိုအငွေ့အသက်က အံ့ဖွယ်အသိစိတ်ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိထားဟန်ပေါ်သည်။

ဝမ်ဝေ့က သူ အာရုံခံမိသည့်ဘက် ပျံသန်းလာရင်း မီတာသုံးဆယ် ရှည်လျားသည့် ကင်းမြီးကောက်တစ်ကောင်က သူ့အား ရုတ်ချည်းတိုက်ခိုက်လာလေသည်။ ကံကောင်းစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထားလေ၏။ သူ့လက်ထဲတွင် အဆောင်ရှိနေပြီး လခြမ်းကွေးဓားက ဖျတ်ခနဲလက်သွားကာ ကင်းမြီးကောက်အား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

သူက ထက်ရှရွှေအဆောင်ကို ကြည့်ကာ ကျေနပ်မိသည်။

သူက တုံ့ဆိုင်းမနေဘဲ ဆက်လက်သွားလိုက်သည်။ သူ ပျံသန်းနေစဉ်အတွင်း နတ်ဆိုးသားရဲများစွာနှင့် တွေ့ဆုံခဲ့သည်။ အများစုက ကင်းမြီးကောက်၊ မြွေ၊ ကင်းခြေများနှင့် ဖားလိုမျိုး အဆိပ်ရှိ သတ္တဝါများ ဖြစ်ကြသည်။

မိနစ်သုံးဆယ် ကြာမြင့်ပြီးသည့်နောက်တွင် ပိုမိုသေးငယ်သော ဂူအတွင်းပိုင်းသို့ ရောက်ရှိလာသည်။ သို့သော်လည်း ဤတစ်ကြိမ် သူက ပန်းရောင်မြူခိုးများ ထွက်နေသည်ကို မြင်လိုက်ရ၏။ သူက မျက်မှောင်ကြုတ်ကာ ကောင်းကင်အဆင့် အဆိပ်ခုခံရေး ဆေးလုံးတချို့ကို သောက်သုံးကာ အကာအကွယ်ထားပြီး ဝင်ရောက်လိုက်သည်။

သူ့အတွက် ကံဆိုးသည်က သူ ဝင်ရောက်လိုက်ချင်းချင်း သူ့ အကာအကွယ်က အသုံးမဝင်တော့ပေ။ မြူများက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ ထိုမြူများက သူ သောက်သုံးထားသည့် ဆေးလုံးကိုပင် လျစ်လျူရှုထားကာ သူ့စိတ်အား စတင်လွှမ်းမိုးသွားတော့သည်။

ဝမ်ဝေ့က သူ့သွေးများ မြန်ဆန်လာသလို သူ့ခန္ဓာကိုယ်အတွင်းရှိ ယန်စွမ်းအားလည်း တိုးလာသည်ကို ခံစားမိလိုက်သည်။ သူ့စိတ်အတွင်း မိန်းမလှများစွာ၏ ပုံရိပ်များ ပေါ်ထွက်လာကာ လွှမ်းမိုးသည့် စိတ်ခံစားချက် ဖြစ်လာသည်။ ပြောရလျှင် စိတ်ခံစားချက်တစ်ခုတည်း မဟုတ်ပေ။ ဝမ်ဝေ့က သက်ပြင်းချကာ သူ့စိတ်လိုအင်ဆန္ဒအား ဖိနှိပ်လိုက်သည်။ ကံဆိုးစွာဖြင့် သူ့ရုပ်ပိုင်းဆိုင်ရာ တုံပြန်မှုကိုတော့ မထိန်းချုပ်နိုင်ပေ။

ထိုအရေးမပါသည့် အရာအားလုံးကို လျစ်လျူရှုပြီးနောက် သူက မြေပြင်ပေါ်လဲနေသည့် လန်လင်းအား ကြည့်လိုက်သည်။ သူက သူမဘေး ပြေးသွားလိုက်သည့်အခါ သူမ၏ မျက်နှာသည် ရှက်သွေးဖြာနေပြီး မျက်ဝန်းများက မှုန်ရီဝေဝါးနေကြောင်း သိလိုက်ရသည်။

သူ သူမအနား ရောက်သွားသည်နှင့် မြေပြင်ပေါ် လဲနေသည့် လန်လင်းက လေဟာနယ်ဖြိုခွင်းခြင်း စွမ်းအားအား အသုံးပြုကာ သူ့အပေါ် ခုန်အုပ်လာသည်။

သူမက ပေါ့ပါးသွက်လက်စွာဖြင့် သူ့ဝတ်ရုံအပေါ်ပိုင်းအား ဆွဲဖြဲလိုက်သောကြောင့် ရင်ဘတ်နှင့် ကြွက်သားများ ပေါ်ထွက်လာလေသည်။ သူမက ထိုနေရာတွင် မရပ်တန့်သွားဘဲ အောက်ပိုင်းအထိပါ ဆက်သွားနေသည်။

ထိုစဉ် အဆောင်တစ်ခု ပေါ်ထွက်လာကာ သူမအား တွန်းလွှတ်လိုက်လေသည်။ ဝမ်ဝေ့က အနည်းဆုံးတော့ ယာယီ လွတ်လပ်သွားလေပြီ။ သို့သော် လန်လင်းက စိတ်လွတ်နေဟန်ဖြင့် သူ့အပေါ် ထပ်ခါထပ်ခါ ခုန်အုပ်လာသည်။ ထိုအဆောင်ကလည်း သူမအား ဆက်တိုက် တွန်းလွှတ်နေလေ၏။

ဝမ်ဝေ့က ရွေးချယ်စရာ မရှိဘဲ သူ့သိုလှောင်လက်စွပ်အတွင်းမှ သတ္တုပြားလေး တစ်ပြား ထုတ်ယူလိုက်ရသည်။ သူက မူလအဆီအနှစ်ကို ထည့်သွင်းလိုက်သည့်အခါ အစီအရင်ပြားက အသက်ဝင်လာပြီး လန်လင်းဝန်းကျင်တွင် အဟန့်အတားတစ်ခု ဖြစ်လာစေသည်။ သို့သော်လည်း သူမက သူ့အပေါ် ခုန်အုပ်နေသည်ကို မရပ်တန့်ပေ။

သူက သူ့ခန္ဓာကိုယ်အတွင်းမှ စိတ်ကြွဆေးကို ဖိနှိပ်ထားဖို့ အားကောင်းသည့် စိတ်ဆန္ဒကို အသုံးပြုထားစဉ် ဝမ်ဝေ့က နောက်ထပ်ဝတ်ရုံကို ထုတ်ကာ အသစ် လဲလှယ်ဝတ်ဆင်လိုက်သည်။

သူ ပြီးဆုံးသွားသည်နှင့် အစီအရင်ကို ထပ်မံ အသက်သွင်းလိုက်သည်။ နောက်ဆုံးတွင် လန်လင်းက ကြမ်းပြင်ပေါ်တွင် ငြိမ်ငြိမ်လေး ဖြစ်သွားသည်။ သူက အဟန့်အတားထဲသွားကာ သူမအား ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အဆုံးမဲ့ ရမ္မက်ကြွမှုတို့ကို မြင်တွေ့နိုင်လေသည်။ သူ သိထားသည့် ဆရာတူအစ်မက ပျောက်ကွယ်သွားပြီး ရမ္မက်စိတ်နှင့်သာ ပြည့်နေသည့် စိတ်မကပ်သည့်သားရဲတစ်ကောင်ဖြင့် အစားထိုးသွားလေသည်။

ဝမ်ဝေ့က သူမအား ကြည့်နေရင်း တစ်စုံတစ်ခုကို စဉ်းစားမိနေသည်။ လန်လင်းနှင့် တွေ့ဆုံပြီးသည့်နောက်တွင် လော့ချန်နှင့် သူမတို့က လက်တွဲဖော်ဖြစ်လာဖို့ ကံဖန်လာကြောင်း သိထားလေသည်။

သို့သော်လည်း ယခုအထိ သူမက သူ့အပေါ် ကြင်နာမှုမျိုး မပြသပေ။ သူမက သဘောကောင်းသော်လည်း ထိုအရာက ဆရာတူမောင်နှမများအပေါ် ထားသည့် သဘောထားမျိုး ဖြစ်လေသည်။ အကြောင်းမှာ သူမ၏ ပညာရေးနှင့် အတွေးအခေါ်ကြောင့် ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ထိုလူနှစ်ဦး အတူတူရှိရသည့် အကြောင်းအရင်းအား သိသွားလေပြီ။ အကယ်၍ သူသာ တကယ့်လော့ချန် အစစ်အမှန်ဖြစ်နေလျှင် ရမ္မက်ကြွဆေးကို လျစ်လျူရှုမထားနိုင်ဘဲ အလိုဆန္ဒအတိုင်း လိုက်လုပ်မိလိမ့်မည်။

သူ့အစ်မ(၃)၏ ခန္ဓာကိုယ်ကို ရယူပြီးသည့်နောက်တွင် သူမ၏ သဘာဝနှင့် ဤကမ္ဘာ၏ ဓလေ့ကြား သူမက သူ့လက်တွဲဖော် ဖြစ်လာဖို့ ရွေးချယ်လိမ့်မည်။

သို့သော်လည်း ပြဿနာတစ်ခု ဖြစ်လာပြန်သည်။

အကယ်၍ ဝမ်ဝေ့ကသာ ထိုလူများ၏ ကံကောင်းမှုကို ခိုးယူပြီး တန်ပြန်သက်ရောက်မှုကို သူမဆီ မလွှဲပြောင်းပေးခဲ့လျှင် သူတို့က လက်ရှိအခြေအနေ ဖြစ်လာမည် မဟုတ်ပေ။

ပြောရလျှင် ဝမ်ဝေ့ကသာ လော့ချန် အယောင်မဆောင်ခဲ့လျှင် ဤသို့သောအရာ ဖြစ်လာမည် မဟုတ်ပေ။ အကယ်၍ သူသာ စံပြဝိညာဉ်အရည်အသွေး ရှိမနေခဲ့လျှင် ဒီလိုဖြစ်စေလာနိုင်မည့် အဖြစ်အပျက်မျိုး ဖြစ်လာမည် မဟုတ်ပေ။

အခြေအနေအားလုံးအတွက်မူ သူ ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော အခြေအနေက သူ့စိတ်ဆန္ဒသည် စိတ်ကြွဆေးကို ခံနိုင်ရည်ရှိပြီး နောက်ဆုံးအဆင့်အထိ မသွားရန်သာ ဖြစ်၏။

ဒါတွေအားလုံးက တိုက်ဆိုင်မှုဆိုတာ တကယ်လား…

“ ဒါက ကံကြမ္မာဝဋ်ကြွေး အကျိုးနှင့်အကြောင်း စွမ်းအားလား။”

အရာအားလုံးက သဘာဝအတိုင်းစီးဆင်းနေပြီး အာရုံခံဖို့ မဖြစ်နိုင်ပေ။ အကယ်၍ အာရုံခံနိုင်ခဲ့လျှင်ပင် အမှန်လား အမှားလား မသိနိုင်ပေ။

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို နားလည်သွားလေသည်။ သို့သော် သူ့ သဘောပေါက်မှုက အချိန်တိုတောင်းလှဟန်ပေါ်သည်။

“ ငါသာ ကံကြမ္မာကို ထိန်းချုပ်ချင်တယ်ဆိုရင် အရေးကြီးဆုံးအဆင့်က အကျိုးနဲ့အကြောင်းကို နားလည်ပြီး အတားအဆီးတွေဆီက လွတ်မြောက်ဖို့က အရေးကြီးဆုံးအချက်ပဲ”

သူက သက်ပြင်းချလိုက်ပြီးနောက် လန်လင်းအား လက်ညှိုးဖြင့် ထိကာ ကံကြမ္မာကြိုးမျှင်အား ဖတ်ရှုလိုက်သည်။

All Chapters