← Chapters

ရှေးဟောင်းမျိုးနွယ်၏ ရည်မှန်းချက်

Vol. 26 Ch. 363

ရှေးဟောင်းမျိုးနွယ်၏ ရည်မှန်းချက်

Vol. 26 Ch. 363

အခန်း (၃၆၃) : ရှေးဟောင်းမျိုးနွယ်၏ ရည်မှန်းချက်

ဟို့ဖုန်းဟွမ်က သူမနောက်ရှိ လေဟာနယ်သည် အဆောင်၏ ပိတ်ဆို့မှုကို ခံလိုက်ရကြောင်း မြင်လိုက်ရသည်။ သူမ၏ တာအိုကာကွယ်သူများက ဤနေရာသို့ ရောက်လာဖို့အတွက် အချိန်ကြာမြင့်နေလောက်သည်။

ထို့နောက် သူမက ထိုအရာအားလုံး၏ တာဝန်ရှိသည့် ဝမ်ဝေ့အား ကြည့်လိုက်သည်။

အတော်လေးကို ခန့်ညားတဲ့သူပဲ

သူမက သူမဘာသာ တွေးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ငါတို့ ပင်မတောင်မှာ ချန်ထားခဲ့တဲ့ သူလျှိုအရ ဒီဂူဗိမာန်ကို ပထမဆုံး ရောက်ရှိခဲ့တဲ့သူက သားရဲမွေးမြူရေးတောင်ကြားပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဝမ်မျိုးနွယ်ရဲ့ မျိုးဆက်က ဒီရောက်နေပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ရာအတွင်း တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်းတွေ ပြုမူနေတာ။ သူတို့က ကိစ္စတစ်ခုလုံးနဲ့ ပတ်သက်ပြီး အရမ်းကို တည်ငြိမ်အေးဆေးနေသလိုပဲ။

ကြည့်ရတာ သူတို့က ငါတို့လိုမျိုး ဗဟိုချက်ဆီ ဝင်ရောက်ဖို့ နည်းလမ်း ရှိထားပုံပဲ။

ထိုစဉ် ဝမ်ဝေ့ကလည်း ဟို့ဖုန်းဟွမ်အား ကြည့်လိုက်သည်။

အတော်လေးကို လှတဲ့ မိန်းကလေးပဲ

သူက တွေးလိုက်မိသည်။ သူ့အနေနှင့် သူမကို ပထမဆုံး တွေ့ဖူးခြင်း မဟုတ်သော်လည်း သူမကို အနီးကပ် မြင်ဖူးသည်မှာ ပထမဆုံး ဖြစ်၏။

ပြီးတော့ ပိုအရေးကြီးတာက သူမရဲ့ အရှိန်အဝါက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်နဲ့ ညီတယ်ဆိုတာကို ပြနေတယ်။ သူမက လုံးဝမဖုံးကွယ်နိုင်သေးဘူးဆိုတော့ သူမရဲ့ စွမ်းအားအပေါ် ထိန်းချုပ်မှု လစ်ဟာနေတုန်းပဲ။ ကြည့်ရတာ လတ်တလော အဆင့်တက်လှမ်းထားတဲ့ ရလဒ်ပဲ ဖြစ်လောက်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ပင်မတောင်မှာရှိတဲ့ အစီအရင်အားလုံးကို အားနည်းသွားစေတာက သူမရဲ့ အဆင့်တက်လှမ်းမှုကြောင့်များလား

“ မိန်းကလေးဟို့ကလည်း ဒီဂူဗိမာန်အတွက် ရောက်လာတာလား”

“ ဟုတ်ပါတယ်”

“ ဒီလိုဆိုရင် ဘယ်သူရမယ်ဆိုတာကို လက်သီးနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့။”

ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်း အရိုးများကို တိတ်တဆိတ် သိမ်းဆည်းလိုသော်လည်း ထိုသို့လုပ်ဖို့ရာ ခုခံမှုတချို့ ရှိနေသောကြောင့် ချက်ချင်း မလုပ်ဆောင်နိုင်သေးပေ။

ထို့အပြင် သူက ထိုမိန်းကလေး၏ တိုက်ခိုက်လိုစိတ်ကို ခံစားမိလေသည်။ သူမက သူ့အပြုအမူတိုင်းကို လိုက်ကြည့်နေ၏။

သူက ထပ်မပြောဘဲ သူမဆီ ပြေးဝင်သွားလိုက်သည်။ ဤတစ်ကြိမ်က သူ့အတွက် အရေးမသာကြောင်း သိထားလေသည်။ သူ့အဆောင်က လေဟာနယ်ကို အကြာကြီး ပိတ်ဆို့ထားနိုင်မည် မဟုတ်ပေ။ သူ့တာအိုကာကွယ်သူများကလည်း ဗဟိုချက်ဆီ ဝင်ရောက်လာမည့် တခြားအင်အားစုများကို တားဆီးထားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူ့အတွက် အခြေအနေက ပို၍ အရေးနိမ့်လာနိုင်သည်။

ဝမ်ဝေ့၏ ကိုယ်ပွားက လက်သီးချက် ပစ်ခွင်းလိုက်သည်။

ဝှစ်

သူ့  အားကောင်းသည့် ခန္ဓာကိုယ်၏ ခွန်အားအောက်တွင် လေထုက တုန်ခါသွားလေသည်။ သို့သော်လည်း သူ့အား အံ့အားသင့်သွားစေသည်က ဟို့ဖုန်းဟွမ်က သူ့လိုမျိုး လှုပ်ရှားမှုအတူတူနှင့်သာ တုံ့ပြန်လာလေသည်။

ဘန်း

လက်သီးနှစ်ချက်က ထိပ်တိုက်ရင်ဆိုင်သွားပြီးနောက် အားကောင်းသည့် လှိုင်းများက ပတ်ဝန်းကျင်ကို မီတာရာချီ တုန်ခါသွားစေသည်။

ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ခန္ဓာကိုယ်လဲ။

ဝမ်ဝေ့က ပထမအကြိမ် တွေ့ဆုံမှုနောက်တွင် ရေရွတ်လိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားလာမိ၏။ သူက လက်သီးချက်များ ထပ်ခါထပ်ခါ ပစ်ခွင်းနေသည်။ စက္ကန့်ပိုင်းအတွင်း သူက လက်သီးချက် သန်းချီ ပစ်ခွင်းပြီးသွားပြီ ဖြစ်သော်လည်း သူမက အေးအေးဆေးဆေး တုံ့ပြန်နေဆဲသာ ဖြစ်၏။

ထိပ်တိုက်ရင်ဆိုင်မှု အလဲအလှယ်အပြီးတွင် နှစ်ဦးသားက တစ်ပြိုင်နက် ရပ်တန့်လိုက်ကြသည်။ ဝမ်ဝေ့က သူမ၏ လက်သီးသည် ပြီးပြည့်စုံနေသေးကာ အနည်းငယ်မျှပင် အနီရောင်သန်းမသွားသေးကြောင်း သတိပြုမိလိုက်သည်။ သူမ၏ အသက်ရှူနှုန်းက သာမန် ဖြစ်နေပြီး နဖူးအထက် ချွေးတစ်စက်ပင် မမြင်ရပေ။

“ မိန်းကလေးဟို့က တကယ့်ကို အံ့ဩစရာပါပဲ။” ဝမ်ဝေ့က ချီးကျူးလိုက်သည် “ အဲဒီ သနားစရာကျီစုန့် သေသွားပြီးကတည်းက ဒီလိုမျိုး အားတက်သရော တိုက်ပွဲမျိုး မတိုက်ရတာ ကြာလှပြီ။”

“ သခင်လေးဝမ် ကျွန်မက ရှင့်ရဲ့ သဲအိတ် မဟုတ်ဘူး”

“ ကျုပ်စကားတွေက ရိုင်းသွားတယ်ဆိုရင် တောင်းပန်ပါတယ်။ တစ်ခါတစ်ရံ တိုက်ပွဲဆာလောင်စိတ်က ကျုပ်ကို လွှမ်းမိုးသွားတတ်လို့ပါ”

“ ကောင်းပြီ ရှင် တောင်းပန်တာကို လက်ခံပါတယ်” ဟို့ဖုန်းဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူမက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် အလေးအနက် ဖြစ်နေလေသည်။ သူမက မိုးမြေကြားမှ ဆန်းကြယ်မှုများကို မြင်တွေ့နိုင်စေသည့် စက္ခုလျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားလေသည်။

ထို့ကြောင့် သူမက သူမရှေ့ရှိလူသည် တကယ့်ခန္ဓာကိုယ်အစစ်၏ ကိုယ်ပွားမျှသာ ဖြစ်ကြောင်း သိထားလေသည်။ သို့သော်လည်း ကိုယ်ပွားတွင် အံ့မခန်း ခွန်အားမျိုး ရှိနေလေ၏။ ပင်မခန္ဓာကိုယ်က မည်မျှအားကောင်းနေမည်ကို တွေးမကြည့်နိုင်ပေ။

သူမက ထိုအရာကို တွေးမိပြီးနောက် သူမ၏ ရည်မှန်းချက်ကို ရဖို့အတွက် နောက်ထပ် မတူညီသည့် နည်းလမ်းဖြင့် ချဉ်းကပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ သခင်လေး ဝမ်ဝေ့ ကျွန်မတို့ နောက်တစ်လှမ်းစီ ဆုတ်လိုက်ရင် ဘယ်လိုလဲ။ ကျွန်မအတွက် နဂါးကျောရိုးကနေ သွေးစက်အနည်းငယ်ပဲ လိုအပ်တယ်။ အဲဒါပြီးရင် ကျွန်မ ကိုယ့်လမ်းကိုယ်သွားမယ်”

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်သည်။ ဤကိုယ်ပွား၏ ခွန်အားဖြင့် သူမကို အနိုင်ယူလိုလျှင် အချိန်ခဏကြာမြင့်လိမ့်မည်။ သူက မအောင်မြင်ကောင်း မအောင်မြင်နိုင်ပေ။ သူမက ရှေးဟောင်းမျိုးနွယ်မှ ပြုစုပျိုးထောင်ပေးထားသည့် လူတစ်ယောက်အဖြစ် ထိုက်တန်ကြောင်း ဝန်ခံရပေမည်။ ထို့အပြင် အချိန်က သူ့ဘက်မှာ ရှိမနေပေ။

“ မင်းက ဘယ်လောက်လိုအပ်တာလဲ”

“ ဆယ်စက်”

“ မင်းကို ငါးစက်ပဲ ပေးမယ်။ ဒါပေမဲ့ မင်းဆီကနေ တောင်းဆိုစရာ နှစ်ခု ရှိတယ်။”

ဟို့ဖုန်းဟွမ်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက ကျောရိုးသည် သွေးစက်ပေါင်း တစ်ရာကျော် ရရှိနိုင်သောကြောင့် အများကြီး တောင်းဆိုနေခြင်း မဟုတ်ဘဲ ဆယ်ရာခိုင်နှုန်းမျှသာ တောင်းဆိုနေခြင်း ဖြစ်၏။ သို့သော်လည်း ထိုသွေး၏ ရည်ရွယ်ချက်ကို တွေးမိပြီးသည့်နောက်တွင် သူမက သဘောတူလိုက်သည်။

“ကောင်းပြီ။ ဒါပေမဲ့ လွန်လွန်ကြူးကြူးတော့ မတောင်းဆိုပါနဲ့”

“ ကောင်းပြီ။ အခြေအနေက အဆင်ပြေပြီ။” ဝမ်ဝေ့က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ ကံဆိုးစွာဖြင့် ဟို့ဖုန်းဟွမ်က သူ၏ ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ကို ဂရုမစိုက်ပေ။

“ ကျုပ်ရဲ့ ပထမဆုံး တောင်းဆိုမှုက မေးခွန်းတစ်ခုပဲ။ မင်းတို့ရဲ့ ရှေးဟောင်းမျိုးနွယ်က အပြောင်းအလဲကို ဘာလို့ ဆက်တိုက်ငြင်းပယ်နေကြရတာလဲ။ အချိန်ကြာလာတာနဲ့အမျှ မင်းတို့ရဲ့ မျိုးနွယ်က ပိုပြီး အားနည်းလာမှာပဲလေ”

ဟို့ဖုန်းဟွမ်က ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည် “ ကျွန်မတို့က အဲဒီခေတ်ကာလတုန်းက ဘယ်လောက်ကြွယ်ဝခဲ့တယ်ဆိုတာကို ရှင် နားမလည်နိုင်ပါဘူး။ နမူနာအနေနဲ့ ပြောရရင် ကျွန်မတို့ ဟို့မျိုးနွယ်က ဗလာခေတ်ကာလ မစတင်ခင် မဟာဧကရာဇ် ရှစ်ယောက် ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့အားလုံး သေဆုံးသွားကြပြီ။

ရှင် ပြောတဲ့ အားအကောင်းဆုံး ရှေးဟောင်းမျိုးနွယ်က သူတို့ရဲ့ အထွတ်အထိပ်အခြေအနေမှာ မဟာဧကရာဇ် ၁၂ ယောက်အထိ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့အားလုံးက အမွေအနှစ်တောင် မချန်ထားနိုင်ခဲ့ပဲနဲ့ သေဆုံးသွားခဲ့ကြတယ်”

ဝမ်ဝေ့က ထိုအကြောင်းအရာကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ ရှေးခေတ်အချိန်အခါက ဧကရာဇ်ကိုးပါးကျိန်စာ သဘောတရားသည် မတည်ရှိကြောင်း မှန်းဆမိလိုက်သည်။ အကယ်၍ ဟို့မျိုးနွယ်စုသည် ရှေးဟောင်းဧကရာဇ် ခေတ်ကာလအပြီးတွင် ဧကရာဇ်သုံးပါးကိုပါ ထည့်တွက်လိုက်လျှင် သူတို့တွင် စုစုပေါင်း ဧကရာဇ် ၁၁ပါး ရှိနေပြီ မဟုတ်ပါလော။ သူတို့တာအိုအခွင့်အလမ်းဂိုဏ်းထက်ပင် နှစ်ယောက် ပိုနေသေးသည်။

“ ကျွန်မတို့ မျိုးနွယ်ရဲ့ လူငယ်မျိုးဆက်တိုင်းကို ငယ်ငယ်လေးကတည်းက ကျွန်မတို့မျိုးနွယ်တွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူဖို့အတွက် သင်ကြားပေးထားတယ်။”

“ ဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်ဖို့က မရှောင်ရှားနိုင်တာကို အချိန်ဆွဲပေးထားရုံပဲ။ တခြားဘာမှမကူညီပေးနိုင်ဘူး။ ဒီနေရာမှ ရပ်နေရုံနဲ့တင် မိုးမြေက မင်းရဲ့ တည်ရှိမှုကို ဖြည်းဖြည်းချင်း ငြင်းပယ်နေတာကို ခံစားမိတယ်။ မင်းတို့တွေက ဒီခေတ်သစ်ရဲ့ အပြောင်းအလဲအပေါ် မူတည်ပြီးတော့ မင်းတို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူလိုက်တာက ပိုမလွယ်ကူဘူးလား”

“ အဲဒီအစား ကျွန်မတို့က မိုးမြေကို ပြောင်းလဲပစ်မယ်” ဟို့ဖုန်းဟွမ်က ခိုင်မာစွာ ပြောလိုက်သည်။

“ မိုးမြေကို ပြောင်းလဲပစ်မှာလား။ မင်းတို့တွေက ရှေးခေတ်အချိန်ကို ပြန်သွားချင်တာလား။ အသင်္ချေအင်ပါယာကမ္ဘာမှာ ပင်ကိုချီ ပြန်လည် မွေးဖွားလာစေချင်တာလား”

ဝမ်ဝေ့ သိထားသလောက် ကမ္ဘာဦးခေတ်ကာလတွင် လူသားများသည် မိုးမြေကြားမှ ဝိညာဉ်စွမ်းအား သို့မဟုတ် ဟော်သဲ့ချီ၏ ပထမဆုံးအမျှင်အပြီးတွင် ဖန်တီးခံရခြင်း ဖြစ်၏။ သို့သော်လည်း ထိုခေတ်အချိန်ကာလက ပတ်ဝန်းကျင်သည် ပင်ကိုချီများ ရှိနေသေးလေသည်။ နောက်ပိုင်းမှသာ ပင်ကိုချီက ကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခြင်းဖြစ်၏။

“ ဟုတ်တယ်”

“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ အကယ်၍ ရှေးဟောင်းမျိုးနွယ်များသာ အောင်မြင်သွားခဲ့လျှင် ပတ်ဝန်းကျင်က သူတို့အတွက် လေ့ကျင့်ဖို့ ပိုမိုသင့်တော်သွားလိမ့်မည်။ သူတို့ အသုံးပြုနိုင်သည့် အရင်းအမြစ်များကလည်း မွေးဖွားဖြစ်တည်လာကြလိမ့်မည်။

“ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာနိုင်ချေကို စဉ်းစားမိကြလား။ ပင်ကိုစွမ်းအား ပြန်လည်အသက်ရှင်လာတာနဲ့ ပင်ကိုသက်ရှိတွေကလည်း ပြန်လည်ရောက်လာမှာပဲ။ အဲဒီအခါကျရင် ဟော်သဲ့သက်ရှိနဲ့ ပင်ကိုသက်ရှိတွေကြားမှာ စစ်ပွဲ ထပ်ဖြစ်လာလိမ့်မယ်။”

“ အဲလိုဆိုရင် ကျွန်မတို့ ရှေးဟောင်းမျိုးနွယ်က ရှေးခေတ်တုန်းက လုပ်ခဲ့သလိုမျိုး အသင်္ချေအင်ပါယာကမ္ဘာကို ဦးဆောင်ပြီးတော့ စစ်ပွဲကို အနိုင်ယူပစ်မယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

ဝမ်ဝေ့က ထိုအရာကိုကြားပြီး နှာခေါင်းရှုံ့လိုက်မိသည်။ သူက ကမ္ဘာထံ ပင်ကိုစွမ်းအားများ ရောက်ရှိလာဖို့အတွက် ကြံစည်ထားသော်လည်း ထိုပင်ကိုသက်ရှိများ ပြန်လည်ရောက်ရှိလာခွင့် မပြုနိုင်ပေ။

အသင်္ချေအင်ပါယာကမ္ဘာက လူသားများ၏ ကမ္ဘာ ဖြစ်နေသည်မျာ ကြာမြင့်လှပြီ ဖြစ်၏။

“ ကောင်းပြီ။ ဒုတိယ တောင်းဆိုချက်က ရိုးရှင်းတယ်။ ငါတို့တွေ အားအကောင်းဆုံး တိုက်ကွက်ကို အသုံးပြုပြီးတော့ ဒီတိုက်ပွဲရဲ့ အနိုင်ရရှိသူကို ဆုံးဖြတ်မယ်”

ထို့နောက် သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး တုံ့ဆိုင်းခြင်းမရှိ ထိုးချလိုက်သည်။

အထီးကျန်နတ်ဘုရားလက်သီး

ထိုလက်သီးတစ်ချက်ဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးက ချက်ချင်းဆိုသလို ပြောင်ရှင်းသွားလေသည်။ သူတို့ ရပ်နေသည့်မြေပြင်၊ ဂူဗိမာန်ရှိနံရံများ၊ မိုးမြေကြားရှိ ဝိညာဉ်အပါအဝင် အရာအားလုံး ဖြစ်၏။

ဟို့ဖုန်းဟွမ်က သူမ၏ ခန္ဓာကိုယ်ရှိ အသက်ဓာတ်သည်လည်း ထိုလက်သီးချက်ကြောင့် ဖြတ်တောက်ခံလိုက်ရကြောင်း ခံစားမိလိုက်သောကြောင့် သူမက ချက်ချင်းဆိုသလို ပြန်လည်တိုက်ခိုက်လိုက်သည်။

ဇာမဏီ မီးတောက်

သူမ၏ လက်သီးတစ်ချက်ဖြင့် မီးတောက်များ ရဲရဲတောက်နေသည့် လှပသော ဇာမဏီတစ်ကောင် ပေါ်ထွက်လာသည်။ သူမက ငှက်တစ်ကောင်လိုမျိုး ကျီကျီကျာကျာ မြည်တမ်းလိုက်သည်။ သို့သော်လည်း သာမန်ငှက်များနှင့် မတူဘဲ သူမ၏ အသံက လှပကာ တော်ဝင်ဆန်မှု ပါဝင်နေသည်။

ထို့နောက် ဇာမဏီက သူမ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စတင်လောင်ကျွမ်းပစ်ကာ ဝမ်ဝေ့၏  လက်သီးတွင် ပါဝင်နေသည့် စွမ်းအားများလည်း ပါဝင်နေသည်။

ဆိုးဆိုးရွားရွား ပေါက်ကွဲမှုက ဂူဗိမာန်တစ်ခုလုံးကို တုန်ခါသွားစေပြီး အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သည်။

တုန်ခါလှိုင်း တည်ငြိမ်သွားသည်နှင့် ဂူဗိမန်အတွင်းအကောင်းလိုက် ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ နဂါးအရိုးများသာ ဖြစ်၏။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အနှံ့ မီးလောင်ရာများ ရှိနေလေသည်။ ဟို့ဖုန်းဟွမ်အတွက်မူ အရေပြားတချို့က အစိုဓာတ် ကင်းမဲ့သွားသလိုမျိုး ခြောက်သွေ့နေလေသည်။

ကံကောင်းစွာဖြင့် နှစ်ဦးလုံးက ကျင့်ကြံခြင်းကမ္ဘာတွင် ထိပ်တန်းဟု ယူဆနိုင်လေသည်။ စက္ကန့်ပိုင်းအတွင်း သူတို့၏ ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာသည်။ ဝမ်ဝေ့၏ ကုသနိုင်စွမ်းက သဘာဝဖြစ်သော်လည်း  ဟို့ဖုန်းဟွမ်က သူမ ကုသလိုသည့် ဒဏ်ရာများပေါ်တွင် မီးတောက်များ ပေါ်ထွက်လာသည်။

သူမက နိဗာနကို ဖြတ်ကျော်သည့် ဇာမဏီတစ်ကောင်လိုမျိုး ဖြစ်နေသည်။

နှစ်ဦးသားက တစ်ဦးနှင့်တစ်ဦး အာရုံစိုက်ကြည့်လိုက်ကြသည်။ နောက်ဆုံးထိပ်တိုက် ရင်ဆိုင်မှုအပြီးတွင် နှစ်ဦးလုံးက လက်ရည်တူ ဖြစ်နေလေ၏။ သို့သော်လည်း နှစ်ဦးလုံးက အင်အားပြည့် ထုတ်မသုံးထားကြောင်း သိကြလေသည်။

“ ဘယ်သူလဲ” နှစ်ဦးသားက တစ်ပြိုင်နက် အော်မေးလိုက်ကြသည်။

All Chapters