← Chapters

အနိုင်ယူပါ

Vol. 09 Ch. 434

အနိုင်ယူပါ

Vol. 09 Ch. 434

စားပွဲပေါ်သို့ ရောက်ရှိလာသည့် မွှေးကြိုင်သော ဟင်းပွဲများနှင့်အတူ ငယ်ရွယ်သူများ ဖြစ်ကြသည့်အလျောက် လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် လျင်မြန်စွာ ရင်းနှီးလာကြပြီး ရွှင်မြူးစွာ စကားပြောဆိုရယ်မောကြသည်။ သို့သော် သူတို့၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာနှင့် လူကြီးလူကောင်းဟန်ကို ထိန်းသိမ်းရန် ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျောက်လျန့်တို့သုံးယောက်သည် စားသောက်သောအခါ ပို၍ တည်ငြိမ်စွာ စားသောက်ကြသည်။ ရွှဲ့ချောင်တစ်ယောက်သာ အားပါးတရ စားသောက်နေဆဲဖြစ်သည်။

“ဘယ်လောက်ကောင်းတဲ့ ဝိုင်လဲ။ ဒီဝိုင်က တကယ်ကို ကောင်းတယ်။ တောင်ပေါ်မှာ ငါတို့လုပ်ထားတဲ့ အိမ်ချက်ဝိုင်ထက် ပိုကောင်းတယ်။” ရွှဲ့ချောင်သည် နတ်ဘုရားဝတ်ရည်ခွက်တစ်ဝက်အား သောက်လိုက်ရင်း သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။

ထန်ရှုသည် တိတ်တဆိတ် မျက်လုံးပြူးမိလိုက်သည်။ ဤနတ်ဘုရားဝတ်ရည်ဝိုင်သည် သူ ပြုလုပ်ထားသော ရိုးရှင်းသည့် ပြုလုပ်နည်းတစ်ခုမျှသာ ဖြစ်သည်။

အင်မော်တယ်ကမ္ဘာတွင် အာစွတ်ရုံသာ အနည်းငယ် သောက်ပြီး ကောင်းမွန်သည့် ဝိုင်အရသာကို ခံစားလိုသည့် မရေမတွက်နိုင်သော စွမ်းအားရှင်များ ရှိခဲ့သည်။ ကမ္ဘာပေါ်ရှိ အရက်များအား သူလေ့လာခဲ့သော ဝိုင်ကောင်းကောင်းနှင့် နှိုင်းယှဉ်ကြည့်ခြင်းမှာ မတူညီသော အရာနှစ်ခုအား လုံးဝဆွေးနွေးနေခြင်းသာ ဖြစ်သည်။ ရိုးရှင်းစွာပြောရမည်ဆိုပါက ဝေဖန်ရန်မလိုသကဲ့သို့ ထိုအကြောင်း ပြောရန်ပင် မလိုအပ်ပါချေ။

ထန်ရှုက မုဝမ်ရင်ကို လှည့်ကြည့်ပြီး

"မုဝမ်ရင် … မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဖျော်ဖြေဖို့ ကျွန်တော့်ကို စာရင်းသွင်းထားတယ်လို့ ကြားတယ် အဲ့ဒါဟုတ်လား။"

"ဟုတ်တယ်။ ငါ နင့်ကို စာရင်းသွင်းထားတယ်။" မုဝမ်ရင်က ပြုံးပြီး

"ထန်ရှု … အဲ့ဒီအတွက်ကြောင့် နင် စိတ်မဆိုးပါဘူး ဟုတ်တယ်မလား။"

"လုံးဝ မဆိုးပါဘူး။" ထန်ရှုက ခေါင်းယမ်းလိုက်ပြီး

"မင်း ဘာလို့ ဒီလိုလုပ်တာလဲဆိုတာကိုပဲ ကျွန်တော် နည်းနည်း ထူးဆန်းနေတာပါ..."

“ကောင်းပြီ။ အဲ့ဒါက ဆရာမဟန်နဲ့ တွေ့ပြီးတော့မှ ဖြစ်သွားတာ။” မုဝမ်ရင်က ပေါ့ပါးစွာ ပြုံးလိုက်ရင်း

"ငါတို့ စကားပြောနေရင်း နင်တို့အခန်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် စာရင်းသွင်းထားတာ လူအရမ်းနည်းလွန်းလို့ ပြဖို့ အစီအစဉ်မရှိဘူးလို့ သူမက ပြောတယ်။ အဲ့ဒါကြောင့် ငါက နင့်ကို ထောက်ခံပေးလိုက်တာ။"

ထန်ရှု ခေါင်းညိတ်သည်။

"နင်လည်း အဲ့လိုပဲ ထင်တာလား။ ဒါနဲ့ မနက်ဖြန်ပါတီအတွက် နင် ဘာတင်ဆက်မယ်တွေးထားလဲ။" မုဝမ်ရင် ဆက်မေးလိုက်သည်။

"အဲ့ဒါကို မစဉ်းစားရသေးဘူး။" ထန်ရှုက ခေါင်းယမ်းပြသည်။ "ဒီည ပြန်သွားပြီးမှ အဲဒါကို စဉ်းစားရမှာ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။"

"တက္ကသိုလ်ဝင်းထဲက ဘာရှိုးပွဲတွေကောင်းလို့လဲ။"

ယွဲ့ခိုင်က စကားဝိုင်းအား ဝင်နှောင့်ယှက်လိုက်ပြီး "ရက်နည်းနည်းလောက် စောင့်ရင် ဖျော်ဖြေပွဲတစ်ခု ကြည့်ရမယ်။ စူပါစတား ကျန်းရှင်းယာရဲ့အာရှခရီးစဉ်အတွက် ဒုတိယမှတ်တိုင်က ရှန်ဟိုင်းပဲ။ ဒီဖျော်ဖြေပွဲအတွက် လက်မှတ်နည်းနည်းရဖို့ ကြိုးစားနေတာ။”

စကားပြောနေရင်း သူသည် မရည်ရွယ်ဟန်ဖြင့် မုဝမ်ရင်ကို ကြည့်လိုက်သည်။

…ကျန်းရှင်းယာ…

ထန်ရှုသည် သူမနာမည်ကို ယခုအချိန်တွင်ကြားရဖို့ မမျှော်လင့်ထားသဖြင့် အံ့အားသင့်နေသည်။ သို့သော်လည်း ယွဲ့ခိုင်၏စိတ်ထဲတွင် ဘာရှိသည်ကို သူ မှန်းဆနိုင်သည်။ ထိုလူငယ်သည် မုဝမ်ရင်နှင့်အတူ ရှိချင်နေသည်။ ထို့ကြောင့် သူက ခေါင်းယမ်းပြီး

“ငါတော့ အဲဒီကို မသွားတော့ဘူး။ ဖျော်ဖြေပွဲတွေ ကြည့်ဖို့ စိတ်မှ မဝင်စားတာ။ မင်းတို့ သွားချင်ရင် သွားကြည့်လေ။”

"ဟုတ်တယ် ငါရောပဲ။ ကျန်းရှင်းယာရဲ့ သီချင်းတွေကို အရမ်း ကြိုက်ပေမယ့် ဖျော်ဖြေပွဲတွေရဲ့ ပတ်ဝန်းကျင်လေထုကို ငါ မကြိုက်ဘူး။ အဲ့ဒါကြောင့် ငါ မသွားဘူး။"

မုဝမ်ရင်က ခေါင်းခါလိုက်ရင်း ဆက်ပြောသည်။

"ဒါပေမယ့် ရှင်းကျီက သူမကို တကယ်ချစ်တာ။ ကျန်းရှင်းယာရဲ့ သစ္စာရှိတဲ့ ပရိသတ်လေ။ ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို ကြည့်ဖို့ သူမကို ဖိတ်ခေါ်နိုင်တယ်။”

ယွဲ့ခိုင်ကိုကြည့်ရင်း လီရှင်းကျီ၏မျက်လုံးများသည် တလက်လက် တောက်ပလာပြီး

"ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ တကယ် ရနိုင်ဦးမလား။ ငါ သိသလောက်တော့ သူမရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ရောင်းကုန်သွားပြီ။ အင်တာနက်ပေါ်က ပြန်ရောင်းတဲ့သူတွေတောင် လက်မှတ် လုံးဝ မကျန်ဘူး။”

မုဝမ်ရင် မသွားကြောင်း ကြားပြီးနောက် ယွဲ့ခိုင် အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်လည်း သူမျက်နှာရရန်အတွက် ဖျစ်ညစ်ပြုံးကာ

“တကယ်တော့ ငါ့ဝမ်းကွဲက ကျန်းရှင်းယာရဲ့ မန်နေဂျာနဲ့ အသိမိတ်ဆွေလေ။ မနေ့ကမှ သူတို့တွေ တွေ့ကြတာ။ ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို သွားကြည့်ချင်လားလို့ ငါ့ကို ဝမ်းကွဲက မေးထားတယ်။”

"အရမ်းမိုက်တယ် ယွဲ့ခိုင်။" လင်းရှင်းကျီက ဝမ်းသာအားရဟန်ဖြင့်

"ကျန်းရှင်းယာရဲ့ဖျော်ဖြေပွဲစဖို့ လေးရက်ပဲ လိုတော့တာ။ ကျေးဇူးပြုပြီး ငါတို့ကို အဲဒီနေရာကို ခေါ်သွားပေးနိုင်မလား။"

"စိတ်ချလိုက်တော့။" ယွဲ့ခိုင်က ပြုံးပြုံးကြီး ပြန်ဖြေသည်။

လူတိုင်းသည် အရသာရှိကောင်းမွန်သော ညစာအား နှစ်နာရီကျော် စားခဲ့ကြရသည်။ စားသောက်ကြရင်း ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျောက်လျန့်တို့သုံးယောက်သည် မုဝမ်ရင်နှင့် ပိုမိုနီးစပ်ရန် ကြိုးပမ်းနေကြသော်လည်း သူမသည် ၎င်းတို့အား စိတ်ဝင်စားပုံမပေါ်ကြောင်း နောက်ဆုံးတွင် သိလိုက်ရသည်။ မုဝမ်ရင်က သူတို့၏စကားအား တုံ့ပြန်လိုက်ချိန်တိုင်း သူမ၏အမူအရာသည် တည်ငြိမ်အေးဆေးနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထန်ရှုနှင့် စကားလက်ဆုံကျသောအခါ သူမသည် လွန်စွာစိတ်ဝင်တစားရှိသည်ကိုတွေ့ရသဖြင့် ထိုသုံးယောက်သား စိတ်ပျက်အားလျော့လာကြသည်။

ညစာစားပြီးနောက် ယွဲ့ခိုင်က ကာရာအိုကေတစ်ခု အဆိုပြုသည်။ ထန်ရှုက ပျော်ရွှင်ကြစေရန် ထွက်လာမိပြီးဖြစ်သောကြောင့် လူတိုင်း၏ပျော်ရွှင်စရာ အခိုက်အတန့်များအား အနှောင့်အယှက်မပေးချင်သဖြင့် မငြင်းဆန်ခဲ့ချေ။ မုဝမ်ရင်ကမူ သူမ၏ အဆောင်ညီအစ်မ သုံးယောက်နှင့် ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် အတူသွားရန် သဘောတူညီမှုရခဲ့သည်။

သို့သော်လည်း ရှန်ဟိုင်းတက္ကသိုလ်အနီးရှိ KTV တစ်ခုသို့ သူတို့သွားရာလမ်းတွင် ကျန်းဖေးယန်ဆီသို့ သူမ၏ချစ်သူထံမှ ဖုန်းဆက်လာသည်။ ညဉ့်နက်သည့်အထိ သူငယ်ချင်းများနှင့် အပြင်မှာ လည်ပတ်နေသည်ကို သိသောအခါ သူမ၏ချစ်သူက သူပါ အတူလိုက်ပါရန် တောင်းဆိုလာသည်။ ကျန်းဖေးယန်သည် မုဝမ်ရင်နှင့် ထန်ရှုတို့အဖွဲ့အား တိုင်ပင်ခဲ့ပြီးနောက် သဘောတူလိုက်သည်။

…ပေါင်လိဒီ KTV…

သီးသန့်အခန်းသည် ခမ်းနားထည်ဝါစွာ အလှဆင်ထားသည်။ အထဲတွင် ပေါ့ပ်သီချင်းများကို ဖွင့်ထားသည့် ကြီးမားသော LCD မျက်နှာပြင်တစ်ခု ရှိသည်။ သူတို့အုပ်စုသည် ဒီနေရာသို့ ကားသုံးစီး မောင်းလာပြီး အရက်သောက်ရန် မောင်းလာသည်ဟု ပြောနိုင်သော်ငြား သူတို့တွင် သောက်စရာ အရက်တွေ အများကြီး ရှိနေဆဲဖြစ်သည်။ သေချာသည်မှာ သည်နေရာတွင် သစ်သီးဖျော်ရည်များ၊ အဖျော်ယမကာများ၊ သွားရည်စာများနှင့် အခြားပစ္စည်းများလည်း အများကြီး ရှိရန် ကျိန်းသေပေသည်။

အစပိုင်းတွင် လူတိုင်းက သီချင်းဆိုရာ၌ အနည်းနှင့်အများ ထိန်းချုပ်ထားကြသည်။ သို့သော် ထိုနေရာတွင် ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့က တင်းကျပ်နေဟန် ရှိသော ပတ်ဝန်းကျင်လေထုအား လျော့ကျသွားစေရန် ဖန်တီးပေးကြသဖြင့် အားလုံး တဖြည်းဖြည်းနှင့် တင်းကျပ်နေသော စိတ်များ လျော့နည်းလာကာ စိတ်အပန်းပြေလာကြသည်။ ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျောက်လျန့်တို့သည် သီချင်းအနည်းငယ်စီ သီဆိုရုံသာမက လီရှင်းကျီ၊ ကျန်းဖေးယန်နှင့် ဟူဝတေို့လည်း အလားတူ သီဆိုခဲ့သည်။

"ယို့ … အစ်ကိုကြီးထန် … ဒီကိုလာပြီး သီချင်းဆိုပါ။" ဟူချင်းစုန့်သည် သူ၏အရှေ့မြောက်လေသံပီပီသသဖြင့် အော်ခေါ်သည်။

ထန်ရှုက ပြုံးကာ လက်ဝှေ့ယမ်းတုံ့ပြန်ပြီး ရွှဲ့ချောင်အား တွန်းကာ ရယ်သံဖြင့်

"ရွှဲ့ကြီးကို သီချင်းဆိုခိုင်း။ အရင်က သူဆိုခဲ့တဲ့ ရိုးရာသီချင်းတွေ ငါ ကြားဖူးတယ်။ အရမ်းနားထောင်လို့ ကောင်းတယ်။”

ရွှဲ့ချောင်က ခေါင်းကုတ်ရင်း အပြုံးဖြင့်

"ဘော့စ်ထန်က ရိုးရာသီချင်းတွေကို နားထောင်ရတာ ကြိုက်တဲ့အတွက် ငါ ကြုံရာသီချင်းတွေ ဆိုပြမယ်။ ဒါနဲ့ ငါတစ်ယောက်တည်းတော့ မဆိုဘူးနော်။ ငါနဲ့ ရှင်းထျန်းယို (ရိုးရာဂီတပုံစံသီချင်း)ကို သီဆိုဖို့ ကူညီချင်တဲ့လူ တစ်ယောက်ယောက်များ ရှိလားဗျို့။"

(Charm Ming Nge –

ရှင်းထျန်းယို (ရိုးရာသီချင်းတေးသံ)သည် တရုတ်နိုင်ငံ ရှန့်ဇီပြည်နယ်၊ ၎င်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော ရှန်းဇီပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်ရှားဟွေ့တို့တွင် ထင်ရှားသော ရိုးရာသီချင်းတေးသံဖြစ်ပြီး “ကောင်းကင်တွင် လှည့်လည်သွားလာခြင်း” ဟူသော အဓိပ္ပာယ်ရသည်။ နာမည်ကြီး ရှင်းထျန်းယိုတစ်ပုဒ်မှာ လန်ဟွားဟွား ဖြစ်သည်။)

"ငါ့ကို ထည့်တွက်လိုက်။" ဟူချင်းစုန့်က ရယ်ရင်းပြောသည်။

တေးဂီတသံ ကျယ်လောင်လာသည်နှင့်အမျှ အခန်းအတွင်း၌ ရင်းနှီးသော တေးသံတစ်ခု ပဲ့တင်ထပ် ထွက်လာသည်။ ရွှဲ့ချောင်သည် ယွဲ့ခိုင်ထံမှ မိုက်ခရိုဖုန်းကို ယူကာ သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

“ငါ လျှိုမြောင်ကို ငုံ့ကြည့်ရင်း ဖြတ်သန်းနေတဲ့ လနောက်ကို လိုက်နေမိတယ်…”

အရိုင်းဆန်သော အသံသည် နားဝင်ပီယံ ရှိစေပြီး တစ်ခန်းလုံးကို လွှမ်းခြုံသွားခဲ့သည်။ ရွှဲ့ချောင် သီချင်းစဆိုလိုက်သည်နှင့် လူတိုင်း ကြက်သေ သေ သွားကြသည်။

သီချင်းသည် စိတ်နှလုံးကြည်နူးစရာ ကောင်းပေသည်။ နားထောင်ကောင်းသည်ဟူသော မှတ်ချက်မှတပါး ထိုကြည်နူးမှုအား လူတိုင်းက မည်သည့်စကားဖြင့် ဖော်ပြရမည်မှန်းပင် မသိကြသော ခံစားမှု ဖြစ်ခဲ့သည်။

ရွှဲ့ချောင်သီချင်းဆိုပြီးသွားသည့်အခါ အားလုံးက ကြည်နူးမိန်းမောနေရာမှ အသိဝင်လာကြပြီး လက်ခုပ်သြဘာ ပေးကြသည်။

ယွဲ့ခိုင်က ရွှဲ့ချောင်၏ပခုံးကို ပွေ့ဖက်လိုက်ပြီး သက်ပြင်းချလျက်

"သောက်ကျိုးနည်း ရွှဲ့ကြီးရာ … မင်း ဒီလောက် ကောင်းအောင် သီဆိုနိုင်မယ် မထင်ခဲ့ဘူး။ မင်းက အဲ့ဒီအဆိုတော်တွေနဲ့တောင် ခွဲမရတော့ဘူး သိလား။ ဘယ်လိုလဲ ကျောင်းထွက်တော့မလား။ ငါ ဂီတကုမ္ပဏီတစ်ခု တည်ထောင်ပြီး မင်းရဲ့ကိုယ်ရေးမန်နေဂျာ လုပ်မယ်။ မင်း နာမည်ကြီးသွားရင် ငါတို့ ငွေရှာကြအောင် အိုကေ…”

ရွှဲ့ချောင်က အနေရခက်သောအပြုံးဖြင့် လက်ကိုဝှေ့ယမ်းပြီး "မဟုတ်ဘူး၊ အခွင့်အရေးတစ်ခု မဟုတ်ပါဘူး။ ငါ ဒီလိုပဲကြုံရာ သီဆိုလိုက်တာ။ ဂီတမှတ်တွေကို ငါ လုံးဝ မဖတ်နိုင်ဘူးလေ။ ငါသာ အဆိုတော်ဖြစ်ရင် ရယ်စရာဖြစ်သွားလိမ့်မယ်။ ယွဲ့ခိုင်ရာ မနောက်ပါနဲ့ကွာ။"

ထောင့်တစ်နေရာရှိ ဆိုဖာပေါ်တွင် ထိုင်နေသောဟူဝသေည် တောက်ပသော မျက်လုံးများဖြင့် ရွှဲ့ချောင်အား စိုက်ကြည့်ရင်း သူမ၏မျက်နှာထက်ရှိ အပြုံးသည် ပိုမိုတောက်ပလာကာ တစ်စုံတစ်ရာ စဉ်းစားနေသယောင် ရှိသည်။ သူမ၏စိတ်ထဲတွင် မည်သည့်အကြောင်းအရာ တွေးတောနေသည်ကို မည်သူမှ မသိပါချေ။

ဟူချင်းစုန့်သည် ထန်ရှုဆီသို့ အကြည့်ရောက်သွားပြီး အပြုံးဖြင့်

"အစ်ကိုကြီးထန် … အခု သီချင်းဆိုဖို့ အစ်ကိုကြီးအလှည့်ပဲ။ ငါတို့အထဲမှာ မင်းနဲ့ မိန်းကလေးမုပဲ သီချင်းမဆိုရသေးဘူး။"

မုဝမ်ရင်က ထန်ရှုအား တစ်ချက်ကြည့်လိုက်ရာ အကူအညီ တောင်းဟန် 'ကျေးဇူးပြုပြီး' အမူအရာပြနေသည်ကို တွေ့လိုက်သည်။ ထို့ကြောင့် ချက်ချင်းထလိုက်ပြီး

“အိုကေ … ငါ တစ်ခါဆိုမယ်။ ငါဆိုတာ နားထောင်မကောင်းရင် ငါ့ကို မရယ်ကြနဲ့နော်။"

မကြာခင်မှာပဲ မုဝမ်ရင်က “ကောင်းကင်ယံက ငွေလမင်း” သီချင်းကို ရွေးကာ သာယာသောအသံဖြင့် စည်းချက်ကျကျ သီဆိုခဲ့ပြီး သူမ၏အနုပညာဖန်တီးမှုတွင် စိတ်အာရုံအား နှစ်မြှုပ်ထားသည်။

ကျန်းဖေးယန် တုန်လှုပ်သွားကာ ချီးမွမ်းစကားဆိုလိုက်သည်။ “ဘုရားသခင် … ဝမ်ရင် … နင် ဒီလောက် ကောင်းကောင်း သီချင်းဆိုနိုင်တယ်။ နားထောင်ရတာ အရမ်းကောင်းတယ်။ နင်သာ အဆိုတော်တစ်ယောက်ဖြစ်လာရင် ငါ့အကြိုက်ဆုံး အဆိုတော် ကျန်းရှင်းယာနဲ့ ယှဉ်လို့ရမယ်။"

"ဟဟ… တစ်ချိန်က ကျွန်မကို တစ်ယောက်ယောက်က ပြောခဲ့သလိုပဲ ကျွန်မ ဂီတကို သိပ်စိတ်မဝင်စားဘူး၊ ကြယ်တစ်ပွင့်လည်း မဖြစ်ချင်ပါဘူး။" မုဝမ်ရင်က အပြုံးသဲ့သဲ့ဖြင့် ပြန်ဖြေသည်။

"အဲ့ဒီလူက ဘယ်သူလဲ။" ကျန်းဖေးယန် ပဟေဠိ ဖြစ်သွားသည်။

မုဝမ်ရင်က ထန်ရှုကို ပြုံးကာ ညွှန်ပြရင်း

“အဲ့ဒါ သူလေ။ တရုတ်နိုင်ငံက နာမည်ကျော် ဂီတအကယ်ဒမီတစ်ခုရဲ့ ပါမောက္ခတစ်ဦးက ထန်ရှုကို နှစ်ကြိမ်တိတိ ရှာဖွေတယ်။ သူ့ကို အဲ့ဒီဂီတကျောင်းကို လာပြီး ဆရာတစ်ဦးအဖြစ် လုပ်စေချင်လို့၊ အဲ့ဒီမှာ ပါမောက္ခဖြစ်လာဖို့ မျှော်လင့်ထားခဲ့တယ်။ ခုနက ငါပြောတဲ့စကားတွေက အဲ့ဒီပါမောက္ခကို သူ ပြန်ဖြေခဲ့တာ။”

"ဘာ…"

ရှိနေသူအားလုံးက ထန်ရှုအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေကြသည်။

…နာမည်ကြီး ဂီတကျောင်းက ဆရာတစ်ယောက်အဖြစ် အလုပ်ပေးဖို့ ဖိတ်ခေါ်ထားတယ်တဲ့လား။…

…အစ်မကြီး ခင်ဗျား ဘယ်သူ့ကို နောက်ပြောင်နေတာလဲ။…

…ထန်ရှုရဲ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ ဂီတမှာ လေးနက်တဲ့ အောင်မြင်မှုတွေ ရထားရင်တောင် ဂီတဆရာဖြစ်ရန် အရည်အချင်းပြည့်မီပါ့မလား။…

"မုဝမ်ရင် … ဒီအကြောင်းအရာကို မင်း ကျွန်တော့်ကို မပြောလို့မရဘူးလား။ ကျွန်တော် ဂီတကို သိပ်စိတ်မဝင်စားပါဘူး။ အဲဒါကို ခဏခဏကြားရတာ အဆင်ပြေပေမယ့် ကျွန်တော့်ကို ဂီတဆရာတစ်ယောက်ဖြစ်စေချင်ရင်၊ ပိုတော်တဲ့ တင်ဆက်သူဖြစ်စေချင်ရင် အဲ့ဒါက ကျွန်တော့်ကို သတ်နေသလိုပဲ။”

ယွဲ့ခိုင်သည် ထန်ရှုအနားသို့ ကပ်လာပြီး ဖြည်းဖြည်းချင်း သူ့အား သတိထားကာ အကြိမ်အနည်းငယ် အကဲခတ်လိုက်သည်။ ထို့နောက် သူက မယုံသင်္ကာဟန်ဖြင့်

"အစ်ကိုကြီး ထန် … မိန်းမချောလေးမုပြောခဲ့တာက တကယ်ကြီးလား။ နာမည်ကြီး ဂီတကျောင်းက ပါမောက္ခတစ်ယောက်ရောက်လာပြီး ဆရာလုပ်ဖို့  အစ်ကိုကြီးကို ဖိတ်ခေါ်ခဲ့တာလား။”

"တကယ်တော့ တချို့အရာတွေ ရှိခဲ့ပေမယ့် ငါ အဲ့ဒါကို စိတ်မဝင်စားဘူး။" ထန်ရှုက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

ယွဲခိုင်၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် လှုပ်သွားသော်လည်း မည့်သည့်စကားအား ပြောရမည်မှန်း မသိတော့သောကြောင့် စကားတစ်ခွန်းမျှ ထွက်မလာပေ။ ထန်ရှုအကြောင်းအား သူ တကယ်သိသည်မှာ မိနစ်ပိုင်းမျှသာ ရှိသေးသည်ကို ရုတ်တရက် သူ သဘောပေါက်သွားသည်။ သူ၏အတန်းဖော်သည် အလွန်လျှို့ဝှက်ပုံရသည် မဟုတ်ပေလား။

သူ ရုတ်တရက် တစ်စုံတစ်ခုကို ပြန်သတိရသွားတော့သည်။

“အစ်ကိုကြီး … မင်းမှာ အိမ်ကြီးကြီးနဲ့ ဇိမ်ခံကားတွေ အများကြီးရှိပုံရတယ်လို့ ပြောခဲ့တဲ့ ရွှဲ့ကြီးရဲ့စကားကို ပြန်သတိရမိလို့ အဲ့ဒါအမှန်လား။" ယွဲ့ခိုင်က မေးသည်။

ထန်ရှုက တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြပြီး

“မင်းငါ့ကို မေးတာ အမှန်ပါပဲ။ ငါ့ဆွေမျိုးတွေက လက်ဆောင်ပေးထားတာ။”

"ဒါဆို မင်းက ဒုတိယမျိုးဆက်သူဌေးပေါ့ဟုတ်လား။" ယွဲ့ခိုင်က လှမ်းအော်လိုက်သည်။

ထန်ရှုက ရယ်ရယ်မောမောဖြင့်

“ပထမမျိုးဆက်သူဌေးလို့ မင်းခေါ်တာကို ပိုကြိုက်တယ်။”

ယွဲ့ခိုင်က မျက်လုံးပြူးကာ ထေ့ငေါ့လိုက်သည်။

“ဘာ … မင်းက ပထမမျိုးဆက်ချမ်းသာသူဆိုရင် ငါက တိုင်းပြည်ရဲ့ ငွေထုပ်ကြီးတွေပဲ။ တစ်ခုခုပြောပါဦး … မင်းမိသားစုက ဘာလုပ်လဲ။"

"စားသောက်ဆိုင် ဖွင့်တယ်လေ။" ထန်ရှုက သူ့ကို ဖြေသည်။

"သောက်ကျိုးနည်း … မင်းက ဘာမှ မသိလေဟန်ဖြစ်နေတဲ့ အရေးကြီးလူတစ်ယောက် ဖြစ်နေတာပေါ့။”

ယွဲ့ခိုင်က လက်မထောင်ကာ ချီးကျူးလိုက်ပြီး

“မင်းကို ဆင်းရဲသားတစ်ယောက်လို့ ငါတို့အားလုံး ထင်ခဲ့ကြတာ။ မင်းက ကျားတွေကို စားဖို့ ကစားနေတဲ့ ဝက်ကလေးတစ်ကောင် ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဖူးဘူး။ အဲ့ဒါ မမှန်ဘူး။ ငါ မီနူးကို ကြည့်လိုက်သေးတယ်။ အဲ့ဒီက ဝိုင်ရဲ့ဈေးနှုန်းက တအားကို များတာပဲ။ တစ်ပုလင်းကို ဂဏန်းငါးလုံးထက်တောင် ပိုများနေပုံရတယ် မဟုတ်လား။ ဒါပေမဲ့ မင်းက အဲ့ဒါကို ငါတို့ပါးစပ်ဆေးဖို့သဘောလောက်ပဲ ပေးလိုက်တယ်။”

"သေလိုက်လေ။" ထန်ရှုက ငိုရမလို ရယ်ရမလိုဖြစ်ကာ တစ်ချက်ဆဲပေးလိုက်သည်။

…ဘန်း…

သီးသန့်အခန်းတံခါး ခေါက်သံကြားရပြီး တံခါးပွင့်လာကာ        လူငယ်နှစ်ဦး အခန်းထဲသို့ ယိုင်ထိုးယိုင်ထိုး ဝင်လာသည်။

လူငယ်တစ်ဦးက အခန်းတွင်းအခြေအနေအား တစ်ချက် အကဲခတ်လိုက်ပြီးနောက် သူ၏အကြည့်များသည် စက္ကန့်အနည်းငယ်ကြာအောင် မုဝမ်ရင်ကို စိုက်ကြည့်ခဲ့ပြီးမှ ကျန်းဖေးယန်အား ကြည့်လိုက်သည်။

"ဖေးယန် … ညနက်နေပြီ။ မင်း … မင်းက အပြင်မှာ လည်နေတုန်းပဲလား။ ငါ မင်းကို အရမ်းစိတ်ပူနေတာ မင်း သိရဲ့လား။"

လူငယ်က ကျန်းဖေးယန်အပေါ် ယိုင်ထိုးကာ ကျသွားပြီးနောက် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

ကျန်းဖေးယန် မျက်ခုံးပင့်လိုက်မိရင်း လူငယ်၏လက်မောင်းကို ကိုင်ကာ

“ဘာလို့ ထပ်သောက်ပြန်ပြီလဲ။         နင် အမူးသောက်လာပြီး ဒီလိုဖြစ်လာတာလား။"

"ငါအဆင်ပြေပါတယ်။" လူငယ်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်ဖို့ အခုနှစ်မှာ ရောက်လာတဲ့  ဇာတိမြို့ကလူတချို့က ငါ့ကို သောက်ဖို့ ဖိတ်ခေါ်ကြတယ်။ ငါ သူတို့နဲ့မလိုက်ဘူးဆိုရင် ... သူတို့ကို မျက်နှာသာ မပေးရာကျတယ်လေ။ မင်းရဲ့လူက အရက်အများကြီး သောက်နိုင်တဲ့ အစွမ်းရှိပါတယ်ကွ ဟဲဟဲ။ နောက်ပြီး အန်းယွီကလည်း သူတို့ကို အရက်ပြန်ထည့်ဖို့ ကူညီပေးခဲ့တယ်။ ပြီးတော့ အဲ့ဒီကောင်တွေကပဲ စားပွဲအောက်ကို အမြန်ရောက်သွားတာ။ ဟား…ဟား…ဟား…။”

***

All Chapters