အမှန်တကယ်အကျိုးခံစားရသူ
Vol. 09 Ch. 417
ကျားဖြူသုံးကောင်၏တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်ကို ချုံပုတ်များအတွင်းတွင် စောင့်ကြည့်နေသော ထန်ရှုသည် မြင်လိုက်ရသည်။ တခဏချင်းမှာပင် သူတို့အားလုံးသည် အရှေ့အနောက် နှစ်ဖက်စလုံးမှ ခုန်အုပ်လိုက်ကြသည်။ ကျားများ၏ သန်စွမ်းသော ကိုယ်လုံးများသည် ဟိုဘက်ဒီဘက် ယိမ်းနွဲ့ရွေ့လျားပြီး ထက်ရှသော လက်သည်းများကို ဆန့်ထုတ်ကာ ကြံ့နက်ဆီသို့ လက်သည်းကုတ်ချက်များ စေလွှတ်သည်။
…ဝေါင်း…
ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲသည် မလူးသာမလွန့်သာ အခြေအနေတွင် ကျရောက်သွားကာ ကျားများနှင့် ဘေးတိုက်အနေအထား ဖြစ်သွားခဲ့သည်။ သားရဲ၏ သန်မာသော ပေါင်သည် မြင့်တက်သွားပြီး အရေပြားအသားဆီမှ ချွန်ထက်သော လက်သည်းထွက်လာကာ ကျားဖြူ၏ခြေသည်းများနှင့် ထိပ်တိုက်ရင်ဆိုင်သည်။ မီးပွားများသည် အရပ်ရပ်သို့ လွင့်စဉ်သွားကာ ကျားဖြူကြီး ပျံသန်းသွားသည်။ သို့သော်လည်း အခြားကျားဖြူ၏ခြေသည်းများသည် ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲ၏ပေါင်အား စုတ်ဖြဲလိုက်သည်။
…ဝေါင်း…
ထို့အပြင် အခြားကျားဖြူတစ်ကောင်သည် ၎င်း၏အတွင်းအမြုတေကို ထွေးထုတ်ကာ ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲ၏ကျောကို ဗုန်းကနဲ ထိမှန်စေခဲ့သည်။ ထိုထိမှန်မှုကြောင့် သားရဲ၏ခန္ဓာကိုယ်သည် ယိုင်ထိုးကာ ပြိုလဲလုနီးပါးဖြစ်ခဲ့သည်။
သို့သော် ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲသည် ဒေါသအမျက်ချောင်းချောင်း ထွက်လာပြီး လှုပ်ရှားမှုသည်လည်း ပိုမိုမြန်ဆန်လာခဲ့သည်။ ၎င်းသည် ရုတ်တရက် ခုန်ကျော်ကာ အမြုတေသုံးကာ တိုက်ခိုက်နေသော ကျားဖြူ၏နံဘေးသို့ တစ်ဟုန်ထိုး ပြေးဆင်းသွားသည်။
ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲအား ကျန်သော ကျားဖြူ၂ကောင်မှ ၎င်းတို့၏ အတွင်းအမြုတေများ ထုတ်လွှတ်ပြီး မြန်ဆန်စွာ မတိုက်ခိုက်လိုက်ပါက ထိုကျားဖြူသည် သားရဲ၏ဦးချိုဖြင့် အသေထိုးသတ်ခြင်း ခံရပေမည်။ သို့တိုင် ထိုကျားဖြူသည် ဦးချိုထိုးချက် ထိမှန်သေးသည် ဖြစ်သောကြောင့် ၁၀မီတာကျော်ထိ မြောက်တက်သွားပြီး ထန်ရှုနှင့် ၇မီတာ-၈မီတာ အကွာတွင် ပြုတ်ကျလာခဲ့သည်။
…ဝှီး…ဝှီး…
ကျားဖြူသုံးကောင်သည် ၎င်းတို့၏ အတွင်းအမြုတေများကို ပြန်ရုတ်သိမ်းကာ ပြန်လည် မျိုချလိုက်သည်။ ထို့နောက် ၎င်းတို့သည် ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲဆီသို့ တပြိုင်နက် ပြေးဝင်သွားကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် ရန်လိုပြင်းထန်ပြီး ထိုသားရဲပေါ်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိစေသော်လည်း ၎င်းတို့ကိုယ်တိုင်တွင်လည်း ဒဏ်ရာနက်နက်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုသားရဲများ၏တိုက်ပွဲသည် အချိန်အတန်ကြာအောင် ဆက်လက်တိုက်ခိုက်နေသည်။
ကျားဖြူသုံးကောင်သည် အရေးနိမ့်နေသည်မှာ ထင်ရှားသည်။ ကျားဖြူတစ်ကောင်သည် ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲ၏ကန်ကျောက်ခြင်းကို ခံလိုက်ရချိန်တွင် အခြားကျားဖြူနှစ်ကောင်က ၎င်းတို့၏ အတွင်းအမြုတေများကို ထွေးထုတ်ကာ ထိုသားရဲအား ထိမှန်အောင်တိုက်ခိုက်သည်။ သို့သော် သားရဲသည် အလွန် လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ၎င်း၏နက်မှောင်သော အတွင်းအမြုတေကို ချက်ခြင်း ထွေးထုတ်ကာ ကျားဖြူနှစ်ကောင်၏အတွင်းအမြုတေများနှင့် ထိပ်တိုက်တိုက်ခိုက်သည်။
…ဘုန်း…
…ဘုန်း…
ကျားဖြူနှစ်ကောင်၏အတွင်းအမြုတေများ ကျယ်လောင်စွာ ပေါက်ကွဲသွားပြီးနောက် ၎င်းတို့သည် သွေးများ တပွက်ပွက်အန်ရင်း မီတာဆယ်ဂဏန်းအကွာတွင် တရှိန်ထိုး ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။ သို့သော် နောက်ဆုံးကျန်ရစ်သော ကျားဖြူသည် ကြံ့နက်နှင့်တူသော မိစ္ဆာသားရဲ၏ အတွင်းအမြုတေအား ရုတ်တရက် ကောက်ကာ မျိုချလိုက်သောကြောင့် ထိုသားရဲ၏ အတွင်းအမြုတေတွင်လည်း အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
…ဘန်း…
ထိုကျားဖြူ၏ခြေလေးချောင်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ၎င်း၏ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားသည်။
…ဂရား…
ကြံ့နှင့်တူသော မိစ္ဆာသားရဲသည် နာကျင်စွာ မြည်တမ်းလိုက်သည်။ ၎င်း၏မျက်လုံးကြီးများဆီမှ သွေးမျက်ရည်များ စီးကျနေပြီး ရှေ့ခွာများ ပြိုကွဲကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ချုံပုတ်များတွင် ပုန်းအောင်းနေသော ထန်ရှုသည် သားရဲလေးကောင် ဟိန်းဟောက်ကာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို ကြည့်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ချီနှင့် သွေးများသည် ပွက်ပွက်ဆူနေသည်။ အကြိမ်ပေါင်းများစွာ သူသည် ထိုအရာအား သည်းမခံနိုင်ဘဲ ထွက်ပြေးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် ကြံ့နက်ကဲ့သို့ မိစ္တာသားရဲ လဲပြိုသွားသည်ကို မြင်သောအခါ သူ၏မျက်လုံးများသည် အရောင်တောက်လာခဲ့သည်။
“အခုပဲ….”
ခုန်ပေါက်နေသော နှလုံးခုန်သံနှင့်အတူ ထန်ရှုသည် သွေးသောက်ဓားမြှောင်အား စိတ်ဖြင့် ထိန်းချုပ်ပြီး အလင်းတန်းသဖွယ် ကြံ့နက်ကဲ့သို့ မိစ္တာသားရဲ၏လည်ပင်းကို ထိုးဖောက်သွားစေသည်။ တစ်ဖန် သားရဲ၏ဦးခေါင်းအား ပြင်းထန်စွာ ထိုးသွင်းလိုက်ပြန်သည်။ ထန်ရှု၏ပုံရိပ်သည် ကြံ့နှင့်တူသော မိစ္ဆာသားရဲ၏အနောက်တွင် ချက်ချင်း ပေါ်လာသည်။ သားရဲ၏အမြီးကို တက်နင်းထားပြီး သူ၏လက်သီးချက်သည် သားရဲ၏ကျောရိုးဆီကို ရုတ်ခြည်းပင် ဗုံးကြဲသည့်အလား တရစပ်ကျသွားသည်။
…ဘန်း…ဘန်း…ဘန်း…
သားရဲကောင်သည် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ထန်ရှု၏ လက်သီးချက်သည် ပြင်းထန်လွန်းသည့်အပြင် သားရဲကိုယ်တိုင်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရထားနှင့်နေပြီဖြစ်သောကြောင့် မတ်မတ်မရပ်နိုင်တော့ဘဲ လဲကျသွားတော့သည်။
"သေလိုက်တော့…"
ထန်ရှုသည် မာန်သွင်းရင်း သွေးသောက်ဓားမြှောင်အား ကြယ်ပွင့်စွမ်းအားဖြည့်သွင်းလိုက်ပြီး ဓါးအား လင်းလက်သွားစေသည်။ ထန်ရှုက ဓားမြှောင်အား ဝှေ့ရမ်းလိုက်သည့်အခါ ဓါးအလင်းသည် သားရဲ၏ နောက်ကျောသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
…ဂရား…
၎င်း၏နောက်ဆုံးခွန်အားကို အသုံးချလိုက်သကဲ့သို့ သားရဲသည် ရုတ်တရက် ခုန်ထလာပြီး တစ္ဆေဘုရင်တောင်ကြားထဲသို့ ကမူးကရှူးပြေးရန် ကြိုးစားခဲ့သော်လည်း ကီလိုမီတာအနည်းငယ်မျှသာ ပြေးလွှားနိုင်ခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျကာ အသံကျယ်လောင်စွာ မြည်ဟီးသွားစေသည်။
ထန်ရှုက အနောက်က လိုက်ပါလာပြီး သူ၏မျက်နှာထက်က သွေးများကို သုတ်လိုက်ရင်း ကြံ့နှင့်တူသော မိစ္ဆာသားရဲ၏ခန္ဓာကိုယ်နံဘေးတွင် ပေါ်လာခဲ့သည်။ ထို့နောက် သူသည် သွေးသောက်ဓားမြှောင်ကို ထိန်းချုပ်ကာ သားရဲ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ထိုးသွင်းလိုက်ပြီး သားရဲ မလှုပ်တော့ဘဲ ငြိမ်ကျသွားချိန်တွင် ရပ်လိုက်သည်။
"ဘယ်လောက် ကောင်းလိုက်တဲ့အကျိုးအမြတ်လဲ။"
နားရွက်တတ်ချိတ်မတတ် အပြုံးဖြင့် ထန်ရှုသည် သားရဲ၄ကောင်၏အလောင်းများအား သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်သည်။
“နယ်မြေရဲ့ စက်ဝိုင်းတစ်ခုအတွင်း ကန့်သတ်ထားပြီး တားမြစ်နေရာအဖြစ် ရေးဆွဲခြင်း။"
ထန်ရှု၏လက်များ လှုပ်ရှားသွားကာ သူ၏ကြယ်ပွင့်စွမ်းအားများ ထွက်လာပြီး ရိုးရှင်းသော ရှေးဟောင်းသင်္ကေတတစ်ခုအဖြစ် ပေါင်းစည်းသွားကာ ၎င်းသည် လျင်မြန်စွာပင် ဒါဇင်နှင့်ချီသောမီတာ အကွာအဝေး ပမာဏတစ်ခုအား လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် ထန်ရှု၏ စိတ်ဝိညာဉ်ဆယ်မျိုးသည် ရှေးဟောင်းသင်္ကေတတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ကောင်းကင်နှင့်မြေကြီး၏ ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် အရပ်ရပ်မှ ထန်ရှု၏ကိုယ်ထဲသို့ ဦးတည်ကာ စီးဆင်းလာကြသည်။
သားရဲများ၏ ပေါက်ကွဲသွားသော အတွင်းအမြုတေများမှ စွမ်းအားများသည် များစွာ မပျောက်ကွယ်သေးချေ။
သူ၏ နတ်ဘုရားအဆင့်မန္တန်ကို အသုံးပြုပြီး ထန်ရှုသည် မီတာဒါဇင်နှင့်ချီသောဧရိယာကို ဖုံးအုပ်ကာ စွမ်းအားအများစုအား ချုပ်နှောင်ထားသည်။ ထို့နောက် ထိုစွမ်းအားများကို စုပ်ယူသန့်စင်ပြီး သူ၏ ကျင့်ကြံမှုအတွင်းသို့ ပြောင်းလဲနေခဲ့သည်။
ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီသည် သူ့အတွက် များစွာ အသုံးမဝင်သော်လည်း သားရဲများ၏ အမြုတေများတွင်ပါရှိသော စွမ်းအားများသည် သူ့အား များစွာ အထောက်အကူ ပြုလိမ့်မည်ဖြစ်သည်။ သူ စုပ်ယူထားသော စွမ်းအားများကို ပြန်လည်သန့်စင်ရန်နှင့် ထိုစွမ်းအားများကို သူ၏ကြွက်သားများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများအတွင်း၌ သိမ်းဆည်းထားရန်သာ လိုအပ်သည်။ သူ ဆေးလုံးများသောက်တိုင်း စွမ်းအားကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပိုမိုသန်မာလာစေကာ သူ၏ခွန်အားသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာမည်ဖြစ်သည်။
သူ၏နောက်ထပ်အဆင့်ချိုးဖြတ်မှုသည် ခန္ဓာကိုယ်အတွင်းတွင် သိုလှောင်ထားသည့် စွမ်းအားပမာဏများစွာဖြင့် မထင်မှတ်လောက်အောင် အံ့သြဖွယ်ကောင်းနေမည်မှာ သေချာသည်ဟု ထန်ရှု ခံစားမိသည်။
…အဖွဲ့နှစ်ဖွဲ့ ရန်ဖြစ်တဲ့အခါ တတိယအဖွဲ့က ထိုသူတွေဆီက အကျိုးကျေးဇူးတွေကို ရတယ်။…
ထန်ရှု၏ ချောမောသော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ကံသည် ထိုမျှလောက်ကောင်းလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့မိချေ။ သားရဲများ တိုက်ခိုက်သည့် အခြေအနေတစ်ခုနှင့် ကြုံတွေ့ရခြင်း၏ ရလဒ်သည် သူ့အနေဖြင့် အကျိုးကျေးဇူးများအား သက်သက်သာသာ ရရှိလိုက်ခြင်း ဖြစ်ပေသည်။
ထို့အပြင် မီးတောက်ထဲသို့ လောင်စာထည့်ပေးသည့် သူ၏အပြုအမူကြောင့် သားရဲအချင်းချင်း ချက်ချင်း သတ်ကြခြင်းဖြစ်သည်။
…ဟင်…နေပါဦး…တစ်ခုခု လွဲနေသလိုပဲ။…
ဤကဲ့သို့အဆင့်ရှိသော မိစ္ဆာသားရဲများသည် ရတနာများအနီးတွင် ပေါ်လာတတ်သည်။ ကြံ့နှင့်တူသော မိစ္ဆာသားရဲ၊ ကျားဖြူ စသော သားရဲများသည် ရတနာများ သို့မဟုတ် တစ်စုံတစ်ခုအတွက် တိုက်ပွဲဝင်ခြင်းသာ ဖြစ်ရပေမည်။
ထန်ရှု တွေးနေရင်း သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီသွားခဲ့သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ရာ များမကြာမီ တစ္ဆေဘုရင်တောင်ကြား၏အနက်ပိုင်း မီတာ ၇၀၀ မှ မီတာ၈၀၀ ခန့်အတွင်း ကျောက်ဆောင်များအကြားတွင် စွဲမက်ဖွယ် လှပသည့် ပန်းပွင့်တစ်ပွင့်ရှိသည်ကို တွေ့ရှိခဲ့သည်။ ထိုပန်းပွင့်သည် ပွင့်ချပ်ခုနစ်ခုရှိပြီး
ပတ်ပတ်လည်တွင် လွင့်ထုတ်နေသော သင်းပျံ့သည့် ပန်းရနံ့သည် စိတ်ဝိဉာဉ်အား လျင်မြန်စွာ တွေဝေမိန်းမောစေသည်။
…မဟုတ်သေးပါဘူး … ဒါကြီးက စိတ်ဝိညာဉ်ပုံရိပ်ယောင်နတ်ဆိုးပန်းပွင့်တော့ မဟုတ်ဘူးမလား။ သောက်ကျိုးနည်း … ဒီလိုကြောက်စရာကောင်းတဲ့ အရာက ကမ္ဘာမြေပေါ်မှာ ဘယ်လိုပေါ်လာနိုင်တာတုန်း။…
ထန်ရှု၏မျက်နှာ ပျက်သွားကာ နောက်သို့ မီတာဒါဇင်ပေါင်းများစွာ ချက်ချင်း ပြန်ဆုတ်ခဲ့သည်။ ထိုအခါမှသာ သူ၏စိတ်အား နှိုးဆွနေသော ခံစားမှုအာရုံသည် နှေးကွေးသွားခဲ့သည်။
စိတ်ဝိညာဉ်ပုံရိပ်ယောင်နတ်ဆိုးပန်းပွင့်သည် ထိပ်တန်းပစ္စည်းဆယ်ပါးတွင် သေချာပေါက် အဆင့်ပါဝင်ပြီး နတ်ဆိုးနယ်မြေရှိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးပန်းတစ်ပွင့် ဖြစ်သည်။ ၎င်းသည် တောက်ပနီမြန်းသော အသွင်ဖြင့် စွဲမက်ဖွယ်ကောင်းလောက်အောင် လှပပြီး ဖျော့တော့သော သင်းရနံ့ရှိသည်။ ထိုအနံ့ရှူမိလိုက်သည်နှင့် ပထမဦးစွာ ထိုသူတို့၏စိတ်ဝိညာဉ်သည် နှိုးဆွမှုခံစားရပေလိမ့်မည်။
အချိန်ကြာလာသည့်အခါ ထိုသူတို့၏ခန္ဓာကိုယ်များသည် ပိုမိုပြင်းထန်စွာ အနှိုးဆွခံနေရမည်ဖြစ်ပြီး ထိုသူတို့သည် အိပ်မက်နယ်မြေထဲသို့ ရောက်သွားမည်ဖြစ်သည်။ လူတစ်ယောက်သည် အလွန်အားကောင်းသည့် ကျင့်ကြံမှုအဆင့်ရှိသော အင်မော်တယ်တစ်ယောက် ဖြစ်ခဲ့လျှင်ပင် ထိုနတ်ဆိုးပန်းပွင့်၏သင်းရနံ့အား အချိန်အတော်ကြာ ရှူရှိုက်မိပါက ရူးသွပ်သွားကာ နောက်ဆုံးတွင် သေဆုံးရမည်ဖြစ်သည်။
သို့သော် ထိုအရာသည် အဆိုးဆုံး မဟုတ်သေးချေ။ ကြောက်စရာအကောင်းဆုံးသည် ထိုပန်းပွင့်အား ယူဆောင်သွားပြီး စွမ်းအားကြီးသော ကျင့်ကြံမှုအဆင့် ရှိသည့် ပညာရှင်တစ်ယောက်က ထိုပန်းအား ဆေးဖော်စပ်ခြင်း သို့မဟုတ် သန့်စင်ဆေးလုံး ဖော်စပ်ခြင်းတို့တွင် အသုံးပြုခဲ့မည်ဆိုပါက သေခြင်းဟူသော ရလဒ်တစ်ခုသာ ရှိပေသည်။ ထို့ကြောင့် ဤစိတ်ဝိညာဉ်နတ်ဆိုး ပုံရိပ်ယောင်ပန်းပွင့်အား နတ်ဆိုးနယ်မြေရှိ သေမင်းတမန်ပန်းဟုလည်း ခေါ်တွင်ခဲ့သည်။ ဆေးဖော်စပ်ခြင်း သို့မဟုတ် သန့်စင်ဆေးလုံးထဲတွင် ပေါင်းစပ်ပြီးသောအခါ ထိုအရာသည် အရောင်အနံ့ ကင်းမဲ့သွားမည်ဖြစ်သည်။ ရိုးရှင်းစွာပင် မည်သည့် မူမမှန်မှုကိုမျှ ဖော်ပြလိမ့်မည်မဟုတ်ချေ။ ၎င်းသည် ဆေးဖော်စပ်ခြင်းနှင့် သန့်စင်ဆေးလုံးများအတွက် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်စုံတစ်ရာ ရှိလာမည်မဟုတ်ပေ။
ထန်ရှု၏ထိတ်လန့်တုန်လှုပ်သော ခံစားချက်များ တဖြည်းဖြည်း လျော့ကျလာပြီး စိတ်ဝိညာဉ် ပုံရိပ်ယောင် နတ်ဆိုးပန်းပွင့်နှင့် ပတ်သက်သော အချက်အလက်များအား သူ၏မှတ်ဉာဏ်ထဲတွင် အပြေးအလွှား ရှာဖွေနေခဲ့သည်။ မကြာမီ သူ၏မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။
ဤနေရာတွင် စိတ်ဝိညာဉ် ပုံရိပ်ယောင် နတ်ဆိုးပန်းပွင့် တည်ရှိခြင်းအတွက် နောက်ထပ် အဓိပ္ပါယ်တစ်ခု ရှိသေးသည်။ ၎င်းမှာ ထိုပန်းသည် နတ်ဆိုးပြန်လည် ရှင်သန်မြက်ပင်၏ အဖော်ဖြစ်သည်။ ထိုပန်းပွင့် ပေါက်သည့် နေရာတိုင်း၏ အနီးအနားတွင် နတ်ဆိုး ပြန်လည်ရှင်သန်မြက်ပင် ပေါက်ရောက်နေမည် ဖြစ်သည်။ စိတ်ဝိညာဉ် ပုံရိပ်ယောင် နတ်ဆိုးပန်းပွင့် ရှင်သန်နေသောကြောင့် နတ်ဆိုးပြန်လည်ရှင်သန် မြက်ပင်သည်လည်း ရှင်သန်နေမည်မှာ အသေအချာပင်။
…ငါ ရှာရမယ်။ ငါ ... ရှာကို ရှာရမယ်…
ထန်ရှု၏မျက်လုံးများ အရောင်တောက်ပလာပြီး သူ၏စိတ်ဝိညာဉ်အာရုံအား အရပ်မျက်နှာတိုင်းသို့ အဆက်မပြတ်ထုတ်လွှင့်လိုက်သည်။ မီတာ ၃၀၀နီးပါး ရှိသည့် အဝေးတစ်နေရာသို့ လွှတ်လိုက်သောအခါတွင် ထန်ရှုသည် ပေါင်ရာနှင့်ချီလေးလံသည့် ကျောက်စိုင် ကျောက်တုံးကြားရှိ အက်ကြောင်းအတွင်းမှ နတ်ဆိုး ပြန်လည်ရှင်သန်မြက်အား ရှာဖွေတွေ့ရှိခဲ့သည်။
“ပွင့်စမ်း…”
စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ထန်ရှုသည် ကျောက်တုံးကြီးအား ခပ်ပြင်းပြင်း ကန်လိုက်သည်။ ထို့နောက် သူသည် နတ်ဆိုးရှင်သန်ပြန်လည်မြက်ပင်အား မြေဆီလွှာနှင့် ၎င်း၏အမြစ်အချို့အပါအဝင် ဂရုတစိုက် ယူပြီးနောက် သူ၏သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းလိုက်သည်။ ပြီးနောက်တွင် သူသည် ကြယ်စွမ်းအားကို ထုတ်လွှင့်ကာ စိတ်ဝိညာဉ် ပုံရိပ်ယောင် နတ်ဆိုးပန်းပွင့်ကိုလည်း ရစ်ပတ်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်တွင် ကောင်းစွာ သိမ်းဆည်းထားလိုက်ပြန်သည်။
…ကမ္ဘာမြေမှာ နတ်ဆိုးရှင်သန်ပြန်လည်မြက်ပင်ကို ရှာတွေ့ဖို့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။ ဒီကမ္ဘာမြေကြီးက တကယ်ကို ဆန်းကြယ်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ္ဆေဘုရင်တောင်ကြားထဲမှာ လျှို့ဝှက်ချက်အချို့တော့ ရှိနေတယ်။ ဒါပေမယ့် တစ္ဆေဘုရင်တောင်ကြားအပြင်ဘက်မှာတောင် ငါ့ထက် ပိုပြီး သန်မာတဲ့ မိစ္ဆာသားရဲလေးကောင် ပေါ်လာပြီးသွားပြီ။ အထဲမှာ မိုက်မိုက်ကန်းကန်း စွန့်စားလိုက်ရင် အဆုံးသတ်မကောင်းမှာကို ငါ စိုးထိတ်ရတယ်။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးရှင်သန်မြက်ပင်ကို ရပြီးပြီဆိုတော့ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး။ အရင်ထွက်သွားလိုက်မယ်။ ငါ့ရဲ့ကျင့်ကြံမှု အားကောင်းတော့မှ ဒီနေရာကို ပြန်လာပြီး စူးစမ်းရမယ်။…
လေးလေးနက်နက် စဉ်းစားပြီးနောက် ထန်ရှုထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် တစ္ဆေဘုရင် တောင်ကြားအစွန်းမှ ထွက်ခွာပြီး ဂူဆီသို့ အပြေးအလွှား သွားသောအချိန်တွင် သေနတ်သံနှင့် အော်သံများအား ရုတ်တရက် ကြားလိုက်ရသည်။
…တိုက်ပွဲတစ်ခု…
ထန်ရှု၏မျက်နှာ ပျက်သွားကာ ရုတ်ခြည်းပင် အရှိန်မြင့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံအား တိုးမြင့်ပြီး ဂူဝင်ပေါက်နား ရှိ ပတ်ဝန်းကျင်အား ကြည့်လိုက်စဉ်တွင် သူ၏စိတ်နှလုံးသည် မွန်းကြပ်သွားရတော့သည်။
ဒါဇင်နှင့်ချီသော မိစ္ဆာသားရဲများသည် ထိုနေရာတွင် ရှိနေခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အဆင့်နိမ့် မိစ္ဆာသားရဲများ ဖြစ်သော်လည်း အမျိုးအစားများစွာ ပါဝင်သည်။ တောရိုင်းခြင်္သေ့များ၊ ကျားသစ်များ၊ တောခွေးများနှင့် စပါးအုံးမြွေကြီးများသည် သက်တော်စောင့်ခြောက်ယောက်ကို ဝိုင်းထားစဉ်တွင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်ကြခြင်း သို့မဟုတ် မာန်စောင်နေကြခြင်း မရှိပေ။
သက်တော်စောင့်ခြောက်ဦးသည် သေနတ်များနှင့် ဓားများကို အသုံးပြုတိုက်ခိုက်သော်လည်း မိစ္တာသားရဲများကြောင့် ၎င်းတို့၏ခန္ဓာကိုယ်သည် တစ်စဆီ ဖြစ်သွားခဲ့ပြီး ဧရာမစပါးအုံး မြွေကြီးနှစ်ကောင်သည် ဂူဆီသို့ လျင်မြန်စွာ လျှောပြေးသွားခဲ့သည်ကို ကူကယ်ရာမဲ့စွာ မြင်တွေ့လိုက်ရသည်။
…ကြည့်ရတာ ငါ ဖုံးကွယ်လို့ မရတော့ဘူး ထင်တယ်…
ထန်ရှုက မချိပြုံး ပြုံးလိုက်သည်။ သူ၏လက်ကောက်ဝတ်သည် တုန်ခါသွားပြီး လက်ထဲတွင် လျှပ်စီးသင်္ကေတများနှင့် မီးတောက်သင်္ကေတများစွာ ပေါ်လာခဲ့သည်။ သူသည် မိစ္ဆာသားရဲများဆီသို့ ပြေးသွားကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
…ဘန်း…
ဂူအတွင်းတွင်…
လီလောင်ရှန်းနှင့် ကျိရှီယန်တို့သည် စိတ်ပျက်အားငယ်သောအသွင်ဖြင့် ရှိနေကြသည်။ အပြင်ဘက်တွင် သက်တော်စောင့်ခြောက်ဦး၏ ထိတ်လန့်ဖွယ်ရာ သေဆုံးသွားသည်ကို လရောင်ကြောင့် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ သူတို့အရှေ့ ရှိ သေနတ်ကိုင်ဆောင်ထားသော သက်တော်စောင့်နှစ်ယောက်၏ မျက်နှာထက်တွင်လည်း ကြောက်ရွံ့မှုများ ရှိနေသည်။ ၎င်းတို့သည် စပါးအုံးမြွေကြီးနှစ်ကောင်အား သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်လိုက်ကြသည်။
ကံမကောင်းစွာဖြင့် ကျည်ဆန်များသည် ဧရာမစပါးအုံးမြွေကြီးနှစ်ကောင်၏ အကြေးခွံများအား မထိုးဖောက်နိုင်ချေ။ ကျည်ဆန်များသည် ၎င်းတို့၏ အကြေးခွံပေါ်တွင် မီးပွင့်များသာ ဖြစ်ပေါ်စေပြီး အဖြူရောင်အမှတ်ရာများ ထင်ကျန်စေသည်။ သို့သော်လည်း ထိုအချင်းအရာသည် ထိုစပါးအုံးမြွေကြီးနှစ်ကောင်အား ဒေါသထွက်စေခဲ့ကာ ၎င်းတို့၏အရှိန်ကို ဆက်လက်မြှင့်တင်ကြတော့သည်။
***