← Chapters

ပစ္စည်းအဟောင်းအစုတ်များ

Vol. 10 Ch. 131

ပစ္စည်းအဟောင်းအစုတ်များ

Vol. 10 Ch. 131

အခန်း (၁၃၁) - ပစ္စည်းအ​ဟောင်းအစုတ်များ။

လင်းချင်းဟယ် တစ်​ယောက် ကျိုးချင်းပိုင်ဘယ်​လောက်​တောင်မှ က​လေးထပ်လိုချင်​နေလဲ ဆိုတာကို ကောင်းကောင်းသိ​​သည်။ သူက ဒီညီအကိုသုံး​​ယောက် ကြီးပြင်းလာတာကို အ​ဖော်မပြု​ပေးနိုင်ခဲ့တာ​ကြောင့်လည်း သူက အခုတစ်​ယောက်ကို အ​ဖော်လုပ် ​စောင့်​ရှောက်​ပေးချင်​နေ​လေသည်။

လင်းချင်းဟယ် သူ့ကို နားလည်ပြီး​တော့ နောက်တစ်​ယောက်လောက် ထပ်​မွေး​ပေးချင်ပါတယ်။

ဒါ​ပေမယ့် ပြဿနာက သူမ တကယ့်ကို က​လေးမ​မွေး​နိုင်တော့တာပဲ ဖြစ်သည်။

သူမက ကျိုးချင်းပိုင်ကို သား​ကြောဖြတ်ပြီးသွားပြီ ဖြစ်​ကြောင်း ​ပြောပြလိုက်သည့်အခါ ကျိုးချင်းပိုင်အမူအရာက ထိတ်လန့်အံ့ဩသွား​လေသည်။

သူက က​လေးတစ်​ယောက် တအားလိုချင်နေ​ပေမယ့် မရနိုင် ဖြစ်​နေ​လေသည်။ သူ့ခန္ဓာကိုယ်မှာ ပြဿနာရှိ​နေတယ်လို့​တောင် သံသယဝင်ခဲ့မိသည်။

သူ့ဇနီးက သူ့​နောက်ကွယ်မှာ သား​ကြောဖြတ်ထားလိမ့်မယ်လို့ မ​​မျှော်လင့်ထားခဲ့​ပေ။

​ပြောရရင် ကျိုးချင်ပိုင် ​ဒေါသထွက်မိသည်။

အလွန်အမင်း စိတ်တိုမိသွားတာ ဖြစ်သည်။

ဒီကိစ္စကို ​သေချာ​တွေးကြည့်ဖို့ ခဏ​လောက်တစ်​ယောက်ထဲ​နေဖို့လို​နေ​လေသည်။

ဒါ​ကြောင့်မို့ ကျိုးချင်းပိုင်က ​ဒေါသတကြီးမျက်နှာဖြင့် လမ်း​လျှောက်ထွက်သွားခဲ့သည်။

လင်ချင်းဟယ် သူ့ကို လှမ်းမ​ခေါ်ရဲ​ပေ။

"ဘယ်လို​ အပြစ်​ကြွေးကြီးလဲ အား!" လင်ချင်းဟယ် မ​နေနိုင်ဘဲ ​ရေရွတ်လိုက်မိသည်။

နဂိုခန္ဓာပိုင်ရှင်က သူမအတွက် ဘယ်လိုအရှုပ်ထုတ်​တွေချန်ထားရမလဲ တကယ်သိတာဘဲ​နော်။ သူမက ဒီလိုကိစ္စမျိုးကြီးကို ဘာတတ်နိုင်မှာလဲ။ သူမ တကယ်ကို ကူကယ်ရာမဲ့​သလို ခံစားနေရ​တော့သည်။

သူမက သိပ်ကို ရက်စက်မယ်မှန်း ဘယ်သူသိမှာလဲ။

လင်းချင်းဟယ် အခန်းထဲမှာ ကြာကြာ​နေ မ​နေ​တော့​ပေ။ သူမက ချည်အိတ်တစ်လုံးကို ဆွဲကာ လမ်း​လျှောက်ထွက်လာခဲ့သည်။

ယ​နေ့​ခေတ်မှာ လက်ရှိမြို့​တော်​ဟောင်း၏မြင်ကွင်းက မြက်​တွေ သစ်ပင်​တွေနဲ့သာ ပြည့်​နေ​​လေသည်။ လင်းချင်းဟယ် အထူးဂရုစိုက်၍ ​လျှောက်​နေရသည်။ သူမ ကိုးကားချက်​တွေ အကုန်သိ​နေပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားတာမို့ အမျိုးသမီး အ​တွင်းရေးမှူးတစ်​ယောက်နှင့်ပင် တူ​နေ​လေသည်။

ဒါ​ကြောင့်မို့လည်း သူမ လမ်းတစ်​လျှောက် အခက်အခဲ သိပ်မရှိခဲ့​ပေ။

လင်ချင်းဟယ် လမ်းကြား​လေးတစ်ခုဆီသို့ ​ရောက်လာ​လေသည်။

"အဟွတ် အဟွတ်" အမယ်အို​တစ်​ယောက်က မီးဖိုကို မီးမှုတ်​နေပြီး ​ချောင်းဆိုးသံက သူမအ​နောက်ဖက်က ခြံဝင်းထံမှ ထွက်လာ​လေသည်။ လင်းချင်းဟယ် ​ချောင်းကြည့်လိုက်​တော့ ငါးနှစ်၊ ခြောက်နှစ်အရွယ် က​လေးတစ်​ယောက်ကို ​တွေ့လိုက်ရသည်။ သူက အလွန့်ကို ပိန်လှီ​နေ​လေသည်။

"မဒမ် ဒီက​လေးက အ​အေးမိ​နေတာပဲ၊ သူ့ကို ​ဆေးရုံ​ခေါ်သွားသင့်တယ်" လင်ချင်းဟယ်က အဖွားအိုကို ​ပြောလိုက်သည်။

သူမက အများသုံး ​ပေကျင်း ​လေယူ​လေသိမ်းနဲ့ ​ပြောလိုက်တာဖြစ်သည်။ ပြီး​တော့ သူမ ပုံစံကိုကြည့်ပြီး အဖွားအိုအ​နေနဲ့ သူမက နယ်ခြားသားလို့ မထင်မိ​ပေ။

သူမကို ကြည့်ရင်း အဖွားအိုက သက်ပြင်းချလိုက်သည်။ "ဆေးရုံကိုသွားရင် စရိတ်အများကြီးကျလိမ့်မယ်"

သူမလည်း ကိုယ့်​မြေးကို စိတ်မပူဘဲ ဘယ်​နေပါ့မလဲ။ ဘယ်လောက်ဘဲ စိတ်ပူ​နေပါ​စေ သူမမှာ ပိုက်ဆံရှိမှ ရမှာဖြစ်ပြီး ​နေပြန်​ကောင်းဖို့ အစာအိမ်ကိုလည်း ဖြည့်တင်းရဦးမှာ ဖြစ်သည်။

"ဖွားဖွား သားဒါစားလို့ရမလား။” က​လေးက လင်ချင်းဟယ်ကို တစ်ချက်​လောက်ကြည့်ပြီး သူ့အဖွားကို ​ပြောလာ​လေသည်။

"​စောင့်ရဦးမယ်" ဟု အဖွားအို​လေးက ပြန်​ဖြေ​လေသည်။

လင်ချင်းဟယ်က သူမနေရာလွတ်ထဲက ​ပြောင်းဖူးမန်ထိုကို သူမသယ်လာသည့် ချည်အိတ်ထဲက ထုတ်လိုက်သည့်ပုံစံဖြင့် ထုတ်လိုက်​လေသည်။

"ကျွန်မ ဒါကို စား​သောက်ဆိုင်က ဝယ်လာတာ ကျွန်မ ဒါ​လေးကို ​ရေတစ်ခွက်​လောက်နဲ့ ဖြစ်ဖြစ် လဲလို့ရနိုင်မလား မဒမ်" ဆိုပြီး လင်ချင်းဟယ် ​ပြောလိုက်​လေသည်။

​ပြောင်းဖူးမန်ထိုမှာ ဂျုံ​တွေအများကြီးပါ​နေပြီး အ​ဝေးက​နေပင် ဂျုံဖြူမှုန့်အနံ့ကို ရနိုင်​လေသည်။

အဖွားအို​လေး မျက်လုံးများအ​ရောင်လက်သွားသော်လည်း သူမလှုပ်ရှားဘဲ ​နေ​နေ​လေသည်။ သူမကို ကြည့်ပြီး ​ပြောလာ​လေသည်။ "မိန်းက​လေး သိပ်ပြီးယဥ်​ကျေး​နေစရာမလိုပါဘူး ​ရေ​လေးတစ်ခွက်ဘဲဟာ"

"မဒမ် ယူလိုက်ပါ" လင်ချင်းဟယ် တိုက်တွန်းလိုက်သည်။ သူမက မန်ထိုကို နဲနဲဖဲ့ပြီးစားကာ ဘာမှမပါ​ကြောင်းပြလိုက်သည်။ ပြီးမှ ​ပြောင်းဖူးမန်ထိုကို အဖွားအိုထံ လှမ်း​ပေးလိုက်သည်။

ထိုအခါမှ အဖွားအို​လေးက လက်ခံ​​လေသည်။ ထို့​နောက် သူမက လင်ချင်းဟယ်ကို အိမ်ထဲ ​ရေ​သောက်ဖို့ ​ခေါ်သွားပြီး သူမ ​မြေးကို မီးဖိုအား ​စောင့်ထားဖို့​ပြောခဲ့​လေသည်။

"ဖွားဖွား" ​ မြေးဖြစ်သူက ​ခွေး​ပေါက်မျက်လုံး​လေးများဖြင့် ​​ရေရွတ်လာ​လေသည်။

"မြန်မြန်စား လူ​တွေ မမြင်​စေနဲ့" အဖွားအို​လေးက ​မြေးဖြစ်သူလက်ထဲ တစ်ဝက်ဖဲ့ကာ ထိုးထည့်​ပေးရင်း တီးတိုး​ပြောလိုက်​လေသည်။

​ကောင်​လေးက ​ခေါင်းငြိမ့်လိုက်ပြီး မန်ထိုကို အမြန်စား​သောက်​တော့သည်။

လင်းချင်းဟယ် အဖွားအို​လေး​နောက်က လိုက်ဝင်ရင်း ​မေးလိုက်သည်။ " အန်တီ ဒီနားမှ ​နေတဲ့သူ​တွေက ဘယ်သူ​တွေလဲ။ ဒီအနားပတ်ဝန်းကျင် အားလုံးက ခြံဝန်းကျယ်ကြီး​တွေ ချည်းဘဲ"

"မိန်းက​လေး ​ရေ​သောက်ပါဦး" အဖွားအို​လေးက ​ရေတစ်ပန်းကန်​လောင်းထည့်​ပေး​လေသည်။

လင်ချင်းဟယ် ​ဘေးချထားလိုက်သည်။ သူမ ဒီ​ခေတ်ကြီးမှာ ဘယ်လိုလုပ်ပြီး တစိမ်းတ​စ်​ယောက်ရဲ့​ရေကို ​သောက်နိုင်မှာလဲ။

"မဒမ် အိမ်မှာ မဒမ်ရယ် ​မြေးဖြစ်သူရယ်ဘဲ ရှိတာလား?" လင်ချင်းဟယ် အပြုံး​လေးနဲ့ ​မေးလိုက်သည်။

"ပြီး​တော့ ငါ့သားနဲ့ ​ချွေးမရှိတယ်။ သူတို့က အလုပ်သွား​နေတယ်" အဖွားအို​လေးက သူမကို ကြည့်လိုက်သည်။

"မဒမ် ကျွန်မမှာ အစား​သောက်ကူပွန်​တွေရှိတယ်" လင်းချင်းဟယ် ရုတ်တရက် အသံနှိမ့်ပြီး တီးတိုး​ပြောလိုက်သည်။

အဖွားအို​လေးရဲ့ မျက်လုံး​တွေ​ တောက်ပသွား​လေသည်။ ဒီ​ခေတ်မှာ အစား​သောက်ကူပွန်​တွေက ​ငွေထက်ပင် အ​ရေးကြီး​လေသည်။

ဒီမြို့မှာ ပိုက်ဆံသာရှိပြီး ကူပွန်မရှိလို့က​တော့ ဆန်တစ်အိတ်​လောက်ပင် ဝယ်ဖို့ တွေးလို့မရ​ပေ။

"မဒမ်", လင်ချင်းဟယ်က တစ်ကျင်းတန်ကြေးရှိ နိုင်ငံသား အစား​သောက်ကူပွန်ကို ဆွဲထုတ်ပြလိုက်ပြီး ပြန်သိမ်းလိုက်သည်။

အဖွားအို​လေးက တစ်ချက်ဘဲ လှမ်းကြည့်လိုက်တာ​တောင်မှ ရှင်းရှင်းလင်းလင်း မြင်လိုက်​လေသည်။

"မိန်းက​လေး ငါ့အိမ်ထဲမှာ ပိုက်ဆံနဲနဲရှိ​သေးတယ် " အဖွားအို​လေး စိတ်လှုပ်ရှား​နေ​လေပြီ။ နိုင်ငံသား အစား​သောက်ကူပွန်​တွေက မြို့​တော်အစား​သောက်ကူပွန်​တွေနဲ့ လဲလှယ်လို့ရပြီး တစ်ကျင်းကို နှစ်ကျင်းနဲ့ လဲလို့ရ​​လေသည်။

ဒီလိုအခွင့်​ရေးမျိုးက ရှားပါးလွန်းတာမို့ အဖွားအို​လေး ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ပါ့မလဲ။

ဒီ​ခေတ်ကြီးတွင် ဗိုက်ပြည့်ဖို့ဆို စွန့်စားရဲသည့် လူများစွာရှိ​နေ​လေသည်။

ဒါ​ပေါ့ အဓိကအချက်က သူတို့မိသားစုရဲ့အစား​သောက်​တွေ ကုန်ခါနီး​နေ​လေပြီ။

အလုပ်လုပ်​နေသည့် ​ချွေးမက ထပ်ပြီး ကိုယ်ဝန်ရှိ​နေပြန်ပြီ။

ဒါက မိသားစုရဲ့ ဒုတိယ​မြေးဖြစ်သည်။ ​မြေးအကြီးဆုံးကို ​မွေးတုန်းက သူမခန္ဓာကိုယ်အ​တော်​လေးထိခိုက်ပျက်စီးသွားတာမို့ သူမ ​နောက်ထပ်ကိုယ်ဝန်ထပ်မရခင် အချိန်အကြာကြီး ယူခဲ့ရသည်။

သူတို့ဘယ်လိုလုပ်များများမစားဘဲ​နေနိုင်မှာလဲ။

လင်ချင်းဟယ်က စမတ်ကျကျဝတ်ဆင်ထားပြီး ​​ဖြောင့်မတ်မှန်ကန်ပုံ​ပေါ်​ပေမယ့် ဘာလို့ အမျိုးသမီးငယ်​လေးက သူမလို အဖွားအိုတစ်​ယောက်ကို လာပြီးလှည့်စား​နေမှာလဲ။

"ကျွန်မ ပိုက်ဆံမလိုချင်ဘူး", လင်ချင်းဟယ် ​ခေါင်းခါလိုက်သည်။

"မိန်းက​လေးက ဘာလိုချင်တာလဲ။" အဖွားအိုက တီးတိုး​ပြောလာ​လေသည်။

"မဒမ် ကျွန်မသိချင်တာက ဒီအနီးအနားမှာ အဝါရောင်၊ အဖြူရောင်လို ပစ္စည်းဟောင်းတွေ ရှိတဲ့သူကို သိချင်ရုံပါ၊ ​ကျောက်စိမ်းတို့ ဘာတို့လိုမျိုးပေါ့၊ ကျွန်မ နဲနဲ​လောက် လဲလှယ်ချင်လို့" လင်းချင်းဟယ် မျက်​တောင်ခတ်လျက် ​ပြောလိုက်သည်။

အဖွားအို​လေး လန့်သွားကာ အမြန်တိုက်တွန်း​ ပြောလာ​​လေသည်။ "မိန်းက​လေး တိုးတိုး​ပြောပါ!"

ပြီး​နောက် သူမ​​ဘေးဘီကို အမြန်ကြည့်လိုက်သည်။ ကံ​ကောင်းစွာနဲ့ ဘယ်သူမှရှိမ​နေတာကို​တွေ့မှ ပြန်လာ​လေသည်။ သူမက လင်ချင်းဟယ်ကို စိုက်ကြည့်ကာ​ပြောလိုက်သည်။ " ဒီပစ္စည်း​တွေကို အပြင်ဘက်မှာ တင်းတင်းကြပ်ကြပ်စစ်​ဆေး​နေတာ ငါတို့ဒီမှာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ။"

"မဒမ် ကျွန်မကို ​ထောက်လှမ်း​ရေးသမားဖြစ်​နေမှာကို မစိုးရိမ်ပါနဲ့၊ ကျွန်မစုံစမ်းဖို့လာတာမဟုတ်ပါဘူး တကယ်လိုချင်လို့ပါ၊ ကျွန်မအတွက်ရှာ​ပေးနိုင်မယ်ဆိုရင် ကျွန်မလက်ထဲမှာ အစား​သောက်ကူပွန်​တွေနဲ့ စားစရာ​တွေရှိပါတယ်၊ ကျွန်မ ရှင်တို့အတွက် အသား​တောင် ​ပေးနိုင်တယ်။" လင်ချင်းဟယ် တိုးတိုး​လေး ​ပြောလိုက်သည်။

အဖွားအို​လေး သူမရဲ့ မျက်နှာအမူအရာကို ​လေ့လာကြည့်ပြီး​နောက် စိတ်​ပြောင်းသွား​လေသည်။ အဲ့တာ​တွေက အခုအချိန်မှာ တန်ဖိုးမရှိ​တော့တာမို့ ဘယ်မှာရှိ​နေလဲ၊ သူမ ​သေချာ​ပေါက် သိတာ​ပေါ့။ လမ်း​ပေါ်မှာ ပစ်ထားရင်​တောင်မှ ဘယ်သူမှမလိုချင်ကြ​တော့​ပေ။

ဒါပေမယ့် သူမက အ​​ဖြေရှာမရရုံသာ ဖြစ်သည်။ လင်ချင်းဟယ်လို မိန်းက​လေးက အဲ့တာ​တွေနဲ့ဘာလုပ်ချင်​နေတာလဲ။

"မဒမ် ဒီမန်ထိုနှစ်ခုက ကျွန်မစိတ်ရင်းကို ပြသဖို့ ​ပေးတာပါ၊ အန်တီသာ ပူး​ပေါင်း​ပေးမယ်ဆိုရင် ဒီတစ်ကြိမ်ပဲ ကျွန်မနဲ့ပူး​ပေါင်း​ပေးရုံပါပဲ၊ ဒီတစ်ခါထဲပါ။" လင်ချင်းဟယ် ချည်အိတ်ကို အကာကွယ်ယူပြီး မန်ထိုဖြူနှစ်ခုကို နေရာလွတ်အပြင်သို့ ထုတ်ယူလိုက်သည်။

"မိန်းက​လေး..."

"မဒမ် သ​ဘောမတူရင်​တောင်မှ ကျွန်မဒါ​တွေကို ပြန်မယူပါဘူး၊ အပြင်က က​လေးအတွက် ဒီမန်ထိုနှစ်ခုကို လက်​ဆောင်​ပေးတယ်လို့ဘဲ သ​ဘောထားလိုက်ပါ။" လင်းချင်းဟယ်​ ​အခိုင်မာပြောလိုက်သည်။

အစက အဖွားအိုက သူမကို လျှို့ဝှက်အ‌ထောက်တော် ဖြစ်လိမ့်မယ်လို့ သံသယဝင်​နေတာဖြစ်သည်။ ဘယ်လျှို့ဝှက်အထောက်တော်မှ လူ​တွေကို ဆွဲ​ဆောင်ဖို့ ဒီ​လိုအရာ​တွေ မသုံးဘူး​လေ။

"မိန်းက​လေးက ​ကျောက်စိမ်းလိုမျိုး အဖြူရောင်၊ အဝါရောင်လို အရာ​တွေကိုဘဲ လိုချင်တာ​နော်။" အဖွားအို​လေးက ​မွှေးကြိုင်​နေသည့် မန်ထိုနှစ်လုံးကို ကြည့်ပြီး လင်ချင်းဟယ်ကို လှမ်းကြည့်လိုက်သည်။

"​ရွှေ၊ အဖိုးတန်​ကျောက်စိမ်း၊ ​ရှေး​ဟောင်းပန်းအိုး​တွေဆိုရင်လည်း ရတယ်၊ ပစ္စည်းပိုများ​လေ​လေ ကျွန်မက မဒမ်အတွက် မျာများ လဲလှယ်ပေးမယ်။” လင်ချင်းဟယ်က တီးတိုးဆိုလိုက်သည်။

အဖွားအို​လေးက တုန့်ဆိုင်း​နေ​သေးတာ​တွေ့တဲ့အခါ လင်ချင်းဟယ် ထပ်ပြီးဆွဲ​ဆောင်ပြန်​လေသည်။ "မဒမ် ​ရဲလျှင် ဗိုက်ဝပြီး ကြောက်လျှင် ငတ်​သေတဲ့ ဒီတစ်ခါထဲပါပဲ၊ ကျွန်မတို့ ဒီတစ်ခါပဲ ပူး​ပေါင်းကြရမှာပါ၊ ​နောက်တစ်ခါ ကျွန်မကို လာရှာရင်​တောင်မှ ကျွန်မ ထပ်လုပ်​တော့မှာ မဟုတ်ဘူး၊ ကျွန်မကိုလည်း သူများ​တွေက လာအပ်ထားလို့၊ မဒမ်လည်း သိပါတယ်၊ အချို့လူ​တွေက ပစ္စည်းဟောင်း​တွေ စုဆောင်းရတာ ကြိုက်နှစ်သက်တယ်လေ။"

All Chapters