ပါးပါးလှီးခံရခြင်း
Vol. 09 Ch. 436
ဟူချင်းစုန့်၏ နှုတ်ခမ်းများသည် အကြိမ်အနည်းငယ် တဆတ်ဆတ် တုန်သွားရသည်။ ယခင်က ရွှဲ့ချောင် ပြောခဲ့ဖူးသည့်စကားများအား ရုတ်တရက် ပြန်သတိရသွားကာ သူက
"အစ်ကိုကြီး ထန် … မင်းရဲ့ ကားဂိုဒေါင်ကို ငါ ကြည့်ချင်တယ်။ ရွှဲ့ချောင်က အဲ့ဒီထဲမှာ မင်းရဲ့ကားကောင်းတွေ ရှိတယ်လို့ ပြောဖူးတယ်။ အာ … ယွဲ့ခိုင် မင်းက ဘာကို ကြောင်ကြည့်နေတာလဲ။"
ယွဲ့ခိုင်သည် ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေရင်း ယွဲ့ခိုင်က သူ့နှုတ်ခမ်းများအား လှုပ်ကာ တီးတိုးပြောလိုက်သည်။
"အစ်ကိုကြီးထန်ရဲ့ အိမ်က ကြယ်ပြာအိမ်ရာထဲက အကောင်းဆုံး ဇိမ်ခံအိမ်ကြီးတွေထဲက တစ်ခုပဲ။ ဂဏန်းကိုးလုံးအထက် ဈေးနှုန်းရှိတဲ့ အိမ်ကြီးတွေရဲ့စာရင်းထဲ ပါတယ်။”
“ဟူးး…” သူ့စကားသံကိုကြားပြီးနောက် အားလုံး အေးစက်သွားကြသည်။
…ဂဏန်းကိုးလုံး … အဲ့ဒါ မီလီယံ ရာနဲ့ချီတယ်လေ…
ထန်ရှု ရှန်ဟိုင်းမှာ ကျောင်းတက်နေစဉ်အတွင်း နေထိုင်ရန် ဝယ်ပေးထားသည့် ယွမ်မီလီယံရာချီတန်သည့် အိမ်ကြီးတစ်လုံး။
ထန်ရှု၏မိသားစု ဘယ်လောက်များ ချမ်းသာလိုက်လေမလဲ။
"အဲ့ဒီလိုတွေ ရပ်မနေကြပါနဲ့။ လာ … အထဲဝင်ရအောင်။" ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
သူ၏မေးခွန်းအား မမေ့သေးသော ဟူချင်းစုန့်က ထန်ရှုအား အလျင်အမြန် ဆွဲကာ အသံကျယ်ကျယ်ဖြင့်
“အစ်ကိုကြီးထန် … ငါ့ကို လျစ်လျူမရှုနဲ့။ မင်းရဲ့ကားဂိုဒေါင်ကို အမြန် ပြပါဦး။ ရွှဲ့ကြီး ကြွားနေတာလား မကြွားဘူးလားဆိုတာ ငါ သေချာ ကြည့်ချင်တယ်။”
ထန်ရှုသည် တခဏမျှ တုံ့ဆိုင်းသွားပြီးမှ ကားဂိုဒေါင်ခလုတ်အား နှိပ်ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤအိမ်အား သူ့အိမ်ကြီးဖြစ်သည်ကို လူတိုင်း သိထားပြီးဖြစ်ပြီး သည်နေရာတွင် ကားမည်မျှ ရှိမည်ကို မသိကြပေ။ သူတို့တွေ ကြည့်ချင်ကြသည် ဆိုသောကြောင့် အတူတူ ကြည့်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။
ကားဂိုဒေါင်၏လျှပ်စစ်တံခါးပွင့်လာသောအခါ ဟူချင်းစုန့်၊ ယွဲ့ခိုင်နှင့် ကျန်သောသူများသည် ထိုနေရာသို့ ပြေးသွားကြသည်။ ထန်ရှုနှင့် မုဝမ်ရင်တို့သာလျှင် ရပ်နေသော နေရာများတွင် ကျန်ခဲ့သည်။
“နင့်ကို ကြည့်ရတာ ဒီမှာနေတာကို မဖုံးကွယ်ထားချင်တော့သလိုပဲ ဟုတ်လား ထန်ရှု။”
မုဝမ်ရင်က နူးညံ့သောအသံလေးဖြင့် မေးလိုက်သည်။
“ငါတို့က ကျောင်းသားတွေပဲ ရှိသေးတယ်။ ငွေနဲ့ ပစ္စည်းတွေရဲ့တန်ဖိုးက သူတို့ရဲ့ခံစားချက်တွေကို သက်ရောက်မှု ရှိမှာစိုးခဲ့မိတယ်။” ထန်ရှုက မချိပြုံး ပြုံးလိုက်ရင်း
“ဒါပေမယ့် ရွှဲ့ချောင်က မထင်မှတ်ဘဲ ပြောလိုက်တော့ ဖုံးကွယ်ထားရင် မကောင်းဘူးလို့ ငါ ထင်တယ်လေ။ အဲ့လိုမှမဟုတ်ရင် တစ်ချိန်သိသွားတဲ့အခါကျရင် သူတို့စိတ်ခုသွားကြလိမ့်မယ်။ အဲ့ဒါကြောင့်မို့ ပေးသိလိုက်တော့တာ။”
“ငါ့ကို မေးရင် နင့်စိတ်ကူး မှန်တယ်လို့ ပြောရလိမ့်မယ်။” မုဝမ်ရင်က သိမ်မွေ့သော အပြုံးလေးဖြင့် ဆက်ပြောသည်။
“နင်နဲ့ သူတို့ကြားက ကွဲပြားတဲ့ ချမ်းသာကြွယ်ဝမှုတစ်ခု ရှိတယ်ဆိုတာ သိသွားရင် အားကျတာ ဒါမှမဟုတ် မနာလိုတာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အားကျတဲ့သူတွေက သူငယ်ချင်းအဖြစ် ရှိနိုင်သေးပေမယ့် မနာလိုတဲ့သူတွေကတော့ တဖြည်းဖြည်းနဲ့ စိမ်းသွားကြမှာပဲ။ ဒါပေမယ့် ဖုံးကွယ်ထားမိရင် တစ်နေ့ သူတို့ကိုယ်တိုင် ဒီနေရာမှာ အိမ်တစ်လုံးနဲ့ အဖိုးတန်ကားတွေ ရှိလာရင်တောင် နင့်မိသားစုရော နင်ရော တအားချမ်းသာနေလည်း သူတို့စိတ်ထဲ အထုံးရှိနေဦးမှာပဲ။ နင်က သူတို့ကို သူငယ်ချင်းလို့ တစ်ခါမှ သဘောမထားတဲ့အတွက် အရာရာ ဖုံးကွယ်ထားတယ်လို့ တွေးကြလိမ့်မယ်။”
“ဒါအမှန်ပဲ။” ထန်ရှု ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဘုရားသခင် … ငါ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား။ ကားဂိုဒေါင်က ကားရပ်နားဖို့နေရာမှာ အဖိုးတန်ကား၄စီး ရှိနေတယ်။ တစ်စီးစီက မီလီယံဆယ်နဲ့ချီပြီး တန်ကြေး ရှိတဲ့ ကားတွေ။ အစ်ကိုကြီးထန်မှာ အဲ့လောက် အဖိုးတန်ကားတွေ အများကြီး ရှိမှန်းသိရင် ငါက ဘာကြောင့် ဟိုကားစုတ်လေးကို ဝယ်ရမှာတုန်း။” ဟူချင်းစုန့်၏ဝမ်းနည်းနေသော အသံကြီးသည် အရှေ့မြောက်ပိုင်းလေသံပီပီသသဖြင့် ကားဂိုဒေါင်ထဲမှ ထွက်ပေါ်လာခဲ့သည်။
“ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်တဲ့ ဇိမ်ခံကားတွေလဲ။ အစ်ကိုကြီးထန်က ချမ်းသာတဲ့ လူပျိုလေးပဲကွ။ ဒီကား၄စီးရဲ့ စုစုပေါင်းတန်ဖိုးက လူပေါင်းများစွာ သူတို့ရဲ့တစ်သက်တာ မမီနိုင်တဲ့ တန်ကြေးရှိတယ်။ အိုး ကောင်းကင်ဘုံ … အိုး ကမ္ဘာမြေကြီး … ငါ ဘာလို့ အမျိုးသမီးတစ်ယောက်အဖြစ် မမွေးခဲ့ရတာလဲ။ ငါသာ မိန်းကလေးဆိုရင် အစ်ကိုကြီးထန်ကို လက်ထပ်ပြီး ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာမှာ။”
ဟူချင်းစုန့်၏ဝမ်းနည်းသံကြီးအနောက်တွင် ကျောက်လျန့်၏ မချိတင်ကဲအသံက ကပ်ပါလာခဲ့သည်။
လီရှင်းကျီပင်လျှင် ရေရွတ်မိသည်။
“ဝိုး…ဒီကားတွေက အရမ်းမိုက်တယ်။ ငါ့မှာသာ တစ်စီးလောက် ရှိရင် အိပ်မက်ထဲကနေ ပြုံးပြုံးကြီး ထလာမှာ။”
အပြင်ဘက်တွင် ရှိသော ထန်ရှုနှင့် မုဝမ်ရင်တို့ အကြည့်ချင်း ဆုံမိကြသည်။ ထန်ရှု၏မျက်နှာထက်တွင် အနေရခက်သော အပြုံးရှိနေပြီး မုဝမ်ရင်ကမူ ကျီစယ်လိုသော အပြုံးသဲ့သဲ့အား ပြုံးနေသည်။
“ဟုတ်ပြီ။ သူတို့တွေကို ဒီအကြောင်း တခြားသူတွေကို မပြောဖို့ နင် သတိမပေးဘူးဆိုရင် ငါ ပြောရဲတယ် … ချမ်းသာတဲ့ ကျောင်းသားသစ်တစ်ယောက်က ရှန်ဟိုင်းတက္ကသိုလ်မှာ တိတ်တဆိတ် စာလာသင်နေတာကို ငါတို့ကျောင်းက ကျောင်းသားတွေအများကြီးက သိသွားမှာ စိုးထိတ်မိပါရဲ့။ အဲ့ဒီနောက် နင်က အာလူးပူတစ်လုံး ဖြစ်လာပြီး မိန်းကလေးတွေက နင့်ကို လိုက်ကြလိမ့်မယ်။ ငါ ကြောက်တာက သူတို့တွေက မြစ်ကိုဖြတ်တဲ့ ငါးကြင်းတွေလို အများကြီး ဖြစ်လာမှာကိုပဲ။”
“စိတ်ချပါ။” ထန်ရှုက အားတင်းထားရသောအပြုံးဖြင့် ပြောလိုက်သည်။
“သူတို့ပါးစပ်ပေါက် ပိတ်ဖို့ ငါ နည်းလမ်းတစ်ခု ရှာပါ့မယ်။”
ယွဲ့ခိုင်နှင့်အခြားသူများသည် ကားဂိုဒေါင်ထဲမှ လျင်မြန်စွာ ထွက်လာကြပြီး ထန်ရှုအား အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
တည့်တိုးပြောတတ်သော ယွဲ့ခိုင်က
“အစ်ကိုကြီးထန် … ငါ ကောင်မလေးတွေကို ဆွဲဆောင်ဖို့ မင့်ကားတစ်စီးလောက် ငှားသင့်တယ်။”
“ငါလည်း တစ်စီး…”
“ငါရောပဲ…”
ဟူချင်းစုန့် နှင့် ကျောက်လျန့်တို့က တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
“အဲ့ဒါက ပြသနာ မရှိပါဘူး။ ဒါပေမယ့် ဒီနေ့ည ငါ့အိမ်မှာ မြင်တာ ကြားတာတွေကို ဘယ်သူကိုမှ ဘယ်တော့မှ မပြောဘူးလို့ သစ္စာပြုပေး။ ငါ့အိမ်နဲ့ ငါ့ကားတွေကြောင့် မလိုလားအပ်တဲ့ ပြသနာတွေကို ငါ မလိုချင်ဘူး။” ထန်ရှုက အပြုံးဖြင့် ပြောသည်။
“သေချာတယ်။”
“ငါ ကတိပေးတယ်။”
“ပြသနာ မရှိဘူး။”
၃ယောက်သား စိတ်အားထက်သန်စွာ ကတိပေးလိုက်ကြသည်။
ရွှဲ့ချောင်ကမူ ခေါင်းကုတ်လိုက်ရင်း မပီဝိုးတဝါးအသံဖြင့်
“ငါ့ မှာ ကားမောင်းလိုင်စင်လည်း မရှိသလို ကောင်မလေးတွေကို အကြိုအပို့လုပ်ရတာလည်း မကြိုက်ဘူး။ ဒီကားတွေက ငါ့အတွက် အသုံးမဝင်ဘူး။”
“ကောင်းပြီ။ မင်း အလုပ်ကြိုးကြိုးစားစား လုပ်ရင် မင်းကို စကားကောင်း ငါ ကူပြောပေးမယ်။ အဲ့ဒါဆို မင်း လစာ၂ဆ ရနိုင်တာပေါ့။” ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။
"ဟူးရေး … ဘော့စ်ထန် သက်တော်ရာကျော် ရှည်ပါစေ။" ရွှဲ့ချောင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်တော့သည်။
ထို့နောက် ထန်ရှုက လီရှင်းကျီနှင့် ဟူဝတေို့ကို စူးစိုက်ကြည့်ကာ အပြုံးဖြင့်
“မင်းတို့ အလှလေးတွေကရော ကူပြီးလျှို့ဝှက်ထားဖို့ ငါ မျှော်လင့်ပါတယ်။"
လီရှင်းကျီ၏မျက်လုံးများတွင် လိမ္မာပါးနပ်သော အလင်းတစ်ချက် လက်သွားကာ သူမသည် လက်သုံးချောင်း ထောင်လိုက်ပြီး
“ငါ့ရဲ့အခြေအနေသုံးရပ်ကို နင် သဘောတူနိုင်ရင် ဒီည မြင်တွေ့သမျှကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးတယ်။”
"မိန်းကလေး … မင်းက တကယ်ရက်စက်တာပဲ။" ထန်ရှု အားတင်းပြုံးလိုက်ပြီး
“ပြောကြည့်ပါ။ ငါ လုပ်နိုင်တဲ့ အတိုင်းအတာထဲကဆိုရင် မငြင်းပါဘူး။"
“ပထမတစ်ချက် နင် ငါ့ကို တစ်ပတ်စာ ထမင်းကျွေးရမယ်။ ကြီးကျယ်ခမ်းနားစရာ မလိုပါဘူး။ ကျောင်းဝင်းအတွင်းက ကော်ဖီဆိုင်မှာ ကျွေးလိုက်ရင်ကို ရတယ်။ ဒုတိယတစ်ချက်က တက္ကသိုလ်ကျောင်းဝင်းအတွင်း လျှောက်ကြည့်ဖို့ နင့်ရဲ့ စူပါကားတွေနဲ့ ငါ့ကို အချိန်တစ်ခု ပေးရမယ်။” လီရှင်းကျီက ရယ်ရယ်မောမော ပြောလိုက်သည်။
လီရှင်းကျီသည် ထိုနေရာအရောက်တွင် စကားမဆက်တော့ဘဲ ရပ်နေသဖြင့် ထန်ရှုက ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အစားအသောက် ကျွေးတာက ပြဿနာ မရှိပါဘူး။ မင်းကို ကားမောင်းလိုက်ပို့ဖို့ တာဝန်ကို ယွဲ့ခိုင်နဲ့ ဟူချင်းစုန့်တို့ကို ပေးလိုက်နိုင်တယ်။ တတိယအချက်ကို ပြောပြပါ။"
“ငါ အဲ့ဒါတော့ မစဉ်းစားရသေးဘူး။ နောက်မှပြောပြမယ်။" လီရှင်းကျီက ပြုံးပြီး ဆက်ပြောသည်။
"ဒါပေမယ့် ဒီအခြေအနေသုံးခုကို နင် ကတိပေးနိုင်ရင် အနာဂတ်မှာ ငါတို့ရဲ့ နံပါတ်တစ် မိန်းမလှလေးမုကို လိုက်ချင်ရင် ငါ နင့်ကို ကူညီပေးနိုင်တယ်။"
ထန်ရှုသည် တိတ်တဆိတ် မျက်လုံးလှန်ကြည့်မိသည်။ မုဝမ်ရင်သည် နတ်သမီးတစ်ပါးသဖွယ် လှပနေသော်လည်း သူမအပေါ်တွင် ယောက်ျားနှင့် မိန်းမကြား ခံစားချက် အနည်းငယ်မျှပင် မရှိပေ။
…သူမကို လိုက်ဖို့ ပြောနေတာလား။ ဟာသပဲ…
ချက်ခြင်းပင် ထန်ရှုသည် ဟုဝဘေက်သို့ လှည့်ကြည့်လိုက်ပြီး "မင်းကော ဘယ်လိုလဲ။"
"ငါလည်း ရှင်းကျီရဲ့ ပထမအခြေအနေနှစ်ချက်နဲ့ အတူတူပဲ။ တတိယအချက်က ငါ ဘွဲ့ရပြီးလို့ အလုပ်တစ်ခု မရှာနိုင်ဘူးဆိုရင် နင် ငါ့ကို ကူညီပေးရမယ်။ နောက်ပြီး ရွှဲ့ချောင်ကို ဘယ်ကိစ္စမဆို ကူညီခဲ့ပြီးဖြစ်တော့ ငါ့ကို အလုပ်အတွက် နောက်တစ်ကြိမ် ကူညီတာက နင့်အတွက် ပြဿနာ မရှိလောက်ဘူးမလား။" ဟူဝကေ အပြုံးဖြင့် ပြောသည်။
"မင်းမှာ အရည်အချင်းနဲ့ စွမ်းရည် ရှိတယ်ဆိုရင် ငါ သေချာပေါက် ကူညီပေးမှာပါ။" ထန်ရှုက ရယ်မောကာ တုံ့ပြန်လိုက်သည်။
ဟူဝကေ ဝမ်းသာအားရဖြင့်
"ယောကျ်ားကောင်းတစ်ယောက်ရဲ့ စကားက ရွှေလိုပဲ အဖိုးတန်တယ်။ နင်ရဲ့စကားတွေကို ငါ မှတ်ထားပါမယ်။"
"အိုကေ။" ထန်ရှုက သဘောတူလိုက်သည်။
ထန်ရှုသည် ချက်ချင်းပင် သူတို့ကို ကြည့်ကာ အောင့်သက်သက်အပြုံးဖြင့်
"ရိုးရိုးသားသားပြောရရင် မင်းတို့တွေကို ရည်ရွယ်ချက်ကောင်းနဲ့ ငါ့အိမ်မှာ တစ်ညလောက်နေဖို့ ဒီကို ခေါ်လာခဲ့မိတယ်။ မင်းတို့အားလုံးက ငါ့ကို ပါးပါးလှီးလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရတာ မင်းတို့ ဘယ်လိုနေကြလဲ။"
“ဟားဟား…”
“ဟီးဟီး…”
လူတိုင်း ရယ်မောလိုက်ကြသည်။
မုဝမ်ရင်နှင့် ရွှဲ့ချောင်မှလွဲ၍ လူတိုင်းသည် ထန်ရှုအိမ်၏ သေးငယ်သော အရာလေးများမှအစ စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် လူတိုင်းသည် နေသားကျသွားပြီးနောက် မုဝမ်ရင်တို့ မိန်းကလေး သုံးယောက်အုပ်စုသည် စိတ်ကြိုက်အိပ်ခန်းတစ်ခုကို ရွေးချယ်ခဲ့ကြသည်။ သူမသည် ကုတင်တစ်လုံးနှင့် အိပ်ရာအခင်းအကျင်းများကို ထုတ်ကာ အခန်းကို ပိုင်းခြားလိုက်သည်။
မိန်းကလေး သုံးယောက်သည် အခန်းတစ်ခုထဲမှ ခေါက်မွေ့ရာများကို ထုတ်ကာ အိပ်ရာခင်းပေးလိုက်ပြီး အခန်းများကို ခွဲဝလေိုက်သည်။
သို့သော် လူတိုင်း၏စိတ်ထဲတွင် ယနေ့ည၏ပျော်ရွှင်သည့် ခံစားချက်များ ကျန်ရှိနေကြဆဲဖြစ်သည်။ ထန်ရှု၏ ကြီးမားသော အိမ်သို့ ရောက်သည့်တိုင် သူတို့တွင် အားအင်များစွာ ကျန်နေသေးသည်။ ရွှဲ့ချောင်၏လှုံ့ဆော်မှုအရ လူတိုင်းသည် စစ်တုရင်ခန်းသို့လာကာ ဖဲရိုက်ကြသည်။
“ဖုန်းမြည်သံ…”
ထိုအချိန်တွင် ထန်ရှုနှင့် မုဝမ်ရင်တို့သည် သူတို့ကစားဝိုင်းထဲတွင် ဝင်မပါဘဲ နှစ်ယောက်သား မီးဖိုချောင်သို့ သွားကြသည်။ လက်ဖက်ရည်ပူပူမရှိသည်ကို တွေ့ပြီးနောက် ထန်ရှုသည် လက်ဖက်ရည်ကောင်းများကို ကိုယ်တိုင်ကျိုကာ စစ်တုရင်ခန်းသို့ ပို့ပေးသည်။
သူနှင့် မုဝမ်ရင်တို့သည် အဆာပြေမုန့်များဝယ်ရန် အနီးနားရှိ ဘလောက်သို့သွားဝယ်ကာ အိမ်သို့ ပြန်လာသည်။
“အမ် … မင်းတို့ကောင်တွေ ဘာဖြစ်နေကြတာလဲ။"
သူတို့နှစ်ယောက် ပြန်ရောက်လာသောအခါတွင် လူတိုင်းသည် မျက်စိပျက်မျက်နှာပျက်ဖြင့် စစ်တုရင်ခန်းအပြင်သို့ ထွက်လာကြသည်ကို တွေ့လိုက်ရသည်။
"ဖေးယန်လေ … မားဂျန်နဲ့ လမ်းခွဲလိုက်တာ အဲ့ဒီအကောင်က သူ့ကို ရိုက်တယ်လို့ ငါ့ဆီ ဖုန်းဆက်တယ်။ နောက်ပြီး သူ့ကို ဟိုတယ်ကို အတင်း ဆွဲခေါ်သွားတယ်တဲ့။ အခု သူ ရေချိုးခန်းထဲမှာ တိတ်တဆိတ် ပုန်းနေတုန်း ငါတို့ဆီ ဖုန်းဆက်တာ။”လီရှင်းကျီက မျက်နှာမကောင်းစွာ ရှင်းပြသည်။
ထန်ရှု၏မျက်နှာသည် ပျက်သွားပြီး
“သူတို့က ဘယ်ဟိုတယ်မှာလဲ။ ငါတို့ အခု အဲ့ဒီကို အမြန် လိုက်သွားရအောင်။"
"ဒီနားက စံပယ်ဟိုတယ်တဲ့။" လီရှင်းကျီ အလျင်စလို ပြောလိုက်သည်။
"သွားကြစို့။" ထန်ရှုက ဆော်သြလိုက်သည်။
စံပယ်ဟိုတယ် အခန်း #၄၀၆...
ကျန်းဖေးယန်သည် ရေချိုးခန်းအား အထဲမှ လော့ချထားကာ ပုန်းအောင်းနေသည်။ မားဂျန်သည် အပြင်ဘက်မှ တံခါးကို အဆက်မပြတ် ကန်ကျောက်ရင်း မကျေမနပ် ဆဲဆိုနေသည်ကို သူမ ကြားနေရသည်။
"နင့်နှလုံးသားက သေနေပြီ။ ငါ နင်နဲ့ လမ်းခွဲရမှာပဲ။" ကျန်းဖေးယန်က အော်ပြောလိုက်သည်။
သူမသည် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်တုန်လှုပ်နေပြီး အော်ပြောလိုက်သောကြောင့် ဒဏ်ရာရထားသော နှုတ်ခမ်းထောင့်အား ထိခိုက်သွားကာ နာကျင်မှုသည် သူမအား ချက်ချင်းပင် မျက်ရည်ကျစေသည်။
"ခွေးမ … ဒီည တခြားလူတစ်ယောက်ကို တွယ်ငြိချင်တယ်ပေါ့ ဟုတ်လား။ ဒီအဖေကို စွန့်ပစ်ချင်နေတာလား။ ယီးတောင် မရဘူး။ ဒီအဖေက မင်းကို ငြီးငွေ့နေရင်တောင်မှ မင်းရဲ့ --င်ခံတဲ့ ဘဝတစ်လျှောက်လုံး ငါ့လက်ဖဝါးကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
မားဂျန်၏အသံသည် ဆဲဆိုရင်း ပိုမိုကျယ်လောင်သည်ထက် ကျယ်လောင်လာသည်။
"နင် ... နင် နင့်--င်ကြီးပဲ ခံ…"
ကျန်းဖေးယန် သူမ၏နှလုံးသားအား ဓားဖြင့် ထိုးစိုက်သကဲ့သို့ ခံစားလိုက်ရပြီး ထိုရင်ထဲမှ နာကျင်မှုသည် သူမအား တုန်တုန်ရီရီ ဖြစ်သွားစေခဲ့သည်။
အမှန်တကယ်တွင် မားဂျန်အပေါ် သူမ၏ခံစားချက်များ ရှိနေဆဲဖြစ်သည်။ မားဂျန်သာ သူမအား ဒီည ကောင်းမွန်စွာ ချော့မော့ခဲ့မည်ဆိုပါက သူနှင့် လမ်းခွဲမည့်စိတ်ကူးအား သူမ စွန့်လွှတ်လိုက်မည်သာဖြစ်သည်။ သို့သော် မားဂျန်သည် သူမအား ရိုက်နှက်ဆဲဆိုလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့မိပေ။
အဆုံးစွန်သော ဝမ်းနည်းမှု … အသည်းခိုက်အောင် နာကျင်ရသော ရင်ထဲက ဝဒေနာ …
မားဂျန်သည် သူမအား မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ ရောက်အောင် အဆုံးထိ တွန်းပို့ခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် မားဂျန်သည် ယနေ့ညတွင် အရက်အလွန်အကျွံသောက်ထားမိသောအရှိန်ကြောင့် ရေချိုးခန်းတံခါးကို မကန်နိုင်တော့ချေ။ သူ၏သာမာန် ကြံ့ခိုင်မှုအားဖြင့် နောက်ဆုံးတွင် မောပန်းလာသဖြင့် ကော်ဇောပေါ်မှာ ထိုင်နေသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီဖြစ်သည်။
အခန်းတံခါးသည် အပြင်မှ အဖွင့်ခံလိုက်ရပြီး ဟိုတယ်၏ဧည့်ကြိုမန်နေဂျာက အခန်းကတ်ကို ယူကာ အမြန်နောက်ပြန်ဆုတ်သွားသည်။ ရေချိုးခန်း၏ အပြင်ဘက်တွင် ထိုင်ကာ အရက်မူးနေသော၊ ဒေါသတကြီး ဆဲဆိုနေသော မားဂျန်အား သူ စောင့်ကြည့်နေသည်။
ဟူချင်းစုန့်နှင့် ယွဲ့ခိုင်တို့သည် ပထမဦးဆုံး ဝင်လာကြသူများ ဖြစ်သည်။ သူတို့နှစ်ယောက်သည် အခန်းထဲသို့ အပြေးအလွှားဝင်သွားပြီးနောက် မားဂျန်၏လက်များကို တစ်ဖက်တစ်ချက်စီဆွဲကိုင်ကာ ဆဲဆိုသံများကို ရပ်တန့်စေရန် ထိန်းထားကြသည်။
"မားဂျန် … ဖေးယန် ဘယ်မှာလဲ။"
လီရှင်းကျီသည် ကျန်းဖေးယန်နှင့် လေးနှစ်ကြာ အတန်းဖော်များဖြစ်သကဲ့သို့ ညီအစ်မကောင်းများလည်း ဖြစ်ခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ကြီးမားပေသည်။ ထို့ကြောင့် မားဂျန်၏ရှေ့သို့ လှမ်းလာကာ သူ့အား ပထမဆုံး မေးခွန်းမေးသူ ဖြစ်လာခဲ့သည်။
ဘန်း...
လီရှင်းကျီ၏စကားဆုံးသွားသည်နှင့် တပြိုင်နက် မျက်နှာတွင် အရိုက်ခံထားရသော ဒဏ်ရာများ၊ လက်မောင်းတွင် သွေးများ စွန်းထင်းနေသော ဒဏ်ရာများနှင့် ကျန်းဖေးယန်သည် ရေချိုးခန်းတံခါးကို အတွင်းမှ တွန်းဖွင့်လိုက်သည်။ သူမသည် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
"ရှင်းကျီ … ဝူး ဝူး ဝူး…”
ကျန်းဖေးယန်၏ဆိုးရွားသော အခြေအနေကို မြင်လိုက်ရသော လီရှင်းကျီသည် စိတ်အခြေအနေ မကောင်းတော့ဘဲ ဒေါသတကြီး ဖြစ်လာသည်။ သူမသည် ခြေထောက်ကို မြှောက်လိုက်ကာ မားဂျန်၏ပေါင်ခွကြားအား ပြင်းထန်စွာ ကန်ထည့်လိုက်တော့သည်။ နာကျင်မှုကြောင့် မားဂျန် အော်ဟစ်နေစဉ်တွင် သူမက ကျန်းဖေးယန်အား လှမ်းပွေ့ဖက်ကာ နှစ်သိမ့်ပေးနေသည်။
သူ၏အရှေ့မှ မြင်ကွင်းအား ကြည့်ရင်း ထန်ရှု တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ဧည့်ကြိုမန်နေဂျာအား လှည့်ကြည့်လိုက်ပြီး
“ရဲကို ခေါ်ပါ။ သူက ကျောင်းသူကို ပြန်ပေးဆွဲပြီး ခင်ဗျားရဲ့ဟိုတယ်မှာ ပြစ်မှု ကျူးလွန်ခဲ့တယ်။ ရဲခေါ်တာ အကောင်းဆုံးပဲလို့ ကျွန်တော် ထင်တယ်။"
"ကောင်းပါပြီ။" ဧည့်ကြိုမန်နေဂျာက ခေါင်းညိတ်ကာ သူ၏ဖုန်းကို ထုတ်လိုက်သည်။
***