← Chapters

မြို့တော်သို့ရောက်ခြင်း

Vol. 10 Ch. 130

မြို့တော်သို့ရောက်ခြင်း

Vol. 10 Ch. 130

အခန်း (၁၃၀) - မြို့တော်သို့ ရောက်ခြင်း

ကျိုးချင်းပိုင်သည် သူ့အမေဆိုလိုတာကို အစက သဘောမပေါက်ပေ။ သို့သော် သဘောပေါက်သွားချိန်တွင် အံ့ဩသွားလေ၏။

“အမေ စစ်ဆေးဖို့ လိုနေတဲ့သူက ချင်းဟယ် မဟုတ်ဘူး၊ စစ်ဆေးချင်တာက ကျွန်တော်ပဲ” ကျိုးချင်းပိုင်က ပြောလိုက်သည်။

“သား စစ်ဆေးဖို့လား” အမေကျိုးက ကြောင်အသွားသည်။ “မင်းက ဘာဖြစ်လို့လဲ”

“ကျွန်တော် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့ အချိန်တုန်းက ခန္ဓာကိုယ်အောက်ပိုင်းအထိ ဝေဒနာ ခံစားရတယ်ထင်လို့၊ ဒါကြောင့် ချင်းဟယ်က အခုထိ ကလေးမရသေးတာနေမှာ” ကျိုးချင်းပိုင်က ပြောသည်။

သူက အားလုံးကို တာဝန်ယူပြောပေးနေတာ မဟုတ်ပေ။ သူ တကယ် သံသယဝင်နေတာ ဖြစ်သည်။ ထိုစဉ်က ဒဏ်ရာရသည့်အခါက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို မထိခဲ့သော်ငြား ဒဏ်ရာက အတော်ပြင်းခဲ့သည်။

သူ့ကြောင့် ဖြစ်လောက်သည်။ မဟုတ်လျှင် သူ့ဇနီးသည်၏ ကိုယ်ဝန်ရနိုင်ခြေ မြင့်မားသည့် စွမ်းဆောင်နိုင်စွမ်းဖြင့် ယခုအချိန်အထိ အဘယ်ကြောင့် ကိုယ်ဝန် မရှိသေးသနည်း။

ယင်းက အမေကျိုးကို အတွေးများစေသည်။ လောင်စန်းက အရွယ်ကြီးနေပြီဖြစ်သည်။ ထိုသို့တိုင် စတုတ္ထလေး၏ ဇနီးသည် အဘယ်ကြောင့် ကိုယ်ဝန် မရသေးသနည်း။ ထိုအကြောင်းကြောင့်များလော။

“လောင်တ့ရဲ့အမေက မင်းကို တစ်ခုခုပြောလို့လား” အမေကျိုးက မမေးဘဲ မနေနိုင်တော့ချေ။

“မပြောဘူး” ကျိုးချင်းပိုင်က ခေါင်းခါပြီးနောက် ပြောလိုက်သည်။

“အမေ ကျွန်တော်တို့အတွက် ကလေးတွေကို အဖေနဲ့ အမေ ဂရုစိုက်ပေးရင် လုံလောက်ပါပြီ”

“ကောင်တီဆေးရုံမှာ သွားမစစ်ဘူးလား” အမေကျိုးက မပြောဘဲ မနေနိုင်တော့ချေ။

“ပိုကြီးတဲ့နေရာကို သွားတာ ကောင်းတယ်၊ ဒီမှာဆို ဘာရလဒ်မှ မထွက်မှာ စိုးတယ်” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

အမေကျိုးက သက်ပြင်းချပြီး ပြောလိုက်၏၊

“ဒါဆို သွားလေ။ လောင်တ့အမေကိုပဲ ကောင်းကောင်းဂရုစိုက်၊ အဖေနဲ့ အမေက အိမ်ကြည့်ပေးမယ်”

ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။

ထိုအကြောင်းကြောင့် အမေကျိုးသည် ညနေခင်း၌ အရသာရှိသော ဖက်ထုပ်များကို အရသာ မခံနိုင်တော့ပေ။ သူမစိတ်ထဲ စိုးရိမ်ပူပန်မှုများ ပြည့်နေသည်။

“ရှင် ဖက်ထုပ်လုပ်နေတဲ့အချိန် အမေ့ကို ဘာတွေများ ပြောလိုက်လို့ အမေက ဒီလောက် အသက်မပါ ဖြစ်နေရတာလဲ” လင်းချင်းဟယ်သည် အိပ်ရာဝင်ချိန်၌ ကျိုးချင်းပိုင်ကို မေးလိုက်သည်။

ကျိုးချင်းပိုင်က နွမ်းနယ်ပုံသာ ပြလေသည်။ လင်းချင်းဟယ် “...”

ရှင့်ကိုယ်ရှင် သံသယ ဖြစ်စရာမလိုဘူး။ ရှင်ရဲ့ ခန္ဓာကိုယ်အထက်ပိုင်းပဲ ထိခိုက်ဒဏ်ရာရခဲ့တာ။ ရှင့် ခန္ဓာကိုယ်အောက်ပိုင်း အဆင်ပြေတယ်ဆိုတာ အာမခံတယ်။ ရှင့်ညီနောင်ကြီးက တကယ်သန်မာနေတုန်းပဲ၊ ဘာပြဿနာမှ မရှိဘူး။

သို့သော် ကျိုးချင်းပိုင်က ထိုကဲ့သို့ ခံစားရတာ သိသာနေသည်။ ယခုအခေါက်တွင် မြို့တော်ကို သွားချင်သူက လင်းချင်းဟယ် ဖြစ်သည့်တိုင် ကျိုးချင်းပိုင်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးချင်နေသည်။

လင်းချင်းဟယ်က တီးတိုးပြောလိုက်တော့သည်။ “ချင်းပိုင် ကျွန်မရဲ့ ပြဿနာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။ “မင်းမှာ ဘာပြဿနာမှ မရှိဘူး”

သူမကို ကိုယ်ဝန်ရအောင် မလုပ်နိုင်တာက သူသာ ဖြစ်လောက်သည်။ သူမ၏ ခန္ဓာကိုယ်သည် တစ်ခါထိပြီးသည် ကိုယ်ဝန်ရတတ်တာမျိုး ဖြစ်သည်။

လင်းချင်းဟယ်က ရင်ထဲ ပူဆွေးသွာသည်။ သူမက သူတို့ မြို့တော်သို့ သွားမည့်အချိန်ထိ စောင့်ပြီး သူ့ကို ရိုးရိုးသားသား ဝန်ခံရန် စီစဉ်ထားသည်။ လူနှစ်ယောက်တည်းဆိုလျှင် စကားပြောရပိုလွယ်မည်။

ယခု မိသားစုထဲ လူများနေသောကြောင့် ထားလိုက်တာပဲ ဖြစ်သည်။

ခုနစ်ရက်ကြာပြီးနောက် လင်းချင်းဟယ်သည် လောင်အာ့နှင့် လောင်တအတွက် ဆွယ်တာ ထိုးပြီးသွားသည်။ ကျိုးချင်းပိုင်ကလည်း ထင်းတော်တော်များများ စုဆောင်းပြီးဖြစ်သည်။

ထို့အပြင် ယခုနှစ်တွင် သူတို့အိမ်၌ ကောက်ရိုးများ၊ ဝါရိုးများစွာကို သူတို့အိမ်တွင် စုထားပြီးဖြစ်သည်။ ထင်းရှာရန် ကျိုးချင်းပိုင်ကို လုံးလုံးလျားလျား အားကိုးရန် မလိုတော့ချေ။ ထို့ကြောင့် သူတို့ သိပ်မလိုတော့ပေ။

လင်းချင်းဟယ်သည် မိသားစုအတွက် ဥတစ်အိုး အပြည့် ပြင်ပေးထားပြီး လေး၊ ငါးကျင်းခန့် ရှိသည်။

ကျန်သည့် ကုန်ကြမ်းများကလည်း ပေါများပေသည်။ ထို့ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့၏ လက်ထပ်စာချုပ်နှင့် ခရီးသွားလက်မှတ်တို့ကို ယူပြီး ထွက်လာတော့သည်။

ညီအစ်ကိုသုံးယောက်က လိုက်ချင်သော်ငြား မလိုက်နိုင်ပေ။ သူတို့နှစ်ယောက်က အလုပ်ကိစ္စအတွက် ထွက်လာတာ ဖြစ်ပြီး ပျော်ရန် မဟုတ်ပေ။

ထို့အပြင် ရွာအပြင်ဘက်ရှိ အခြေအနေက ပိုဆိုးရွားနေသည်။ လင်းချင်းဟယ်သည် ကလေးများကို စွန့်စားစေလိုစိတ် မရှိပေ။

ထိုကာလတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြင်ထွက်ချိန်၌ သူတို့၏ လက်ထပ်စာချုပ်ကို တစ်ပါတည်း ယူလာရမည်။ မဟုတ်လျှင် ယောကျ်ားနှင့် မိန်းမကြား မသင့်တော်သော ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်ခံရပေမည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်ကလည်း ရထားပေါ်တွင် စစ်ဆေးမှုအချို့ကို ကြုံတွေ့ခဲ့သည်။

တစ်ဖက်လူက ရန်လိုနေသည်။ သို့သော် ကျိုးချင်းပိုင်၏ သိသာသော စစ်တပ်အရှိန်အဝါနှင့် လင်းချင်းဟယ်၏ အပြောကောင်းမှုတို့က ကောင်းမွန်သည့် ဇာစ်မြစ်ကို ညွှန်းနေတာ သိသာသောကြောင့် သူက သိပ်စိတ်ကြီးမဝင်ရဲပေ။

သူတို့နှစ်ယောက်က လင်မယားဖြစ်ကြောင်းနှင့် မြို့တော်သို့ အလုပ်ကိစ္စဖြင့် သွားလိုကြောင်း စစ်ဆေးပြီးနောက် ထိုလူများက များများစားစား မပြောတော့ပေ။

သို့သော် ထိုသို့တိုင် လင်းချင်းဟယ်က မျက်မှောင်ကြုတ်သေးသည်။

“အခု အပြင်ဘက်က အခြေအနေက ဒီလိုပဲ။ သည်းခံလိုက်ပါ၊ ပြီးသွားမယ်” ကျိုးချင်းပိုင်က သူမ၏ လက်ကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။

လင်းချင်းဟယ်က ခေါင်းညိတ်လိုက်၏။

မြို့တော်သို့ သွားသည့်လမ်းက သိပ်မတိုပေ။ တစ်ကြောင်းကို ငါးရက် အချိန်ယူရသည်။

လင်းချင်းဟယ်သည် ရထားပေါ်မှ ဆင်းသည်နှင့် အသက်ပြန်ရှင်လာသည်ဟု ခံစားလိုက်ရတော့သည်။ ပို့ဆောင်ဆက်သွယ်ရေးက ထိုမျှ နောက်ကောက်ကျနေမည်ဟု မထင်ထားချေ။

တစ်နေကုန် ခရီးသွားပြီးနောက် လင်းချင်းဟယ်က အားကုန်နေပြီဖြစ်သည်။ ထို့ကြောင့် တစ်ခွန်းမှ မပြောဘဲ ကျိုးချင်းပိုင်နှင့်အတူ သင့်တင်အောင် ကောင်းမွန်သည့် တည်းခိုဆောင်ကို ရှာပြီး စာရွက်စာတမ်းများပြကာ အခန်းတံခါး ဖွင့်လိုက်တော့သည်။

အခြေအနေကို အတည်ပြုပြီးနောက် လင်းချင်းဟယ်သည် နောက်ဆုံး၌ အိပ်ရာပေါ် တက်လိုက်တော့သည်။

“ဒီတစ်ခေါက်ပဲ လာမယ်၊ နောက်တစ်ခါ ကျွန်မ ဖိတ်ကြားခံရရင် မလာတော့ဘူး”

ဘုရားသခင်... ဒီနေ့လုံး သူမ ဘယ်လိုသည်းခံခဲ့မှန်း မသိတော့ဘူး။

“ရေအရင်သွားချိုးလေ” ကျိုးချင်းပိုင်က ရယ်မောလိုက်သည်။

သူက ဒုက္ခခံနေကျဖြစ်သည်။ ထို့ကြောင့် သည်းမခံနိုင်စရာ မရှိပေ။ သို့သော် သူ့ဇနီး ပင်ပန်းနေမည်မှန်း သူ သိသည်။

လင်းချင်းဟယ်က ရေသွားချိုးလိုက်သည်။ ကျိုးချင်းပိုင်ကလည်း ရေချိုးလိုက်သည်။ နှစ်ယောက်သားက လန်းဆန်းသွားပြီး အိပ်ရာဝင်လိုက်တော့သည်။

သူတို့က လမ်းတစ်လျှောက်လုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။ ထို့အပြင် လင်းချင်းဟယ် မပြောနှင့် ကျိုးချင်းပိုင်ကိုယ်တိုင် အနည်းငယ် ပင်ပန်းနေသည်။

ထို့ကြောင့် နှစ်ယောက်သားက စားသောက်ရန်အချိန် မရှိတော့ဘဲ ဘာကိုမှ မဆုံးဖြတ်ရသေးခင် တစ်ခါတည်း အိပ်ရာဝင်လိုက်တော့သည်။

နေဝင်သည်အထိ အိပ်ပျော်သွားသည်။ ကျိုးချင်းပိုင်က နှစ်နာရီကြာပြီးနောက် အိပ်ရာထလိုက်သည်။ အဆုံးတွင်မူ သူက ကြံ့ခိုင်သေးည်။ သူ ထပြီးနောက် သူ့ဇနီးအိပ်ပျော်နေသေးဆဲဖြစ်ကြောင်း မြင်သောအခါ မနှောင့်ယှက်ခဲ့ပေ။ အရသာရှိသော စားစရာများ ထွက်သယ်ပြီးနောက် သူ့ဇနီး စားသောက်ရန် နှိုးလိုက်တော့သည်။

လင်းချင်းဟယ်က အိပ်ငိုက်နေသေးသည်။ သူမက အနည်းငယ်စားပြီးနောက် အိပ်သွားတော့သည်။ ကျန်တာကို ကျိုးချင်းပိုင် ရှင်းလိုက်သည်။

စားသောက်ပြီးနောက် ကျိုးချင်းပိုင်က ဆက်အိပ်တော့သည်။

နှစ်ယောက်သားသည် ညနေစောင်းမှ မနက်စောစောအထိ အိပ်ပျော်သွာသည်။

နံနက်ခင်းတွင် လင်းချင်းဟာ်က တောင်နှင့်မြောက်ကြား ကွာဟချက်ကို မပြောနိုင်ပေ။ သူမ လှုပ်လိုက်သည်နှင့် လင်းချင်းဟယ်က နိုးလာသည်။

အတော်ကြာအိပ်ပြီးနောက် သူမစိတ်က အတော် အဆင်ပြေလာသည်။

“ဘယ်အချိန်ရှိပြီလဲ” လင်းချင်းဟယ်က မေးလိုက်၏။

ကျိုးချင်းပိုင်က နာရီကြည့်ပြီး ဖြေလိုက်သည်။

“ခုနစ်နာရီခွဲ”

“ဒီလောက်အကြာကြီး အိပ်လိုက်တာပဲ” လင်းချင်းဟယ်လည်း အနည်းငယ် အံ့ဩသွားသည်။ သူမက ထိုမျှအကြာကြီး အိပ်မိလိမ့်မည်ဟု မထင်ထားပေ။

“နေလို့ပိုကောင်းသွားပြီလား” ကျိုးချင်းပိုင်က မေးလိုက်သည်။

“အဆင်ပြေပါတယ်၊ ပင်ပန်းနေရုံပဲ” လင်းချင်းဟယ်က အကြောဆန့်လိုက်တော့သည်။

အတော်ကြာအိပ်ပြီးနောက် သူမ၏ ကိုယ်က ပိုပြီး သက်သောင့်သက်သာ ဖြစ်လာသည်။ အနည်းဆုံးတော့ မနေ့တုန်းက မြို့တော်ကို ရောက်ခါစကဲ့သို့ တစ်ဝက်သေနေတာမျိုး မရှိတော့ပေ။

နှစ်ယောက်သားက အိပ်ရာပေါ်တွင် ခဏတဖြုတ် လှဲနေလိုက်သည်။ အချိန်ကျခါနီးတွင် ကိုယ်လက်ဆေးကြောရန် ထထွက်ကြတော့သည်။

လင်းချင်းဟယ်သည် ပစ္စည်းများ သိမ်းရန် အလျင်မလိုပေ။ ရှေးဦးစွာ သူမက ကျိုးချင်းပိုင်နား လျှောက်ပြီးနောက် ဆေးရုံသို့ သွားလိုက်ကြသည်။

လင်းချင်းဟယ်သည် သူမကို သူ စျေးဝယ်ထွက်ရန် ခေါ်မည်ဟုသာ ထင်ထားပြီး ဤနေရာသို့ ခေါ်လာလိမ့်မည်ဟု မထင်ထားပေ။

“သွားကြမယ်” ကျိုးချင်းပိုင်က သူမကို ခေါ်သွားသည်။

ယနေ့ခေတ်တွင် လက်ထပ်ပြီးသား ဖြစ်နေလျှင်တောင် လမ်းပေါ်တွင် လမ်းလျှောက်နေစဉ် လက်တွဲ၍မရ၊ နီးနီးကပ်ကပ်လျှောက်လျှင်လည်း မရပေ။

“ချင်းပိုင် ကျွန်မ ရှင့်ကို ပြောပြချင်တာ ရှိတယ်”

လင်းချင်းဟယ်သည် ဆေးရုံကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမက ထိုနေရာတွင် ရပ်ပြီး ကျိုးချင်းပိုင်ကို ကြည့်နေသည်။

All Chapters