← Chapters

အသက်ဆယ်သက် ပြန်လည်ဝင်စားခြင်း ကိုးကြိမ်

Vol. 26 Ch. 359

အသက်ဆယ်သက် ပြန်လည်ဝင်စားခြင်း ကိုးကြိမ်

Vol. 26 Ch. 359

အခန်း (၃၅၉) : အသက်ဆယ်သက် ပြန်လည်ဝင်စားခြင်း ကိုးကြိမ်

တိထျန်းက ပြန်လည်မဝင်စားခင် မတော်တဆ ဖြစ်ရပ် ရှိနိုင်ကြောင်း ပြောပြခံထားရသည်။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်ထား၏။ သူက ပင်ကိုရတနာများ၊ ပင်ကိုနတ်ဆိုး နတ်ဘုရားနှင့် ဧကရာဇ် သွေးများ၊ ဟွင်သွမ်းရတနာအချို့ဖြင့် ပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေကို ပြန်လည်အားဖြည့်ဖို့အတွက် ချန်ထားခဲ့သည်။ ထိုအရာအားလုံးကို ရရှိဖို့အတွက် သူက ထိုစစ်ပွဲအတွင်း လူသားမျိုးနွယ်အတွက် သူ ရရှိထားသည့် ကုသိုလ်အားလုံးကို အသုံးပြုခဲ့ရသည်။

သူ ထင်ထားသည့်အတိုင်း မတော်တဆ ဖြစ်ရပ်ဖြစ်လာခဲ့သည်။ သူ ပြန်လည်ဝင်စားလာသည့်အခါ စစ်ပွဲပြီးဆုံးသွားပြီး ဗလာခေတ်ကာလ ကျော်လွန်သွားပြီ ဖြစ်၏။

သူ သိထားသည့် လူတိုင်းက သေဆုံးသွားပြီ ဖြစ်သော်လည်း သူကမူ ဆက်လက် လျှောက်လှမ်းရသည်။ သူ့တွင် ဖြည့်ဆည်းရမည့် တာဝန် ရှိသေးသည် မဟုတ်ပါလော။ သူက မဟာဧကရာဇ်ဖြစ်လာကာ သူ၏ ချစ်ဇနီး နဉ်အာကို ပြန်လည်အသက်သွင်းရမည်။

သူ ချန်ထားခဲ့သည့် ပစ္စည်းများကို အသုံးပြုကာ သူက အစစ်အမှန်အုပ်ချုပ်သူအဆင့်ကဲ့သို့ နယ်ပယ်ကို ရောက်ရှိလာခဲ့သည်။ ထိုပတ်ဝန်းကျင်က ပြောင်းလဲသွားသောကြောင့် ရှေးဟောင်းကျင့်ကြံရေး နည်းစနစ်အတွက် အခက်ဖြစ်နေသော်လည်း သူ့လက်ထဲတွင် ရှိနေသည့် အရင်းအမြစ်များဖြင့် ပြဿနာ မဟုတ်ပေ။

ကောင်းကင်အလိုဆန္ဒ တိုက်ပွဲသို့ ရောက်ရှိလာသည့်အခါ တိထျန်းက ဝမ်ဝေ့၏ ဘိုးဘေး ဧကရာဇ်ချီယွမ်၏ လက်ထဲတွင် ရှုံးနိမ့်သွားလေသည်။ ထိုအရာက ကံမကောင်းသော်လည်း သူက သူ့ရှုံးနိမ့်မှုကို တည်တည်ငြိမ်ငြိမ် လက်ခံခဲ့သေးသည်။ ပြောရလျှင် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။

ထို့အပြင် သူက ဧကရာဇ်ချီယွမ်သည် ခေတ်တစ်ခေတ်၏ ကံကောင်းမှုကို သူနှင့်အတူ သယ်ဆောင်ထားကြောင်း သိလေသည်။ သူက ခေတ်သစ်ကို ဖွင့်လှစ်ကာ တာအိုအား အသင်္ချေအင်ပါယာ နယ်မြေတစ်ခုလုံးကို ဖြန့်ဝေပေးဖို့ ကံကြမ္မာဖန်လာပြီးသား ဖြစ်၏။ ထို့ကြောင့် သူက နောက်ထပ် ပြန်လည်ဝင်စားဖို့အတွက် ပြင်လိုက်၏။

သူ မသေဆုံးခင် ကျင့်ကြံရေးမျိုးစေ့ကို ဖွဲ့စည်းကာ ထိုအရာဖြင့် ပြန်လည်ဝင်စားခဲ့သည်။ ထိုမျိုးစေ့၏ ရည်ရွယ်ချက်က ထိပ်ဆုံးအထိ ကျင့်ကြံပြီးနောက် သူ့ယခင်ဘဝမှ စွမ်းအားအကုန် စုပ်ယူခွင့် ပြုထားခြင်း ဖြစ်၏။ ထို့ကြောင့် သူက ဒုတိယမြောက် ပြန်လည်ဝင်စားခြင်း ဘဝတွင် ထိပ်ဆုံးသို့ ပြန်လည် ကျင့်ကြံနိုင်ခဲ့သည်။ ဤတစ်ကြိမ် သူက မိုးမြေနှင့် သင့်တော်သည့် မူလနည်းစနစ်ကို ပြောင်းလဲကျင့်ကြံခဲ့သည်။ သူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် ယခင်ဘဝမှ ကျင့်ကြံဆင့်ကို စုပ်ယူကာ သူ့အင်အားကို တိုးမြှင့်လိုက်သည်။

ကံဆိုးစွာဖြင့် သူက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွင်း ကျရှုံးသွားပြန်သည်။ ဤတစ်ကြိမ် သူ့ ပြိုင်ဘက်က ယန်းမိသားစု၏ ဘိုးဘေး ဓားဧကရီ ဖြစ်၏။ ယနေ့အထိ တိထျန်းက ထိုတိုက်ပွဲကို အမှတ်ရနေသေးသည်။ ဓားဧကရီက ဝါးတုတ်တံလေးကို ဓားအဖြစ် ကိုင်ဆောင်ကာ အညင်အသာ ဝှေ့ယမ်းလိုက်သည့်အချိန် ကြောက်မက်ဖွယ် ဓားချီက သူ့ခန္ဓာကိုယ်အား အပိုင်းပိုင်း အစိတ်စိတ် ဖျက်ဆီးသွားလေသည်။

ကံကောင်းစွာဖြင့် သူက ကျင့်ကြံရေးမျိုးစေ့ကို ပြုစုပြီးသား ဖြစ်သည့်အတွက် သူ့ဝိညာဉ်က အကောင်းအတိုင်း ကျန်ရှိနေလေသည်။ ထို့ကြောင့် သူက ပြန်လည်ဝင်စားသွားလေသည်။

သုံးကြိမ်မြောက်နှင့် လေးကြိမ်မြောက်တွင် တိထျန်းအနေဖြင့် သူ မည်သို့ရှုံးနိမ့်သွားရသည်ကို မှတ်ဉာဏ် မရှိပေ။ သူ မှတ်မိသည်က တိုက်ပွဲတွင် ပါဝင်ပြီး အမည်မသိ အကြောင်းအရင်း တချို့ကြောင့် သူ့အား အနိုင်ယူသွားသူ၏ မျက်နှာ သို့မဟုတ် နာမည်ကို အမှတ်မရပေ။ အမှန်အတိုင်းဆိုရလျှင် သူက မည်သို့ရှုံးနိမ့်ခဲ့မည်မှန်းပင် မသိပေ။

ငါးကြိမ်မြောက်တွင် သူက ဗုဒ္ဓဘုန်းကြီးတစ်ပါးအဖြစ် မွေးဖွားလာခဲ့သည်။ သူက အလွန်ပါရမီကောင်းပြီး ဗုဒ္ဓဂိုဏ်း၏ ထောက်ပံ့မှုဖြင့် ကျင့်ကြံခဲ့သည်။ ထိုဘုန်းကြီးက သူ့ဝိညာဉ်ကို သုံးပိုင်းခွဲပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဗုဒ္ဓကျမ်းကို ကျင့်ကြံခဲ့သည်။

ထိုအရာက မရိုးရှင်းလှပေ။ အကြောင်းမှာ ထိုစာအုပ်က ဧကရာဇ်ကျမ်းသုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထား၍ ဖြစ်သည်။ ပြောရလျှင် ဆက်တိုက်ကျင့်ကြံဖို့ မဟုတ်ပေ။

အကယ်၍ အောင်မြင်သွားပါက ထိုဘုန်းကြီးသည် ဗုဒ္ဓရွှေခန္ဓာကို ကျင့်ကြံထားသည့် ဗုဒ္ဓဘာသာ၏ ယခုမျိုးဆက် ကောင်းကင်ရွေးချယ်ခံနှင့် ယှဉ်နိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သေးသည်။ ထိုဘုန်းကြီးက အောင်မြင်တော့မည့်ဆဲဆဲတွင် ယခင်ဘဝမှ မှတ်ဉာဏ်များ နိုးထလာခဲ့သောကြောင့် ကျင့်ကြံရေး ဖောက်ပြားသွားလေသည်။

သူ ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းဖြင့် ကမ္ဘာဦးစိတ်ဝိညာဉ်၏ ဒဏ်ရာကို ကုသနိုင်ခဲ့သည်။ သို့သော်လည်း သူ့အသိစိတ်ပင်လယ်က အချိန်စည်းမျဉ်း သောင်းပြောင်းမှုဖြင့် ပြည့်နှက်နေပြီး သူ့စိတ်ကို ဆက်တိုက်ဆိုသလို လွှမ်းမိုးနေလေသည်။

ကောင်းကင်အလိုဆန္ဒ တိုက်ပွဲသို့ ရောက်ရှိလာသည့်အခါ သူက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်နှင့် ရင်ဆိုင်ခဲ့ရသည်။ သူက စွမ်းအားတစ်ဝက်ကိုပင် ထုတ်မသုံးနိုင်ဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလေသည်။

ထိုစဉ် သူက တိထျန်းက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူက ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ၏ ၆ ကြိမ်မြောက် ပြန်လည်ဝင်စားခြင်းတွင် သူက မိစ္ဆာမျိုးနွယ်မှ မင်းသားတစ်ပါး ဖြစ်ခဲ့သည်။ သူ့မှတ်ဉာဏ်ကို ပြန်လည်ရရှိလာသည်နှင့် တစ်ခုခုမှားယွင်းနေသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

သူက ရွာငယ်လေးမှ မိန်းကလေးတစ်ဦးနှင့် ရန်ကြွေးဖွဲ့ထားလေသည်။ အကြောင်းမှာ တချို့သော လူသားသစ္စာဖောက်များက သူမအား သူ့ထံ အပ်နှင်းလို၍ ဖြစ်သည်။

ပုံမှန်အားဖြင့် လူအများစုက ထိုသေးငယ်သည့်အရာကို ဂရုစိုက်ကြမည် မဟုတ်ပေ။ သို့သော် သူ့ယခင် ပြန်လည်ဝင်စားမှု အတွေ့အကြုံများမှ သူက သတိကြီးကြီးထားလေသည်။

သူက စုံစမ်းပြီးသည့်နောက်တွင် ထိုမိန်းကလေးသည် ဧကရာဇ်ချီယွမ်ကဲ့သို့ မြောက်များလှသည့် ချီကံကောင်းမှုကို သယ်ဆောင်ထားလေသည်။ ထို့အပြင် မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို ကပ်ဘေးချီဖြင့် ဖုံးလွှမ်းထားသောကြောင့် မကြာခင်ဆိုးဆိုးရွားရွား ကပ်ဘေးကြုံတွေ့ရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူက အလျင်အမြန် လှုပ်ရှားကာ အခြေအနေကို ကိုင်တွယ်ခဲ့သည်။ သူက လူသားခေါင်းဆောင်များအား ဆက်သွယ်ကာ ထိုမိန်းကလေးနှင့် တွေ့ခွင့်ပေးသရွေ့ လူသားမျိုးနွယ်အတွက် ပတ်ဝန်းကျင် ကောင်းကောင်းနှင့် ဆက်ဆံမှုကောင်းကောင်း ပေးမည်ဟု ကတိပေးခဲ့သည်။ ဤသည်က လူသားမျိုးနွယ်နှင့် ကိစ္စများ ချောမွေ့စေဖို့ ပြီးပြည့်စုံသော အစီအစဉ် တစ်ခုဖြစ်ပြီး သူ့ကံကြမ္မာတချို့လည်း ဆေးကြောနိုင်မည် ဖြစ်ကာ ကံကြမ္မာချီးမြင့်ခံထားရသူနှင့်လည်း အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် သူ့စကားများကို မှားယွင်းစွာ ကောက်ချက်ချသွားကြသည်။ ရလဒ်အနေဖြင့် လူများစွာက ထိုမိန်းကလေးအား လိုက်ဖမ်းကြသောကြောင့် သူမ၏ ဘဝက ပိုမိုဆိုးရွားသွားလေသည်။ ထို့ကြောင့် သူက သူ၏ သတင်းစုဆောင်းရေးအဖွဲ့ဖြစ်သည့် သူနှင့် တစ်ပါတည်း ပြန်လည်ဝင်စားလာကြသော အိပ်စက်သူများကိုပင် စေခိုင်းခဲ့သည်။ ထိုသူများက သူနှင့်မတူဘဲ မျိုးဆက်တစ်ခုချင်းစီတွင် လူများစွာ ရှိသည့်အတွက် သူတို့၏ သတင်းစုဆောင်းနိုင်နှုန်းက စိတ်ကူးကြည့်၍ မရနိုင်ပေ။ သူတို့ သတင်းရယူဖို့ ကျရှုံးခဲ့သည့် တစ်ခုတည်းသောအချိန်က သုံးကြိမ်မြောက်နှင့် လေးကြိမ်မြောက် ပြန်လည်ဝင်စားခြင်းတွင် ဖြစ်၏။

သူတို့ပင် ဘာမှန်း မသိခဲ့ကြပေ။

အဆုံးသတ်၌ အိပ်စက်သူများက ထိုမိန်းကလေးကို ဖမ်းဆီးဖို့ ကျရှုံးခဲ့သည်။ သူမက တစ်နည်းနည်းဖြင့် ထွက်ပြေးသွားနိုင်ဟန်ပေါ်၏။ တိထျန်းက ရွေးချယ်စရာ မရှိဘဲ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်။

၆ ကြိမ်မြောက် ပြန်လည်ဝင်စားခြင်း ဖြစ်၍ သူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ကျင့်ကြံပြီးသည့်နောက်တွင် သူ့စွမ်းအားက ၆ ဘဝလုံးစာ စွမ်းအားကို ရရှိထားသည်။ သူ့စွမ်းအားဖြင့် သူ ရှုံးနိမ့်လိမ့်မည်ဟု မထင်ပေ။ သို့သော် သူ တရားမျှတစွာ ရှုံးနိမ့်သွားလေသည်။

နောက်ဆုံးတိုက်ပွဲတွင် မိစ္ဆာနတ်ဘုရားများ၏ လျှို့ဝှက်စွက်ဖက်မှုတချို့ ရှိခဲ့သော်လည်း သူက ဧကရီဝူထံ ရှုံးနိမ့်ခဲ့ဆဲ ဖြစ်၏။ ထို့အပြင် သူမက အနိုင်ရရှိသည်နှင့် သူ့အား စည်းပိတ်ကာ သူပါရမီနှင့် ခွန်အားကို ခိုးယူပြီး သတ်ဖြတ်ခဲ့သည်။

ကံကောင်းစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သည်။ သူ့ဝိညာဉ် အပိုင်းအစတစ်ခုက အသက်ရှင်ကာ လူသားကျင့်ကြံသူ တစ်ဦးဆီ ဝင်ရောက်နိုင်ခဲ့သည်။ သူက ဧကရီဝူသည် မိစ္ဆာမျိုးနွယ်ကို အရူးအမူး သတ်ဖြတ်နေသည့် ကာလတွင် သူက ပြန်လည်ကျင့်ကြံပြီး ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် သူက ကျင့်ကြံရေးမျိုးစေ့ကို ဖွဲ့စည်းကာ ၇ ကြိမ်မြောက် ဝင်စားဖို့အတွက် ပြင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက မဟာဧကရာဇ်ဖြစ်လာဖို့အတွက် ကျရှုံးခဲ့ပြန်သည်။ အကြောင်းအရင်းက သူက မိစ္ဆာကျင့်ကြံသူအဖြစ် မွေးဖွားလာ၍ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူ့မှတ်ဉာဏ်များက ရောက်ရှိလာသည်နှင့် သူသည် လက်ရှိမျိုးဆက်အတွင်း တည်ရှိသည့် အကြီးမားဆုံး မိစ္ဆာတစ်ဦးဟု ယူဆနိုင်လေသည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပြစ်ကြွေးဖြင့် စွန်းထင်းနေသောကြောင့် တကယ့်မိစ္ဆာထက်ပင် ပို၍ဆိုးရွားနေသည်။ ထိုအပြစ်ကြွေးများက သူ ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

ဧကရာဇ်ခုံက ကုသိုလ်များသည့် လူတစ်ဦး ဖြစ်လေသည်။ သူက ကျောင်းတော်စနစ်ကို ဖန်တီးခဲ့သည့်အတွက် ကုသိုလ်ရွှေခန္ဓာကိုယ်ကို ကျင့်ကြံနိုင်လောက်အောင် ကုသိုလ်များ ရရှိခဲ့သည်။ တိထျန်းလိုမျိုး မိစ္ဆာကျင့်ကြံသူက ထိုလူနှင့် ရင်ဆိုင်ရသည့်အခါ ကုသိုလ်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး သူ့အင်အား၏ ဆယ်ပုံတစ်ပုံပင် ထုတ်မသုံးနိုင်ခဲ့ပေ။

ဤသို့ဖြင့် သူက မဟာဧကရာဇ် ဖြစ်လာဖို့အတွက် ကျရှုံးသွားပြန်သည်။

ဤတစ်ကြိမ် တိထျန်းက စိတ်ဓာတ်ကျလာ၏။ ကျရှုံးမှုများ ထပ်ခါထပ်ခါ ဖြစ်နေသည်က သူ့တာအိုနှလုံးသားကို ပြိုကွဲသွားစေသည်။ သို့သော်လည်း သူ့ဇနီး၏ အပြုံးကို ပြန်လည်မြင်တွေ့ရမည်ဟူသော စိတ်ဆန္ဒဖြင့် ဆက်လက်သွားနေခြင်းသာ ဖြစ်၏။

တန်ကြေးက မည်သို့ပင် ဖြစ်စေကာမူ၊ သူ မည်မျှပင် လဲကျစေကာမူ သူ ပြန်လည်ထရမည်။

ထို့ကြောင့် သူက ၈ ကြိမ်မြောက် ပြန်လည်ဝင်စားခြင်းသို့ ဝင်ရောက်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း နောက်ထပ် ထာဝရဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ဤတစ်ကြိမ် ရှုံးနိမ့်မှုက သူ့အား အကြီးအကျယ် ဒေါသထွက်စေသည်။

သူ ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်လက်ထဲတွင် ရှုံးနိမ့်ပြီးသည့်နောက် သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များ နိုးထလာ၍ ဖြစ်သည်။ သူက ယခင်ဘဝများမှ စွမ်းအားများကို စုပ်ယူဖို့ အခွင့်အရေးပင် မရလိုက်ပေ။

ထိုစဉ်တိထျန်းက ကောင်းကင်တာအိုသည် သူ့ပြန်လည်ဝင်စားခြင်းအား ကြိုးဆွဲကာ မဟာဧကရာဇ်ဖြစ်လာခြင်းမှ တားဆီးနေကြောင်း သိလိုက်သည်။ သူက တားမြစ်ချက်တစ်ခုကို ကျူးလွန်ထားသလိုမျိုး ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူက လက်မလျှော့ပေ။

သူက ၉ ကြိမ်မြောက်နှင့် နောက်ဆုံးသော ပြန်လည်ဝင်စားခြင်းအတွက် ပြင်ဆင်လိုက်သည်။ ထိုစဉ် သူ့ဝိညာဉ်က အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၍ ၁၀ ကြိမ်မြောက် ပြန်လည်မဝင်စားနိုင်တော့ပေ။

တိထျန်းက သေချာလေ့လာထားပြီး အချိန်မှန်တွင် မွေးဖွားလာပြီး သူ့မှတ်ဉာဏ်များကလည်း အချိန်ကိုက် နိုးထလာခဲ့သည်။ ထို့ကြောင့် သူက ကံကောင်းမှုဖြင့် ကောင်းချီးပေးခံထားရသည်ကို သေချာအောင်ပင် ပြုလုပ်ခဲ့သည်။

သူ့ ကိုးဘဝ စွမ်းအားဖြင့် ပလ္လင်ကို အနိုင်ရရှိဖို့အတွက် သေချာနေသည်။ သို့သော် ယခုတွင် သူက ပြောင်းလဲနိုင်ချေ ရှိကြောင်း သတင်းသိလိုက်ရသည်။ ဝမ်ဝေ့က မည်မျှပင် ပါရမီကောင်းစေကာမူ သူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူ့အတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်တော့ပေ။ သူ့ပါရမီဖြင့် ၆ ကြိမ်မြောက် ဝင်စားခြင်းတွင် ဧကရီဝူကဲ့သို့သော စွမ်းအားမျိုး ရောက်ရှိနိုင်လိမ့်မည်။

သူက ပိုမိုပါရမီကောင်းလျှင် အလွန်ဆုံး ၇ ကြိမ်မြောက် ပြန်လည်ဝင်စားခြင်း စွမ်းအားလောက် ရောက်ရှိနိုင်ပြီး ၈ကြိမ်မြောက် အထိ ရောက်ရှိနိုင်လိမ့်မည်။ သို့သော် ၉ ကြိမ်မြောက်တော့ မဟုတ်ပေ။

သူက ၉ ကြိမ်သည် သိသိသာသာ အပြောင်းအလဲ ဖြစ်ပြီး မည်မျှအားကောင်းမည်ကို သိထားလေသည်။

တိထျန်းက ရုတ်ချည်းဆိုသလို တစ်ခုခုကို စဉ်းစားမိသွားကာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသောကြောင့် လျှို့ဝှက်ကောင်းကင် မျှော်နန်းတစ်ခုလုံးအား တုန်ခါသွားစေသည်။

All Chapters