← Chapters

မကောင်းဆိုးဝါး နတ်ဘုရားများ

Vol. 26 Ch. 357

မကောင်းဆိုးဝါး နတ်ဘုရားများ

Vol. 26 Ch. 357

အခန်း (၃၅၇) : မကောင်းဆိုးဝါး နတ်ဘုရားများ

ဝမ်ဝေ့က ခေါင်းအသာယမ်းကာ ထူးထူးဆန်းဆန်း အတွေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ဘေးတွင် ရပ်နေသည့် ဝူဟုန်အား ကြည့်လိုက်သည့်အချိန် ဝူဟုန်က သူ့ဆိုလိုရင်းအား ချက်ချင်းသဘောပေါက်သွားသည်။

သူမက လက်ဝှေ့လိုက်ပြီး ပတ်ဝန်းကျင်၌ အတားအဆီး ချထားလိုက်သည်။ ဝမ်ဝေ့က အစီအရင် ခင်းကျင်းထားပြီးသားဖြစ်သော်လည်း သူမ၏ နည်းလမ်းကို ပိုမိုယုံကြည်လေသည်။

ထို့နောက်တွင် လော့ချန်၏ ခန္ဓာကိုယ်မှ မီးခိုးရောင် အလင်းတန်း ထွက်ပေါ်လာပြီး ဝမ်ဝေ့၏ တကယ့်ခန္ဓာကိုယ်အစစ် ပေါ်ထွက်လာသည်။ သူက မြေပြင်ပေါ်မှ လော့ချန်အား ကြည့်ကာ လန်လင်းနှင့် သူ့အပေါ် အိပ်စက်ရေးမန္တန်ကို ချမှတ်လိုက်ပြီး သူတို့တစ်ဝက်တစ်ပျက် နိုးထလာခြင်းမှ ကာကွယ်ဖို့ လုပ်လိုက်သည်။

နောက်ဆုံးတွင် သူက ဝူဟုန်၏ ခန္ဓာကိုယ်လေးကို သွားကာ ပွေ့ဖက်လိုက်ပြီး သူမ၏ ခြေထောက်များကို ထိတွေ့နေလေသည်။ သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီး‌နောက် သူက မျက်မှောင်အသာကြုတ်လိုက်ကာ “ တစ်ခုခုတော့ မဟုတ်သေးဘူး။ မင်းက ကိုယ်ပွားလား”

“ ဟုတ်တယ်” ဝူဟုန်က ပြန်ဖြေလိုက်သည် “ ကျွန်မ တခြားကမ္ဘာ့အသိုက်အဝန်းတစ်ခုကို သွားနေတာ။ ပြန်တဲ့လမ်းမှာ တစ်ခုခုကို စစ်ဆေးကြည့်ချင်တာ ရှိတာနဲ့ ကိုယ်ပွားကို လွှတ်လိုက်တာ”

ဝမ်ဝေ့က ခေါင်းအသာညိတ်လိုက်ပြီးနောက် ထပ်မမေးတော့ပေ။ သူ့အနာဂတ် ဇနီးလောင်းလေးက သူ အထွတ်အထိပ် နယ်ပယ်စွမ်းအားရှိလာလျှင်ပင် မပါဝင်နိုင်သည့်အရာများနှင့် ပတ်သက်နေလေ၏။

ထို့ကြောင့် သူက သူမ ထုတ်ဖော်နိုင်သည့် တချို့အကြောင်းအရာများကိုသာ မေးမြန်းလိုက်သည်။ ဥပမာအနေဖြင့် တခြားသော ကောင်းကင်အလိုဆန္ဒ ကမ္ဘာများနှင့် တခြားကျင့်ကြံရေးစနစ်များအကြောင်း ဖြစ်၏။ ဝူဟုန်က သူ့အား အများကြီး ပြောပြခဲ့သည်။ ယခင်အချိန်စက်ဝန်းမှ အတွေ့အကြုံများမှအပ သူမ၏ အတွေ့အကြုံများကို ပြောပြခဲ့လေသည်။

ကျင့်ကြံသူများ၏ အခြေခံအကျဆုံး တိုးတက်နှုန်းက သူတို့၏ အတွေးအမြင် ဖြစ်လေသည်။ သူတို့က ပိုမိုသိလေလေ ကမ္ဘာကြီးအား ပိုမိုနားလည်လေလေ ဖြစ်၏။ ထို့ကြောင့် သူတို့အား ကျင့်ကြံဖို့ ပိုမိုလွယ်ကူလာစေသည်။ နမူနာအားဖြင့် အလွှာနိမ့်မှ ဂိုဏ်းငယ်လေးရှိ ကလေးတစ်ယောက်က အလွှာမြင့် ကမ္ဘာများအကြောင်း မကြားဖူးဘဲ မွေးဖွားလာလိမ့်မည်။ ထိုသို့သော လူမျိုးက ကျင့်ကြံရေး၏ အမြင့်ဆုံးအဆင့်မှ အံ့ဖွယ်ပလ္လင်အဆင့်ဟု ထင်နေလောက်သည်။

သို့သော်လည်း ထိုကလေးက အလယ်အလတ်ကမ္ဘာနှင့် မြင့်မားသည့် ကျင့်ကြံဆင့်အကြောင်း ကြားသည့်အခါ သူ့အတွေးအခေါ်က ပိုမိုမြင့်တက်သွားကာ ထိုအရာမှ မြင့်မားသည့်နယ်ပယ်သို့ ရောက်ရှိနိုင်အောင် လှုံ့ဆော်မှု ဖြစ်လာလိမ့်မည်။ ဤသည်က အကျိုးအမြတ် ဖြစ်၏။

သို့သော်လည်း ထိုအရာ လူတစ်ယောက်ကို ပျက်စီးစေနိုင်သည်။ အကယ်၍ ထိုကလေးကသာ သူ့ကမ္ဘာ၏ အမြင့်ဆုံးကျင့်ကြံဆင့်ကို ရောက်ရှိသွားပြီး ကောင်းကင်အလိုဆန္ဒကမ္ဘာနှင့် မဟာဧကရာဇ်များအကြောင်း သိလိုက်ပြီး ဤကျယ်ပြောလှသည့် စကြဝဠာကြီးထဲတွင် သူ့သေးနုတ်မှုကို သဘောပေါက်သွားခဲ့လျှင် ကျင့်ကြံရေးလမ်းစဉ်ကိုပင် ဖြတ်တောက်ပစ်နိုင်သည့် သူ့စိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။

နောက်ထပ် နာရီပိုင်းအကြာတွင် နှစ်ယောက်သားက မရပ်မနား စကားပြောလိုက်ကြသည်။ ထို့နောက် ဝမ်ဝေ့က တစ်ခုခု အမှတ်ရသွားဟန်ဖြင့် ပြောလိုက်သည် “ ကျောင်းတော် စစ်ဆေးပွဲတုန်းက ကိုယ့်ကို အစောပိုင်းဧကရာဇ်ခေတ်ကာလရဲ့ ကျင့်စဉ်တစ်ခု ပေးမယ်လို့ ပြောထားတာမလား။ ကိုယ် အခုလိုချင်တယ်”

“ တစ်ခုခုဖြ စ်လို့လား”

“ ရှေးဟောင်းဆွေကြီးမျိုးကြီးမျိုးနွယ်ထဲက တစ်ယောက် ပေါ်ထွက်လာပြီ”

“ အဲလောက်တောင် စောတယ်လား။ ဒီလူတွေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မနီးမချင်း ထွက်ပေါ်လာလေ့ မရှိဘူးလေ။ ဒီတစ်ခါက ဘယ်သူလဲ”

“ ဟို့မျိုးနွယ်”

“ မီးကို ပထမဆုံး ရှာတွေ့ခဲ့ပြီး အစားအစာတွေကို ချက်ပြုတ်ဖို့ မျိုးနွယ်ထဲ ဖြန့်ဝေခဲ့တဲ့ ပထမဆုံးသူပေါ့”

“ အဲဒါဆိုတော့ ကောလဟာလတွေက မှန်နေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည် “ မင်း ပြောထားသလောက် အဲဒီခေတ်ကာလတုန်းက မဟာဧကရာဇ်တွေ အမြောက်အများ ရှိခဲ့တယ်ဆို။ ဒီလိုအောင်မြင်မှုမျိုး ရဖို့အတွက် ဟို့မျိုးနွယ်က ကုသိုလ်အမြောက်အများ ရလိုက်မှာပဲ။ ဘာကြောင့် သူတို့က ဧကရာဇ် နည်းနေရတာလဲ”

“ သူတို့က ဗလာခေတ်ကာလအတွင်းမှာ သေဆုံးသွားတာ ဖြစ်နိုင်တယ်” ဝူဟုန်က ပြန်ဖြေလိုက်သည် “ ကျွန်မ သိထားသလောက် မဟာဧကရာဇ်နဲ့ ကမ္ဘာဦးနတ်ဘုရားနဲ့ ပင်ကိုနတ်ဆိုးတွေရဲ့ တိုက်ပွဲက ဟော်သဲ့သက်ရှိနဲ့ ပင်ကိုသက်ရှိရဲ့ ကြားက ကံကောင်းမှုတိုက်ပွဲပဲ … အနိုင်ရရှိသူက ဒီဒိုင်မေးရှင်းအနိမ့်ရဲ့ ဇာတ်လိုက် ဖြစ်လာပြီးတော့ အုပ်ချုပ်သူ ဖြစ်လာလိမ့်မယ်။ ကံကောင်းတာက ဟော်သဲ့သက်ရှိက အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့လည်း ဆိုးဆိုးရွားရွားတော့ ခံစားခဲ့ရတယ်။ ပြောရရင် မဟာဧကရာဇ် အမြောက်အများ သေဆုံးသွားတယ်လေ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ထိုတိုက်ပွဲသည် မည်မျှဆိုးရွားကြောင်း စိတ်ကူးယဉ်ကြည့်နိုင်မည် မဟုတ်ပေ။ သူက ထိုသို့သော တိုက်ပွဲမျိုးတွင် ပါဝင်ဆင်နွှဲခွင့် လိုချင်မိ၏။

ဝူဟုန်က ကျောက်တုံးတစ်တုံးနှင့် စာအုပ်နှစ်အုပ်ကို ထုတ်ကာ ဝမ်ဝေ့အား ပေးလိုက်သည်။ ဝမ်ဝေ့က ဘာကြောင့်နှစ်အုပ် ဖြစ်နေတာလဲဟူ၍ ခေါင်းရှုပ်သွားမိသည်။

တစ်ခုက ရှေးဟောင်းခေတ်ကာလမှ အခြေခံကျသည့် ကျင့်ကြံရေး နည်းစနစ်တစ်ခု ဖြစ်ပြီး ကျန်တစ်ခုက မကောင်းဆိုးဝါး နတ်ဘုရားခန္ဓာ ဆင့်ကဲခြင်း ၁၂ မျိုးဟု ခေါ်သည့် ကျင့်စဉ်တစ်ခု ဖြစ်၏။ ဝမ်ဝေ့က စိတ်ဝင်စားကာ အစပိုင်းကို ဖတ်ကြည့်လိုက်သည်။

“ ဒီကမ္ဘာမှာ သက်ရှိတွေအားလုံးကို  နဲ့ ပင်ကိုဆိုပြီးတော့ နှစ်မျိုးခွဲခြားနိုင်တယ်။ ဟော်သဲ့သက်ရှိရဲ့ ထိပ်တန်းအခြေအနေက စံပြလို့ သိပြီးတော့ ပင်ကိုသက်ရှိရဲ့ ထိပ်ဆုံးကိုတော့ မကောင်းဆိုးဝါး နတ်ဘုရားလို့ သိကြတယ်။ ပထမတစ်ခုအကြောင်းကို နာမည်ကလွဲပြီး ဘာမှမသိပေမဲ့ နောက်ကအကြောင်းကိုတော့ အများကြီး သိထားတယ်။

ပင်ကိုသက်ရှိနဲ့ ပတ်သက်လာတဲ့အခါမှာ သူတို့ကို နှစ်မျိုး ခွဲခြားနိုင်တယ်။ မိုးမြေက မွေးဖွားလာတဲ့သူ ဒါမှမဟုတ် ကမ္ဘာဦးအရှုပ်အထွေးကြားကနေ မွေးဖွားလာတဲ့သူ။ မိုးမြေကနေ မွေးဖွားလာတဲ့သူတွေကို ကမ္ဘာဦးနတ်ဘုရားနဲ့ ပင်ကိုနတ်ဆိုးလို့ သတ်မှတ်တယ်။ ဒါပေမဲ့ သူတို့အတွက် ဘုံနာမည်က ပင်ကိုနတ်ဆိုးနတ်ဘုရား …

ဟွင်သွမ်းကနေ မွေးဖွားလာတဲ့သူကိုတော့ ပင်ကိုမကောင်းဆိုးဝါး နတ်ဘုရားလို့ ခေါ်တယ်။ ငါ သိထားသလောက် အားအနည်းဆုံးက မဟာဧကရာဇ်အဆင့် ဖြစ်ပြီးတော့ အားအကြီးဆုံးကိုတော့ မသိရသေးဘူး။

အဖြစ်နိုင်ဆုံးက သူတို့တွေက ဟော်သဲ့သက်ရှိရဲ့ ထိပ်ဆုံးလို့ ယူဆလို့ရတဲ့ စံပြအခြေအနေနဲ့ မွေးဖွားလာပုံပဲ။ ဒီသတင်းအချက်အလက်ကို သိပြီးတဲ့နောက်မှာ ငါက မကောင်းဆိုးဝါး နတ်ဘုရားလို့သိထားတဲ့ သက်ရှိတွေရဲ့ စွမ်းအားကို ရယူဖို့ ဆုံးဖြတ်ခဲ့တယ်”

ဝမ်ဝေ့က ကျင့်စဉ်တစ်ခုလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် ဟော်သဲ့သက်ရှိအား မကောင်းဆိုးဝါး နတ်ဘုရား၏ သွေးမျိုးဆက်ကို ဖန်တီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ရေး နည်းလမ်းဖြစ်ကြောင်း သိသွားသည်။ ထို့နောက် ထိုမျိုးစေ့အား ဖြည်းဖြည်းချင်း ပျိုးထောင်ကာ အစစ်အမှန် မကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို နိုးထစေလာလိမ့်မည်။ ထိုအခါ အားကောင်းသည့် ခန္ဓာကိုယ်နှင့် သူတို့၏ အံ့ဖွယ်စွမ်းရည်များကိုပါ ရရှိလာလိမ့်မည်။

ထိုကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် နည်းလမ်းသုံးခု အသုံးပြုနိုင်လေသည်။ ပထမတစ်ခုက ပင်ကိုနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို ရှာပြီး သူတို့၏ သွေးမျိုးဆက်ကို ရယူခြင်း ဖြစ်၏။ ထိုအရာများက ပျက်သုန်းသွားပြီ ဖြစ်၍ ဖြစ်နိုင်ချေ မရှိတော့ပေ။ သူတို့က အသက်ရှိနေလျှင်ပင် သူတို့သွေးကို ရရှိဖို့အတွက် လွယ်ကူမည် မဟုတ်ပေ။

ဒုတိယနည်းလမ်းက နတ်ဆိုးသွေးမျိုးဆက်အား အသုံးချခြင်း ဖြစ်၏။ ကမ္ဘာအများစု၌ နတ်ဆိုးမျိုးနွယ်ကို ပင်ကိုနတ်ဆိုးများက သူတို့၏ခန္ဓာကိုယ်အပေါ် မူတည်ပြီး ဖန်တီးထားခြင်း ဖြစ်ပေသည်။

တတိယနည်းလမ်းအတွက်မူ မကောင်းဆိုးဝါး သားရဲများဟုခေါ်သည့် မျိုးနွယ်တစ်ခုကို အသုံးပြုခြင်း ဖြစ်၏။

ဝမ်ဝေ့က ထိုအရာအားလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။

“ အဆုံးမဲ့လေဟာနယ်အတွင်းမှာ ပါရမီရှင်တွေ ဒီလောက်အများကြီးရှိတာပဲ။ ဒီစာအုပ်က ကိုးဆင့်အထိပဲ ဖော်ပြထားတာ နှမြောစရာပဲ”

ထိုစာအုပ်အရ ၁၀ကြိမ်မြောက် ဆင့်ကဲပြောင်းလဲခြင်းကသာ ပင်ကိုမကောင်းဆိုးဝါးနတ်ဘုရား၏ သွေးမျိုးဆက်အစစ်အမှန်ကို မွေးဖွားလာနိုင်လိမ့်မည် ဖြစ်၏။

“ လူတစ်ယောက်က အဆင့် မတက်လှမ်းခင်တုန်းက ဒီအမွေအနှစ်ကို ချန်ထားခဲ့တာ။ အဲဒီအချိန်တုန်းက သူလည်း နောက်ထပ် ၃ဆင့် ရှိနေမှန်း မသိခဲ့ဘူး။ သူက စံပြတွေရဲ့ အကြောင်းကို များများစားစား မသိတော့ လေ့လာရုံလောက်ပဲ တတ်နိုင်တယ်”

“ သူ အောင်မြင်သွားလား”

“ အောင်မြင်တယ်။ သူလည်း လုပ်နိုင်မှတော့ ရှင်လည်း လုပ်နိုင်တယ်။ ရှင် ဧကရာဇ် ဖြစ်လာတာနဲ့ ကျန်တဲ့သုံးခုကို ကိုယ့်ဘာသာကို ဖန်တီးနိုင်လိမ့်မယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်မိသည်။ သူ့အကြည့်များက အနည်းငယ် အာရုံထွေပြားနေဟန်ပေါ်၏။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝူဟုန်က မေးလာသည် “ တစ်ခုခုတွေးနေမိလို့လား”

“ ခန္ဓာကိုယ်အတွင်းမှာ ဒီလိုမျိုး နယ်ခြားသွေးမျိုးဆက် ဖန်တီးပြီး ပြဿနာဖြစ်စေမဲ့အစား လူသားသွေးမျိုးဆက်ကို လိုက်လျောညီထွေ ဖြစ်စေလိုက်တာ ပိုကောင်းလိမ့်မယ်။ ဟော်သဲ့သွေးမျိုးဆက်ကို ပင်ကိုသွေးမျိုးဆက်အဖြစ် ပြောင်းလဲလိုက်ပြီးတော့ လူသားပင်ကို မကောင်းဆိုးဝါး နတ်ဘုရားသွေးဆက်အဖြစ် ဖန်တီးလိုက်မယ်”

ဝူဟုန်က ခေါင်းညိတ်လိုက်သည် “ ဒါက တကယ်ကို အကြံကောင်းပဲ။ ဒီနည်းနဲ့ဆိုရင် ရှင်က ရှင့်ခွန်အားကို တိုးတက်လာစေရုံတင် မကဘူး။ ကျင့်ကြံရေးပါရမီလည်း တိုးမြင့်လာလိမ့်မယ်။ ပြီးတော့ ရှင် အောင်မြင်သွားတာနဲ့ ဝမ်မိသားစုရော ယုမိသားစုပါ အကျိုးအမြတ် ရလိမ့်မယ်”

ပထဦးစွာ သူက သူမ စကားကြောင့် ခေါင်းရှုပ်သွားသော်လည်း ချက်ချင်း သဘောပေါက်သွားသည်။ သူ အောင်မြင်သွားသည်နှင့် သူနှင့် သွေးဆက်စပ်နေသူများအပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မည်။

“ ကိုယ် အဲဒါကို မတွေးမိလိုက်ဘူး”

ထို့နောက် ဝမ်ဝေ့က သာမန်ပုံပေါ်နေသည့် အညိုရောင် ကျောက်တုံးအကြောင်းကို မေးမြန်းလိုက်သည်။ ထိုအခါ ဝူဟုန်က လမ်းစဉ်ရှာဖွေရေး ကျောက်တုံးအကြောင်း ရှင်းပြလိုက်သည်။

သူက ထိုအကြောင်းကို ကြားပြီး အကြည့်များ တောက်ပလာလေသည်။ သူ့သွေးကို လေ့ကျင့်ပြီးဖို့ အဆင့် ၃ဆင့်လိုအပ်လေသည်။ ပထမတစ်ခုက သွေးမှ အညစ်အကြေးများကို ဖယ်ရှားကာ သွေးသစ် ဖန်တီးခြင်း ဖြစ်၏။ ဒုတိယတစ်ခုက သွေးအတွင်း အသက်ဓာတ်ကို ဖြည့်သွင်းကာ စိတ်ဝိညာဉ်သွေးအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ စိတ်ဝိညာဉ်သွေးက သွေးတစ်စက်ဖြင့် ပြန်လည်ရှင်သန်ထမြောက်ခြင်းအဆင့်၏ အုတ်မြစ် ဖြစ်လေသည်။

နောက်ဆုံးတွင် ပြီးပြည့်စုံသည်အထိ ရောက်ရှိပြီးသည့်နောက် နားလည်ခြင်း သို့မဟုတ် ဉာဏ်အလင်းပွင့်ခြင်းတို့ လိုအပ်လာသည်။ ထိုဉာဏ်အလင်းပွင့်ခြင်းက မသေမျိုး၊ ထာဝရ၊ မသေဆုံးနိုင်သော၊ မပျောက်ကွယ်နိုင်သော အစရှိသဖြင့် သဘောတရားအမျိုးမျိုး ဖြစ်နိုင်လေသည်။ ထိုအရာက လူတစ်ယောက်၏ ရွေးချယ်မှုအပေါ် မူတည်နေလေ၏။

ထို့ကြောင့် ဝမ်ဝေ့က သူ့ဉာဏ်အလင်းပွင့် လမ်းစဉ်အား မရွေးချယ်ရသေးပေ။ အကြောင်းမှာ သူ့အနေနှင့် မည်သည်က အသင့်တော်ဆုံး ဖြစ်မှန်း မသိသေး၍ ဖြစ်သည်။ သို့သော်လည်း ဤလမ်းစဉ်ရှာဖွေရေး ကျောက်တုံးဖြင့် အဖြေကို ရှာတွေ့နိုင်ရုံသာမက အချိန်လည်း သက်သာလိမ့်မည်။

“ ဒါက ချမ်းသာတဲ့ မိန်းမပျိုလေးရဲ့ ပြုစုပျိုးထောင်ခြင်းခံရတာ ဒီလိုခံစားချက်မျိုးကိုး။ ကိုယ့်ရဲ့ ရုပ်ချောချော မျက်နှာလေးကို အသုံးပြုသင့်လား”

“ ရှင် အဲလိုလုပ်ဖို့ ဆုံးဖြတ်ရင်လည်း ဒီသခင်မလေးက ရှင့်ကို မဟာဧကရာဇ်ဖြစ်လာတဲ့အထိ ထောက်ပံ့ပေးနိုင်ပါတယ်” ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ထားလိုက်ပါတော့လေ။ ကိုယ့်ဆီမှာလည်း မာန ကျန်ပါသေးတယ်”

All Chapters